Pages

Showing posts with label သိစေရန်. Show all posts
Showing posts with label သိစေရန်. Show all posts

Thursday, November 25, 2010

မ . က . ဒ . တ ရဲဘော်ဟောင်းများ၊ ရဲဘော်သစ်များ အဓိက အထူးသတိ ရှိဖို့ရာ။ အမည်တခုကိုတော့ ငွေမှင်သုတ်ထားပါတယ်၊ သိချင်ရင်တော့ ခြစ်ပြီးတော့ဖတ်ပါ။

ရဲဘော် . .

ကိုယ် ... ကို အတွေ့ အုကုံ (နု) တယ်မရေးပါဘူး (နည်း) တယ်ရေးတာပါ။
ဒီစကားလုံး ကမင်းကိုထိခိုက် နစ်နာစေတယ်ဆိုရင် ငါရုတ်သိမ်းပါတယ်။ မင်းနဲ့ ငါုကားမှာ အဖုအထစ်မရှိစေချင်ပါ ။
ကိုယ့် ရဲဘော်အချင်းချင်း နှိမ်ချလိုစိတ် လုံးဝမရှိပါဘူး။ နပ်စေချင်တယ်။
စာတစောင်ကို ဖတ်ပြီးဘယ်လိုသူကရေးတယ်ဆိုတာ နပ်ဘို့ ပြောတာပါ။ ..... ဆိုတဲ့ အီးမေးလ် ကို ရဲဘော် ..... လို့  ပြောနေမှတော့ကွာ။
ရဲဘော် ..... ကတိုက်ပွဲတခုမှာ သူသေအလောင်းကောင်တွေကြားထဲက သေချင်ဆောင်ပြီး ရန်သူ့ လက်ကအသက်စွန့် လွတ်မြောက်လာခဲ့၊
တိုက်ပွဲဝင်လာခဲ့တာ ကအစ။ ကိုယ်တို့  လေးစားပါတယ်။ သိလည်းသိပါတယ်။
ဒါကြောင့် အရိုးခံစိတ်နဲ့ ဆူးငှက် ဆိုတဲ့ လောက်ကောင်ရဲ့  ဆောင်းပါးကိုတင်ပေးတယ်ဆိုတာ နားလည်ပေးထားပါတယ်။

သူ့ အကိုလုပ်တဲ့သူ (ဆူးငှက်)က အာရုံဦး မှာဖူးသည့်ကြာ ဇာတ်ကားကို ပံ့ပိုးခဲ့တယ်။
(မင်းတို့ ငါတို့ လည်း ၀ိုင်းစုခိုင်သိမ်း အပါအ၀င် အာရုံဦးမှာဖူးသည့်ကြာ ဇာတ်ကားမှာပါတဲ့သူတွေကို ကန့် ကွက်ခဲ့ကြတာဘဲလေ။)
အောင်မိုးဝင်း(ငပေါလေး) ကဒီမှာ အတိုင်းထက်အလွန်လိုက်ဖွတယ်။ အချင်းချင်း စိတ်ဝမ်းမကွဲကွဲအောင် ရန်တိုက်ပေးတယ်။
အခွင့်အရေးတခု အက်ေုကာင်းတခု ရလာတာနဲ့ အောင်မိုးဝင်း(ငပေါလေး) တယောက်တည်း အကောင့်နာမည်တွေ အမျိုးမျိုးနဲ့ ထိုးခွဲတော့တာဘဲ။
ဒီ ရှစ်ဆယ့်ရှစ်မေးတွေထဲမှာ အဲဒီ့ ကောင်ရဲ့ မသမာမှုတွေ သက်သေအဖြစ်ရှိနေပါတယ်။

နောက်ပြီး ညီလုပ်တဲ့သူ အောင်မိုးဝင်း(ငပေါလေး) က မကဒတ ကို နိုင်ငံတကာရောက်ရဲဘော်တွေ အယုံအုကည် ကင်းလာအောင် . .
မကဒတ ခေါင်းဆောင်တွေကို ဝေဘန်တိုက်ခိုက်တယ်။ ထောက်ပံ့ရေးကွန်ရက်တွေ အားနည်းလာအောင် ထင်ယောင်ထင်မှားတွေလျောက်ရေးတယ်။်
ဟောအခု အကိုလုပ်တဲ့ ဆူးငှက် က ဒီဘက်ကလိုလို ပြန်ရပ် ပြတယ်။ ဒါဟာ လုပ်စားတွေရဲ့  ပရိယာယ်တွေ လုပ်ကွက်တွေပါ။
မြောပါမသွားဘို့ ကိုအဓိက ရည်ညွန်းချင်တာပါ။
..... တင်တဲ့ ပို့ စ် ကိုမေးခွန်းပြန်မေးထားတဲ့ တူမောင်ညို ဟာ ဒီကောင်တွေညီအကို အေုကာင်းကိုသိနေသူ ဖြစ်နိုင်တယ်။

စောင့်ုကည်နေပါ ဒီကောင်ငပေါလေး(အောင်မိုးဝင်း) အေုကာက်အကန် ကက်ကက်လန်အောင် လိုက်ကိုက်တော့မယ်။
သူတို့ ညီအကိုက ပရော်ဖက်ရှင်နယ် လုပ်စားတွေဆိုတော့ ကောင်တာတွေ ပစ်တော့မယ်။ မင်နဲ့ ငါနဲ့ ကို ရန်တိုက်ပေးတော့မယ် . . သတိထားပါ။

မကဒတ ကို တိုက်ခိုက်ဖြိုခွဲ သူမှန်သမျှ ငါတို့ ရန်သူဘဲ။
မကဒတ ဆိုတာ မင်းဘဲ ၊ မကဒတ ဆိုတာ ငါဘဲ ။
ငါတို့ ကိုဘယ်လို ထိုးနှက်နေသလဲ . . ။ အေအန်ကုန်း ဆိုတဲ့ ဘလော့ဂ်ကိုမင်း ဖတ်ုကည့်လေ ။
ငါမင်းဆီကို ဖုန်းဆက်ပါအုံးမယ်။

2010/11/25 ......

ပြန်လည်အကြောင်းပြန်တဲ့စာကိုဖတ်ရပါသည်။ကျေးဇူးတင်ပါသည်။အလေးနက်နားလည်ပါသည်။အတွေ့အကြုံနုတယ်ဆိုတာဘာကိုပြောတာလဲ။
ဘာကိုဆိုလိုတာလဲ။ကျနော်အတွေ့အကြုံနုတယ်ဆိုခင်ဗျားဆီကအတွေ့အကြုံရင့်ကျက်မှုတွေကဘာတွေလည်းဆိုတာကိုလည်း
နှိုင်းယှဉ်ပြမှအတွေ့အကြုံနုတယ်ဆိုတာကိုလက်ခံလို့ရမှာပေါ့။အလကားနေအလကားအတွေ့အကြုံနုတယ်ဆိုတဲ့ဝေါဟာရကိုအလွယ်
သုံးပြီးတဘက်သားကိုနှိပ်ချသည့်အသုံးအနှုန်းပြုမူလိုက်ခြင်းဟာမိမိအတွက်လည်းမကောင်းဘူး။သူတပါးအတွက်လည်းနားမချန်းသာ
ဖြစ်ရတယ်။စစ်အာဏာရှင်ကို(ကန်တော့ပါရဲ့)လမွေးမပေါက်ခင်ကတည်းကအသက်စွန့်ပြီးတိုက်ခိုက်လာတာပါ။ရန်ငါစည်းကပြတ်ပြီး
သားပါ။ဒီနေရာမှာကိုယ်ရည်သွေးတီးလုံးတီးဖို့စိတ်ကူးမရှိပါဘူး။စိတ်လည်းမ၀င်စားဘူး။သို့သော်ဘယ်သူကဘာလည်းဆို တာရင်ဘတ်
တွေထဲမှာရှိနေတယ်ဆိုတာယုံတယ်။
စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ဘို့
ခိုင်မာတဲ့တပ်ပေါင်းစုတည်ဆောက်ကြ။


ရဲဘော် . . . .ကိုယ်ကမင်းကိုသိနေပါတယ်။ ကိုယ်လဲ မကဒတ ရဲဘော်တယောက်ပဲ ။ဒီစာကလည်း မင်းနဲ့  မကဒတ အပေါ် သစွုာရှိချင်လို့ ပြန်ရေးပေးတာပါ။ဒီစာကိုလည်း ရဲဘော် ..... နာမည် နဲ့  ဟိုငပေါလေး(အောင်မိုးဝင်း) က ပြန်ချင်ပြန်နေအုံးမှာပါ။မင်းကအတွေ့ အုကုံနည်းနေသေးတော့ မင်းလုပ်ပုံက . .သူခိုးတွေကို ဓားရိုးကမ်းနေတာ . . ကို မင်းမသိဘူးဆိုတာ ငါနားလည်ပါတယ်။တကယ်တော့ တူမောင်ညို ပြန်မေးထားတာကိုလည်း မင်းနားလည်နိုင်မှာမဟုတ်ပါဘူး။ အတွင်းသိတွေသာ နားလည်မှာမို့ ပါ။့ဆူးငှက် ဆိုတာအောင်မိုးဝင်း(ငပေါလေး) ရဲ့ အကို . . ။အကိုလုပ်တဲ့သူ ဆူးငှက်က ပြည်တွင်းကနေ သူ့ လူ ကိုယ့်ဘက်သား လုပ်ပြီးခွစားနေတယ် ။ဗိုလ်ချုပ်တွေ အလိုကျပေါင်းပြီး သူ့ ကိုယ်ကျိုးစီးပွားကို ပေါင်းရိုက်နေသလို . .။အောင်မိုးဝင်း(ငပေါလေး) ဆိုတဲ့ သူ့ ညီကလည်း ငါတို့ ပြည်ပမှာလိုက်မွှေနေတာ . .။စစ်အုပ်စုရဲ့  စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်ပမှာ အဓိကဆောင်ရွက်သူဖြစ်တယ်။သူတို့ ညီအကို နှစ်ယောက်လုံးက လူတွေအထင်ကြီးအောင် အမေလူလုဒေါ်အမာရဲ့ နာမည်ကိုတွင်တွင် သုံးလေ့ရှိတယ်။မင်းတို့ နယူးယောက်က ဒီဇိုင်းဆရာ။ ဓာတ်ပုံ ကိုအောင်မိုးဝင်းရဲ့ လှုပ်ရှားမှုတွေကို . .အောင်မိုးဝင်း(ငပေါလေး) က သူလုပ်သလိုလို ဘာလိုနဲ့  သံယောင်လိုက်တယ်။ လူတွေအထင်ကြီးအောင် လုပ်တယ်။၉၆ ကျောင်းသားလို့ ဆိုတယ်။ အမှန်က ဒီငပေါလေး(အောင်မိုးဝင်း) ကလူလယ်ကွ။ နိုင်ငံခြားသွားချင်လို့ လိမ်ဆင်လုပ်လာတာ။မြဝတီညကားလက်မှတ် အဆင်သင့်ဖြတ်ထားပြီးမှ နေ့ ခင်းကျောင်းသားဆနွပြပွဲ မှာဝင်ရောပြီး ဒေါ့ကျူးမန့် ယူလာခဲ့တာ။ အဲ နောက်နေ့ မနက်မဲဆောက်ကိုရောက်လာတာ။ မဲဆောက်ရောက်တော့ နိုင်ငံခြားသွားချင်တာ ဟန်မဆောင်နိုင်တော့ဘဲ ။ ဗကသ နာမည်ကိုအလွဲ သုံးစားခုတုန်းလုပ်ပြီး ကိုထွန်းအောင်ကျော် လုပ်တဲ့ ညီလာခံကိုလာတယ်တယ်ဆိုပြီး ခုန်ချလိုက်တာဘဲ . . ဟေ့ကောင်ရေ။အခုကည့် ငါတို့ မင်းတို့ ရဲ့  အဓိကမဟာဗျူဟာက စစ်အုပ်စုကို နိုင်ငံရေး စားပွဲဝိုင်းပေါ်ရောက်လာအောင် ဘက်ပေါင်းစုံ ကချည့်နဲ့ ၊ဘေုးကပ်နုံကပ်ဖြစ်စေမဲ့ . .လက်နက်တိုင်တိုက်ပွဲ အပါအဝင် နည်းပေါင်းစုံတိုက်ပွဲ ၀င်သွားကြဘို့ ၊နိုင်ငံတကာ အင်အားစုတွေက ၀န်းရံ ပံ့ပိုးသွားကြဘို့ ကို . . စည်းရုံုးက ၊ လှုံ့ဆော်ကြ ညီညွတ်ရေးတည်ဆောက်နေချိန်မှာ . .နိုင်ငံတကာရောက် ကျောင်သားတပ်မတော်ရဲဘော်တွေကို အရင်ဆုံးဖရိုဖရဲဖြစ်အောင် . . အဓိက ကတော့ . . လက်နက်ကိုင်တော်လှန်ရေးကို မထောက်ပံ့ချင်အောင် . .လက်ရှိတိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်ရဲ့  တာဝန်ရှိနေတဲ့ ခေါင်းဆောင်တွေကို ပုတ်ခတ်တိုက်ခိုက်တယ် ။ကိုသံခဲတို့ ကိုလွဏ်းနီတို့ ကိုပုဂွိုလ်ရေး တွေလိုက်တိုက်ခိုက်တယ် ။ (ဟိုလူတွေက သူ့ အလုပ်နဲ့ သူဒီဂရုမေးတွေတောင်လိုက်ဖတ်ချိန်မရပါဘူး။)အဲသလို လက်ရှိတာဝန် ရှိတဲ့သူတွေကို အများကထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး ။ ထောက်ပံ့ရေးလမ်းေုကာင်း လျော့နည်းပြတ်တောက်သွားအောင် ထိုးနှက်တဲ့လုပ်ဆောင်ချက်ပဲ။ ဒါဟာ ဖြတ်လေးဖြတ် စီမံကိန်းပဲ။နောက်ပြီး မကဒတ နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပျက်စီးအောင်လုပ်သွားမယ် . . ဒါဘဲ စစ်အုပ်စုလိုချင်တာက။ဒီ့ထက်ပိုပြီးတိတိကျကျ ထောက်ပြရရင် . မကဒတ ကိုဘယ် အန်ဂျီအိုကမှ မထောက်ပံ့ဘူး ။ မင်းတို့  ငါတို့  ရဲ့ အထောက်အပံ့၊ ၀န်းရံမှုအားနဲ့ တိုင်ပွဲဝင်ရမှာ၊ ရပ်တည်ရမှာ ။ ဒါကို ငပေါလေး(အောင်မိုးဝင်း) က စနစ်တကျ ဘလော့ဂ်လုပ်ပြီး သူတောင်စားတွေဆိုပြီး ၀ါဒဖြန့်တယ်။ဒါကို စစ်အုပ်စုက သိတယ် ဒါကြောင့် နည်းဗျူဟာတခုအနေနဲ့ အောင်မိုးဝင်း(ငပေါလေး)တို့ ညီအကိုလို လောက်ကောင်တွေကို အသုံးပြုနေတာပေါ့။ ..... ရေ . . မင်းတို့ လိုလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလာတဲ့ သူတွေက (အထူးသဖြင်)့ မကဒတ ရဲဘော်တွေ သတိရှိဘို့ လိုတယ်။စာလည်းရှည်သွားပြီ . . တခုအရေုးကီးတာလေး ထပ်ပြောပါရစေ . . ။အဲဒါကတော့ . ကိုသန်းဝင်း ကိုတယ်လီဖုန်းနဲ့ ဆွေးနွေးပေးပါ . .။ ဒီအောင်မိုးဝင်း(ငပေါလေး)ကို ဂေါင်းလိုက်မခံပေးပါနဲ့ လို့  . . .ဒါဟာ လက်နက်ကိုင်တော်လှန်ရေး (တနည်းအားဖြင့်) မကဒတ အတွက်အင်မတန် အန်ဒရာယ်ုကီးပါတယ်။မကဒတ ကျောင်းသားတပ်မတော်၏ သစွာကိုစောင့်သိရိုသေကြပါ။ မကူညီချင်ရင်နေပါ မနှောက်ယှက်ပါနဲ့ ။2010/11/24 Tin Oo

“အာရုံဦးမှာဖူးသည့်ကြာ” ဇာတ်ကားရိုက်ကူးရေး မှာ ဘာကြောင့် ပါဝင်ရတာလဲ ဆိုတာလည်း “ဆူးငှက်“ ရှင်းပြသင့်တာပေါ့။ “သမိုင်းနဲ့ အမှန်တရား ” အခုလိုတင်စားရေးတာလေးကတော့ အနုပညာဆန်ပါတယ်။ သူ့(ဆူးငှက်) စာထဲမှာပါတဲ့ အောက်ပါအချက်က ဒီကိစ္စကို ရှင်းလင်းပြတာလား။ “ကျနော်ကိုယ်နှိုက်ကပဲ ဒီရက်ပိုင်းမှာ ကြီးကြီးမားမား ဘဝနဲ့ရင်းရလောက်တဲ့ သင်ခန်းစာတခုရခဲ့တယ်။ ဗဟုဝါဒခေတ်မှာ အရင်လို ခွဲခွဲခြားခြား လားလားမုန်းထားစရာမလိုဘဲ လူမှုဆက်ဆံရေးဆိုတာ ယုံကြည်ချက်ကြီး တစ်ခုလုံးနဲ့စာရင် အဓိကတော့ မဖြစ်လောက်ပါဘူး၊ အားလုံးဟာ နည်းဗျူဟာမှာပဲ ကွဲနေကြလို့ပါ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ စကားအတိုင်း မိတ်ဆွေလိုပဲ သဘောထားပြီး မိတ်ဆွေတဦးကို ကျနော် စုဆောင်းထားတဲ့ ဒုတိယကမ္ဘာစစ်ကြီးကာလ အင်္ဂလိပ်တွေ မိုင်းခွဲဖျက်ဆီးသွားတဲ့ အင်းဝ တံတားကြီးရဲ့ ရှေးဟောင်းဓာတ်ပုံနှစ်ပုံကို စာအုပ်တအုပ်ထဲက ကော်ပီကူးပြီး ပေးလိုက်မိပါတယ်။ အဲဒီမိတ်ဆွေကတဆင့်..... နောက်တဆင့် ......။ အဲဒီနောက်တဆင့်ကမှ နောက်တဆင့် ...... ။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဘယ်လိုမှ မပတ်သက်ခဲ့ဖူးတဲ့ နေရာ၊ ဘယ်လိုမှ မဝင်ဆံ့ဖူးတဲ့နေရာ၊ ဘယ်လိုမှ အဆက်အစပ်မရှိဖူးတဲ့ နေရာ၊ ဘယ်လိုမှ အဆက်အဆံ မရှိဖူးတဲ့နေရာမှာ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ စုဆောင်းရှာဖွေပေးသူ ဆိုပြီး အဖြူပေါ် အမည်းတင်လိုက်လေတော့ ......။ ”တူမောင်ညို ၂၅ နိုဝင်ဘာ

မစ်ရေနှင့် နတ်သုဒ္ဓါ
ဆူးငှက် အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
သတင်းသမားတယောက်မှာ အဓိကအရေးကြီးတဲ့အချက်က ယုံကြည်ချက်နဲ့ ကျင့်ဝတ်ပါပဲ။ ဒီယုံကြည်ချက်နဲ့ ကျင့်ဝတ်ဆိုတာကတော့ မဟာဗျူဟာပေါ့လေ။ မဟာဗျူဟာက မှန်ကန်ရမယ်။ အမှန်တရားအတွက်၊ ပြည်သူအတွက်ပဲဖြစ်ရမယ်။ ကောင်းပြီ....ဒီမဟာဗျူဟာကို အကောင်အထည်ဖော်ရမှာက နည်းဗျူဟာပိုင်းပေါ့။ နည်းဗျူဟာပိုင်းကလဲ အရေးကြီးတယ်။ တဖက်က အမှန်တရားဆိုတာလဲဖြစ်နေတယ်။ ပြည်သူလူထုအတွက် အသိပေးရမှာလဲဖြစ်တယ်။ တိုင်းပြည်အတွက်လဲ ဒီအသိပေးခြင်းက တကယ်အကျိုးရှိတယ်။ ဒါပေမဲ့ အခက်အခဲအကျပ်အတည်းတွေ ဖြစ်နေတယ်။ ဒီအခက်အခဲက သာမန်မျှလဲဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကြီးကြီးမားမားဖြစ်ချင်ဖြစ်မယ်။ အန္တရာယ်ဖြစ်လောက်တာလဲဖြစ်နိုင်တယ်။ လိုအပ်ရင် အသက်တောင်မှ စွန့်ရင်စွန့်ရမယ်။ အမှန်တရားဆိုတာကလဲ အချိန်အခါလိုက်ပြီး၊ နေရာလိုက်ပြီး၊ ပုတ်သင်ညို အရောင်ပြောင်းသလို လုပ်လို့ မရဘူး။ ကိုယ့်ယုံကြည်ချက်ခိုင်မာမှုကို အခြေခံပြီး အမှန်တရားဆိုတာ အမြဲတမ်းတသမတ်ထဲ ဖြစ်နေရမယ်။
အမှားနဲ့ အမှန်ကြားမှာ သတင်းသမား တယောက် (ဝါ) သတင်း မီဒီယာတခုဟာ ဘက်မလိုက်ဝါဒ ကျင့်သုံးစရာ မလိုဘူး။ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့။စစ်အေးကာလတုန်းက ဗီယက်နမ်စစ်ပွဲကြီးနဲ့ ကြုံရတယ်။ အဲ့ဒီအချိန်ပြည်သူ့ဘက်ကရှိတဲ့ သတင်းစာတွေက တလျှောက်လုံး ဗီယက်နမ်ပြည်သူဘက်က ရပ်တည်ပြီး ကျူးကျော်သူကို ဆန့်ကျင်ခဲ့တယ်။ စစ်ပွဲကြီးကာလအတွင်း အမှန်တရားဆိုတာ ကိုယ့်အမြင်၊သူ့အမြင် ကွဲနိုင်ပါတယ်။ အမြင်ဆိုတာ နှစ်မျိုးရှိတာပေါ့၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး၊ သူ့ဘက်ကကြည့်တော့ လက်ဖဝါးလို့ ဘယ်လိုပဲစောဒက တက်ပါစေ၊ ဒါဟာ လောကနိယာမလို့ ဘယ်လိုပဲပြောပါစေ၊ တကယ်တော့ အမှန်တရားဆိုတာ တခုထဲပဲရှိပါတယ်။ ဗီယက်နမ်စစ်ပွဲကြီးပြီးတဲ့အချိန် ကျူးကျော်သူကိုယ်နှိုက်က သူတို့မှားပါတယ်လို့ ဝန်ခံရတာပဲ။ ဒီမှာ တရားကိုယ်သဘောအရ တရားတဲ့စစ်၊ မတရားစစ်အမြင်နဲ့ ကြည့်ရင် ကျူးကျော်စစ်က မှားတယ်။ ကျူးကျော်မှုကို ခုခံကာကွယ်တဲ့စစ်က မှန်တယ်။ ဖိနှိပ်သူရဲ့ ဖိနှိပ်စစ်၊ ဖိနှိပ်ခြင်းလုပ်ရပ်က မှားတယ်။အဖိနှိပ်ခံသူက မတရားလို့ ပြန်လှန်ဆန့်ကျင်တာ မှန်တယ်။ ဒီနေရာမှာ သူ့အမြင်ကိုယ့်အမြင်ဆိုတာမရှိဘူး။ လက်ဖမိုး၊ လက်ဖဝါးဆိုတာလဲ မရှိဘူး။ ဒီတော့ ကျူးကျော်စစ်နဲ့ ခုခံစစ်ကြား၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြား၊ မတရားမှုနဲ့ တရားမှုကြား၊ အဓမ္မနဲ့ ဓမ္မကြား ကြားနေပါတယ် ဆိုတာလဲ မရှိနိုင်ဘူး။ ဒီတော့ သတင်းသမားက အဲ့ဒီလိုကိစ္စတွေမှာ ဘယ်ဘက်မှမလိုက်ဘဲ ကြားနေမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမှားနဲ့ အမှန်ကြားမှာ ဘက်မလိုက်ဘူးကြားနေတယ် ဆိုသူကိုယ်နှိုက်က အမှားတဝက်ကို သေချာပေါက်ကျူးလွန်ထားတာပါပဲ။ အမှားနဲ့ အမှန်ကြားမှာ သတင်းသမားတယောက် (ဝါ) သတင်းမီဒီယာတခုဟာ ဘက်မလိုက်ဝါဒ ကျင့်သုံးစရာ မလိုဘူး။ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့။ နောက်တခုက သတင်းသမားတယောက်အတွက် အဓိကနဲ့သာမည ခွဲခြားတတ်ဖို့လဲ အရေးကြီးတယ်။ သာမညကို အဓိကနေရာမှာထားပြီး ဗိန်းဗောင်းတိုက်ရင်လဲ လူမုန်းများမယ်။ အဓိကကို သာမည မှတ်ပြီး လက်ရှောင်ရင်လဲ တာဝန်မကျေဘူး။ ဖားရိုက်ရာမှာ ဗန္ဓုလသွေး သုံးစရာမလိုသလို...ကျားလေးတွေယူချင်ရင် ကျားအောင်းရာ ဂူထဲဝင်ရမှာပဲလေ...။ ဒီနည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အကင်းပါးမှု၊ အဓိက သာမည ခွဲခြားနိုင်မှုလိုအပ်သလို အရေးကြီးတာတခုက ဘယ်လောက်ပဲအခက်အခဲရှိလို့အမှန်ကို မရေးသားနိုင်ရင် ရှိပါစေ...။ အမှားကို ဘယ်တော့မှ ဆင်ခြေ အမျိုးမျိုးပြပြီး အမှန်လို့ မရေးမိကြဖို့ အရေးကြီးပါတယ်....။
ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့သားခဲ့ရတဲ့ အိမ်နီးချင်း မိတ်ဆွေကြီး ကရော အခုထိကျမတို့အတွက် မိတ်ဆွေ ဖြစ်နေသေးပါရဲ့လား။အမှားကြာရင်၊ အမှားကိုပဲ ထပ်ကာတလဲလဲ ပြောနေရေးနေရင် အဲဒီအမှားက အမှန်ဖြစ်သွားတတ်တယ်။ အမှားကို အမှန်လို့ အားနာလို့ဖြစ်စေ၊ မတတ်လို့ဖြစ်စေ၊ တုတ်မိုးထားလို့ ဖြစ်စေ၊ အရေးမကြီးပါဘူးလို့ ယူဆလို့ ဖြစ်စေ... သတင်းသမား တစ်ယောက်အနေနဲ့ မရေးမိဖို့ပါပဲ။ အမှားဆိုတဲ့ မစင်တစက်ကြောင့် ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့တဲ့ ယုံကြည်ချက်(ဝါ) လုပ်ဆောင်ချက်ဆိုတဲ့ နတ်သုဒ္ဓါကြီးကို နှာခေါင်းရှုံ့ ပြီး လွှင့်ပစ်လိုက်ရတယ်။ ကျနော်ကိုယ်နှိုက်ကပဲ ဒီရက်ပိုင်းမှာ ကြီးကြီးမားမား ဘဝနဲ့ရင်းရလောက်တဲ့ သင်ခန်းစာတခုရခဲ့တယ်။ ဗဟုဝါဒခေတ်မှာ အရင်လို ခွဲခွဲခြားခြား လားလားမုန်းထားစရာမလိုဘဲ လူမှုဆက်ဆံရေးဆိုတာ ယုံကြည်ချက်ကြီး တစ်ခုလုံးနဲ့စာရင် အဓိကတော့ မဖြစ်လောက်ပါဘူး၊ အားလုံးဟာ နည်းဗျူဟာမှာပဲ ကွဲနေကြလို့ပါ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ စကားအတိုင်း မိတ်ဆွေလိုပဲ သဘောထားပြီး မိတ်ဆွေတဦးကို ကျနော် စုဆောင်းထားတဲ့ ဒုတိယကမ္ဘာစစ်ကြီးကာလ အင်္ဂလိပ်တွေ မိုင်းခွဲဖျက်ဆီးသွားတဲ့ အင်းဝ တံတားကြီးရဲ့ ရှေးဟောင်းဓာတ်ပုံနှစ်ပုံကို စာအုပ်တအုပ်ထဲက ကော်ပီကူးပြီး ပေးလိုက်မိပါတယ်။ အဲဒီမိတ်ဆွေကတဆင့်..... နောက်တဆင့် ......။ အဲဒီနောက်တဆင့်ကမှ နောက်တဆင့် ...... ။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဘယ်လိုမှ မပတ်သက်ခဲ့ဖူးတဲ့ နေရာ၊ ဘယ်လိုမှ မဝင်ဆံ့ဖူးတဲ့နေရာ၊ ဘယ်လိုမှ အဆက်အစပ်မရှိဖူးတဲ့ နေရာ၊ ဘယ်လိုမှ အဆက်အဆံ မရှိဖူးတဲ့နေရာမှာ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ စုဆောင်းရှာဖွေပေးသူ ဆိုပြီး အဖြူပေါ် အမည်းတင်လိုက်လေတော့ ......။ ကျနော် ဒီနေရာမှာ စာပေကျေးဇူးရှင် ဒေါ်ဒေါ်လူထုဒေါ်အမာ ပြောကြားခဲ့ဖူးတဲ့စကား တခွန်းကို သတိရမိတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလကပေါ့။ ဒေါ်ဒေါ်ကိုယ်နှိုက်က လေးစားတဲ့၊ ကျနော်တို့လဲ အဆက်မပြတ်အောင် အငမ်းမရ လိုက်ဖတ်နေရတဲ့ စာရေးဆရာကြီး တယောက်က ဒေါ်ဒေါ့်ဆီရောက်တုန်း ဒေါ်အမာ ကျနော်ရေးတာတွေ ဖတ်ဖြစ်ပါရဲ့လား။ ဘယ်လိုသဘောရပါသလဲ လို့မေးတယ်။ ဒီတော့ဒေါ်ဒေါ်က ဆရာကြီးကိုပြုံးကြည့်ပြီး ရှင်ရေးတာတွေ ကောင်းပါတယ်။ ကျမအမြဲတမ်း စောင့်ဖတ်တယ်။ ဒီလို အကြောင်းအရာတွေက ရှင်ကလွဲပြီး ဘယ်သူမှ မရေးနိုင်ဘူး။ ရှင်နဲ့ ရှင့်အသိုင်းအဝိုင်းပဲ ကိုယ်တွေ့ကြုံရတဲ့ ကိစ္စတွေ ဟုတ်လား။ ဒါပေမယ့် မြစ်ရေတွေက စီးဆင်းနေပြီရှင့်။ ၁၈ ရာစု၊ ၁၉ ရာစုက နယ်ချဲ့အရင်းရှင်၊ ကိုလိုနီနယ်ချဲ့၊ နယ်ချဲ့လက်ပါးစေ၊ နယ်ချဲ့ပုဆိန်ရိုး ဆိုတာတွေက ဒီကနေ့ ၂ဝ ရာစုနှောင်းပိုင်းမှာရော ဟုတ်ပါသေးရဲ့လား။ ခုထိမျက်စိမှိတ်ပြီး ဆန့်ကျင်နေဦးမှာလား။ ရှင်တို့ ကျမတို့ ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့သားခဲ့ရတဲ့ အိမ်နီးချင်း မိတ်ဆွေကြီးကရော အခုထိ ကျမတို့အတွက် မိတ်ဆွေဖြစ်နေသေးပါရဲ့လား။ ဒီတော့ အင်မတန်ကောင်းမွန်တဲ့ ရှင့်စာတွေထဲက နတ်သုဒ္ဓါထဲ ၁၈ ရာစု၊ ၁၉ ရာစုက ရန်သူ အသုံးအနှုန်းတွေ ဖောဖောသီသီပါနေတော့ ကျမကတော့ မစင်တစက်လို ခံစားရတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။
ငယ်ငယ်က သင်ကြားခဲ့ရဖူးတဲ့ သင်ခန်းစာ တခုကတော့ မှန်နေဆဲပါ။ မမေ့သူကတော့ အစွဲအလမ်းကြီးကြီး အမှတ်အသား အကြီး ကြီးနဲ့ အမြဲတမ်း ဂရုတစိုက် ကြည့်နေတယ်။ သူက တော့ သဘောထားပြင်မှာမဟုတ် ဆိုတာပါ။... ရေရှည်မကြည့်ဘဲ မျက်တောင်မွေးတဆုံး သာကြည့်ပြီး မှန်တယ်ဆိုကာ လျှောက်လှမ်း မိလိုက်တဲ့ ခြေလှမ်းတလှမ်း မှားတာနဲ့ ချောက်ထဲ ကျနိုင်တယ်။ တကယ်တော့ ဒီစကားတွေဟာ ကျနော်တို့ စာပေဘဝလမ်း အတွက် အတွေးအခေါ်တွေပါပဲ။ မြစ်ရေက စီးဆင်းနေတယ်။ မြစ်ထဲကို နှစ်ခါ ခုန်ဆင်းလို့မရဘူး။ အမြဲတမ်းရန်သူ မဟုတ်ဘူး။ အမြဲတမ်း မိတ်ဆွေ မဟုတ်ဘူး။ ဒါက လောကကြီး တခုလုံးအတွက် နိယာမတရားပါ။ ဒါပေမဲ့ ကာလတို ဆယ်စုပိုင်းခြားနှစ်တွေ အတွင်းမှာလဲ ဒီနိယာမတရား မှန်ကန်စေချင်ပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ကြားခဲ့ရဖူးတဲ့ သင်ခန်းစာ တခုကတော့ မှန်နေဆဲပါ။ မမေ့သူကတော့ အစွဲအလမ်းကြီးကြီး အမှတ်အသား အကြီးကြီးနဲ့ အမြဲတမ်း ဂရုတစိုက် ကြည့်နေတယ်။ သူကတော့ သဘောထားပြင်မှာမဟုတ် ဆိုတာပါ။ ယုံကြည်ချက်နဲ့ ကျင့်ဝတ်ဆိုတာ မဟာဗျူဟာပါ။ ဒီမဟာဗျူဟာကို ဖော်ဆောင် လျှောက်လှမ်းတဲ့ နည်းဗျူဟာက အမြဲတမ်းမှန်နေဖို့ အရေးကြီးတယ်။ ခြေလှမ်းတလှမ်းကလဲ အရေးကြီးတယ်။ ရေရှည်မကြည့်ဘဲ မျက်တောင်မွေး တဆုံးသာကြည့်ပြီး မှန်တယ်ဆိုကာ လျှောက်လှမ်းမိလိုက်တဲ့ ခြေလှမ်းတလှမ်း မှားတာနဲ့ ချောက်ထဲ ကျနိုင်တယ်။ တဦးတယောက်ကိစ္စက ပြဿနာမရှိ။ သူ့အသက်တချောင်း ဆုံးရှုံးရုံ.....။ အကယ်၍ ကလောင်တချောင်းဆိုရင် သမိုင်းက ဒဏ်ခတ်ခံရမယ်။ ဒီနေရာမှာလဲ ဒီကလောင်တချောင်း ဆုံးရှုံးရုံပေါ့။ အကယ်၍ စတုတ္ထမဏ္ဍိုင်နေရာမှာ ရှိနေရမယ့် သတင်းသမားတယောက် (သို့မဟုတ်) ပရိသတ်ရှိသော သတင်းဂျာနယ်၊ သတင်းစာတစောင်ရဲ့ရေးသားချက်၊ ဖော်ပြချက်၊ ရပ်တည်ချက်တွေ အမှတ်မထင်တောင်မှ အမှားအခံနိုင်ပါဘူး။ ဒေါ်ဒေါ်ပြောသလို ဘယ်လောက်အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ မစင်တစက် စင်လိုက်ရင်ပင် လွှင့်ပစ်သွန်ပစ်လိုက်ရတာ မဟုတ်ပါလား

အဆုံးထိဖတ်ရန်...

Wednesday, October 6, 2010

ဦးအေးမြင့်အကြံ



သွေးမြေမကျသောဒီမိုကေ၇စီတိုက်ပွဲအောင်မြင်ေ၇းနှင့်၂၀၀၁ရွေးကောက်ပွဲပယ်ဖျက်ရပ်တန်.စေသောနည်းလမ်း

ဒီမိုကေ၇စီရရှိရေးအတွက်အစွမ်းကုန်ကြိုးစာနေသောတိုက်ပွဲဝင်အမာလိုင်း-အပျော့လိုင်းသမားများကိုပြည်သူလူထုသွေးမြေမကျသောနည်းလမ်း၁ခု-အဖြစ်ထွက်ပေါက်ကို(လမ်းပြကြယ်)အဖွဲ.မှတတ်စွမ်းသမျှဖေါ်ပြလိုက်ပါတယ်၊ပထမဦးစွာပြောကြားလိုတာကပြိုင်တူဝိုင်းရွှေ.သောနည်းဖြင့်အပျော.အမာမခွဲခြားပဲလက်တွဲတိုက်ပွဲဝင်၇န်ဖြစ်ပါတယ်-ယခုတင်ပြ--
သည့်ကိစ္စဟာလည်း(ပြည်ပေ၇ာက်အတိုက်အခံအင်အားစုများစုပေါင်းပြီးကမ္ဘာ.ကုလသမဂ္ဂသို.ေ၇ာက်အောင်အပြည်ပြည်ဆိုင်ရာဥပဒေဘောင်ဝင်အောင်ကျိုးစားပြီးနိုင်ငံတကာသိ၇ှိလာစေ၇န်
ဆောင်ရွက်စေလိုသောဆန္ဒကပိုမိုပြင်းပြပါတယ်)။ပထမဦးစွာအောက်ပါအချက်များကိုသိထား၇န်လိုအပ်ပါတယ်------

(၁)၂၀၀၈ခုနှစ်ဖွဲ.ပုံအခြေခံဥပဒေတွင်-ပထမအကြိမ်ပြည်သူ.လွှတ်တော်အားခေါ်ယူကျင်း၇န်အတွက်-ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၄(က)ဟန်.တားပိတ်ပင်နေခြင်း၊ပြည်သူ့လွှတ်တော်ခေါ်
ယူကျင်းပနိုင်ခြင်းမ၇ှိသောကြောင့်အစိုးရဖွဲ.လို.မ၇နိုင်တော့ပါ၊
(၂)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံမှားနေသည့်အချက်မှာပုဒ်မ၁၂၄(က)-ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်။မှတ်ချက်၊ ၊(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်)ဆိုသောစကား၇ပ်အားပါယ်ဖျက်မှသာပထမ
အကြိမ်ပြည်သူ.တော်ကိုကျင်းပလို.၇မည်ဖြစ်ပါတယ်။
(၃)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ--၇၈။ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့် နေ့မှ ၁၅ ရက် အတွင်း
ကျင်းပရမည်။ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်။--(ယခုတင်ပြတဲ့ဥပဒေအ၇--ပြည်ထောင်စုလွှတ်တော်မကျင်းပမှီ-
ပြည်သူ.လွှတ်တော်ကျင်းပခြင်းသည်-ပြည်ထောင်စုလွှတ်မကျင်းပမှီေ၇ှးဦးစွာကျင်းပ၇မည်ဖြစ်ပါတယ်)။
(၄)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ-အခန်း(၁၄)ပုဒ်မ၄၄၁၊-- ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့်ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဋ္ဌာန်း
လိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထေင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည်။(ယင်းပုဒ်မ၏-
အဓိပါယ်မှာ--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအာဏာတည့်သည့်နေမှာပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည်.နေ.ဖြစ်နေသဖြင့်--ဒီနေ၇ာတွင်ဥပဒေပြသနာပေါ်ပေါက်ခဲ့ပါသည်)။
(၅)ဖွဲ.စည်းပုံအခြေခံဥပဒေမပြင်ပဲနေလို့မ၇သောကိစ္စမှာ--၂၀၀၈ခုနှစ်ဖွဲ့စည်းပုံပုဒ်မ၁၂၄(က)တွင်ပါသော(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည်.နောက်)--ဆိုသောစကား၇ပ်ကိုပယ်
ဖျက်လိုအပ်လာပြီဖြစ်ပါတယ်။၂၀၀၈ခုနှစ်ဖွဲ့စည်းပုံပါဥပဒေစကား၇ပ်များကိုပယ်ဖျက်လိုလျှင်------အောက်ပါအချက်များလေ.လာသိ၇ှိထား၇မည်။

(က)ဖွဲ.စည်းပုံအခြေခံဥပဒေပါစကား၇ပ်များကိုပြင်ဆင်ခြင်း။ဖြည်.စွက်ခြင်းလုပ်လိုကပြည်လူထုသဘောထား၇ယူ၇န်၊ဆန္ဒခံယူပွဲပြန်လည်ပြုလုပ်ပြီးမှပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်း
ပြုလုပ်၇ပါသည်။
(ခ)လက်ရှိအုပ်ချုပ်နေသာနအဖအစိုး၇သည်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသောအစိုးရမဟုတ်သဖြင့်လွှတ်တော်ခေါ်အမိန့်အာဏာထုတ်ပြီးပြင်ဆင်လို.မရပါ။
(ဂ)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၄(က)တွင်ပါ၇ှိသော--(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်)ဆိုသောစကား၇ပ်ကိုမပါယ်ဖျက်လျှင်--ပထမအကြိမ်ပြည်သူ.လွှတ်တော်
ခေါ်လို့မ၇တော.--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ-၄၄၁အ၇ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်နေ့မှအာဏာတည်၇မည်ဆိုထားသောကြောင့်--ဥပဒေပါစကား၇ပ်များအ၇ေ၇ှ.နောက်ဗြောင်
ပြန်ဖြစ်နေပါတယ်။ဒါကြာင့်--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေကိုပြင်၇န်-ပြည်တွင်းကလည်းကျိုးစား၇မည်၊ပြည်ပအတိုက်ခံများကလည်းနိုင်ငံတကာသိအောင်အပြည်ပြည်ဆိုင်၇ာဥပဒေဘောင်
အတွင်းေ၇ာက်အောင်ကျိုးစားရမည်။
၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအားရိုးရိုးသားအမှားလား-ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့်မောင်အေးတို့အာဏာမလွှဲအပ်ချင်လို.လျှို.၀ှက်ချက်လားစဉ်းစားစ၇ာလားဖြစ်နေပါတယ်--ဘာကြောင့်လဲ-----

(a)ဦးသိန်းစိန်-ဦးအောင်သောင်းစသည့်တို.---တပ်မတော်မှထွက်ခိုင်းပြိး၊၇ာထူးမှဖယ်၇ှားပြီး--ဗိုလ်ချုပ်များ-ဗိုလ် မှုးချုပ်များကိုတိုင်းမှုးသစ်သစ်အဖြစ်သွေးသစ်လောင်းထားပြီးပြီ။
(b)ဗိုလ်ချုပ်ကြီးမောင်အေးတို့ဦးသန်းရွှေတို.လက်၇ှိ၇ာထူးမှ မထွက်သေးအတိုက်အခံများကယခုဥပဒေမချက်ကိုထောက်ပြသည့်အခါ၂၀၁၀ေ၇ွးကောက်ပွဲကျင်းပပြီးသော်လည်းလွှတ်
တော်ခေါ်မ၇လို.ဖွဲ.စည်းပုံပြင်၇မည်.အကြောင်းပြပြီးအာဏာမလွှဲအပ်ပဲ--နအဖဆက်အုပ်ချုပ်မည့်အစီစဉ်ဆက်သွားမည်ဆိုတာတွေးစ၇ာဖြစ်နေပါသည်၊။

ကဲအတိုက်အခံ-အမာစား-အပျော့စားများေ၇---သပိတ်မှောက်မလား--၂၀၁၀ေ၇ွးကောက်ပွဲဝင်ေ၇ွးကြတာမှန်သလား--ဘယ်လိုဆက်တိုက်မလဲ--ပြည်သူချစ်တဲ့အင်အယ်ဒီပါတီလည်းမှတ်ပုံ
ခြင်းမှပယ်ဖျက်ခံ၇ပြီ၊ဒေါ်စုပြန်လွှတ်လာလျှင်ဘယ်နိုင်ငံေ၇းဇာတ်ခုံပေါ်တက်ဟောမလဲ----စဉ်းစားပါတော.းးးးးး။

ဦးအေးမြင့်(လမ်းပြကြယ်)

၂၀၁၀ခုနှစ်အောက်တိုဘာလ(၄)ရက်

အဆုံးထိဖတ်ရန်...

Friday, August 13, 2010

ဦးဝင်းဖေသို့

သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာတခု မဟုတ်ပါ
အောင်မိုးဝင်း
သြဂုတ်လ ၁၃၊ ၂၀၁၀

ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို ကျောင်းသား တော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ် မှာ စာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားတွေ၊ သူတို့က ပြန်လည် တုံ့ပြန်ငြင်းခုန်စေချင်တယ်။ ထောက်ပြနိုင်တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ အာရုံမှာ ပြန်ဖော်ကြည့်ကြတယ်။ အသေးအဖွဲကိစ္စတွေလို့ ထင်ရပေမယ့် ဂန္ထဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါလို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။
ပေဖူးလွှာ မဂ္ဂဇင်းမှာ ‘တသသ’ ဆိုတဲ့ကဏ္ဍတခုကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ ‘ပိုင်သ’ က အဲ့ဒီကဏ္ဍလေးမှာ သူ ဖြတ်သန်းကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှု တသမှုတွေနဲ့ စိတ်ဝင်စားဖွယ် တင်ပြထားတယ်။
သူက ကဗျာဆရာအဖြစ် ကျင်လည်ရတဲ့ဘဝကို ပြောပြတဲ့အခါ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ဘဝတွေက မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ ပြည့်နေပေမယ့် ယုံကြည်ချက်နဲ့ပတ်သက်ရင်၊ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင် မာနမလျော့ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊ မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို အရာအားလုံးကိုလဲပစ်ဖို့ ဝန်မလေးဘူး။ ဒူးထောက်ဖို့ ဝန်မလေးဘူး။ မာန မရှိဘူး။ ကိုယ်လိုချင်တဲ့အရာတွေအတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။
ပိုင်သက ဒါရိုက်တာအဖြစ် ကျင်လည်နေရတဲ့ဘဝတွေထဲက ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမယ့် ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖော်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ စုဝေးရာနေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ်လို့ ဆိုတယ်။ ပိုင်သ ကို ကျနော် မရင်းနှီးပါဘူး။ ဒါပေမယ့် တသသထဲမှာ ပွင့်လင်းစွာရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။

(၁)

ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ ‘မဟာ’ စီးရီးကို မှတ်မိကြမလား မသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာ သူ့ကို အသုံးချပြီး ဝါဒဖြန့် သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကိုဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ် ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ “ဇော်ဝင်းထွဋ်ရဲ့ မဟာ သီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်” လို့။
ဖြစ်ချင်တော့ တရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းအဝင်မှာ ဖွင့်ထားတဲ့ ‘ဟယ်လို’ လ္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်း ဖွင့်နေသံကို ကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကို ဆင်းလာကြတယ်။ နောက် ဆိုင်ရှင်ကို မေးတယ်။ ဒီသီချင်းခွေကို ဘယ်သူယူလာတာလဲလို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး လ္ဘက်ရည်ဆိုင်ထဲကနေ ထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ ကျနော်တို့တတွေ တယောက်ကိုတယောက် သိကြတာပဲ။ ကျနော်တို့လည်း ရန်ကုန် စက်မှုတက္ကသိုလ်နဲ့ ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ။ ဒါပေမယ့် မူ ကိုတော့ အလျော့ပေးလို့မရဘူး။ ဇော်ဝင်းထွဋ် ရဲ့ မဟာခွေကိုဖွင့်တဲ့ဆိုင် ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။
ဒီ ရပ်တည်ချက်ကို ချိုးဖောက်လာသူတွေအားလုံးကို တုံ့ပြန်ရမယ်ဆိုတာ အားလုံးဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ်ဆိုတာသိပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ခံစားချက်၊ မူဝါဒကို နားလည်ပေးဖို့လိုမယ်။ သူတို့ နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လ္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမယ့် သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေ နေရာယူလာခဲ့ဖူးတယ်။
(၂)

စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေး ရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့်သီချင်းတွေ ရေးနေတဲ့ မြသန်းစံရဲ့သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ပြဿနာတွေ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ အားနည်းချက်ကို စစ်အစိုးရကကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမယ့်၊ ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမယ့် ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။

(၃)

ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အကြီးအကျယ် ဆက်ဆံရေးပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ပါ။
စိုးမြတ်သူဇာ က နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန် စက်မှုတက္ကသိုလ်ဆီကို ရုပ်ရှင်ကား ရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူး လက်ဘက်ရည်ဆိုင်ရှေ့မှာ ရောက်လာတဲ့ စိုးမြတ်သူဇာ ကို ကျောင်းသားတယောက်က “အစိုးရကိုဖားလို့ အကယ်ဒမီဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ”လို့ အော်ပြီး လက်ခုပ်တီးလိုက်တယ်။
စိုးမြတ်သူဇာ ကလည်း အင်မတန် မောက်မာသူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။
“ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးမယ်” ဆိုပြီး ထွီ ထွမ် လုပ်သွားခဲ့တယ်။ လ္ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေ လျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေက အစ၊ ရိုက်ကွင်းဆီကို လိုက်သွားကြတယ်။ ရိုက်ကွင်းကို ချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင် ပြဿနာက များလာတော့မှာဆိုတော့ သူတို့တတွေ ရိုက်ကွင်းသိမ်းပြန်သွားရတယ်။
ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာ က စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် ဦးကြင်စိုးက ကျနော့် သူငယ်ချင်းကို ကျောင်းထုတ်ဖို့ ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင်အတွင်းက ယောင်္ကျားလေးဆောင် ၆ ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကိုတောင်းယူလိုက်ပြီး ဦးကြင်စိုး ကို သတိပေးလိုက်တယ်။
ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ ဖက်ခွက်စားကို အရေးမယူပဲ ကျနော်တို့ သူငယ်ချင်းကို ကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် အားလုံးအသင့်ပြင်ထားပါပြီလို့။ ကျောင်းအာဏာပိုင်တွေက ကျနော့်တို့ကို ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖော်ပြခြင်း မပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။
တကယ်တော့ ၁၉၉၆ ကာလ၊ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကို ပြန်မြှင့်ရတော့မယ်ဆိုတာ သဘောပေါက်နေကြ တယ်။ ဒီလိုနဲ့ … မတ်လ ၁၃ ရက် အခမ်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွ ဖောက်ခွဲကြတော့တယ်။

(၄)


အနုပညာသည်တွေဘက်က အလွန်အကျွံ ကာကွယ်ပြောဆိုပြီး ပြည်ပနိုင်ငံရေးသမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ ဒုက္ခတွေအောက်မှာ ရပ်တည်နေရတဲ့သူတွေရဲ့ ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးဘဲ တလျောက်လုံး အခွင့်အရေးတွေရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။
“ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရ ဝါဒဖြန့်ချိရေးဇာတ်ကား ရိုက်ရကောင်းလားလို့ အပြစ်တင်နေကြမလား။ အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်” ဆိုတော့ ဗိုလ်အောင်ကြီးရဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိရမိတယ်။
သေချာစဉ်းစားပါဦး ဆရာတို့ရယ်။ တချို့အနုပညာသမားတွေက ဟိုဘက်ကသာရင် ဟိုဘက်ကို ပေါင်းမယ်။ ဒီဘက်ကသာရင် ဒီဘက် ပေါင်းမယ်။ ပြီးရင် ရတဲ့အခွင့်အရေးကို ယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ်ဆိုတာ လူဗြိန်းတောင်နားလည်တဲ့ အဲ့ဒီလောကသားအများစုရဲ့ အဖြစ်အပျက်တွေ ပါ။ အထူးအဆန်းတွေ မဟုတ်ပါဘူး။ သိပ်လည်း ခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို “သူတို့က အစိုးရ ဖိအားပေးလို့ လုပ်ရတာပါ” ဆိုတာတွေကိုလည်း ရှင်းပြနေစရာမလိုပါဘူး။
“သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများ သုံးဖြုန်းပြလိုက်” ဆိုတဲ့ ခပ်ညံ့ညံ့သီအိုရီတွေလည်း ကျနော်တို့ နားလည်ပါတယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝရောက်ခဲ့ကြသူတွေပါ။ ဘလောက်ကလေး တခုနှစ်ခု ဖွင့်၊ နိုင်ငံရေးကို ဧည့်ခန်းဆောင်မှာ အခန့်သားထိုင် အညွှန့်ခူးစား လူပေါ်လူဇော် လုပ်မယ့် မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှမရှိခဲ့တဲ့သူတွေပါ။
(၅)
ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ‘ပါပီမ’ ရုပ်ရှင် ထွက်လာတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းခနဲ ဘက်ပြောင်းကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လို ချစ်မြတ်နိုးကြောင်း … သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။ တချို့က ကိုယ်ကိုယ်တိုင်က အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ပေါင်းစည်းခဲ့တာ။
ဒါတွေက ဒါရိုက်တာ ပိုင်သ ပြောခဲ့သလိုပဲ “အောင်မြင်မှုအတွက်ဆို မာန ကအစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေ တိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု” အဖြစ် နားလည်ပေးလိုက်ပါတယ်။ မဆန်းကြယ်တဲ့လောကကို မြင့်မြတ်တဲ့ဘုံလို သိပ်မညွှန်းဖို့လည်း လိုပါတယ်။ ပြည်ပမှာရောက်နေတဲ့သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက် ပေါင်းသွားမယ်၊ စည်းရုံးယူရမယ်ဆိုတဲ့သူတွေကို တခုပဲ အကြံပေးချင်ပါတယ်။ သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ မိတ်ဆွေတို့။

(၆)

ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမယ့်လှုပ်ရှားမှုတွေ ပိုမိုအားကောင်း လာခဲ့တယ်။ မင်းသားကြီး ထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကြောင့်ပဲ ပြည်သူတွေက သူတို့ကို ချစ်ခဲ့တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ “ဝင်းဖေလွယ်အိတ်” လို ကြုံရာလျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ချင်း လွှတ်ရတယ်ဆိုတာ လူတွေသိပါတယ်။ ဟတ်ဒ် (Heart) ကိုထိအောင် ပစ်ရတယ်ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။
“ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော … ငြိမ်းချမ်းသာယာသော နယ်မြေ …” ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမယ့် အဝေးရောက် ‘ဂန္ထဝင်’ အဖြစ် ကျန်မနေရစ်ချင်ပါဘူး။ ဆန္ဒပြတယ်ဆိုတာ ဟဒ် ကိုထိအောင် ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့ မဟုတ်ပါဘူး။
“ပြည်တွင်းက ရဲဘော်တွေ ပြောခွင့်မရတဲ့အရာတွေကို ကျမတို့က ပြောနေရတာပါ” တဲ့။ ပြည်တော် မပြန်ခင်မှာ စဉ်းစားစရာတွေ ပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ခေတ်ကြီးမှာ မေ့မေ့လျော့လျော့နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။
တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။
အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ်လို့ ယုံတယ်။
ဟာ့ဒ် ကိုသာ ထိအောင်ပစ်ပါ မိတ်ဆွေတို့။

(ရှင်းလင်းချက် … ဂန္ထဝင် ဆိုတာ Classic ကို ပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး မဟုတ်ပါ။ ဘီဘီစီ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ မှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို လုံးဝ မကြိုက်ပါ။ တကယ်ဆို အနုပညာအရ ဝါရင့်သော၊ သြဇာကြီးမားသောသူများက ပြောသင့်သည်မှာ “ပြည်သူတွေကတော့ အစိုးရကိုတအား မုန်းနေတယ်၊ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ကြားမညပ်စေနဲ့။ သတိထားကြအုံး” ဟူသော စကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိ ပြောစေချင်ပါတယ် ဆရာ။)
(အင်တာနက်အီးမေးက လက်ခံရရှိသော ဆောင်းပါးကို ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါတယ်။ စာရေးသူကို ခွင့်ပြုချက် မတောင်းနိုင်တာ ခွင့်လွှတ်ပါ)
Copy from http://www.moemaka.com/

အဆုံးထိဖတ်ရန်...

Monday, August 2, 2010

အမေရိကားမှာရှိတဲ့ အတိုက်အခံတွေရဲ့ အစွမ်းနှင့် အကျင့်၊ အကြံကို ကြည့်ကြစို့

မိုးသီးဇွန် ၀ိုင်းစုခိုင်သိန်းအား ပန်းကုံးစွပ်မှာလား

လာမည့် ရှစ်ရက်နေ.ဆိုရင် မြန်မာနိုင်ငံရဲ. မမေ့နိုင်စရာ 8-8-88 နေ.ကိုရောက်တော့မယ်၊ရဟန်းရှင်လူကျောင်းသားပြည်သူ များက စစ်အာဏာရှင် ဦးနေ၀င်းအစိုးရကို တော်လှန်ခဲ့သည့် နေ.တခုဖြစ်သလို စစ်အာဏာရှင်တို.ကလည်း လူမဆန်စွာ တိုင်းသူပြည်သားများကို သတ်ဖြတ်ခဲ့မူကြောင့် ကျောင်းသားတွေ သွေးချောင်းစီးခဲ့သည့် သမိုင်းဟာ ဖုံးထားလို.မရပါဘူး၊၊

ရှစ်လေးလုံးသမိုင်းကို ဒီကနေ. စစ်အစိုးရက သမိုင်းအမှန်အား လိန်ညာမူတွေနှင့် “အာရုဏ်ဦးမှာ ဖူးသည့်ကြာ” ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို ရှစ်လေးလုံးမတိုင်မှီ လူထုထဲကို ၀ါဒဖြန်.ခဲ့ပါပြီ၊စစ်အစိုးရ လုပ်ဆောင်ချက်တွေဟာ အမှားတွေဖြစ်တယ် ဆိုတာ ဒါရိုက်တာ တင်သန်းဦးနှင့် သရုပ်ဆောင်တွေဟာ သိပြီးဖြစ်ပါတယ်၊ ရှစ်လေးလုံးသမိုင်းအမှန်ကိုသိပါလျှက် ရှစ်လေးလုံးရဲ. သွေးစတွေဟာ ဘယ်အရာနဲ.မှ အပေးအယူလုပ်လို. မလုပ်ကောင်းတဲ့အရာတခုဖြစ်တယ်၊ဒါကို ပြည်သူက ကျွေးထားတဲ့ အနုပညာသမားများအနေဖြင့် ပြည်သူတွေရဲ. မျက်နှာကိုမကြည့်ဘဲ စစ်အစိုးရနှင့် အပေးအယူလုပ်၍ ဘ၀တနပ်စားဥာဏ်တွေနှင့် သမိုင်းအမှားကို ဇတ်လမ်းရိုက်ခဲ့ကြတယ်၊ရှစ်လေးလုံးသမိုင်းနှင့် တိုင်းသူပြည်သားတွေ အပေါ်မှာ စောင့်စည်းရမည့် သစ္စာတရားပျက်ခဲ့တာ အားလုံးအသိဖြစ်တယ်၊၊

သမိုင်းအစဉ်အလာနှင့် သစ္စာတရားကို တန်ဘိုးထားရမှန်းမသိတဲ့ အနုပညာသမားတွေကို ဗြိတိန်နိုင်ငံ လန်ဒန်မှာရှိကြတဲ့ ဒီမိုကရေစီအင်းအားစုကြီးက ဆန္ဒတွေဖော်ထုတ်ခဲ့ပါပြီ၊အမေရိကန်၊ကနေဒါအပါဝင် တိုင်းပြည် အသီးသီးမှာ ရှိနေသည့် ဒီမိုကရေစီ အင်အားစုကြီးက ရှစ်လေးလုံးသမိုင်း မရိုင်းရအောင် စစ်အာဏာရှင်တို.ရဲ. ၀ါဒဖြန်. ဇတ်ကားကို ရိုက်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းအပါဝင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဆန္ဒပြရန် ရှစ်လေးလုံး နေ.ရက် နီးကပ် လာပါပြီ၊အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇတ်ကားမှာ တက်တက်ကြွကြွသရုပ်ဆောင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အခုဆိုရင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို.က NLD အဖွဲ.၀င်များနှင့် ကျောင်းသားသမဂ္ဂများက ဖိတ်ကြားထားလို. စတိတ်ရိုး တခုအဖြစ် 8-8-2010 နေ.ဘတ်ဖဲလိုးမြို.၌ သီချင်းဆို ဖျော်ဖြေမည်ဟု သိရပါတယ်၊၊

8-8-88 သမိုင်းအမှန်ကို ဆော်ကားခဲ့သည့် အနုပညာသမားများက 8-8-နေ.မှာပဲ ဘတ်ဖဲလိုးမြိုမှာ ကျင်းပမယ်ဆိုတော့ ထူးဆန်းနေပါတယ်၊ကာရိုလိုင်းနပြည်နယ်နှင့် ကာလီဖိုးနီးယားပြည်နယ်တွေမှာလဲ စီစဉ်ထားတယ်လို. အင်တာနက် စာမျက်နှာများမှာတွေ.နေရပါတယ်၊၊ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ရဲဘော်များဟာ နယူးယောက်ပြည်နယ် အထက်ပိုင်းမြို.တွေမှာ များစွာရှိနေပါတယ်၊အင်ဒီယားနယ်ပြည် ဖော့ဝိန်းအစ အမေရိကန် ပြည်နယ်အများပြားမှာ 88 ကျောင်းသားခေါင်းဆောင်တွေဟာ သူတို.သမိုင်းကို သူတို.ဘာတွေလုပ်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာပါ၊၊

88 လေးလုံးက မိုးသီးဇွန် ၀ိုင်းစုခိုင်သိန်းကို ပန်းကုံးစွတ်မှာလား၊မန္တလေး ဗကသ အောင်မိုးဝင်း၊ သံဃ ဥသျှောင်ရဲ. ဦးဆောင်ဆရာတော် ဦးစန္ဒောဘာသဘုရား၊ ဆရာတော်တို.မြိုနှင့် ပြည်နယ်မှာ 88သမိုင်းကို လိန်နေသူ တွေရောက်အောင် လုပ်ဆောင်နေတဲ့ အပေးအယူသမား ဘတ်ဖဲလိုးက NLD ငမိုက်သားများကို မဆုံးမ တော့ဘူးလား ဘုရား၊ဆရာတော်ရဲ. ရဲရင့်ပြတ်သားတဲ့ ရပ်တည်ချက်ကို လူကိုယ်တိုင်မတွေ.ဘူးပေမဲ့ အင်တာနက်နှင့် မီဒီယာများမှာ သိခွင့်ရခဲ့ပါတယ်၊အခု 88 သမိုင်းကို ဗြောင်းပြန်လုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်း ဘတ်ဖဲလိုးမြို. လာရောက်မှာကို ဆရာတော် သိပါလား၊၊

88 တပည့်တော်မ (အင်္ဂလန်)

အဆုံးထိဖတ်ရန်...

Saturday, May 29, 2010

ရှက်တတ်ရင် သေသင့်တာကြာပြီ

မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ
စိန်အိုးစည် / ၂၈ မေ ၂၀၁၀


ငရုတ်ဆုံထောင်းနေရင်း လေပုပ်ထုတ်ကုန်းသို့ မြန်မြန်ထွက်ခွင့်ရရန် ရွှေဂျိုး အကြံထုတ်လျက်ရှိသည်။ ပေါ်လာသည့် အကြံအတိုင်း အိမ်သူသက်ထား ဇနီးမယား ရေအိမ်မှ ထွက်အလာတွင် “အား လား လား” ဟု အသံကျယ်ကြီးပြုကာ ငရုတ်ကျည်ပွေ့ကို လက်ထဲမှ ရွှေဂျိုး လွှတ်ချလိုက်သည်။ ထိုအခါ အိမ်သူသက်ထား ဇနီးမယားဆီမှ ငှက်ဆိုးသံ (အဲ …) အကြင်နာပိုသည်များရယ်ကွယ် ဆိုသကဲ့သို့သော အသံကလေး ထွက်ပေါ်လာသည်။
“ဘာဖြစ်တာလဲ ကိုရွှေဂျိုး၊ လက်ကို ငရုတ်ကျည်ပွေ့နဲ့ ထုမိပြီမဟုတ်လား၊ လုပ်နေတဲ့ အလုပ်ထဲ စိတ်မှမပါတာ ထုမိမှာပေါ့၊ လက်က ငရုတ်ဆုံထောင်းနေပေမယ့် ခြေထောက်က လေပုပ်ထုတ်ကုန်း ရောက်နေတာကိုး၊ ဖယ် ဖယ် တော့်ကို ခိုင်းလိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ”

ရွှေဂျိုးလည်း မူယာမာယာမိုး ရွာသွန်းဖြိုးသည့်အနေဖြင့် လက်ကိုတခါခါလုပ်ကာ နံရံကိုမှီပြီး အိပ်စက်နေသည့် သံစုံမြည် အော်ခက်စတြာ စက်ဘီးလေးဆီ ရွရွကလေး လှမ်းခဲ့တော့သည်။ ထို့နောက် စက်ဘီးကို ဖွဖွကလေး မလိုက်သည်တွင် အိမ်သူသက်ထား၏ “ရော့ ဒီမှာ” ဟူသည့် အသံကို ကြားလိုက်ရသဖြင့် ရွေ့တော့မည့် ရွှေဂျိုး၏ ခြေလှမ်းများ တုံ့ဆိုင်းသွားလေသည်။ နောက်လှည့်အကြည့်တွင် ဆယ်ဘတ်စေ့တစေ့ လှမ်းပစ်ပေးသည်ကို တွေ့သဖြင့် အလျင်အမြန် ဖမ်းဆုပ်လိုက်ရသည်။ သို့သော် ဤမျှနှင့် မပြီးသေးဘဲ အိမ်သူသက်ထား ဇနီးမယား၏ မြည်တွန်တောက်တီးသံ ဆက်လက်ထွက်ပေါ်လာပြန်သည်။

“တော်က ပိုက်ဆံယူမသွားဘဲ သူများတိုက်တဲ့ လက်ဖက်ရည် သွားကပ်သောက်မလို့လား။ ရှင် မရှက်ပေမယ့် ကျုပ် ရှက်တယ်ရှင့်။ လက်ဖက်ရည်တခွက်နဲ့ တော်မို့လို့ သူများကို ကျေးဇူးတင်ခံချင်နေတယ် ဟွန်း”

“မဟုတ်ရပါဘူး မိန်းမရာ။ ကိုယ်အပြင်ထွက်ရင် မင်း မကြည့်ရက်ဘူးဆိုတာ ကြိုသိနေလို့ စက်ဘီးကို အရင်မ,နေတာပါ။ ဘယ့်နှယ့် သူများတိုက်တာ ကပ်သောက်ရမလဲကွာ။ မင်း ကြိုက်လို့ ယူထားတဲ့ ကိုယ့်ရဲ့ ဥပဓိရုပ်ကို ကြည့်စမ်းပါဦး မိန်းမရဲ့၊ ကပ်သောက်မယ့် ရုပ်လားဆိုတာ ဟဲ ဟဲ ကိုယ်သွားလိုက်ဦးမယ်နော် ပြန်လာမှ ဟဲ ဟဲ” ဟု မျက်နှာချိုသွေးကာ စက်ဘီးစုတ်ကလေးပေါ် ရွရွလေး ခွရင်း ဖွဖွကလေး နင်းထွက်ခဲ့တော့သည် (အမှန်ကား ရွှေဂျိုး၏ သုံးထည် တရာတန် အင်္ကျီအိတ်ကပ်ထဲတွင် အိမ်သူသက်ထား မသိအောင် ဘတ်ထားသည့် ၂၀ ဘတ်တန်လေးတရွက် ကပ်ညှိနေသည့်အတွက် ဇနီးမယား မရိပ်စားမိခင် အလျင်အမြန် ထွက်ခွာရန် စက်ဘီးကို မ,နေခြင်းဖြစ်သည်)။

လေပုပ်ထုတ်ကုန်းရှေ့အရောက်တွင် တယောက်တည်း အော်ဟစ်ကာ ခုနှစ်ရက်သားသမီးကို အသံဖြင့် နှိပ်စက်နေပြီဖြစ်သော လေအိုး၏ ပြုံးဖြီးဖြီး မျက်နှာကို တွေ့ရလေသည်။

“ဒီစကားလေးအတိုင်း ပြောချင်ပေ … အမတ်မင်းတို့ရေ အဓိပ္ပာယ်ရှိကြ”
“ရွေးကောက်ပွဲကြိုကာလမှာ … ကတိပေးခဲ့တာ ပြန်သတိရကြ”
“ဒီမိုကရေစီရသည့်တိုင် … မယိမ်းမယိုင် ကြိုးစားမယ်တဲ့”
“ပြည်သူလူထု လွတ်မြောက်အောင် … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့”
“ဟေ့ စိန်လား … ဟေ့ မြလား … ဟေး လာ မောင် တို့ ၀ါး လား လား လား လား လား လား လား”

အဆက်မပြတ် အော်ဟစ်ပြီးနောက် လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ရင်း ရယ်နေလေသည်။ ရွှေဂျိုးက အဖျော်ကောင်တာဘက် လှည့်ကြည့်ရင်း အဖျော်ဆရာလေး ပိုက်ထွေးကို လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဟေ့ ပိုက်ထွေး မင်းအစ်ကို ကိုလေအိုး မနက်စောစောစီးစီး ၀က်ရူးပြန်နေတာလားကွ၊ အမြှုပ်မထွက်ရုံ တမယ်ပဲကွာ၊ ဘယ်လိုဖြစ်တာတဲ့တုန်းကွ။ လက်ဖက်ရည်ဖျော်နေရင်းမှ ပိုက်ထွေးက ပြန်အော်ပြောသည်။

ပိုက်ထွေး ။ ။ အရင်သောက်နေတဲ့ဆေး ကုန်သွားလို့နေမှာပေါ့။ သောက်နေကျဆေး မသောက်ရလို့နဲ့တူပါတယ် အစ်ကိုရွှေဂျိုးရာ ဟား ဟား ဟား။

ပိုက်ထွေး၏ ရယ်သံအတိတ်တွင် လေအိုးဘက်လှည့်ကာ ရွှေဂျိုး မေးခွန်းထုတ်လိုက်တော့သည်။

ရွှေဂျိုး ။ ။ ဘယ်လိုဖြစ်လို့ မနက်စောစောစီးစီး ခုနှစ်ရက်သားသမီး နားမချမ်းသာအောင် နှိပ်စက်နေရတာလဲ ကိုလေအိုးရဲ့၊ လင်းစမ်းပါဦး။

လေအိုး ။ ။ ဟား ဟား ဟား ဟား (စကားမစမီ ပါးစပ်ကို လက်နှင့်အုပ်ပြီး လေအိုး ရယ်နေပြန်)၊ ခင်ဗျား မသိဘူးလား ကိုရွှေဂျိုး၊ ဒီနေ့ နှစ် (၂၀) ပြည့် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့လေဗျာ။ အဲဒါ ကျုပ်တို့မိတ်ဆွေကြီး ကိုမြတ်ထက်ရဲ့ “စိတ်ကူးမပြင် ထိပ်ဖူးဝင်လိမ့်” သံချပ်ကို သတိရပြီး အမှတ်တရ သံချပ်တိုင်နေတာဗျ။

ရွှေဂျိုး ။ ။ အော် ဒီလိုလား။ ဒါပေမယ့်ဗျာ ခင်ဗျား ဘယ်လောက်ပဲ ကုန်းအော်အော် အမတ်မင်းတွေက နားပင်းချင်ယောင်ဆောင်နေတာဗျ။ ထိပ်ဖူးပဲ ၀င်ဝင်၊ တတောင့်လုံးပဲ ၀င်ဝင် သူတို့က စိတ်ကူးပြင်မယ့်ပုံတော့ မပေါ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တချို့အမတ်တွေဆို တတိယနိုင်ငံမှာ စူချီတွေ ကုန်းရုန်းလိပ်နေရတယ်လေဗျာ၊ တချို့အမတ်တွေကျတော့လည်း ဒုက္ခသည်စခန်းထဲ ရောက်နေကြတာဗျ။ အဲ … တချို့အမတ်တွေကျတော့ စမောတွေ့ပြီး မနောခွေ့နေလို့ ခင်ဗျားအော်တာကို ကြားနိုင်မှာမဟုတ်ဘူးဗျ။ အားရှိစရာပေါ့ဗျာ ဟား ဟား ဟား။ သူတို့တွေ အတောင့်လိုက် (အဲ …) ထိပ်ဖူးအ၀င်ခံခဲ့လို့လည်း အခုလို ရွေးကောက်ပွဲ နှစ် (၂၀) ပြည့် နှစ်ပတ်လည်အခမ်းအနားတွေပဲ ကျင်းပနေရတာပေါ့။ မဟုတ်ရင်လား ကျုပ်တို့မြန်မာပြည် ဂန္ဒီခန်းမအစည်းအဝေးပြီးကတည်းက အောင်ပွဲခံတာ ကြာလှပေါ့။

လေအိုး ။ ။ အေးဗျာ … ဒီလိုမှန်းသိရင် ၉၀ ရွေးကောက်ပွဲတုန်းက လေအိုးတို့အိမ်က ဂုတ်ကျားကို ၀င်ပြိုင်ခိုင်းခဲ့ပါတယ်။ ဂုတ်ကျားကမှ နအဖကို ဟောင်ဖော်၊ ကိုက်ဆွဲဖော်ရဦးမယ်။ အခုတော့ “ကတိတွေ ပေးထားတာလည်း … လွန်နေပြီကော မောင့်အချစ်ရာ …. မိန်းမချောကို မညာပါဘူး … မောင့်မေတ္တာ ပိုပါတယ်” ဆိုတဲ့ အမတ်တွေ ဘယ်ရောက်နေကြလဲမသိ၊ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းကတော့ “ဒီမိုကရေစီရသည့်တိုင် … မယိမ်းမယိုင် ကြိုးစားမယ်တဲ့” “ပြည်သူလူထု လွတ်မြောက်အောင် … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့” ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။

ရွှေဂျိုး ။ ။ ကိုလေအိုးကလည်းဗျာ အရေးထဲ ၀က်ဆိုးသံနဲ့ သီချင်းဆိုပြနေသေးတယ်။ အမတ်မင်းတွေကို စိတ်ညစ်ရတဲ့အထဲ စကားကို ကောင်းကောင်းပြောစမ်းပါဗျ။

ထိုစဉ် လက်ဖက်ရည်နှင့် ရေနွေးအိုး လာချသည့် အဖျော်ဆရာလေး ပိုက်ထွေး၏ မိုဘိုင်းလ်ဖုန်းမှ တေးသံသာတပုဒ် လွှင့်ထုတ်လို့နေပြန်သည်။

“မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ …”

ပိုက်ထွေး၏ သီချင်းသံကို နားစွင့်ရုံရှိသေး လေအိုး၏ ပါးစပ်သေနတ်က ကြားဖြတ်ဝင်လာသည်။

လေအိုး ။ ။ ဖုန်းပေါင်ထားတာ ပြန်ရွေးပြီးပြီပေါ့လေ ဟုတ်လား ပိုက်ထွေး။ ဒါပေမယ့်ကွာ … အသံနဲ့ နှိပ်စက်မယ်ဆိုရင်တော့ ဖြူဖြူကျော်သိန်းတို့၊ အယ်လ်ဆိုင်းဇီတို့နဲ့ နှိပ်စက်တာပဲ လေအိုးတို့က ခံချင်တာကွ။ အခုတော့ ပြင်ဦးလွင်က ဘယ်ဂေါ်ရခါးမကို တမ်းတနေပြန်တာလဲ ပိုက်ထွေးရာ မင့်သီချင်းကလည်း …

ပိုက်ထွေး ။ ။ အစ်ကိုလေအိုးတို့က အနုပညာနဲ့ မိုင်ပေါင်းကုဋေလောက်ဝေးနေတော့ ရှင်းပြလည်း ဘယ်နားလည်မှာလဲနော် ဟုတ်တယ်မဟုတ်လား အစ်ကိုရွှေဂျိုး။

လေအိုးကို သာသာနှင့်နာနာ နှက်ပြီးနောက် ပိုက်ထွေး အဖျော်ကောင်တာဆီ ပြုံးပြုံးလေး ပြန်လစ်သွားလေသည်။ ထို့နောက် ရွှေဂျိုးက စကားစ ပြန်ဆက်လိုက်သည်။

ရွှေဂျိုး ။ ။ ကဲပါ ကိုလေအိုးရာ၊ အားအားရှိ ပိုက်ထွေးကိုပဲ ပြဿနာရှာမနေစမ်းပါနဲ့။ စကားအကောင်း ဆက်ကြရအောင်ပါ။ ဒီလိုဗျာ အမတ်မင်းတွေက ခုနက ခင်ဗျားတိုင်တဲ့ သံချပ်ထဲကလို ကတိတွေပေးတုန်းက ပေးပြီး အခုကျမှ ဘာဖြစ်လို့ ရူးချင်ယောင်ဆောင်နေရတာလဲဗျ။ ပြည်သူကပေးတဲ့ မန်းဒိတ်နဲ့ အစိုးရဖွဲ့ရမှာ သူတို့တာဝန်မဟုတ်လားဗျ။

လေအိုး ။ ။ အော်ဗျာ အဲဒီတုန်းက သူတို့လည်း ဒေါ်စုအရှိန်အ၀ါနဲ့ အာဏာကို လွယ်လွယ်ရမယ်ထင်ပြီး လျှာအရိုးမရှိ ကတိတွေ လျှောက်ပေးခဲ့တာနေမှာပေါ့။ ကလိန်ကကျစ် နအဖနဲ့ တကယ့်နဖူးတွေ့ဒူးတွေ့လည်း ရင်ဆိုင်ရရော အရည်အချင်းတွေ ပေါ်တော့တာနေမယ်ဗျ။ အာဏာရှင်ဆိုတာကတော့ ဖိနှိပ်မှာ၊ ရက်စက်မှာ သဘာဝပဲလေဗျာ။ သူ့အလုပ်ပဲဗျ။ အဲဒီကြားထဲကပဲ အစိုးရဖွဲ့နိုင်အောင် ကြံဆောင်ရမှာ အမတ်မင်းတွေ တာဝန်ပေါ့ဗျ။ အခုတော့ သူတို့က ရှေ့ကနေ မားမားမတ်မတ် ဦးမဆောင်ရဲတော့ ပြည်သူတွေ ကျောကော့အောင် ခံကြရတာပေါ့ဗျာ။

ရွှေဂျိုး ။ ။ အေးဗျာ … ကျုပ်တို့က ကိုယ့်ပြည်သူတွေ မြန်မြန်လွတ်မြောက်စေချင်လို့သာ အစိုးရဖွဲ့ပြီး တိုက်ပွဲဝင်ဖို့ တိုက်တွန်းနေရတာ။ အစိုးရဖွဲ့လေမလားဆိုပြီး လည်ပင်းရှည်အောင် မျှော်နေရတာ။ တော်ကြာ အမတ်မင်းတွေက ကျုပ်တို့ တွန်းလေ လန့်လေဖြစ်ပြီး နယ်စပ်ကို ထွက်လာ၊ ပြီးရင် IOM ကားပေါ်တက်ပြီး တတိယနိုင်ငံကို ဒိုးကုန်ကြလို့ လက်ပြနှုတ်ဆက်ရတာပဲ အဖတ်တင်နေပါဦးမယ်ဗျာ။ အရင်အမတ်တွေတုန်းကလည်း အခါခါ လက်ပြခဲ့ရလို့ လက်တောင် တော်တော်ညောင်းနေပြီဗျ ဟား ဟား ဟား။

လေအိုး ။ ။ အင်း အဲသလိုသာဆို ကျုပ်တို့လည်း ခုနက ပိုက်ထွေးဖွင့်တဲ့ သီချင်းလို “မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ” ဆိုတဲ့ကိန်းဆိုက်ပြီပေါ့။ စိတ်ညစ်ပါတယ်ဗျာ။ သူတို့ကို မျှော်နေလည်း အပိုပဲဖြစ်တော့မယ်နဲ့တူပါရဲ့။ ကဲ … အိမ်ကနေ လေအိုးကို အမျှော်ဆိုက်နေမယ့် ချစ်ဇနီးပူပူနွေးနွေးဆီပဲ ပြေးတော့မယ်ဗျာ။ အကျိုးရှိမယ့်ဟာ လုပ်တာပဲ ကောင်းပါတယ် ဟဲ ဟဲ။

ပြောပြောဆိုဆို လေအိုးတယောက် “မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ …” ဟု ဆိုညည်းရင် စက်ဘီးပေါ်တက်ကာ ပြုံးပြုံးကြီး လက်ပြထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း အမတ်မင်းတွေအကြောင်း တွေးရင်း ကျနေသည့် ဆယ့်တကျပ် (အဲ …) စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီးသကာလ တင်းနေသည့် ဆီးအိမ်ကို ပြန်ပိန်အောင် စွမ်းဆောင်ရန်အလို့ငှာ ဆိုင်နောက်ဖေးသို့ ငိုင်လျှောက်ကလေး လျှောက်ခဲ့လေသည်တကား။ ။
Copy from http://www.khitpyaing.org/

အဆုံးထိဖတ်ရန်...