Pages

Friday, August 27, 2010

မြန်မာပြည်သူလူထုသို့ ပန်ကြားချက်

စစ်အစိုးရသည် ၁၉၈၈ ဒီမိုကရေစီအရေးတေယ်ပုံကြီးကို ရက်စက်စွာလူအမြောက်အမြားများကို သတ်ဖြတ်ပြီး အာဏာသိမ်းခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲပချုပ်ကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်ဟုဆိုကာ အမျိုးသားညီလာခံကို တဖက်သတ်ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီမိုကရေစီရေးကျောင်းသားလှုပ်ရှားမှူကို ရက်စက်စွာ ဖြိုခွင်းနှိမ်နှင်းပြီး ကျွန်တော်အပါအ၀င် ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ရက်စက်စွာသတ်ဖြတ်ပြီး ပြည်သူ့ဆန္ဒကို လျှစ်လျှူရှူခဲ့သည်။ ပြည်သူ့အသံကို ပိတ်ခဲ့သည်။ ထောင်ပေါင်းများစွာသော သံဃာတော်များ၊ကျောင်းသားလူငယ်များကို ထောင်သွင်းအကျဉ်းချခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂါစ်မုန်တိုင်းအတွင်းတွင်ပင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး စစ်အစိုးရတဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊မဲလိမ်ခြင်း၊ မဲခိုးခြင်း စသည့်နည်းလမ်းများဖြင့် မည်သည့်သက်သေ ၊နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့မှ မရှိပဲ အတည်ပြုခဲ့သည်။
မည်သို့ပင်ဖြစ်စေ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှူပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် ဒီမိုကရေတစ်အစစ်ဖြစ်သည့်ပါတီများကို မဲပေးရန် ကျွန်တော်တို့ ဦးဆောင်သောလူငယ်များက ဆော်သြလှုံ့  ဆော်ခဲ့သည်။ သို့သော် စစ်အစိုးရ၏လုပ်ရပ်များသည် ပို၍ပို၍တဖက်သတ်ဆန်လာပြီး ယုတ်မာကောက်ကျစ်လာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်အစစ်ဖြစ်သည့် ပါတီများကို တဖက်စောင်းနင်းနှိပ်ကွပ်လာသည်။
ထိုအခြေအနေမှာ မည်သို့မှလက်မခံနိုင်သော အခြေအနေဖြစ်သည်။ ကျွန်တော်တို့မှာ ၂၀၁၀ နိုဝင်ဘာလ " ရ " ရက်ရွေးကောက်ပွဲအား သပိတ်မှောက်ရန်မှအပ ရွေးရန်နည်းလမ်းမရှိတော့ပေ။
ကျွန်တော်တို့ဘက်မှ မည်သို့ပင်အလျှော့ပေး၍ အမျိုးသားသင့်မြတ်ရေး နိုင်ငံတော်ဖွံ့ဖြိုးရေးကို ဦးတည်ကာ အပြုသဘောဖြင့် ချဉ်းကပ်ခဲ့သော်လည်း စစ်အစိုးရ၏ အဖျက်သဘောဆောင်သော လုပ်ရပ်များကြောင့် လာမည့် ၂၀၁၀ နိုဝင်ဘာလ ရ - ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတုကို ၀ိုင်းဝန်းသပိတ်မှောက်ကြရန် ဆန္ဒရှိသည့်အားလျော်စွာ ပြည်သူကိုပန်ကြားအပ်ပါသည်။
သပိတ်မှောက်ရန်မှအပ ရွေးရန်လမ်းမရှိတော့ပါ။

မျိုးရန်နောင်သိမ်း
ကျောင်းသားခေါင်းဆောင်
၈၈- မျိုးဆက်သစ်ကျောင်းသားများအဖွဲ့

( RFA တွင် ယနေ့ကြာသပတေးနေ့၌ မဲပေးရန်သွားရောက်ခိုင်းစေသော အသံလွှင့်ချက်ဆောင်းပါးကို ထုတ်လွှင့်ခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် မီဒီယာများ။အသံလွှင့်ဌါနများသို့ လက်ရေးဖြင့်ရေးသားက စကမ်ဖတ်ပြီး ပေးပို့သည့် မျိုးရန်နောင်သိမ်း၏ မိဘပြည်သူများ၏ ရင်ခွင်ထဲသို့ ၀င်ရောက်လာကြောင်း ထုတ်ပြန်ကြောင်းကြေညာချက်အား အထူးကြိုဆိုပါကြောင်းနှင့် သိသာစေရန် စာလုံးအမှားအယွင်းမရှိ ပြန်လည်ရိုက်နှိပ်ပေးခြင်းဖြစ်ပါသည်။ )