Pages

Monday, March 29, 2010

NLD (၂) ခြမ်းကွဲရန် ကြိုးစားနေသူ ထွက်ပြေးတိမ်းရှောင်နေ

ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၁ မိနစ် .

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီကို ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်ဆွေးနွေးပွဲသို့ ပါတီဥက္ကဌ ဦးအောင်ရွှေ တက်ရောက်ခြင်းမရှိဟု သိရသည်။

CEC အဖွဲ့ဝင်ပေါင်း ၂ဝ ဦးနှင့် CC အဖွဲ့ဝင်ပေါင်း ဦးရေ ၁ဝဝ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ CEC ထဲမှ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့မှလွဲ၍ ကျန်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ CEC နှင့် CC အဖွဲ့ဝင်ပေါင်း ၁၁၁ ဦး တက်ရောက်နေကြသည်။

ဦးအောင်ရွှေ

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ရုံးချုပ်၌ ပြုလုပ်သော အစည်းအဝေးတွင် ပါတီ၏ ရပ်တည်ချက်နှင့် ပတ်သက်သော အရေးပါသော ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီမှ စတင်၍ တင်ပြရာ ၁ နာရီ ၄၅ မိနစ်တွင် ပထမပိုင်း အစည်းအဝေး ရပ်နားခဲ့သည်။ ဒုတိယပိုင်းကို နေ့လည် ၂ နာရီတွင် ပြန်လည်စတင်ခဲ့သည်။

“ကျနော်က ဆွေးနွေးတဲ့အထဲကို မဝင်ရဘူး။ ဒါပေမဲ့ သူတို့ ချောမွေ့တယ်လို့ ပြောပါတယ်။ မဲခွဲတယ်ဆိုတာ နောက်ဆုံးအဆင့်ပေါ့နော်။ နောက်ဆုံးအဆင့်ကျမှ အဲလို ဆုံးဖြတ်မယ်ထင်တယ်။ ကျနော်ထင်တာက မဲမခွဲလောက်ဘူး ထင်တယ်။ အခုတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက CC တွေက သဘောထားတွေ ပြောတုန်းရှိသေးတယ်” ဟု NLD ရုံးချုပ်ရှေ့တွင် အစည်းအဝေး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည့် ပါတီလူငယ် အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၈ ရက်နေ့တွင် စတင်ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများအရ ပါတီအား ပြန်လည်မှတ်ပုံတင်မည်ဆိုလျှင် နေအိမ်တွင် ပြစ်ဒဏ် ၁၈ လ ကျခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အကျဉ်းကျခံနေရသည့် ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝ ဦးနှင့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမှာဖြစ်သည်။

အကယ်၍ ထုတ်ပယ်ခြင်း မရှိလျှင်၊ ရက် ၆ဝ အတွင်း မှတ်ပုံတင်ခြင်း မရှိလျှင် ပါတီသည် အလိုလျောက် ဖျက်သိမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသဖြင့် NLD ပါတီ ခေါင်းဆောင်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပြန်လည်၍ မှတ်ပုံတင်ရေး၊ မတင်ရေးဟူသည့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။

ယခုလ ၁၃ ရက်နေ့တွင်မူ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံမတင်စေလိုကြောင်း သူမ၏ သဘောထားကို ရှေ့နေ နှစ်ဦးထံ ပြောဆိုခဲ့ပြီး၊ ဒီမိုကရေစီ နည်းလမ်းတကျ ပါတီအနေဖြင့် ဆုံးဖြတ်သွားစေလိုကြောင်း ပြောခဲ့သည်။

NLD ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်တွင် ရွှေဂုံတိုင် မီးပွိုင့်အနီး၌ လုံထိန်းကား ၂ စီးနှင့် မီးသတ်ကား ၂ စီး လုံခြုံရေးချထားပြီး၊ ဗဟန်း အထက ၃ ကျောင်းဝင်းအတွင်း လုံထိန်းကား ၈ စီး ချထားကြောင်း သိရသည်။

Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Saturday, March 27, 2010

ရခိုင်ဒီမိုကရေစီ အင်အားစုများ ဒက္ကားမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ



ဒီမိုကရေစီ အရေး လူပ်ရှားသူ ရခိုင်အမျိုးသား အမျိုးသမီး ၃၀ ခန့်သည် ယနေ့နံနက်က ဒက္ကားမြို့ရှိ မြန်မာ သံရုံးရှေ့သို့ သွားရောက်ပြီး ရွှေးကောက်ပွဲကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

“ရွှေးကောက်ပွဲ ဥပဒေ အလိုမရှိ၊ ၂၀၁၀ ရွှေးကောက်ပွဲ အလိုမရှိ” ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသဖြင့် မြန်မာသံရုံးရှေ့ အနီးတ၀ိုက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဒေသခံများနှင့် အနီးအနားမှ လူများက ဆန္ဒပြပွဲကို ၀ိုင်းအုံ ကြည့်ရှု့ခဲ့ကြသည်။

ဆန္ဒပြပွဲ စီစဉ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဦးဆောင်ရာတွင် ပါဝင်သူ တဦးဖြစ်သည့် အမျိုးသားရေး ကိုနိုင်နိုင်မှ “ ဒီအခု ထုတ်ပြန်လိုက်တဲ့ ရွှေးကောက်ပွဲ ဥပဒေဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ဒါ့ပြင် လာမယ့် ရွှေးကောက်ပွဲဟာလည်း ဘယ်လိုနည်းနဲ့မှ လက်ခံ နိုင်စရာ မရှိဘူး။ စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို ဆက်လက် ကျွန်ပြုဖို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံနဲ့ ပြုလုပ်မယ့် ရွှေးကောက်ပွဲ ဖြစ်တာကြောင့် ကျွန်တော်တို့က လာရောက် ကန့်ကွက် ဆန္ဒလာပြရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ရခိုင်ပြည်သူတွေ မပြောနိုင်တာကို ကျွန်တော်တို့က ရခိုင်ပြည်သူတွေရဲ့ ကိုယ်စား ဒီနေရာမှာ လာရောက် ပြောဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။


ဆန္ဒပြပွဲတွင် ရဟန်းတော်များ၊ ကျောင်းသားများနှင့် အမျိုးသမီးများ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများ ပါဝင်သော ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဦးဆောင်ရာတွင် ပါဝင်သူ တဦး ဖြစ်သည့် နိုင်ငံရေး သမား ဦးခိုင်ကျော်ခိုင်က “ ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ နအဖ စစ်အာဏာရှင် လက်အောက်မှာ ကျွန်ပြု ခံနေကြရပါတယ်။ ကျွန်တော်တို့မှာ စာပေ ယဉ်ကျေးမူ အနုပညာလက်ရာ ဘာတခုကိုမှ နအဖ စစ်အစိုးရ လက်အောက်မှာ ဖေါ်ထုတ်ခွင့် မရကြပါဘူး။ ရွှေးကောက်ပွဲ မတိုင်မှီလည်း ကျွန်တော်တို့ ရခိုင်တွေဟာ စစ်ကျွန်၊ ရွေးကောက်ပွဲပီးရင်လည်း စစ်ကျွန်ဘ၀ လွှတ်မြောက်လာမှာ မဟုတ်တာကြောင့် ဒီရွှေးကောက်ပွဲဟာ ကျွန်တော်တို့ ရခိုင် လူထု အတွက် ဘာမှ မထူးပါဘူး။ အခု နအဖ အတည်ပြုပေးလိုက်တဲ့ ဖွဲ့စည်းပုံနဲ့ ရွှေးကောက်ပွဲ ၀င်ဖို့ ရခိုင်ပါတီတွေ မှတ်ပုံ တင်ကြရင်တော့ အရင်ကထက် ပိုဆိုးသွားတာ တခုကတော့ နအဖ စစ်အစိုးရကို ရခိုင်လူထု အပေါ် စစ်ကျွန်ဘ၀နဲ့ ဆက်လက် အုပ်ချုပ်မှာကို သဘောတူကြောင်း လက်မှတ် ရေးထိုး ပေးလိုက်သလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ လာမယ့် ရွှေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြဖို့နဲ့ ရွှေးကောက်ပွဲ မ၀င်ကြဖို့ လိုပါလိမ့်မယ်” ဟုပြောသည်။

ဦးခိုင်ကျော်ခိုင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် စစ်တွေတွင် တက်ကြွစွာ ပါဝင် လူပ်ရှားခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ ထောင်မှ လွှတ်ပြီး ဘင်္ဂလာဒေခ်ျ့ကို ဒီမိုကရေစီ အရေး ဆက်လက် ဆောင်ရွက်ရန် ရောက်ရှိ လာခဲ့သည်။

ဆန္ဒပြနေစဉ် အတွင်း ဘင်္ဂလာရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆန္ဒမပြရန် ဟန့်တားသဖြင့် ဆန္ဒပြပွဲ စပြီး မိနစ် ၃၀ ကျော် အကြာတွင် ရပ်နားခဲ့သည်။

ဆန္ဒပြသူများသည် ရဲအရာရှိများ ဟန့်တားနေသည့်ကြားထဲက သံရုံးရှေ့တွင် ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည် အောင်ရမည်ဟု ကြွေးကြော်ကာ နံနက် ၁၀ နာရီမှ စတင်ခဲ့သော ဆန္ဒပြပွဲကို ၁၁ နာရီ အချိန်တွင် ရပ်နားခဲ့ကြသည်ဟု သိရသည်။

Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

ရက်၊ လ၊ ခုနှစ် မပါရှိသော နောက်ဆုံးပေါ် ထုတ်ပြန်ကြေညာချက် ထုတ်နည်း

FBE's+Advise+Letter++to+NLD

အဆုံးထိဖတ်ရန်...

Thursday, March 25, 2010

လမ်းလည်းဆုံးပြီ၊ ပြေးစရာမြေလည်း မရှိတော့ပြီ

ဓူဝံကြယ်ပမာ ရှိနေမည် (ဘွဲ့ဖြူ)


မျှော်လင့်တုန်း ကြော့ဆုံး ရောက်လာတာတော့ မဟုတ်ပါဘူး။ “တောင့်တတုန်းအခါ ပေါ်ထွက်လာ သတ္တ၀ါဓလေ့ စိတ်ချမ်းမြေ့” ဆိုတဲ့ သံပေါက်နဲ့ တင်စားဖို့ကတော့ ‘ဝေးစွခြောက်ပါး’ ပါပဲ။

ဒါပေမယ့် မြန်မာပြည်ကို ချစ်မြတ်နိုးသူအားလုံး စိတ်မချမ်းမြေ့စွာ စောင့်ဆိုင်းနေခဲ့ကြရတဲ့ ကပ်ဘေးဆိုးကြီးဟာ နောက်ဆုံးမှာတော့ အမှန်တကယ်ကိုပဲ ကျရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ အတ္တ၀ါဒီ အာဏာရှင်စစ်ဗိုလ်တစုဟာ ပဲ့ကိုင်နေရာ သူတို့အဓမ္မတက်ယူထားတဲ့ သင်္ဘောကြီးကို ဧရာမ ကျောက်ဆောင်ကြီးနဲ့ ၀င်ဆောင့်ပစ်လိုက်ကြပါပြီ။

မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်များ ထင်ဟပ်နေတဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်များအပြင် ဒီပဲယင်းလူသတ်ပွဲကြီး အပါအ၀င် န၀တ/နအဖတို့ရဲ့ ရက်ရက်စက်စက် လုပ်ဆောင်ခဲ့သမျှ အားလုံးကို သင်ပုန်းချေပြီး နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးပါရစေဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုကျိုးနှိမ့်ချတဲ့ တောင်းဆိုချက်ကိုပါ လုံးဝဥပက္ခာပြု လျစ်လျူရှုပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို တဖက်သတ် ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြင့် နအဖဟာ မြန်မာပြည်သူလူထုကြီးတရပ်လုံးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အပြီးသတ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ပြီဖြစ်ပါတယ်။ တနည်းပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြော်အမြင်ကြီးမားစွာ ချပြခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းနှစ်လမ်းအနက် နအဖက ဒုတိယလမ်းကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

လုံးလုံးလျားလျား မျှော်လင့်မထားတာ မဟုတ်တဲ့အတွက် နအဖရဲ့ အဲဒီလုပ်ရပ်ဟာ မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့တဲ့ လုပ်ရပ်တခုတော့ မဟုတ်ပါဘူး။ နှိုင်းယှဉ်ကြရမယ်ဆိုရင်တော့ အတိုင်းတိုင်း အပြည်ပြည်က မလုပ်ဖို့ အတန်တန် မေတ္တာရပ်ခံ တောင်းပန်နေတဲ့ကြားက ပါကစ္စတန်နိုင်ငံမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ၀န်ကြီးချုပ် အလီဘူတိုကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ်က ကြိုးပေးကွပ်မျက်လိုက်တဲ့အခါ၊ နိုက်ဂျီးရီးယားနိုင်ငံမှာ ကမ္ဘာသိ ပြဇာတ်ရေးဆရာတဦး အပါအ၀င် အတိုက်အခံ (၁၀) ဦးကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက ကွပ်မျက်စီရင်လိုက်တဲ့အခါ၊ ကမ္ဘာ့ပြည်သူတွေ ခံစားခဲ့ကြရတဲ့ ကြေကွဲဝမ်းနည်းမှုမျိုးနဲ့ ဒီကနေ့ ဗမာစစ်အာဏာရှင်တစုရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့ပြည်သူတွေ ခံစားရတဲ့ ကြေကွဲဝမ်းနည်းမှု ဆင်တူနေမှာ သေချာပါတယ်။

နအဖရဲ့ ကြေညာချက်တွေနဲ့ မရှေးမနှောင်းမှာ ထွက်ပေါ်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ အဲဒီခံစားချက်ကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မှတ်သားစရာကောင်းတာတခုက ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ်ရော ဗိုလ်ချုပ်ကြီးဆန်နီအဘာချာပါ သက်တမ်းစေ့မနေရဘဲ သေဆုံးသွားခဲ့ကြရတဲ့အဖြစ်ပါ။ ပါကစ္စတန် ဗိုလ်ချုပ်ကြီးက လေယာဉ်ပေါက်ကွဲပျက်ကျမှုတခုမှာ သေဆုံးသွားခဲ့ပြီး နိုက်ဂျီးရီးယား ဗိုလ်ချုပ်ကြီးကတော့ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးသွားတယ်လို့ သူ့နိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘာပဲပြောပြော နအဖကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မျက်ကန်းတစ္ဆေမကြောက် သူလုပ်စရာရှိတာကို လုပ်လိုက်ပါပြီ။ အဲဒီတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လူသားစင်စစ် ဧကန်ဖြစ်မှုအတွက် အရေးအပါဆုံးသော အင်္ဂါရပ်များအဖြစ် သဘောထားကြတဲ့ မြန်မာပြည်သူများနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စိတ်မချမ်းမြေ့မှုများ၊ ကြေကွဲဝမ်းနည်းမှုများနဲ့ မကျေနပ်မှုများကို ခွန်အားအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ပြီး ကိုယ်လုပ်စရာရှိတာကို လုပ်ကြရတော့မှာပဲဖြစ်ပါတယ်။

ဘောလုံးကတော့ ကွင်းရဲ့ကိုယ့်ဘက်အခြမ်းကို နောက်တကြိမ် ရောက်လာပြန်ပြီလို့ ဆိုရပါလိမ့်မယ်။ နောက်တကြိမ်လို့ ပြောရတာက ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ခဲ့ချိန်ကစလို့ အခုအထိ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ဘောလုံးဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ကွင်းဘက်အခြမ်းကို အကြိမ်ကြိမ် ရောက်လာခဲ့ဖူးပြီးဖြစ်လို့ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်က အရေးတော်ပုံကြီးရဲ့ အရှိန်အဟုန် အမြင့်ဆုံးအချိန်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လူထုလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်တွေဟာ ကိုယ့်ခြေထဲရောက်နေတဲ့ ဘောလုံးကို ဂိုးအဖြစ် အချိန်မီ မပြောင်းလဲနိုင်ခဲ့ကြတဲ့အတွက် စစ်အာဏာရှင်တွေက စက်တင်ဘာ (၁၈) အာဏာသိမ်းပွဲနဲ့ ဘောလုံးကို လုယူသွားခဲ့ကြပါတယ်။

ဒုတိယတကြိမ်က အရေးတော်ပုံကြီးရဲ့ အရှိန်အမြင့်ဆုံးကာလမှာ တောင်းဆိုခဲ့တဲ့ ကြားဖြတ်အစိုးရ တောင်းဆိုချက်ကို ဆက်လက်ကိုင်စွဲမလား ဒါမှမဟုတ် န၀တ ချပေးတဲ့ ပါတီတွေ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ရေးလမ်းကြောင်းကို လိုက်မလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုအနက် တခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါမှာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း လူထုလှုပ်ရှားမှုခေါင်းဆောင်တွေဟာ န၀တလမ်းကြောင်းအတိုင်း လိုက်ပါလျှောက်လှမ်းဖို့ ရွေးချယ်လိုက်ကြခြင်းဖြင့် ကိုယ့်ခြေထဲက ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘဲ န၀တ စစ်အာဏာရှင်တွေရဲ့ ကွင်းဘက်အခြမ်းကို ရောက်သွားစေခဲ့ပြန်ပါတယ်။

တတိယအကြိမ်က ဂန္ဓီခန်းမညီလာခံပါ။ ဒီအချိန်မှာ ရွေးကောက်ပွဲ ပြီးသွားပြီ ဖြစ်တဲ့အတွက် အဲဒီရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီဟာ လူထုခေါင်းဆောင် လူထုတပ်ဦးပါတီ ဖြစ်နေပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲအပြီး ပထမဆုံးကျင်းပတဲ့၊ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်တဲ့ ဂန္ဓီခန်းမညီလာခံဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ သိပ်ကိုအရေးပါပါတယ်။ ဒါပေမယ့် အဲဒီညီလာခံမှာလည်း လူထုခေါင်းဆောင်တွေဟာ ကိုယ့်ခြေထဲမှာရှိနေတဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတဲ့အတွက် ဘောလုံးဟာ န၀တ စစ်အာဏာရှင်တွေရဲ့ ကွင်းဘက်အခြမ်းကို ပြန်ရောက်သွားခဲ့ရပြန်ပါတယ်။

အဲဒီအကြိမ်နဲ့ မရှေးမနှောင်း လူထုခေါင်းဆောင်တွေရဲ့ ကွင်းဘက်အခြမ်းကို စတုတ္ထအကြိမ် ဘောလုံးရောက်လာပြန်တဲ့ အဖြစ်အပျက်က ဂန္ဓီခန်းမညီလာခံမှာ အန်အယ်လ်ဒီခေါင်းဆောင်တွေ တစုံတရာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆုံးဖြတ်ကြေညာလိုက်မှာကို အကြောက်ကြီးကြောက်သွားတဲ့ န၀တ ကမူးရှူးထိုးရေးပြီး ကသောကမြော ထုတ်ပြန်လိုက်တဲ့ (၁/၉၀) ကြေညာချက်ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ကိုယ့်ဘက်အခြမ်းရောက်လာတဲ့ ဘောလုံးကို ဖြုန်းတီးပစ်ခဲ့ကြပြန်ပါတယ်။

ပဉ္စမအကြိမ်က ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် ဒီမိုကရေစီရေးအတွက် အတက်ကြွဆုံး လှုပ်ရှားနေသူတွေကို နအဖက ပါတီထဲက ထုတ်ခိုင်းတဲ့ ကိစ္စဖြစ်ပြီး ဆဋ္ဌမအကြိမ်က နအဖရဲ့ အမျိုးသားညီလာခံတက်မလား၊ မတက်ဘူးလား ဆိုတာကို ရွေးချယ်ရတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာလည်း အန်အယ်လ်ဒီခေါင်းဆောင်တွေဟာ ကိုယ့်ကွင်းဘက်အခြမ်း ရောက်လာတဲ့ ဘောလုံးတွေကို အကျိုးရှိရှိ အသုံးမချနိုင်ဘဲ နအဖ ခြေထောက်ထဲကိုပဲ ပြန်ကန်ပို့ခဲ့ပါတယ်။

၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခဲ့ပြီးတဲ့နောက်မှာတော့ အန်အယ်လ်ဒီဟာ ဒေါ်စုအပါအ၀င် ခေါင်းဆောင် (၃) ဦးကို ပါတီထဲပြန်ထည့်ခြင်း၊ နအဖ အမျိုးသားညီလာခံက နုတ်ထွက်ခြင်းတို့ဖြင့် မိမိရဲ့ကစားကွက်အမှားကို စတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အမျိုးသားညီလာခံကို ပြန်တက်မလား၊ မတက်ဘူးလားဆိုတဲ့ လမ်းဆုံလမ်းခွနဲ့အတူ ဘောလုံးကိုယ့်ကွင်းဘက် အခြမ်း ရောက်လာပြန်တဲ့အခါမှာတော့ အန်အယ်လ်ဒီဟာ ကစားကွက်ကောင်းကောင်းနဲ့ ကစားပြီး နအဖကို အကျပ်အတည်း ကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီပေးတဲ့ အဲဒီအကျပ်အတည်းကြောင့်ပဲ နောက်ပိုင်းမှာ နအဖဟာ သူ့ရဲ့ မူလဗီဇ ဘီလူးရုပ်ကို လုံခြုံအောင် ဖုံးအုပ်ထားနိုင်စွမ်းမရှိတော့ဘဲ ဆက်ကာဆက်ကာ ဖွင့်လှစ်ဖော်ထုတ် ပြသလာခဲ့ရတော့တာ ဖြစ်ပါတယ်။

ဒီတကြိမ် အန်အယ်လ်ဒီရဲ့ ကွင်းဘက်အခြမ်းကို ဘောလုံးပြန်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီရော၊ နအဖရော၊ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာရော အားလုံး အသေအချာ သိထားကြဖွယ်ရှိတဲ့ အချက်ကတော့ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လုံးဝဂရုမစိုက်တဲ့ ပုံဖမ်းပြီး နအဖက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို တဖက်သတ် ထုတ်ပြန်ကြေညာလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် ပြည်သူတွေ ဘ၀တွေ အသက်တွေ အဆင့်ဆင့် စတေးပေးဆပ် ရုန်းကန်တိုက်ပွဲဝင်လာခဲ့ကြရပြီး ၁၉၉၀ ရွေးကောက်ပွဲနဲ့ အထွတ်အထိပ် ရောက်သွားခဲ့တဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ၊ အာသီသတွေ၊ မျှော်မှန်းချက်တွေ ထည့်ထားတဲ့ ခေါင်းတလားအဖုံးရဲ့ နောက်ဆုံးသံချက်ကို ရိုက်သွင်းဖို့ စစ်အာဏာရှင်တွေက အသေအချာ နေရာယူပြင်ဆင်လိုက်တာဖြစ်လို့ပါပဲ။

ဗိုလ်မောင်မောင်၊ ဗိုလ်နေ၀င်းတို့ မွေးဖွားပြုစုပျိုးထောင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖစစ်အုပ်စုဟာ သူတို့ဆယ်စုနှစ်ခုကြာ ညတိုင်းမက်လာခဲ့ရတဲ့ တရားဝင်မှု Legitimacy အိပ်မက်ဆိုးကို ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပယောဂကုထုံး အသုံးပြုပြီး အပြီးတိုင် ဖယ်ရှားပစ်ဖို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်လိုက်ပြီဖြစ်လို့ပါပဲ။ ဒါကြောင့် အခြေအနေကတော့ မြန်မာစစ်အာဏာရှင်တွေဟာ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီဆိုတဲ့အချက်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ။


အဲဒီတော့ မြန်မာပြည်သူလူထုကြီးရဲ့ တပ်ဦးမှာရှိနေတဲ့ အန်အယ်လ်ဒီပါတီအနေနဲ့လည်း ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ဖို့ပဲရှိပါတော့တယ်။ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်းက ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံပါတီတရပ်အတွက် အခုလိုအချိန်မျိုးမှာ ရွေးစရာလမ်းနှစ်သွယ် မရှိအပ်တော့ပါဘူး။ လျှောက်စရာ တလမ်းပဲ ရှိတော့တယ်လို့ မြင်မိပါတယ်။ နအဖရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါတီတရပ်အဖြစ် တည်ရှိလိုတယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ ဒီအချက်ဟာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကြောင့် ဒီအချက်တခုတည်းနဲ့တင် အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်မှုမပြုရေး ဆုံးဖြတ်ဖို့ လုံလောက်နေပါပြီ။

ဒါပေမယ့် နအဖက ဒါနဲ့တင် အားမရသေးပါဘူး။ ဒီမိုကရေစီရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ ထောင်ဒဏ်ကျခံနေကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူရဲကောင်း နိုင်ငံရေးအကျဉ်းသားအားလုံးကိုပါ ပါတီထဲက ထုတ်ပစ်မှ ပါတီဆက်လက်ရပ်တည် ရှင်သန်ခွင့်ရှိမယ်လို့ နိုင့်ထက်စီးနင်း ပြောဆိုထားပါသေးတယ်။ ဒီဖော်ပြချက်ရဲ့ တောင်းဆိုမှုအစစ်အမှန်က ဘာလဲ။ အန်အယ်လ်ဒီကို သူ့လက်ထဲက ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးအလံတော်များကို လွှင့်ပစ်ခိုင်းရုံတင်မက ဒူးထောက်ပြီး သူတို့ရဲ့ စစ်ဖိနပ်ကိုပါ လျှာနဲ့ ကုန်းလျက်ဖို့ စစ်အာဏာရှင်တွေက အမိန့်ပေးလိုက်တာပဲဖြစ်ပါတယ်။ အကာအရံ အဆင်တန်ဆာတွေ ဖယ်ပြီးကြည့်ရင် အဲဒီပကတိအရှိတရားကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ် စူးရှတဲ့ အမှန်တရားတခုကတော့ အတိတ်ဖြစ်ရပ်တွေအရ တကယ်လို့ အန်အယ်လ်ဒီက အဲဒီအတိုင်း လုပ်ခဲ့မယ်ဆိုရင်တောင် နအဖရဲ့လုပ်ရပ်က အဲဒီလောက်မှာတင် ရပ်တန့်ပြီးဆုံးသွားခြင်းမရှိမှာ သေချာနေတဲ့ အချက်ပါပဲ။ မြန်မာစစ်အာဏာရှင်တွေရဲ့ အဘိဓာန်ထဲမှာ Fair Play ဆိုတဲ့ ဝေါဟာရမရှိပါဘူး။ ‘စစ်သုံ့ပန်းမလိုချင်ဘူး’ ဆိုတဲ့ မြန်မာစစ်ဗိုလ်တချို့က အောက်ခြေအဆင့်ဆင့်ကို တရားမ၀င်ပေးထားတဲ့ သဘောထားတခုကိုကြည့်ရင် မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကို သဘောပေါက်နိုင်ပါတယ်။

မြန်မာပြည်သူတွေဘက်က ကြည့်ရင်တော့ အန်အယ်လ်ဒီဟာ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ချိန်ကစပြီး အခုအချိန်အထိ ခြုံပြောရရင် ပြည်သူတွေကို မှန်မှန်ကန်ကန် ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုကြီးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ သုံးပါးစလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ အခုလိုအချိန်မျိုးမှာ အန်အယ်လ်ဒီဟာ မြန်မာပြည်သူတွေကို ဆက်လက်ပြီး မှန်မှန်ကန်ကန် ဦးဆောင်သွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ရှေ့မှာ အန်အယ်လ်ဒီဟာ ဘောလုံး ကိုယ့်ကွင်းဘက်အခြမ်း အကြိမ်ကြိမ်ရောက်ခဲ့ပြီး အကြိမ်အတော်များများမှာ အကျိုးရှိအောင် အသုံးမချနိုင်ခဲ့တာကို ပြည်သူတွေက ချင့်တွက်ဖြည့်တွေးပြီး နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မထောက်မညှာတမ်း ပြောရမယ်ဆိုရင်တော့ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီး (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်နိုင်ခွင့်မရှိတဲ့ အချိန်တွေမှာ) မြန်မာပြည်သူတွေကြား မကြေလည်တာတွေ၊ အားမလိုအားမရဖြစ်တာတွေ၊ အားကိုးအားထားပြုချင်စိတ် လျော့ပါးတာတွေ ရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း အန်အယ်လ်ဒီကို မလေးစား ရိုသေမှုမရှိလို့ နအဖက အခုလို ထင်တိုင်းကြဲနေတာဖြစ်တယ်။ အန်အယ်လ်ဒီကလည်း နအဖ လေးစားရိုသေ ခန့်ညားအောင်လုပ်ပြနိုင်တဲ့ အရည်အချင်းမရှိတဲ့ ပါတီဖြစ်တယ်။ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီတခုထက် သက်ကြီးရွယ်အိုတွေရဲ့ ဆွံ့အနားမကြားကျောင်းတခုနဲ့ ပိုပြီးတူနေပြီ …. စတဲ့ ဝေဖန်ချက်တွေမှာ အနည်းဆုံး အမှန်တချို့တော့ ပါဝင်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အဲဒီခံစားချက်တွေဟာ အတန်အသင့် သဘာဝကျပြီး တစုံတခုသော အတိုင်းအတာအထိ ကြောင်းကျိုးဆီလျော် ခဲ့တယ်ဆိုရင် အန်အယ်လ်ဒီခေါင်းဆောင်တွေအတွက် မိမိတို့ရဲ့ ချွတ်ယွင်းအားနည်းချက်များကို ပြင်ဆင်ဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက မိမိတို့ကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း ပြသဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန်၊ အခုအခွင့်အလမ်းဟာ အကောင်းဆုံး အခွင့်အလမ်းပါပဲ။

ဒီအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ဖို့အတွက် အန်အယ်လ်ဒီမှာ လမ်းညွှန်မူအဖြစ် ရွှေဂုံတိုင်ကြေညာချက်ရှိနေပါပြီ။ ဒီကြေညာချက်ပါ လမ်းညွှန်အခြေခံမူများကို ပြတ်ပြတ်သားသား ကိုင်စွဲပြီး ပန်းတိုင်ရောက်တဲ့အထိ ရွပ်ရွပ်ချွံချွံ ဦးလည်မသုန် ဦးဆောင်ချီတက်သွားနိုင်ရေး မျှော်မှန်းဖွဲ့စည်းခဲ့တာဖြစ်ဖို့ သေချာသလောက်ရှိတဲ့ တိုးချဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုဦးစီးအဖွဲ့တို့လည်း စုံစုံညီညီရှိနေပါပြီ။

ရှေ့အဖို့မှာ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်မှုကို ရမရဆိုတာကတော့ အန်အယ်လ်ဒီအတွက် မသေချာပါဘူး။ လက်ရှိအခြေအနေ အရပ်ရပ်အရ မရဖို့ များပါတယ်။ လာမယ့် တိုက်ပွဲမှာလည်း သမိုင်းတလျှောက် ရဲဝံ့ပြတ်သားစွာ ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်နိုင်ရင် ပိုကောင်းမှာဖြစ်ပေမယ့် သူကိုယ်တိုင် လူထုရှေ့ကရပ်ပြီး ဦးမဆောင်နိုင်ရင်လည်း အလုပ်မလုပ်နိုင်လောက်အောင်တော့ ပြဿနာမရှိပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဘာကိုပြသခဲ့ကြသလဲ။ အဲဒါဟာ အန်အယ်လ်ဒီအတွက် လမ်းညွှန်အခြေခံမူပါပဲ။ လတ်တလောအခြေအနေမှာ အဲဒါကို ကိုယ်စားပြုတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ အန်အယ်လ်ဒီရဲ့ လမ်းညွှန်အခြေခံမူပါပဲ။ နောက်ပြီး ၁၉၈၈ ကစလို့ အခုအထိ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောဆိုပြုမူ ရပ်တည်ရှင်သန်ခဲ့သလဲ။ အဲဒါဟာ အန်အယ်လ်ဒီအတွက် အခြေခံမူပဲဖြစ်ပါတယ်။

ကမ္ဘာတလွှား နိုင်ငံအတော်များများမှာ ပြည်သူ့အာဏာလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ရာမှာ နိုင်ငံအားလုံးလိုလိုက လှုပ်ရှားမှုတွေဟာ မြန်မာပြည်က လှုပ်ရှားမှုလောက် ခက်ခဲကြမ်းတမ်းခြင်းမရှိ၊ ရှည်ကြာခြင်းမရှိဘဲ အဆုံးအဖြတ် အောင်ပွဲတွေ ရရှိသွားခဲ့ကြပါတယ်။ မြန်မာပြည်သူတွေကတော့ အခုအထိ ပင်ပန်းဆင်းရဲကြီးစွာ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒါဘာကြောင့်လဲ။ မြန်မာပြည်က စစ်အာဏာရှင်စနစ်ဆိုတဲ့ တောင်ဟာ အနိုင်နိုင်ငံက တောင်တွေထက် ပိုမတ်စောက်ပြီး ပိုမြင့်လို့ဖြစ်ပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်စနစ်ဆိုတဲ့ ပင်လယ်ဟာ အနိုင်နိုင်ငံက ပင်လယ်တွေထက် ပိုကျယ်ပြီး လှိုင်းပိုကြမ်းလို့ဖြစ်ပါတယ်။ ဒါကို သဘောပေါက်ကြရပါလိမ့်မယ်။ တချိန်တည်းမှာ ဘယ်လောက်မြင့်တဲ့ တောင်ပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်မှာ လူသားရဲ့ခြေဖ၀ါးအောက် ရောက်ရစမြဲဖြစ်တယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့ လှိုင်းပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်မှာ လူသားရဲ့ လှေအောက် ရောက်ရစမြဲဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း သဘောပေါက်ကြရပါလိမ့်မယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးနေပါပြီ။ နိုင်ငံသမိုင်းတလျှောက် ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ သွေး ချွေး မျက်ရည်တွေအတွက်၊ အနာဂတ်မျိုးဆက်တွေအတွက်၊ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုးလေးစား တန်ဖိုးထားကြတဲ့ ကမ္ဘာ့ပြည်သူတွေအတွက်၊ ခြုံပြောရရင် ယဉ်ကျေးတဲ့ လူသားမျိုးနွယ်တရပ်ရဲ့ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာကျရောက်နေတဲ့ တာဝန်ရဲ့ပမာဏကို မှန်းဆကြည့်ပြီး စာနာစိတ်ပေါ်ပေါက်ကြမှာဖြစ်သလို အဲဒီတာဝန်ကြီးကို ထမ်းဆောင်အောင်မြင်ခဲ့ရင် ရရှိမယ့် ဂုဏ်ဒြပ်ရဲ့ ကြီးမြတ်ခမ်းနားမှုကို မှန်းဆကြည့်ပြီးတော့လည်း အားကျစိတ် ပေါ်ပေါက်နိုင်ကြမှာဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ဒီလိုအချိန်မျိုးမှာ လူထုကိုဦးဆောင်မှုပေးရတော့မယ့် တပ်ဦးပါတီတရပ်ရဲ့ ညီညွတ်ရေးဟာ ကျောက်သားကျောက်စိုင်လို ခိုင်မာနေဖို့ပါပဲ။ မြို့နယ်ပါတီရုံးတွေ ပြန်ဖွင့်ခွင့်ပေးတာမျိုးနဲ့ ရုပ်သေးကြားဖြတ်အစိုးရ ဖွဲ့တာမျိုးတွေ အပါအ၀င် လာလတ္တံ့သော နအဖရဲ့ အပေါစား မျက်လှည့်ပြကွက်မျိုးတွေမှာ စိတ်ဝမ်းမကွဲကြဘဲ ကိုယ်လျှောက်ရမယ့် ရှေ့ခရီးကို မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။

အရေးကြုံရင် သက်လုံကောင်းပြီး အရေးကြီးတဲ့ အလှည့်အပြောင်း အကွေ့အချိုး အခိုက်အတန့်တိုင်းမှာ သွေးစည်းညီညွတ် စည်းကမ်းသေ၀ပ်စွာ၊ ရဲရင့်ပြတ်သား ခိုင်မတ်တက်ကြွစွာ တိုက်ပွဲဝင်နိုင်စွမ်းရှိသူများဖြစ်ကြောင်း သမိုင်းတလျှောက် အကြိမ်ကြိမ် သက်သေပြခဲ့ကြပြီးဖြစ်တဲ့ မြန်မာပြည်သူများဘက်ကတော့ အမြဲတမ်း အဆင့်သင့်ပါပဲ။ အခုအချိန်မှာ သူတို့အလိုအပ်ဆုံး အရာဟာ ငွေလည်းမဟုတ်၊ လက်နက်လည်းမဟုတ်၊ နိုင်ငံခြားစစ်တပ်လည်းမဟုတ်၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်လည်း မဟုတ်ပါဘူး။ သူတို့ရဲ့တပ်ဦးပါတီ အန်အယ်လ်ဒီရဲ့ မှန်ကန်ခိုင်မာ ရဲဝံ့ပြတ်သားတဲ့ ဦးဆောင်မှုဖြစ်ပါတယ်။

အခုဆိုရင် အန်အယ်လ်ဒီဟာ ဒီလ (၁၅) ရက်နေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ နအဖရဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားအမြင်ကို ယေဘုယျချမှတ်နိုင်ခဲ့ပြီး (၂၉) ရက်နေ့ ပြုလုပ်မယ့် ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးမှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ဖို့ သဘောတူထားကြပြီမို့ အဲဒီနေ့မှာ ပြည်သူတရပ်လုံးရဲ့ဆန္ဒကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပြည်သူ့ဆန္ဒနဲ့ နအဖရဲ့ ဆန္ဒတို့ဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတာမို့ အန်အယ်လ်ဒီက ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီးနောက် မကြာခင်မှာ နအဖဟာ ထုံးစံအတိုင်း လက်နက်အားကိုးပြီး အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေကို နှိပ်ကွပ်ချေမှုန်းပါလိမ့်မယ်။ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီဘက်တော်သား ပါတီတွေဟာလည်း နအဖရဲ့ သတ်မှတ်ချက်အရ တရားဝင်ပါတီအဖြစ်က ရပ်ဆိုင်းသွားကောင်း သွားနိုင်ကြဖွယ်ရှိပါတယ်။ ပြည်သူကို ရဲရဲဝံ့ဝံ့ ဦးဆောင်မှုပေးခဲ့တဲ့ လူထုခေါင်းဆောင်တွေဟာလည်း အကျဉ်းထောင်တွေထဲ ရောက်သွားကောင်းသွားနိုင်ကြပါတယ်။ ခြုံပြောရရင် ဒီတိုက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေဟာ (သာမန်အားဖြင့် အများနားလည်ထားကြတဲ့ စံသတ်မှတ်ချက်တခုအရ) ရှုံးနိမ့်ကောင်း ရှုံးနိမ့်သွားနိုင်ပါတယ်။

ဒီနေရာမှာ ပညာရှိတဦးရဲ့ အဆိုအမိန့်တခုက မှတ်သားစရာပါ။ သူက “အနိုင်ခံလိုက်ရခြင်းဟာ ယာယီအခြေအနေတရပ်သာ ဖြစ်တယ်။ အဲဒါကို ထာဝရအခြေအနေတရပ်ဖြစ်သွားအောင် ပြုလုပ်တဲ့အရာကတော့ လက်လျှော့အရှုံးပေးလိုက်ခြင်းပဲဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ဒီတကြိမ်မှာ အနိုင်ခံလိုက်ရတယ်ဆိုရင်တောင် ဒီမိုကရေစီအင်အားစုတွေဘက်က အရှုံးမပေးသမျှ ကာလပတ်လုံး ဘယ်တော့မှ မရှုံးပါဘူး။ ဓမ္မနဲ့ အဓမ္မအကြား ဆင်နွှဲတဲ့ စစ်ပွဲမှာ အဓမ္မက အပြီးသတ် အောင်ပွဲဆင်သွားနိုင်တယ်ဆိုတာ၊ ပြည်သူနဲ့ အာဏာရှင်စနစ်အကြား ဆင်နွှဲတဲ့စစ်ပွဲမှာ အာဏာရှင်စနစ်က အပြီးသတ် အောင်ပွဲဆင်သွားနိုင်တယ်ဆိုတာ ဘယ်ဒေသ ဘယ်နိုင်ငံ ဘယ်ခေတ် ဘယ်ကာလမှာမှ မရှိခဲ့ဖူးပါဘူး။ ထုံးစံလည်းမရှိပါဘူး။

ဒါကြောင့် ဒီတပွဲမှာ စစ်အာဏာရှင်စနစ်ဘက်က အသာစီးရသွားတယ်ဆိုရင်တောင် ဒီပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံခရီးမှာ အချည်းနှီးဖြစ်သွားမှာ မဟုတ်ပါဘူး။ ၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက ပေါက်ဖွားလာခဲ့ပြီး မတရားမှုကို ဆန့်ကျင်အန်တုရာမှာ စံပြဖြစ်တဲ့ ခွပ်ဒေါင်းပုံရိပ်ကို အလံမှာ ထည့်သွင်းရိုက်နှိပ်ထားတဲ့ ပါတီတခုဟာ သမိုင်းတကွေ့မှာ ပြည်သူတွေ အပ်နှင်းထားတဲ့ တာဝန်ကို အပြောင်မြောက်ဆုံး ဦးလည်မသုန် ထမ်းဆောင်သွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းက ဓူဝံကြယ်သဖွယ် ကောင်းကင်မှာ ထာဝရတည်ရှိနေပြီး တော်လှန်တဲ့ အနာဂတ်မျိုးဆက်တွေကို လမ်းညွှန်မှုပေးနေမှာ အသေအချာဖြစ်ပါတယ်။ ။

Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Tuesday, March 23, 2010

ဆုံးဖြတ်ချက်ကတော့ ” ရှင်းရှင်းလေးပါ ”



နအဖစစ်အစိုးရက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယနေ့မတ်လ (၂၃) ရက်တွင် ရန်ကုန်မြို့တရားရုံးချုပ်၌ တရားစွဲဆိုလိုက်သည်။

“အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် သွားပြီးတော့ ဗဟိုတရားရုံးချုပ် တရားမဌာနမှာ ယနေ့နံနက်ပိုင်းက အမှုသွားပြီးတင်ပါတယ်။ အမှုဆောင်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းတို့နဲ့အတူပါ” ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။

ယင်းသို့ တရားစွဲဆိုမှုကို တရားရုံး တရားမဌာနမှ တာဝန်ရှိသူက အမှုတွဲကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မတ် (၂၃) ရက် နေ့စွဲဖြင့် အထူးကြေညာချက်ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် အန်အယ်လ်ဒီဥက္ကဋ္ဌက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ ၅ (က) (ခ) (ည) နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ (၄၅) နှင့် (၅၄) တို့အရ တရားရုံးချုပ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တရားရုံး တရားမဌာနမှ တာဝန်ရှိသူက “ကျမတို့၌ စီရင်ပိုင်ခွင့်မရှိ” ဟု ပြောဆိုကာ အမှုတွဲကို နေ့လယ် (၁၂) နာရီခွဲခန့်တွင် ပြန်လည်ပေးအပ်လိုက်ကြောင်း ဖော်ပြထားသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။

ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။

ယနေ့ မွန်းလွဲပိုင်းတွင်လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ပြီး ယင်းတွေ့ဆုံမှုကို အန်အယ်လ်ဒီရုံးချုပ်တွင် ပြန်လည်ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ် အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောပြသည်။

၎င်းက “ဒါ သူ့စကားလုံးအတိုင်းပဲ၊ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ။ သူလုံးဝ လက်မခံဘူးလို့ ပြောတယ်။ သူ့အနေနဲ့ လက်မခံတာ ပြောတာ။ နောက် ဒါဟာ အဖွဲ့ချုပ်ကို ပရက်ရှာပေးတာလည်း မဟုတ်ဘူး ညွှန်ကြားတာလည်း မဟုတ်ဘူး။ သူ့သဘောထား သူပြောတာ။ သူပြောတာ ရှင်းပါတယ်။ ရှင်းရှင်းလေးပါ” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုနှင့်ပတ်သက်၍ အထူးအယူခံကိစ္စများကိုလည်း ဦးဉာဏ်ဝင်းက ယနေ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

နှစ်ထပ်ကွမ်း ဒုက္ခသည်

နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ်အနီး မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ တွင် ယမန်နေ့ည သန်းခေါင်တွင် မီးလောင်သဖြင့် နေအိမ် ၆ဝ ကျော် ပျက်စီးဆုံးရှုံးကာ၊ ဒုက္ခသည် ၃ဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။

ည ၁၂ နာရီခွဲခန့်တွင် စတင်မီးလောင်ရာ သစ်၊ ဝါးနှင့် သက်ကယ် အမိုးအကာများဖြင့် ဆောက်လုပ်ထားသည့် အိမ်ခြေ ၆ဝ ကျော်သည် မိနစ် ၃ဝ ခန့်အတွင်း လောင်ကျွမ်းပျက်စီးကာ၊ ဒုက္ခသည် ၃ဝဝ ခန့် မီးဘေးဒုက္ခသည် ဖြစ်သွားရကြောင်း သိရခြင်း ဖြစ်သည်။

“ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော်သွားရာကနေ လောင်တာလို့ သိရပါတယ်။ လူတွေ အသေအပျောက်တော့ မရှိပါဘူး။ အိမ်မွေးတိရစ္ဆာန် တကောင်နှစ်ကောင်လောက်ပဲ သေတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးတော့ မတွက်တတ်ဘူး” ဟု ယင်းဒုက္ခသည်စခန်း ကော်မတီ ယာယီ ဥက္ကဋ္ဌ ဦးအောင်မောင်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၃၂ဝဝ ကျော်ရှိပြီး လူဦးရေ ၁၄ဝဝဝ ကျော် နေထိုင်သည်။ ရပ်ကွက်ပေါင်း ၂ဝ ရှိသည့်အနက် အိမ်ခြေပေါင်း ၁ဝဝ ကျော် ရှိသည့် အမှတ် ၄ ရပ်ကွက်တွင် လောင်ကျွမ်းရာ ဒုက္ခသည်များကိုယ်တိုင် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

“ကျနော်တို့က အပူရှိန်ပြင်းလို့ မီးအန္တရာယ် သတိထားဖို့၊ မီးသတိရှိဖို့ ည ၈ နာရီလောက်မှာ အသံချဲ့စက်နဲ့ အော်ပြီး အိပ်သွားတာ။ ည ၁၂ ခွဲမှာ လောင်တယ်။ အိမ်တွေက တအိမ်နဲ့တအိမ် ကပ်တယ်။ သစ်၊ ဝါးနဲ့ သက်ကယ်တို့နဲ့ ဆောက်ထားတာ။ ၁ နာရီ မထိုးဘူး၊ အိမ်တွေ ပြာကျသွားရော။ ဒါတောင် လေတိုက်တဲ့ အချိန်မဟုတ်ဘူး။ လေတိုက်ချိန်ဆို ၁၅ မိနစ်လောက်ပဲ ကြာမယ်။ ကျောင်းတွေတော့ မပါဘူး” ဟု ပြောသည်။

မီးလောင်သည့် နေရာသို့ ထိုင်းအာဏာပိုင်အချို့ ယနေ့ နံနက်တွင် လာရောက်ကြည့်ရှုကာ မီးလောင်ပြင် ရှင်းလင်းရေးအတွက် ဆောင်ရွက်ပေးပြီး၊ မီးဘေးဒုက္ခသည်များကို မားမားခေါက်ဆွဲထုပ်များ ဝေငှခဲ့သည်။ မီးဘေးဒုက္ခသည်များအတွက် နေ့လည်စာကို စခန်းကပင် ကျွေးမွေးခဲ့သည်။

မီးဘေးဒုက္ခသည်များမှာ လက်တလောတွင် နီးစပ်ရာ ဆွေမျိုးများ နေအိမ်နှင့် စခန်းအတွင်းရှိ မူကြိုကျောင်း၊ မူလတန်းကျောင်းတို့တွင် ခေတ္တနေထိုင်လျက်ရှိကြောင်းနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် စခန်းအုပ်ချုပ်ရေးအဖွဲ့နှင့် ဒုက္ခသည်စခန်း ကော်မတီတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အိမ်တွေ ဆောက်ပေးဖို့က အစည်းအဝေး ခေါ်ရဦးမယ်။ တချို့က သူတို့ အယူအရ မီးလောင်ပြင်မှာ မနေချင်တာတို့ ရှိတယ်လေ” ဟု ဦးအောင်မောင်းက ပြောသည်။

ထိုင်နိုင်ငံတွင် ကရင်နီ ဒုက္ခသည်စခန်း ၂ ခု ရှိသည့်အနက် အမှတ် ၂ စခန်းမှာ ထိုင်းနိုင်ငံ တောင်ဘက်တွင် တည်ရှိသည်။

ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော မြန်မာတိုင်းရင်းသား ဒုက္ခသည်ပေါင်းမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအထိ ၁ သိန်း ၄ သောင်းခန့် ရှိကြောင်း ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသည့် Thailand Burma Border Consortium (TBBC) အဖွဲ့က စာရင်းထုတ်ပြန်ထားသည်။

Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Saturday, March 20, 2010

NLD ပါတီအပေါ် လူထုစိန်ဝင်း၏ အမြင်



“ရွေးကောက်ပွဲဥပဒေ ကိုကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ပဲ ရွေးကောက်ပွဲလဲ မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေငြာ စာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယေက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တစ်ခုတည်းသော အဖြေကိုပဲ ကျွန်တော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ ရွေးကောက်ပွဲလဲ ၀င်မှာပဲဆိုတဲ့ အဖြေပဲ။
ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် ၂၀ ကာလအတွင်း အန်အယ်လ်ဒီ ဌါနချုပ် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲ ဆိုရင်အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် ၂၀လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် ၂၀အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွံပြု နေခဲ့တာပဲ။

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက် လောက်တောင်မှ တိုင်းပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုး တွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့်ဆောင်ရွက်လို့ပဲ ထောင်ကပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ဘာမှ မဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းထည်းသော အပြောကတော့ ပါတီရေရှည် တည်တံ့ရေး အတွက်သူတို့ဟာ ဒီလိုလုပ်ရတာလို့ပြောတယ်။

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထု အတွက် ဘာမှ မလုပ်ဘဲ ရပ်တည်မနေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတစ်ခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့ အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌါနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှ မထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါဆိုရင်တော့ တစညနဲ့လဲ တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

တခါတုန်းက ဆရာပြောခဲ့ဘူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ကျော်တွေ ဖြစ်ကုန်ကြပြီ မျက်စေ့မမြင်တဲ့ သူလည်းမမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ်ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ်တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေး ပါတီတခု ဌါနချုပ်တစ်ခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေး အကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကိုဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက်မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေ လည်း ကြားရတယ်။

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာ ကတော့ ဌါနချုပ်ကို အမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါတီ အပေါ်မှာ တဘက်က ပရက်ရှာ (ဖိအား) တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့်နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌါနချုပ်ကို အမြောက်နဲ့ ထုကြ ဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ် ဆိုပြီး အခုနောင်တရ မိတယ်။ ဘာကြောင့် ဌါနချုပ်ကို အမြောက်နဲ့ ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ အနှစ် ၂၀ အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအတွက် လုပ်တာမရှိခဲ့ဘူး။ ပါတီဌါနချုပ်ဟာလည်း ဒီမိုကရေစီ ပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူးတော့ဘူး။ တယောက်ထဲက နေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလားဆိုလား ငြင်းလား ခုံလားလည်း ဘာမှ မရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီ ဌါနချုပ်ဟာ တတိုင်းပြည်လုံးမှာ ရှိတဲ့ အန်အယ်လ်ဒီအောက်ခြေ ပါတီဝင်တွေနဲ့ လုံးဝ ကင်းကွာပြီးတော့ တခြားစီ ဖြစ်နေပြီ။

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ ၈၀ ကျော် ၉၀ကျော် စီအီးစီတွေ အစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုး လိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒိထက် အဆတစ်ရာ လောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်ဒီ ပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။

လူတွေကို မသိပေမယ့်လို့ နံမည်တွေကို ကြားဘူးနေပြီး ခေါင်းထဲမှာ စွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်းမြမြတို့ မိတ္ထိလာက ဒေါ်မြင့်မြင့်အေးတို့ ရန်ကုန်က နော်အုန်းလှတို့ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့ ဒေါ်အုန်းမြတို့ ခင်စန္ဒာဝင်းတို့ ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တန်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြတာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ် ဆိုပြီးနောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရလောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲ ဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအကြိုက် လိုက်လုပ်မှာပဲ လို့ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲ လို့ပြောလိုက်တယ်။

ရွေးကောက်ပွဲ ၀င်တာကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဘန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာဘာမှ ပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီ အနေနဲ့ကတော့ မူမရှိတဲ့ အဖြစ်ကို ထောက်ပြတာပါ။

ဘယ်လိုမူမရှိလဲ ဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက တစညက ၇ နေရာ အနိုင်ရတယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ ၇ နေရာမပြောနဲ့ ၃ နေရာ ၄ နေရာတောင် အနိုင်ရမယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီ ဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိဥာဏ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်ဘူး။ နိုင်တာရှုံးတာထား၊ ရွေးကောက်ပွဲ ၀င်တာမ၀င်တာ လည်းသူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မကောင်းဘူးလည်း မပြောဘူး မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလား လို့လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလို ဖြေရတဲ့အကြောင်းရင်းကို ဆရာရှင်းပြတာ။

ဒါက တလျောက်လုံးပေါ့လေ မောင်စူးစမ်းတို့ ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှ တပါးအခြားနည်း လမ်းမရှိပြီ။ ရွေးကောက်ပွဲ ဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေလည်း အကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရအောင် ရှိနိုင်တယ် ၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေး ပါတီတွေရဲ့ တာဝန်ဖြစ်တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ကြောင့် အန်အယ်လ်ဒီပါတီ ဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ကြောင့်မို့ သူတို့ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီ မရှိလဲ ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီး တစ်ခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲပဲ တိုင်းပြည်က ဘာမှ မဖြစ်ပါဘူး။ အန်အယ်လ်ဒီရှိနေလဲ ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်က အင်တာနေရှင်နယ် ဟယ်ရယ် ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအနေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့ အဆုံး အုံကြွမှုတွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဘူးတယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိတာနဲ့စာရင် ရှိတာကကောင်းတာပေါ့ လို့ဆိုပြီးတော့ တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေးကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး ။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာ မဟုတ်ဘူး။ ဒီလို ၈၈တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့် လည်း စကားပြောကြပါ။ ဆွေးနွေးကြပါ လို့ပြောနေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေ ရဲ့ သူတို့ရဲ့ တာဝန် ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”

(လူထုစိန်ဝင်း)
Copy from www.moemaka.com
- သည်နေရာကနေ အသံဖိုင်ကို နားထောင်ပါ -

အဆုံးထိဖတ်ရန်...

Friday, March 19, 2010

နအဖ ၏ မီဒီယာများအား အာရုံပြောင်း လှည့်ကွက်ကစားခြင်း ကစားကွက်တခု

” ငှက်ဆိုတာ တနေရာတည်းမှာ အခါခါနားရင်တော့ လေးသီးတော့ ထိမှာဘဲ ”

” ကိုလာရင် ကြိုမှာလား ”



ရွှေဂျိုးတယောက် စက်ဘီးစုတ်ကလေးကို ဒေါက်ထောက်ပြီးနောက် လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းဝင်မည် ဟန်ပြင်ရုံရှိသေး ထိုင်နေကျ စားပွဲဝိုင်းတွင် ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေသည့် လေအိုးကို တွေ့ရသည်။

ရွှေဂျိုး ။ ။ ပါးစပ်တပြင်ပြင် ဖင်တကြွကြွနဲ့ ဘယ်လိုဖြစ်နေတာလဲ ကိုလေအိုးရဲ့။ မနက်စောစောစီးစီး ကိုလေးအိုးကို ကြည့်ရတာ စိတ်မချမ်းသာစရာဗျာ။ ကျုပ်တောင် မထိုင်ရသေးဘူး၊ ကိုလေအိုးက ဖင်ကြွနေတယ်၊ ဘာလဲ ကိုလေအိုးမိန်းမ ဒေါ်ကပ်စေးက ညက ပဲဟင်းအကျန်တွေနဲ့ မနက်စာ ကျွေးလွှတ်လိုက်လို့လားဗျ။ ပြောစမ်းပါဦးဗျာ။

လေအိုး ။ ။ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ထိုင်ဖြင့်မထိုင်သေးဘဲ ခင်ဗျားက လူကို မှိုချိုးမျှစ်ချိုး ဝေဖန်နေတော့တာကိုးဗျ။ ကြည့်ရတာ မြန်မာပြည်မှာနေတုန်းက ဝေဖန်ရေးဆရာ လုပ်ခဲ့တယ်ထင်တယ်။ ဒါကြောင့် ထမင်းငတ်ပြီး ဒီဘက်ထွက်လာတာ ဖြစ်မယ်။ ဟုတ်တယ်မဟုတ်လား ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ရယ်)

ရွှေဂျိုး ။ ။ စာမူခ နှစ်ပဲတပြားရတဲ့ ဝေဖန်ရေးဆရာ လုပ်မလားဗျာ။ လက်ညောင်းတာ အဖတ်တင်မှာပေါ့။ လုပ်ချင်းလုပ် အမြင်မတော်တာတွေ့ရင် ထရိုက်လိုက်မှာပေါ့။ ရွှေဂျိုးစိတ်က ဒီလိုဗျ။ ကဲ လုပ်စမ်းပါဦး ဘယ်လိုဖြစ်လို့ ပါးစပ်တပြင်ပြင် ဖင်တကြွကြွ ဖြစ်နေရတာတုန်း လင်းစမ်းပါဦး။

လေအိုး ။ ။ ပါးစပ်ပြင်တာကတော့ သတင်းထူး ပြောစရာရှိတာကိုးဗျာ။ အဲ … ဖင်ကြွတာကတော့ အိမ်က မိန်းမစကားကို စက္ကန့်မခြား ကြားယောင်နေလို့ဗျို့၊ ကြားယောင်နေလို့ ဟဲ ဟဲ။

ရွှေဂျိုး ။ ။ မိန်းမက ဘာမှာလိုက်လို့ ဒါလောက်တောင် ကြောက်ချေးစိမ့်နေရတာလဲ၊ ဆိုစမ်းပါဦး ကိုလေအိုးရဲ့။

လေအိုး ။ ။ ကြောက်ချေးစိမ့်တာ မဟုတ်ပါဘူး ကိုရွှေဂျိုးရာ၊ ချစ်တာပါဗျ၊ ချစ်တာ ချစ်တာ ဟား ဟား ဟား ဟား (ဆက်မပြောခင် ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်နေပြန်)။

ရယ်သံစဲလေမှ လေအိုး စကားဆက်သည်။

လေအိုး ။ ။ ဒီလိုပါ ကိုရွှေဂျိုးရာ၊ အိမ်က မိန်းမက “ကိုရေ ဒီနေ့ဘာနေ့လဲ သဘောပေါက်နော်၊ မပေါက်ရင် ညစာငတ်မယ်မှတ်” တဲ့။ အဲဒီစကားလေး ကြားယောင်နေလို့ပါဗျာ။ လေအိုးတို့က အခုမှ ညားကာစမဟုတ်လား။ ညစာငတ် (အဲ…) ထမင်းမစားရလို့ ဘယ်ဖြစ်မလဲဗျ။ အဲဒါကြောင့် ဖင်ကြွနေမိတာထင်ပါရဲ့ ကိုရွှေဂျိုးရာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဟာဗျာ ဒီနေ့ တနင်္ဂနွေနေ့ပဲဗျ။ အေးအေးဆေးဆေးပေါ့ ကိုလေအိုးရ။ ကျုပ်က ဘာများလဲလို့ဗျာ။

လေအိုး ။ ။ ဟာ … မအေးဆေးဘူး ကိုရွှေဂျိုးရေ၊ ဒီလိုဗျ လေအိုးတို့က တနင်္ဂနွေလိုနေ့မျိုးမှ မိန်းမအတွက် အချိန်အပြည့် ပေးရတာ။ ကျန်တဲ့နေ့တွေဆို ကိုရွှေဂျိုးသိတဲ့အတိုင်း တိုင်းရေးပြည်ရေး လွတ်မြောက်ရေးကိစ္စတွေနဲ့ လျှောက်ပတ်စားသောက် (အဲ …) အခမ်းအနားတွေတက်၊ ၀ပ်ရှော့တွေသွား၊ ဆီမီနာတွေမှာ စားနဲ့၊ မအားမလပ်အောင် အလုပ်ရှုပ်နေတာ မဟုတ်လားဗျ။ ဒါကြောင့် တနင်္ဂနွေတရက်တော့ မိန်းမအတွက် အချိန်ပေးရင်း ဟိုနားသည်နား အလည်ပို့ပြီး ချော့ရတာပေါ့။ မပို့လို့ စိတ်ကောက်ရင် ညစာငတ် (အဲ …) ညနေ ထမင်းဟင်း မချက်ရင် ဒုက္ခမဟုတ်လားဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်ပြန်)

ရွှေဂျိုး ။ ။ ကဲ ကဲ ဟုတ်ပါပြီ။ အဲဒါဆိုလည်း ပါးစပ်တပြင်ပြင်လုပ်နေတဲ့ သတင်းထူးကိုပဲ မြန်မြန်ထက်ထက် ပြောပါတော့ဗျာ။ ဟေ့ … ပိုက်ထွေးရေ လက်ဖက်ရည် နှစ်ခွက်ဟေ့။ ရေနွေးအိုးလေးပါ အလိုက်သိစမ်းကွာ။

လေအိုး ။ ။ ဒီလိုဗျ ကိုရွှေဂျိုးရ။ ကိုညီညီအောင် လွတ်လာပြီလေဗျာ။ ခင်ဗျား မသိဘူးသေးဘူးလား။

ရွှေဂျိုး ။ ။ ဘယ်သူလဲဗျ ကိုညီညီအောင်ဆိုတာ၊ ဘယ်ကလွတ်လာတာလဲ၊ အရင်းမရှိ အဖျားမရှိ ကိုလေအိုးရာ။

လေအိုး ။ ။ ဟာ ကိုရွှေဂျိုးကလည်း တော်တော်ခေတ်နောက်ကျတဲ့လူပဲဗျာ၊ လေလှိုင်းဆရာတွေ၊ ၀က်ဘ်ဆိုက်ဆရာတွေ တဖွဖွ သတင်းလုပ်နေတဲ့ ကိုညီညီအောင်လေဗျာ။ ခင်ဗျားမသိဘူးလား။ မျက်မှန်လေးနဲ့ ပင်နီတိုက်ပုံလေးနဲ့လေဗျာ။ ခဏခဏ တွေ့နေရတဲ့ဥစ္စာ။

ရွှေဂျိုး ။ ။ အော် သိပြီ သိပြီ ထုံထောင်းထဲက ဂီးဇောင်ဂျောင်း လင်မယားအိမ်မှာ ၀င်ထွက်နေတဲ့ ကိုယ်တော်လေး မဟုတ်လား။ ကျောပိုးအိတ်လေးလွယ်ပြီး ဆိုင်ကယ်တစီးနဲ့ လမ်းသလား (အဲ …) လျှောက်သွားနေတာ ကိုယ် တွေ့တွေ့နေတာပဲဟာ။ သူ့ကို ပြောတာလား။

လေအိုး ။ ။ အင်း ဟုတ်တယ်လေဗျာ။ သူပေါ့ဗျ ကိုညီညီအောင်ဆိုတာ။

ရွှေဂျိုး ။ ။ သူဆိုရင်တော့ သိသပေါ့ဗျာ။ ကျုပ်မိတ်ဆွေတွေထဲမှာလည်း ညီညီအောင်တွေက တော်တော်ပေါတာဆိုတော့ ရုတ်တရက် မင်မိုရီအောက်သွားတာ ဆောရီးဗျာ။ သူက မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား မြန်မာ့အရေးတက်ကြွလုပ်စား (အဲ …) လှုပ်ရှားသူမဟုတ်လားဗျ။ ဘန်ကောက်ကနေ လေယာဉ်စီးပြီး ၀င်သွားလို့ မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံရတာ မဟုတ်လား။ ယက်တောညီလို့တောင် ရွှေဂျိုးတို့ နောက်နောက်နေသေးဗျာ။ ယက်တောအမှုနဲ့ ရှေ့ဆင့်နောက်ဆင့် ဖြစ်တာကိုးဗျ။ အခု သူ မြန်မာပြည်မှာ ထောင်ကျနေတယ်မဟုတ်လား။ ဟိုတလောလေးကတင် ဘယ်သူလဲမသိဘူး ကျုပ်ကိုပြောတာ။ သုံးနှစ်တောင် ကျတာဆိုဗျ။ အခု ဘယ်ကနေဘယ်လို ဆိုင်းမဆင့် ဗုံမဆင့် လွတ်လာတာလဲ ကိုလေအိုးရဲ့ လင်းစမ်းပါဦး။

လေအိုး ။ ။ ခင်ဗျားမေးပုံကြီးကလဲဗျာ။ ကိုညီညီအောင်ကို ထောင်က မလွတ်စေချင်တဲ့ လေသံပေါက်နေပါ့လား။ လူတယောက် အချုပ်အနှောင်က လွတ်လာတာ မင်္ဂလာရှိတဲ့ ကိစ္စမဟုတ်လားဗျာ။ မုဒိတာပွားမှပေါ့ ကိုရွှေဂျိုးရ ဟား ဟား ဟား ဟား (ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။

ထိုစဉ် ပိုက်ထွေး လက်ဖက်ရည်နှစ်ခွက် လာချပေးရာ သူ့ခါးတွင် ချိတ်ထားသည့် မိုဘိုင်းလ်ဖုန်းလေးထဲမှ ထုံးစံအတိုင်း သီချင်းသံ လွင့်ပျံ့လာပြန်သည်။

“မေ့မရနိုင်ပါသည် xxx အခွင့်ရယ်သာတဲ့ တနေ့မှာ xxx အပြေးကလေး လာတွေ့ဦးမည် xxx ရွှေညာသူရေ ကိုယ်လာရင် ကြိုမှာလားလို့ အတည် xxx”

လေအိုး ။ ။ ပိုက်ထွေးရာ ဘယ်ကောင်မလေးကို မင်းက ပြေးတွေ့ချင်ရပြန်ပြီလဲ။ ဟိုတခါ လမ်းသရဲ အရိုက်ခံရတာလည်း မမှတ်သေးဘူး။ ဒီတခါ ကောင်မလေးအစ်ကိုတွေ ထွက်ရိုက်မှဖြင့်ကွာ … ငါ့နဲ့ ရင်လေးစမ်းပါဘိ။

ပိုက်ထွေး ။ ။ ဟား ဟား အစ်ကိုလေးအိုးကလည်း ကိုယ်မစွံတိုင်း သူများကို မနာလိုမဖြစ်နဲ့လေ။ ရွှေညာသူလေဗျာ၊ ရွှေညာသူ၊ ညိုချောကလေးပေါ့ဗျ အစ်ကိုလေအိုးရ ဟား ဟား ဟား။

သူ့ကို ပြန်စနေသည့် ပိုက်ထွေးကို လေအိုး မျက်စောင်းခဲပြီး ကြည့်လိုက်ရာ ပိုက်ထွေး ဇက်ကလေးပုပြီး အဖျော်ကောင်တာဘက်သို့ သုတ်သုတ်ပြန်လျှောက်သွားသည်။ ထို့နောက် ရွှေဂျိုးက စကားကို ပြန်ဆက်သည်။

ရွှေဂျိုး ။ ။ အာ … ကျုပ်မေးတာ အဲဒီသဘောမဟုတ်ရပါဘူး ကိုလေအိုးရာ။ ရွှေဂျိုးလောက် မုဒိတာပွားတတ်တာ ရွှေဂျိုးပဲရှိပါတယ်ဗျ။ အခုဟာက နိုင်ငံရေးအကျဉ်းသားစောင့်စားရေး (အဲ ...) ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားချက်အရ မြန်မာပြည်ထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) လောက်ရှိတယ်လို့ ဆိုတယ်မဟုတ်လား။ အဲဒီ (၂,၀၀၀) လောက်ထဲမှာမှ သူတယောက်တည်း ထူးထူးခြားခြား လွတ်မြောက်လာလို့ မေးမိတာပါဗျာ။ သန်းရွှေတို့က ဘာကြောင့် လွှတ်ပေးလိုက်တာတဲ့လဲဗျ။

ရွှေဂျိုး မေးနေစဉ်မှာပင် လေအိုးက သူ့အိတ်ကပ်ထဲမှ စက္ကူခေါက်ကို ဆွဲထုတ်ကာ ဖြန့်လိုက်သည်။ ထို့နောက် တစုံတခုကို ဖတ်ပြတောမည့်ဟန်ဖြင့် ...

လေအိုး ။ ။ သန်းရွှေတို့က လွှတ်ချင်လို့ လွှတ်တာ ဟုတ်ပုံမရဘူးဗျ။ ကိုညီညီအောင် အပြောအရ မလွှတ်မဖြစ်လို့ လွှတ်လိုက်ရပုံပေါ်တယ်။ အင်း ဒီမှာ ပရင့်အောက်ထုတ်လာတယ်၊ ကိုညီညီအောင် လွတ်လာတာနဲ့ ပတ်သက်ပြီး မဇ္ဈိမ၀က်ဘ်ဆိုက်နဲ့ ဗွီအိုအေလေလှိုင်းမှာ သူကိုယ်တိုင် ဖြေထားတာလေးတွေ ဖတ်ရကြားရတယ်ဗျ။ သူ့အပြောအရတော့ သူလွတ်မြောက်လာတာ ဒီလိုတဲ့ဗျ “ကျနော် ယုံကြည်တာပေါ့လေ၊ ကျနော် မျှော်လင့်ထားတာက မြန်မာနိုင်ငံရဲ့အရေးကို တကမ္ဘာလုံးက အင်အားစုတွေ၊ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးက ဝိုင်းဝန်းပြီးတော့ ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်လွတ်မြောက်ရေးကို ကူညီနေတဲ့အတွက်ကြောင့်၊ မြန်မာပြည်မှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ လူတွေရဲ့ လွတ်မြောက်ရေးကို အထူးကြိုးစားပြီး ကူညီခဲ့ကြတာလို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီဟာကို ယုံလည်းယုံကြည်ပါတယ်။ မြန်မာတွေတင်မကဘူး၊ တခြားသော နိုင်ငံခြားသားတွေရော၊ အားလုံးစုပေါင်းပြီး ကြိုးစားခဲ့လို့ ကျနော့်ရဲ့လွတ်မြောက်မှုဟာ ရလဒ်လို့ပဲ ကျနော်မြင်ပါတယ်” တဲ့။ ၀ါကျတော့ သိပ်မချောဘူးဗျာ။ ဒါပေမယ့် ကိုညီညီအောင် ဆိုလိုပုံကတော့ တကမ္ဘာလုံးကပေးတဲ့ ဖိအားဒဏ်ကို မခံနိုင်လို့ သန်းရွှေတို့က လွှတ်လိုက်ရတာ ဆိုတဲ့သဘောဗျ။

ရွှေဂျိုး ။ ။ ဟောဗျာ၊ အဲသလို ဖြေသတဲ့လား၊ အဲသလိုဆိုရင်တော့ သန်းရွှေကြီးတို့က ကျုပ်တို့ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကို အရင်လွှတ်သင့်တာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့အတွက်ဆို တကမ္ဘာလုံးမှာ လွတ်မြောက်ရေး ကမ်ပိန်းတွေ လုပ်နေကြတာ ၀က်ဝက်ကွဲပဲ မဟုတ်လားဗျ။ ကိုညီညီအောင် ဖြေကြားပုံအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့၊ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကိုကျတော့ မလွှတ်သေးဘဲ သူ့တယောက်တည်းကို လွှတ်ပေးလိုက်တာ သိပ်ယုတ္တိမရှိသလိုပဲဗျနော်။

လေအိုး ။ ။ အေးဗျာ ယုံချင်ယုံ မယုံရင် ပုံပြင်သာမှတ် ကိုရွှေဂျိုးရေ၊ သူ ဘန်ကောက်မှာ အတင်းထောက် (အဲ …) သတင်းထောက်တွေကို ဖြေကြားသွားတာကတော့ အဲသလိုပါပဲဗျာ။ ကျန်တာကတော့ သူနဲ့ သန်းရွှေတို့ကြားက ကိစ္စနေမှာပေါ့ဗျ။ ဒါကတော့ လေအိုးတို့က ကန်တော်ကြီးမှာ အတွဲချောင်းသလို သွားချောင်းလို့မှမရတော့ အကုန်လုံး ဘယ်သိနိုင်ပါ့မလဲဗျာ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုးရယ်ပြန်)

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုညီညီအောင်က နအဖစစ်အစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူဖြစ်ပြီး ဘယ်လိုဖြစ်လို့ လေယာဉ်ကြီးစီးပြီး ဝေဟင်ခရီးကနေ တရားဝင် လစ်ရတာလဲဗျာ။ တယ်ထူးဆန်းပါလား ကိုလေအိုးရ။

လေအိုး ။ ။ အား … အဲဒါလည်း သူဖြေသွားတယ်ဗျ။ ဒီလို ဒီလို “ကျနော့်အနေနဲ့ စသွားတုန်းကတော့ ကျနော်က အမြဲတမ်း တိုင်းပြည်ထဲကို သွားနေကျပဲ။ ကျနော်တို့ နိုင်ငံသားတွေဟာ ပိုပြီး အသိတရားရှိမယ်၊ ပိုပြီးပွင့်လင်းတဲ့ အခင်းအကျင်း ဖြစ်နိုင်ဖို့အတွက် ကျနော်မြင်သလောက် မျှဝေမယ်၊ သူတို့ဆီက ရသမျှ ကျနော် လေ့လာမယ်၊ ပြီး သွားတဲ့အခါ ဘာတွေ ပိုပြီး ချဉ်းကပ်နိုင်မလဲဆိုတာ ကျနော် စဉ်းစားပါတယ်” တဲ့ဗျ။ တော်တော် အတင့်ရဲတဲ့ ကိုယ်တော်လေးပဲနော်။ အနံ့ခံကောင်းတဲ့ နအဖစစ်ခွေး (အဲ …) ထောက်လှမ်းရေးတွေကြားမှာ သူဘယ်လို ဂျက်စီဂျိမ်း လုပ်နေခဲ့ပါလိမ့်။

ရွှေဂျိုး ။ ။ အေးဗျာ သူ ဖြေပုံကြီးက တမျိုးတော့ တမျိုးပဲဗျာ တမျိုးတော့ တမျိုးကြီးပဲ။ ကြည့်ရတာ သတင်းသမားတွေ ဖွစရာ ကုန်ကြမ်းပြတ်ကုန်မှာစိုးလို့ သန်းရွှေနဲ့ ညှိပြီး ပြဇာတ်တပုဒ် ကလိုက်တာများလားဗျာ။ ဒါနဲ့ သူအခေါက်ခေါက် အခါခါ ၀င်ညှိ (အဲ…) ၀င်ထွက်နေတုန်း ကျုပ်တို့ပြည်သူတွေကို ကိုညီညီအောင် တော်တော်မျှဝေခဲ့တယ်တဲ့လားဗျ။ ပြည်သူတွေ အသိတရား တော်တော်ရတယ်တဲ့လား ဘာတဲ့လဲ ကိုလေအိုး။

လေအိုး ။ ။ အဲဒါတော့ ကျနော်ကြားတာ သူနဲ့တွေ့တဲ့ လူငယ်တွေ တော်တော်များများ ထောင်ထဲ (အဲ …) ဟိုဗျာ အဲဒါတော့ သူနဲ့တွေ့မှပဲ တိုက်ရိုက်မေးတော့ ကိုရွှေဂျိုးရာ၊ ကျုပ်ကတော့ ကိုညီညီအောင်ကို အားကျပြီး မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကလေးကို ပြေးတွေ့လိုက်ချင်ရဲ့။ ကိုညီညီအောင်အပေါ် သန်းရွှေတို့ သဘောကောင်းသလို လေအိုးအပေါ်လည်း ကောင်းမယ်ဆိုရင်ပေါ့ဗျာ ဟား ဟား ဟား ဟား သွားဦးမယ်ဗျို့ အိမ်က ချစ်ဇနီး ပူပူနွေးနွေးလေ မျှော်နေရော့မယ်။

လေအိုးတယောက် ပြန်တော့မည့်ဟန်ပြင်ကာ ပိုက်ထွေးဆီ လှမ်းအော်ပြန်သည်။

လေအိုး ။ ။ ဟေ့ ပိုက်ထွေး ခုနက မင့်သီချင်းကို ငါ ဒီလို ပြောင်းဆိုလိုက်တော့မယ်ကွာ။ ငါလည်း မတွေ့ရတာ နှစ်ပေါင်း (၂၀) ကြာတဲ့ ငယ်ချစ်ကို တွေ့ချင်လွန်းလို့ပါကွာ “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” သေနာတွေဆိုတာ သန်းရွှေတို့ကို ပြောတာနော် ပိုက်ထွေး။ မင်းယောက္ခမကို ပြောတာမဟုတ်ဘူး ဟား ဟား ဟား ဟား။

ပြောပြောဆိုဆို လေအိုးတယောက် “သေနာတွေရေ xxx ကိုယ်လာရင် ကြိုမှာလားလို့ အတည်” ဟု အော်ဟစ်သီဆိုကာ စက်ဘီးကို ခပ်သွက်သွက် နင်းထွက်သွားပြီးနောက် ရွှေဂျိုးလည်း အောက်ရေတိုးနေသည့်အတွက် ရေမလျှံမီ ဆိုင်နောက်သို့ ခပ်သုတ်သုတ် လှမ်းလျှောက်ခဲ့လေသည်တကား။

Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Thursday, March 18, 2010

NLD ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ကြည့်နေသည်

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီးနောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်အလိုက် ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်လို့ NLD ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ပါတီ ရှေ့ဆက် ရပ်တည်ရေးနဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ကို မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ NLD က ကြေညာထားချိန်မှာ အခုလို သုံးသပ်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အတူ အားလုံးပါဝင်နိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက် ဒီဥပဒေတွေကို ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတရပ် NLD အတွင်းမှာ ရှိနေပြီး ဒီကိစ္စကို ဆက်လက် ညှိနှိုင်းနေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေ ပြန်ပြင်ပေးရေး တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ကိုင်စွဲထားဆဲပဲလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြို့နယ်အလိုက် ပြန်လည် ဝေဖန် သုံးသပ်တာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်တွေအလိုက် ပြန်လည်ဝေဖန်ဖို့ သဘောထားတွေ ရှိလာပါတယ်။ အဲဒီဟာကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်ပြီးတော့ ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အနေအထား တရပ်ကိုလည်း ဆက်ပြီးတော့ ရှိနေမှာကို အန်ကယ်တို့က အတိအလင်းပဲ ရပ်တည်ချက်အဖြစ် လက်ကိုင်ထားဆဲပဲ ရှိပါတယ်။ ရွှေဂုံတိုင် ကြေညာချက် သဘောထားပေါ့လေ။

“အခုလောလောဆယ် ထွက်လာတဲ့ ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာ မကျေလည်တဲ့ဟာတွေကို ပြန်လည် ပြင်ဆင်နိုင်အောင် ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတွေကိုလည်း အန်ကယ်တို့ အပြီးအပြတ် ညှိနှိုင်းလို့တော့ ပြီးသွားပါပြီ။ ဆုံးဖြတ်ဖို့ကတော့ ၂၉ ရက်နေ့ကျမှပဲ ဆုံးဖြတ်သွားမှာပါ။”

NLD ပါတီ ရပ်တည်ရေးနဲ့ ခေါင်းဆောင်မှုကို ရွေးချယ်ရာမှာ ပါတီ ပျက်ပြယ်သွားမှာ စိုးရိမ်သူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ တချိန်တည်းမှာပဲ တကယ်လို့ NLD က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်နိုင်တယ်ထား၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို NLD ကိုယ်တိုင် ချေဖျက်ပြီးသား ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေလည်း ထွက်ပေါ်နေပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ NLD ရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့် ဆီးကို ကျော်လာတဲ့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ တစ်၊ ကျနော်ပြောချင်တာက ဒါ သူတို့နဲ့ မဆိုင်ဘူး၊ အစိုးရနဲ့ မဆိုင်ဘူး။ ပါတီဝင် တယောက်ကို ပါတီထဲမှာ လက်ခံထားခြင်း၊ မခံထားခြင်းဟာ သူတို့အလုပ် မဟုတ်ဘူး၊ ကျနော်တို့အလုပ်။ ကျနော်တို့ဘာသာ ကျနော်တို့ ပါတီရဲဘော် တယောက် လက်ခံထားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ခေါင်းဆောင် တင်ထားတယ်၊ အဲဒါ သူတို့ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောခွင့်မရှိဘူး။

“ဒါ့ထက်ပိုဆိုးတာက ကျနော်တို့က အဲဒီလို ဥပဒေမျိုး ထုတ်ပြန်ထားတဲ့ အခါကျတော့ ပါတီထဲမှာ ဘယ်လိုမှ ထောင်ကျမယ့်အလုပ်ကို မလုပ်ဝံ့တော့ဘူး။ နိုင်ငံရေးသမားပဲ ထောင်ကျသင့် ကျမှာပဲ၊ မှန်ရာပြော ထောင်ကျမှာပဲ။ နောက်တခုက ပါတီထဲမှာ လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ၊ ထက်ထက်သန်သန် လုပ်တဲ့သူတွေဆိုရင် မင်း ထောင်ကျလိမ့်မယ်၊ မင်း ဒါတွေရပ်ဆိုတဲ့ ပါတီကနေ ၀င်ပြီးတော့ စာပေစိစစ်ရေး လုပ်သလို သူတို့ကို စိစစ်ရေး လုပ်ရမယ်၊ တားမြစ်ရမယ် ဆိုရင်ဖြင့်၊ အဲတော့ ပါတီတွင်း ကိစ္စတွေလည်း ၀င်ရှုပ်တယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ချိုးနှိမ်၊ ချိုးဖျက်ရာ ရောက်တယ်လို့ မြင်ပါတယ်။ ဒါနှစ်ချက်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံရေးတာဝန် လက်ရှိ ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ NLD အနေနဲ့ ခံယူတဲ့အတွက် သူတို့ကို မကြာခင်တုန်းက ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုကော်မတီစာရင်းမှာ ထည့်သွင်းခဲ့တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေကို ပါတီက ထုတ်ပယ်ပစ်ဖို့ ကန့်သတ်တာက ပါတီကိုလည်း ခြေချုပ် လက်ချုပ် ချုပ်နှောင်တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့် မတ်လ ၂၉ ရက်နေ့ဆိုရင် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိ မရှိ ဆုံးဖြတ်ချက် ချမယ်လို့ ကြေညာထားတဲ့အတွက် ဒီအဖြေကို စိတ်ဝင်စားမှုတွေနဲ့အတူ ဒီအချိန်ဟာ NLD အတွက် အရေးကြီးတဲ့ အချိုးအကွေ့ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သတ်မှတ်ထားကြပါတယ်။

သတင်းမှတ်တမ်း ။ VOA News
Copy from http://pnsjapan.blogspot.com/

အဆုံးထိဖတ်ရန်...

Sunday, March 14, 2010

ဒီမိုကရေစီလိုချင်ရင် အမှန်တရားဘက်က ပူးပေါင်းပါဝင် အရေးယူကြ

Re: [8888peoplepower] Killing fields of ABSDF under Dr Naing Aung and Dr Aung Naing or the Forgotten Justice under the shadow of the curse


တရားမျှတမှုကိုလိုလားသောအားလုံးခင်ဗျား

မြန်မာလူ့အခွင့်အရေးအဖွဲ့အမည်ခံပြီးလုပ်နေတဲ့ အောင်မျိုးမင်းကိုစုံစမ်းစစ်ဆေးခိုင်းတာဟာ တရားမျှတမှုအတွက် ဘာမှအကျိုးရှိမှာမဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေကို အောင်မျိုးမင်းသိထားတာကြာလှပြီဖြစ်ပြီး အခုအချိန်အထိ လဲ နိုင်အောင်နဲ့ လင်မယားလိုနေနေဆဲ၊ လက်တွဲလုပ်စားနေကြဆဲပါ။ နိုင်အောင့်မိန်းမခင်ဥမ္မာဆိုလဲ ဒီအချက်တွေသိရှိရက်နဲ့ လူ့အခွင့်အရေးဆုကို လက်ခံရယူရဲတာ အရှက်မရှိကြောင်းဖေါ်ပြနေသလိုပါပဲ။ ဒီလိုဖြစ်နေတာတွေက ဘာကိုရှင်းရှင်းလင်းလင်းပြနေသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့ မတရားလုပ်ရပ်ကိုပဲလူ့အခွင့်အရေးချိုးဖေါက်မှုလို့သတ်မှတ်ပြီး ကိုယ့်ဘက်ကလုပ်ရပ်ကိုမျက်စိပိတ်နားအုပ်လုပ်ကြပြီး တကယ်လူ့အခွင့်အရေးကို ယုံကြည်မှုရှိရှိ လုပ်တာမဟုတ်ပါဘူးဆိုတာပြနေသလိုပါပဲ။ အဲ့ဒါက ကျွန်တော်တို့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ထိမ်းမှုအဆင့်အတန်းဟာ ဘယ်လောက်ပဲရှိတယ်ဆိုတာမျိုး အဆင့်အတန်းသတ်မှတ်ပေးခံရအောင်လုပ်ပြီး စော်ကားနေသလိုပါပဲ။ တကယ်သာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို ဒီလူတွေမြတ်နိုးခုခံတတ်ရကောင်းမှန်းသိရင် ကျွန်တော်တို့ဒီမှာဒီအကြောင်းတွေအချိန်ကုန်ခံလာပြောတင်ပြနေစရာတောင်မလိုတော့ပါဘူး။ ဒီအမှုတွေနဲ့ပါတ် သက်တဲ့တရားမျှတမှုရအောင် အစောကြီးကထဲက လုပ်ကြပြီးသားဖြစ်နေကြရမှာပါ။


ခံစားရတဲ့သူတွေအတွက် နဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအတွက် ဘယ်ဘက်ကလုပ်တာဖြစ်ဖြစ် လူ့အခွင့်အရေးအတွက်တုံ့ပြန်ပြီး တရားမျှတမှုရယူကြမယ်ဆိုရင်တော့

အမေရိကန်နိုင်ငံအစိုးရမှာ အမေရိကန်နိုင်ငံသား၊ ဒါမှမဟုတ် အမေရိကန်နိုင်ငံမှာနေထိုင်ခွင့်ရှိသူတွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို တင်ပြအစီရင်ခံလို့ရတဲ့နေရာရှိပါတယ်။ Office of Special Investigation (OSI)လို့ခေါ်ပါ တယ်။ အဲ့ဒီအမေရိကန်ရုံးကို အွန်လိုင်းကဖြစ်ဖြစ်၊ အီးမေးလ်နဲ့ဖြစ်ဖြစ် သတင်းပို့ရုံပါပဲ။

သတင်းပို့တဲ့အခါမှာ ကျူးလွန်သူရဲ့အမည်ဘယ်သူဖြစ်တယ်
ကျူးလွန်တဲ့သူရဲ့ ဓါတ်ပုံရှိရင် အီးမေးလ်နဲ့ တွဲပြီးထဲ့ပေးလို့ရပါတယ်
ဘယ်နိုင်ငံမှာမွေးတဲ့သူဖြစ်တယ်
ဘာလူ့အခွင့်အရေးချိုးဖေါက်မှုကို ကျူးလွန်တယ်ဆိုတာနဲ့ အဲ့ဒီလူက ဘယ်မှာအခုရှိနေတယ်ဆိုတာတွေကို ကိုယ်သိသလောက် ဖေါ်ပြရုံပါပဲ။ မခက်ပဲ ကိုယ်တတ်တဲ့အင်္ဂလိပ်စကားနဲ့ ရိုးရိုးရှင်းရှင်းလေးရေးလို့ရပါတယ်။

အီးမေးလ်လိပ်စာက ositips@...

စာနဲ့ပို့လိုရင် လိပ်စာက
Office of Special Investigations (Tips)
Criminal Division
United States Department of Justice
950 Pennsylvania Avenue, N.W.
Washington, DC 20530-0001

သူ့အွန်လိုင်းမှာပါတဲ့ ဖေါင်လွယ်လွယ်လေးမှာဖြည့်ပြီး ပို့ချင်ရင်
အဲ့ဒီဝက်ဘ်ဆိုက်လိပ်စာက
http://www.justice.gov/criminal/osi/contact/

ဘယ်နိုင်ငံသား၊ ဘယ်လိုလူသားမျိုးကမဆို ကိုသိထားတာကို သတင်းပို့လို့ရပါတယ်။ စုံစမ်းစစ်ဆေးရေးလုပ်မှာက သူတို့တာဝန်ပါ။ သူတို့စုံစမ်းစစ်ဆေးလို့ ကျူးလွန်ကြောင်းတွေ့ရှိရရင်၊ ပါဝင်ပါတ်သက်ကြောင်းတွေ့ရှိရရင် လူ့အခွင့်အရေးကျူးလွန်မှုနဲ့ အရေးယူပါတယ်။ နောက်နိုင်ငံသားအဖြစ်သတ်မှတ်ပေးထား တာရှိလို့ရှိရင်လဲ ရုပ်သိမ်းပါတယ်။

လက်တွေ့တကယ်တရားမျှတမှုကို မြတ်နိုးကြောင်းပြတဲ့အနေနဲ့ လက်တွေ့လုပ်ကြပါ။ များများလုပ်ကြလေကောင်းလေပါပဲ။ ဒါမှမဟုတ်ပဲ ယောင်တောင်တောင် လူ့အခွင့်အရေးအဖွဲ့အမည်ခံထားပြီး လူ့အခွင့်အရေးချိုးဖေါက်မှုကို မသိယောင်ဆောင်နေတဲ့ အောင်မျိုးမင်းကိုစုံစမ်းစစ်ဆေးခိုင်းလို့ကတော့ နောက်ထပ် အနှစ် ၄၀လောက်ကြာမှ နောက်တခါ ဒီလိုထပ်ပြောနေကြရပါလိမ့်ဦးမယ်။

သူများတော့မသိဘူး။ ကျွန်တော်တော့ ကျွန်တော့တာဝန်ကျွန်တော်သိတတ်စွာပဲ ရေးပို့လိုက်ပါပြီ။ မိတ်ဆွေတို့လဲ အွန်လိုင်းမှာရေးပို့ယုံလုပ်နေမဲ့အစား ရေးပို့တာ လုပ်ကြနိုင်ပါတယ်။

အောင်နိုင်က ထိုင်းမှာ မှတ်ပုံတင်တရားမဝင်ဝယ်ကိုင်နေထားတာပါ။ အဲ့ဒီအကြောင်းကိုလဲ တတ်နိုင်သလောက်စုံစမ်းကြပြီး ဒီကောင်ဘယ်မှာနေတယ်၊ ဘာတွေ လုပ်ခဲ့တယ်ဆိုတာကို ထိုင်းအစိုးရကို အကြောင်းကြားပေးလိုက်ရင် ပြသနာ ရှင်းပါလိမ့်မယ်။ ချင်းမိုင်မှာ သူဝယ်ထားတဲ့ခြံကြီးတွေနဲ့ ပိုင်ဆိုင်မှုတွေက သူသိပ်ပြေး နိုင်စေမှာမဟုတ်ပါဘူး။

မတရားလုပ်ခံရတဲ့သူတွေအတွက် အသိစိတ်ဓါတ်နဲ့ တာဝန်ကျေနိုင်ကြပါစေ။ တရားမျှတမှုကိုလဲ ဖေါ်ဆောင်နိုင်ကြပါစေ။

လေးစားစွာဖြင့်
ငြိမ်းချမ်း

အဆုံးထိဖတ်ရန်...

မြန်မာပြည်သူအားလုံးသိတဲ့ AB နိုင်အောင်ရဲ့ အစုလိုက်အပြုံလိုက် ၈၈ တော်လှန်ကျောင်းသားတွေကို သတ်ခဲ့တဲ့အမှု အားလုံးဖော်ထုတ်ပေးကြပါ

ဒီအချိန်ဟာ မင်းတို့အတွက် နောက်ဆုံးနေ၀င်ချိန်ဆိုတာ မှတ်သားထားလိုက်ပါ။ မင်းတို့အတွက် ပြေးစရာမြေမရှိတော့သလို ၈၈ တော်လှန်ကျောင်းသားတွေနှင့် ပြည်သူတွေကလည်း ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကို နားလည်ထားလိုက်၊ လူသတ်သမား နိုင်ငံရေး၊ တော်လှန်ရေး လုပ်စားသူတွေ မင်းတို့ရဲ့အမှုတွေကို အရင်ရှင်းမယ်။ နောက်မှစစ်အာဏာရှင်ကိုတိုက်မယ်။ အတွင်းရန်ကို အရင်ရှင်းပြီးမှ အပြင်ရန်ကိုတိုက်လို့ရမယ်။ အဲဒီလိုမှမဟုတ်ရင် မြန်မာပြည် ဘယ်တော့မှ ဒီမိုကရေစီ မရတော့ဘူး။

ကျွန်တော်အနေနှင့် အကြံပေးပါရစေခင်ဗျား..။
ကချင်ဒေသမှာ ဖြစ်ပျက်ခဲ့သော ရက်စက်တဲ့ လူသတ်မှု့ များကို ပြည်တွင်းမှာလည်း စစ်အစိုးရမှ မြန်မာ့ရုပ်မြင်သံကြားမှတဆင့်
ပြည်သူအားလုံးတွေ့ မြင်ကြစေရန်အတွက် " လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် " ဆိုပြီး တနိုင်ငံလုံးကို လွှင့်ထုတ်ပြသခဲ့သောကြောင့်
ပြည်သူအားလုံးလည်း တွေ့ မြင်ခြင်းနှင့် သိရှိထားပြီးဖြစ်ပါတယ်။
ပြည်သူတွေဟာ... ဒီမှတ်တမ်းခွေမှ ပုံရိပ်တွေကိုတွေ့ မြင်ရတော့... နှလုံးသားကို ကြံရည်ကြိတ်စက်ထဲ... ထည့်ကြိတ်ခံရသလို
ခံစားခဲ့ကြရတယ်...။
ပြည်သူတွေဟာ... ဒီပုံရိပ်တွေကို မကြည့်ရက်နိုင်ကြဘူး... စစ်အာဏာရှင်များရဲ့  ရက်စက်မှု့ ကို မကြေနပ်နိုင်လို့  တောခိုသူတွေက
စစ်ဏာရှင်များကဲ့သို့  ပြုမူရက်စက်တဲ့ မြင်ကွင်းကို.... ပြည်သူတွေ ရင်နင့်စွာဖြင့် တွေ့ မြင်ခဲ့ရတယ်...။
ပြည်တွင်းထဲမှာ ဒီတိတ်ခွေရှိနေပါတယ်.... ဒီလူသတ်ကောင်တွေ .... ရှောင်လွဲမရ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်..။

ယနေ့ မှာတော့.... ဒီလူသတ်ကောင်တွေက မြန်မာပြည်အရေးကို ကယ်တင်သယောင် ဟန်ရေးပြကာ... သူတို့ တထွေရဲ့  လူသတ်မှု့ ကို
အကာအကွယ်ရအောင် လုပ်ဆောင်နေကြတယ်...။

ကြားဖူးကြတယ်မဟုတ်လား.....
" ဆပ်ပြာကောင်းလို့ .. ခေါင်းပေါင်းစဖြူတယ်..." ဆိုတဲ့ မြန်မာဆိုရိုးစကားလေ....
ဒီလူသတ်ကောင်တွေကလည်း.... ခ၀ါသည်နှင့်တူသော သတင်းဌာနတွေကို အသုံးချပြီး သူတို့ တထွေရဲ့  ခေါင်းပေါင်းစမှာ ပေကျံနေသော
ပြည်သူသွေးများကို ပြေပျောက်စေရန် လျှော်ဖွတ်နေကြတယ်...။
ခ၀ါသည်နှင့်တူသော သတင်းဌာနမှ လူတွေကလည်း ခ၀ါသည်ပီပီ... ခ၀ါသည်အလုပ်များကို လုပ်ပေးကြတယ်... အားလုံးကြားနေရတာဘဲ မဟုတ်လား...။
သတင်းဌာနတွေဟာ.... သူခိုး ကြမ်းပိုး.... လူသတ်ကောင်းများ ပွဲလယ်တင့်အောင် သူတို့ တထွေရဲ့  ခေါင်းပေါ်မှ " မောင်းကျက်သရေ ခေါင်းပေါင်း " အဖြစ်
လုပ်ဆောင် ရပ်တည်ပေးခဲ့ကြတယ်။

အခုဒီလူသတ်မှု့ ကိစ္စများကို မြန်မာပြည်သူများအတွက် အလုပ် လုပ်နေပါတယ်ဆိုသော ၀န်ကြီးချုပ်ရုံးတော်ကိုလည်း တင်ပြပေးစေချင်ပါသည်။
ပြီးတော့ အသံလွှင့်ဌာမှတဆင့် ဥပဒေအမျိုးမျိုးများကို ပြောဆိုနေသော ရှေ့ နေများရဲ့  အတွင်းရေးမှူးချုပ်ရုံးတော်ကိုလည်း တင်ပြပေးစေချင်ပါသည်။
သူတို့ လုပ်တာ မလုပ်တာ အရေးမကြီးဘူး.... ဒီကိစ္စတွေဟာ... တနေ့ အမှန်တကယ်ဖြေရှင်းရမဲ့ လူသတ်မှု့ တွေ ဖြစ်နေပါ၍... သူတို့ တထွေရဲ့  ရပ်တည်မှု့ ကို
ကျွန်တော်တို့  ပြည်သူ ပြည်သားများမှ တွေ့ မြင် သိရှိလိုပါသည်..။
ဒါကြောင့် ၀န်ကြီးချုပ်ဆိုသူများရဲ့  ရုံးတော်နှင့် ရှေ့ နေမင်းကြီး ရုံးတော်ကို လည်း ပို့ ပေးကြပါလို့  အကြံပြုလိုက်ပါတယ်.. ပို့ ပေးသော စာကိုလည်း အများသိအောင်...
ဒီနေရာမှတဆင့် တင်ပေးပါ...။
လေးစားစွာဖြင့်
စိုးမိုး

အဆုံးထိဖတ်ရန်...

Saturday, March 13, 2010

e-mail မှ ရရှိသော ကဗျာ

“ အလွမ်းရင့် ”
(ဇာနည်မောင်)

မပြေလည်မွန်းကြပ်တဲ့ဘ၀ကိုစွန့်ခွာ
အိပ်ယာအသစ်ကိုရှာဖို့ကြိုးစားနေသူပါ
ပျော်ရာမှာမနေရပဲ
တော်ရာမှာနေရတဲ့ဘဝ
လရှည်နှစ်များစွာနဲ့
အလွမ်းတွေရင့်နေပေမယ့်
ယုံကြည်ချက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားနိုင်လို့
အာဏာရှင်တို့ရဲ့ စစ်ဖိနပ်အောက်ကို
ဘယ်တော့မှ ဒူးထောက်မ၀င်ဘူ့း့  ။
သာမန်အညတြရတယောက်ဖြစ်ပေမယ့်
ဝေးဝေးကိုမြင်နိုင်ဖို့အတွက်
မျက်စေ့စုံဖွင့်၊နားကုန်စွင့်လို့
အမြင့်ကပဲပျံနေမှာပါ
အန္တရာယ်တွေတွေ့ခဲ့၇င်တော့
အသင့်ပြင်ထားနိုင်ဖို့
သွေးချင်းညီသူတွေကိုအကြောင်းကြားပေးမပေါ့  ။
ဖုတ်ဝင်စီးခံနေရတဲ့ မိစ္ဆာတွေကြားမှာ
အန္တရာယ်တွေများလှပေမယ့်
ဥာဏ်သတိနဲ့ယှဉ်ကာ
ရောင်နီတွေယှက်ဖြာသန်းတဲ့
အာရုံဦးနေ့သစ်တွေဆီမရောက်မခြင်း
အလွမ်းရင့်တွေကိုမြိုသိပ်ကာ
မနားတမ်းပဲခရီးဆက်နေမယ့့်  ။

အဆုံးထိဖတ်ရန်...

အရေးကြီးပြီ .... တို့ကျောင်းသားတွေ ညီရဲ့လားဟေ့

RIT,March+13,+1988

အဆုံးထိဖတ်ရန်...

ဘာလဲဟဲ့ လူ့ငရဲ

28299613-U-Win-Tin-s-book

အဆုံးထိဖတ်ရန်...

Friday, March 12, 2010

ဆုံးဖြတ်လိုက် ရဲရဲ

ဆုံးဖြတ်လိုက် ရဲရဲ
(တေဇသူရ)

လက်အားတိုင်း မရေးနဲ့
ပါးစပ်အားတိုင်း မဟနဲ့
စစ်သားကတော့ စစ်သားပီပီ
ဆုံးဖြတ်ထားတဲ့ တိုက်ပွဲကို
ပြတ်ပြတ်သားသား တိုက်တယ်
ကဲ…. အတိုက်အခံနဲ့ နိုင်ငံရေးပါတီတွေ
တိုက်ရဲသလား ခံရဲသလား
ခံမယ်ဆိုရင်တော့ ......
ဆွေစဉ်မျိုးဆက် ဆက်ခံပေါ့
ဒါပေမဲ့…. တခုတော့မှတ်ထားလိုက်
အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဘဲ
ကဲ… ဆုံးဖြတ်လိုက် ရဲရဲ
ဘာဆက်လုပ်မလဲဆိုတာ။

အဆုံးထိဖတ်ရန်...

ဖင်လန်နိုင်ငံက ပေးအပ်သော SAVO ဆုကို ၂၀၀၇ ခုနှစ်တွင်ရရှိခဲ့သော တော်လှန်ကျောင်းသား မောင်ငြိမ်းချမ်း

11VISA1202P0

အဆုံးထိဖတ်ရန်...

Wednesday, March 10, 2010

အနာဂတ်မြန်မာပြည်အတွက် သူရဲကောင်း အလိုရှိသည်

ခုတော့လည်း ပြောကြရပြီ။ ဆိုကြရပြီ။ တနေ့ဤဘူတာကို ဆိုက်လာမည်ကို လူတိုင်းခန့်မှန်းကြပြီးဖြစ်သည်၊။ ယင်းမှာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊ အံ့သြစရာမရှိလှပါ။ကျွန်တော်တို့ ယုံကြည်ခဲ့ပြီးသားမို့ ဘာမှ အတွန့်တက်၍ ပြောစရာမရှိ၊ ရွေးကောက်ပွဲကို ပြုလုပ်မည်ဟု ကြေညာထားသည်မို့ ဥပဒေထွက်လာမည်ကို သိရှိထားပြီးဖြစ်သည်၊ ထို့ကြောင့် ဤဥပဒေကို ထွက်လာသည်နှင့် စောင့်ကြည့်နေသောသူတို့မှာ ကျွန်တော်တို့လို အတိုက်အခံပြည်ပရောက် ဒီမိုကရေစီအင်အားစုများနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်မည်ဟု တကဲကဲအသံကောင်း ဟစ်နေသော သူတို့အပါအ၀င် စစ်အစိုးရ အုပ်စုဖြစ်သည်၊ ထို့ကြောင့် စောင့်ကြည့်နေသော အုပ်စုအချင်းချင်း နားလည်မူ လွှဲစွာ ရှိနေခြင်းကို သုံးသပ်မိသည်၊ တေ့တေ့ကလေး လွဲချော်နေခြင်းမဟုတ်ဘဲ တယောက်တမျက်နှာစီ ကျောခိုင်းပြီး လွဲချော်နေကြခြင်းမှာ အံသြစရာကြီးဖြစ်နေသည်၊

ရှေးဦးစွာ ပြည်ပရောက်အတိုက်အခံ ဒီမိုကရေစီအုပ်စုမှ ရွေးကောက်ပွဲကို အမြင်တမျိုး ရှိကြသည်၊ တိုင်းရင်းသားလူမျိုးများကောင်စီမှ ရွေးကောက်ပွဲကို ၀င်ရန်ပြောဆိုနေကြသည်။ကျွန်တော်တို့မှာ မဲရုံသို့ မဲပေးရန်မသွားကြဖို့ တိုက်တွန်းနေကြသည်၊ သည်တော့ ဤနှစ်ဘက်အမြင် ရှိသူများကို တိတိကျကျ ပြောရတော့မည်။ တိုင်းရင်သားလူမျိုးများကောင်စီမှ ပုဂ္ဂိုလ်များအနေဖြင့် သူတို့၏အမြင်များကို ထိရောက်အောင် ဆောင်ရွက်ရန်လိုသည်၊ ထိုကြောင့် သူများကို ရွေးကောက်ပွဲကို ၀င်ပါဟုပြောသကဲ့သို့ ကိုယ်ကိုတိုင်ကလည်း မြန်မာပြည်သို့သွားပြီး ရွေးကောက်ပွဲမှာ ၀င်ပြိုင်သင့်သည်၊ လမ်းဘေးမှနေပြီး စကားပြောဆိုနေရုံမျှနှင့် ဘာမျှအကျိုးမထူး။ ပြည်ပမှနေပြီး နိုင်ငံရေးပုရောဟိတ်လုပ်စရာ မလိုတော့၊ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ယုံယုံကြည်ကြည် ရှိနေမှတော့ သွားပေးကြပါဟုသာ တိုက်တွန်းရုံသာရှိသည်၊

နောက်ရွေးကောက်ပွဲကို မ၀င်ဟု ပြောဆိုပြီး မဲရုံသို့ မဲပေးရန်မသွားနှင့်ဟု တိုက်တွန်းနေသူများ အနေဖြင့် ညီညီညွတ်ညွတ်လုပ်စရာ အချိန်သာရှိတော့သည်၊ အသံတသံတည်းထွက်ပြီး အလုပ်ကိုပြိုင်တူလုပ်ရန်လိုသည်၊ စစ်အုပ်စုမှ ကျစ်လစ်တောင့်တင်းနေချိန် ကျွန်တော်တို့ ကွဲပြဲနေသည်မှာ ကနေ့အထိ ဖြစ်သည်၊ ရစရာ မရှိအောင် ရေးသားပြောဆိုနေကြသည်မှာလည်း လွန်လွန်းလှသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကာလတွင် ပြည်ပ၌ မည်သို့မျှပြသနာမဖြစ်သူများသာဖြစ်သည်။ ပြည်ပမှာ နေနေကြသူများမို့ မည်သို့မျ အသက်အန္တရယ်မရှိ။ ကံကောင်းလျှင် နိုင်ငံတကာမှ ဆုတွေကိုတောင် ရသွားနိုင်သည်။

ပြည်တွင်းမှနိုင်ငံရေးပါတီများအတွက်မှာမူ အချိန်ကာလ ပေးထားပြီးဖြစ်သည်၊ နိုင်ငံရေးပါတီ၊အုပ်စု၊ အဖွဲ့အစည်း ဆိုသည်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှင် ရွေးကောက်ပွဲဝင်ရတော့မည်ဖြစ်သည်၊ မ၀င်ချင်လျှင် မှတ်ပုံတင်စရာမလိုတော့၊သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီများ အနေဖြင့် စဉ်းစားစရာဖြစ်လာသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရက်ပေါင်း ၆၀ အတွင်း ရွှေဂုံတိုင်ကြေညာစာတမ်းကို အကောင်အထည်ဖေါ်ရန် လုပ်ပြယုံဘဲဖြစ်သည်၊ မပြနိုင်က မှတ်ပုံတင်ရတော့မည်ဖြစ်သည်၊ မတင်က ဖျက်သိမ်းခံရတော့မည်၊ သည်လိုဆိုလျှင် မျှားကို ချွှန်ထားပြီး ပစ်ရတော့မည့်အနေအထား ရောက်နေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစင်းမျှမပစ်ရသေးသောမျှားတို့ကို ယခုအချိန်တွင် ထုတ်သုံးမှ ဖျက်သိမ်းခံရမည့် အနေအထားမှ လွတ်ကင်းနိုင်သွားမည်ဖြစ်သည်။ မည်သို့မည်ပုံမျှားကို အသုံးချမည်ဆိုခြင်းကိုရက်ပေါင်း ၆၀ အတွင်း တွေ့ကြရတော့မည်ဖြစ်သည်၊

တိုင်းရင်းသာနိုင်ငံရေးပါတီများမှာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေအထားကို စောင့်ကြည့်နေကြသည်၊ သူတို့ကမီးစိမ်ြး့ပလျှင် မီးစိမ်းလိုက်ြ့ပမည့် သဘောရှိသည်။သို့လင့်ကစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးအနိုင်ရပါတီများက မ၀င်ခဲ့လျှင် တစညကိုလည်း သူတို့နယ်မြေမှာ အနိုင်မရချင်ကြ၊ ထို့ကြောင့် သူတို့က ၀င်လိုကြသည့်သဘောကိုလည်း တွေ့ကြရသည်၊ လိုလိုချင်ချင်နှင့် ရွေးကောက်ပွဲကို ၀င်လိုကြခြင်းမဟုတ်။ စစ်အစိုးရကို ထောက်ခံသောအဖွဲ့များကို မြင်ပြင်းကပ်၍ဖြစ်သည်။
ဤအခါ ပြည်ပတွင်ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများကောင်စီက ပြည်တွင်းတွင် သူတို့နှင့် ပူးပေါင်းရန်လိုနေသည့် အနေအထားဖြစ်နေပြီထင်သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်မည်ဟု တကဲကဲပြောဆိုနေသော ပုဂ္ဂိုလ်များမှာမူ စစ်အစိုးရထက်ကြောက်စရာကောင်းနေသည်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြသနာ၊စီးပွါးရေးပြသနာ၊လူမူရေးပြသနာ၊မည်သို့ပင်ဆိုးဆိုးဝါးဝါး တက်နေတက်နေ ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြောင့် ဖြစ်သည်ဟု ခံယူထားသူများဖြစ်သည်၊ စစ်အစိုးရကြောင့်မဟုတ်၊ ယခုသူတို့တွေ ရွေးကောက်ပွဲကို ၀င်ကြတော့မည်ဖြစ်သည်၊ မည်သို့ဆိုစေ နိုင်ငံရေးအဖွဲ့အစည်းဖြစ်လာကြသည်မို့ နိုင်ငံရေးသမားများ ပေါ်ထွက်လာကြမည်မှာ အမှန်ဖြစ်သည်၊ စစ်အစိုးရကို ထောက်ခံသော အဖွဲ့အစည်းမှ တစညနှင့် ဦးသုဝေ၊ နေမျိုးဝေ၊ အေးလွင်တို့အုပ်စုတွင် နိုင်ငံရေးသမားများ အစီအရီ ပေါ်ထွက်လာကြမည်ဖြစ်သည်၊

တသီးပုဂ္ဂလများအဖြစ် ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့်သူများ ရှိလာနိုင်ရာ အဖွဲ့ဝင်များလည်း ပေါ်ထွက်လာနိုင်သည်၊ သည်အခါ နိုင်ငံရေးသမားများ အမည်စာရင်းပေါက်လာမည်ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲပြီးစီးသွားပြီး စစ်အစိုးရမှ အာဏာလွှဲပြောင်းမပေးခဲ့လျှင် ယင်းနိုင်ငံရေးသမားတို့၏ အနာဂါတ်မှာ စဉ်းစားစရာ ဖြစ်လာနေသည့်အချက်ကို တွေးကြည့်မိသည်၊ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရသည် ရွေးကောက်ပွဲကို နှစ်ပေါင်းနှစ်ဆယ်အတွင်း ယခုအချိန်၌ နှစ်ကြိမ်ပြုလုပ်ခြင်းဖြစ်သည်။ ပထမတကြိမ်၌ ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှာ နေရာမှားပြီးရောက်သွားကြသည်။ သူတို့ရောက်သွားကြသည့်နေရာတွေမှာ အကျဉ်းထောင်များဖြစ်သည်။ ဤလူတွေကော ယခုအကြိမ်၌ ထောင်ထဲ မရောက်နိုင်ဟု မည်သူက အာမခံပေးနိုင်ကြအုံးမည်နည်း၊

နှစ်ပေါင်းနှစ်ဆယ်အတွင်း အဖမ်းဆီးခံနေရသော နိုင်ငံရေးသမားတို့မှာ ယခုအချိန်၌ လူပေါင်းနှစ်ထောင်ကျော် ထောင်ထဲရှိနေသည်။ သူတို့ကိုမလွှတ်ပေးဘဲ နိုင်ငံရေးပါတီအဖြစ် မှတ်ပံတင်ခွင့် ပေးနေရာ မည်သို့မျှ သဟဇါတဖြစ်သည့်လက္ခဏာ မမြင်မိချေ၊ တကယ်ဆိုလျှင် သူတို့မှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်၊ ထို့ကြောင့် သူတို့အနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ဥပဒေအရ ချက်ချင်းလွှတ်ပေးရတော့မည်ဖြစ်သည်၊ သူတို့ကို ထောင်ထဲထည့်ထားပြီး ရွေးကောက်ပွဲကို ၀င်မည့်ပုဂ္ဂိုလ်များကို နိုင်ငံရေးသမားဟု မှတ်ပုံတင်ပြီး အသိအမှတ်ပြုခြင်းမှာလည်း သဘာဝကျလှသည် မဟုတ်ချေ။
ထားတော့ ၊ စစ်အစိုးရမှ လုပ်ချင်တိုင်းပြုလုပ်နေသော ပြသနာကို ယခုကျွန်တော်တို့ တိတိကျကျ ဆုံးဖြတ်ရတော့မည်ဖြစ်သည်၊ ရင်ဆိုင်စစ်ပွဲပမာ အနေအထားရှိနေသည်ကို သတိထားရတော့မည်ဖြစ်သည်၊ နအဖစစ်အုပ်စုက အပစ်အခတ်ငြိမ်းချမ်းရေးတပ်ဖွဲ့များကို တပ်လှန့်ထားသည်၊ ခြေကုပ်ယူထားသည်။ နယ်စပ်ဒေသတနံတလျှားကို တပ်ရင်းတွေချထားသည်။ တုပ်တုပ်မျှမလှုပ်ရ။ အခြားတဖက်မှာ သတ်ကွင်းလုပ်ထားသည်။ ပြည်တွင်းတွင် ရှိနေသည့် ရန်သူဟူသမျှကို သတ်ကွင်းထဲ ပိတ်လှောင်ထားသည်၊ အကြီးမားဆုံးကြောက်လန့်ရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နားရွက်မျှမခတ်ရအောင် သတိနှင့် စောင့်ကြည့်နေသည်၊ တစည၊ကြံ့ဖွတ်၊ ဦးသုဝေ၊ အေးလွင်၊ တိုင်းရင်းသားလူမျိုးများကောင်စီမှ လမ်းညွှန်ထားသော ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများ တို့မှာ သတ်ကွင်းထဲရောက်နေပြီ၊ သူတို့မှာ အသက်ရှူပေါက် ရနေသေးသောကြောင့်
ဇါတ်တူသားစားတတ်သည့် ဗိုလ်သန်းရွှေတို့ကို သတ်ကွင်းထဲမှပင် မျှော်ဖူးပြီးလက်အုပ်ချီနေဆဲ၊

နအဖစစ်အုပ်စုမှာ သတ်ကွင်းထဲရောက်နေသော သူတို့ကို ကောက်စားမည့်သူမဟုတ်မှန်း နိုင်ငံတကာမှ နားလည်ထားကြပြီးဖြစ်သည်၊ စစ်အစိုးရကလည်း နားလည်ထားသည်၊ သို့သော် ရက်ပေါင်း ၆၀ အချိန်ပေးကြည့်သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ သတ်ကွင်းထဲရောက်လာမည်လား စောင့်ကြည့်နေသည်၊ စက်ဝိုင်းသဖွယ်ဝိုင်းရံထားသောသတ်ကွင်းသည် အိမ်ပြန်လမ်းမရှိသော နောက်ဆုံးသချိုင်္င်းဖြစ်သည်၊ လူသားတဦးအတွက်ဆိုလျှင် ပြန်လမ်းမရှိသော ခရီးတခုဖြစ်သည်၊ ယခုကား မြန်မာနိုင်ငံကသာမက ကမ္ဘာကပါ ထောက်ခံထားသော နိုင်ငံရေးအဖွဲအစည်းတခုဖြစ်သည်။ သူတို့အတွက် ယင်းသတ်ကွင်းမှာ နအဖစစ်အုပ်စုက အခိုင်အမာ တပ်စွဲထားသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဥပဒေအရ မှတ်ပုံတင်လိုက်လျှင် သတ်ကွင်းကို တ၀က်မျှနယ်မြေကျူးကျော်ရောက်ရှိသွားသည့် သေနင်္ဂဗျူဟာမြောက်သွားနိုင်သည့် အနေအထားဖြစ်နေသည်၊ သတ်ကွင်းကို သိထားပါလျှက် အန္တရယ်နယ်မြေထဲသို့ တလှမ်းချင်းတလှမ်းချင်း ၀င်ရောက်သွားလျှင် တပ်ဦးကျွံသွားတော့မည်ဖြစ်သည်၊ သည်တော့တပ်ပြန်ဆုပ်ရမည်မှာ ကြီးမားသော ပြသနာဖြစ်သည်၊

တိုင်းရင်းသားနယ်မြေမှ နိုင်ငံရေးသမားများကလည်း သတ်ကွင်းထဲ ရောက်သွားမည်ကို စိုးရိမ်နေကြသည်။ ယုံကြည်ရန်တစက်မျှမရှိသော စစ်အစိုးရသည် ရွေးကောက်ပွဲပြီးဆုံးလျှင် အာဏာလွှဲပြောင်းပေးမည်လားဟု သိချင်နေကြသည်၊ ရွေးကောက်ပွဲပြီးသည်နှင့် ဖမ်းဟယ်ဆီးဟယ်ဖြစ်လာပြီဆိုလျှင် ထောင်ထဲ ရောက်သွားပြီး နှစ်ခါအလိမ်ခံရမှာကို စိုးရွံ့နေကြသည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကြောက်ရွံ့တုန်လှုပ်သော စစ်အစိုးရသည် မည်သို့သော သူတို့ကိုမျှ ဂရုမစိုက်ချေ၊ ယုတ်စွအဆုံး ကုလသမဂ္ဂရုံးအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုတောင် အလေးထားသူ မဟုတ်ပေ။

ယခုတော့ စစ်အစိုးရ၏သတ်ကွင်းကို ၀င်ရောက်မည့်သူတို့မှာ သူတို့ကို ထောက်ခံသူများသာဖြစ်သည်၊ အတိုက်အခံများမဟုတ်ကြသေးပေ၊ ထင်စရာတော့ ရှိသည်၊ သူတို့၏သတ်ကွင်းထဲသို့ ၀င်လာမည့်သူတို့အကြားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီနှစ်ခြမ်းကွဲသမားများ ပါလာလိမ့်မည်ဟု တွက်ဆထားမည်ဖြစ်သည်၊ ဤအချက်ကို အထူးသတိထားပြီး ပါတီအတွင်းခိုင်မြဲအောင် ပြုလုပ်ထားရန်အရေးကြီးသည်၊ အဖွဲ့ချုပ်အတွင်းဖြုတ်ထုတ်ပြသနာများကို ယခုအချိန်၌ မပြုလုပ်သင့်၊ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရ၏ထောင်ချောက်သည် သာမန်သတ်ကွင်းမဟုတ်၊ ဗြောင်ဖွင့်ဗြောင်ပြထားသော သတ်ကွင်းဖြစ်သည်၊ ရက်ပေါင်း ၆၀ အတွင်းမှာ သတ်ကွင်းဝင်လာရမည်ဟု ကြေညာထားသည်၊ စစ်ကိုကြေညာထားသူများမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တဖက်ကြ့ပတ်ပြတ်သားသား စိန်ခေါ်ထားသည်ကို သတိထားရမည့်အနေအထားဖြစ်ရန်လိုသည်၊ တချိန်တည်းမှာပင် နိုင်ငံတကာမှ အတိုက်အခံ အင်အားစုများက သတ်ကွင်းအန္တရယ်ကို သိမြင်ထားရန်လိုသည်၊ နိုင်ငံတကာမှလည်း သတ်ကွင်းကို သိထားရန် လက်တွေ့ကျကျ လုပ်စရာတွေရှိသည်၊

စင်စစ်အားဖြင့် နိုင်ငံရေးသတ်ကွင်းထဲမှ ရုန်းထွက်မည့်သူများသည် သူရဲကောင်းများဖြစ်သင့်သည်၊ ထို့ကြောင့် ကျွန်တော်တို့က သတ်ကွင်းထဲသို့ နိုင်ငံရေးရဲဘော်များကို ၀င်ရောက်မသွားရန် အားသစ်လောင်းပေးရန်လိုသည်၊ အိမ်ပြန်လမ်းမရှိသော ယင်းနေရာသို့ မည်သူမျှ မည်သည့်အဖွဲအစည်းမျှ မသွားရောက်ကြရန် ဆောင်ရွက်ကြမည်မှာ ယခုအချိန်၌ အရေးကြီးဆုံးကာလဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ ဤသတ်ကွင်းကို နားလည်သူဖြစ်သည်၊ စင်ပြိုင်အစိုးရကို ချက်ချင်းပြောင်းလဲလုပ်ဆောင်ပြီး သတ်ကွင်းကို ပြောင်းပြန်ပြုလုပ်ရန်လိုအပ်နေသလားဆိုသည်ကို တွကိကြည့်ရန်လိုနေပြီ၊ထို့ကြောင့် သတ်ကွင်းအပြင်နေရာကို ဆွဲခေါ်ရန်လိုနေပြီ၊ သို့အတူ သတ်ကွင်းထဲမှ ရုန်းထွက်မည့်သူများမှာလည်း သူရဲကောင်းများဖြစ်သည်ဟု ပြောကြရတော့မည့်အချိန်မှာ ဤအချိန်ဟု ပြိုင်တူကြွေးကြော်ကြပါစို့။

ခိုင်အောင်ကျော် ( နယူးယောက် )
အညာနွေတမာမြေ

ကိုခိုင်အောင်ကျော် ရဲ့အတွေးအယူအဆကို သဘောကျလို့ အညာနွေတမာမြေမှ သက်ကွင်းရက်ပေါင်း ၆၀ အတွင်းက ရုန်းထွက်မဲ့သူကို သူရဲကောင်းလို့ ခေါ်မည် ဆောင်းပါးကို တဆင့်ကူးယူဖော်ပြပါသည်။

အဆုံးထိဖတ်ရန်...

Tuesday, March 9, 2010

ကဲ ..... မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ ဘာတွေလုပ်မလဲ

SPDC PeopleParliamentLaw

အဆုံးထိဖတ်ရန်...

ပြည်တွင်း၊ ပြည်ပ အပြန်အလှန် အိတ်ဖွင့်ပေးစာ

Re: [8888peoplepower] Open Letter to Exile Activists from A Monk from Inside


ကိုသန်းဝင်းခင်ဗျား။
ကျနော့ကိုမှတ်မိလိမ့်မယ်လို့ထင်ပါတယ်။ ကျနော့်ရဲ့စာကို ရဟူးအုပ်စုတွေဆီထည့်ပေးပါခင်ဗျား။
ဇေယျာ
ကနေဒါ

ပြည်တွင်းသံဃာတော်အမည်ခံများသို့အိပ်ဖွင့်ပေးစာ

ဖျာပုံ မှ အင်တာနက်သုံးစွဲနိုင်သော ဦးဇင်းခင်ဗျား

ခေတ်ကြီးကိုအမြန်လိုက်မှီနိုင်ပြီး နိုင်ငံတကာကို ဗိုလ်ချုပ်အောင်ဆန်းလေသံလိုဟောပြောနိုင်တဲ့အတွက် အားရဝမ်းသာ
ဖြစ်မိပါတယ်။ ဦးဇင်းရဲ့စာအရ၊ “တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ်” ဆိုတော့
ကျနော်တို့အနေနဲ့ ဂျောက်ထဲကျမဲ့အရေးဦးစားပေးမစဉ်းစားချင်ပါလို့ဖြေကြားလိုက်ပါရစေ။
ပထမဦးစွာတင်ပြချင်တာကတော့ ဦးဇင်းတို့ရဲ့ကွဲပြားခြားနားသော သံဃာအဖွဲ့အစည်းများကိုအရင်ညှိနှိုင်းစေချင်ပါတယ်။
ဥပမာ-သာသနာ့ဥသျှောင်နှင့်သံဃာ့တပ်ပေါင်းစုလိုမညီညွတ်မှုတွေအပါအဝင်။
ကျနော်တို့ လူတွေမှာလည်း သံဃာတော်များမညီညွတ်တဲ့အတွက်အရမ်းကိုစိတ်ပျက်မိပါတယ်။


ဒုတိယအချက်ကတော့
မောင်ကျော်သန်းလေးကိုလည်းဆုံးမပါအုံး။
ကျောင်းသားလူငယ်ကွန်ဂယက်ကနုတ်ထွက်ပြီးတောင်ရေးမြောက်ရေးလျှောက်မရေးအောင်တားပေးပါ။
SYCB နဲ့ညီညွတ်ရေးတည်ဆောက်ပါ။ညီညွတ်ရေးကအရမ်းကိုအရေးကြီးပါတယ်။

တတိယအချက်ကတော့ ဦးဇင်းစာထဲမှာ
“တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်းပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက
သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ်” လို့မေးထားပါတယ်။

ဦးဇင်း ခင်ဗျား မိမိရဲ့မောင်နှမသားချင်းတွေကိုပစ်ပြီး တောခို၊ လက်နက်ကိုင်တိုက်၊ ထောင်ကျ ခဲ့တဲ့နှစ်များဦးဇင်းမှာ
ဘယ်နှစ်ခါကြုံဘူးပါသလဲ ဆိုတာကိုဖြေကြားပေးပါ။ ဘဝကိုဘယ်နှစ်ခါဖျက်ပြီးနိုင်ငံရေးလောကထဲခြေစုံပစ်ဝင်ခဲ့ပါသလဲ၊
အိမ်အသိမ်းခံခဲ့ရဘူးပါသလား။ အဆင်းရဲအငတ်ပြတ်ခံပြီးနိုင်ငံရေးလုပ်ဘူးပါသလား။ ဖြေကြားပေးပါ။


စတုတ္ထအချက်ကတော့
“၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး
ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ” လို့ဆိုထားတဲ့အချက်ကိုမေးခွန်းထုတ်ချင်ပါတယ်။

၁၉၂၀ ကတည်းကခေတ်အဆက်ဆက်ပါဝင်လာခဲ့တဲ့ ကျောင်းသားသမိုင်းကိုဦးဇင်းကြားဘူးပါသလား။
၁၉၈၈ အရေးတော်ပုံကိုဦးဇင်းကြားဘူးပါသလား။ လူပေါင်း (၃၀၀၀) ကျော် အသက်ပေးရပါတယ်။
၂၀၀၇ အရေးတော်ပုံကို အလေးပြုပါတယ်။ ဒါပေမဲ့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကို သံဃာတော်တွေလုပ်ခဲ့တယ်ဆိုတဲ့စကားကိုပြင်ပြောစေချင်ပါတယ်။

အားလုံးခံခဲ့ရ၊ ရင်းခဲ့ရတာကို ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကိုသံဃာတော်တွေကလုပ်ခဲ့တယ်ဆိုတာမျိုးကိုယ်ရည်မသွေးကောင်းပါ။
ပြည်ပရောက်နိုင်ငံရေးသမားတွေအနေနဲ့သံဃာတော်တွေနဲ့လက်တွဲပါဆိုတော့ဘယ်သံဃာအဖွဲ့နဲ့လက်တွဲရမှာလဲ။
ဦးခေမာစာရရဲ့ရဟန်းပျိုလား၊ ပီနန်ဆရာတော်ဘုရားကြီးရဲ့ သာ့သနာ့ဥသျှောင်လား။ဦးပညာဇောတ (နတ်ဇော) ရဲ့ သံဃာတပ်ပေါင်းစုလား။
( သံဃာတပ်ပေါင်းစုကရောဘယ်နှစ်ဖွဲ့ရှိတယ်ထင်ပါသလဲ)ဦးဇင်းတို့ညီညွတ်အောင်အရင်လုပ်ကြပါအုံး။
အမျိုးဘာသာ၊ သာသနာကိုစောင့်ရှောက်ကြပါအုံး။ ဘုန်းကြီးကျောင်းတွေကိုလည်း တစ်ပါး တစ်ကျောင်းမလုပ်ကြဖို့ဆုံးမကြပါအုန်း။


ပဉ္စမအချက်ကတော့

“ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။
အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။
ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊
ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က
ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို
ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ်” ဆိုတဲ့အချက်ကိုဖတ်ပြီးအကြံပေးပါရစေ။

ဦးဇင်းခင်ဗျား။
ဖျာပုံမှာမနေပဲ၊ အမေရိကားကိုလာပြီး သုံးယောက်တည်းကျန်တော့တဲ့ စင်ပြိုင်အစိုးရမှာဝင်လုပ်ပါလား။
ဦးဇင်းက မဟာဗျူဟာနဲ့ သံတမန်ရေးကိုပိုပြီးနားလည်ပုံရတယ်။ ဖျာပုံမှာကျောင်းထိုင်နေတာတောင် ဒီလောက် ညဏ်ပညာစူးရှနေရင်
နိုင်ငံတကာရောက်လာရင် ထောင်တက်သွားမယ် ။ ဒလိုင်းလားမားထက်နာမည်ကြီးသွားနိုင်တယ်။


နောက်ဆုံးအချက်ကတော့အထူးဖတ်စေချင်ပါတယ်။
နိုင်ငံရေးကို လူတိုင်းဟာလက်လှမ်းမှီသလောက်လုပ်ကြတယ်။ တွေးခေါ်ကြတယ်။ အရေးကြီးတာက ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပါ။
ပြည်တွင်းကလူက ကိုယ်နားမလည်တဲ့ ပြည်ပက ပြဿနာတွေ၊ နိုင်ငံတကာအနေအထားတွေကို သိတ်ဝင်ပါဖို့မသင့်ဘူး။
ကိုယ်ကခြေခြေမြစ်မြစ်နားမလည်တဲ့ ပြဿနာကိုဝင်ပါရင် အဆဲခံရတတ်ပါတယ်။
ပြည်ပကလူတွေလည်းထိုနည်းလည်းကောင်းပါ။

ညီညွတ်ရေးအရေးကြီးတာလူတိုင်းနားလည်ပါတယ်။ ထူးပြောစရာမလိုပါ။ မညီညွတ်လို့၊ လူတန်းစားတရပ်လိုဖြစ်လာလို့၊ ခေါင်းဆောင်ရူးအာဏာရူးတွေကြောင့်ညီညွတ်ရေးပြိုကွဲနေလို့ ရေးရတဲ့အဆင့်ကိုရောက်ကုန်တယ်။
ညီညွတ်ရေးရအောင်လို့ ခေါင်းဆောင်တွေကိုတိုက်ချွတ်နေတယ်ဆိုတာကိုနားလည်ပါ။
ကိုယ့်အမြင်တိမ်တိမ်လေးနဲ့ သူများကိုဆရာမလုပ်စေချင်ပါဘူး။
အိပ်ကောက်နဲ့ဖားကောက်ရတဲ့ ညီညွတ်ရေးမျိုး၊ တော်လှန်ရေးမျိုးလုပ်မိရင်၊ ရန်သူကိုဘာလက်နက်မှတိုက်လို့ရမှာမဟုတ်ပါ။
အတွင်းစည်းက လှိုက်စားနေတဲ့စိတ်ဓါတ်ကိုမဖျက်ပစ်သရွေ့ လှုပ်ရှားမှုကိုအားကောင်းအောင်မလုပ်နိုင်ဘူးဆိုတာ
ဖျာပုံ မှာ တရားဆောက်တည်တိုင်းအာဂုံဆောင်ပါ။
ဒီလိုစရိုက်တွေ၊ လုပ်စားသူတွေနဲ့ဗမာပြည်ဒီမိုကရေစီဘယ်တော့မှရမှာမဟုတ်ဘူး။ ဒါကိုယုံလို့ဖွင့်ချကြတယ်။
နောင်လည်းဖွင့်ချအုံးမယ်။ ပြည်သူတွေကိုကြိုတင်အသိပေးထားရမယ်။ ဒီလိုလူမျိုးကတော့ ဒီလိုစရိုက်ရှိတယ်။
ဘယ်တော့မှ ခေါင်းဆောင်မတင်နဲ့၊ ခေါင်းဆောင်တင်ရင် ငါတို့တတွေ၊ ဗိုလ်သန်းရွှေလိုဆိုးတဲ့ကောင်တွေလိုမျိုးရမယ်ဆိုတာတွေ၊ ရှင်းသွားအောင်လို့ပါ။


ဦးဇင်း နေတဲ့နေရာမှာ အကောင်းဆုံးနေထိုင်ပါ။
အင်တာနက် ကနေ ပြည်ပပြဿနာတွေကိုအချိန်အားတိုင်းတက်ဖတ်နေမဲ့အစား
ပြည်သူလူထုထဲကိုစိမ့်ဝင်ပါ။ တိုက်ပွဲအတွက်ပြင်ပါ။ လူထုကိုဦးဆောင်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။
လူတိုင်းမှာအချိန်အများကြီးမရှိပါ။

မောင်ကျော်သန်းလေးကိုလည်း ကိုနိုင်အောင်တို့နဲ့ညီညွတ်အောင်ဆုံးမပါအုံးဘုရား။
အရက်သေစာလေးလည်းလျော့ပြီး ကြီးမိုက်တွေမလုပ်ကြဖို့ ဟောပြောဆုံးမပါအုံးဘုရား။

သံဃာတော်တွေညီညွတ်နိုင်ကြပါစေ။
ကနေဒါ မှ
ဇေယျာ


2010/3/8 Kyaw Than


ပည်ပရောက် နိုင်ငံရေးသမားများသို့ သံဃာတော်များမှ အိပ်ဖွင့်ပေးစာ ရက်စွဲ ။ ။ ၇ - ၃ -၁၀


ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာ အချိန်မှာ ပြည်ပရှိ နိုင်ငံရေးသမားတစ်ချို့ဟာ သူရဲ့ ပြဿနာပေါင်စုံကို ဖြေရှင်းချက်တွေ ထုတ်နေတာကို ဦးဇင်းတို့တွေနေရတော့ အတော့်ကိုစိတ်မကောင်း ဖြစ်ရပါတယ် တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်းပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ် အမှန်းဆိုရင် အခုချိန်မှာ တိုင်းပြည် အတွက် အမှန်တရား အတွက်တိုက်ပွဲဝင်နေကြတဲ့ သူတွေမှာ လုပ်ရမယ် အလုပ်တွေဟာ ပြုပြင်ပြောင်လဲရေးအတွက် အလုပ်ရမယ်အချိန်ပါ ပြည်ပရောက် နိုင်ငံရေးသမားတွေကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အမှာစကားပါးချင်တာကတော့ အခုချိန်မှာ ရှင်းစရာရှိရင်လည်း ခဏရပ်ထားပြီး တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ် ။


အခုဆိုရင် မြန်မာပြည်က အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ယခုအချိန်မှာ အလုပ်သမားတွေနဲ့ အတူလက်တွဲပြီး စစ်အာဏာရှင် စနစ်ကို ဝိုင်းဝန်းပြုတ်ချရမယ့် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ် အခုဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ နေ့စဉ်ရက်စက်သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုလာကြတာ ကျေနပ်အားရစရာ အကောင်းဆုံးအချိန်ပါပဲ ပြည်ပမှာကတော့ ငါ့ကဘာလုပ်ခဲ့တာ သူကတော့ ဘာတွေလုပ်တာနဲ့ အချိန်တွေကုန်နေတာ တွေရတော့ အတော့်ကိုယ် စိတ်မကောင်း ဖြစ်ရပါတယ် ။


အမှန်တစ်ကယ် ရှင်းလင်းချက်ထုတ်ချင်ရင် တိုင်းပြည်ကို စစ်အာဏာရှင် လက်အောက်က လွတ်မြောက်အောင် အရင်ဆုံးလုပ်ပြီး ဖြေရှင်းကြပါ ယခု အချိန်ဟာ ပြည်ပရောက်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့ ကြေငြာချက်ထုတ် ရုံလောက်နဲ့ မရတော့ပါဘူး အများစုပါဝင်နိုင်တဲ့ တွေ့ဆုံးဆွေးနွေးရမယ့် အချိန်ပါ ပြည်တွင်းပြည်ပ ကွန်ယက်တွေကို တည်ဆောက်ရမယ် အချိန်ဆိုတာ ကိုယ်ကိုနိုင်ငံရေး သမားလို့အမည်ခံထားတဲ့ သူတိုင်းရဲ့ဦးနှောက်မှာ ထည့်ရမယ် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ်။


မိမိတို့ အတွက်နဲ့ ပြည်သူတွေ စိတ်ညစ်ရမယ့် အလုပ်မျိုးကို မလုပ်ကြပါနဲ့ မိမိတို့ကိုယ်တိုင်က အမှန်တရားအတွက် ပြည်သူအတွက်ပါလို့ပြောပြီး မိမိတို့ရဲ့ နှစ်ပေါင်းနှစ်ဆယ် အတွင်းဖြစ်ပျက်ခဲ့တာတွေကို ဒီချိန်မှာမရှင်းကြပါနဲ့ တစ်နေ့ကျရင် သမိုင်းတရားခံဟာ ဘယ်သူတွေလည်းဆိုတာ ပြည်သူတွေက သိပါတယ် ဘယ်သူကတော့ ဘာလုပ်ခဲ့ပါတယ်လို့ပြောပြီး အပြစ်ဖို့နေမယ့်အစား ဒီမိုကရေစီ အရင်ရအောင်လုပ်ကြပါ။ ဒီမိုကရေစီရလာရင် သမိုင်းကိုထောက်ပြပေးမယ် ပြည်သူတွေ ရှိပြီးသားပါ။ ၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ ။



ဦးဇင်းတို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးကိုလည်း ပြောချင်တာကတော့ ခင်ဗျားတို့ကိုယ်တိုင် ညီညွတ်ရေးကိုလိုချင်ရင် အားလုံးပြောင်းလဲပစ်ဖို့ လိုပါ

ပြီ။ ကိုယ်ပိုင်အခွင့်ရေးကို လွတ်လပ်စွာ တောင်းဆိုနေတာကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အပြည့်ဝထောက်ခံပါတယ်။ ဒါပင်မဲ့ အခုအချိန်မှာ စစ်အာဏာရှင် စနစ်ပြုတ်ချရေးဟာ ပိုပြီးအရေးကြီးနေပါတယ်။


အဲဒါကြောင့် ညီညွတ်ရေးဟာ ပထမတန်းမှာ အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောခဲ့ကြပြီးပါပြီ အခုလည်း ဒီစကားတွေကို ပြောနေရတော့ ဦးဇင်းတို့အနေနဲ့ အတော်ကိုရှက်မိပါတယ် ကလေးတွေဆိုရင် တစ်ခါပြောပြီးရင် မှတ်မိပါတယ် မြန်မာစကားပုံကို မေ့နေကြလို့လားတွေးမိပါတယ်၊ မေ့သူတွေ အတွက်ထပ်ပြီး သတိပေးလိုက်ပါတယ် ညီညွှတ်ရေးဟာ ပထမတန်းမှာအရေကြီးပါတယ် ညီညွှင်္ွှတ်မှုမရှိရင် ဘယ်လောက်ပဲ ဒီမိုကရေစီ လုပ်မယ်လို့ ပြောနေပါစေ အောင်မြင်မှု့ဆိုတာ မရနိုင်ပါဘူး။


အခုချိန်မှာ သံဃာတော်တွေ ခေါင်းဆောင်မှုနောက်ကိုလိုက်မှာလား ပြည်ရောက်နိုင်ငံရေးသမားတွေက ခေါင်းဆောင်ပြီးလုပ်မှာလားဆိုတာကို မေးခွန်းထုတ်စရာ ရှိလာပါပြီ စစ်အာဏာရှင်တွေက ၂၀၀၈ခုနှစ် အခြေခံဥပဒေကို တည်းပြုပြီးပြီဆိုတာ အားလုံးသိပါတယ် မကြာခင် ၂၀၁၀ ရွှေကောက်ပွဲကို ပြုလုပ်တော့မယ် အချိန်ဟာ နီးကပ်နေပြီ ဆိုတာကို သိလျှက်သားနဲ့ မိမိတို့ အတ္တ၊ ကိုယ်အကျိုးအတွက်ပဲ လုပ်နေကြတာတွေ့ရတော့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ အထူးပင် စိတ်မကောင်း ဖြစ်ရပါတယ်။


ဦးဇင်းတို့ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ဦးဇင်းတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်။ ပြည်သူလူထုအနေနဲ့ အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလိုပြန်ကြည့်ရတဲ့ အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု့ တခုခု ဖြစ်လာနိုင်အောင် ဦးဇင်းတို့ အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ၊ ဗမာ၊ ရခိုင်၊ မွန်း၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစုတွေနဲ့ ပေါင်းပြီးတော့ ဦးဇင်းတို့လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံးကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။

အခု အခြေနေတိုင်းဆိုရင် တိုင်းပြည်က ဒီထက်မကပိုပြီးတော့ ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာတခုခု လုပ်ပေးပါလို့ ဦးဇင်းတို့က တောင်းဆိုချင်ပါတယ်။


ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။ အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ် ။


တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ရရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှားပါတယ်… မိမိပါတ်ဝန်းကျင်မှာ ရှာဖွေကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ရနိုင်ပေမဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူကိုတော့ ရုတ်တရက်ခွဲခြားတွေ့ဖို့ မလွယ်ကူပါဘူး…. ဒါကြောင့် တကယ် အလှစစ်နဲ့ လှတဲ့သူကိုသေချာ ရှာတတ်ဖို့ လိုပါတယ်…..အပေါ်ယံ ရုပ်ရည်ကိုသာကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်အလှစစ်ကို တွေ့ဖို့ဝေးနေဦးမှာပါ… ကိုယ့်ဘေးမှာ ရှိနေပါလျှက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရရိုးသားတဲ့ နှလုံးသားအလှ ပိုင်ရှင်လေးများကို လက်လွှတ်မသွားခင်၊ နောက်မကျခင်မှာ သေချာ ရှာဖွေကြပါလို့ အကြံပြု လိုက်ပါရစေနော်… ရုပ်အလှ ပြည့်စုံသူများလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသော သူများဖြစ်နိုင်ကြပါစေ….......... အမှန်

တရားစစ်ကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေ…......။


တော်လှန်းရေးသစ္စာဖြင့် စာရေးသူအရှင် (ဖျာပုံ) ပြည်တွင်းတစ်နေရာ ဆရာတော်သံဃာတော်များရဲ့ ဆန္ဒအရ ရေးသားချင်းဖြစ်ပါတယ် တိုက်ခိုက်လိုသော ဆန္ဒအရ ရေးသားချင်းမဟုတ်ပါဘူး ဆိုတာကိုဝန်ခံရင်း တပည့်တော်အနေနဲ့ အရင်တောင်းပန်ပါတယ် ဘုရား။

အဆုံးထိဖတ်ရန်...