Pages

Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts
Showing posts with label အိတ်ဖွင့်ပေးစာ. Show all posts

Sunday, February 6, 2011

သူတို့ တွေ့ကြပြီ


ဒေါက်တာလွဏ်းဆွေသို့ အိတ်ဖွင့်ပေးစာ

ကိုလွဏ်းဆွေရဲ့ဘလော့ဂ်မှာပါတဲ့ အက်စစ်ရဲ့ လက်ပေးသတ်တဲ့အပုပ်ချစာကို တင်ပေးနိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေးအမြင်နဲ့ပါတ်သက်ပြီး အတော်စိတ် မသက်မသာခံစားမိလို့ ဒီစာကို ရေးလိုက်ပါတယ်။ ကိုလွဏ်းဆွေရဲ့ ဒီမိုကရေစီသမားတွေ ဆင်ခြင်နိုင်ရန်အတွက် တင်ဆက်ပါတယ်။ စာရေးသူရဲ့ အာဘော်လို့ အမှာစကားနဲ့ တင်ဆက်ထားပေမဲ့ စာပါအကြောင်းအရာတွေကတော့ ဒီစာကို ကိုယ့်ဘလော့ဂ်မှာ တင်ဆက်နိုင်တဲ့ ကိုလွဏ်းဆွေရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို မေးခွန်းထုတ်ခြင်စိတ် ပေါ်မိတာ အမှန်ပါပဲ။
အက်စစ်ဆိုတဲ့ အမှောင်ထဲက ဟောင်သံတခုအတွက်တော့ တုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ဒီမိုကရေစီလိုလားသလိုလိုပြောပြီး အလင်းကြောက်တဲ့ အမှောင်ထဲက ဟောင်သံတခုအတွက် အညံ့ဆုံး ကျောက်ခဲတလုံးနဲ့တောင် မထိုက်တန်ပါဘူး။ အဲဒီကျောက်ခဲကမှ လမ်းခင်းဖို့ အသုံးဝင်နိုင်ပါသေးတယ်။
ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်ဟာ ဒီမိုကရေစီ ချိန်ပီယံလို့ အမည်ခံနေကြတဲ့ လင်းနို့လိုလို ကြွက်လိုလို ရေဒီယိုနဲ့ အွန်လိုင်းသတင်းဌာန ဆိုတာတွေကြားမှာ ပြည်တွင်းပြည်ပက ဗမာလူထုအတွက် သတင်းအချက်အလက်နဲ့ အသိပညာတွေကို အကောင်းဆုံး တင်ဆက်ပေးနေတယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီတခါတော့ သမီး ဟိုစစ်တပ်ကြီးနဲ့ တခါတည်းမှားတာပါ ဆိုသလို ဖြစ်သွားပြီပေါ့ဗျာ။ ကိုလွဏ်းဆွေအနေနဲ့ ဒီအပုပ်ချစာ တင်ခြင်းအားဖြင့် ဗမာပြည် ဒိမိုကရေစီထူထောင်ရေးမှာ ဘယ်လို အကျိုးရလာဒ်တွေ ရနိုင်လေမလဲ ဆိုတဲ့ မျှော်လင့်ချက် တင်လေသလဲတော့ မသိပါဘူး။
ကျနော်သာ သန်းရွှေဆိုရင်တော့ ကိုလွဏ်းဆွေကို ဆုတော်လာဒ်တော်တွေ ချီးမြှင့်မိမှာ အမှန်ပါ။ အက်စစ်ဆိုတဲ့ အမှောင်ထဲက သူရဲဘောကြောင် ငတိအတွက်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ပြီးတော့ ဒီစာကို ကော်ပီသန်းချီရိုက်ပြီး ဗမာအနှံ့ လေယာဉ်ပျံနဲ့ ကြဲချလိုက်ဦးမယ်။
လူမှုအဆောက်အဦ တခုကို ပြုပြင်ပြောင်းလဲဖို့ လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ လူထုကိုယ်တိုင် မဖြစ်မနေ ပါဝင်ရမှာဖြစ်သလို ခေါင်းဆောင်မှု (Leadership) ဆိုတာကလည်း အရေးကြီးပါတယ်။ ကျုပ်တို့ ကိုယ်တိုင်ပါခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးထက် ကြီးမားကျယ်ပျံ့တဲ့ လူထုလှုပ်ရှားမှုမျိုး ဗမာပြည် သမိုင်းမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်မှုကင်းမဲ့တဲ့အတွက် ဘာတွေဖြစ်သွားသလဲ သမိုင်းက သက်သေ ပါပဲ။ ခေါင်းဆောင်မှုဆိုတာ အဲဒီလှုပ်ရှားမှုထဲက လူထုရဲ့ ရင်းနှီးပေးဆပ်မှုတွေ လှုပ်ရှားဆောင်ရွက်မှုတွေရဲ့ ဆုံချက်ဖြစ်တယ်။ လူထု မျှော်မှန်းချက်ကို ရောက်အောင် လမ်းညွှန်ထိမ်းကျောင်းပေးရေးဖြစ်တယ်။ လိုအပ်ချက် ကတော့ ခေါင်းဆောင်မှုနဲ့ လူထုအကြား ပေါင်းကူးဆက်သွယ်ရေးဖြစ်တယ်။ ခိုင်မာပြတ်သားပြီး သစ္စာရှိ ရဲရင့်တဲ့ ဒုတိယတန်း၊တတိယတန်းခေါင်းဆောင်တွေဟာ ခေါင်းဆောင်မှုနဲ့လူထုအကြားက အသက်သွေးကြောပေါင်းကူး တံတားဖြစ်တယ်။ ဒီလိုပေါင်းကူးမှု မရှိတဲ့ ခေါင်းဆောင်မှုဆိုတာ ဘယ်လို စွမ်းရည်မှ မပြနိုင်ဘူး။ လူထုနဲ့ ကင်းကွာတဲ့ ခေါင်းဆောင်၊ လူထုနဲ့ ဆက်စပ်ခွင့်မရှိတဲ့ ခေါင်းဆောင်ဆိုတာ တပ်မရှိတဲ့ စစ်သေနာပတိလိုပါပဲ။
ဒီသဘောတရားကို ခပ်ညံ့ညံ့ ဗိုလ်ချုပ်တွေတောင် သိပါတယ်။ ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ ဆက်စပ်ဖို့ ကျိုးစားတိုင်း စစ်အာဏာရှင်တွေက ဖမ်းထိန်းလိုက်တယ်။ ပေါင်းကူးလို ဖြစ်တဲ့ ဒုတိယတန်း၊ တတိတန်း ခေါင်းဆောင်တွေ ဆိုတာ ထောင်ထဲက ထွက်ရတယ်လို့ကို မရှိဘူး။ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရတယ်။ တချို့ အပြင်မှာ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ရိုက်သတ်တာ ခံရတယ်။
ဗမာပြည် နိုင်ငံရေးကို ဝေဘန်ချင်ရင် ပထမအချက်အနေနဲ့ မထူးဇာတ်ခင်းနေတဲ့ ပြည်တွင်းဖြစ် စစ်အာဏာရှင်တွေ အကြောင်း သိဖို့လိုတယ်။ ဒုတိယ ဗမာလူထုရဲ့ ဘဝအမြင်နဲ့ အချောင်သမားပေါလှတဲ့ ဗမာပြည်နိုင်ငံရေး လောကအကြောင်း အကြမ်းဖျင်း သိဖို့လိုတယ်။ နောက်ဆုံး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန်ချင်ရင်တောင် သူ့အကြောင်းကိုလည်း သိဖို့ လိုပါသေးတယ်။ တခုတော့ ရှိပါတယ်။ သူ့ကို လူထဲက လူတယောက်၊ လူထုထဲက လူထုခေါင်းဆောင်တယောက်ထက် ပိုပြီး တန်ခိုးရှင်လို၊ ကယ်တင်ရှင်လို မမျှော်လင့်ဖို့တော့ လိုတာပေါ့။ သိတဲ့အတိုင်း ကျုပ်တို့ ဗမာလူမျိုး ဆိုတာကလည်း တဖက်သားကို သူဘာကြောင့် အဲသလိုလုပ်သလဲ၊ သြော်.. သူဒီလိုလုပ်တာ ဒါ့ကြောင့်ကိုးလို့ မတွေးသလို သူဒါလုပ်တာတော့ အတော်ကောင်းသွားပါလား ဆိုပြီး အသိအမှတ်ပြုဖို့ထက် ငါဆိုရင် ဘာကြီးဖြစ်အောင် ဘယ်လိုလုပ်လိုက်မယ်ဆိုပြီး အပြောသန်တဲ့ လူမျိုး ဖြစ်နေတယ်။
ဒီနေ့ ဗမာစစ်အုပ်စုဆိုတာ ပြည်တွင်းဖြစ် စစ်စစ်ဖြစ်တယ်။ ဘယ်နိုင်ငံ ဘယ်အင်အားကြီးကမှ မွေးထုတ်ခဲ့တာ မဟုတ်သလို ဘယ်နိုင်ငံကိုမှလည်း မှီခိုရပ်တည်နေတာ မဟုတ်ဘူး။ ဒီနေ့ တရုတ်ကြီးနဲ့ ပြေလည်နေတယ် ဆိုတာလည်း အပြန်အလှန် အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ သူ့အာဏာကို ထိပါးလာရင်တော့ တရုတ်ကြီးလဲ နိုးပဲလုပ်မှာ သေချာတယ်။ ကျန်တာမကြည့်နဲ့ သူ့အာဏာကို ထိပါးမဲ့ အခြေအနေ ရောက်လာတော့ ကိုယ်ကိုးကွယ်တဲ့ ရဟန်းသံဃာတွေကိုသတ်၊ ဘုန်းကြီးကျောင်းတွေကို ရန်သူ့ စခန်းတခုလို ဝင်စီး တိုက်ခိုက်ဖျက်ဆီးခဲ့တာ တကမ္ဘာလုံး အမြင်ပါပဲ။ ဒီနေ့ နိုင်ငံတကာ အရေးအယူ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဘို့ နည်းအမျိုးမျိုးနဲ့ လှည့်ပတ်ဟောင်နေကြတဲ့ အချောင်သမား လုပ်စားတွေ သိဖို့က အမေရိကန်တို့၊ အီးယူတို့က အဲဒီ့ဆန်ရှင်တွေ ရုတ်ပြီး အပြုသဘော ဆက်ဆံမယ်ဆိုရင်လည်း ဒီသဘောပဲ။ အမေရိကန်သော အီးယူသော ဘာမှ ထည့်မတွက်ပဲ သူ့အာဏာထိရင် နိုးပဲ ပြောမှာပဲ။ ဒီတော့ ဆန်ရှင် ရုတ်သိမ်းရေး ဆိုတာ စစ်အုပ်စု အကျိုးသက်သက်သာ ဖြစ်တယ်။ အရေးအယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းရေးက တဆင့် ပေါင်းပြီး ပြောင်းဖို့ စစ်အုပ်စုကို ဖျောင်းဖျမယ်ဆိုတာ အရူးအိပ်မက် သက်သက်သာ ဖြစ်တယ်။
အဆက်ဆက်သော စစ်အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာအရင်းအမြစ် မှန်သမျှကို ထင်တိုင်းကြဲ ခိုးဝှက်လုယက်ရုံမက သောင်းသိန်းချီတဲ့ ကိုယ့်ပြည်သူ၊ ကျောင်းသား၊ အလုပ်သမားနဲ့ ရဟန်း သံဃာ မကျန် သတ်ဖြတ်လာခဲ့သူတွေ ဖြစ်တယ်။ ဒီလို ဆွေစဉ်မျိုးဆက် ဆပ်မကုန်နိုင်တဲ့ သူတို့ရဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေအပေါ် ကျူးလွန်းခဲ့တဲ့ ရာဇဝတ်ကြွေးတွေကို သူ့တို့သာလျင် အသိဆုံး ဖြစ်တယ်။ စစ်သည် စစ်သား တပ်မတော်ဆိုတာကတော့ ဓားစာခံသက်သက်ပဲ။ ဒါကြောင့်လည်း ဒီဗိုလ်ချုပ်တွေ အကြောက်ကြီးကြောက်ပြီး အာဏာကို ရတဲ့နည်းနဲ့ ဖက်တွယ်ထားကြတာ ဖြစ်တယ်။ တခုတည်းသော သူ့တို့ရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။ ပြောရရင်တော့ သေမထူး နေမထူး ဇာတ်ခင်းနေကြတာပဲ။ ဒီဗိုလ်ချုပ်တွေရဲ့ အကြောက်တရားနဲ့ အတ္တလောဘကတော့ ဘုရား၊ တရား၊ သံဃာတောင် စော်ကားရဲတဲ့အထိ ဆိုးသွမ်း ယုတ်ကန်းနေကြတယ်။ ဒီလို မထူးဇာတ်ခင်းနေတဲ့ စစ်အုပ်စုကို ရင်ဆိုင်ဖို့ ဆိုတာ တော်တန်ရုံ ကျစ်လစ်တဲ့ စည်းရုံးရေး အင်အားနဲ့ မဖြစ်နိုင်ဘူးဆိုတာ တကယ်တမ်း တိုက်ပွဲထဲမှာ ပါဝင်နေသူတိုင်း မြင်နိုင်ပါတယ်။
တကယ်တော့ ဒီစစ်အာဏာရှင် ငရဲသားတွေကို ဗမာပြည် နိုင်ငံရေး လောကထဲ ကျောပိုးသည်လာ သူဟာ နိုင်ငံရေးသမားတွေပဲ ဖြစ်တယ်။ လူထု မဟုတ်ဘူး။ အဲဒီ့ မစွန့်ဘဲ စားချင်တဲ့ နိုင်ငံရေးသမားတွေ ကိုယ်အာဏာမြဲဘို့အတွက် နိုင်ငံရေး ပြဿနာကို အာဏာအရင်းအခံဖြစ်တဲ့ လူထု အကြားမှာ ဖြေရှင်းဖို့ မကြိုးစားပဲ လူထုအစေခံ လက်နက်ကိုင်တပ်ကို အသုံးချခဲ့ကြလို့ စစ်ခေါင်းဆောင်တွေ ဇာတ်ပျက်သစ္စာ ဖောက်ပြီး အာဏာရှင်စနစ် ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီအန္တရာယ်ကိုသိလို့ လူထုက ၁၉၅၆ နဲ့ ၁၉၆၀ ရွေးကောက်ပွဲတွေမှာ စစ်တပ်နဲ့ နိုင်ငံရေး လုပ်တဲ့ ပါတီတွေကို မဲမပေးပဲ စစ်အာဏာရှင် အန္တရာယ်ကို တားဆီးဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အချိန်က မမှီတော့ဘူး။ စကားတခုရှိတယ်၊ ( The State ruin by politic and politicians, but not by nature,culture and religion) နိုင်ငံတော်ကို ဖျက်ဆီးတာ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဘာသာရေးနဲ့ သဘာဝတရားတွေ မဟုတ်ဘူး။ နိုင်ငံရေးနဲ့ နိုင်ငံရေးသမားတွေသာဖြစ်တယ်။
ဒီနေ့ခေတ် တချို့သော အမည်ခံနိုင်ငံရေးသမားတွေရော ဟိုဖက် လွတ်လပ်ရေးခေတ်က အချောင် သမားတွေနဲ့ ဘာကွာလို့လဲ။ ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်နေကြတာပဲ မဟုတ်လား။ လူထုဆိုတာကတော့ လက်ညှိုးထိုးခံ သက်သက်ပဲ။ ၈၈ ပြီးစ ဒီမိုကရေစီ ရေစီ်းမြင်တုန်းကလည်း ဒီမိုကရေစီ ဆိုပြီး ပါလိုက်တာပဲ။ အခု စစ်ကျွန်ရွေးကောက်ပွဲ ဆိုတော့လည်း ခွေးမစင်ငတ်သလို ပြေးဝင်ဟပ်လိုက် ကြတာပဲ။ ပြီးတော့ သူတို့လို ခွေးဇာတ်မခင်းနိုင်တဲ့ သူတွေကို ကိုယ့်ခေါင်းဆောင်ပါမချန် ဟောင်ကြ အူကြသေး တယ်။ ဒီလိုခွေးတစီစီနဲ့ တော်လှန်ရေးရထားကြီးကို ဘယ်လို ခေါင်းတွဲမောင်း ခေါင်းဆောင်က လိုရာခရီးရောက် အောင် မောင်းနိုင်ပါ့မလဲ။ ဒီကြားထဲ ကတ္တီပါအိတ်စွပ်ထားတဲ့ သံလက်သီး အက်စစ်လို ခွေးဆိုးက ပါသေးတယ်။
ဒီခေါင်းဆောင် ဆိုသူတွေပဲ ကိုးဆယ်ခု ရွေးကောက်ပွဲမှာ လူထုက အာဏာအပ်နှင်းထားတာကိုတောင် စစ်အာဏာရှင်တွေ ကြောက်ပြီး တာဝန်ရှောင်ခဲ့ကြတာ၊ လက်နက်ကိုင်မယ်ဆိုပြီး နယ်ခြားထွက်လာကာ အင်ဂျီအို ခိုင်းတာတွေပဲ ရွေးလုပ် ပြီးတော့ အကျဉ်းကျနေတဲ့ ဒေါ်စုကို လက်ညှိုးထိုး ဆင်ခြေရှာကြတယ်။ ၈၈ ပြီးစ ပုသိမ်မှာ ရန်ကုန်မြေနီကုန်းမှာ အသက်ဘေးအန္တရာယ်ကို ရင်ဆိုင်ပြီး လူထုကို ဦးဆောင်ဖို့ ကြိုးစားတယ်။ ဘယ်မှာလဲ သူ့နောက်လိုက် သူ့ပါတီဝင်တွေ။ ၉၈ က အညာစုမှာ ပိတ်မိနေတယ်။ ကိုးဆယ်ခြောက် ရန်ကုန်မှာ၊ ၂၀၀၃ ဒီပဲရင်းမှာ ကြံ့ဖွတ်တွေက သတ်ဖို့လုပ်တယ်။ ဘယ်မှာလဲ သိန်းချီရှိတယ်ဆိုတဲ့ ပါတီဝင်တွေ။ ခေါင်းဆောင်ဆိုသူတွေ။ နယ်စပ်က လက်နက်ကိုင် ဆိုသူတွေကကော အဲဒါတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ပွဲ ဘယ်နှပွဲ တိုက်ခဲ့သလဲ။ ပြည်တွင်းမှာကော ဘာတွေ ဖောက်ခွဲ ပြခဲ့ကြသလဲ။ ကိုယ်ကဖြင့် တူတူတန်တန် ဘာမှ မလုပ်ပဲ ခေါင်းဆောင်းကို အပြစ်ရှာတယ်။ ဒါဟာ ဖောက်ပြန်တာပဲ။ ရန်သူကို အလုပ်ကြွေးပြုတာပဲ။
လူတကာသိပြီးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး စွန့်လွှတ်မှုတွေကို ဒီမှာ မပြော တော့ပါဘူး။ တော်လှန်ရေး အကျိုးကို မျှော်ကိုးပြီး သူ့အခန်းကဏ္ဍကိုပဲ ပြောချင်ပါတယ်။ စစ်အုပ်စုဟာ သူ့စိတ်တိုင်းကြ နိုင်ငံရေး အခင်းအကျင်းကို ဖန်တီးသွားခဲ့ပါပြီ။ ရုပ်သေး အစိုးရတခုကို ရွေးကောက်ပွဲ တခုနဲ့ လုပ်သွားတယ်။ လူထု မျှော်လင့်တောင့်တတဲ့ ဒီမိုကရေစီ မဆိုထားတဲ့ နိုင်ငံရေး ပုံစံတခုလို့တောင် ပြောမရတဲ့ အခင်းအကျင်းဖြစ်တယ်။ စစ်အာဏာရှင်က စစ်အာဏာရှင်ပါပဲ။ နိုင်ငံတကာကို ဝင်ဆန့်ရုံ သက်သက်အတွက် လုပ်ခဲ့တယ်ဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိပါတယ်။ နိုင်ငံတကာ ဆိုတာတွေကလည်း သိပါတယ်။ သို့သော်လည်း ကိုယ်ကျီုးစီးပွား ပဓာန လွှမ်းမိုးနေတဲ့ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးမှာ ဘယ်တိုင်းပြည်ကမှ ဒီဗိုလ်ချုပ်တွေရဲ့ ကလိမ်ခြုံဇာတ်ထုတ်ကို အရေးမလုပ်ကြတော့ပါဘူး။ ပြေလည်အောင် ပေါင်းဖို့ပဲ စိုင်းပြင်းနေကြပါပြီ။ တချို့သော နိုင်ငံကြီးတွေကတော့ မသူတော် ဗမာဗိုလ်ချုပ်တွေနဲ့ ပေါင်းဖက်ရတာကို သိပ်စိတ်မသန့်ဘူးနဲ့ တူပါတယ်။ သူတို့ လက်ဝေခံတွေရဲ့ ပါးစပ်ကတဆင့် ဒီအရပ်သား ရုပ်သေးအစိုးရမှာ ဒေါ်စုကပဲ နိုင်ငံခြားဆက်ဆံရေးတာဝန် ယူတော့မယောင်၊ ဒေါ်စုရဲ့ ဦးဆောင်မှုက မပြည့်ဝသယောင် တီးတိုးဝါဒဖြန့်နေကြတယ်။ တဖက်ကလည်း စစ်အုပ်စုနဲ့ ပေါင်းသင်းတာ၊ စစ်အုပ်စု မကြိုက်တာ မလုပ် မပြောတာ လက်တွေ့ နိုင်ငံရေးလိုလို ဆိုနေကြတယ်။
ဒါပေမဲ့ စစ်အုပ်စု ကိုယ်တိုင်ကတော့ ဒီအခင်းအကျင်းသစ်ဟာ သူတို့အာဏာ တည်မြဲရေး အတွက် မခိုင်မာဘူးဆိုတာ သိပါတယ်။ ဒါက နိုင်ငံရေး အန္တိမ မဟုတ်သလို သူတို့ရဲ့ အောင်ပွဲလို့လဲ မပြောနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD, CRPP ထဲက ခိုင်မာ ပြတ်သားတဲ့ ခေါင်းဆောင်တွေ၊ အကျဉ်းထောင်တွေထဲက ၈၈ ကျောင်းသားခေါင်းဆောင်တွေ ရှိနေသေးသရွေ့ ဗမာလူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တိုက်ပွဲတွေ ရှိနေတုန်းပဲဆိုတာ စစ်အုပ်စုသိထားပါတယ်။ ဒီတော့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရုပ်သေး အစိုးရ ထူထောင်နိုင်တာဟာ စစ်အုပ်စုအတွက် အောင်ပွဲ မဟုတ်သလို ဒီမိုကရေစီအရေးအတွက်လည်း လမ်းဆုံးမဟုတ်ပါဘူး။
စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည် အမှူးရှိတဲ့ လူထု ဒီမိုကရေစီတိုက်ပွဲ ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍကို သေးသိမ်း မှေးမှိန်အောင် အားထုတ်နေတယ်။ ဒါဟာ သူ့တို့ လက်ငင်း မဟာတာဝန် ဖြစ်တယ်။ နောက်တချက်ကလည်း စစ်အုပ်စုအတွက် မခံချင်စရာကောင်းတာက ဗမာလူထုသာမက ကမ္ဘာ့လူထုကပါ ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်လူထုခေါင်းဆောင်အနေနဲ့ လက်ခံ အသိအမှတ်ပြုထားတာ ဖြစ်တယ်။ ဒါကို ခြေဖျက်နိုင်မှသာ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရက လူရာဝင်နိုင်မှာ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်မှုကို သေးသိမ်း မှေးမှိန်အောင် စစ်အုပ်စုက လက်ရှိ အချိန်အထိ ကိုယ်တိုင် မလုပ်နိုင်သေးဘူး။ အခင်းအကျင်းသစ်ကြောင့် သူတို့ထဲက လူအပြောင်းလဲ နေရာ အပြောင်းလဲတွေ အသားကျအောင် စီမံနေရတုန်းပဲ။ လောလောဆယ် ဒီတာဝန်ကို ဆောင်ရွက်နေတာက လက်ရှိ အခင်းအကျင်းသစ်ကို တကယ်ခိုင်မာတဲ့ အပြောင်းအလဲတို့ ထင်ယောင်မှားနေကြတဲ့ လုပ်စားသမား တွေပဲဖြစ်တယ်။ ငါးမင်းဆွေဆိုတဲ့ နိုင်ငံရေး အုတ်ကြားမျက်ပေါက်က စတယ်။ ဟိုတလောကလည်း ဧရာဝတီမှာ ဗမာကြီးဆိုတဲ့ နာမည်နဲ့ ဒေါ်စုနဲ့ NLD ရဲ့ နိုင်ငံ ရပ်တည်ချက်ကို မထိတထိ လှီးဖဲ့သွားတယ်။ အခု အက်စစ်ရဲ့ အပုပ်ချစာကတော့ ဗြောင်အကျဆုံးပဲ။ လူထုဘဝကိုစာနာသယောင် သကြားလေးတော့ အုပ်ထား တယ်။ အရင်ကတော့ ဦးဝင်းတင်ကိုအဓိက ဦးတည်တိုက်ကြတယ်။ အခုတော့ ဒေါ်စုကိုပါ ဖွင့်တိုက် လာတာဖြစ်တယ်။
အကြောင်းကို စီစစ်ကြည့်ရင် ဒီအချောင်သမားတွေ စစ်အုပ်စုနဲ့ ပေါင်းပြီးသွားချင်နေတဲ့ လူထုအတွက် မပါတဲ့ “ငါ့ဒီမိုကရေစီ” လမ်းကြောင်းမှာ ဒီခေါင်းဆောင်တွေက အတားအဆီးဖြစ်နေတယ်။ ဒီခေါင်းဆောင်တွေ ရှိနေသရွေ့ လူထုကို နှပ်ချနှပ်စား လုပ်လို့ မရနိုင်ဘူးလေ။ ဒီတော့ ခေါင်းဆောင်မှုကို ဖြိုဖျက်ရတော့တာပဲ။ သေးသိမ်အောင် လုပ်ကြရတော့တာပဲ။ ဒါမှလဲ ခေါင်းဆောင် လုပ်စားခွင့် ရလာမှာ ဖြစ်သလို စစ်အုပ်စုကလည်း သဘောကျ တော်ကောက်ခံရမှာကိုး။
ဒီတော့ ကိုလွဏ်းဆွေရေ၊ ပြည်တွင်း ပြည်ပက အချောင်သမား ပေါင်းစုံတို့ရဲ့ မထိတထိ ထိုးနှက်တာ ခံနေရတဲ့ ကျွန်တော်တို့ တိုက်ပွဲရဲ့ ခေါင်းဆောင်မှု (Leadership) ကို နိုင်ငံရေးအရ ဝိုင်းဝန်းကာကွယ်ဖို့ရာ ဒီမိုကရေစီလိုလားသူတိုင်းရဲ့ တာဝန်ပါပဲ။ လက်နက်၊ ထောင်၊ တရားရုံးနဲ့ မတရားဥပဒေ အဆောင်အယောင် ယန္တယားတွေနဲ့ တိုင်းပြည်ဘဏ္ဍာတိုက်ကို ဖင်ခုထိုင်ထားတဲ့ ရန်သူကို တိုက်ဖို့ ဆိုတာက လူထုပါရုံနဲ့တင် မပြီးနိုင်ဘူး။ ခေါင်းဆောင်မှုဆိုတာလည်း အရေးတကြီး လိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း တချို့က ခေါင်းဆောင်မှုကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်ကြလို့ ဆိုကြတာပဲ။ လက်ရှိ ခေါင်းဆောင်မှု ဆိုတာဟာ ၈၈ အရေးတော်ပုံရဲ့ လက်ကျန် ရလာဒ်တခုလည်း ဖြစ်တယ်မဟုတ်လား။ သူတို့ရဲ့ နိုင်ငံရေး အမြင်ကို သဘောမတူနိုင်ရင်တောင် ကိုယ်ယုံကြည်ရာလမ်းကို ရွေးလျှောက်ကြရင်း ဒီခေါင်းဆောင်မှုကို နိုင်ငံရေးအရ ကာကွယ်ထိန်းသိမ်းသွားကြရမှာပဲ။ ဒီနေ့ အထိတော့ လူထုက သူတို့အပေါ် ယုံကြည်နေဆဲပါပဲ။ ဒီယုံကြည်မှုက အခွင့်အခါ ပေါ်တဲ့အခါ အလွယ်စည်းရုံး လှုံ့ဆော်ပြီး အောင်ပွဲကို သယ်ဆောင်သွားနိုင်ပါတယ်။ နိုင်ငံရေး ဆိုတာကလည်း အခွင့်အခါ မကျဘဲ ကိုယ်ထင်ရာ ဇွတ်လုပ်ပြန်ရင်လည်း တဖျတ်ဖျတ်ခုန်တဲ့ငါး လှော်တက်စာ မိသွားသလို ကြုံရတတ်တယ် မဟုတ်လား။
နောက်ဆုံးအနေနဲ့ ကိုလွဏ်းဆွေကို ဆရာမောင်ထင်ရဲ့ စကားလက်ဆောင်လေး ထပ်ဆင့်ပါးလိုက်ချင် ပါတယ်။ ဆရာမောင်ထင်က ကျနော် နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှန်းသိတော့ ဟေ့ကောင် မင်းနိုင်ငံရေးမှာ သတ္တိမရှိရင် သစ္စာဖောက် ဖြစ်တတ်တယ် မှတ်ထား ပြောပါတယ်။ ဒီအဓိပ္ပါယ်က ဗိုလ်ငါးပါးနဲ့ ယှဉ်ပြီး ယူရပါတယ်။ ဒါတွေက ကာယသတ္တိ၊ ဉာဏသတ္တိ၊ ဝီရိယသတ္တိ၊ စာရိတ္တသတ္တိနှင့် ဘောဂ သတ္တိတို့ ကွဲသွားပါတယ်။ ကာယသတ္တိမရှိရင် ကြောက်ပြီး သူများခိုင်းတိုင်း မှားမှားမှန်မှန် လုပ်မိပြီး သစ္စာဖောက် ဖြစ်တတ်တယ်။ ဉာဏသတ္တိနည်းရင် အသိအဉာဏ် ဆင်ခြင်တုံတရား ခေါင်းပါးတော့ အမှားအမှန် မခွဲခြားနိုင်ပဲ သစ္စာဖောက်ဖြစ်တတ်တယ်။ ဝီရိယသတ္တိနည်းလို့ ပျင်းရိငိုင်မော ပျင်းကျောဆွဲရင်း ရေသာခိုအချောင်လိုက် ရင်း ကလည်း သစ္စာဖောက်ဖြစ်တတ်တယ်။ ဘောဂသတ္တိဆိုတဲ့ စွန့်သင့်တာ မစွန့်ရဲ ပေးကမ်းသင့်တာ မပေးကမ်းရဲ လိုချင်လောဘတွေ မထိန်းနိုင်ရင် ရုပ်ဝတ္ထု ငွေကြေးတွေရဲ့ လွှမ်းမိုးမှု ခံရတတ်ပြီး အဲဒါတွေနောက် တကောက် ကောက်လိုက်ရင်း သစ္စာဖောက်ဖြစ်တတ်တယ်။ နောက်ဆုံးကတော့ စာရိတ္တသတ္တိပဲ သူမရှိရင် သူ့က သတ္တိတွေ ဘယ်လောက်ပဲ ပြည့်စုံပါစေ စာရိတ္တိမခိုင်ရင် အကုန်ယိုင်လဲသွားတတ်တယ်။ အကျင့်သီလ ကင်းတဲ့သူကို လူမကြည်ညိုဘူး၊ အသရေမဲ့တယ်။ စာရိတ္တအမည်းစက်တွေကြောင့် သူတပါးက အကြပ်ကိုင် ဗိုလ်ကျခံရရင်း သစ္စာဖောက် ဖြစ်တတ်တယ်။ ဒါကြောင့် တကယ့်နိုင်ငံရေး လူထုကို အလုပ်ကြွေးပြုမဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် ဒီသတ္တိငါးပါးကို အစဉ်တစိုက် အားဖြည့်နေရ ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဆရာမောင်ထင်ပြောသလို သစ္စာဖောက် ဖြစ်တတ်ပါတယ်။ သာဓကအနေနဲ့ လေ့လာဖို့ လူထုဦးလှရဲ့ နိုင်ငံတော် လုပ်ကြံမှုထဲက ကိုသုခအကြောင်း စာကလေး ထည့်ပေးလိုက်တယ်။
ကိုလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ နတ်သုဒ္ဓါထဲ မစင်တခဲ မြင်လိုက်ရသလို အော့နှလုံးနာမိလို့ ဒီစာကို ရေးမိပါတယ်။ ဘာပဲပြောပြော ကိုလွဏ်းဆွေဘလော့ဂ်ဟာ ဗမာလူထုအတွက် အတိုင်းအတာ တခု အထိ အသိဉာဏ်အလင်းဆောင်ခဲ့သလို ဆက်လက်ထွန်းလင်းနိုင်ဖို့ ဆန္ဒပြုပါတယ်။ နောက်ဆုံးအနေ နဲ့က တော့ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေလို့ဆိုငြားသော်လည်း တချို့သော ရန်သူ့ရန်သူတွေဟာ ကိုယ့်အတွက်လည်း ရန်အန္တရာယ်ဖြစ်တတ်ပါတယ် ဆိုတဲ့အကြောင်းမေတ္တာစကား လက်ဆောင်ပါးအပ်ပါတယ် ကိုလွဏ်းဆွေ။

ရဲဘော်ကျော်သန်း
၅၊ ၂၊ ၂၀၁၁။

အဆုံးထိဖတ်ရန်...

Tuesday, December 14, 2010

ဒေါ် အောင် ဆန်း စု ကြည် သို့ အိတ် ဖွင့် ပေး စာ

ဒေါ် အောင် ဆန်း စု ကြည် သို့ အိတ် ဖွင့် ပေး စာ ( ပထီးပကော် )

အ မေ စု က ပြည် သူ တွေ ရဲ့ အ သံ ကို ကြား ချင် တယ် ဆို လို့ သာ မန် တိုင်း ရင်း သား တစ် ယောက် ဖြစ် တဲ့ ကျွန် တော် ရဲ့ အ သံ ကို တင် ပြ လိုက် ပါ တယ်။
၁) အ မေ စု ရဲ့ ကွန် ရက် ဖွဲ့ စည်း ဖို့ သ ဘော တူ ပါ တယ်။ အား တက် သ ရော ကူ ညီ ခွင့် ရ ရင် ကူ ညီ သွား ပါ မယ်။ ပါ လဲ ပါ ၀င် ပါ မယ်။
၂) အ မေ စု နောက် ဆက် ခံ မဲ့ အ မေ စု လို တိုင်း ရင်း သား တွေ ပါ လက် ခံ နိုင် မဲ့ မျိုး ဆက် သစ် ခေါင်း ဆောင် မွေး ထုတ် ဖို့၊ လက် တွဲ ခေါ် ဖို့ လို တယ် လို့ အ ကြံ ပေး ပါ ရ စေ။ အ မေ စု လို အား ရှိ တဲ့ ခေါင်း ဆောင် ရှိ မှ ပဲ ကျွန် တော် တို့ အ နာ ဂတ် ဖယ် ဒ ရယ် ပြည် ထောင် စု ကို တည် ထောင် နိုင် မှာ ပါ။
၃) ဒု တိ ယ ပင် လုံ ကို သ ဘော တူ ပါ တယ်။ အ ရေး တ ကြီး လို အပ် တယ် ဆို တာ ကို လဲ ချွင်း ချက် မ ရှိ လက် ခံ ပါ တယ်။ ဒါ ပေ မဲ့ ကေ ပီ ပီ ပါ တီ တာ ၀န် ရှိ သူ ပြော ခဲ့ သ လို ပဲ အား လုံး ပါ ၀င် အောင် လုပ် ဖို့ လို ပါ တယ်။ တပ် မ တော် သာ မ က တိုင်း ရင်း သား လက် နက် ကိုင် ခေါင်း ဆောင် တွေ အား လုံး ပါ ၀င် ဖို့ လို အပ် ပါ တယ်။ ဒီ လို ပါ ၀င် ဖို့ ဟာ အ ရမ်း အ ရေး ကြီး ပါ တယ်။ ဒီ လို ပါ ၀င် မှ ပဲ ကျွန် တော် တို့ ငြိမ်း ချမ်း တဲ့ အ နာ ဂတ် နိုင် ငံ သစ် ကို တည် ထောင် နိုင် မှာ ဖြစ် ပါ တယ်။ တပ် မ တော် သာ ပါ ၀င် ပြီး တိုင်း ရင်း သား တပ် မ တော် တွေ ရဲ့ ခေါင်း ဆောင် မ ပါ ၀င် ရင် တော့ လုံး ၀ လက် မ ခံ နိုင် ပါ။
၎) နောက် ပြီး စစ် ခေါင်း ဆောင် တွေ ကို နိုင် ငံ တ ကာ စစ် ခုံ ရုံး တင် မဲ့ ကိ စ္စ ကို မူ အ ရ သ ဘော တူ စေ ချင် ပါ တယ်။ အ မေ စု ရဲ့ အ နေ အ ထား အ ရ စစ် ခေါင်း ဆောင် တွေ ဆွေး နွေး ပွဲ ကို မ တက် လာ မှာ စိုး လို့ သူ တို့ ရဲ့ လုံ ခြုံ ရေး ကို အာ မ ခံ တဲ့ အ နေ နဲ့ ဒီ ကိ စ္စ မျိုး တွေ ကို မ ပြော ချင် ဘူး။ ဒါ မှ မ ဟုတ် ရင် လက် မ ခံ ချင် ဘူး။ ဒါ မှ မ ဟုတ် ရင် လဲ နိုင် ငံ ရေး အ ရ လက် ရှောင် ချင် တာ ဖြစ် ချင် လဲ ဖြစ် မယ်။ ဒါ ကို နား လည် နိုင် ပါ တယ်။ ဒါ ပေ မဲ့ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဘက် က လည်း ကိုယ် ချင်း စာ နား လည် ပေး ဖို့ မေ တ္တာ ရပ် ခံ ပါ ရ စေ။ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဟာ တပ် မ တော် ရဲ့ အ မျိုး တုန်း စစ် ဆင် ရေး ကို လွတ် လပ် ရေး အ ကြို ကာ လ က တည်း က ခံ ခဲ့ ရ တာ ပါ။ လွတ် လပ် ရေး ရ ပြီး နောက် ပိုင်း မှ လဲ တောက် လျှောက် အ မျိုး ဖြုတ် စစ် ဆင် ရေး ကို ခံ ရ ပါ တယ်။ ကျွန် တော် တို့ က ရင် တိုင်း ရင်း သား တွေ ဟာ တ ခြား သော တိုင်း ရင်း သား တွေ ထက် ပို ပြီး ခံ ခဲ့ ရ ပါ တယ်။ တပ် မ တော် ရဲ့ ဗိုလ် ချုပ် တစ် ယောက် ပြော ခဲ့ ဘူး တဲ့ "နောက် ကျ ရင် က ရင် လူ မျိုး ကို တွေ့ ချင် ရင် ပြ တိုက် ထဲ မှာ သွား ကြည့်" ဆို တဲ့ စ ကား ဟာ တပ် မ တော် ဟာ က ရင် လူ မျိုး တွေ ကို အ မျိုး တုန်း စစ် ဆင် ရေး ကို ဆင် နွဲ နေ တယ် ဆို တာ ကို ပေါ် လွင် စေ တဲ့ သူ တို့ ကိုယ် တိုင် ပါး စပ် နဲ့ ဖွင့် ထုတ် ပြော ခဲ့ တဲ့ သက် သေ ပါ။ ဒီ စ ကား လုံး ဟာ လုပ် ကြံ စ ကား လုံး မ ဟုတ် ပါ ဘူး။ အဲ ဒီ ဗိုလ် ချုပ် (နာ မည် သိ ပါ တယ်။ နေ ရာ သိ တယ်။ မ ရေး ချင် လို့ ပါ) က အ ရပ် ဖက် ဆိုင် ရာ အ ရာ ရှိ တွေ နဲ့ အ စည်း အ ဝေး တ ခု မှာ ပြော ခဲ့ တာ ပါ။ နောက် ပြီး အဲ ဒီ စ ကား ကို အဲ ဒီ တ ကြိမ် ထက် မ က အ ကြိမ် ကြိမ် ပြော ခဲ့ တာ ပါ။ နောက် ပြီး အ နီး စပ် ဆုံး တပ် မ တော် ရဲ့ က ရင် တွေ အ ပေါ် ရက် စက် စွာ အ မျိုး ဖြုတ် တာ ရဲ့ သက် သေ က တော့ ဒီ ကေ ဘီ အေ က သူ တို့ ဖမ်း ထား တဲ့ စစ် သုံ့ ပန်း ကို အ ရှင် လွတ် ပေး လိုက် တဲ့ အ ချိန် မှာ တပ် မ တော် က သူ တို့ ဖမ်း ထား တဲ့ (သူ တို့ ငြိမ်း ချမ်း ရေး ယူ ထား တဲ့၊ စစ် သုံ ပန်း တောင် မ ဟုတ် တဲ့) ငြိမ်း အ ဖွဲ့ က ရဲ ဘော် တွေ ကို သတ် ပြစ် လိုက် တာ ပဲ။ သတ် တာ တောင် ရိုး ရိုး သတ် တာ မ ဟုတ် ဘူး။ လူ မ ဆန် စွာ ညှင်း ပန်း နှိပ် စက် ပြီး မှ ရက် ရက် စက် စက် မီး ရှို့ သတ် တာ။ ဒီ လို ရက် စက် မှု တွေ ဟာ မ ရေ မ တွက် နိုင် သော အ ဖြစ် အ ပျက် တွေ ထဲ က အ နီး စပ် ဆုံး ဥ ပ မာ တစ် ခု ပါ။) ဒီ ဥ မ မာ မှာ ရက် ရက် စက် စက် အ သတ် ခံ ရ တဲ့ လူ တွေ ဟာ လက် နက် ကိုင် က ရင် ရဲ ဘော် တွေ ပါ။ လက် နက် ကိုင် မ ဟုတ် တဲ့ က ရင် အ ရပ် သား တွေ တို ရင် ဒီ ထက် မ က ခံ ရ ပါ တယ်။ ဒါ တွေ အား လုံး အ တွက် ဒီ စစ် အာ ဏာ ရှင် တွေ ကို မူ အ ရ နိုင် ငံ တ ကာ စစ် ခုံ ရုံး တင် စေ ချင် ပါ တယ်။ မူ အ ရ လို့ သုံး နှုံး တာ ဟာ လက် တွေ့ မှ သူ တို့ ရဲ့ အ ဘ တ ရုတ် နဲ့ ရု ရှား ကြောင့် တ ကယ် လက် တွေ့ ဖြစ် လာ ဖို့ အ ရမ်း ခက် လို့ ပါ ပဲ။ ဒါ ပေ မဲ့ ဒါ ကို ကျွန် တော် တစ် ယောက် တည်း အ နေ နဲ့ မူ အ ရ တောင်း ဆို ပါ တယ်။ တ ကယ် လို့ နိုင် ငံ တ ကာ ခုံ ရုံး မ တင် ဖြစ် ရင် တောင် မှ ကျွန် တော် တို့ နိုင် ငံ ဒီ မို က ရေ စီ ရ လာ တဲ့ တ နေ့ ( ဘယ် စစ် အ ဏာ ရှင် မှ ထာ ၀ ရ မ တည် မြဲ နိုင် ပါ ဘူး၊ အ ဏာ ရှင် ဆို တာ အ ချိန် တ ခု ရောက် တဲ့ အ ခါ ကျ ရင် ကျ ဆုံး ကြ တာ ဟာ ဓ မ္မ တာ ပါ) ကျ ရင် ဒီ ကိ စ္စ တွေ ကို စစ် ဆေး ပြီး တ ရား ခံ တွေ ကို ဖေါ် ထုတ် ပေး ဖို့ တောင်း ဆို ပါ တယ်။ အ ပြစ် ပေး တာ မ ပေး တာ က နောက် တ ပိုင်း ထား ကျ ရ အောင်။ ဘာ ဖြစ် လို့ လဲ ဆို တော့ အ မေ စု တို့ က အ မျိုး သား ရေး ရင် ကြား စေ့ ဆွေး နွေး ၀ိုင်း ကို တပ် မ တော် က လူ တွေ မ တက် လာ မှာ စိုး လို့ အ လုံး စုံ သင် ပုန်း ချေ ချင် ကြ တယ် မ ဟုတ် လား။ အ မေ စု တို့ က ကိုယ် တိုင် ခံ ခဲ့ ရ တဲ့ ကာ ယ ကံ ရှင် တွေ အ နေ နဲ့ သင် ပုန်း ချေ လို့ ရ ပေ မဲ့၊ က ရင် နဲ့ တ ခြား သော လူ မျိုး စု တွေ က တော့ အ မျိုး စု နဲ့ ချီ ခံ ရ တာ ဖြစ် တဲ့ အ တွက် အ လုံး စုံ သင် ပုန်း ချေ ဖို့ ဆို တာ မ ဖြစ် နိုင် လို့ ပါ။ အ နည်း ဆုံး ဒီ ကျူး လွန် ခံ တဲ့ တ ရား ခံ ကို သ မိုင်း မှတ် တမ်း အ ဖြစ် ဖေါ် ထုတ် ပေး မှ ပဲ ခေတ် အ ဆက် ဆက် က အ ပြစ် မဲ့ ခံ ခဲ့ ရ တဲ့ ကျွန် တော် တို့ လူ မျိုး စု လူ သား တွေ အ တွက် တာ ၀န် ကျေ မယ် လို့ ကျွန် တော် ခံ ယူ လို့ ပါ။ အ ပြစ် ဒဏ် က တော့ တ မျိုး သား လုံး နဲ့ ဆိုင် တဲ့ အ တွက် က ရင် တ မျိုး သား လုံး ညီ လာ ခံ ခေါ် ပြီး ဆုံး ဖြတ် စေ ချင် ပါ တယ်။ အဲ ဒီ အ ချိန် မှာ အ မေ စု က သူ တို့ ကို လွတ် ငြိမ်း ချမ်း သာ ခွင့် ပေး စေ ချင် ရင် တော့ သူ တို့ ဖက် က ရပ် တည် ပြီး တောင်း ဆို မယ် ဆို ရင် တော့ ကျွန် တော် ထင် ပါ တယ် က ရင် လူ မျိုး တွေ ဟာ မ ရိုင်း တတ် ပါ ဘူး။ ကျွန် တော် အ ခု လို တောင်း ဆို တာ ဟာ ကျွန် တော် ဟာ က ရင် လူ မျိုး စု ခေါင်း ဆောင် တ ဦး အ နေ နဲ့ မ ဟုတ် ပါ ဘူး။ က ရင် တိုင်း ရင်း သား တစ် ဦး အ နေ နဲ့ ကျွန် တော့ ရဲ့ တစ် ဦး တည်း သောအ သံ ပါ။
၎) နောက် ဆုံး က တော့ တ ရုတ် နိုင် ငံ နဲ့ စီး ပွား ရေး လုပ် ငန်း ရှင် တွေ ကို ပြော ချင် ပါ တယ်။ စစ် အာ ဏာ ရှင် ကို ရပ် တည် အ ကာ အ ကွယ် ပေး နေ တဲ့ တ ရုတ် နိုင် ငံ ကို သံ တ မန် နည်း အ ရ စည်း ရုံး လို့ ကျွန် တော် တို့ ဖက် ကို မှ နည်း နည်း လေး မ ငဲ့ ညှာ ဘူး ဆို တော့ ကျွန် တော် တို့ ဖက် က လဲ ပြတ် ပြတ် သား သား ပြော ဖို့ လို မယ် ထင် ပါ တယ်။ စစ် အာ ဏာ ရှင် တွေ ကျ ဆုံး လို့ ဒီ မို က ရေ စီ ရ တဲ့ တ နေ့ မှာ ကျွန် တော် တို့ တ တွေ လဲ တ ရုတ် နဲ့ အ ကျိုး တူ စီး ပွား ရေး လုပ် ငန်း တွေ ကို ပြန် သုံး သပ် ရ ပါ လိမ့် မယ် လို့ ပြတ် ပြတ် သား သား ပြော ရ ပါ လိမ့် မယ်။ တ ရုတ် ဟာ သူ တို့ အ ကျိုး စီး ပွား ကို ပဲ ကြည့် ပါ တယ်။ နောက် ပြီး စစ် အာ ဏာ ရှင် တွေ ဒီ အ တိုင်း ကြာ ကြာ အ နေ နိုင် ဘူး ဆို တာ လဲ သူ တို့ သိ ပါ တယ်။ အဲ ဒီ လို ပြတ် ပြတ် သား သား ပြော ပါ မှ လဲ အ မေ စု တို့ ဖက် ကို နည်း နည်း လှည့် လာ လိမ့် မယ် လို့ ထင် ပါ တယ်။ ကျွန် တော် နိုင် ငံ ရေး နား မ လည် ပါ။ သံ တ မန် ရေး ကို နား မ လည် ပါ။ သာ မန် တိုင်း ရင်း သား ပြည် သူ တစ် ယောက် ရဲ့ ရိုး ရိုး အ မြင် ပါ။နောက် ပြီး စစ် အာ ဏာ ရှင် တွေ နဲ့ ပေါင်း ပြီး နိုင် ငံ တော် ပိုင် တွေ ကို အ ကျိုး တူ ခိုး နေ တဲ့ စီး ပွား ရေး သ မား အ မည် ခံ နေ တဲ့ သူ တွေ ပါ။ ဒီ မို က ရေ စီ ရ တဲ့ တ နေ့ မှာ တော့ အား လုံး ကို စုံ စမ်း စစ် ဆေး ပြီး တော့ တ ရား မျှ တ မှု တွေ ကို ရ အောင် ပြန် ယူ မယ်၊ အ ပြစ် ပေး စ ရာ ရှိ ရင် လဲ တ ရား ဥ ပ ဒေ အ ရ အ ပြစ် လို့ တိ တိ ကျ ကျ အ သိ ပေး ထား ဖို့ လို ပါ တယ်။ ဒါ မှ လဲ သူ တို့ လုပ် ချင် သ လို မ တ ရား ဆီ က မ တ ရား သိမ်း ယူ နေ တာ တွေ တန့် သွား လိမ့် မယ် လို့ ထင် ပါ တယ်။
ကျွန် တော် ဟာ အ မေ စု ကို ကျွန် တော့ ရဲ့ သူ ရဲ ကောင်း၊ စံ ထား ရဲ့ ပု ဂ္ဂိုလ် အ နေ နဲ့ ထာ ၀ ရ လေး စား အား ကိုး ယုံ ကြည် တဲ့ လူ တစ် ယောက် ပါ။ တ ကယ် လို့ ကျွန် တော် စာ ဟာ အ မေ စု ကို တ စုံ တ ခု ထိ ခိုက် စေ မယ် နစ် နာ စော် ကား သ လို ဖြစ် နေ ဆို ရင် တော့ အ နူး အ ညွတ် တောင်း ပန် ပါ တယ်။Posted by pahteepakaw ပထီးပကော်http://www.pahteepakaw.blogspot.com/

အဆုံးထိဖတ်ရန်...

Friday, September 3, 2010

ဦးသုဝေ ၊ ဦးအေးလွင်နဲ့ ဒေါက်တာသန်းငြိမ်း ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အိတ်ဖွင့်ပေးစာ

ဦးသုဝေ ၊ ဦးအေးလွင်နဲ့ ဒေါက်တာသန်းငြိမ်း ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အိပ်ဖွင့်ပေးစာ

ပထမဆုံးအနေနဲ့ အိပ်ဖွင့်ပေးစာရဲ့ သဘောကို ရှင်းပြပါရစေ၊ အိပ်ဖွင့်ပေးစာဆိုတာက လူဦးတယောက်ထဲကိုဘဲ တိုက်ရိုက်သိစေချင်လို့ ပေးတာရှိသလို အများကို သိစေချင်လို့ ပေးတာလဲဘဲဖြစ်တယ် ။ ဒီတော့ အခုဟာက လူပုဂ္ဂိုလ်အသီးသီးတွေကို ပေးတာရယ် ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးတာရယ်ကြောင့် ကျေးဇူးပြုလို့ သေသေချာချာ သက်ဆိုင်သူတွေက လေ့လာဖတ်ကြားစေချင်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရှေ့ကနေပြီး အမည်တပ်လို့ ရေးပြချင်ပေမဲ့ ၂၀၁၀ ရွေေးကာက်ပွဲကို သပိတ်မှောက်တဲ့ ပါတီဖြစ်တဲ့အတွက် နောက်ဆုံးမှာထားပြီး ရေးသားလိုက်တာဖြစ်တယ်။ ဒါပေမဲ့သူတို့အဖွဲ့ချုပ်ကလဲဘဲ ကျားဖမ်းမယ် ဆင်ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးမှာရှိနေတဲ့အတွက် သူတို့ကိုလဲ အဓိကပြောတာပါပါတယ်။ မည်သို့ပင်ဖြစ်စေ ၂၀၁၀ ရွေးကောက်ပွဲဝင်ကြမဲ့ပုဂ္ဂိုလ်တွေကို ဦးတည်ပြီးပြောမှာမို့ ဦးသုဝေကော ဦးအေးလွင်ပါ ဒေါက်တာသန်းငြိမ်းမကျန် ဒီပြသနာကို စဉ်းစားကြဖို့လိုတယ်လို့ ယူဆပါတယ်ဗျာ။
ကဲ--ကျွန်တော်တို့ ဆွေးနွေးကြည့်ကြရအောင်။ စစ်အစိုးရကို ၂၀၁၀ ရွေးကောက်ပွဲကိုလုပ်ဖို့ နိုဝင်ဘာလ ရ ရက်နေ့ကို ကြေညာထားပြီပြီ။ ဦးသုဝေတို့ ဦးအေးလွင်နဲ့ ဒေါက်တာသန်းငြိမ်းတို့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းသွင်းပြီးပြီ။ ဒီလိုပါဘဲ စစ်အစိုးရရဲ့ ကြောထောက်နောက်ခံပါတီဖြစ်တဲ့ ကြံဖွံ့ပါတီကလဲ လွှတ်တော်ကိုယ်စားလှယ်တွေက အမည်စာရင်းတင်သွင်းခဲ့ပြီးပြီ။ တခြားတိုင်းရင်းသားပါတီတွေကလဲဘဲ အမည်စာရင်း တင်သွင်းထားပြီးပြီ။ တသီးပုဂ္ဂလလှ့တ်တော်ကိုယ်စားလှယ်တွေကလဲဘဲ အမည်စာရင်း တင်သွင်းထားကြပြီးပါပြီ။ ရွေးကောက်ပွဲတခုမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အစုံအလင်နဲ့ ယှဉ်ပြိုင်ကြရတော့မှာမို့ ဒီပွဲဟာစစ်အစိုးရအတွက် အကောင်းဆုံးပါတီိပေါင်းစုံ ပါဝင်တဲ့ရွေးကောက်ပွဲတခုပေါ့။ ဒီကိုယ်စားလှယ်တွေမှာ စည်းရုံးရေးကာလတိုတောင်းတာတို့၊ ငွေကြေးချို့ တဲ့တာတို့၊ အချိန်မလုံလောက်တာတို့ကို စကားလုပ်ပြီးပြောလို့ မရတော့တဲ့ဘ၀ ရောက်သွားပါပြီ။ အဲဒီစကားကို ပြောကြားလို့လဲ စစ်အစိုးရက လုပ်ပေးတာမှမဟုတ်တာ။ ပြီးတော့ဒီတောင်ကိုလဲ ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။
ဒီတော့ခါ နိုဝင်ဘာလ ရ ရက်နေ့ကို ရောက်တဲ့အခါ ရွေးကောက်ပွဲ လုပ်ပါတော့မယ်။ ဆိုကြပါစို့။ လုပ်ပြီးပြီဆိုပါစို့။ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရပါတီက အရပ်သားအစိုးရဖွဲ့ခွင့် ရသွားပါပြီ။ တခုရှိနေတာက ၁၉၉၀ ခုနှစ်ကာလလို လွှတ်တော်မခေါ်ပေးဘဲ မနေဘူးလို့လဲ သိရပါတယ်။ ဒီတော့ ကြံ့ဖွံ့ပါတီက အစပိုင်းမှာ နိုင်ငံတကာနဲ့ ပြည်သူတွေက ခန့်မှန်းနေကြသလို မဲအပြတ်အသတ်မရခဲ့ပါဘူး။ ဦးသုဝေ၊ဦးေးအးလွင်၊ဒေါက်တာသန်းငြိမ်းပါတီနဲ့ တိုင်ရင်းသားပါတီတွေ မဲအများကြီးရရှိကြသွားပါတယ်။ ဒါကြောင့် မဟာမိတ်တွေလုပ်ပြီး ညွန့်ပေါင်းအရပ်သားအစိုးရအဖွဲ့ကို ဖွဲ့ခွင့်ရသွားပါတယ်။ အဲဒီအရ့ပ်သားအစိုးရအဖွဲ့မှာ ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည်သာ
ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေ ဖြစ်ခွင့်ရရှိကြမှာဖြစ်ပါတယ်။ ဒီတော့ ဒီနေရာမှာ ပြသနာက ဖြစ်လာနေပါပြီ။ အဲဒါကတော့ ၀န်ကြီးချုပ်သိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဦးညာဏ်ဝင်းတို့အပါအ၀င် သူတို့ရဲ့ပြိုင်ဘက်အခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တော်ဆီမှာ မဲရှုံးသွားကြတဲ့ပြသနာပါ။ ၀န်ကြီးချုပ်သိန်းစိန်တို့ဟာ သူတို့ပြိုင်တဲ့နေရာမှာ လှလှပပရှုံးသွားတဲ့အတွက် သူတို့ရဲ့ပြသနာကို စဉ်းစားရမှာဖြစ်လာပါတယ်။ ဒါဟာရွေးကောက်ပွဲကို ၀င်ကြမဲ့သူတွေရဲ့ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပြသနာအကြောင်းအရာတခုပေါ့ဗျာ။
၂၀၁၀ ရွေးကောက်ပွဲဆိုတာ အရပ်သားအစိုးရအတွက် ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ရွေးကြတဲ့ပွဲဗျ။ ဒီပွဲမှာအနိုင်ရရှိသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အရပ်သားအစိုးရအဖွဲ့ထဲမှာ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ဖြစ်ကြတာပေါ့ဗျာ။ လွှတ်တော်မှာတင် ဥပဒေကိုပြုပြင်ဖို့ တောင်းဆိုမယ် ပြောကြမယ် ဆွေးနွေးကြမယ် ဆိုတာတွေက နောက်မှ ဖြစ်လာမဲ့ကိစ္စတွေပါနော်။ လောလာဆယ်ဖြစ်လာမှက ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ခေါ်လိုက်ရင် အနိုင်ရရှိသွားတဲ့သူတွေက လွှတ်တော်မှာပါတိတွေကို ကိုယ်စားပြုပြီးတော့ သွားကြရမှာပါ။ ဒီတော့ မဲအပြတ်အသတ်အနိုင်ရရှိသွားမဲ့ ဦးသုဝေ၊ဦးအေးလွင်၊ဒေါက်တာသန်းငြိမ်းတို့က ၀န်ကြီးချုပ်ရာထူးတွေ ၊၀န်ကြီးရာထူးတွေကို စဉ်းစားသာကြည့်ကြဖို့ လိုတော့တာပေါ့ဗျာ။ ဒါပေမဲ့ ဒီလိုမျိုးမဟုတ်နိုင်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ၀န်ကြီးချုပ်သိန်းစိန်တို့ ဦးညာဏ်ဝင်းတို့ နအဖစစ်အုပ်စုရဲ့  အရပ်သားဟန်ဆောင်ထားတဲ့ ၀န်ကြီးတွေက နုတ်မထွက်ကြသေးတာ ရှိနေတာလေ။ ဒီပြသနာက အကြီးကြီးပါနော်။ အသေးအမွှားမဟုတ်ပေဘူးဗျာ။
ခင်ဗျားတို့စဉ်းစားကြည့်လေ။ စစ်ယူနီဖေါင်းက်ု သူတို့ချွတ်ထားတာမှန်တယ်ဗျ။ ရွေးကောက်ပွဲမှာ နိုင်ငံဝန်ထမ်းတွေမပါရဘူးဆိုတာကိုလဲ ဖြေရှင်းထားတာ သူတို့အဖြေနဲ့သူတို့က ဟုတ်လို့ပါဘဲ။ ဒါတွေထားလိုက်ပါတော့။ ဘာမှမပြောတော့ပါဘူး။ ဒါပေမဲ့ခင်ဗျားတို့စဉ်းစားကြရမှာက ၀န်ကြီးချုပ်ရာထူးက ဦးသိန်းစိန်တို့က နုတ်မထွက်သေးဘူးနော်။ သူတင်မဟုတ်ဘူးနော် ။ သူတို့တဖွဲ့လုံးနုတ်မထွက်သေးဘူးနော်။ ဒီတော့သူတို့က ရွေးကောက်ပွဲမှာ ၀င်ပြိုင်နေတာ လိမ်ပွဲ လုပ်ကြံ့ပွဲကြီးဖြစ်မနေဘူးလားဗျာ။ ကောင်းပါပြီ။ ဒီလူတွေညစ်ပတ်တာ အခုသိပြီဘဲ။ ဘာလုပ်စရာရှိနေလဲ ဆိုတာ ခေါင်းအေးအေးထားပြီး စဉ်းစားဖို့ဘဲ ရှိတယ်ပေါ့ဗျာ။ ဘယ့်နှယ်ဗျာ ။ ရွေးကောက်ပွဲမှာဝန်ကြီးချုပ်ရှူး ရှူးနေတဲ့ အစိုးရဖွဲ့ချင်နေတဲ့ ၊ ၀န်ကြီး ရာထူး ရှူး ရှူးနေတဲ့ ၊ခင်ဗျားတို့တွေဟာ အခုဝန်ကြီးချုပ်ဦးသိန်းစိန်ရဲ့ ရာထူးကို ဘယ်အချိန်မှာ ရကြမှာလဲဗျ။ ဒါကိုခင်ဗျားတို့ စည်းစားကြဖို့လိုပါတယ်။ ဒီတော့ခင်ဗျားတို့စဉ်းစာပြောဆိုကန့်ကွက်ရမှာက ဦးသိန်းစိန်ဆီက ၀န်ကြီးချုပ်ရာထူးကို ခွါချပြီးမှ ဦးသိန်းစိန်ကို ရွေးကောက်ပွဲကွင်းပြင်ထဲ ဆွဲခေါ်သွင်းရမှာဗျ။ ခင်ဗျားတို့က ပွဲရုံသွင်းဖို့အတွက် ခင်ဗျားတို့ရဲ့ လက်ထဲမှာ ဦးသိန်းစိန်ရဲ့  ကံကြမ္မာရာထူးက ရှိနေပါတယ်။ ဒါကိုခင်ဗျားတို့ နားလည်ဖို့
လိုပါတယ်။ ပြောရရင်ဗျာ။ ခင်ဗျားတို့ပြိုင်ရမှာက ဆုမရှိဘဲနဲ့ ပြိုင်ပွဲဝင်နေကြရတဲ့ လူတွေလိုဖြစ်နေကြတာပါဘဲ။
ဟုတ်တယ်လေ။ ခင်ဗျားတို့ပြိုင်ဖို့ကြိုးစားနေတာ ၀န်ကြီးချုပ်ရာထူးနော်။ ၀န်ကြီးတွေရာထူးနော်။ ဒီတော့အဲဒီဆုတံဆိပ်က ဘယ်မှာတုံး။ ဦးသိန်းစိန်ရဲ့  လည်ပင်းမှာ ဆွဲထားတုံးဗျ။ သြဂုတ်လ ၃၁ ရက်နေ့က ဒီနွားကြီးက မလေးရှားနိုင်ငံလွပ်လွပ်ရေးနေ့ကို သ၀ဏ်လွှာပေးတဲ့အခါ အဲဒီဝန်ကြီးချုပ်ရာထူးနဲ့ ပေးတယ်ဗျ။ ဒီတော့ခင်ဗျားတို့စဉ်းစားကြည့်ကြလေ ။ သြဂုတ်လ ၃၀ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်းတင်သွင်းတဲ့ရက် နေ့က နောက်ဆုံးဆိုတော့ ဒီနွားကြီးက ကိုယ့်လည်ပင်းကို ကိုယ်ကြိုးကွင်းစွပ်တာလား၊ဒါမှမဟုတ် ဗိုလ်ချုပ်မှူးသြီးသန်းရွှေကဘဲ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်တာလား မသိဘူးဗျ။ အခုဆိုရင် နေည်ြတော်ထဲမှာ စစ်ဗိုလ်ချုပ်တွေကို ရာထူးအပြောင်းအလဲလုပ်လိုက်ကြတာ သောက်သောက်လဲပါဘဲ။ စီနီယာသမားတွေက ကျန်ရစ်သူကကျန်ရစ်။ ဂျူနီယာသမားတွေက ခုံတက်သူတက်နဲ့ စစ်အုပ်စုတခုလုံးဗြောင်းဆန်နေပါတယ်။ ဗိုလ်ချုပ်ကြီးတွေကို ရာထူးခန့်ပေးတဲ့အခါမှာ သူတို့စစ်ဘက်ဆိုင်ရာ ပြသနာတွေကို အပြင်လူမသိနိုင်ပေမဲ့ သိနိုင်တာတခုကတော့ အတွင်းကြေ ကြေနေတာကိုတော့ ခန့်မှန်းနိုင်ကြတာပါဘဲ ။ အကောင်းဆုံးခန့်မှန်းနိုင်တာကတော့ ကာကွယ်ရေးစစ်ဦးချုပ်ရာထူးကို သူရမြင့်အောင်ကို ပေးတာပေါ့ဗျာ။ ဒါပေမဲ့သူ့ကိုအခုအချိန်ထိ ဗိုလ်ချုပ်မှူးကြီး ရာထူးမပေးသေးတာဟာလဲ မြုပ်ကွက်တခုဖြစ်နေပါတယ်။ အဲဒီမြုပ်ကွက်ထဲမှာ ၀န်ကြီးချုပ်ရာထူးနဲ့ ၀န်ကြီးတွေရဲ့ ရာထူးက ပါနေလေရဲ့ ဗျာ။
ဘာကြောင့်အဲဒီမြုပ်ကွက်ထဲမှာ ဦးသိန်းစိန်တို့ဆီက ပါဝင်နေကြသလဲဆိုတာကြည့်ပါအုံးဗျာ။ ၀န်ကြီးချုပ်ရာထူးနဲ့ သက်ဆိုင်ရာဝန်ကြီးတွေရဲ့  ရာထူးတွေကို အခုချက်ချင်းပြန်လည်ယူလိုက်ရင် ဦးသိန်းစိန်တို့ရဲ့  အင်အားတွေကလဲ ဆူလာမှာစိုးတယ်ခင်ဗျ။ သူတို့က အာဏာလက်လွပ်မရှိမှာကို စိုးရိမ်နေတဲ့ လူတန်းစားတွေလေ။ နေပြည်တော်တပ်အတွင်းမှာ စစ်ဗ်ုလ်ချုပ်တွေကို အမိန့်နဲ့ပြောင်းလဲ လုပ်ထားပြီးတဲ့နောက် အရပ်သားဝန်ကြီးတွေရဲ့ ရာထူးကိုပါ ပြသနာမတက်စေဘဲ ထားနေတဲ့ သဘောပါဘဲ။ ဒီတော့ခါ ခင်ဗျားတို့ရဲ့ ပြိုင်ပွဲမှာ ခွက်ပျောက်နေတဲ့ပွဲ ဖြစ်နေတာပေါ့ဗျာ။ သူတောင်းစားခွက်ပျောက်တာက ပြောလို့ဆိုလို့ ကောင်းပါတယ်။ နိုင်ငံရေးသမားတွေရဲ့  ခွက်ပျောက်နေခြင်းကတော့ အဓိပ္ပါယ် သိပ်မရှိလှပေဘူးပေါ့ဗျာ။ ဆုပျောက်နေတဲ့ ပြိုင်ပွဲလို့ ပြောရင်လဲ ခင်ဗျားတို့က လက်ခံရမှာပေါ့ဗျာ။ ဘာကြေင့်ဆိုရင် ခင်ဗျားတို့ကလွှတ်တော်ကို တချိန်လုံးသွားချင်နေတဲ့ ၀န်ကြီးရှူးတွေဖြစ်နေတာကိုးနော။ ဒီလောက်ထိရှူးနေမှတော့ မျက်စိထဲဘာမှမမြင်နိုင်တာကို ပြောပြလို့မှမရတာလေ။ ခုတော့အချိန်တန်ပါပြီ။ ခင်ဗျားတို့တတွေ လိုချင်တဲ့ ၀န်ကြီးချုပ်စလွယ်ကို ဦးသိန်းစိန်လည်ပင်းက ဆွဲဖြုတ်ဖို့အချိန်ကဖြင့် ရှိနေသေးတာပေါ့ဗျာ။ အချိန်ရှိတုံး လုံ့လလေးစိုက်လိုက်ကြပါအုံး ။ နို့မဟုတ်ရင် ရွေးကောက်ပွဲလဲ ပြီးသွားရော ဦးသိန်းစိန်တို့ ဦးညာဏ်ဝင်းတို့က မပေးဘဲနေသွားမှဖြင့် ခင်ဗျားတို့က ကုလသမဂ္ဂကို တိုင်လို့လဲ မရတော့ဘူး ဆိုတဲ့အခြေအနေကို ဖြစ်နေမှာစိုးလို့ပါ။ ဘာကြောင့်လဲဆိုရင် ခင်ဗျားတို့ပါဝင်နေတဲ့ ရွေးကောက်ပွဲကို ကုလသမဂ္ဂက အသိအမှတ်မပြုဘူးလေဗျာ နော၊ ဒါပေမဲ့ ဦးသိန်းစိန်ဆီက ၀န်ကြီးချုပ်ရာထူးကိုတော့ ချွတ်ကြဖို့ မမေ့ကြပါနဲ့ဗျာ။
နောက်ဆုံးအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ နိုင်ငံရေးပါတီကြီးဖြစ်နေပေမဲ့ တာဝန်တရပ်က ရှိနေသေးတာပေါ့ဗျာ။ ပြီးတော့တာဝန်ရှိတဲ့သူတွေကလဲ ပြောနေသံကြားနေရပါသေးတယ်။ ရွေးကောက်ပွဲကို လေ့လာဖို့လိုပါသေးတယ်လို့ ။ မတရားတာတွေ့ရင် တိုင်ကြားဖို့ကိုပါ ဟောပြောနေတာလဲ ကြားရသဗျ။ ဒီတော့အခုဖြစ်နေတဲ့ စစ်အုပ်စုရဲ့ ဦးသိန်းစိန်ဆီက ၀န်ကြီးချုပ်ရာထူးနဲ့ ရွေးကောက်ပွဲဝင်နေတဲ့ ကလိမ်ကကျစ် ကျနေတာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ထောက်ပြသင့်မနေဘူးလားဗျာ။ ဒီဟာကြီးကို ထုတ်ဖေါ်ပြောဆိုပြီး ဦးသိန်းသိန်ရဲ့ ကံကြမ္မာဟာ တစုံတရာပြောင်းလဲသွားပြီဆိုရင် အဲဒီကံကြမ္မာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိကို ကူးစက်သွားတယ်ဆိုတာ နားလည်ဖို့လိုတယ်ဗျ။ ဒီတာဝန်တွေကို သမိုင်းပေးတာဝန်တရပ်အနေနဲ့ ဆက်ပြီးထမ်းဆောင်ပေးလိုက်ကြပါအုံးဗျာလို့ အိပ်ဖွင့်ပေးစာ ပေးလိုက်ရပါတယ်ဗျာ။

ခိုင်အောင်ကျော် ( နယူးယောက် )

အဆုံးထိဖတ်ရန်...

Tuesday, March 9, 2010

ပြည်တွင်း၊ ပြည်ပ အပြန်အလှန် အိတ်ဖွင့်ပေးစာ

Re: [8888peoplepower] Open Letter to Exile Activists from A Monk from Inside


ကိုသန်းဝင်းခင်ဗျား။
ကျနော့ကိုမှတ်မိလိမ့်မယ်လို့ထင်ပါတယ်။ ကျနော့်ရဲ့စာကို ရဟူးအုပ်စုတွေဆီထည့်ပေးပါခင်ဗျား။
ဇေယျာ
ကနေဒါ

ပြည်တွင်းသံဃာတော်အမည်ခံများသို့အိပ်ဖွင့်ပေးစာ

ဖျာပုံ မှ အင်တာနက်သုံးစွဲနိုင်သော ဦးဇင်းခင်ဗျား

ခေတ်ကြီးကိုအမြန်လိုက်မှီနိုင်ပြီး နိုင်ငံတကာကို ဗိုလ်ချုပ်အောင်ဆန်းလေသံလိုဟောပြောနိုင်တဲ့အတွက် အားရဝမ်းသာ
ဖြစ်မိပါတယ်။ ဦးဇင်းရဲ့စာအရ၊ “တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ်” ဆိုတော့
ကျနော်တို့အနေနဲ့ ဂျောက်ထဲကျမဲ့အရေးဦးစားပေးမစဉ်းစားချင်ပါလို့ဖြေကြားလိုက်ပါရစေ။
ပထမဦးစွာတင်ပြချင်တာကတော့ ဦးဇင်းတို့ရဲ့ကွဲပြားခြားနားသော သံဃာအဖွဲ့အစည်းများကိုအရင်ညှိနှိုင်းစေချင်ပါတယ်။
ဥပမာ-သာသနာ့ဥသျှောင်နှင့်သံဃာ့တပ်ပေါင်းစုလိုမညီညွတ်မှုတွေအပါအဝင်။
ကျနော်တို့ လူတွေမှာလည်း သံဃာတော်များမညီညွတ်တဲ့အတွက်အရမ်းကိုစိတ်ပျက်မိပါတယ်။


ဒုတိယအချက်ကတော့
မောင်ကျော်သန်းလေးကိုလည်းဆုံးမပါအုံး။
ကျောင်းသားလူငယ်ကွန်ဂယက်ကနုတ်ထွက်ပြီးတောင်ရေးမြောက်ရေးလျှောက်မရေးအောင်တားပေးပါ။
SYCB နဲ့ညီညွတ်ရေးတည်ဆောက်ပါ။ညီညွတ်ရေးကအရမ်းကိုအရေးကြီးပါတယ်။

တတိယအချက်ကတော့ ဦးဇင်းစာထဲမှာ
“တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်းပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက
သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ်” လို့မေးထားပါတယ်။

ဦးဇင်း ခင်ဗျား မိမိရဲ့မောင်နှမသားချင်းတွေကိုပစ်ပြီး တောခို၊ လက်နက်ကိုင်တိုက်၊ ထောင်ကျ ခဲ့တဲ့နှစ်များဦးဇင်းမှာ
ဘယ်နှစ်ခါကြုံဘူးပါသလဲ ဆိုတာကိုဖြေကြားပေးပါ။ ဘဝကိုဘယ်နှစ်ခါဖျက်ပြီးနိုင်ငံရေးလောကထဲခြေစုံပစ်ဝင်ခဲ့ပါသလဲ၊
အိမ်အသိမ်းခံခဲ့ရဘူးပါသလား။ အဆင်းရဲအငတ်ပြတ်ခံပြီးနိုင်ငံရေးလုပ်ဘူးပါသလား။ ဖြေကြားပေးပါ။


စတုတ္ထအချက်ကတော့
“၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး
ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ” လို့ဆိုထားတဲ့အချက်ကိုမေးခွန်းထုတ်ချင်ပါတယ်။

၁၉၂၀ ကတည်းကခေတ်အဆက်ဆက်ပါဝင်လာခဲ့တဲ့ ကျောင်းသားသမိုင်းကိုဦးဇင်းကြားဘူးပါသလား။
၁၉၈၈ အရေးတော်ပုံကိုဦးဇင်းကြားဘူးပါသလား။ လူပေါင်း (၃၀၀၀) ကျော် အသက်ပေးရပါတယ်။
၂၀၀၇ အရေးတော်ပုံကို အလေးပြုပါတယ်။ ဒါပေမဲ့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကို သံဃာတော်တွေလုပ်ခဲ့တယ်ဆိုတဲ့စကားကိုပြင်ပြောစေချင်ပါတယ်။

အားလုံးခံခဲ့ရ၊ ရင်းခဲ့ရတာကို ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကိုသံဃာတော်တွေကလုပ်ခဲ့တယ်ဆိုတာမျိုးကိုယ်ရည်မသွေးကောင်းပါ။
ပြည်ပရောက်နိုင်ငံရေးသမားတွေအနေနဲ့သံဃာတော်တွေနဲ့လက်တွဲပါဆိုတော့ဘယ်သံဃာအဖွဲ့နဲ့လက်တွဲရမှာလဲ။
ဦးခေမာစာရရဲ့ရဟန်းပျိုလား၊ ပီနန်ဆရာတော်ဘုရားကြီးရဲ့ သာ့သနာ့ဥသျှောင်လား။ဦးပညာဇောတ (နတ်ဇော) ရဲ့ သံဃာတပ်ပေါင်းစုလား။
( သံဃာတပ်ပေါင်းစုကရောဘယ်နှစ်ဖွဲ့ရှိတယ်ထင်ပါသလဲ)ဦးဇင်းတို့ညီညွတ်အောင်အရင်လုပ်ကြပါအုံး။
အမျိုးဘာသာ၊ သာသနာကိုစောင့်ရှောက်ကြပါအုံး။ ဘုန်းကြီးကျောင်းတွေကိုလည်း တစ်ပါး တစ်ကျောင်းမလုပ်ကြဖို့ဆုံးမကြပါအုန်း။


ပဉ္စမအချက်ကတော့

“ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။
အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။
ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊
ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က
ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို
ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ်” ဆိုတဲ့အချက်ကိုဖတ်ပြီးအကြံပေးပါရစေ။

ဦးဇင်းခင်ဗျား။
ဖျာပုံမှာမနေပဲ၊ အမေရိကားကိုလာပြီး သုံးယောက်တည်းကျန်တော့တဲ့ စင်ပြိုင်အစိုးရမှာဝင်လုပ်ပါလား။
ဦးဇင်းက မဟာဗျူဟာနဲ့ သံတမန်ရေးကိုပိုပြီးနားလည်ပုံရတယ်။ ဖျာပုံမှာကျောင်းထိုင်နေတာတောင် ဒီလောက် ညဏ်ပညာစူးရှနေရင်
နိုင်ငံတကာရောက်လာရင် ထောင်တက်သွားမယ် ။ ဒလိုင်းလားမားထက်နာမည်ကြီးသွားနိုင်တယ်။


နောက်ဆုံးအချက်ကတော့အထူးဖတ်စေချင်ပါတယ်။
နိုင်ငံရေးကို လူတိုင်းဟာလက်လှမ်းမှီသလောက်လုပ်ကြတယ်။ တွေးခေါ်ကြတယ်။ အရေးကြီးတာက ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပါ။
ပြည်တွင်းကလူက ကိုယ်နားမလည်တဲ့ ပြည်ပက ပြဿနာတွေ၊ နိုင်ငံတကာအနေအထားတွေကို သိတ်ဝင်ပါဖို့မသင့်ဘူး။
ကိုယ်ကခြေခြေမြစ်မြစ်နားမလည်တဲ့ ပြဿနာကိုဝင်ပါရင် အဆဲခံရတတ်ပါတယ်။
ပြည်ပကလူတွေလည်းထိုနည်းလည်းကောင်းပါ။

ညီညွတ်ရေးအရေးကြီးတာလူတိုင်းနားလည်ပါတယ်။ ထူးပြောစရာမလိုပါ။ မညီညွတ်လို့၊ လူတန်းစားတရပ်လိုဖြစ်လာလို့၊ ခေါင်းဆောင်ရူးအာဏာရူးတွေကြောင့်ညီညွတ်ရေးပြိုကွဲနေလို့ ရေးရတဲ့အဆင့်ကိုရောက်ကုန်တယ်။
ညီညွတ်ရေးရအောင်လို့ ခေါင်းဆောင်တွေကိုတိုက်ချွတ်နေတယ်ဆိုတာကိုနားလည်ပါ။
ကိုယ့်အမြင်တိမ်တိမ်လေးနဲ့ သူများကိုဆရာမလုပ်စေချင်ပါဘူး။
အိပ်ကောက်နဲ့ဖားကောက်ရတဲ့ ညီညွတ်ရေးမျိုး၊ တော်လှန်ရေးမျိုးလုပ်မိရင်၊ ရန်သူကိုဘာလက်နက်မှတိုက်လို့ရမှာမဟုတ်ပါ။
အတွင်းစည်းက လှိုက်စားနေတဲ့စိတ်ဓါတ်ကိုမဖျက်ပစ်သရွေ့ လှုပ်ရှားမှုကိုအားကောင်းအောင်မလုပ်နိုင်ဘူးဆိုတာ
ဖျာပုံ မှာ တရားဆောက်တည်တိုင်းအာဂုံဆောင်ပါ။
ဒီလိုစရိုက်တွေ၊ လုပ်စားသူတွေနဲ့ဗမာပြည်ဒီမိုကရေစီဘယ်တော့မှရမှာမဟုတ်ဘူး။ ဒါကိုယုံလို့ဖွင့်ချကြတယ်။
နောင်လည်းဖွင့်ချအုံးမယ်။ ပြည်သူတွေကိုကြိုတင်အသိပေးထားရမယ်။ ဒီလိုလူမျိုးကတော့ ဒီလိုစရိုက်ရှိတယ်။
ဘယ်တော့မှ ခေါင်းဆောင်မတင်နဲ့၊ ခေါင်းဆောင်တင်ရင် ငါတို့တတွေ၊ ဗိုလ်သန်းရွှေလိုဆိုးတဲ့ကောင်တွေလိုမျိုးရမယ်ဆိုတာတွေ၊ ရှင်းသွားအောင်လို့ပါ။


ဦးဇင်း နေတဲ့နေရာမှာ အကောင်းဆုံးနေထိုင်ပါ။
အင်တာနက် ကနေ ပြည်ပပြဿနာတွေကိုအချိန်အားတိုင်းတက်ဖတ်နေမဲ့အစား
ပြည်သူလူထုထဲကိုစိမ့်ဝင်ပါ။ တိုက်ပွဲအတွက်ပြင်ပါ။ လူထုကိုဦးဆောင်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။
လူတိုင်းမှာအချိန်အများကြီးမရှိပါ။

မောင်ကျော်သန်းလေးကိုလည်း ကိုနိုင်အောင်တို့နဲ့ညီညွတ်အောင်ဆုံးမပါအုံးဘုရား။
အရက်သေစာလေးလည်းလျော့ပြီး ကြီးမိုက်တွေမလုပ်ကြဖို့ ဟောပြောဆုံးမပါအုံးဘုရား။

သံဃာတော်တွေညီညွတ်နိုင်ကြပါစေ။
ကနေဒါ မှ
ဇေယျာ


2010/3/8 Kyaw Than


ပည်ပရောက် နိုင်ငံရေးသမားများသို့ သံဃာတော်များမှ အိပ်ဖွင့်ပေးစာ ရက်စွဲ ။ ။ ၇ - ၃ -၁၀


ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာ အချိန်မှာ ပြည်ပရှိ နိုင်ငံရေးသမားတစ်ချို့ဟာ သူရဲ့ ပြဿနာပေါင်စုံကို ဖြေရှင်းချက်တွေ ထုတ်နေတာကို ဦးဇင်းတို့တွေနေရတော့ အတော့်ကိုစိတ်မကောင်း ဖြစ်ရပါတယ် တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်းပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ် အမှန်းဆိုရင် အခုချိန်မှာ တိုင်းပြည် အတွက် အမှန်တရား အတွက်တိုက်ပွဲဝင်နေကြတဲ့ သူတွေမှာ လုပ်ရမယ် အလုပ်တွေဟာ ပြုပြင်ပြောင်လဲရေးအတွက် အလုပ်ရမယ်အချိန်ပါ ပြည်ပရောက် နိုင်ငံရေးသမားတွေကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အမှာစကားပါးချင်တာကတော့ အခုချိန်မှာ ရှင်းစရာရှိရင်လည်း ခဏရပ်ထားပြီး တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ် ။


အခုဆိုရင် မြန်မာပြည်က အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ယခုအချိန်မှာ အလုပ်သမားတွေနဲ့ အတူလက်တွဲပြီး စစ်အာဏာရှင် စနစ်ကို ဝိုင်းဝန်းပြုတ်ချရမယ့် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ် အခုဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ နေ့စဉ်ရက်စက်သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုလာကြတာ ကျေနပ်အားရစရာ အကောင်းဆုံးအချိန်ပါပဲ ပြည်ပမှာကတော့ ငါ့ကဘာလုပ်ခဲ့တာ သူကတော့ ဘာတွေလုပ်တာနဲ့ အချိန်တွေကုန်နေတာ တွေရတော့ အတော့်ကိုယ် စိတ်မကောင်း ဖြစ်ရပါတယ် ။


အမှန်တစ်ကယ် ရှင်းလင်းချက်ထုတ်ချင်ရင် တိုင်းပြည်ကို စစ်အာဏာရှင် လက်အောက်က လွတ်မြောက်အောင် အရင်ဆုံးလုပ်ပြီး ဖြေရှင်းကြပါ ယခု အချိန်ဟာ ပြည်ပရောက်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့ ကြေငြာချက်ထုတ် ရုံလောက်နဲ့ မရတော့ပါဘူး အများစုပါဝင်နိုင်တဲ့ တွေ့ဆုံးဆွေးနွေးရမယ့် အချိန်ပါ ပြည်တွင်းပြည်ပ ကွန်ယက်တွေကို တည်ဆောက်ရမယ် အချိန်ဆိုတာ ကိုယ်ကိုနိုင်ငံရေး သမားလို့အမည်ခံထားတဲ့ သူတိုင်းရဲ့ဦးနှောက်မှာ ထည့်ရမယ် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ်။


မိမိတို့ အတွက်နဲ့ ပြည်သူတွေ စိတ်ညစ်ရမယ့် အလုပ်မျိုးကို မလုပ်ကြပါနဲ့ မိမိတို့ကိုယ်တိုင်က အမှန်တရားအတွက် ပြည်သူအတွက်ပါလို့ပြောပြီး မိမိတို့ရဲ့ နှစ်ပေါင်းနှစ်ဆယ် အတွင်းဖြစ်ပျက်ခဲ့တာတွေကို ဒီချိန်မှာမရှင်းကြပါနဲ့ တစ်နေ့ကျရင် သမိုင်းတရားခံဟာ ဘယ်သူတွေလည်းဆိုတာ ပြည်သူတွေက သိပါတယ် ဘယ်သူကတော့ ဘာလုပ်ခဲ့ပါတယ်လို့ပြောပြီး အပြစ်ဖို့နေမယ့်အစား ဒီမိုကရေစီ အရင်ရအောင်လုပ်ကြပါ။ ဒီမိုကရေစီရလာရင် သမိုင်းကိုထောက်ပြပေးမယ် ပြည်သူတွေ ရှိပြီးသားပါ။ ၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ ။



ဦးဇင်းတို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးကိုလည်း ပြောချင်တာကတော့ ခင်ဗျားတို့ကိုယ်တိုင် ညီညွတ်ရေးကိုလိုချင်ရင် အားလုံးပြောင်းလဲပစ်ဖို့ လိုပါ

ပြီ။ ကိုယ်ပိုင်အခွင့်ရေးကို လွတ်လပ်စွာ တောင်းဆိုနေတာကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အပြည့်ဝထောက်ခံပါတယ်။ ဒါပင်မဲ့ အခုအချိန်မှာ စစ်အာဏာရှင် စနစ်ပြုတ်ချရေးဟာ ပိုပြီးအရေးကြီးနေပါတယ်။


အဲဒါကြောင့် ညီညွတ်ရေးဟာ ပထမတန်းမှာ အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောခဲ့ကြပြီးပါပြီ အခုလည်း ဒီစကားတွေကို ပြောနေရတော့ ဦးဇင်းတို့အနေနဲ့ အတော်ကိုရှက်မိပါတယ် ကလေးတွေဆိုရင် တစ်ခါပြောပြီးရင် မှတ်မိပါတယ် မြန်မာစကားပုံကို မေ့နေကြလို့လားတွေးမိပါတယ်၊ မေ့သူတွေ အတွက်ထပ်ပြီး သတိပေးလိုက်ပါတယ် ညီညွှတ်ရေးဟာ ပထမတန်းမှာအရေကြီးပါတယ် ညီညွှင်္ွှတ်မှုမရှိရင် ဘယ်လောက်ပဲ ဒီမိုကရေစီ လုပ်မယ်လို့ ပြောနေပါစေ အောင်မြင်မှု့ဆိုတာ မရနိုင်ပါဘူး။


အခုချိန်မှာ သံဃာတော်တွေ ခေါင်းဆောင်မှုနောက်ကိုလိုက်မှာလား ပြည်ရောက်နိုင်ငံရေးသမားတွေက ခေါင်းဆောင်ပြီးလုပ်မှာလားဆိုတာကို မေးခွန်းထုတ်စရာ ရှိလာပါပြီ စစ်အာဏာရှင်တွေက ၂၀၀၈ခုနှစ် အခြေခံဥပဒေကို တည်းပြုပြီးပြီဆိုတာ အားလုံးသိပါတယ် မကြာခင် ၂၀၁၀ ရွှေကောက်ပွဲကို ပြုလုပ်တော့မယ် အချိန်ဟာ နီးကပ်နေပြီ ဆိုတာကို သိလျှက်သားနဲ့ မိမိတို့ အတ္တ၊ ကိုယ်အကျိုးအတွက်ပဲ လုပ်နေကြတာတွေ့ရတော့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ အထူးပင် စိတ်မကောင်း ဖြစ်ရပါတယ်။


ဦးဇင်းတို့ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ဦးဇင်းတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်။ ပြည်သူလူထုအနေနဲ့ အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလိုပြန်ကြည့်ရတဲ့ အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု့ တခုခု ဖြစ်လာနိုင်အောင် ဦးဇင်းတို့ အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ၊ ဗမာ၊ ရခိုင်၊ မွန်း၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစုတွေနဲ့ ပေါင်းပြီးတော့ ဦးဇင်းတို့လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံးကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။

အခု အခြေနေတိုင်းဆိုရင် တိုင်းပြည်က ဒီထက်မကပိုပြီးတော့ ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာတခုခု လုပ်ပေးပါလို့ ဦးဇင်းတို့က တောင်းဆိုချင်ပါတယ်။


ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။ အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ် ။


တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ရရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှားပါတယ်… မိမိပါတ်ဝန်းကျင်မှာ ရှာဖွေကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ရနိုင်ပေမဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူကိုတော့ ရုတ်တရက်ခွဲခြားတွေ့ဖို့ မလွယ်ကူပါဘူး…. ဒါကြောင့် တကယ် အလှစစ်နဲ့ လှတဲ့သူကိုသေချာ ရှာတတ်ဖို့ လိုပါတယ်…..အပေါ်ယံ ရုပ်ရည်ကိုသာကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်အလှစစ်ကို တွေ့ဖို့ဝေးနေဦးမှာပါ… ကိုယ့်ဘေးမှာ ရှိနေပါလျှက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရရိုးသားတဲ့ နှလုံးသားအလှ ပိုင်ရှင်လေးများကို လက်လွှတ်မသွားခင်၊ နောက်မကျခင်မှာ သေချာ ရှာဖွေကြပါလို့ အကြံပြု လိုက်ပါရစေနော်… ရုပ်အလှ ပြည့်စုံသူများလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသော သူများဖြစ်နိုင်ကြပါစေ….......... အမှန်

တရားစစ်ကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေ…......။


တော်လှန်းရေးသစ္စာဖြင့် စာရေးသူအရှင် (ဖျာပုံ) ပြည်တွင်းတစ်နေရာ ဆရာတော်သံဃာတော်များရဲ့ ဆန္ဒအရ ရေးသားချင်းဖြစ်ပါတယ် တိုက်ခိုက်လိုသော ဆန္ဒအရ ရေးသားချင်းမဟုတ်ပါဘူး ဆိုတာကိုဝန်ခံရင်း တပည့်တော်အနေနဲ့ အရင်တောင်းပန်ပါတယ် ဘုရား။

အဆုံးထိဖတ်ရန်...