Pages

Wednesday, October 13, 2010

ဧရာဝတီ၊ ထိုင်း နှင့် ဒိန်းမတ် အရှုပ်တော်ပုံ

ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ
ဧရာဝတီ Wednesday, October 13, 2010

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့် သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီစာကို ကျနော်တို့ဆီကိုတော့ ပို့ခဲ့တာ မတွေ့ရပါဘူး။

အချက်အလက် အမှားအယွင်း တော်တော်များများပါတဲ့ ဒီစာဟာ အပြင်ကို ပေါက်ကြားသွားခဲ့ပါတယ်။ ဒီစာကို စစ်အစိုးရရဲ့ ဘလော့ဂ် ဖြစ်တဲ့ “ပိတောက်မြေ” မှာလည်း တင်ထားပါတယ်။

စာပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး စာဖတ်ပရိသတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျနော်တို့ကို စိုးရိမ်တကြီးနဲ့ မေးမြန်းလာကြပါတယ်။ ဒါကြောင့် ဒီစာကို လူသိရှင်ကြား ပြန်လည်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျနော်တို့ရဲ့ တုံ့ပြန်စာကို ပြီးခဲ့တဲ့တပတ်က ကျနော်တို့ရဲ့ အလှူရှင်တွေဆီ ပို့ပေးလိုက်ပြီးပါပြီ။ ဒီတပတ်မှာတော့ အားလုံးသိနိုင်အောင် ဧရာဝတီဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်ပေါ်မှာ တင်ပြဖို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မှာရှိတဲ့ ဒိန်းမတ်အစိုးရ ထိပ်တန်းအရာရှိတွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကိုပင်ဟေဂင်က စာနယ်ဇင်းသမားတွေ သိအောင်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။

ကျနော်တို့ရဲ့ တုံ့ပြန်စာ အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ

လွန်ခဲ့တဲ့ တပတ်အတွင်းက ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့်သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။

ဒီလို အီးမေးလ်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘဝင်မကျ ဖြစ်မိပါတယ်။ ဒီလုပ်ရပ်ဟာ လုံးဝ နည်းလမ်းမကျတဲ့အပြင် စာထဲမှာပါတဲ့ အမှားတွေနဲ့ စာပို့တဲ့အချိန်ကို ကြည့်မယ်ဆိုရင် ပြဿနာ တစုံတရာ ဖြစ်လာအောင် ဆွပေးတယ်လို့ ကျနော်တို့ ခံစားရပါတယ်။

ဒိန်းမတ်သံရုံးအနေနဲ့ ဧရာဝတီရဲ့ အဖွဲ့အစည်း ပုံမှန်ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်တာကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အဲဒီလို ဝင်ငွေရဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်ပြီးချိန်မှာ အခုလို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာကတော့ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ကျနော်တို့ရခဲ့တဲ့ ဝင်ငွေဟာ သံရုံးက မျှော်မှန်းထားတဲ့ ပမာဏလောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဝင်ငွေ သိသိသာသာ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ယခုထက်ပိုပြီးတော့လည်း ဝင်ငွေရအောင် ဆောင်ရွက်သွားဖို့ ကျနော်တို့ ရည်ရွယ် လုပ်ဆောင် နေပါတယ်။

ပြည်ပမှာ အခြေစိုက်ရတဲ့ မီဒီယာအဖွဲ့အစည်းတခုရဲ့ အောင်မြင်မှုကို အဓိက တိုင်းတာသင့်တဲ့ အချက်တွေကတော့ သတင်းအချက်အလက် မြန်မြန်ရယူနိုင်မှု၊ အရည်အသွေး ပြည့်ဝတဲ့သတင်းတွေ တင်ပြနိုင်မှုနဲ့ အဲဒီ သတင်းအချက်အလက်တွေကနေ စာဖတ်သူတွေ အကျိုးအမြတ် ရစေမှုတွေပဲဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူပါတယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ အဖွဲ့အစည်းကို ဘယ်လောက်အထိ ရပ်တည်လည်ပတ်နိုင်တယ်ဆိုတာ အဲဒီ ပြည်ပက မီဒီယာအဖွဲ့အစည်းရဲ့ အောင်မြင်မှုကို တိုင်းတာသင့်တဲ့အချက်လို့ ကျနော်တို့ မယူဆပါဘူး။ ဧရာဝတီဟာ ကိုယ်ပိုင်ငွေကြေးနဲ့ ထူထောင်ထားတဲ့ ကုမ္ပဏီ မဟုတ်တာမို့ ကျနော်တို့အနေနဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့ပေါ်မှာပဲ အမှီသဟဲပြုနေရတာပါ။

လက်ရှိကာလမှာ ပြည်ပအခြေစိုက် မီဒီယာတခုအနေနဲ့ ကျနော်တို့ ရည်ရွယ်တာကတော့ အလှူရှင်တွေဆီကရတဲ့ အကူအညီ တွေနဲ့ အရည်အသွေး ကောင်းမွန်တဲ့သတင်းတွေ တင်ပြပြီး မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားရေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ ပြန်လည် အခြေချခွင့်ရတဲ့ အချိန်ကျရင်တော့ ဧရာဝတီကို ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မီဒီယာအေဂျင်စီတခု ဖြစ်လာဖို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ အဲဒီလို ဖြစ်လာအောင် လည်း ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒိန်းမတ်သံရုံးက ပို့တဲ့ အီးမေးလ်ပါ အကြောင်းအရာ အမှားအယွင်းတချို့နဲ့ ပတ်သက်ပြီး ရှင်းလင်းလိုပါတယ်။

1. ၂၀၁၀ မှာ ဧရာဝတီဝန်ထမ်း စုစုပေါင်း ၆၂ ဦးရှိပါတယ်။ ချင်းမိုင်ရုံးမှာ ၃၅ ဦး၊ ပြည်တွင်းမှာ ၂၀ နဲ့ ဒေသတွင်း အခြေစိုက် သတင်းထောက် ၇ ဦးဖြစ်ပါတယ်။ ဝန်ထမ်းဦးရေ အရင်ထက် တိုးလာရတာကတော့ ဧရာဝတီရဲ့ လုပ်ငန်းတွေ ချဲ့ထွင်လာတာရယ်၊ ပြီးတော့ ဒီနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ ငွေကြေးအကူအညီ ရတာတွေရယ်ကြောင့် ဖြစ်ပါတယ်။

2. ရုံးတွင်းဝန်ထမ်းတွေ ခရီးသွားတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမှာ တိတိကျကျ ရေးသားပြဌာန်းထားတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဲဒီအတိုင်း ဧရာဝတီဝန်ထမ်းအားလုံး လိုက်နာဆောင်ရွက်ရတာ ဖြစ်ပါတယ်။

3. အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ လစဉ်မဂ္ဂဇင်းဟာ ဧရာဝတီရဲ့ စီစဉ်ထုတ်လုပ်မှု ၁၀ ခုထဲက တခုပဲ ဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ ဝက်ဘ်ဆိုက်၊ ရုပ်သံနဲ့ ရေဒီယိုအပါအဝင် ကျနော်တို့ အစီအစဉ်တွေအားလုံးကို မြန်မာနဲ့ ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာဆီ ရောက်နိုင်အောင် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

4. ဧရာဝတီအနေနဲ့ အလှူရှင်တွေ ထောက်ပံ့တာကို စနစ်တကျ စီမံခန့်ခွဲမှုမရှိဘူးလို့ စောင်းပါးရိပ်ခြည် ပြောတာမျိုးကတော့ မမှန်တဲ့အပြင် စော်ကားရာလည်း ရောက်ပါတယ်။ ခရီးစရိတ်အပါအဝင် အဖွဲ့အစည်း လုပ်ငန်း တခုလုံးအတွက် ကုန်ကျတာတွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေ ကျနော်တို့ဆီမှာ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံရှိပါတယ်။ ဒါတွေကို ကျနော်တို့ရဲ့ အလှူရှင်တွေဆီကိုလည်း အချိန်နဲ့တပြေးညီ ပို့ပေးနေကျ ဖြစ်ပါတယ်။

ဒိန်းမတ်အစိုးရက ဧရာဝတီကို နှစ်အတော်ကြာ အထောက်အပံ့ပေးခဲ့တဲ့အတွက် ကျနော်တို့ များစွာကျေးဇူးတင်ရှိပါတယ်။ တချိန်တည်းမှာလည်း အခုလို ဒိန်းမတ်သံရုံးက အီးမေးလ်ပို့ခဲ့တဲ့အပေါ်မှာ ကျနော်တို့ အတော်လေး ကသိကအောက်ဖြစ်ပြီး ဘဝင်မကျဖြစ်ရတယ် ဆိုတာကို အသိပေးလိုပါတယ်။

ပြည်ပအခြေစိုက် မီဒီယာတွေရဲ့ သဘောသဘာဝနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို တန်ဖိုးထားနားလည်တဲ့ အလှူရှင်တွေနဲ့ လက်တွဲဆောင်ရွက်ခွင့် ရတဲ့အပေါ်၊ ပြီးတော့ မြန်မာပြည်သတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို အလေးထားကြတဲ့အပေါ် ကျနော်တို့ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။

ခင်မင်ရင်းနှီးစွာဖြင့် …

အောင်ဇော်
အယ်ဒီတာ
ဧရာဝတီမဂ္ဂဇင်း

Copy from www.irrawaddy.org


Danish Burma Committee Accused of Corruption

--------------------------------------------------------------------------------
11.01.2010 news Gregers Moller
--------------------------------------------------------------------------------

The Danish Burma Committee has bribed officials, and corrupt partners and bought alcoholic beverages and a car to Thai police officers for public Danish development funds, according to two confidential reports analyzed by Ekstra Bladet, a Danish daily.
The Danish Burma Committee has also purchased unsafe and useless medicine at inflated rates and allegedly illegally sent it over the border from Thailand into Burma to help the poor populaton inside Burma.
Professor at the Copenhagen Business School Kim Klarskov Jeppesen, an expert in auditing and fraud, has analyzed the two confidential reports for the newspaper. The reports were written in October and November for the Danish Embassy in Bangkok. It is not yet known who at the Embassy in Bangkok or at the ministry in Copenhagen leaked the reports.
The Committee has since 2003 received around 45 mill. DKK in support from Danida, the official Danish development agency. The Danish Burma Committee is an umbrella organization. Under the umbrella are among others the Danish Workers Union (LO), the Danish Church Aid, the Social Democratic Party and the The Danish Nurses' Organization.
The Secretary General of the organisation denies almost all the accusations in the reports.

Copy from www.scandasia.com