8888 People Power %E2%80%93 Vol 7-No4 jan 2011[1]
Monday, January 17, 2011
Wednesday, December 22, 2010
Friday, December 10, 2010
ရှေ့ဆက်ပြီးဘယ်လို လျှောက်ကြရမလဲဆိုတာကို တွေးကြည့်ပါတော့
ရှမ်း ကျားဖြူပါတီ ညီလာခံ ဖျက်သိမ်းခံရ
2010-12-09
ကျားဖြူပါတီခေါ် SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီိရဲ့ ပထမအကြိမ်ညီလာခံကို တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ခန်းမမှာ ကျင်းပဖို့ ပြည်နယ်အာဏာပိုင်တွေက မူလက ခွင့်ပြုခဲ့ပေမဲ့ အထက်အမိန့်ကြောင့် အနီးကပ်ကျမှ ဖျက်သိမ်းလိုက်ရတယ်လို့ SNDP ပါတီရဲ့ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်က RFA ကို ဒီဇင်ဘာ ၉ ရက် ဒီကနေ့ ပြောပါတယ်။
“သြော်…ကျွန်တော်တို့ အများ အသုံးပြုတဲ့နေရာ သုံးလို့ မရဘူးလို့ ပြောပါတယ်ဗျ။ တကယ်ဆိုရင်ပေါ့လေ ကျွန်တော်တို့ ဒါ ငှားသုံးတာပဲဗျာ။ ငှားလည်း မရဘူးတဲ့။ အများသုံးတဲ့နေရာ မရဘူးတဲ့။ ရှမ်းစာပေ ယဉ်ကျေးမှုပေါ့ဗျာ၊ အဲဒီမှာ ဟောလ်ရှိတယ်ဗျာ။ သူတို့ ငှားတဲ့နေရာပေါ့ဗျာ။ မင်္ဂလာဆောင်ခန်းမ ဘာညာပေါ့နော်၊ အခြား အသင်းအဖွဲ့တွေကလည်း လာပြီးတော့ ငှားလို့ရပါတယ်။”
အခုကျင်းပမဲ့ ညီလာခံကို ပါတီရုံးကလွဲလို့ တခြားနေရာတွေမှာ ကျင်းပခွင့် မပြုနိုင်ကြောင်း ပြည်နယ်ကော်မရှင်က လွန်ခဲ့တဲ့ နှစ်ရက်က အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ပါတီအနေနဲ့ ညီလာခံကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ တောင်ကြီးမှာ ကျင်းပဖို့ ဖိတ်စာတွေ ရာနဲ့ချီ ဝေငှထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုတောင်ကြီးမှာ မကျင်းပဖြစ်တော့ပေမဲ့ အဲဒီရက်အတိုင်း ပြင်ဦးလွင်မြို့မှာ ခွင့်ပြုချက် ရယူပြီး ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း SNDP ပါတီ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်က ပြောပါတယ်။
ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အမတ်နေရာ ၁၅၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ၅၇ ဦး အနိုင်ရရှိထားပါတယ်။
အခုကျင်းပမဲ့ ညီလာခံမှာ ပါတီခေါင်းဆောင်တွေနဲ့ ရွေးချယ်ခံ လွှတ်တော်အမတ်တွေ စုဝေးပြီး နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ တိုင်ပင်ချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
SNDP ပါတီရဲ့ ပထမအကြိမ် ညီလာခံနဲ့ ပတ်သက်ပြီး ပါတီရဲ့ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးစဝ်ယွန်းပိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
Saturday, November 27, 2010
New York Times ကို သက်ဆိုင်သူများမှ တိုက်ရိုက်ကန့်ကွက်သင့်ပါသည်။ မြန်မာအသိုင်းအ၀ိုင်းကလွှဲလို့ နိုင်ငံတကာက ဒါကို သတင်းအမှန်လို့ မှတ်ယူနေလိမ့်မည်။
နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ
2010-11-26
စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။“အဲဒီ လွှင့်သွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီက ဗိုလ်ချုပ်တွေကို ပြည်ပက နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ဆောင်ရွက်နေတာကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူးဆိုတဲ့ စာပိုဒ် ပါတယ်။ အဲဒီ တပိုဒ်လုံးကို သူ လုံးဝ မပြောပါဘူးတဲ့။ အင်တာဗျူးတုန်းက။ ကျနော်တို့ အားလုံးရှိနေတယ် အနားမှာ။ သူ လုံးဝ မပြောဘူး။ သူပြောတာက စစ်ခုံရုံးတင်ဖို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ဆိုတာတော့ ပါတယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”မြန်မာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသား ဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ပြစ်မှု Crime Against Humanity နဲ့ စစ်ရာဇ၀တ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းရေး အဆိုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Thomas Quintana က ပြီးခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ စတင် အကြံပြုခဲ့ပါတယ်။ဒီ ကော်မရှင်ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် အပါအ၀င် ဥရောပ နိုင်ငံတချို့နဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.
Wednesday, November 24, 2010
Tuesday, November 23, 2010
Sunday, November 7, 2010
Wednesday, November 3, 2010
နောက်တကြိမ် လာပြန်ပြီဗျို့ ( တယောက်ပြီးတယောက် မရိုးရအောင် )
ပေးစာ
" Houston မြို့က ရွေးကောက်ပွဲ ထောက်ခံတဲ့ BAAT အဖွဲ့ရဲ့ နီနီဝင်းရွှေ စတိတ်ရှိုးပွဲ ရပ်တန့်ပေးရန်”-(Houston မြို့ခံတဦး)- nov 03,2010
သို့
ဟစ်တိုင် အယ်ဒီတာ
နိုဝင်္ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ မြန်မာပြည်မှာ စစ်အာဏာရှင် နအဖက ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။မြန်မာမှန်ရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်ဘူးဆိုတာ သိသင့်သလို အဲဒီနေ့ဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဈေးရောင်းပွဲ လုပ်ရမယ့်နေ့လည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့မထောက်ခံသင့်တဲ့ ရွေးကောက်ပွဲလဲဆိုတော့ နအဖအကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာပြည်သူ ပြည်သားတွေရှိနေသေးလို့ပါပဲ။
တချို့နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေဆိုရင် စစ်ထောက်လှမ်းရေးရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။အများအားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သူတိုင်း နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အသတ်ခံကြရတတ်ပါတယ်။
စိတ်မကောင်းစရာ ၀မ်းနည်းစရာ သတင်းဆိုးတခုကို တင်ပြချင်ပါတယ်။စာရေးသူတို့နေထိုင်နေတဲ့ အမေရိကန်နိုင်ငံ၊တက္ကဆက်ပြည်နယ်၊ Houston မြို့မှာ လာမယ့် နိုဝင်္ဘာလ ၆ရက်နေ့စနေနေ့ညနေမှာ BAAT (Burmese American Association of Texas)အဖွဲ့ဥက္ကဌ ဒေါ်အေးအေးကြည် ဦးဆောင်စီစဉ်ပြီး နအဖရဲ့ရွေးကောက်ပွဲကို ထောက်ခံတဲ့ပွဲ တခုလုပ်မယ်ဆိုတဲ့ သတင်းဆိုးပါပဲ။
ယခု ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ နိုင်ငံကျော်အဆိုတော် နီနီဝင်းရွှေကို ဖိတ်ကြားပြီး လူကြီး ၁၀ဒေါ်လာ၊၁၂နှစ်အောက်ခလေး ၅ဒေါ်လာနှုန်းနဲ့ ရုံဝင်ကြေးယူကာ ရွေးကောက်ပွဲ ထောက်ခံတဲ့ စတိတ်ရှိုးကျင်းပကြမယ့် လုပ်ရပ်ပါပဲ။
အမေရိကမှာ နိုဝင်္ဘာလ၆ရက် ညနေဆိုရင် -မြန်မာပြည်မှာ နိုဝင်္ဘာလ၇ ရက် မနက်ဖြစ်ပါတယ်။ရွေးကောက်ပွဲလုပ်မယ့်ရက်ကို တမင်သက်သက် ချိန်ကိုက်ပြီး ထောက်ခံပွဲလုပ်တာဖြစ်လို့-ဘယ်လို နည်းနဲ့ပဲ အကြောင်းပြပြ- ဒါ တိုက်ဆိုင်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ တမင်သက်သက် ရည်ရွယ်ပြီးတော့ကို ထောက်ခံပွဲ ကျင်းပတာပါ။
အကယ်၍ ရိုးရိုးသားသားနဲ့ တိုက်ဆိုင်ခဲ့တာဆိုရင် အချိန်မှီပါသေးတယ်။အဲဒီစတိတ်ရှိုးပွဲကို လုပ်မှာကို ရပ်ပစ်လိုက်ပါ။(သို့မဟုတ်) ရက်ရွေ့ဆိုင်းပြီးလုပ်မယ်ဆိုရင် နောက်မကျသေးပါဘူး လို့ သတင်းမီဒီယာတွေကတဆင့် တင်ပြချင်ပါတယ်။
Houston မြို့ခံတွေအနေနဲ့လည်း -အားလုံးဟာ မြန်မာပြည်ဒီမိုကရေစီထွန်းကားတာကို မြင်ချင်လို့-လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတယ်ဆိုရင် - BAAT (Burmese American Association of Texas)အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ ချို့ယွင်းချက်တွေ ရှိနေတာကို အသိစိတ်နိုးကြားလာအောင် လေးစားမှုနဲ့ တိုက်တွန်းပြောဆိုကြရပါမယ်။ ဒါကို မလိုက်နာဘူးဆိုရင်တော့ အားလုံးက သူတို့အဖွဲ့လုပ်တဲ့ ရွေးကောက်ပွဲ ထောက်ခံ စတိတ်ရှိုးပွဲကို ကန့်ကွက် သင့်ပါတယ်။
အဆိုတော်နီနီဝင်းရွှေလည်း ပြည်သူချစ်တဲ့ အဆိုတော်တဦးဆိုရင် အများပြည်သူ သဘောမတူတဲ့ နအဖရွေးကောက်ပွဲကို ထောက်ခံတဲ့ စတိတ်ရှိုးပွဲကို လာရောက်ဖျော်ဖြေခြင်း မပြုဖို့ ဟစ်တိုင်ကတဆင့် မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။
လေးစားစွာဖြင့်-
Houston မြို့ခံတဦး
(မှတ်ချက်-) BAAT (Burmese American Association of Texas)အဖွဲ့ရဲ့
ဥက္ကဌ ဒေါ်အေးအေးကြည်ရဲ့ စတိတ်ရှိုးဖိတ်စာ (အင်္ဂလိပ် ဘာသာဖြင့်) ကို www.baatx.org မှာ ဖိတ်ကြားထားတာကို ကူးယူလျှက်၊ ယခုပေးစာနဲ့တကွ ပူးတွဲဖော်ပြလိုက်ပါတယ်။
baat အဖွဲ့ဝက်ဆိုဒ်မှာ ဖိတ်စာကြည့်လိုလျှင် -နှိပ်ပါ ။
-------------------------------------------------------------------------
The following is the copy of BAAT invitation.
Dear Members and Friends,
I am pleased to inform that Ni Ni Win Shwe, a very famous Burmese singer, has graciously accepted BAAT's request for her performance at the annual November party. The party will be held on November 6, 2010 (Saturday) at the Tracy Gee Community Center in Houston from 5 to 10 pm.
Tickets will be $10 for an adult and $5 for a childr under 12. Boxed dinner and soft drinks will be provided. The planning committee is working hard to put the finishing touches for this party. Additional details about the party and where to get the tickets are forthcoming.
Sincerely,
Aye Aye Kyi
2010 BAAT President
BAAT
www.baatx.org
http://hittai.net/?show=rm&fileid=61&t=home10&id=10 မှ ကူးယူသည်။
Tuesday, October 26, 2010
မြန်မာတနိုင်ငံလုံးကို ကူးဆက်တော့မည့် သပိတ်မီးများ စတင်လာ
ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြ
2010-10-25
မကြာခင် စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက တိုင်းရင်းသား လူအင်အား တထောင်ကျော်လောက် အောက်တိုဘာလ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ စုရုံးဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က အခုလို သတင်း ပေးပို့ထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဖက်ခြမ်း ၄ မိုင်အကွာမှာ ရှိတဲ့ကျေးရွာတွေက လူထုတွေဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်က စစ်တပ်ဂိတ်ဝထိ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပါတယ်။
“နအဖကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ ဆန့်ကျင် တိုက်ဖျက်တဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲပါ။ ဒေသခံ ကြာအင်းဆိပ်ကြီး မြို့နယ်တဝိုက်မှာ ရှိတဲ့ ရှမ်းလူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ မွန်လူမျိုးတွေ နေတဲ့ ကျေးရွာရယ်၊ ကရင်လူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ ကြာအင်း ဆိပ်ကြီး အနောက်ဖက်က။ ဒီကနေ့ မနက်ကတော့ အင်အား တထောင်နဲ့ တရာကျော် ပါတယ်။ ၂၀၁၀ နအဖ ရွေးကောက်ပွဲ အလိုမရှိဆိုတာကို ကြွေးကြော်ပါတယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ နောက် ဒီမိုကရေစီ တည်ဆောက်ရေး၊ နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေးဆိုပြီး ကြွေးကြော်ပါတယ်။ ပြီးတော့မှ အရေးတော်ပုံ အောင်ရမည် အောင်ရမည်။ အဲဒါပါ။”
ချီတက်ဆန္ဒပြခဲ့တဲ့ နောက်ဆုံးနေရာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းအခြေချ စစ်ဗျူဟာရုံးရှိတဲ့နေ ရာဖြစ်ပါတယ်။ စစ်အစိုးရအာဏာပိုင်တွေဖက်ကတော့ နှောင့်ယှက်ဟန့်တားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။
အလားတူ ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းဘေးမှာ တိုင်းရင်းသား အင်အား ၅၀ဝ ကျော်လောက်က စုရုံးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပြပါတယ်။
“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ သဘော ဆန္ဒကိုလည်း မြန်မာတနိုင်ငံလုံးလည်းသိနိုင်အောင် ကျနော်တို့ တကမ္ဘာလုံးကလည်း သိနိုင်အောင် အဲဒီ တခြား တခြားသော ဒေသတွေမှာ ရှိတဲ့ မြန်မာပြည်သားတွေလည်း သူတို့ ရောက်ရှိတဲ့ နေရာမှာ သူတို့ရဲ့ သဘောဆန္ဒကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြသဖို့ အချိန်ရောက်ပြီ ဆိုတာကို ပြသဖို့ ကျနော်တို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။”
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွင်းမှာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီတဲ့ ကြိုတင်မဲတွေ လိုက်လံ ကောက်ယူတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကရင်ပြည်နယ် အတွင်းက ဒေသအချို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ် ကြေညာထားကြောင်း သိရပါတယ်။
ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ
By နိုင်ကွန်းအိန် တနင်္လာ, 25 အောက်တိုဘာ 2010
ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။
“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”
ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။
“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”
ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။
“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”
လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။
“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”
ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နှံ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။
Thursday, October 21, 2010
မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး ဆင်နွှဲကြတော့မည်။
အထွေထွေသပိတ် တိုက်ပွဲကြီး ဆင်နွှဲမည်
မြတ်ခိုင်ဦး / ၂၁ အောက်တိုဘာ ၂၀၁၀
လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။
“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယင်းအဖွဲ့သည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက ရန်ကုန်မြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာများ ဖြန့်ဝေကာ လူထုကို စည်းရုံးထားကြောင်းလည်း အဆိုပါ သပိတ်ကော်မတီဝင် တဦးက ပြောသည်။
ပြည်သူလူထုပါဝင် ဆင်နွှဲလာမည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက “ဟုက်ကဲ့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေကလည်း သူတို့ မတရား လိမ်နေတာကို သိနေတဲ့ အတွက်ကြောင့်ပါ၊ ဒီတခါဆိုတာ ဒီမိုကရေစီရဖို့အတွက် နောက်ဆုံးအချိန် ဖြစ်လို့ပါ။ ပြည်သူတွေပါမှာပါ” ဟု ဆိုသည်။
ရင်ဆိုင်ကြုံတွေ့ရနိုင်မည့် အခြေအနေများနှင့် ရပ်တည်ချက်များနှင့် ပတ်သက်၍လည်း ၎င်းက “ကျနော်တို့ကတော့ မထူးတော့ဘူးလေဗျာ။ ပြည်သူတွေမှာက သေမထူး နေမထူး ဖြစ်နေပြီလေ။ ဒီအတိုင်း ခေါင်းငုံ့ခံနေရင် ကျနော်တို့ ဘ၀တွေဟာ သွားပြီလေဗျာ။ စစ်ဖိနပ်အောက် ပြားပြားမှောက်နေရတော့မှာလေ။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေဟာ ထိပ်တိုက်ရင်ဆိုင်ကြမှာပါ” ဟု ဆက်လက် ရှင်းပြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီအနေဖြင့် ဘက်ပေါင်းစုံမှ အကွက်ကျကျ စီစဉ်ထားကြောင်း၊ ပြည်သူများအနေနှင့် ၎င်းတို့နှင့်အတူ ပါဝင်အားဖြည့်ကြရန်လည်း ပြည်သူများအား ပြန်ကြားကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ အနေနဲ့ကတော့ ယုံကြည်ချက်ကို ဦးတည်ထားတဲ့အတွက်ကြောင့် အောင်ကိုအောင်မြင်မှာပါ၊ ဒီမိုကရေစီပန်းတိုင် ရောက်ကိုရောက်မှာပါ” ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ပြောကြားသွားသည်။
www.khitpyaing.org
Wednesday, October 13, 2010
အခုလို ကြော်ငြာပြီးရင်တော့ အဖမ်းခံထိမှာ ကြောက်နေလို့မရတော့ဘူး၊ တကယ်လုပ်ရတော့မယ်။ သတင်းလွှင့်ပြီး လုပ်စားဖို့တော့ မကြံနဲ့
တိုင်းပြည်အတွက် လက်ချင်းယှက်တွဲ ပါဝင်နွှဲ
By abma October 12, 2010
လာမည့်ရက်ပိုင်းအတွင်း သံဃာတော်များမှ စုပေါင်းဆွမ်းလောင်းပွဲကို ပြုလုပ်ကာ ထိုမှတဆင့် မေတ္တာသုတ်ရွတ်၍ လမ်းလျှောက်မှုကို ပြုလုပ်မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီ လူထုရှေ့မှောက်၌ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် လှုံ့ဆော်မှုဖြစ်ပါသည်။ ပြည်တွင်းရှိ အင်အားစုများမှလည်း ၀ိုင်းရံပံ့ပိုးပေးနိုင်ရန် မေတ္တာရပ်ခံလိုက်ပါသည်။ ပါဝင်မှုကြီးလျှင်ကြီးသလောက် ကျယ်ပြန့်မှုရှိနိုင်ပါသည်။ မိမိတို့၏ အင်အားစုအနေများဖြင့် ပါဝင်နိုင်မှု အမျိုးမျိုးကိုရွေးချယ်၍ ပါဝင်ပေးရန် တင်ပြအပ်ပါသည်။
၁။ ဆွမ်းလောင်းရာတွင် ပါဝင်ဆောင်ရွက်ခြင်း။
၂။ သတင်းဖြန့်ချီလက်ဆင့်ကမ်းခြင်း။
၃။ ၂၀၁၀ ဆန့်ကျင်ရေးစာရွက်များ ပြည်သူလူထုကြား၌ ဖြန့်ဝေပေးခြင်း။
၎။ ထောက်လှမ်းရေးရဲများအား ချက်ချင်းမလာရောက်စေနိုင်သည့် အာရုံပြောင်းလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း။
၅။ မိမိတို့ အင်အားစုကိုယ်တိုင် ပါဝင်ဆန္ဒပြရန် ၂၀၁၀ ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လှုံ့ဆော်ခြင်း။
ဤလှုပ်ရှားမှုသည် နေ့စဉ်ရက်ဆက် မဟုတ်ဘဲ အချိန်အကန့်အသတ်ဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပါသည်။ တခြားနေရာများတွင်လည်း ဆင့်ပွားမီးကူးသကဲ့သို့ဖြစ်စေရန် စီစဉ်နိုင်လျှင်ကောင်းပါသည်။ လမ်းပြမြေပုံကို အဆင့်တိုင်းတွင် တိုက်ဖျက်သွားမည့် သူများရှိနေလိမ့်မည်ဟု ယုံကြည်ပါသည်။
ဧရာဝတီ၊ ထိုင်း နှင့် ဒိန်းမတ် အရှုပ်တော်ပုံ
ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ
ဧရာဝတီ Wednesday, October 13, 2010
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့် သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီစာကို ကျနော်တို့ဆီကိုတော့ ပို့ခဲ့တာ မတွေ့ရပါဘူး။
အချက်အလက် အမှားအယွင်း တော်တော်များများပါတဲ့ ဒီစာဟာ အပြင်ကို ပေါက်ကြားသွားခဲ့ပါတယ်။ ဒီစာကို စစ်အစိုးရရဲ့ ဘလော့ဂ် ဖြစ်တဲ့ “ပိတောက်မြေ” မှာလည်း တင်ထားပါတယ်။
စာပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး စာဖတ်ပရိသတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျနော်တို့ကို စိုးရိမ်တကြီးနဲ့ မေးမြန်းလာကြပါတယ်။ ဒါကြောင့် ဒီစာကို လူသိရှင်ကြား ပြန်လည်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျနော်တို့ရဲ့ တုံ့ပြန်စာကို ပြီးခဲ့တဲ့တပတ်က ကျနော်တို့ရဲ့ အလှူရှင်တွေဆီ ပို့ပေးလိုက်ပြီးပါပြီ။ ဒီတပတ်မှာတော့ အားလုံးသိနိုင်အောင် ဧရာဝတီဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်ပေါ်မှာ တင်ပြဖို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မှာရှိတဲ့ ဒိန်းမတ်အစိုးရ ထိပ်တန်းအရာရှိတွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကိုပင်ဟေဂင်က စာနယ်ဇင်းသမားတွေ သိအောင်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။
ကျနော်တို့ရဲ့ တုံ့ပြန်စာ အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။
ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ
လွန်ခဲ့တဲ့ တပတ်အတွင်းက ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့်သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။
ဒီလို အီးမေးလ်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘဝင်မကျ ဖြစ်မိပါတယ်။ ဒီလုပ်ရပ်ဟာ လုံးဝ နည်းလမ်းမကျတဲ့အပြင် စာထဲမှာပါတဲ့ အမှားတွေနဲ့ စာပို့တဲ့အချိန်ကို ကြည့်မယ်ဆိုရင် ပြဿနာ တစုံတရာ ဖြစ်လာအောင် ဆွပေးတယ်လို့ ကျနော်တို့ ခံစားရပါတယ်။
ဒိန်းမတ်သံရုံးအနေနဲ့ ဧရာဝတီရဲ့ အဖွဲ့အစည်း ပုံမှန်ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်တာကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အဲဒီလို ဝင်ငွေရဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်ပြီးချိန်မှာ အခုလို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာကတော့ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ကျနော်တို့ရခဲ့တဲ့ ဝင်ငွေဟာ သံရုံးက မျှော်မှန်းထားတဲ့ ပမာဏလောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဝင်ငွေ သိသိသာသာ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ယခုထက်ပိုပြီးတော့လည်း ဝင်ငွေရအောင် ဆောင်ရွက်သွားဖို့ ကျနော်တို့ ရည်ရွယ် လုပ်ဆောင် နေပါတယ်။
ပြည်ပမှာ အခြေစိုက်ရတဲ့ မီဒီယာအဖွဲ့အစည်းတခုရဲ့ အောင်မြင်မှုကို အဓိက တိုင်းတာသင့်တဲ့ အချက်တွေကတော့ သတင်းအချက်အလက် မြန်မြန်ရယူနိုင်မှု၊ အရည်အသွေး ပြည့်ဝတဲ့သတင်းတွေ တင်ပြနိုင်မှုနဲ့ အဲဒီ သတင်းအချက်အလက်တွေကနေ စာဖတ်သူတွေ အကျိုးအမြတ် ရစေမှုတွေပဲဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူပါတယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ အဖွဲ့အစည်းကို ဘယ်လောက်အထိ ရပ်တည်လည်ပတ်နိုင်တယ်ဆိုတာ အဲဒီ ပြည်ပက မီဒီယာအဖွဲ့အစည်းရဲ့ အောင်မြင်မှုကို တိုင်းတာသင့်တဲ့အချက်လို့ ကျနော်တို့ မယူဆပါဘူး။ ဧရာဝတီဟာ ကိုယ်ပိုင်ငွေကြေးနဲ့ ထူထောင်ထားတဲ့ ကုမ္ပဏီ မဟုတ်တာမို့ ကျနော်တို့အနေနဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့ပေါ်မှာပဲ အမှီသဟဲပြုနေရတာပါ။
လက်ရှိကာလမှာ ပြည်ပအခြေစိုက် မီဒီယာတခုအနေနဲ့ ကျနော်တို့ ရည်ရွယ်တာကတော့ အလှူရှင်တွေဆီကရတဲ့ အကူအညီ တွေနဲ့ အရည်အသွေး ကောင်းမွန်တဲ့သတင်းတွေ တင်ပြပြီး မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားရေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ ပြန်လည် အခြေချခွင့်ရတဲ့ အချိန်ကျရင်တော့ ဧရာဝတီကို ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မီဒီယာအေဂျင်စီတခု ဖြစ်လာဖို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ အဲဒီလို ဖြစ်လာအောင် လည်း ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဒိန်းမတ်သံရုံးက ပို့တဲ့ အီးမေးလ်ပါ အကြောင်းအရာ အမှားအယွင်းတချို့နဲ့ ပတ်သက်ပြီး ရှင်းလင်းလိုပါတယ်။
1. ၂၀၁၀ မှာ ဧရာဝတီဝန်ထမ်း စုစုပေါင်း ၆၂ ဦးရှိပါတယ်။ ချင်းမိုင်ရုံးမှာ ၃၅ ဦး၊ ပြည်တွင်းမှာ ၂၀ နဲ့ ဒေသတွင်း အခြေစိုက် သတင်းထောက် ၇ ဦးဖြစ်ပါတယ်။ ဝန်ထမ်းဦးရေ အရင်ထက် တိုးလာရတာကတော့ ဧရာဝတီရဲ့ လုပ်ငန်းတွေ ချဲ့ထွင်လာတာရယ်၊ ပြီးတော့ ဒီနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ ငွေကြေးအကူအညီ ရတာတွေရယ်ကြောင့် ဖြစ်ပါတယ်။
2. ရုံးတွင်းဝန်ထမ်းတွေ ခရီးသွားတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမှာ တိတိကျကျ ရေးသားပြဌာန်းထားတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဲဒီအတိုင်း ဧရာဝတီဝန်ထမ်းအားလုံး လိုက်နာဆောင်ရွက်ရတာ ဖြစ်ပါတယ်။
3. အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ လစဉ်မဂ္ဂဇင်းဟာ ဧရာဝတီရဲ့ စီစဉ်ထုတ်လုပ်မှု ၁၀ ခုထဲက တခုပဲ ဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ ဝက်ဘ်ဆိုက်၊ ရုပ်သံနဲ့ ရေဒီယိုအပါအဝင် ကျနော်တို့ အစီအစဉ်တွေအားလုံးကို မြန်မာနဲ့ ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာဆီ ရောက်နိုင်အောင် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
4. ဧရာဝတီအနေနဲ့ အလှူရှင်တွေ ထောက်ပံ့တာကို စနစ်တကျ စီမံခန့်ခွဲမှုမရှိဘူးလို့ စောင်းပါးရိပ်ခြည် ပြောတာမျိုးကတော့ မမှန်တဲ့အပြင် စော်ကားရာလည်း ရောက်ပါတယ်။ ခရီးစရိတ်အပါအဝင် အဖွဲ့အစည်း လုပ်ငန်း တခုလုံးအတွက် ကုန်ကျတာတွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေ ကျနော်တို့ဆီမှာ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံရှိပါတယ်။ ဒါတွေကို ကျနော်တို့ရဲ့ အလှူရှင်တွေဆီကိုလည်း အချိန်နဲ့တပြေးညီ ပို့ပေးနေကျ ဖြစ်ပါတယ်။
ဒိန်းမတ်အစိုးရက ဧရာဝတီကို နှစ်အတော်ကြာ အထောက်အပံ့ပေးခဲ့တဲ့အတွက် ကျနော်တို့ များစွာကျေးဇူးတင်ရှိပါတယ်။ တချိန်တည်းမှာလည်း အခုလို ဒိန်းမတ်သံရုံးက အီးမေးလ်ပို့ခဲ့တဲ့အပေါ်မှာ ကျနော်တို့ အတော်လေး ကသိကအောက်ဖြစ်ပြီး ဘဝင်မကျဖြစ်ရတယ် ဆိုတာကို အသိပေးလိုပါတယ်။
ပြည်ပအခြေစိုက် မီဒီယာတွေရဲ့ သဘောသဘာဝနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို တန်ဖိုးထားနားလည်တဲ့ အလှူရှင်တွေနဲ့ လက်တွဲဆောင်ရွက်ခွင့် ရတဲ့အပေါ်၊ ပြီးတော့ မြန်မာပြည်သတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို အလေးထားကြတဲ့အပေါ် ကျနော်တို့ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။
ခင်မင်ရင်းနှီးစွာဖြင့် …
အောင်ဇော်
အယ်ဒီတာ
ဧရာဝတီမဂ္ဂဇင်း
Copy from www.irrawaddy.org
Danish Burma Committee Accused of Corruption
--------------------------------------------------------------------------------
11.01.2010 news Gregers Moller
--------------------------------------------------------------------------------
The Danish Burma Committee has bribed officials, and corrupt partners and bought alcoholic beverages and a car to Thai police officers for public Danish development funds, according to two confidential reports analyzed by Ekstra Bladet, a Danish daily.
The Danish Burma Committee has also purchased unsafe and useless medicine at inflated rates and allegedly illegally sent it over the border from Thailand into Burma to help the poor populaton inside Burma.
Professor at the Copenhagen Business School Kim Klarskov Jeppesen, an expert in auditing and fraud, has analyzed the two confidential reports for the newspaper. The reports were written in October and November for the Danish Embassy in Bangkok. It is not yet known who at the Embassy in Bangkok or at the ministry in Copenhagen leaked the reports.
The Committee has since 2003 received around 45 mill. DKK in support from Danida, the official Danish development agency. The Danish Burma Committee is an umbrella organization. Under the umbrella are among others the Danish Workers Union (LO), the Danish Church Aid, the Social Democratic Party and the The Danish Nurses' Organization.
The Secretary General of the organisation denies almost all the accusations in the reports.
Copy from www.scandasia.com
Monday, October 11, 2010
ငုံ့မခံနှင့် ယခုလို ခုတ်သတ်ကြလော့
သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး
10/10/2010
------------
ထွန်းထွန်း
------------
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် သမီးဖြစ်သူကို နအဖ တပ်ကြပ် တစ်ဦးက မုဒိမ်းကျင့်သဖြင့် ဖခင်ဖြစ်သူက နအဖ တပ်ကြပ်ကြီးကို ဓါးဖြင့် ခုတ်သတ်သော သေမူ သေခင်းတစ်ခု ယခုလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။
နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။
“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။
သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။
“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။
မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။
ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။
သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။
အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။
ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။
အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
Copy from www.narinjara.com
Sunday, October 10, 2010
ကဲ ... ကဲ ... နှမြောစရာကြီး ၀ိုင်းပြီး ရှာကြဟေ့
မြန်မာသရုပ်ဆောင် နန်းဆုရတီစိုး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေ
မိုးမခအထောက်တော် ရန်ကုန်
အောက်တိုဘာ ၁၀၊ ၂၀၁၀
ယနေ့ ရန်ကုန်မှ ရရှိသော သတင်းအရ အဆိုကျော်နှင့် သရုပ်ဆောင်အမျိုးသမီး နန်းဆုရတီစိုး အောက်တိုဘာ ၈ ရက်နေ့ကတည်းက အိမ်သို့ ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
“မြ၀တီရုပ်မြင်က ရိုက်ကူးပြီး အပြန်မှာ ကားရော၊ လူရော အိမ်ကို ရောက်မလာတော့ဘူး။ သူနဲ့ အတူ အဖော်မိန်းကလေးနဲ့ ကားမောင်းသူပါ ပျောက်နေတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်မှာ နန်းဆုရတီစိုးရဲ့ အိမ်လမ်းထိပ်မှာ သူ့ကားကို လာရပ်ထားခဲ့တယ်လို့ သိရတယ်။ ဖုံး ၂ လုံး ပါသွားပေမယ့် တလုံးက ပိတ်ထားပြီး၊ တလုံးကို မကိုင်ဘူးလို့ အိမ်က ပြောတယ်။”
နန်းဆုရတီစိုး၏ မိခင်ကိုယ်တိုင်က မြန်မာနိုင်ငံ ရဲချုပ်အထိ သွားရောက် တိုင်တန်းထားကြောင်း၊ တပြည်လုံးရှိ ရဲတပ်ဖွဲ့များသို့ အကြောင်းကြားထားကြောင်း၊ ပြန်ပေးဆွဲခံထားရသည်ဟု ထင်မြင်နေကြကြောင်း စုံစမ်း သိရှိရသည်။
“အခုထိတော့ ပြန်ပေးဆွဲတဲ့ဆီက ဆက်သွယ်တာ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် မြ၀တီရုပ်မြင်စတူဒီယိုက အထွက်မှာ ပျောက်သွားတာဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ဆိုတဲ့ မျက်မြင်သက်သေ မရှိသေးတော့ အတိအကျ မပြောနိုင်ကြဘူး၊ သူနဲ့ ရင်နှီးတဲ့ စစ်ဗိုလိချုပ်ကြီးတွေရဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တာလားလို့လည်း ထင်ကြေးပေးနေကြတယ်”
ဟု မိုးမခသို့ သတင်းပေးပို့သူက ထင်မြင်ချက် ပေးသည်။
သတင်းရရှိသညိ့ ယနေ့ မွန်းလွဲချိန်အထိ ထူးခြားမှု မရှိသေးဟု ဆိုသည်။
Wednesday, October 6, 2010
ရခိုင်ပြည်သားတွေ နယ်ချဲ့ဗမာစစ်အာဏာရှင်တွေကို ရခိုင်ပြည်ကနေ မတိုက်ထုတ်ရဲဘူးလား၊ မတိုက်ထုတ်ရဲရင် ကျွန်သက်ရှည်မည်။
ဟိုတယ်ဆောက်ရန် ထူးကုမ္ပ္ပဏီက မြောက်ဦးတွင် မြေသိမ်း
10/6/2010
-------------
မောင်အေး
-------------
စီးပွားရေးသမားကြီး ဦးတေဇပိုင် ထူးကုမ္ပဏီက ဟိုတယ် ဆောက်လုပ်ရန်အတွက် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ဒေသခံများ ပိုင်ဆိုင်သည့် လယ်မြေများကို သိမ်းယူ နေကြောင်း မြိ့ခံများက ပြောသည်။
“ အခု သိမ်းဆည်းခံရတဲ့ လယ်ဧက စုစုပေါင်း ၁၅ ဧက ဖြစ်ပါတယ်။ နေရာက မြောက်ဦး ဆေးရုံ နဲ့ ဆိုရင် ၄ ဖာလုံခန့်ဝေးပါတယ်။ တောင်ဖြူဆည်တို့ အဘောင်တော်ကန်တို့နဲ့ ဆိုရင် ပိုနီးပါတယ်” ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောသည်။
တခြားမြို့ခံ တစ်ဦးကလည်း “သိမ်းတာတော့ ဟုတ်ပါတယ်။ သိပ်မကြာသေးဘူး ရက်ပေါင်း ၂၀ လောက်ဘဲ ရှိပါသေးတယ်။ လျော်ကြေးပေးမယ်လို့ ကြားရပါတယ်။ လုပ်ငန်းတွေတော့ မစသေးဘူး။ သူတို့ဟိုတယ် ဆောက်မယ်လို့ သိရတယ်။ ဂေါက်ကွင်းလည်း လုပ်မယ်လို့လည်း ကြားရပါတယ်။ ဘယ်တော့ စဆောက်မယ်ဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။
သိမ်းဆည်းခံရသည့် လယ်မြေများတွင် ဥယာဉ်ခြံမြေများ ပါဝင်ပြီး မြေဧကအလိုက် လျှော်ကြေး ပေးမည်ဟု ပြောသော်လည်း မသေချာကြောင်း သူကဆက်ပြောသည်။
“သူတို့ပြောတာက မြေတစ်ဧကကို ကျပ် ၂ သောင်းနုန်းနဲ့ ပေးမယ်လို့ ပိုင်ရှင်တွေကို ခေါ်ပြီး ပြောတာတွေ ရှိပါတယ်။ အခုထိ တော့ ငွေမပေးသေးဘူး။ ဥယာဉ်ပိုင်ရှင်တွေ ပိုပြီးနစ်နာတယ်။ ခြံက ထွက်တဲ့ အသီးဖလံတွေကို အားကိုးပြီး ထမင်းစားနေတာ ခြံသိမ်းပြီး ငွေ ၂ သောင်းပေးမယ် ဆိုတော့ ဘာမှမထူးဘူး။”
ယခုအခါ မြောက်ဦးမြို့နယ်တွင် ကာလပေါက်ဈေး လယ်တဧကလျှင် ကျပ်ငွေ ၅ သိန်းဈေးရှိကြောင်း သိရသည်။
ယခု လယ်မြေသိမ်းဆည်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး စစ်တွေမြို့မှ နိုင်ငံရေးသမားတဦးက“ လယ်သိမ်းတာ မြေသိမ်းတာက ရခိုင်ပြည်မှာ ရိုးနေပြီ။ ဘာမှမထူးခြားတဲ့ ကိစ္စပါ။ ကြက်ဆူ စိုက်ဖို့ ဘာစိုက်ပျိုးဖို့ ဆိုပီး စစ်တပ်က အကြောင်း အမျိုးမျိုးပြသိမ်းနေတာတွေ အများကြီး ပါဘဲ။ အခု ဖွဲ့စည်းပုံမှာလည်း လယ်မြေတွေကို အစိုးရကပိုင်တယ်လို့ ပါနေတော့ ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြဦးမယ်” ဟု ပြောသည်။
သို့သော်လည်း ရခိုင်ပညာတတ် လူငယ် တစ်ဦးက ထူးကုမ္ပဏီက တန်ရာတန်ကြေးကို ပေးမည်ဟု သူထင်မြင်ကြောင်း၊ တန်ရာ တန်ဖိုးကို မပေးပါက ဒေသခံများနှင့် ကုမ္ပဏီအကြား ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ပြောဆိုသည်။
Copy from www.narinjara.com
Friday, October 1, 2010
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်လာပါက NLD (CEC) များနှင့်ပါတီဝင်များ (ရှေ့ဆက်) ဘာဆက်လုပ်ကြမည်နည်း
ဒေါ်အောင်ဆန်းစုကြည် လွတ်လျင် လူထုလှုပ်ရှားမှု ပိုလုပ်မည်ဟု NLD ပြော
ရန်ပိုင် Friday, October 01, 2010
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထု လှုပ်ရှားမှုများကို ပိုမို လုပ်ဆောင်မည်ဟု အဖွဲ့ဝင်များက ဆိုသည်။
လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံ နေရခြင်းမှ ပြန်လည် လွတ်မြောက် လာ မည်ဖြစ်ကြောင်း ၊ ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် လူထုလှုပ်ရှားမှုများ ဖြင့် လုပ်ဆောင်သွားမည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
“ဒေါ်စုက လွတ်လာရင်တော့ တပြည်လုံး လှည့်မှာပဲ၊ ဒီပဲယင်းနဲ့ တွေ့တာ မတွေ့တာက နောက်တပိုင်းပဲ၊ သွေးကြောင်နေမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။
လတ်တလော လုပ်ဆောင်နေသည့် လူထု စည်းရုံးရေး လုပ်ငန်းများ၊ တိုင်းရင်းသားများ၊ တခြားသော အဖွဲ့အစည်းများနှင့် စုစည်းမိရန် ပြုလုပ်နေခြင်းသည် လူထုလှုပ်ရှားမှုများ အတွက် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း၊ လူထုကို တစု တစည်းတည်း ဖြစ်စေရန် စည်းရုံးပြီး ဖိအား ပေးသည့် နည်းကို သုံးမည်ဟုလည်း ဦးဝင်းတင်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်ကလည်း နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထုတရားပွဲများကို ကျင်းပခဲ့ရာ စစ်အစိုးရက ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်တန်းကို တားဆီးရိုက်နှက်၍ နေအိမ် အကျယ်ချုပ် ထပ်မံချခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ နှစ်တာ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသည်မှာ ၁၅ နှစ် ခန့်ရှိပြီဖြစ်သည်။
NLD ပါတီအနေဖြင့် ဆန္ဒပြပွဲများဖြင့် ဖိအားပေးသော နည်းကို သုံးမည် မဟုတ်ကြောင်း၊ လူထုကို နိုင်ငံရေးအသိ တိုးစေရန် ပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။
မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ၎င်း၏ ဦးဆောင်မှုကို လိုက်နာ ပြီး အမျိုးသားပြနလည်သင့်မြတ်ရေး လမ်းကြောင်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ “မတရားတဲ့ ဥပဒေ ဟူသမျှ ဖီဆန်ကြ”ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် အတိုင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် လွှတ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်ရက်စေ့မည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးမည်ဖြစ် ကြောင်း AFP က ရေးသားထားခြင်းဖြစ်သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့်နေကို ပြောဆိုနေကြသော်လည်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတမ်း များ ဖြန့်ဝေမှုဖြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ် ကျောင်းသားများကို မကြာသေးမီကဖမ်းဆီးခြင်း၊ စက်မှုဇုန်များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားဆန္ဒပြပွဲများတွင် ပါဝင်သူ ၁၃ ဦးကိုလည်း စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်မှု များရှိနေသည်။
စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ် လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း ၆၅ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။
အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင် မီ လွှတ်ပေးရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင်လည်း မိမိတို့ ပါတီဝင်များ အနေဖြင့် ၎င်း၏ ဦး ဆောင်မှု အောက်တွင် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဲခူးတိုင်းမင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ပြောသည်။
Copy from www.irrawaddy.org
Monday, September 27, 2010
Sunday, September 19, 2010
Friday, September 17, 2010
အမေရိကန်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုမည်။ အမေရိကန်အစိုးရ ဘာလဲ၊ ဘယ်လဲ။
လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးမူဝါဒ အမေရိကန် ဆက်ကျင့်သုံးမည်
ဧရာဝတီ Friday, September 17, 2010
အမေရိကန် အစိုးရသည် ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးရသစ်နှင့်လည်း တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဟု သိရသည်။
စစ်အစိုးရနှင့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ၂ ကြိမ်စလုံး မအောင်မြင်ခဲ့သည့်တိုင် ရွေးကောက်ပွဲအပြီး တက်လာမည့် နိုင်ငံတကာက အသိအမှတ်ပြုမည် မဟုတ်သော မြန်မာအစိုးရသစ် အတွက်လည်း ယင်းမူဝါဒကို ဆက်လက်ကိုင်စွဲသွားခြင်း သာ အသင့်လျော်ဆုံးဖြစ်ကြောင်း အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက ယမန်နေ့က ပြောကြားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က “မြန်မာအစိုးရနဲ့ နားလည်မှု ရရှိရေး ဆွေးနွေးပွဲ အတွက် ဆက်ပြီး တံခါးဖွင့်ထားဖို့ ရည်မှန်းချက်ကို ဒေသတွင်းက မိတ်ဆွေနိုင်ငံများနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ပြီးပါပြီ။ နောက်လာမယ့် အစိုးရသစ်နဲ့ အလုပ်ဖြစ်ဖို့ကလည်း ခက်ခက်ခဲခဲ ရွေးစရာထဲမှာ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးတခုပဲ ရှိပါတယ်” ဟု ဆိုသည်။
“အာရှ-ပစိဖိတ် ဒေသအတွင်း ညှိနှိုင်းဆောင်ရွက်ရေး နောက်ထပ်ခြေလှမ်းများ” ဟူသော မစ္စတာ ကမ်းဘဲလ်၏ မှတ်ချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံဟောင်း မစ္စ ပရစ်စီလာ ကလပ်က နိုဝင်ဘာရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ပတ်သက်၍ အိုဘားမား အစိုးရ၏ မူဝါဒကို မေးမြန်းရာမှ အထက်ပါအတိုင်း မစ္စတာ ကမ်းဘဲလ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ အကျပ်အတည်းတွေ ကြုံရပါတယ်။ လက်ရှိအခြေအနေတွေအရ စောင့်ကြည့်လေ့လာသူတွေကို လက်မခံ၊ နိုင်ငံတကာ စံနှုန်းတွေကို မလိုက်နာဘဲ လုပ်မယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲက လူသစ်၊ ပါဝါဆက်ဆံရေး အသစ်၊ တည်ဆောင်ပုံ အသစ်တွေ ပြည်တွင်းမှာ ဖန်တီးလာနိုင်ဖွယ် ရှိပါတယ်”ဟု ကမ်းဘဲလ်က ပြောသည်။
တိုးတက်မှု တစုံတရာရှိလာစေရန် ဖိအားပေးမှုနဲ့ မက်လုံးပေးမှုများ တပြိုင်တည်း လုပ်သွားရလိမ့်မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းနှစ်မျိုးစလုံးအတွက် ပြင်ဆင်ထားကြောင်း ကမ်းဘဲလ်က ဆက်လက်ပြောသည်။
မစ္စတာ ကမ်းဘဲလ်သည် အိုဘားမား အစိုးရ၏ မြန်မာပြည် မူဝါဒရေးရာအတွက် အကောင်အထည်ဖော်နေသူဖြစ်ပြီး စစ်အစိုးရ အပေါ် တွန်းအားပေးသည့် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးနှင့် စီးပွားရေး ပိတ်ဆို့ အရေးယူရေး မူဝါဒအရ ဆွေးနွေးမှု နှစ်ကြိမ်စလုံးကို ဦးဆောင် စီစဉ်ခဲ့သူဖြစ်သည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၀ ပြည့်နှစ် မေလတို့တွင် ကမ်းဘဲလ်သည် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ လာရောက်ဖူးသည်။
“အိုဘားမား အစိုးရ တက်လာပြီးတဲ့နောက် မြန်မာပြည် အရေးကို အနီးကပ် အကဲခတ်ဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ သက်ဆိုင်ရာ လုပ် ကိုင် ဆောင်ရွက်နေသူတွေ၊ ဒေသတွင်း တခုလုံးမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ အစိုးရတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီးတဲ့နောက်မှာ အာဆီယံရဲ့ သဘောထားဖြစ်တဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မဟာဗျူဟာကို စစ်အစိုးရအပေါ် သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးမြင်သဘောနဲ့ စီးပွားရေးပိတ်ဆို့မှုလည်း မပြောင်းလဲစေဘဲ ချဉ်းကပ်ခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒဟာ မြန်မာပြည်တွင်း ပြောင်းလဲမှု ရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်သေးပါဘူး” ဟု ကမ်းဘဲလ်က ပြောသည်။
စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အမေရိကန်အစိုးရမူဝါဒကို အပြည့်အဝ ဆက်လက်ထောက်ခံမည် ဖြစ်သော်လည်း ယထာဘူတကျကျ ပြောရလျှင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးသည် စိတ်ပျက်စရာရလဒ်များသာ ရသေးပြီး စိန်ခေါ်မှုများ ရှိနေဆဲဟု ကမ်းဘဲလ်က ဝန်ခံပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နိုဝင်ဘာ ရွေးကောက်ပွဲကို တရားမျှတရေးနှင့် အားလုံးပါဝင်နိုင်ရေးတို့ကို တိုက်တွန်းထားသည်။
ထို့အပြင် မြောက်ကိုရီးယား-မြန်မာ မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ပတ်သက်၍လည်း အမေရိကန်၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်သည်။
“အစက ပြောခဲ့သလိုပဲ ဒီလုပ်ငန်းစဉ်တခုလုံးကို ရေတိုမှာ ဖြစ်မြောက်လာဖို့ မျှော်လင့်မထားပါဘူး။ ရေရှည်သွားရမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော်တို့ ကတိတွေ အလွန်အကျွံ မပေးလိုပါဘူး။ ကျနော်တို့ လုပ်ကိုင်နေတာ ဘယ်အခြေအနေရောက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းရှိဖို့ ကြိုးစားနေပါတယ်” ဟု ကမ်းဘဲလ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရအပေါ် အမေရိကန်၏ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး မူဝါဒကို ထောက်ခံကြောင်း ပြီးခဲ့သည့် မေလက မြန်မာပြည်ခရီးစဉ်အတွင်း ကမ်းဘဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပထမဆုံး တွေ့ဆုံခွင့်ရစဉ်မှာ ဘာကြောင့် စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာကို မိနစ် ၃၀ လောက် ဆွေးနွေးခဲ့ကြပါတယ်။ ဘာမှ မသေချာသေးဘူးဆိုပေမယ့် ပွင့်လင်းစွာ ပြောရရင် ရှေ့ဆက် ဆွေးနွေးဆဲပါပဲ” ဟု ကမ်းဘဲလ်က ဆိုသည်။
အနည်းဆုံးအားဖြင့် အဆိုးထဲမှ အကောင်းအဖြစ် မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများနှင့် ဆွေးနွေးခွင့် ရခဲ့ကြောင်း၊ အမေရိကန် ကြိုးပမ်းမှုအတွက် အကူအညီတောင်းနိုင်ခဲ့ကြောင်းနှင့် အမေရိကန်၏ အကျိုးစီးပွားအတွက် အကောင်းဆုံး နည်းဗျူဟာအဖြစ် သံတမန်နည်းကျ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေး ရခဲ့ကြောင်း ကမ်းဘဲလ်က ပြောသည်။
တချိန်တည်းတွင်ပင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိဂ်ကလည်း မြန်မာနိုင်ငံ၏ အကွက်ကျကျစီမံထားသော ရွေးကောက်ပွဲသည် “စစ်အစိုးရ အာဏာ ဆက်လက်ချုပ်ကိုင်ရေးအတွက် ဟန်ပြ စီမံထားချက်” ဖြစ်ကြောင်း ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ပါတီများ ဖျက်သိမ်းခံရကြောင်း စစ်အစိုးရက ကြေညာပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မစ္စတာ ဝီလျံ ဟိဂ်၏ ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် စစ်အစိုးရက အာဏာကို ဆက်လက်ချုပ်ကိုင်ရန် စီမံချက်ဖြစ်ပြီး မြန်မာပြည်သူလူထု၏ နိုင်ငံခေါင်းဆောင်များအား လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ငြင်းပယ်ခြင်း ဖြစ်သည်” ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲသည် အမျိုးသားရင်ကြားစေ့ရေး၊ ဆယ်စုနှစ်နှင့် ချီ၍ ရှည်ကြာနေသည့် တိုင်းရင်းသား ပဋိပက္ခနှင့် မဖြစ်သင့်သည့် ဆင်းရဲနွမ်းပါးမှုများ ပပျောက်ရေးအတွက် အခွင့်အလမ်းသာ ဖြစ်သင့်ကြောင်း၊ ယခု ထိုအခွင့်အလမ်းသည် အချည်းနှီးဖြစ်နေကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။
နောက်ဆုံး အခြေအနေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တုန်လှုပ်ခြောက်ခြား၊ ပြစ်တင်ပြောဆိုစရာ ဖြစ်နေပြီး၊ မြန်မာပြည်သူများဘက် ရပ်တည်ရေးအတွက် ဆက်လက်ဆုံးဖြတ်ရန်သာ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဗြိတိန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်းကလည်း “အခု မြန်မာ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုရဲ့ လည်မျိုကို စစ်အစိုးရက ပိုပြီး ညှစ်ဖို့ အတွက် ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအမြင်များကို ပိတ်ပင်ထားကြောင်း၊ ပြည်သူလူထုသည် မည်သို့မျှ ထုတ်ဖော်ပြောဆိုခွင့် မရှိသဖြင့် မိမိတို့က ကိုယ်စား ထုတ်ဖော်ပြောဆိုပေးရေးသည် အရေးပါကြောင်း မီလီဘန်းက ဆက်လက်ပြောသည်။
Copy from www.irrawaddy.org
