Pages

Friday, March 5, 2010

NCUM မှဂုဏ်ပြုမှတ်တမ်းလွှာများ ပေးပို့မှတ်တမ်းတင်ခြင်း

ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ မှ ဂုဏ်ပြု မှတ်တမ်း တင်ခြင်း အကြောင်းကြားစာများအား ပေးပို့သည့် လှုပ်ရှားမှု ပြုလုပ်


ပြည်တွင်းရှိ နိုင်ငံရေး မြေအောက် အဖွဲ့ (၁၅) ဖွဲ့ နှင့် ပူးပေါင်း ဖွဲ့စည်း ထားသော ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ မှ ယနေ့ ရက်စွဲဖြင့် စစ်ကြောရေး စခန်းများ၊ အကျဉ်းထောင်များ ၊ ရဲဘက် စခန်း များစွာ တို့တွင် လူမဆန်စွာ နှိပ်စက် ညှဉ်းပမ်း မှုများ နှင့် မတရား အနိုင်ကျင့်မှုများကို ခံစားခဲ့ ကြရသော၊ ခံစား နေကြရသော တော်လှန်ရေးသမား မိသားစုများ၊ စစ်အာဏာရှင် စနစ် ဆိုးအား တော်လှန်သည့် တိုက်ပွဲဝင် ယုံကြည်ချက်ကို မသွေ မတိမ်း ဆုပ်ကိုင် ထားကြသည့် ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အား စုများ ၊ အဖွဲ့ အစည်းများ ၊ တစ်သီးပုဂ္ဂလများ ၊ သတင်း မီဒီယာများ ၊ သတင်းထောက်များ နှင့် ဘလော့ဂ်ဂါများ ထံသို့ ဂုဏ်ပြု မှတ်တမ်း တင်ခြင်း အကြောင်းကြားစာများအား ပေးပို့ သည့် လှုပ်ရှားမှုကို ယနေ့ ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

ထိုလှုပ်ရှားမှု နှင့် ပတ်သက်ပြီး ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ ၏ ပြည်ပ ပြောရေး ဆိုခွင့် ရှိသူ ကိုရွှေစင်ထွန်းက အောက်ပါ အတိုင်း ဟံသာဝတီ သို့ ပြောပြပါသည်။ ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ လှုပ်ရှားမှုကို ပုံစံ နှစ်မျိုးနဲ့ ပြုလုပ်ခဲ့ ပါတယ် ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစု တွေဆီကို စာတိုက်ကနေ ပေးပို့ခဲ့ပြီး ၊ ပြည်ပရှိ နိုင်ငံရေး အင်အားစုများ ၊ အဖွဲ့အစည်းများ ၊ တစ်သီးပုဂ္ဂလများ ၊ သတင်း မီဒီယာများ ၊ သတင်းထောက်များ နှင့် ဘလော့ဂ်ဂါများ ထံသို့ အွန်လိုင်းကနေ တဆင့် ပေးပို့ခဲ့ ပါတယ်။ ထိုသို့ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ ကျနော်တို့ အနေနဲ့က နအဖရဲ့ အကျဉ်း ထောင်တွေထဲမှာ လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ခံ နေရတဲ့ ပုဂ္ဂိုလ်များ အားလုံးကို တော်လှန်ရေးရဲ့ ခေါင်းဆောင်တွေ အဖြစ် ပြယုဌ်တွေ အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဟာ အကျဉ်းထောင်တွေ အတွင်းမှာ တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် နေ့စဉ်နဲ့ အမျှ နှလုံးရည် တိုက်ပွဲကို ဆက်လက် တိုက်ပွဲ ဝင်နေ ကြတာ ဖြစ်ပါတယ်။ ဒါဟာ တစ်မျိုးသားလုံး အတုယူရမဲ့ စံနမှုနာတွေ ဖြစ်ပါတယ်။ နောက်ပြီး တမျိုးသားလုံး စစ်အာဏာရှင် စနစ် အောက်က လွတ်မြောက်ရေး အတွက် လူတစ်ဦး တစ်ယောက် ချင်းစီရဲ့ ပူးပေါင်း ပါဝင်ခြင်း၊ ဦးဆောင် ဦးရွက် ပြုနေခြင်း အားလုံးဟာ အောင်မြင်ခြင်း အတွက် လွန်စွာ အရေးကြီးတဲ့ အတွက် မပြီးဆုံး သေးတဲ့ တာဝန်တွေကို ကိုယ်ကြိုးစွန့် လုပ်ဆောင် နေသူတွေ အားလုံးအားလုံးကို လေးစားဂုဏ်ပြုခြင်း ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးမှာရှိတဲ့ အားတွေအားလုံး ပြည်တွင်းရော ပြည်ပပါ မကျန် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု လမ်းကြောင်း ပေါ်မှာ တစ်စုတစ်စည်းတည်း တစ်ညီတညာထဲ စုပေါင်းတော်လှန်ဘို့ အလေးအနက် ရည်ရွယ်ပြီး အခုလို ထုတ်ပြန် ကြေငြာရခြင်း ဖြစ်ပါတယ်။

ထို ဂုဏ်ပြုမှတ်တမ်းစာကို လက်ခံ ရရှိတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်တဦးကတော့ ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ ကနေ အခုလို မိမိတို့ မိသားစုကို ပေးပို့တဲ့ အတွက် အတိုင်းမသိ ၀မ်းသာ မိကြောင်း နှင့် ထို ဂုဏ်ပြုမှတ်တမ်း စာသည် ကျွန်မတို့ မိသားစု အတွက် အားတစ်ရပ် ဖြစ်ကြောင်း ပြောပြ ပါတယ်။ ထို ဂုဏ်ပြုမှတ်တမ်း စာကို အွန်လိုင်းကနေ တဆင့် လက်ခံ ရရှိတဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ ကိုယ်စားလှယ် အဖွဲ့ အထွေထွေ အတွင်းရေးမှုး အရှင်ထာဝရ ကတော့ ဒီနေ့ ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ ကပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်း တင်ခြင်း စာကို ဦးဇင်း အနေနဲ့ ထောက်ခံ အားပေး ပါတယ် ဘာဖြစ်လို့လည်း ဆိုရင် အခုချိန်မှာ ပြည်သူတွေ တိုင်းရင်သားတွေ အားလုံးက ပြတ်ပြတ် သားသား စစ်အဏာရှင် တွေကို တွန်းလှန်း ရမယ့် အချိန် ဖြစ်နေတဲ့ အတွက် အခုလို့ ဂုဏ်ပြုပေးချင်း အားဖြင့် နောက်ထပ် မျိုးဆက်သစ်များလည်း ပေါ်လာ နိုင်လို့ပါ ဦးဇင်းတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ကောင်းတာတွေ အများ အတွက် အကျိုးရှိတာ တွေကို လုပ်နေ့သူမှန် သမျှကို ထောက်ခံ ပါတယ် တစ်ဆက်တည်း ပြောချင် တာကတော့ ယခု အချိန်မှာ စစ်အာဏာရှင် စနစ်ပြုတ်ကျ ရေးဟာ အရေးကြီး ပါတယ် အဲဒါကြောင် ပြည်တွင်း ပြည်ပရှိ ဆရာတော် သံဃာ့တော်များ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးကို တိုက်တွန်း ချင်တာ ကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြက် သားသား ဆန်ကျင့် ကြပါလို့ တိုက်တွန်း ချင်ပါတယ် ။ အကျဉ်းထောင်တွေ အတွင်းမှာ ရှိနေကြတဲ့ ရဟန်း သံဃာတော်များ ၊ ကျောင်းသား ကျောင်းသူများ ၊ နိုင်ငံရေးခေါင်းများ ၊ တိုင်းရင်းသား ခေါင်းဆောင်များ အားလုံးကို ထပ်ပြီး အမှာစကား ပါးလိုက် ပါတယ် အားလုံးရဲ့ ကိုယ်စား ဦးဇင်းတို့တွေ အားလုံး စုပေါင်းပြီး စစ်အာဏာရှင်တွေကို တွန်းလှန် နေကြပါတယ် လို့ ပြောပြသွားပါတယ်။

ထို့အပြင် မဇ္ဈိမ သတင်းဌာန နယူးဒေလီက သတင်းထောက် တစ်ဦး ဖြစ်သူ ကိုဆလိုင်း ဟံသာစန်း ကလည်း ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံကနေ မိမိထံကို အခုလို ဂုဏ်ပြုစာ ပို့ပေးတဲ့ အတွက် ၀မ်းသာမိကြောင်း နှင့် ပြည်တွင်း ရှိ အတိုက် အခံတွေ မှာက အစိုးရရဲ့ အမျိုးမျိုး ဒုက္ခပေးမှုကို ခင်ဗျားတို့ ကျနော်တို့ ကြားသိနေရတဲ အချိန်မှာ ခုလိုအားပေး ဂုဏ်ပြုစာ ရတော့ သူတို့ ရပ်တည်ချက်၊ ယုံကြည်ချက်အတွက် ခွန်အားဖြစ်စေကြောင်း ၊ ကျနော်တို့ သတင်းထောက်အဖို့တော့ ဂုဏ်ပြုတာကို ကြိုဆိုပေမယ့် ဂုဏ်ပြုဖို့ အတွက် လုပ်နေတာ မဟုတ်ဘူး ဆိုတာတော့ အားလုံး သိကြ လောက်ပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော ဒီလိုမျိုး ဂုဏ်ပြု စာတွေကနေ တဆင့် ပြည်တွင်း ပြည်ပ အတိုက် အခံတွေ စည်းလုံး ညီညွှတ်ရေးတို့၊ နောက် အင်တာနက် ပေါ်ကထက် လက်တွေ့ပိုင်း အကောင် အထည် ဖေါ်မယ့် နည်းလမ်းတွေကို သုံးသင့်တယ်လို့ မြင်ကြောင်း ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ ကပေးပို့သော ဂုဏ်ပြုစာ အပေါ် ၄င်း၏ အမြင်ကို ပြောပြသွားပါတယ်။ ဘင်္ဂလာ- မြန်မာနယ်စပ်က ရှစ်လေးလုံး ရဲဘော်တဦးဖြစ်သူ ကိုခိုင်ပြည်သိမ်းကတော့ ပြည်ထောင်စု အမျိုးသား ကောင်စီ - မြန်မာနိုင်ငံ ဆိုတဲ့ ကောင်စီ တစ်ခု ထပ်မံ ပေါ်ပေါက်လာတာ ကောင်းကြောင်း၊ မိမိအနေနဲ့ လက်ခံကြောင်း ၊ ယခုကောင်စီသည် စစ်အာဏာရှင် စနစ် ၊ စစ်ဖိနပ် အောက်ကနေ လွတ်မြောက်ဖို့အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်မဲ့ ကောင်စီတခု ဖြစ်လာနိုင်ကြောင်း ၊ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင် တစ်ဦး အနေနဲ့ ပြောရမယ် ဆိုယင် စစ်အာဏာရှင် စနစ်ကို တွန်းလှန် တိုက်ပွဲ ၀င်မယ့် ရဲဘော်တိုင်း စုစည်း တိုက်ပွဲဝင်မဲ့ ဆုံရပ် အင်အားကောင်းတဲ့ ဆုံရပ်တခု ဖြစ်လာနိုင်တယ်လို့ ထင်မြင် မိကြောင်း နှင့် ပြည်ထောင်စု အမျိုးသားေ ကာင်စီ - မြန်မာနိုင်ငံ က ရေးဆွဲ ထားတဲ့ ဖွဲ့စည်းပုံ တွေကလည်း လူတိုင်း စုစည်း တိုက်ပွဲ ၀င်နိုင်မယ့် ဖွဲစည်းပုံ တခု ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ ၏ ပြည်တွင်း ပြောရေး ဆိုခွင့် ရှိသူ ဒေါ်မိုးမိုးဝါ ကတော့ ကျွန်မတို့ဟာ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ညိမ်းရေး လုပ်ငန်းတွေကို စတင် အကောင် အထည်ဖေါ် လုပ်ဆောင်ဖို့ နိဂုံးပိုင်း အချိန် ကာလကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် စတင် သန္ဓေ တည်ခဲ့တဲ့ အချိန် ကာလ ထဲက စစ်အာဏာရှင် စနစ်အောက် မြန်မာပြည်ရဲ့ အနာဂါတ် အခြေ အနေကို မှန်းဆပြီး ကယ်တင်ဖို့ ဘဝ တွေ အသက်တွေ ပေးဆပ်ခဲ့ပြီး တိုင်းပြည်ကို ဒီမိုကရေစီ မီးမောင်း ထိုးပြခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းတွေ၊ ခေတ်အဆက် မှာ တော်လှန် တိုက်ပွဲ ဝင်ခဲ့ကြတဲ့ အာဇာနည် တွေကို ကျွန်မတို့ အခုလို ဂုဏ်ပြု မှတ်တမ်း တင်ခြင်း ဟာဖြင့် ကျွန်မတို့ ပြည်တောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ မှ နအဖ စစ်အာဏာရှင် စနစ်ကို အဆုံး အဖြတ် ပေးတဲ့ နိုင်ငံရေး တိုက်ပွဲတွေ လူထု တိုက်ပွဲကို ဆင်နွှဲဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲမှာ ကျဆုံးခဲ့ရ သူတို့ ရဲ့ ဝိဥာဏ်တွေ နှင့် အကျဉ်းထောင်အသီးသီး မှာ မတရားအကျဉ်း ကျခံနေရတဲ့ ကျွန်မတို့ရဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ ၊ ညီအကို မောင်နှမတွေကို ဦးညွှတ် ဂုဏ်ပြုပြီး တစ်ချိန်ထဲ မှာဘဲ သူတို့ကို တိုင်တည် ကတိပေးပြီး အောင်ပွဲ ရသည်အထိ တိုက်ပွဲဝင်သွားဖို့ ဂုဏ်ပြုစာ နှင့်အတူ သံဓိဌာန် ပြုခြင်ဲး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ သည် တရား မျှတမှု၊ တန်းတူ ညီမျှ မှုနှင့် အမျိုးသား သင့်မြတ်ရေး၊ ညီညွတ်ရေး အပေါ်တွင် အခြေ ခံသော ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရန် ဟူသည့် သမိုင်းပေး တာဝန် အပေါ်တွင် အပြည့်အ၀ ယုံကြည်ပြီး သမိုင်းပေး တာဝန်ကို အကောင် အထည် ဖော်ရန် အောက်ပါ လုပ်ငန်းစဉ် အဆင့် ခုနစ်ဆင့်ကို တစ်နှစ် အတွင်း အောင်မြင်သည်အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းအဆင့်ခုနစ်ဆင့်မှာ

i. စစ်အာဏာရှင် စနစ် အောက်တွင် နှစ်ပေါင်း လေးဆယ်ကျော် ကာလ တစ်လျှောက် ဖိနှိပ် ချုပ်ချယ် ခံခဲ့ ရသော မြန်မာ တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီးကို အကောင် အထည် ဖော်ဆောင်ရန်
ii. အချုပ် အခြာ အာဏာပိုင် ကြားဖြတ် အစိုးရ ကောင်စီအား ဖွဲ့စည်းရန်။ ယင်းသို့ ဖွဲ့စည်းရာတွင် အလွှာမျိုးစုံ၊ လူမျိုး ပေါင်းစုံကို ကိုယ်စားပြုသော အဖွဲ့ အစည်း များနှင့် ပူးပေါင်း ညှိနှိုင်း အကောင် အထည် ဖော်ဆောင်ရန်။ လိုအပ်ပါက ကမ္ဘာ့ ကုလ သမဂ္ဂမှ အကြံဥာဏ် တောင်းခံ ဆောင်ရွက်ရန်။
iii. အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေး ပွဲကြီးအား ခေါ်ယူ ကျင်းပရန် နှင့် မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲရန်
iv. ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို တင်ပြ အတည်ပြုရန်
v. ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ နှင့် အညီ ရွေးကောက်ပွဲ ကျင်းပရန်
vi. ဒီမိုကရေစီ၊ လူ့အခွင့်အရေး နှင့် လူမှု တရား မျှတမှု အပေါ်တွင် အခြေခံသော လူ့ဘောင်သစ်ကို တည်ဆောက်ရန်
vii. ဖြောင့်မတ် မှန်ကန်သော နည်းစနစ်များနှင့် မူဝါဒများကို အသုံးပြု၍ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် တို့ ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ မှ ဂုဏ်ပြု မှတ်တမ်း တင်ခြင်း အကြောင်းကြားစာ

၎ . ၃ . ၂၀၁၀ l HTWD

Copy from http://www.hanthawaddy.org
Certificate of Honor