Pages

Monday, August 2, 2010

အမေရိကားမှာရှိတဲ့ အတိုက်အခံတွေရဲ့ အစွမ်းနှင့် အကျင့်၊ အကြံကို ကြည့်ကြစို့

မိုးသီးဇွန် ၀ိုင်းစုခိုင်သိန်းအား ပန်းကုံးစွပ်မှာလား

လာမည့် ရှစ်ရက်နေ.ဆိုရင် မြန်မာနိုင်ငံရဲ. မမေ့နိုင်စရာ 8-8-88 နေ.ကိုရောက်တော့မယ်၊ရဟန်းရှင်လူကျောင်းသားပြည်သူ များက စစ်အာဏာရှင် ဦးနေ၀င်းအစိုးရကို တော်လှန်ခဲ့သည့် နေ.တခုဖြစ်သလို စစ်အာဏာရှင်တို.ကလည်း လူမဆန်စွာ တိုင်းသူပြည်သားများကို သတ်ဖြတ်ခဲ့မူကြောင့် ကျောင်းသားတွေ သွေးချောင်းစီးခဲ့သည့် သမိုင်းဟာ ဖုံးထားလို.မရပါဘူး၊၊

ရှစ်လေးလုံးသမိုင်းကို ဒီကနေ. စစ်အစိုးရက သမိုင်းအမှန်အား လိန်ညာမူတွေနှင့် “အာရုဏ်ဦးမှာ ဖူးသည့်ကြာ” ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကို ရှစ်လေးလုံးမတိုင်မှီ လူထုထဲကို ၀ါဒဖြန်.ခဲ့ပါပြီ၊စစ်အစိုးရ လုပ်ဆောင်ချက်တွေဟာ အမှားတွေဖြစ်တယ် ဆိုတာ ဒါရိုက်တာ တင်သန်းဦးနှင့် သရုပ်ဆောင်တွေဟာ သိပြီးဖြစ်ပါတယ်၊ ရှစ်လေးလုံးသမိုင်းအမှန်ကိုသိပါလျှက် ရှစ်လေးလုံးရဲ. သွေးစတွေဟာ ဘယ်အရာနဲ.မှ အပေးအယူလုပ်လို. မလုပ်ကောင်းတဲ့အရာတခုဖြစ်တယ်၊ဒါကို ပြည်သူက ကျွေးထားတဲ့ အနုပညာသမားများအနေဖြင့် ပြည်သူတွေရဲ. မျက်နှာကိုမကြည့်ဘဲ စစ်အစိုးရနှင့် အပေးအယူလုပ်၍ ဘ၀တနပ်စားဥာဏ်တွေနှင့် သမိုင်းအမှားကို ဇတ်လမ်းရိုက်ခဲ့ကြတယ်၊ရှစ်လေးလုံးသမိုင်းနှင့် တိုင်းသူပြည်သားတွေ အပေါ်မှာ စောင့်စည်းရမည့် သစ္စာတရားပျက်ခဲ့တာ အားလုံးအသိဖြစ်တယ်၊၊

သမိုင်းအစဉ်အလာနှင့် သစ္စာတရားကို တန်ဘိုးထားရမှန်းမသိတဲ့ အနုပညာသမားတွေကို ဗြိတိန်နိုင်ငံ လန်ဒန်မှာရှိကြတဲ့ ဒီမိုကရေစီအင်းအားစုကြီးက ဆန္ဒတွေဖော်ထုတ်ခဲ့ပါပြီ၊အမေရိကန်၊ကနေဒါအပါဝင် တိုင်းပြည် အသီးသီးမှာ ရှိနေသည့် ဒီမိုကရေစီ အင်အားစုကြီးက ရှစ်လေးလုံးသမိုင်း မရိုင်းရအောင် စစ်အာဏာရှင်တို.ရဲ. ၀ါဒဖြန်. ဇတ်ကားကို ရိုက်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းအပါဝင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဆန္ဒပြရန် ရှစ်လေးလုံး နေ.ရက် နီးကပ် လာပါပြီ၊အာရုဏ်ဦးမှာ ဖူးသည့်ကြာ ဇတ်ကားမှာ တက်တက်ကြွကြွသရုပ်ဆောင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အခုဆိုရင် အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို.က NLD အဖွဲ.၀င်များနှင့် ကျောင်းသားသမဂ္ဂများက ဖိတ်ကြားထားလို. စတိတ်ရိုး တခုအဖြစ် 8-8-2010 နေ.ဘတ်ဖဲလိုးမြို.၌ သီချင်းဆို ဖျော်ဖြေမည်ဟု သိရပါတယ်၊၊

8-8-88 သမိုင်းအမှန်ကို ဆော်ကားခဲ့သည့် အနုပညာသမားများက 8-8-နေ.မှာပဲ ဘတ်ဖဲလိုးမြိုမှာ ကျင်းပမယ်ဆိုတော့ ထူးဆန်းနေပါတယ်၊ကာရိုလိုင်းနပြည်နယ်နှင့် ကာလီဖိုးနီးယားပြည်နယ်တွေမှာလဲ စီစဉ်ထားတယ်လို. အင်တာနက် စာမျက်နှာများမှာတွေ.နေရပါတယ်၊၊ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သည့် ရဲဘော်များဟာ နယူးယောက်ပြည်နယ် အထက်ပိုင်းမြို.တွေမှာ များစွာရှိနေပါတယ်၊အင်ဒီယားနယ်ပြည် ဖော့ဝိန်းအစ အမေရိကန် ပြည်နယ်အများပြားမှာ 88 ကျောင်းသားခေါင်းဆောင်တွေဟာ သူတို.သမိုင်းကို သူတို.ဘာတွေလုပ်ကြမယ်ဆိုတာ စောင့်ကြည့်ရမှာပါ၊၊

88 လေးလုံးက မိုးသီးဇွန် ၀ိုင်းစုခိုင်သိန်းကို ပန်းကုံးစွတ်မှာလား၊မန္တလေး ဗကသ အောင်မိုးဝင်း၊ သံဃ ဥသျှောင်ရဲ. ဦးဆောင်ဆရာတော် ဦးစန္ဒောဘာသဘုရား၊ ဆရာတော်တို.မြိုနှင့် ပြည်နယ်မှာ 88သမိုင်းကို လိန်နေသူ တွေရောက်အောင် လုပ်ဆောင်နေတဲ့ အပေးအယူသမား ဘတ်ဖဲလိုးက NLD ငမိုက်သားများကို မဆုံးမ တော့ဘူးလား ဘုရား၊ဆရာတော်ရဲ. ရဲရင့်ပြတ်သားတဲ့ ရပ်တည်ချက်ကို လူကိုယ်တိုင်မတွေ.ဘူးပေမဲ့ အင်တာနက်နှင့် မီဒီယာများမှာ သိခွင့်ရခဲ့ပါတယ်၊အခု 88 သမိုင်းကို ဗြောင်းပြန်လုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်း ဘတ်ဖဲလိုးမြို. လာရောက်မှာကို ဆရာတော် သိပါလား၊၊

88 တပည့်တော်မ (အင်္ဂလန်)