Pages

Friday, March 5, 2010

မောင်ဘုန်း (ABSDF) ရင်ဖွင့်သည်

ပထမပိုင်း ရင်ဖွင့်သံတွေကြားရတော့ ပွင့်လင်းတဲ့ဒီမိုကရေစီအရသာကို ခံစားလိုက်မိပါတယ်။
တချို့ ကတော့ ကိုယ့်ကိုကိုယ် ထိပါးလာတာမို့  ဒီမိုကရေစီအင်းအားစုတွေအတွင်း ကပွင့်လင်းတဲ့ဝေဖန်မှုတွေကို ကြိုဆိုလိုခြင်းမရှိဘဲ မိမိတို့ အား နည်းချက်များကို ရန်သူအကြိုက်ဖြစ်မှာဘဲဆိုပြီး တံတိုင်းလုပ်ပြီးကာကွယ်ကြ
တယ်။ မိမိတို့ ရဲ့  အပျင်းထူထူ… ချောင်ချောင်နေ၊ ချောင်ချောင်းစား…၊ ဆရာနဲ့ တပည့်ဝေစား မျှစားလုပ်နေချိန်မှာ တော်လှန်ရေးငွေတွေကို အကျိုးရှိရှိဖြစ်စေလိုသူတွေက ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တော့ အနာပေါ် ဒုတ်ကျပြီလေ…။

တကယ်တော့ မြန်မာ့နိုင်ငံရေးလောကမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုတွေဟာ စစ်အစိုးအုပ်စိုးနေစဉ် ကာလကလွဲလို့  တလျှေက်လုံးရှိခဲ့တာပါ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆိုရင် အလွန်ထင်ပေါ်ကျော်ကြားတဲ့ မျိုးချစ်ဝေဖန်ရေးသမားတစ်ဦးပါ။ ဝေဖန်ရေးဆိုတာကြောက်စရာမဟုတ်ပါဘူး…။ မိမိတို့ အား နည်းချက်ကို ဝေဖန်ထောက်ပြပေးတာမို့ ဝမ်းပန်းတသာ ကြိုဆိုကြရမှာပါ….။
ဝေဖန်ရေးကိုကြောက်ကြသူတွေ အချောင်သမားများနှင့် အလိုတော်ရိ ဖေါ်လန်းဖါးတွေလောက်ပါ။

ဗိုလ်ချုပ်အောင်ဆန်းဆိုရင်လည်း အင်မတန်ပြင်းထန်တဲ့ စကားလုံးတွေနဲ့  အချောင်သမားတွေကို
ပွင့်ပွင့် လင်းလင်း ဝေဖန်တတ်သူပါ။
ဒီနေ့ နယ်စပ်ဒေသမှာ စစ်မတိုက်ရတော့ဘဲ မဲဆောက်မြို့  ပေါ်မှာ နာမည်မျိုးစုံနဲ့  အဖွဲ့ အစည်းမျိုးစုံဖြင့် ရုံးခန်းအသီးသီးဖွင့်ထား ကြသူထွေထဲက စိတ်ဓါတ်ရေးရာပျက်စီးနေသူတွေဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီ အရသာကို ခံစားလိုချင်ပုံမရပါ။ အသောက်အစားမက်ပြီး စိတ်ဓါတ်ရေးရာအရပျက်စီးနေကြတာမို့ 
ကိုနိုင်အောင်၊ ကိုမောင်မောင်၊ ကိုကျော်ကျော်တို့  လူမျိုးဆီမှာ တပည့်ခံစားပြီး အတိတ်က မိမိတို့ 
စွန့် လွတ်ခဲ့သည်များကို စင်းကားဘီဟာဖြင့် စမြုံပြန်နေ ကြတယ်။
ကျောင်းသားတပ်မတော်ထဲမှာတုန်းက ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် မြန်မာပြည်ကို ပြန်လို့ မရနိုင်တော့တဲ့ ကိုနိုင်အောင်တို့  လို လူတွေအတွက်တော့ ဒီလိုလူတွေ များလေလေ သူအတွက်အင်အား တောင့်တင်း လာလေလေပေါ့…. ။
တကယ်စစ်စစ်မှန်မှန် တော်လှန်ရေးလုပ်လိုသူတွေတောင် ဒီလိုလူတွေကို ကြောက်နေကြရတယ်။
သူတို့ ရှေ့ မှာ အပြောအဆိုဆင်ချင်ကြရပြီး အသွားအလာလည်း ဆင်ချင်ကြရတယ်။ စစ်အာဏာရှင်တွေမကြိုက်လို့  တော်လှန်ရေးနယ်မြေကို ထွက်လာသူတွေက ပုလင်းတူဗူးဆို့  လုပ်ပြီး ဒီမိုကရက်တစ်အာဏာရှင် လုပ်လာကြတယ်။ မလေးရှားက၀န်ကြီးချုပ်ဟောင်း မဟာသီယာ လိုပေါ့။ ခုတော့သူတို့ ဟာ ဘီယာကို ခံတွင်းတွေ့ လာကြပြီး မဟာဘီဟာ ဘွဲ့ ခံပြီး ဆရာသမားတွေအကြိုက်
အတိုက်အခံတွေကို နည်းမျိုးစုံနဲ့  တိုက်ခိုက်ကြ…. ပြီးရင်ဆရာသမားတွေဆီက လက်ဖြန့် တောင်းကြနဲ့ 
ပြည်တွင်းကစွမ်း အားရှင်တွေလို ဖြစ်လာမှန်းမသိဖြစ်လာကြတယ်။
တကယ်တော့ သူတို့ ဟာ သူတို့ သုံးနေတဲ့ “ ကွန်ဒွန် “ ကအစ။ တော်လှန်ရေး ဒီမိုကရေစီအရေးအတွက် ပေးတဲ့ငွေတွေ ဆိုတာလောက်ကိုတော့ သတိရသင့်ပြီး မိမိတိုမိမိပြန်လည် ပြုပြင်သင့်တယ်။
ပြန်ကြည့်ပါအုံး … ဦးစိန်ဝင်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူဖြစ်ပါတယ်တဲ့။ ဗိုလ်ချုပ်အောင်ဆန်းနဲ့  တူတာဆိုလို့  ဘာမှမတွေ့ ရပါဘူး။ လုပ်ရပ်ကိုကြည့်ကြည့် …. ခံယူချက်ကိုဘဲကြည့်ကြည့်…. ဘာဆိုဘာမှမတူပါ။
နောက်ဆုံး စကားပြောတဲ့ လေသံကအစ ညှောင်နာနာအသံနဲ့  သြဇာသံကင်းမဲ့လှပြီး ကြားရသူတောင် စိတ်ဓါတ်ကျသွား နိုင်ပါတယ်။
ဦးစိန်ဝင်းရေ “ ဒီအင်အေ ” စစ်ပြီး သက်သေမပြပါနဲ့ တော့ ။ ကျနော်တို့ ချစ်တဲ့ ဗိုလ်ချုပ်သိက္ခာကျနေပါဦးမယ်။ ကတိကလည်းမတည်ခဲ့ပါဘူး။ ခင်ဗျားအစိုးရမဖွဲ့ ခင် ပေးခဲ့တဲ့ကတိတွေလေ။ အစိုးရဖွဲ့ ပြီးရင် ကျောင်းသား
တပ်မတော်ကို အစိုးရတပ်အဖြစ်ထားရှိသွားပြီး ရလာတဲ့အကူအညီတွေကို ပေးသွားမယ်ဆိုတာရယ်။ ပြီးတော့ အစိုးရအဖွဲ့ ထဲမှာ တိုင်းရင်းအင်အားစုတွေကို ပါဝင်လာအောင် လုပ်သွားမယ်ဆိုတာရယ်….၊ အားလုံးကအိပ်မက်ဖြစ်သွားပြီး။ တိုင်းရင်းသားတွေပြောသလို …. “ မြန်မာတွေကိုမယုံရဘူး ” ဆိုတာကို ခင်ဗျားတို့ ကထပ်မံသက်သေပြလိုက်တာပါဘဲ ။
ပြီးတော့ ဥရောပက စိတ်ကူးယဉ် စေ့စပ်ရေးဆရာကြီး ဦးဟန်ညောင်ရေ လိုလူကို ဆရာတင် ပြီးတော့ ဇော်ဦး၊ သောင်းထွန်းလို နိုင်အောင်တို့ လို ဆေးမကုတဲ့ ဆရာဝန်တွေကို လက်သက်မွေးပြီး ။ ထပ်ခါထပ်ခါရှုံးနိမ့်နေတဲ့လမ်းစဉ်တွေနဲ့  ငွေတွေရှာကြ စိတ်ကြိုက်လုပ်ချင်တာတွေကို လုပ်ခဲ့ကြတယ်။ ပြီးတော့ ဒီပေါ်လဆီက ငွေမရနိုင်ဘူးဆိုပြီး ခင်ဗျားငြင်းခဲ့တာကို မကြားချင်မှအဆုံး ပါ…။
ဗိုလ်ချုပ်သာရှိရင် ခင်ဗျားလိုလူကို ဘာလုပ်ပြစ်မလည်း ဆိုတာ ခင်ဗျားတွေးမိကြည့်ရဲ့ လား။

အက်ဖ်ဒီဘီဖွဲ့ ရင် ငွေရမယ်ဆိုပြီး တိုင်းရင်းသားတွေလုံး ၀မပါတဲ့ နိုင်ငံရေးအရအနှစ်သာရကင်းမဲ့တဲ့ အဖွဲ့ 
အစည်းကို သောင်းထွန်းရဲ့ အကူအညီနဲ့  နိုင်အောင်ကဦး စီးဖွဲ့ စည်း ခဲ့တယ်။
တပ်ပေါင်းစုကြီးထဲက အဖွဲ့ တစ်ချို့  အေအေပီပီလိုမြန်မာ အင်ဂျီအိုတွေနဲ့  အင်စီယူဘီတပ်ပေါင်း စုကြီးရှေ့ မှာ နောက်ထပ် တပ်ပေါင်း စုတစ်ခု ကို မျက်နှာပြောင်တိုက်ဖွဲ့ စည်းခဲ့တယ်။
တကယ်တော့ ဒါဟာ လင်ရှိမယားကို ခိုးယူပေါင်း သင်းတဲ့သဘောပါဘဲ။ တိုင်းရင်းသားတွေပြောတဲ့
" မဟာလူမျိုး ”ကြီး ၀ါဒဓ ကို ခင်ဗျားတို့ က သက်သေပြလိုက်တဲ့သဘောပေါ့။
လူမှုရေးမှာသိက္ခာမဲ့တဲ့ သူတွေဟာ နိုင်ငံရေးမှာလည်း သိက္ခမဲ့ဘို့  ၀န်မလေးဘူးဆိုတာ ထင်ရှားပါတယ်။ ဇော်ဦးက ဒီဘက်မှာရှာစားလို့ ဝတော့ အချောင်သမားပီပီ အာဏာရှင်ကြီးတွေဆီမှာ ညာစားဘို့  လုပ်လာ ပြန်တယ်။ သောက်ရေးမပါဘဲ ပေးလိုက်တဲ့ ပညာရပ်တွေနဲ့  ကိုယ့်ကိုကိုယ် ပညာရှင်ထင်ပြီး သ၀င်မြင့်ပြီး နိုင်ငံရေးစတန့် တွေထွင်လာပြန်တယ်။
မြန်မာပြည်ပြန်ပြီး လက်နက်ချတယ်၊ ညာစားဘို့  လုပ်ကြည့်တယ်။ သူလောက်မညံ့တဲ့ စစ်အာဏာရှင်တွေက ပြန်ကန်ထုတ်လိုက်တော့  အရှက်မရှိပြည်ပ ပြန်ထွက်လာတယ်။
သောင်းထွန်းကတော့ တကယ်ကိုလူပါးကြီးဘဲ။ ယူအမ်ကိုယ်စား လှယ်ဆိုပြီး နအဖ အလိုကျ စေ့စပ်ရေးဆိုတဲ့ ဖြစ်လာရန်ဘယ်လိုမှ မဖြစ်နိုင်တဲ့ “ ဂမ်ဒူး ” ပေါ်လဆီကိုကိုင်ဆွဲပြီး ကုလသမဂ္ဂ ကိုချဉ်းကပ်တယ်။
ရလာတဲ့အမြတ်ကတော့ အင်ဂျီအိုက၀င်လာတဲ့ငွေတွေပေါ့ ။ အရှုံးကတော့မြန်မာပြည်သူလူထုတွေဆက်လက် ကျွန်ခံစေရေးဘဲပေါ့။
ရလာတဲ့ဒေါ်လာတွေ။ အဲဒါတွေကို ရုံးခန်း ကိန်းခန်းတွေအတွက် ခွဲဝေယူကြ။ နည်းနည်းပါးပါး ကို ပြည်တွင်းကို
ပို့ ပေး (ဒီနေရာမှာ ဆွေမျိုးတွေလည်း ပါနိုင်တယ်လို့ မှတ်ယူပါ) ။
ကျန်တာတွေကိုတော့ တပည့်တပန်းတွေကိုပေးနဲ့  အနှစ်နှစ်ဆယ်တောင် ရောက်လာပါပြီ။ ဆရာကြီးတွေပြောတဲ့ ရင်ကြားစေ့ရေးဆို အရိပ်အရောင်လေးတောင် မမြင်ရဘူး။ ပြီးတော့အရှက်မရှိ ပြောသေးတယ် သူတို့ ကြောင့်မဟုတ်ဘူး။ စစ်အာဏာရှင်တွေကငြိမ်းချမ်းရေး မလိုလားတဲ့။ ရယ်စရာမကောင်း ဘူးလား။ စစ်အာဏာရှင်ဆိုမှတော့ ငြိမ်းချမ်းရေးလိုမလားကွဲ့  ငတုံးကြီးရဲ့ ။ ယူအမ်ကို ပေါ်လဆီအမှားတွေနဲ့  ချည်းကပ်ပြီး ရာထူးပြုတ်မှာဆိုးတော့ ဦးစိန်ဝင်းကို အတင်းဖက်တွယ်ထားတယ်။ ၊

ဒုတိယပိုင်း လခစားနိုင်ငံရေးကို အမ်စီဂျီယူဘီ ပေါ်လာပြီးမှ ၀င်ငွေကောင်းလာတဲ့ အစိုးရအဖွဲ့ နှင့် ကိုမောင်မောင် ရဲ့  အလုပ်သမားက အစပြုလိုက်တော့ ငွေကိုအလွန်ကြိုက်လှတဲ့ ကိုနိုင်အောင်နှင့်နောက်လိုက် တပည့်တပန်း တွေက ကျောင်းသား တပ်မတော်ကို သူခါးပိုက်ဆောင် အဖွဲ့ အစည်းဖြစ်အောင် လုပ်လာတယ်။ ကျောင်းသား တပ်မတော်ခေါင်း ဆောင်အများစုက လက်မခံတော့ ကျောင်းသားတပ်မတော်ထဲ အကျင့်ပျက်ခေါင်းဆောင်တစ်ချို့ နှင့် အချောင်သမား နောက်လိုက်တွေကို ဆွဲထုတ်ခဲ့ပြီး အင်ဒီဒီကို ဖွဲ့ စည်းခဲ့တယ်။ အောင်မျိုးမင်းကိုတော့ လူအခွင့်အရေးအဖွဲ့ ၊ သူများဆီက အလစ်သုတ် ခိုးယူလာတဲ့ ချစ်မယားခင်ဥမ္မာကိုတော့ အမျိုးသမီးရေးအဖွဲ့ ၊ ကျော်ကျော်ကိုတော့ အမ်စီယူဘီမှာ နေရာတစ်ခုခုပေး စသည့်ဖြင့် အင်ဒီဒီရဲ့  မျက်နှာဖုံးဟာ သိသိသာသာ ကြီးပေါ်လာခဲ့တယ်။ အကျိုးရလဒ်ကတော့ ရာထူးနှစ်ခုသုံ ခုကနေ လစာတွေခွဲဝေယူကြတာပါဘဲ။
ကိုနိုင်အောင်ဆိုရင် အက်ဖပ်ဒီဘီ ကနေပြီးရတဲ့လခတစ်ခု။ အောင်မျိုးမင်းရဲ့ အဖွဲ့ ကနေပြီး ရတဲ့လခတစ်ခု။
ခင်ဥမ္မာဆိုရင်လည်း ဒဗယူအယ်ဘီ ကနေပြီးရတဲ့လခတစ်ခု။ အေပီပီပီဘီ ကနေပြီးရတဲ့လခတစ်ခု။
လခကြီးနှစ်ခုနဲ့  မိမိတို့ က တော်လှန်ရေးကို အနစ်နာခံလုပ်နေပါတယ်လို့  အရှက်မရှိ ကြွေးကျော်ကြတယ်
ဒါကိုသောက်ရေးမပါ တဲ့ အဖွဲ့ အစည်းတစ်ချို့  ခေါင်းဆောင်တွေက ပုလင်းတူဗူးဆို့  လုပ်ပြီး ထောက်ခံအား
ပေးကြတယ်။ တော်လှန်းရေးမှာ အသက်ပေးလှူသွားကြတဲ့ ရဲဘော်တွေရဲ့ မျက်နှာမှမထောက် ဖေါက်လဲ ဖေါက်ပြန် အားပေးထောက်ခံကြ တယ်။
အလားတူဘဲ ကိုမောင်မောင်။ ကျော်ကျော်တို့ ရဲ့  လူမသိထင်ရှား ယူထားကြတဲ့လခတွေကလည်း ကြောက်ခမန်းလိလိဖြစ် မယ်ဆိုတာ…. ကျော်ကျော်ရဲ့  ဘတ် သိန်းခုနှစ်ဆယ် အိမ်ကိုဘဲကြည့်ကြည့်… သူတို့ စီးနေတဲ့ တန်ဘိုးကြီးလှတဲ့ ကားတွေကိုဘဲ ကြည့်ကြည့် ခန်ဏ္ဍမှန်းကြည့်လို့ ရပါတယ်။
အမေရိကားရောက်နေတဲ့ သူငယ်ချင်းတစ်ဦး ကပြောတယ်။ ငါတို့ အမေရိကားမှာ လေးငါးဆယ်နှစ်လောက် အလုပ်လုပ်တာတောင် အဲဒီလို အိမ်တွေမဆောက်နိုင်ဘူး။ အဲဒီလိုကားတွေမ၀ယ်နိုင်ဘူးတဲ့။
အက်ဖပ်ဒီဘီကို ပြန်ကြည့်လိုက်ရင်လည်း ရန်သူကကြောက်ရလောက်တဲ့ အဖွဲ့ အစည်းတစ်ခုမှမရှိတော့ဘူး။
ဘိုကြည်နဲ့ မောင်မောင်တိတ်တို့  မောင်ပိုင်စီးထားတဲ့ အေအေပီပီ….၊ ထွက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကို သူတို့  ရဲ့ အရိုက်အရာထိခိုက်လာမှာစိုးလို့  နွေးထွေးစွာကြိုဆိုလိုခြင်းမရှိဘဲ၊ ငါ့အောက်ထဲဝင် ငါ့ကိုကျော်
မတက်နဲ့  လမ်းစဉ်ကိုကျင့်သုံး ပြီး နိုင်အောင်လိုလူမျိုးနဲ့  အချောင်သမားချင်း မဟာမိတ်လုပ်ကြတယ်။
စစ်တိုက်လိုစိတ်မရှိတဲ့ အီကြာကွေးလောက်တောင် မာတောင့်ခြင်းမရှိတဲ့ သံခဲကလည်း နိုင်အောင်လို
လူအနားမှာ အမြီတစ်နှံ့  နှံ့  နေလေတော့ ကျောင်းသားတပ်မတော်လည်း ဘယ်လိုလုပ်ပြီး နလံထူတော့
မှာလည်း ။
ဥက္ကဌ လုပ်တဲ့လူကိုယ်တိုင်က သေနတ်ပြစ်ဘို့  စိတ်မ၀င်စား ၊ ဗုံးခွဲဘို့  စိတ်မ၀င်စားမှတော့ နိုင်အောင်ရဲ့ တပည့်တပန်းဘဲ ဖြစ်တော့မှာပေါ့။ ။
ဥက္ကဌကိုယ်တိုင်က နိုင်အောင်ရဲ့ တပည့်တပန်း ဖြစ်နေမှတော့ ကျောင်းသားတပ်မတော်လည်း ဘယ်လိုလုပ်ပြီး ရှိတော့မှာလည်း ။ အက်ဖ်ဒီဘီကို တိုင်းရင်းသားတွေလုံးဝ မပါဘဲ ဖွဲ့ စည်းခဲ့တာဟာ “ မဟာလူမျိုးကြီး ၀ါဒ ” ကိုဖေါ်ပြတဲ့အပြင် တိုင်းရင်းသားတွေနဲ့  ညီညွတ်အောင် တစ်လျှေက်လုံး ကြိုးစားလာသူတွေရဲ့ လုပ်ဆောင်ချက် တွေကိုပါ နင်းချေလိုက်တာဖြစ်တယ်။
အက်စ်ဝိုင်စီဘီ ရှိနေပြီးသားဖြစ်ပေမဲ့လည်း အားဖြည့်ဝိုင်းဝန်းဘို့ မကြိုးစားဘဲ ငွေမျက်နှာ အခွင့်အရေးမျက်နှာ
ကြည့်ပြီး မျက်နှာလွှဲခဲပြစ်လုပ်ခဲ့ကြတယ်။ အမ်စီဂျီယူဘီနှင့် ကျောချင်းကပ်ထားကြပြီး…၊ သောင်းထွန်းကို “စစ်အာရှင်နဲ့ ငြိမ်း ချမ်းရေးစကားပြောမယ်” ဆိုတဲ့ “ ဂမ်ဒူး “ ပေါ်လဆီနဲ့  ယူအမ်ကို အမ်ဂျီအိုတွေအကြိုက် လုပ်ပြကြတယ်။

တကယ်တော့ အမ်ဂျီအိုမှာလုပ်နေကြတဲ့ သူတွေအများစုဟာ သူတို့ နေထိုင်ရာနိုင်ငံမှာ လက်ကြော မတင်းကြသူတွေများပါတယ်။ သက်သက်သာသာနဲ့  လွယ်လွယ်ကူကူ လခရနိုင်တဲ့ အမ်ဂျီအိုအလုပ်ကို နိုင်ငံထွက်လုပ်ကြသူတွေပါ။ သက်ဆိုင်ရာ အဖွဲ့  အစည်းတွေက ပေးလိုက်တဲ့ငွေကြေးတွေဟာ
သူတို့ စရိတ် သူတို့ လခ ရုံးလခတွေနဲ့ ပင် ၅၀ရာခိုင်နှုံးလောက် ကုန်သွားပြီးမှ မြန်မာအမ်ဂျီအိုတွေဆီ
ရောက်တယ်။ တစ်ခါ မြန်မာ အမ်ဂျီအိုတွေရဲ့ စရိတ်၊ သူတို့ လခ ရုံးခန်းငါးရမ်းခ ၊ အရာရှိအိမ်လခ ၊ နိုင်ငံခြားထွက်ဘို့  စောင့်နေရတဲ့ သူတို့ မိသားစုတွေရဲ့  နေထိုင်စားသောက်မှု စရိတ်တွေကို နှုတ်လိုက်ရင် တော်လှန်ရေးလုပ်ဘို့  ငွေ၊ ကျည်ဆံဝယ်ဘို့ ငွေ။ မိုင်းတွေဗုံးတွေဝယ်ဘို့ ငွေ ဘယ်လာကျန်တော့မှာလည်း။
ပြီးတော့ အမ်ဂျီအိုတွေဟာ သူတို့ အစိုးရကို ဖေါ်လံဖါးတဲ့အနေနဲ့  မိမိတို့ အတွင်းစည်းက သတင်းတွေ ကိုနှိုက်ယူပြီး သက်ဆိုင်ရာအစိုးရတွေဆီကို ထောက်လှန်းသတင်း ပို့ ကြတယ်။

ဥပမာပြောရမယ်ဆိုရင် မြန်မာနယ်စပ်မှာ လုပ်နေတဲ့ အမ်ဂျီအိုတစ်ခုရဲ့  သတင်းပေးပို့  ချက်ကို ကိုးကားပြီး ကျောင်းသားတပ်မတော်ကို အမေရိကန်အစိုးရက အကြမ်းဖက် အဖွဲ့ အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ကျောင်းသားတပ်မတော်မှနေပြီး အမေရိကန်နိုင်ငံရောက်လာသူတွေကို ယနေ့ အထိ ဂရင်းကတ်
မထုတ်ပေးဘဲနေခဲ့တယ်၊ အိုင်အာစီ ဥက္ကဌဆိုလျှင် အမေရိကန်မှာ အချမ်းသာဆုံး လူစာရင်းဝင်တစ်ဦးပါ။ ကူညီတဲ့ငွေတွေက အမေရိကန်ပြည်သူတွေရဲ့  အခွန်တွေထဲကပေးတာသာဖြစ်ပြီး ။ အမ်ဂျီအိုတွေက စီမံခန့် ခွဲရတာပါ။ သူတို့ အိတ်ထဲကစိုက်ပေးတာ တစ်ပြားမှမပါဘူး၊ အဲဒီတော့ အမ်ဂျီအိုတွေနဲ့  မြန်မာအမ်ဂျီအိုတွေ ပုလင်းတူဗူးဆို့  ဖြစ်နေရင်တော့ ဒီမိုကရေစီ ရရှိရေးဆိုတာဟာ အိပ်မက်ထဲမှာဘဲဖြစ်တော့မှာပေါ့။

အဲသလို သောက်ကျင့်ဆိုး တွေကို မဝေဖန်ဘဲ မသိလိုက် ဖါသာနေလိုက်ရင် ဒီမိုကရေစီအရေးမှာ မိမိကိုယ်တိုင်လည်း တာဝန်မဲ့သူတစ်ဦး ဆိုတာ မြေကြီးလက်ခတ်မလွဲ ပြောလို့ ရပါတယ်။
အချောင်သမားတွေဟာ ညီညွတ်ရေးကို တံတိုင်းအဖြစ်အသုံးချပြီး ၄င်းတို့ ကိုယ်တိုင် ခြစားပြီး ညီညွတ်ရေးပျက်ပြားအောင် လုပ်နေတယ်ဆိုတာကို မသိယောင်ဆောင်နေကြတယ်။

ဝေဖန်သူတွေကို တနပ်စား တပည့်တပန်းတွေနဲ့  လွှဲပြီးရန်ရှာခိုင်းမယ်…မပြောရဲမဆိုရဲအောင်လုပ်မယ် … နအဖတွေလိုဘဲ အကြောက်တရား နဲ့  ဒီမိုကရေစီဘက်တော်သားတွေကို ခြိမ်းခြောက်မယ်..။
မိမိတို့ ရဲ့ အမှားကို ၀န်ခံပြီးပြင်ဆင်ဘို့ မကြိုးစားဘဲ… ဘယ်သူတေတေ ငတေမာရင်ပြီးရော လမ်းစဉ်ကိုလိုက်ကြတယ်။ ပြည်သူတွေက သူတို့ ကိုမျက်လုံး ဒေါက်ထောင့်ကြည့်နေတယ် ဆိုတာကို မေ့လျှော့နေကြတယ်…။

ဒီမိုကရက်တစ်မြန်မာအသံဆိုရင်လည်း… ရန်သူစစ်အစိုးရ နောက်ကွယ်က ထိမ်းကျောင်းထားသလိုပါဘဲ….။
ဘန်ဘောက်သား ကိုခင်သန်း အလင်းဝင်သွားပြီးတော့ နောက်ထပ် ကန်ဘောက်သားတစ်ဦးဖြစ်တဲ့
ဒီမိုကရက်တစ်မြန်မာအသံက…… ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခင်မောင်ဝင်း တို့ အိမ်ကို အမြဲတန်းအ၀င်
အထွက်ရှိလာတယ်။ ခင်မောင်ဝင်း ပို့ ပေးတဲ့ငွေတွေ ကြောင့် အရင်တုန်းက ဆင်းဆင်းရဲရဲဘ၀ကနေ ချမ်းသာလာတဲ့ ခင်မောင်ဝင်း မိဘတွေဟာ နအဖလူဖြစ်သွားတဲ့ ကိုခင်သန်းကိုကြောက်ကြရတယ်။
နအဖက ကိုခင်သန်းကို အသုံးချပြီး ခင်မောင်ဝင်း မိသားစုကတဆင့် ဒီမိုကရက်တစ်မြန်မာအသံက ဒါရိုက်တာ ခင်မောင်ဝင်း ကို ဖိအားပေးမှမလွဲပါဘူး။

ဒေါက်တာ တင်မောင်သန်းရဲ့  တတိယအင်အားစုဆိုတဲ့ အတွေးအခေါ်ကို ဒီမိုကရက်တစ်မြန်မာအသံကနေပြီး မြန်မာပြည်သူတွေဆီကို လွင့်ထုတ်ပေးခဲ့တဲ့ ခင်မောင်ဝင်းကိုလည်း နော်ဝေးအသံကလည်း ပြန်လည် စီစစ်သင့်နေပါပြီ..။။။

ဆက်လက်ရေးစရာကျန်ပါသေးတယ်။ မိမိဇော်ဂျီစာလုံး မသုံးတတ်ပါ။ ဘလော့ခ်များအနေနဲ့  မိမိပွင့်လင်းတဲ့
ဒီမိုကရေစီအရသာကို လွတ်လပ်အတွေး ဆွေးနွေးဖလှယ် နေရာမှာဖေါ်ပြပေးပါက အထူးပင်ကျေးဇူး တင်ကြောင်း ဖေါ်ပြအပ်ပါသည်။

မောင်ဘုန်း (အေဘီအက်ဒီအက်ဖ်)