Pages

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, November 12, 2010

အခွင့်ထူးစံနိုင်ငံရေးသမားများ၏ရန်

ချောလဲရောထိုင် ငါးပွက်ရာ င စာချတဲ့နိုင်ငံရေး တော်လှန်ရေးလုပ်စားနေသည့်ခေါင်းဆောင်များနှင့်
အခွင့်ထူးစံနိုင်ငံရေးသမားများ၏ရန်


ယနေ့ မြန်မာ့နိုင်ငံရေးကိုပြန်လည် သုံးသပ်လေ့လာကြည့်ပါမူ....မြန်မာ့နိုင်ငံရေးကို စစ်တပ်ကကြီးပဲ လွှမ်းမိုးထားတာမဟုတ်ပဲ၊ ချောလဲရောထိုင် ငါးပွက်ရာ င စာချပြီးနိုင်ငံရေးလုပ်စားနေသည့် နိုင်ငံရေးခေါင်းဆောင် အတုများနှင့် အခွင့်ထူးစံနိုင်ငံရေးသမားများလည်း မြန်မာ့နိုင်ငံရေးကို ချယ်လှယ်လွှမ်းမိုး ထားနေသည်ကိုသတိချပ်ရပါလိမ့်မည်၊ အဲဒီ ချောလဲရောထိုင် ငါးပွက်ရာ င စာ ချပြီး နိုင်ငံရေးလုပ်စားနေသူများဟာ ကိုယ်ပိုင်အစွမ်းအစ ရှိပင်ငြားလည်း သံယောင်လိုက်နိုင်ငံရေးကို ယနေ့တိုင် မြိန်ရည် ယှက်ရည် ရှက်ကြောဖြတ်ပြီး လုပ်ကိုင်နေဆဲ လုပ်ကိုင်နေမြဲပါပဲ။
သူတို့တတွေဟာနှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေးစားကွက်ကို လုယူထားပြီး နေရာကောင်းတွေကိုလည်း ရယူပိုင်ဆိုင်ထားကြပါတယ်။ ဘယ်သူတွေဘာပြောပြော ဘယ်သူတွေဘယ်လောက် ရှုတ်ချရှုတ်ချ သူတို့ကတော့ ဘီယာလေးတမြမြနဲ့ လေကလေးချွန်ပြီ ဘိုနေမြဲ ကြားနေမြဲပါပဲ။ ကျနော်တို့မှာ ဘုံရန်သူတစ်၊ ဘုံရန်သူနှစ်ဆိုတာရှိပါတယ်။ ဘုံရန်သူတစ်က(နအဖ) (သို့) နောင်ဖြစ်ပေါ်လာတံ့ ရုပ်သေးအစိုးရ၊ ဘုံရန်သူနှစ်ကတော့ ချောလဲရောထိုင် ငါးပွက်ရာ င စာချတဲ့ နိုင်ငံရေးလုပ်စားနေသည့် ခေါင်းဆောင်များနဲ့ အခွင့်ထူးစံနိုင်ငံရေးသမားများဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ ဘုံရန်သူတစ်ဖြစ်တဲ့ စစ်အုပ်စုကိုပဲ ဦးစားပေးပြီး တိုက်ပွဲဝင်နေလို့မရတော့ပါဘူး။ အနီးကပ်ဆုံးဖြစ်တဲ့ ဘုံရန်သူ နံပါတ်နှစ်ကို အရင်ဦးစားပေး တိုက်ပွဲဝင်ကြရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနီးကပ်ဆုံးရန်သူဟာ အကြောက်ရဆုံးဖြစ်သလို ကျနော်တို့တတွေ လုပ်နေတဲ့ နိုင်ငံရေးပြေးလမ်းကြောင်းကိုလည်း ပိတ်ဆို့ပြီထိုင်နေလို့ပါပဲ၊ နေရာကောင်းတွေယူ၊ အမ်ဂျီအိုနဲ့ နိုင်ငံတကာအစိုးရ၊ အခြားအဖွဲ့အစည်းများမှာ ငွေလျှောက်တောင်း ငွေထုပ်ကြီးပိုက်ပြီးတော့ စစ်အစိုးရလုပ်တဲ့ နိုင်ငံရေးနောက် သံယောင်လိုက်ပြီး စတိတ်မန့်ထုတ် ဒို့အရေးလုပ်နဲ့ ၈၈ တော်လှန်ရေးကြီး အကျိုးပေးပုံဟာ မယုံကြည်နိုင်လောက်အောင် ငါတို့အတွက် တော် တော့ကိုအကျိုးပြုတယ်ဆိုပြီ နဖူးပေါ်လက်တင်ကာ အိပ့်ယာထက်မှာ စမြှုပ်ပြန်နေကြမယ်ဆိုတာကျိန်း သေတယ်။ အဲဒီလူတွေရဲ့စနက်ကြောင့် တော်လှန်ရေးကြီးအဓွန့်ရှည်ပြီး ဒီမိုကရေစီပန်းတိုင် အလှမ်းဝေးနေဦးနေမှာ မလွဲဧကန်ပါပဲ၊ တော်လှန်ရေးကြီးပြီးဆုံးမှာတို့ ဒီမိုကရေစီရရှိမှာတို့ ကိုတွေးတွေးပြီးကြောက်နေတဲ့ လူတွေအထဲမှာ ဒီလူတွေထိပ်ဆုံးကပါ နေမယ်ဆိုတာမြေကြီး လက်ခတ်မလွဲဆိုတာ တင်ပြရေးသားလိုပါသည်။

မှတ်ချက်။ ။ဒီလူတွေဟာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ထိပ်ပိုင်းနေရာတွေနဲ့ အဓိက ကျတဲ့နေရာတော်တော်များများ မှာယူထားပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ဟုတ်တိ ပတ်တိ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်၊ တော်လှန်ရေးလုပ်ဆောင်ချက် ဘာတခုမှ မယ်မယ် ရရ မရှိခဲ့ပါ။ ကြုံဒိုး လမ်းစဉ်နဲ့ ချောလဲ ရောထိုင် ငါးပွက်ရာ င စာချတဲ့ နိုင်ငံရေး၊ တော်လှန်ရေးလုပ်စားနေသူများသာဖြစ်ကြောင်း...တကယ်အန္တာရာယ်ကို ကျနော်တို့အားလုံးစုပေါင်း တွန်းလှန်ကာကွယ်ကြပါ....စို့။

အမေ့သား ( ဒိန်းမတ် )

အဆုံးထိဖတ်ရန်...

Tuesday, October 5, 2010

တနိုင်ငံလုံး အထွေထွေ သပိတ်ကော်မီတီဖွဲ့ စည်းရေး ကြေညာခြင်း

တနိုင်ငံလုံး အထွေထွေ သပိတ်ကော်မီတီဖွဲ့ စည်းရေး ကြေညာခြင်း

( ၁ ) နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လူထုတိုက်ပွဲသဏ္ဍန်ဖြင့် တားဆီးပိတ်ပင်ရန် ယခုအချိန်တွင် လုံလောက်စွာရရှိထားပြီးဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် တနိုင်ငံလုံးသို့  မဲမပေးရေး သပိတ်မှောက်စည်းရုံး ရေးခရီးမှာ အထူးအောင်မြင်သောခရီးစဉ်များဖြစ်ပါသည်။ တချိန်တည်းမှာ ၂၀၁၀ လူထုလှုပ်ရှားမှူကော်မီတီမှ တပ်လှန့် သံများသည်လည်း နေရာအနှံ့ ထွက်ပေါ်နေပါသည်။ ၄င်းရလဒ်များကို အခြေခံကာ တနိုင်ငံလုံးလှုပ်ရှားနိုင်ရေးကို တိတိကျကျ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မူများ ပြုလုပ်ဆောင်ရွက်ရေး လိုလာပါသည်။

( ၂ ) ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်နိုင်ရန် စီမံခန့် ခွဲခြင်းဖြင့် စစ်အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ရေးသည် အန္တိမရည်မှန်းချက်ဖြစ်ပါသည်။ ထို့ ကြောင့် ဘံရန်သူစစ်အစိုးရကို သေချာတိုက်ကွက်ဆင်နိုင်ရေးအတွက် နည်းဗျူဟာများကို ချမှတ်ရပါတော့မည်။ သို့ ဖြစ်ပါ၍ လူထုလှုပ်ရှားမူကော်မီတီမှ တနိုင်ငံလုံးအထွေထွေသပိတ်မှောက်ကော်မီတီ ဖွဲ့စည်းရန်လိုအပ်လာပါပြီ။ ဤသည်မှာ ၁၉၈၈ ခုနှစ် မဆလအစိုးရအား တနိုင်ငံလုံးအထွေထွေသပိတ် ခေါ်ယူနိုင်ရန်အတွက် အထွေထွေသပိတ်ကော်မီတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဆိုသောသာဓကကို သင်ခဏ်းစာယူရန် အသိပေးအပ်ခြင်းဖြစ်ပါသည်။

( ၃ ) တနိုင်ငံလုံးသပိတ်ကော်မီတီကို ဖွဲ့စည်းရေးသည် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးပိတ်ပင်ရန် တခုတည်းကို ရည်ရွယ်ခြင်းအလျဉ်းမဟုတ်။ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဆင့်ဆင့်နိုင်ငံရေးဗျူဟာများကို ဖေါ်ဆောင်ပေးရန်အထိ ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါသည်။ လုပ်ငန်းစဉ်များအား ချမှတ်ရာ၌ ပြည်နယ်တခုချင်းအလိုက် ကွဲပြားခြားနားနေမူများ ရှိနေမည်ဖြစ်သော်လည်း ယေဘူယျအနှစ်သာရအားဖြင့် ဘု့ရန်သူတိုက်ဖျက်ရေးစီမံကိန်းမှာ ထပ်တူထပ်မျှ ဖြစ်နေမည်ဖြစ်ပါသည်။

( ၄ ) အထွေထွေသပိတ်ကော်မီတီ ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် အောက်ပါလုပ်ငန်စဉ်များကို အဆင့်ဆင့်အကောင်အထည်ဖေါ်ဆောင်ရွက်ရန် စီမံချက်နည်းဗျူဟာများ ရေးဆွဲထားပါသည်။
( က ) ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား မည်သည့် အောက်တိုဘာလ ( -------------------------- ) နေ့ ကို နောက်ဆုံးထား၍ လွှတ်ပေးရန်။
( ခ ) ယင်းနေ့ ကို မလွှတ်ပေးပါက တနိုင်ငံလုံးကို အထွေထွေသပိတ်ကော်မီတီမှ အထွေထွေသပိတ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ရက်သတ်မှတ်ပေးပြီး ကြေညာချက်ထုတ်ပြန်ရန်။
( ဂ ) အထွေထွေသပိတ်ကော်မီတီမှ ( ရ ) ရက်အတွင်း တနိုင်ငံလုံးတွင် လှုပ်ရှားမူများရှိလာပြီးနောက် ပြည်သူတို့ ၏အသက်စည်းစိမ်အိုးအိမ်ကို ကာကွယ်စောင့်ရှေက်ရန်အတွက် ကုလငြိမ်းချမ်းရေးတပ်ကို အကူအညီတောင်းခံရန် ၊
( ဃ ) တနိုင်ငံလုံ၏ အထွေထွေသပိတ်သည် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ဦးတည်မည့်အတွက် ပြည်သူတရပ်လုံးမှ ၀ိုင်းဝန်းးပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် ။
( င ) ကြားဖြတ်အစိုးရဖွဲ့စည်းရေး၌ ပါဝင်မည့် သူများမှာ အထွေထွေသပိတ်ပြုလုပ်နေချိန်အတွင်း ပြည်သူများကို ဦးဆောင်မူကောင်းကောင်းဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆောင်ရွက်သူများဖြစ်လာစေရန် အထွေထွေသပိတ်ကော်မီတီမှ ဆောင်ရွက်ရေး။
( စ ) နိုင်ငံတကာများသို့  ထိရောက်သောအကူအညီများတောင်းခံရေး။

အထက်ပါအထွေထွေသပိတ်ကော်မီတီကို ဖွဲ့စည်းရေးအတွက် ယခုအချိန်မှာ အထူးအရေးကြီးနေပြီဖြစ်ပါ၍ မိမိတို့ ၏အဖွဲ့အစည်းများအတွင်း ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖေါ်ဆောင်ကြပါစို့ ။

ခိုင်အောင်ကျော် ( နယူးယောက် )

စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်

အဆုံးထိဖတ်ရန်...

Wednesday, September 1, 2010

စာကိုချေပ လူကိုကျေမှ . . .

ရှေ့ဆောင်းပါး “ငါးငသလောက်ပမာ ကြောက်စရာအရိုးများနဲ့ အိုဘယ့်မီဒီယာ” ရဲ့ အဆက်လို့ဆိုတော့ သတင်းလိုရေးမယ်ဆိုရင် ငါးရိုးတချောင်း စူးမျက်ခြင်းလို့ ခေါင်းစဉ်တပ်ရ မယ်ထင်တယ်။

ကျွန်တော့်ရဲ့ မီဒီယာတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်ရေးဆောင်းပါးကို တုံ့ပြန်မှု အများအပြားရရှိခဲ့ပါတယ်။ အဲဒီထဲမှာ သတင်းသမားတချို့လည်း ပါဝင်ပါတယ်။ တချို့ကတော့ သူတို့သတင်းဌာနတွေအတွင်းက အထက်အောက်ပညာပြဗိုလ်ကျမှု၊ မတရားမှုနဲ့ စာရိတ္တပိုင်းဆိုင်ရာ ဖောက်ပြားမှုတချို့ကိုပါ ဖွင့်ဟလာကြပါတယ်။

သတင်းသမားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကျနော့်မိတ်ဆွေ ဦးမောင်မောင်မြင့်ကတော့ စာရှည်ရေးပြီး တုံ့ပြန်လာပါတယ်။ သူ့စာရဲ့ အချုပ်ကတော့ ကျနော့်ဆောင်းပါးကို ငြင်းချက်ထုတ်ထားတာပါပဲ။ ကျနော့်အမြင်မှာတော့ သူ့စာပါအချက်တွေဟာ အကျကောက်ဝေဖန်ရေးလို့ပဲ မြင်ပါတယ်။ တုံ့ပြန်စရာမလိုဘူးလို့ ဆုံးဖြတ်ပါတယ်။ ကိုမောင်မောင်မြင့်ကိုလဲ ဒီလိုပဲ စာရေးအကြောင်း ပြန်ခဲ့ပါတယ်။ ဒီကိစ္စ ပြီးပြီလို့ပဲ စိတ်မှတ်ထားလိုက်ပါတယ်။

သို့သော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်ပြောစရာအကြောင်းက ပေါ်လာပြန်တယ်။ အကြောင်းကတော့ RFA ရဲ့ (၂၅၊ ၈၊ ၂၀၁၀) ရက် (၁၉:၀၀) နာရီ ထုတ်လွှင့်ချက်မှာ ကိုမောင်မောင်မြင့်နဲ့ တစ်ကိုယ်တော်အင်တာဗျူးပြီး ကျနော့်ဆောင်းပါးပါ အချက်အလက်တွေကို အမည်မဖေါ်ပြပဲ ထုချေသွားပါတယ်။ တကိုယ်တော်ဗျူးပြီး တဖက်သတ် ပြောသွားတာက ပြဿနာ မဟုတ်ပါ။ သို့သော် ထုတ်လွှင့်မှုတွေထဲက အချက်တချို့ကတော့ တုံ့ပြန်ချေလှယ်ဖို့ လိုအပ်လာ ပါတယ်။ အင်တာဗျူးပါ အဓိကချေလှယ်ဆွေးနွေးချင်တဲ့ အချက် သုံးချက်ကတော့ (၁) မီဒီယာကို တပါတီလက်ကိုင်တုတ်ဖြစ်ဖို့ ပြောတယ်ဆိုတဲ့အချက်နဲ့ ကြားနေမယ်ဆိုတဲ့အချက်။ (၂) ဝါဒဖြန့်ချီရေး ဝေါဟာရနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ သဘောထားအမြင်နဲ့ တင်ပြချက်။ (၃) ဖောက်ပြန်မှားယွင်းမှုကို ချီးမွှမ်းသွားတဲ့ အချက်တွေဖြစ်ပါတယ်။

ကိုမောင်မောင်မြင့် အင်တာဗျူး ပထမပိုင်းမှာ မေးတဲ့သူက ပြည်ပဒီမိုကရေစီလှုပ်ရှားသူတွေက သူတို့ရဲ့လှုပ်ရှားမှု၊ သူတို့ရဲ့အသံကို မီဒီယာတွေက ထုတ်လွှင့်မှု နည်းပါးလာတယ်လို့ စွပ်စွဲနေတယ်။ အဲဒါ ဘယ်လိုလဲလို့ ပင့်ထောင်မေးခွန်းထုတ်လိုက်ပါတယ်။ ဒီတော့မှ ဖြေကြားသူက ပြည်ပလှုပ်ရှားသူ တွေက မီဒီယာတွေကို “ သူတို့ရဲ့ အာဘော်တခုအနေနဲ့ ရပ်တည်စေချင်ပါတယ်။” လို့ ပြောသွား ပါတယ်။ “ဒီလို ပါတီတခုရဲ့ လက်ကိုင်တုတ်အနေနဲ့ မဖြစ်နိုင်ဘူး” လို့ ဆက်ပြောသွားပါတယ်။ ဒါဟာ ကျနော့်ဆောင်းပါးပါ အချက်အလက်တွေနဲ့ကော ရည်ရွယ်ချက်နဲ့ပါ လုံးဝကွဲလွဲပါတယ်။ တလွဲအဓိပ္ပါယ် ကောက်ပြီး တဖက်သတ် ထုချေထားတာဖြစ်ပါတယ်။ လူအများအကြား ဖြစ်ပေါ်နေတဲ့ မီဒီယာတွေ အပေါ် မေးခွန်းထုတ်စရာအမြင်တွေကို လမ်းလွှဲဖို့ ကြိုးစားတဲ့ မေးဖြေတွေပဲ ဖြစ်ပါတယ်။

ကျနော့်ဆောင်းပါးအချုပ်က သတင်းမီဒီယာသမားတွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကာလကလို အဖိနှိပ်ခံ လူထုဖက်က ရပ်တည်ဖို့ တိုက်တွန်းထားတာသာ ဖြစ်ပါတယ်။ ကျနော့် ဆောင်းပါးအဆုံးမှာ ဒါကို အတိအလင်းရေးထားပါတယ်။ ပါတီတခုရဲ့ လက်ကိုင်တုတ်ဖြစ်ရမယ်လို့ အဓိပ္ပါယ်သက်ရောက်စေတဲ့အချက် တစိုးတစိမပါဘူးလို့ အာမခံနိုင်ပါတယ်။ ဒီကြားကမှ ဒီလိုအဓိပ္ပါယ် မျိုးလို့ အနက်ဖွင့် မေးဖြေသွားကြတဲ့ သတင်းသမားနှစ်ဦးရဲ့ အတွေးအမြင်နဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ရှင်းပါတယ်။ ကိုမောင်မောင်မြင့်စာပါ ကျနော့်ရဲ့ ပြောရေးဆိုခွင့်အတွက် အသက်ပေး ကာကွယ်မယ်ဆိုတာ ဘယ်လိုဖြစ်သွားရတာလဲ။

ကြားနေချင်ပါတယ်လို့ ဆိုနေကြတဲ့ သတင်းသမားတချို့ကို မေးခွန်းတခု တင်ချင်ပါတယ်။ လူနဲ့လူချင်းကြားက ပြဿနာ၊ အမှားအမှန် ဆုံးဖြတ်ရွေးချယ်ရမယ့် ပဋိပက္ခတွေမှာ သတင်းသမား တွေဟာ ဘယ်လောက်များ ကြားကျအောင် နေနိုင်ပါသလဲ။ ဘယ်လို ကြားကျအောင် နေကြမလဲ။ ဘယ်လို သီလ၊ သမာဓိတွေနဲ့ ကြားကျအောင် ရွေးချယ်မလဲ။

လူဆိုတာ သူ့ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အချက်အလက်တွေကို မြင်ကြားသိမှတ်ပြီး နှစ်သက်ခြင်း မနှစ်သက်ခြင်း၊ မှန်ခြင်း မှားခြင်း၊ ကောင်းခြင်း မကောင်းခြင်းကို ဝေဖန်ခွဲခြားသတ်မှတ်ပြီး သင့်တော်သလို သူ့စိတ်ခြေခံအတိုင်း တုံ့ပြန်တတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ သူရဲ့ ဆုံးဖြတ်သတ်မှတ်ပြီး တုံ့ပြန်ချက်တွေရဲ့ အမှားအမှန်နဲ့ ဘက်ရွေးချယ်မှုဟာ သူ့ရဲ့ ပညာ၊ သီလ၊ သမာဓိနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ကိုယ့်ဆန္ဒကို ထိန်းချုပ်ပြီး အမှားအမှန်၊ အဆိုးအကောင်း ခွဲခြားသတ်မှတ်မှုကို ရှောင်ကျဉ်ခြင်း (သို့) ကြားနေခြင်းဆိုတာ ဥပေက္ခာတရားကို လက်ကိုင်ပြုခြင်း လို့ယူကောက်နိုင်ပါတယ်။ ကျနော်သိသလောက် ဗုဒ္ဓတရားအလိုအရတော့ ဥပေက္ခာတရားကို လက်ကိုင်ပြုနိုင်တယ်ဆိုတာ ဘုရား ရဟန္တာများရဲ့အရာ၊ သီလ၊ သမာဓိနဲ့ ပညာအားကြီး သူတွေရဲ့အရာလို့ ဆိုပါတယ်။ ဒီနေ့ သတင်းမီဒီယာသမားများဟာ သာမန်ပုထုဇဉ် လူသားတွေသာ ဖြစ်ပါတယ်။ ကလျာဏဖြစ်သလား၊ အန္ဓဖြစ်သလား ခွဲချင်ရင် ဆက်ခွဲကြည့် နိုင်ပါတယ်။ ပုထုဇဉ်သာဖြစ်တဲ့ သတင်းသမားတွေလည်း သူလိုကိုယ်လို ပတ်ဝန်းကျင်က အဖြစ်အပျက်တွေအပေါ် အကောင်းအဆိုး၊ အမှန်အမှား၊ ကြိုက်ခြင်း မကြိုက်ခြင်းစတဲ့ ခွဲခြားတုံ့ပြန်ခြင်း ဆန္ဒစွဲတွေနဲ့ မလွတ်ကင်းနိုင်ပါဘူး။

သတင်းသမားတွေ ဆန္ဒစွဲနဲ့ မကင်းနိုင်တာကို သာဓကပြပါဦးမယ်။ ကျနော်တို့ ABSL အနေနဲ့ ဗမာပြည် ဒီမိုကရေစီထွန်းကားရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေကို တတ်စွမ်းသလောက်နဲ့ လုပ်ခဲ့ကြတယ်၊ လုပ်နေကြတယ်။ ပြည်ပသတင်းမီဒီယာတွေမှာ ပါတဲ့အခါ ပါတယ်၊ မပါတဲ့အခါ မပါဘူး။ တခါတလေ ပါပြန်ရင်လည်း ပုံပျက်ပန်းပျက်နဲ့ ပါလာတတ်တယ်။ အခု RFA သတင်းထောက်ဖြစ်နေတဲ့ ကိုညိုဆိုရင် ကျနော်တို့ လှုပ်ရှားမှုတခုပြီးတိုင်း သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဒါမတရားဘူး၊ ဒါဘက်လိုက်တာ၊ ဒါစော်ကားတာ စသည်ဖြင့် ခံစားဒေါသပေါက်ကွဲတာ မကြာခဏပဲ။ ကျနော်ကိုယ်တိုင်လည်း ခံပြင်းပေမဲ့ သူ့ကို ဒါတွေကို ဂရုမစိုက်ဖို့၊ ကျနော်တို့ လှုပ်ရှားဆောင်ရွက်တဲ့ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ ဆန္ဒဖေါ်ထုတ်ဖို့ဖြစ်တယ်။ အိန္ဒိယနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကြားမှာ ကျနော်တို့ တိုင်းပြည်အခြေအနေကို သိအောင် ဖော်ထုတ်ဖို့ဖြစ်တယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြခံရတာဟာ အစွန်းထွက် အကျိုးရလာဒ်သာဖြစ်တယ်လို့ ဖျောင်းဖျ ခဲ့ပါတယ်။

စိတ်ထိခိုက် နာကျင်ခံစားရလွန်းလို့ မမေ့နိုင်တဲ့ သတင်းသမားရဲ့ ဆန္ဒစွဲနဲ့ ကျနော်တို့အပေါ် ပြုခဲ့တဲ့ စော်ကားမှုတခုကို ရင်ဖွင့်ချင်ပါသေးတယ်။ ၂၀၀၇ သံဃာ့အရေးခင်းအပြီးမှာ ABSL က ဗုဒ္ဓဂါယာမှာ တပတ်ကြာ ထိုင်သပိတ်လုပ်ခဲ့ပါတယ်။ အိန္ဒိယ၊ ယိုးဒယား၊ သီရိလင်္ကာ၊ တိဗက်၊ ဂျပန်၊ ကိုးရီးယား၊ ကမ္ဘောဒီယားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘုန်းကြီးတွေ ပါဝင်ခဲ့ကြပါတယ်။ တချို့ရက်တွေမှာ ငါးဆယ်လောက်၊ တချို့ရက်တွေမှာ တစ်ရာလောက် ပါဝင်ခဲ့ကြတယ်။ အဲဒီသတင်းကို အိန္ဒိယမှာ ဌာနခွဲရော၊ သတင်းထောက်တွေရော ရှိနေတဲ့ DVB က “ ဗုဒ္ဓဂါယာမှာ လူသုံးဆယ်ခန့် လူတစုက ထိုင်သပိတ်လုပ်နေတယ်” လို့ လုပ်ချသွားပါတယ်။ အဲဒီ့သတင်းပိုဒ်ကလေးကို ဖတ်ပြီး ကျနော့်ခေါင်းထဲ ဖျတ်ကနဲ ဝင်လာတာကတော့ မဆလက ကျနော့်တို့ကို အပုပ်ချခဲ့တဲ့ စကားလုံးတခုပါ။ ရှစ်လေးလုံးမတိုင်ခင် ကျနော်တို့ ရွှေတိဂုံဘုရားပေါ်မှာ ဆန္ဒပြပွဲ၊ တရားပွဲတွေကို လုပ်ကြတယ်။ မဆလရေဒီယိုကနေ ကျနော်တို့ကို ကျောင်းသားဆိုးတစုက အလှူခံပုံးတွေ ဖောက်တယ်လို့ လိမ်ညာအပုပ်ချခဲ့တယ်။ အသုံးအနှုန်းက DVB နဲ့ မဆလ ရေဒီယိုနဲ့ ကွက်တိအံကျ တူနေတယ်။ လူတစုလို့ သုံးနှုန်းတယ်ဆိုတာ ချိုးနှိမ်လိုတဲ့ ကဲ့ရဲ့လိုတဲ့ သဘောဆောင်တယ်ဆိုတာ သတင်းသမား တွေ မသိလေရော့သလား။ စိတ်ထဲမှာ အတော်ထိခိုက်မိပြီး လုပ်ရဲလိုက်ကြတာ၊ လုပ်ရက်လိုက် ကြတာလို့ပဲ အောက်မေ့ပါတယ်။ ကျနော်တို့ ဘာပြဿနာမှ မလုပ်ခဲ့ပါ။ အဲဒီသတင်းဌာနရဲ့ မူဝါဒသဘောထား မဟုတ်ဘူးလို့ပဲ မှတ်ယူခဲ့ပါတယ်။ ကာယကံရှင် သတင်းသမားရဲ့ ဆန္ဒစွဲ အမှားလို့ပဲ ဖြေသိမ့်ခဲ့ပါတယ်။

ကျနော့်တဦးချင်းအမြင်ပြောရရင် ဘက်လိုက်မှုကင်းတဲ့ သတင်းမီဒီယာဌာနရယ်လို့ မရှိပါ။ ဒီနေ့ ကမ္ဘာ့သတင်းလောကကြီးရဲ့ ဦးဆောင်ဌာနတွေဖြစ်တဲ့ BBC၊ CNN၊ AP၊ AFP စတဲ့ ဌာနကြီးတွေက ပြောနေတဲ့ ဘက်လိုက်မှု ကင်းရှင်းရမယ်ဆိုတာဟာ စကားအရာ (Rhetoric) သာဖြစ်ပါတယ်။ ဘက်လိုက်တယ်၊ မလိုက်ဘူး၊ ဘယ်ဘက်လိုက်မယ်ဆိုတာဟာ ပြဿနာ အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ သူတို့အကျိုးစီးပွား အတိမ်အနက်ပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်ပါတယ်။ ကွဲပြားတတ်ပါတယ်။ အီရတ်ပြဿနာနဲ့ ပတ်သက်ပြီး ကမ္ဘာ့သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့ကြတယ်။ အမေရိကန်တွေ အီရတ်ကိုသိမ်းပြီး စစ်တိုက်ရတဲ့ သူတို့အကြောင်းပြချက် ဖြစ်တဲ့ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်ကြီးများ ရှိတယ်ဆိုတာ သက်သေရှာမရတဲ့အခါ သတင်းဌာနကြီးတွေ ဘက်လိုက်ခဲ့တာ “ဗူး” ပေါ်သလို ပေါ်သွားခဲ့တယ်။ တချို့ BBC ဝန်ထမ်းတွေ နှုတ်ထွက်သွားခဲ့ကြတယ်။ ဒါရိုက်တာကိုယ်တိုင်ကလည်း ဘက်လိုက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အယ်ဂျာဇီးဒါး (Aljazeera) သတင်းဌာန ပေါ်ပေါက်လာတာ၊ ကမ္ဘာ့သတင်းမီဒီယာလောကမှာ အလျင်အမြန် နေရာရလာတာဟာ အရှေ့အလယ်ပိုင်း ပြဿနာတွေနဲ့ ပတ်သက်ပြီး အထက်က သတင်းဌာနကြီးတွေရဲ့ ဘက်လိုက်မှု အကျိုးရလာဒ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ သတင်းသမား ဆိုတာလည်း ခံစားချက်နဲ့ မကင်းနိုင်ပါဘူး၊ ဆန္ဒစွဲနဲ့ မကင်းနိုင်ပါဘူး။ ဘက်လိုက်မှုကင်းအောင် နေလို့မရနိုင်ပါ။ ဆန္ဒစွဲတွေ၊ ဘက်လိုက်မှုတွေနဲ့ မကင်းနိုင်သည့်အတူ ဘက်လိုက်ရင်တောင် အမှန်တရားဖက်က လိုက်ကြဖို့ အဖိနှိပ်ခံ လူများစုဘက်က လိုက်ကြဘို့ လိုပါတယ်။

ဒုတိယ ချေလည်ဆွေးနွေးချင်တဲ့ အင်တာဗျူးပါ ဒါဝဖြန့်ချီရေးနဲ့ ပတ်သက်တဲ့ အမြင်ဖြစ် ပါတယ်။ သတင်းသမားသမဂ္ဂ ဥက္ကဋ္ဌကိုယ်တိုင်က ဝါဒဖြန့်ချီရေးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ အဓိပ္ပါယ်လို့ ထင်မြင်ယူဆနေတာဟာ အတော်စိတ်မကောင်းစရာပါ။ Not for Nothing ဘာအတွက်မှ မဟုတ်ရင် ဘာမှမဟုတ်ဘူးတဲ့။ ယဉ်ကျေးမှုခေတ် လူတွေမှာ ရည်ရွယ်ချက်မဲ့ စုဖွဲ့လှုပ်ရှားမှုဆိုတာ မရှိပါဘူး။ စက်ရုံ၊ အလုပ်ရုံ၊ ကူးသန်းရောင်းဝယ်ရေးတွေ၊ သတင်းမီဒီယာတွေ၊ စာနယ်ဇင်းတွေ လုပ်ကြတယ်။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လုပ်ကြတာပါ။ အခြေခံမူဝါဒတွေလည်း ကိုယ်စီရှိတတ်ပါတယ်။ အဲဒီလို ဦးတည်ချက်တွေ ပေါက်မြောက်ဖို့အတွက် အဲဒီအခြေခံမူတွေ အတွေးအမြင်ဝါဒတွေ လူအများ ကြားမှာ ပြန့်ပွားဖို့ လိုအပ်ပါတယ်။ ဒီလိုပြန့်ပွားဖို့အတွက် လူထုဆက်သွယ်ရေးယန္တရားတွေဖြစ်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သတင်း၊ စာနယ်ဇင်းများကို အသုံးချဆောင်ရွက်ကြတယ်။ ဒါလူမှုရေးလောကထဲက ဝါဒဖြန့်ချီရေးဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ သတင်းကောင်း (Gospel) တို့ ဧဝံဂေလိ (Evangel) တို့ဆိုတာ ခရစ်တော်ရဲ့ လူလူချင်းမေတ္တာထားရေး တရားတွေပြန့်ပွားဖို့ ဝါဒဖြန့်ချီတာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ကလည်း သူ့ရဲ့ပထမဆုံးရဟန်းတွေကစလို့ သံဃာတော်တွေကို သစ္စာလေးပါးတရားပြန့်ပွားဖို့ တလမ်းကို တပါးစီသာ ကြွချီဟောကြားဖြန့်ချီဖို့ ညွန်ကြားခဲ့ပါတယ်။ ဒါတွေဟာ ဘာသာရေးထဲက ဝါဒဖြန့်ချီရေးပဲဖြစ်ပါတယ်။

ဒါကြောင့် ဝါဒဖြန့်ချီရေးဆိုတဲ့ ဝေါဟာရဟာ ဖက်ဆစ်အာဏာရှင်တွေ သုံးစွဲခဲ့လို့ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရလို လူထုအကြား ရေပန်းမစားတော့ပေမယ့် အနှစ်သာရအားဖြင့် ကောင်းတဲ့သဘောဖြစ်ပါတယ်။ အလိမ်အညာများနဲ့ မကောင်းတဲ့ ဒုစရိုက်ကိုသာ ပြန့်ပွားစေရင် အကုသိုလ်မကောင်းမှုဖြစ်သလို ကောင်းတဲ့ သုစရိုက်တရား သမ္မာတရားတွေကို ဖြောင့်မတ်မှန်ကန် ဟောပြောပို့ချ ပြန့်ပွားစေမယ်ဆိုရင် ကုသိုလ်ဖြစ်တဲ့ ကောင်းတဲ့ ဝါဒဖြန့်ချီရေးပဲ ဖြစ်ပါတယ်။

နေ့စဉ် ရိုက်နှက်ခံနေရတဲ့ မောင်ဖြူ့အကြောင်းကို ဒီနေ့မောင်ဖြူရိုက်ခံရတယ်။ ဘယ်သူက ရိုက်တယ်၊ ဘယ်နှစ်ချက်ရိုက်တယ်၊ တုတ်ကကြီးတယ် သေးတယ်ဆိုတဲ့ အချက်အလက်လောက် ပေးရုံနဲ့ သတင်းသမားရဲ့ တာဝန်ကုန်ပြီလို့ မဆိုနိုင်ပါဘူး။ ဒီလောက်ကတော့ ပွဲရုံ၊ တာလီစာရေး အဆင့်ပဲ ရှိပါတယ်။ အရိုက်ခံရတဲ့ အကြောင်းအရင်းတွေ အရိုက်ခံရတဲ့ ဘေးက လွတ်ကြောင်း နည်းနာတွေ၊ သင်္ခန်းစာတွေပါ လူထုအကြား ပြန့်ပွားစေနိုင်မှ သတင်းသမားတာဝန် ပြည့်စုံပါတယ်။ ဒါကြောင့် သတင်းစာနယ်ဇင်းသမားတွေမှာ ဝါဒဖြန့်ချီရေး တာဝန်လည်း ရှိပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်းသတင်းသမားတွေ လူထုအကျိုးပြု စာပေသမားတွေကို ကိုယ့်ဦးစွန်းဖုတ်ကို မီးရှို့ပြီး လောကကို အလင်းရောင်ပေးနေတဲ့ ဖယောင်းတိုင်လို လူစားတွေလို့ ထောပနာပြုကြတယ်။ သတင်းစာနယ်ဇင်းသမားတွေ ရွေးချယ်ရမှာက ဘယ်သူတွေကို ကိုယ်စားပြုမလဲ၊ ဘယ်တရားကို ကိုယ်စားပြုမလဲ ဆိုတာပဲဖြစ်ပါတယ်။ ဒီနေ့ မျိုးချစ် စာနယ်ဇင်းသမားတွေရဲ့ တာဝန်ကတော့ အမျိုးသားလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး အသိပညာတွေ ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။

တတိယအချက် ဆွေးနွေးချင်တာက DVB ရဲ့ ဖောက်ပြန်မှားယွင်းမှုကို အားပေးထောက်ခံ သွားခြင်းဖြစ်ပါတယ်။ ကိုမောင်မောင်မြင့်က DVB ရဲ့ သတင်းထုတ်လွှင့်မှုတွေ တိုးတက်လာတာဟာ NCGUB ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်စွာ ရပ်တည်လာလို့ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ဒါဟာ မှားယွင်းတဲ့ ကောက်ချက်ဖြစ်သလို ဖောက်ပြန်မှားယွင်းမှုကို အားပေးအားမြှောက်ဖြစ်စေတဲ့ စကား ဖြစ်ပါတယ်။ DVB ရဲ့ ထုတ်လွှင့်မူတွေ အဆင့်အတန်း တိုးတက်လာတာဟာ ပြည်တွင်းနဲ့ နယ်ခြား သတင်းသမားတွေ (တကယ်တော့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေပါ) ရဲ့ ဘဝနဲ့ရင်းပြီး စွန့်စားဆောင်ရွက်မှုတွေနဲ့ ဝန်ထမ်းတွေရဲ့ အတွေ့အကြုံမြင့်မားလာတာကြောင့်ပဲ ဖြစ်ပါတယ်။ NCGUB ရဲ့ ဝါဒဖြန့်ချီရေး အသံလွှင့်ဌာန အဖြစ်ကနေ သစ္စာဖောက်ထွက်ပြီး သီးခြားလွတ်လပ်စွာ ဆောင်ရွက်လာလို့ မဟုတ်ပါဘူး။ လူထုက ဒီမိုကရက်တစ်အသံဆိုပြီး ယုံကြည်ထောက်ခံ အားပေး ပြီးသားဖြစ်ပါတယ်။ NCGUB ကလည်း ဘာလုပ်ရမယ်၊ ဘာတွေလွှင့်လို့ နေ့စဉ်ညွှန်ကြား စွက်ဖက်နေတယ်လို့ မကြားမိပါဘူး။ လုပ်ငန်းဆောင်ရွက်နေတဲ့ ပုံစံက ထူးထူးခြားခြားပြောင်းလဲတာ မတွေ့မိပါ။ သတင်းသမား သမဂ္ဂဥက္ကဋ္ဌတယောက်အနေနဲ့ ဒီလိုဖောက်ပြန်မှားယွင်းမှုကို အားပေး အားမြှောက်ဖြစ်စေတဲ့ စကားမျိုးကို မပြောသင့်ပါ။ သစ္စာမတည်တဲ့ အိမ်ထောင်ရှင်တယောက်ရဲ့ ဖောက်ပြားမှုကို စွန်တယ်၊ စွမ်းတယ်လို့ ချီးမွမ်းသလိုပါပဲ။

ကျနော် ငွေတပြားတချပ်မရဘဲ ဒီနေ့ခေတ်အခြေအနေအရ လူမုန်းများ ရန်သူမွေးတဲ့ ဝေဖန်ရေးဆောင်းပါးတွေ ရေးနေတာဟာ မျှော်လင့်ချက် နှစ်ခုနဲ့ ဖြစ်ပါတယ်။ တခုက ကျနော်တို့ တော်လှန်ရေးအတွင်း ပြုပြင်ပြောင်းလဲရေးနဲ့ တခုက နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာ ရရှိစေရေး ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရုပ်သဘောအရ ခိုင်မာသလိုရှိပေမဲ့ စိတ်ဓာတ်ရေးရာအရ (နိုင်ငံရေးအရ) မခိုင်မာဘူးလို့ မြင်ပါတယ်။ သူတို့မှာ ကြောက်စိတ်နဲ့ လက်နက်ကလွဲလို့ ဘာမှမရှိပါဘူး။ နိုင်ငံရေးသမားအမြောက်အများကို ဖမ်းဆီးထားရတာက သာဓကဆောင်ပါတယ်။ ဒီလိုမခိုင်တဲ့ စစ်အုပ်စုကို အနှစ် (၂၀) ကျော်အထိ ကျနော်တို့ အနိုင်မယူနိုင်တာဟာ ကျနော်တို့ရဲ့ ညံ့ဖျင်းချက်ကြောင့်ဖြစ်ပါတယ်။ စုစည်းမှု အားနည်းလို့ဖြစ်ပါတယ်။ စုစည်းမှု အားနည်းစေတာ ဟာလည်း ရော့ရဲတဲ့ ဦးဆောင်မှု ဘုံလုပ်ငန်းစဉ် ကင်းမဲ့မှုတို့ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်။ လက်ရှိ ဦးဆောင်မှု ပုံစံနဲ့ လုပ်ဟန်တွေနဲ့တော့ အောင်ပွဲနဲ့ ကင်းဝေးနေဦးမှာပဲ ဖြစ်တယ်။ တော်လှန်ရေး အတွင်းက ဖောက်ပြန်မှားယွင်းမှုတွေကို အမြန်ဆုံး ရှင်းထုတ်ပြီး တိကျပြတ်သားတဲ့ ဘုံလမ်းစဉ်နဲ့ ခိုင်မာတဲ့ ဦးဆောင်မှုကို လိုအပ်နေပြီဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်အတွက်ကော ကျနော်တို့ အတွက်ပါ အချိန်သိပ်မရှိတော့ပါ။ စစ်အုပ်စုအောက်မှာ ကြာလေ တိုင်းပြည်အလုံးစုံ ပျက်သုဉ်း ရေးအန္တရာယ်နဲ့ နီးလေဖြစ်ပါတယ်။ စစ်အုပ်စုကတော့ သူ့ကိုယ်ကျိုးအာဏာကလွဲရင် တိုင်းပြည်နဲ့ လူမျိုး ဘာတွေဖြစ်နေနေ စိတ်မဝင်စားတော့ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လဲ သဘာဝပေးတဲ့ အသက်အရွယ်က အတော်ရင့်ရော်လာကြပြီ။ ရှစ်ဆယ့်ရှစ် မျိုးဆက်တွေတောင် လေးဆယ်တမ်း ငါးဆယ်တမ်းဆိုတော့ ဗမာပြည်သက်တမ်းနဲ့ တွက်ရင် အချိန်သိပ်မကျန်တော့ပါ။ ဒီတော့ ကျနော်တို့ သက်တမ်းအတွင်း တိုက်ပွဲ ပြီးဆုံးစေလိုရင် ကျနော်တို့ အမှားတွေ အမြန်ပြင်ပြီး အမြန်စုစည်းဖို့ လိုအပ်ပါတယ်။

မိတ်ဆွေတယောက်ကတော့ ကျနော့်မျှော်မှန်းချက် ပြည့်မြောက်ဖို့ ခဲယဉ်းတယ်။ အလကားနေ လူမုန်းမခံဖို့ စေတနာနဲ့ ပြောလာပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်တော့ ဒီမျှော်လင့်ချက် မဖြစ်ခဲ့ ရင်တောင် ကျနော့်ရဲ့ ဝေဖန်စာတွေဟာ နောင်မျိုးဆက်တွေအတွက် သင်္ခန်းစာအဖြစ် အသုံးဝင် နေလိမ့်မယ်လို့ မျှော်လင့်နေပါသေးတယ်။ လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်က (ဆိုပါစို့) အကြိမ်တရာမြောက် စမ်းသပ်မှု မအောင်မမြင် ဖြစ်သွားပြီး သူ့ဆရာကို သတင်းပို့ပါတယ်။ သူ့ဆရာက အေးကောင်းတယ်။ တို့မဖြစ်နိုင်တဲ့ နည်းလမ်းတရာတွေ့ထားပြီဆိုတော့ ဒီနည်းလမ်း တရာကို ဖယ်လိုက်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ပိုနီးစပ်လာပြီ အားပေးပါတယ်။ ကျနော့်ဝေဖန်စာတွေက ကျနော်တို့အမှားတွေ၊ ကျနော်တို့ တွေ့ခဲ့ (လုပ်ခဲ့) တဲ့ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို နောင်မျိုးဆက်တွေအတွက် ရှောင်ရန်သင်္ခန်းစာတွေအဖြစ် အသုံးဝင်နေပါလိမ့်မယ်။ နောင်အောင်ပွဲ ခံမယ့် မျိုးဆက်သစ်တွေအတွက် အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

တိုင်းပြည်ကို ဒီမိုကရေစီထူထောင်မယ်ဆိုရင် ထူထောင်မယ့်သူတွေက အရင် ဒီမိုကရက် ဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်အယူဆတွေ သဟဇာတပြုပြီး အတူတကွ ရပ်တည်လှုပ်ရှားတဲ့ စနစ်ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်စစ်ကြောခြင်းဆိုတာ မတူကွဲပြားမှုတွေ ကြားက အဓိကပေါင်းကူးဆက်သွယ်ရေးဖြစ်ပါတယ်။ ချိန်ခွင်လျှာလည်း ဖြစ်ပါတယ်။ အပြန်အလှန် ဝေဖန်မှုတွေကို ရင့်ကျက်မှု၊ သည်းခံမှု၊ စနစ်တကျတုံ့ပြန်မှုတွေနဲ့ လက်ခံကျင့်သုံးဖို့ လိုပါတယ်။ မှားယွင်းတဲ့ ဝေဖန်မှု သို့မဟုတ် ကွဲလွဲတဲ့ အမြင်အယူအဆတွေကို စာပါ အချက်အလက်တွေအလိုက် အကျိုးသင့်အကြောင်းသင့် မချေလှယ်ပဲ လူကိုမကျေ ချေကိုချေမယ်ဆိုတာမျိုးနဲ့ တုံ့ပြန်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရ ပျက်စီးသွားတတ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ တာဝန်ယူနေသူများ၊ ပါဝင်ပတ်သက်နေသူများဟာ ဝေဖန်ရေးနဲ့ မကင်းနိုင်ပါဘူး။ ဝေဖန်ရေး ဆိုတာကလည်း အများနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ အများအကျိုးကို မျှော်ပြီး ဝေဖန်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို အမည်တပ် ဖော်ထုတ် ဝေဖန်ရတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်အားသာချက် သို့မဟုတ် လုပ်ပိုင်ခွင့် အသုံးချပြီး စာကိုမချေ လူကိုချေမယ်ဆိုရင်တော့ အများအကျိုးလည်း ပျက်စီးသွားမှာဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ရာထူးနေရာ လုပ်ပိုင်ခွင့် အာဏာဆိုတာ အများအကျိုးအတွက် ဆောင်ရွက်ဖို့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အပ်နှင်း ထားတာဖြစ်ပါတယ်။ ဒါကို အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာနေရူးက “ကျနော်ဟာ အိန္ဒိယရဲ့ ပထမဆုံး အစေခံ နံပါတ် (၁) ဖြစ်ပါတယ်။” လို့ သူ့ရဲ့ လွတ်လပ်ရေးမိန့်ခွန်းထဲမှာ ဖွင့်ဟဝန်ခံထားပါတယ်။ ကျနော်တို့ အသွေးအသားတွေထဲမှာ စွဲဝင်နေတဲ့ “ကိုယ်နဲ့မဆိုင်ရင် အသာငြိမ်နေ ဆိုင်လို့မနိုင်ရင် သီးခံ၊ ကိုယ့်ခွင်ထဲဝင် ပိုင်ရင် ဖြဲလိုက်မယ်” ဆိုတဲ့ မဆလ အမူအကျင့်တွေကို မချေချွတ်နိုင်သေးသရွေ့တော့ ကိုယ့်တာဝန် ကိုယ်မကျေနိုင်ဘဲ ဒီမိုကရေစီ အောင်ပွဲဆိုတာလည်း အလှမ်းဝေးကွာနေဦးမှာ ဖြစ်ပါတယ်။ ရခဲ့ရင်လည်း ဗိုလ်ချုပ်အောင်ဆန်း ပြောသလို **** ဒီမိုကရေစီပဲ ဖြစ်နေဦးမှာပါ။

ဒါကြောင့် တကယ်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် ကျနော်တို့ကြားမှာ မှန်ကန်တဲ့ အပြန်အလှန်ဝေဖန်ရေးရှိဖို့လိုပါတယ်။ ဘုရားရှင်ကိုယ်တိုင်က ကိုယ့်အမှားကို ထောက်ပြတဲ့ သူကို မြေတွင်းထဲက ရွှေအိုးကြီးတွေကို ဖော်ပေးတဲ့သူလို ကျေးဇူးတင်လိုက်စမ်းပါလို့ ဟောကြားပြီး ဝေဖန်ရေးကို အားပေးခဲ့ပါတယ်။ ဆရာအစဉ်ဆက်တို့ကလည်း ဝေဖန်ရေးဆိုတာ အကောင်းဆုံး လမ်းပြလို့ ဆိုမိန့်ခဲ့ပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းကို တည်ဆောက်ပြီး အောင်ပွဲရယူဖို့အတွက် အပြန်အလှန် ဝေဖန်စစ်ကြောမှုကို ကျနော်တို့လက်ခံနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ မပြည့်စုံတဲ့ လူတယောက်သာဖြစ်တဲ့ ကျနော့်ရဲ့ ဝေဖန်မှုတွေမှာလည်း အလွန်အကျွံတွေ အလွဲအမှားတွေနဲ့ ကင်းစင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဝေဖန်ခံရသူများကကော စာဖတ်သူများကပါ ဘယ်ဟာ၊ ဘယ်လိုမှားတယ်၊ ဘယ်ဟာ ဘာ့ကြောင့် လက်မခံနိုင်ဘူးလို့ စာကိုချေလည် ဝေဖန်တည့်မတ်ပေးကြဖို့ လိုပါတယ်။ ဒါဆို ကျနော်တို့ အဖြေမှန်ကိုရရှိပြီး စာရေးခြင်း၊ ဖတ်ခြင်း၊ ပြန်လှန်ဝေဖန်ခြင်းများကနေ တော်လှန်ရေးအတွက် တစုံတရာ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒါကြောင့် ဝေဖန်ရေးမှာ စာကိုပဲချေ လူကိုကျေဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း သြဓိဿမေတ္တာ အနောဓိဿ မေတ္တာများနဲ့ စေတနာစကား လက်ဆောင်ပါးလိုက်ပါတယ်။

ရဲဘော်ကျော်သန်း

Kyaw_than2004@...

1.9.2010

အဆုံးထိဖတ်ရန်...

ဝန်ကြီးချုပ်သိန်းစိန် ၀န်ကြီးချုပ်ရာထူးက မနုတ်ထွက်ရင် ကြားဖြတ်အစိုးရဖွဲ့စည်းရမည်

ဒီမိုကရေစီရွေးကောက်ပွဲမှာ မိမိတို့ပါတီမဲအနိုင်ရရှိဖို့ မိမိကိုယ်တိုင်အနိုင်ရရှိဖို့ ပြိုင်ကြရသည်။ စည်းရုံရေးဆင်းတော့လည်း မိမိနှင့်ပြိုင်မည့်ပါတီနှင့် ပြိုင်မည့်သူကို အနိုင်ရရှိအောင် စည်းရုံးဟောပြောရသည်။ သူမည်ကဲ့သို့ချာကြောင်း၊ ညံ့ကြောင်း၊ သူတို့ပါတီကြောင့်တိုင်းပြည် မည်မျှအောက်တန်းကျသွားရကြောင်း ၊ နိုင်ငံတကာအဆင့်မမှီကြောင်း ပြောဆိုရသည်။ ပြီးတော့မိမိကိုယ်ကို မည်မျှတတ်ကြောင်းတော်ကြောင်း စည်းရုံးရေးဆင်းရသည်။ ဟောပြောရသည်။ မိမိတို့ပါတီမည်မျှ ရည်မှန်းချက်ကောင်းကြောင်း ၊အကယ်၍မိမိတို့ပါတီကို မဲပေးခဲ့ပါက မိမိတို့မှာ ပြည်သူတွေအတွက် မိမိတို့ပြည်နယ်ကို မည်မျဖွံ့ဖြိုးသွားအောင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောရန်သာရှိသည်။ ပြည်သူတွေမှာ မည်မျအောက်ကျနောက်ကျနေရကြောင်းနှင့် လူ့အခွင့်အရေးများဆုံးရှုံးနစ်နာနေကြောင်းကို ပြောပြရသည်။ ဤကဲသို့ဟောပြော စည်းရုံးရေးဆင်းပြီးမှ တဘက်ပါတီနှင့် မိမိတို့ပါတီကို ပြည်သူတွေက ရွေးချယ်ပြီး နှိုင်းယှဉ်ပြီးမဲပေးကြပါရန် စည်းရုံးကြရတော့သည်။ မည်သည့်ဆန်ဆီဆားငပိနှင့် ငရုပ်တွေကို ရွေးကောက်ပွဲအတွက် မဲပေးရန်မည်သည့်အခါမှ မကြားဖူးခဲ့။ လာဘ်လာဘများ၊ ငွေကြေးများပေးကြသည့်အခါလည်း မရှိကြ၊ သို့သော်ထိုင်းနိုင်ငံတွင်မူ မဲဆွယ်သည့်အခါ ဆင်းရဲသောပြည်သူများကို ပါတီများက ငွေပေး၍မဲပေးရန်ခိုင်းစေခဲ့သည်ဟု ကြားဖူးသည်။ ယခုမြန်မာနိုင်ငံတွင်ကြံ့ဖွံ့ပါတီက ဆန်ဆီဆားတွေ အ၀တ်အထည်တွေ ဆင်းရဲသားလူတန်းစားတွေကို လိုက်လဲဝေငှပေးနေကြောင်း သိရသည်။ ရှေးအယင်က ပြည်သူတွေကို နှိပ်စက်ချင်သမျှ နှိပ်စက်ပြီး တအိမ်တယောက်ကျကဲ့သို့ ထောင်ထဲရောက်ကုန်ကြသော ပြည်သူတွေမှာ ယခုအချိန်တွင် နအဖကြံ့ဖွံ့ပါတီမှ ပေးနေသောလက်ဆောင်များကို ရရှိနေကြပြီ။ ယင်းလက်ဆောင်မှာ သွေးစွန်းးသောလက်ဆောင်များသာဖြစ်သည်။ စေတနာသန့်သန့်နှင့် ပေးနေသောပစ္စည်းများမဟုတ်။ ပြည်သူတွေကလည်း သိပါသည်။ သို့သော်သူတို့ပေးသမျှ ယူထားလိုက်ရုံပင်။ မည်သို့ပင်ဆိုစေ သူတို့ပေးသောလက်ဆောင်ယူရုံနှင့် ကြံ့ဖွံ့ကိုယ်စားလှယ်တွေကို မဲမပေးဖို့အရေး ပြောဟောနေသည်ကိုတော့ သူတို့မကြားလေသလားမသိ။ အဓိကမှာ ကြံ့ဖွံ့ပါတီနှင့် ပြိုင်ကြမည့်သူများက ပြောဆိုစည်းရုံးဟောပြောရလိမ့်မည်။
ဤနေရာမှာ ကြံ့ဖွံ့ပါတီနှင့် ပြိုင်ရမည့်သူများက သူတို့ပါတီ၏အကြောင်းကို ပြောကြားရတော့မည်မှာ တာဝန်တရပ်ဖြစ်သည်။ သူတို့၏စနစ်ဆိုးကြီးကြောင့် နိုင်ငံဤသို့ဖြစ်နေရသည်ကို အချက်အလက်တွေနှင့် ပြောပြနိုင်စွမ်းရှိရမည်ဖြစ်သည်။ တနည်းအားဖြင့် ပြည်သူတို့မှာ မပြောလျင်လည်း သိပြီးသားမို့ ပါးစပ်ကဖြဲပြရုံသာလိုသည်။ ယင်းမှာစနစ်ဆိုးအကြောင်းကို ပြောရုံသက်သက်ဖြစ်သည်။ တနေ့က ကြံ့ဖွ့ပါတီမှာ သူတို့နှင့် ပြိုင်ဘက်ဟု သဘောမထားဆိုသော ပြောသံကိုကြားလိုက်ရသည်။ အခုတောင်မှ စစ်အစိုးရရုပ်သေးပါတီကို တလုံးတပါဒမျှ မပြောဝံ့မဆိုဝံ့သော ယင်းပါတီကို မည်သူက စဉ်းစားကြပါနည်း။ အရေးကြီးသည်မှာ ၀န်ကြီးချုပ်သိန်းစိန်ပင်ဖြစ်သည်။ နအဖစစ်အုပ်စုမှ
နုတ်ထွက်ပြီးပြီ၊ သို့သော်ယင်းလောက်နှင့် မလုံလောက်သေး။ ၀န်ကြီးချုပ်ဘ၀မှ နုတ်မထွက်ရသေး။ . ကြံ့ဖွံ့ပါတီမှာ ဧပြီလ ၂၉ ရက်နေ့တွင် ကော်မရှင်၌ မှတ်ပုံတင်သည်။ မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ပြုသည်။ ဇွန်လ- ၁- ရက်နေ့တွင် ပါတီမှတ်ပုံတင်သည်။ ဇွန်လ- ၈ - ရက်နေ့၌ ပါတီမှတ်ပုံတင်ခွင့်ရသည်။ ကြံ့ဖွံ့ပါတီမှတ်ပုံတင်အမှတ်မှာ( ၂၃ ) ဖြစ်သည်။ သြဂုတ်လ-၁၈ ရက်နေ့တွင် ပါတီဝင်အင်အားတင်ပြသည်။ သြဂုတ်လ( ၃၀ )ရက်နေ့တွင် ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်အများဆုံး ပါဝင်ယှဉ်ပြိုင်ရန်
ကိုယ်စားလှယ်စာရင်းတင်သည်။ ယင်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတွင် ၀န်ကြီးချုပ်သိန်းစိန်ပါနေသည်။ သို့အတူဦးညဏ်ဝင်းကဲ့သို့ အခြားသောဝန်ကြီးတွေလည်းပါနေသည်။ သူတို့မှာနအဖစစ်အုပ်စု၏ လက်ရှိဝန်ကြီးများဖြစ်သည်။ သည်တော့ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုက ယင်းဝန်ကြီးရာထူးများမှ ထွတ်ပေးရန်လိုသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းရာထူးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ကို မည်သို့မျ ခွင့်လွှတ်စရာအကြောင်းမရှိ။ ဖြစ်လည်းမဖြစ်နိုင်။ ၀န်ကြီးချုပ်ရာထူး၊၀န်ကြီးရာထူးတွေနှင့် သူတို့ရှိနေပြီးပြိုင်နေခြင်းမှာ မည်သို့မျမဟပ်စပ်။ ၂၀၁၀ ရွေးကောက်ပွဲ၏ အရပ်သားအစိုးရတွင် ၀န်ကြီးများရွေးချယ်ရမည့် ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရာထူး၊၀န်ကြီးရာထူးနှင့် ပြိုင်လို့လည်းမရ။ ပြိုင်သည်ထားဦး။ သူတို့ပြိုင်သောနေရာတွင် မဲရှုံးနိမ့်ခြင်းရှိသွားပါက ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့်အရပ်သားအစိုးရတွင် ဦးသိန်းစိန်တို့၊ ဦးညဏ်ဝင်းတို့မှာ ၀န်ကြီးချုပ်လည်းဖြစ်မလာနိုင်။ဝန်ကြီးတွေလည်းဖြစ်မလာနိုင်။ ထို့ကြောင့်ဤအချက်ကို ယခုပြိုင်ကြမည့် ရွေးကောက်ပွဲဝင်မည့်ပါတီများက ချက်ချင်းကန့်ကွက်ပြောဆိုရမည်ဖြစ်သည်။ တချိန်တည်းမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဤအချက်ကိုထောက်ပြရန်လိုသည်။ တနည်းအားဖြင့် ၀န်ကြီးချုပ်သိန်းစိန်ကို ချက်ချင်းရာထူးမှ နုတ်ထွက်ရန်တောင်းဆိုရလိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သြဂုတ်လ-၃၀- နေ့တွင်ကျရောက်သော မလေးရှားနိုင်ငံ၏လွပ်လွပ်ရေးနေ့ကို သ၀ဏ်လွှာပေးပို့သောအခါ ၀န်ကြီးချုပ်ဦးသိန်းစိန်အနေဖြင့် ပေးပို့သည်မှာရွေးကောက်ပွဲကော်မရှင်တခုလုံးကို စော်ကားရာကျနေသည်။ သို့အတူအခြားရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများအားလည်း ဂရုမစိုက်သလိုဖြစ်နေသည်။
သည်တော့ဤအချက်ကို ငြိမ်ခံနေကြရမည်လား။ မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲဝင်မည့်ပါတီများက ဆွံ့အနေ၍ဖြင့် သဘာဝကျမည်မဟုတ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ
ဥပဒေကိုပြန်လည်ပြင်ဆင်ရန် တိုက်ပွဲဝင်ကြမည်ဟုဆိုသော ယင်းပါတီများမှာ ၀န်ကြီးချုပ်သိန်းစိန်ကို ယခုရာထူးမှထွက်ပေးပြီးမှ ရွေးကောက်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း
အတိအလင်းတောင်းဆိုရမည်ဖြစ်သည်။ သို့မဟုတ်က ၀န်ကြီးချုပ်သိန်းစိန်သိက္ခာက မကျဘဲ ရွေးကောက်ပွဲကို ၀င်ရန်အားရပါးရ ပြောဆိုခဲ့ကြသောသူတို့မှာသာ သိက္ခာကျစရာဖြစ်သည်။
ယခုအချိန်တွင် ကော်မရှင်က ကိုယ်စားလှယ်စာရင်းများ လက်ခံပြီးပြီဖြစ်သည်။ထို့ကြောင့်ကော်မရှင်မှာ လည်း ဤကိစ္စကို ချက်ချင်းဆောင်ရွက်ရမည်ဖြစ်သည်။ အရပ်သားအစိုးရတွင် ပါဝင်ရန်ရွေးကောက်ပွဲ့ ၀င်ကြမည့်သူများသည် အစိုရအဖွဲ့ဝင်ရာထူးနှင့် လုံး၀၀င်ပြိုင်၍မရချေ။ ပြသနာတခုမှာစစ်အစိုးရအဖွဲ့ထဲတွင် အမည်မတပ်ရသေးသော အာဏာသိမ်းမှုတခုမှာ မလွှဲမရှောင်သာ ဖြစ်နေသည်။ စီနီယာကျလွန်းမကကျနေသော ဗိုလ်ချုပ်ကြီးများကို တောင်ကျော်ပြီး ဂျူနီယာဗိုလ်ချုပ်များကို ခန့်အပ်လိုက်သောပြသနာမှာ သာမန်အားဖြင့် နေပြည်တော်၌
အာဏာလုပွဲပြသနာဖြစ်နေသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ယခုအချိန်ထိ စစ်ရာထူးမှနုတ်ထွက်ခြင်းမပြုသေးကြောင်း သြဂုတ်လ- ၃၀ ရက်နေ့တွင်ကျရောက်သည့် မလေးရှားနိုင်ငံ လွပ်လွပ်ရေးနေ့သ၀ဏ်လွှာကို ပေးပို့သောအခါ သိသာနိုင်လွန်းသည်။ သို့သော်သူတို့မှာ ကာကွယ်ရေးစစ်ဦးချုပ်အဖြစ် သူရမြင့်မောင်ကို ဗိုလ်ချုပ်မှူးကြီးရာထူးဖြင့် ခန့်အပ်လိုက်ပြီးပြီဆိုသော သတင်းက ထွက်လာနေသည်။ ယင်းမှာဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံရေးကစားကွက်ချည်းမဟုတ်။ ရှုပ်ထွေးလွန်းလှသော သူတို့၏ နောက်ထပ်ပြသနာမှာ စစ်ဘက်ဆိုင်ရာရာထူးများဖြင့် ပြုတ်ထွက်သွားသော ဗိုလ်ချုပ်တွေဖြစ်သည်။ သူတို့မှာဌါနလက်ကိုင်မရှိ၍ အလုပ်လက်မဲ့ဘ၀ဖြင့် ရွေးကောက်ပွဲကို ၀င်ရန်သာရှိနေသည်။ ယင်းကိုလည်းအများစုက မကြေနပ်ကြ။ အဘယ့်ကြောင့်ဆိုသော် အခြားသောဝန်ကြီးများမှာ လစာကောင်းကောင်းရနေပြီး စည်းစိမ်မပျက်ရှိနေသည်ကို သူတို့ ရင်နာနေကြရပြီ။
ကြံ့ဖွံ့ပါတီမှ အထူးအားကိုးအားထားပြုနေသောသူတို့မှာ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။ သူတို့အားဦးသုဝေတို့ နေမျိုးဝေတို့က မဲရောင်းပြီးခေါ်နေခဲ့ကြသည်။သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လူလည်လူပါးများဖြစ်သည်။ မနိုင်သည့်ဖက်က မနေသောလူတွေမို့ ဤပွဲမှာသူတို့ခံလိုက်ရသည်။ တသီးပုဂ္ဂလကိုယ်စားလှယ်တို့မှာ ရွေးကောက်ပွဲအနိုင်ရမည့် ကြ့ဖွံ့တို့၏ ကြောထောက်နောက်ခံအားကို ယူထားသည်။ အကယ်၍သူတို့ကမဲရှုံးသွားလျှင်တောင် ၅ သိန်းကျော် ၆ သိန်းမျသာ ။ နိုင်သွားပြီဆိုလျင်တော့ ကြံ့ဖံွ့ပါတီနှင့် အစိုးရဖွဲ့သည့်အခါ မဟာမိတ်လုပ်သွားမည့် အခွင့်အရေးသမား လှေနံနှစ်ဖက်ရပ်နေမည့် သူတွေဖြစ်သည်။ သူတို့မှာစစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်ရောက်ချင်၍ ၀င်ရခြင်းမဟုတ်ကြောင်း ပြောဆိုထားသည်။ ခိုင်းလို့လုပ်ရပါသည်၊၀င်ရပါသည်ဟု ကြံွံ့ဖွံ့ပါတီကို မကြိုက်သလိုလိုနှင့် ပြောထားတော့ လူတွေကလည်း သူတို့ကိုမဲပေးချင်ကြသည့် အနေအထားရထားသည်။ ၂၀၁၀ ရွေးကောက်ပွဲကား ဒူးထောက်ပွဲဖြစ်သည်။ စစ်အစိုးရကို အံတုသည့်ပွဲမျိုးမဟုတ်။ ယခုတောင်မှ မည်သို့မျှအံတုမပြောမဆိုနိုင်၊။ နောင်ကိုကော ပြောဆိုရဲပါမည်လား။ သိရက်နှင့် သိသည်ဟုပြောနေသောသူတို့မှာ စင်စစ်နိုင်ငံရေးသမားကောင်းတော့ မဟုတ်တန်ရာ။ အကယ်၍ဤပွဲကို ရှုံးနိမ့်မည်မှန်းသိပါက နိုင်မည့်ပွဲကိုကြိုးစားလုပ်ကြဖို့ဘဲရှိသည်။ စစ်အစိုးရသည် ကြားဖြတ်အစိုးရအဖြစ် မုချကြေညာရမည်ဖြစ်သည်။ ၀န်ကြီးချုပ်သိန်းစိန်တို့ကို ၀န်ကြီးချုပ်ရာထူးဘ၀မှ ဖြုတ်ထုတ်ရပေလိမ့်မည်။
သို့မှသာသူတို့၏ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူတို့အနေအထားမှာ လက်ရည်တူချင်တူနေပေလိမ့်မည်။ ယင်းလက်ရည်တူနေဖို့အတွက် ယခုပြိုင်ပွဲဝင်မည့်သူများက ကြိုးစားရဲရမည်ဖြစ်သည်။ တခုသာရှိသည်။ စစ်အစိုးရကို ယခုအချိန်တွင် ရင်မဆိုင်လိုက ပြည်သူတွေနှင့် လက်တွဲရမည်ဖြစ်သည်။ ပြည်သူတွေကကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက် ရဲရင့်သောနိုင်ငံရေးခေါင်းဆောင်များကို လိုလားနေကြသည်။ စစ်အစိုးရက ကြားဖြတ်အစိုးရမဖွဲ့နိုင်ခင် ဒီမိုကရေစီအင်အားစုတွေက အမြန်ဆုံးဖွဲ့စည်းရန်လိုသည်။ ဤသည်မှာမြန်မာနိုင်ငံ၏ နိုင်ငံရေးပြသနာကို ဖြေရှင်းသောနည်းလမ်း တခုဖြစ်ကြောင်းပြောချင်ပါသည်။ စစ်အစိုးရမှာ အကြီးအကျယ်ပြသနာတက်နေကြောင်းကို ကမ္ဘာကလည်း သိနေပါသည်။ ထို့ကြောင့် ကျွန်တော်တို့ တခုခုကိုတော့ ကြိုးစားရန်သာရှိပါတော့သည်။

ခိုင်အောင်ကျော် (နယူးယောက် )

အဆုံးထိဖတ်ရန်...

Monday, August 30, 2010

၇၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှ ငရဲမှာတခါဆုံမယ်

ရ၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှေ ငရဲမှာတခါဆုံမယ်
ဦးနေ၀င်း၏နိုင်ငံရေးအာဏာရယူခဲ့ပုံနှင့် ကျဆုံးခဲ့ရပုံကို ခုခေတ်လူငယ်တွေ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်တို့သည် မည်သည့်နည်းနှင့်မျှ အာဏာလက်မလွှတ်မချင်ခဲ့ကြပေ။ အသက်အရွယ်ကြီးမြင့်၍ ထိမ်းမနိုင်သိမ်းမရသောအခါမှသာ ဆွေစဉ်မျိုးဆက်တဆက်လုံး ထောင်ထဲရောက်ကုန်အောင် သူ့ဇတ်လမ်းသူလုပ်သွားခဲ့သည်သာဖြစ်သည်။ ၀ဋ်လည်သည်ဟုပြော၍ရပါသည်။ ၁၉၆၂ ခုနှစ်ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသောအခါ ရဲဘော်သုံးကျိပ်အရှိန်က ရှိနေခဲ့သည်။ တခါတခါ နိုင်ငံရေးသမားတွေကိုခေါ်၍ ထမင်းကျွေးအခန်းအနားတွေ ပြုလုပ်သေးသည်။ ဒေါ်အောင်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည်ကိုယ်တောင်မှ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးခန့်အပ်
လိုက်သေးသည်။ တခါတခါ သံအမတ်ကြီးရာထူးဖြင့် ထင်ရှာေးသာသူတွေကို ပို့ပေးလိုက်တတ်သည်။ များသောအားဖြင့် လူမိုက်ချီးမွမ်းခြင်းသဘောမျိုးဖြင့် မစတတ်သောအလေ့အကျင့်ရှိသည်။ ကြိုက်နှစ်သက်လွန်း၍တော့မဟုတ်။ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရေးအတွက်
အင်မတန် ထောက်ခံကြသောရွေးကောက်ပွဲကို ပြုလုပ်ကျင်းပလိုက်သည်။ မြန်မာနိုင်ငံတနိုင်ငံလုံးသည် လှည်းနေလှည်းအောင်းမြင်းဇေါင်းမကျန် မဲပေးခဲ့ကြသည်။ တကြိမ်တခါမျှမမြင်ဖူးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခဲ့ရခြင်းဖြစ်သည်။ ယင်းကိုယ်စားလှယ်တော်ကြီးများကို မဲပေးခဲ့ခြင်းအားဖြင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အတည်ပြုခဲ့သည်ဟုလည်း မည်သူမျှနားမလည်ခဲ့ကြ။ ယင်းလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကလည်း မည်သည့်တာဝန်တွေရှိသည်ကို ပြည်သူတွေမသိ၊နားမလည်။ သိသောနားလည်သော မြင်သောအရာတခုမှာကား ဗိုလ်ချုပ်ကြီးနေ၀င်းမှာ ဦးနေ၀င်းဖြစ်သွားခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်ပါတိ၏ဥက္ကဌကြီးဦးနေ၀င်းမှာ
ဦးစန်းယုကို သမတအဖြစ်ခန့်ထားသေးသည်။ ယင်းသမတ ဦးစန်းယုမှာ လက်ကလေးပိုက်ပြီး ပါတီဥက္ကဌကြီးဦးနေ၀င်း၏ နောက်ကနေပြီး ရ့ပ်နေရသည်ကို ယခုအချိန်ထိမျက်စိထဲတွင်မြင်ယောင်မိနေဆဲဖြစ်သည်။ သူ့မှာဘာမျအာဏာမရှိ။ ဦးနေ၀င်းနောက်ကဘဲနေရသည်။ ပါးစပ်က ပြုံးတောင်မပြုံးရ ။သမတကြီးဦးစန်းယုမှာ ၁၉၈၈ ခုနှစ်
ဒီမိုကရေစီအရေးတော်ပုံဖြစ်လာသောအခါ သူ့ခမြာဘာတခွန်းမျှ မပြောမဆိုလိုက်ရရှာ။ နောက်ဆုံးဦးစိန်လွင်၊ ပြီးတော့ ဒေါက်တာမောင်မောင်စသည်တို့နှင့် ၈၈ အရေးအခင်းတွင် စစ်တပ်ကအာဏာသိမ်းသောအခါ ပထမအာဏာသိမ်းခံရသောသူတို့မှာ မြန်မာနိုင်ငံ၏ အဓိပ္ပါယ်မရှိသော သမတသာဖြစ်သည်။ တချိန်တည်းမှာပင် ဦးနေ၀င်းလည်း ကိုယ်ဖေါ်သောဆေး ကိုယ်မစားနိုင်ဘဲ နောက်ဆုံးမှာ မိသားစုတခုလုံးကို ထောင်ထဲတွင်သေဒဏ်ဖြင့် ထားခဲ့ရပြီးသူကိုယ်တိုင်လည်း လူမသိသူမသိ ပုဇွန်စာဂဏန်းစာအဖြစ် လှိုင်မြစ်မှာ ချကျွှေးခံရသည်။
အကယ်၍အုဌ်ဂူဖြင့်သာ ဦးနေ၀င်းအမည်ဖြင့် ကြံ့တောတွင်ရှိနေခဲ့ပါက ပြည်သူတရပ်လုံးက ဖိနပ်နှင့်ပေါက်ပြီး နေ့စဉ်သွားရောက် ကျိန်ဆဲနေကြမည်ကို မြင်ယောင်မိသေးသည်။
ယခုလည်းဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဦးနေ၀င်း၏စာအုပ်ကြီးအတိုင်း လျှောက်လုပ်လိုက်ပြီဖြစ်သည်။ သူ့အပေါ်အမိန့် အာဏာလိုက်နာသော တပည့်ကောင်းများလက်ထဲသို့ စစ်အာဏာကိုလွှဲပေးသည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို လွှဲပြောင်းပေးခြင်းသည် သူ့အဖို့စွန့်စားမှူကြီးတရပ်ဖြစ်သည်။ ဆင်ဖြူတော်ရရှိ၍ ဘုရင်စိတ်ပေါက်နေသောသူပီပီ နိုင်ငံတော်
အာဏာကို လက်လွှတ်စွန့်စားရသည်မှာ မလွယ်လှ။ အာဏာအစွမ်းရှိကြသောသူ့အုပ်စုတခုလုံးကို ယူနီဖေါင်းချွတ်လိုက်သောအခါ နောက်ပေါက်စစ်ဗိုလ်တွေကို သူကထိမ်းနိုင်လိမ့်မည်ဟုထင်ထားသည်။ ယူနိဖေါင်းချွတ်ကြရသော ဗိုလ်ချုပ်ကြီးတို့မှာ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရမည်ဖြစ်သည်။ တချို့ မှာရွေးကောက်ပွဲမှ ၀င်၍အရွေးချယ်ခံရသော ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာစစ်တပ်မှ ၂၅ % ရရှိထားသောစာရင်းမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာတသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးချယ်ခံကြသော ယူနီဖါင်းချွတ် လူရိုသေရှင်ရိုသေ ကိုယ်စားလှယ်တော်များဘ၀ဖြင့် ပါဝင်လာကြမည်။ တချို့ မှာကြံ့ဖွံ့ပါတီမှ၎င်း ကိုယ်စားလှယ်တော်များဖြစ်လာကြလိမ့်မည်။ ယင်းကိုယ်စားလှယ်များက သမတကို ရွေးချယ်ကြမည်ဖြစ်သည်။ ပါတီဥက္ကဌကြီးမှာမူ အစိုးရအထက်မှ သို့မဟုတ် သမတအထက်မှ ရှိနေပေလိမ့်မည်။ သည်တော့ ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမည့်အရပ်သားအစိုးရအဖွဲ့တွင် သြဇါအရှိဆုံးသောပါတီဥက္ကဌကြီးသည် မည်သူဖြစ်လာနိုင်ပါမည်နည်း ။ ဦးသန်းရွှေပင်ဖြစ်လာပါလိမ့်မည်ဟု ပြောရပါတော့မည်။ အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ်ရာထူးဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ သိုသော်သမတမှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီများမှ အဆိုတင်သွင်းသူ သို့မဟုတ်အတိုက်အခံများမှ အဆိုတင်သွင်းသူတို့ကို လွှတ်တော်မှတိုက်ရိုက်ရွေးချယ်ကြသည်။ သမတဖြစ်နိုင်သော လူရိုသေရှင်ရိုသေ အထင်ကရပုဂ္ဂိုလ်တို့မှာ တီဗွီမှ ရေဒီယိုမှ သတင်းစာမှ ပြည်သူတရပ်လုံးက ဆွေးနွေးဝေဖန်ကြသည်။ အိန္ဒိယနိုင်ငံ၏သမတ တယောက်အဖြစ် ရှိသင့်ရှိထိုက်သောအရည်အချင်းတို့မှာ ပြစ်မျိုးမှည့်မထင်ဖြစ်နေရသည်။ သာမန်လောက်ကလေးနှင့်မရ။ ငယ်စဉ်တောင်ကျေးဘ၀ကစလို့ အထက်တန်းကျောင်းသားမှသည် တက္ကသိုလ်ကျောင်းသာြး့ပီးတော့ နိုင်ငံ့ဝန်ထမ်းစသည်တို့အထိ မီးခိုးကြွက်လျှောက် ဆွေးနွေးကြသည်မှာ သူတို့နိုင်ငံ၏ဒီမိုကရေစီစံနုံး မည်မျှရှိသည်ကို ပြသခြင်းဖြစ်သည်။ သမတသည် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံစရာလည်းမလို။ သို့အတူသမတမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ၅ ) ဦးကို သမတအာဏာဖြင့် အထူးရွေးချယ်ခန့်အပ်ပိုင်ခွင့်လည်းရှိ
နေသေးသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံးရသောပါတီမှာ အစိုးရဖွဲ့စည်းပိုင်ခွင့် အာဏာအပြည့်အ၀ရှိသည်။ သို့သော် မည်မျှပင်မဲအများဆုံးရသောပါတီဖြစ်စေကာမူ ၀န်ကြီးချုပ်ကိုတော့ အရမ်းကာရောအစိုးရအဖွဲ့ ဖြစ်နေသည့်တိုင်အောင် ရွေးချယ်ခန့်အပ်၍မရ ။ တခြားအတိုက်အခံပါတီနှင့် ပြည်သူတရပ်လုံး၏ ဆန္ဒသဘာထားကို ကောက်ယူရသေးသည်။ ဤသည်မှာဒီမိုကရေစီနိုင်ငံရေးစနစ်၏ နိုင်ငံရေးအနှစ်သာရဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် မစ္စဆိုနီယာဂန္ဒီ၏ ကွန်ဂရက်-အိုင် ( Congress I -party ) ပါတီမှာ မဲအများဆုံးရရှိသော်လည်း ပါတီဥက္ကဌဖြစ်သောဆိုနီယာမှာ ၀န်ကြီးချုပ်မဖြစ်။ ၀န်ကြီးချုပ်စနစ်ဖြင့် အုပ်ချုပ်သောအိန္ဒိယနိုင်ငံတွင် အာဏာပိုင်အမြင့်ဆုံးရာထူးမှာ ၀န်ကြီးချုပ်ဖြစ်သည်။ လွှတ်တော်တခုလုံးနှင့် အစိုးရ
ယန္တရားတခုလုံးလည်ပါတ်ရေးမှာ ၀န်ကြီးချုပ်၏နိုင်ငံရေး လမ်းကြောင်းမျာပေါ်မှ ဖြတ်သန်းသွားရမည်ဖြစ်သည်။ ထို့ကြောင့် မဲအများဆုံးရရှိပြီး လွှတ်တော်တွင်ဥပဒေကို တင်ပြနိုင်စွမ်း ချယ်လှယ်နိုင်စွမ်းရှိသည့် ၄င်းဝန်ကြီးချုပ်ရာထူးပြသနာမှာ အနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့၏ နားလည်မူအခြေနေပေါ်မှာလည်း အထူးမူတည်နေသည်။ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်အိုင်ပါတီက အနိုင်ရရှိသော်လည်း မစ္စဆိုနီယာကို ၀န်ကြီူးချုပ်ရာထူး မပေးကြ။ အတိုက်အခံပီါိတွေနှင့် ပြည်သူတွေကလက်မခံ။ တချို့ ကကိုယ့်ကိုကိုယ် သေနတ်နှင့် ပစ်သတ်မည်ဆိုကာ နားထင်တွင်သေနတ်နှင့်တေ့ပြီး ဆန္ဒပြကြသေးသည်။ မစ္စဆိုနီယာမှာ အီတလီနိုင်ငံသူဖြစ်၍ လက်မခံဆိုသောအခြေအနေကလည်း ရှိနေရာသူမခမြာ နောက်ဆုံးတွင် ၀န်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်ပါတီဥက္ကဌရာထူးဖြင့် နိုင်ငံတော်အာဏာကိုချုပ်ကိုင်ထားသည်။ တခါက၀န်ကြီးချုပ်ဖြစ်သူ မန်မဟိုဆင်းအား မစ္စဆိုနီယာ၏သဘောတူဆုံးဖြတ်ချက်ရမှသာ ဆောင်ရွက်နိုင်ကြောင်း ရုပ်မြင်သံကြားမှာ သရော်သောပြကွက်ဖြင့် နိုင်ငံရေးဝေဖန်ချက်တွေ ပြုလုပ်သွားသည်ကို တွေ့ရဖူးသည်။ ယင်းမှာလည်းမှန်သည်။
ယခုမြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံ၏ ပါလီမန်အစိုးရ ဖွဲ့စည်းပုံအတိုင်း ပြုလုပ်ရန်ပြင်ဆင်နေသည်။ စစ်တပ်ထဲမှ၂၅%သည် တခါတည်းဖြစ်လာမည့်ကိုယ်စားလှယ်ဖြစ်သည်ကို လူတိုင်းသိသည်။ ရွေးကောက်ပွဲမ၀င်သော ပါတီဥက္ကဌကိုလည်း နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ရန် ယူနီဖေါင်းကို ချွတ်ထားပြီးပြီ။ ကြံ့ဖွံ့ပါတီက္ကဌမှာ ဦးသန်းရွှေဖြစ်သည်။ ဦးသန်းရွှေကနိုင်ငံတော်ဥက္ကဌဖြစ်၍ အာဏာဟူသမျှ သူ့လက်ထဲမှာရှိနေသည်။ သမတသည် ရွေးကောက်ပွဲအနိုင်ရပါတီမှ တင်သွင်းမည့်သူ သို့မဟုတ် နိုင်ငံတော်အကြီးအကဲမှ တိုက်ရိုက်ခိုင်းစေမည့်သူဖြစ်သည်။ ယင်းသမတမှာ စစ်ရေးအတွေ့အကြုံရှိသူဖြစ်ရမည်မို့ ယခုစစ်ယူနီဖေါင်းချွတ်လိုက်သူထဲက တယောက်ယောက်တော့ဖြစ်မှာသေချာနေသည်။ သည်တော့ရွေးကောက်ပွဲတွင် အနိုင်ရမည့်ပါတီက အစိုးရဖွဲ့စည်းရာမှာ ပါဝင်သည့်ကိုယ်စားလှယ်များဖြစ်ရာ မနေ့တနေ့က ယူနီဖေါင်းချွတ်လိုက်သောသူတို့မှာ ၀န်ကြီးများဖြစ်နေပြီ။ ဆိုရလျင် ကြ့ဖွံ့ပါတီသည် တနိုင်ငံလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၄၀၀ ကျော်ဝင်ပြိုင်ကြမည်ဖြစ်ရာ တွက်ချက်ကြည့်က သိနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာဘောင်အာရင်းသန်သန်နှင့် စစ်အစိုးရဖက်က တသီကြီးထောက်ခံအားပေးပြောနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ နေမျိုးဝေပါတီမှာ ၈ ဦးမျှကိုယ်စားလှယ်သာပြိုင်မည်ဆိုသည်။ ဒေါက်တာသန်းငြိမ်းဦးဆောင်သောပါတီမှာ လူပေါင်း ၁၄၀ မျရှိသည်ဟုဆိုသည်။ ဦးအေးလွင်ပါတီအနေဖြင့် မဟာမိတ်အဖွဲ့ပြုလုပ်သည့် သုံးပါတီဖြစ်နေသည့်တိုင် သူ့ပါတီက ၁၀၀ နှင့် ၁၅၀ ကြားမှာရှိသည်ဟုဆိုသည်။ စစ်အစိုးရမှရွေးကောက်ပွဲကိုပြုလုပ်မည်ဟု ဆိုသောအခါ ရွေးကောက်ပွဲကိုဝင်မည်ဟု ပထမဆုံးပြောကြားသော ကွယ်လွန်သူဦးရွှေအုံး၏ပါတီမှာ ( ၃ ) ဦးသာရှိသည်။ ဦးသုဝေတို့ပါတီမှာမူ လူပေါင်း၁၂၀ လောက်ရှိနေသည်ဟုဆိုသည်။ ၂၆ ပါတီထဲတွင် သူတို့မှာစစ်အစိုးရ၏ရွေးကောက်ပွဲကို မဖြစ်မနေ၀င်သင့်သည်ဟု ပြောကြားကြသော တနည်းအားဖြင့် စစ်အစိုးရ၏ပေါ်လီစီများကို ဗြောင်သော်၎င်း သွယ်ဝိုက်၍သော်၎င်း ထောက်ခံအားပေးကြသူများဖြစ်သည်။ သဘောမှာရွေးကောက်ပွဲကိုဖြစ်အောင် ပြုလုပ်ပေးသောသူများဖြစ်သည်။ သို့သော်သူတို့၏ကိုယ်စားလှယ်စာရင်းကိုကြည့်လိုက်သောအခါ ကိုယ်စားလှယ်ပေါင်း ( ၃၀၀ ) ခန့်မျှရှိသည်။ သူတို့၏ကိုယ်စားလှယ်များကို ပြည်သူတို့ကသည်းခြေကြိုက်မဟုတ်။ ထားပါတော့။ အားလုံးပင်အနိုင်ရသည်ထားဦး။ အစိုးရဖွဲ့စည်းရာတွင် သူတို့တကောင်တမြီးမှမပါ။ သူတို့ကိုယ်တိုင်ကလည်း မနိုင်မှန်းသိသည်။ မနိုင်မှန်းသိသော်လည်းဝင်ပြိုင်ကြရသည်ဟုဆိုသည်။ အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချု့်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်စေမည်ဟု ဆိုကြသည်။ ဘယ်လိုမှမယုံနိုင်စရာဖြစ်သည်။ သူတို့သည် လွှတ်တော်ထဲတွင် မည်သည့်နည်းနှင့်မျ စကားတခွန်းလေတောင် ပြောခွင့်ရသူများမဟုတ်။ အကြောင်းမှာ နိုင်ငံတ်ာအကြီးအကဲဥက္ကဌဦးသန်းရွှေသည် သူတို့လောက်မအ။
တခုတော့ရှိသည်။ ယခုပွဲကအာဏာပြသနာပွဲဖြစ်သည်။ စစ်ယူနီဖေါင်းကိုချွတ်လိုက်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယခုအသစ်စက်စက်ဖြစ်လာသော ခရစ္စတီးကျွန်းလူသတ်ကောင် သူရမြင့်အောင်က မည်မျလက်သင့်ခံနိုင်မည်နည်း။ ခရစ္စတီးကျွန်းလူသတ်သမား တရားခံကိုမည်သူက အတိအကျဖေါ်ကောင်လုပ်ကြမည်နနည်း။ ဗိုလ်မှူးအောင်လင်းထွဋ်က ဤအမှူမှာမြင်သမျှ သိသမျှ ကြားသမျှ သက်သေအဖြစ်စစ်ဆေးခံမည်ဖြစ်သည်။ သတ်မိန့်ပေးသူက ဦးသန်းရွှေဆိုလျင် သူရမြင့်အောင်က ဤအမှူတွင် လက်ဝင်လျှိုပြီး ဓါးစာခံလုပ်နိုင်မည်လား။ ဤအထိတော့သူရမြင့်အောင်ကလည်း မိုက်ရှူးရဲလုပ်နေမည့်သူ မထင်ရပေ။ အကြောင်းမှာဗိုလ်မှူးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် အတူတူကျောင်းတက်ဖက်ဖြစ်ရာ တယောက်အကြောင်းကို တယောက်သိထားကြပြီးဖြစ်သည်။ ဗိုလ်မှူးအောင်လင်းထွဋ်၏သက်သေခံထွက်ဆိုချက်ကို သူရမြင့်အောင်အနေဖြင့် ကုလသမဂ္ဂ၏စုံစမ်းစစ်ဆေးရုံးတွင် စစ်ဆေးခံမည်ဆိုလျင် သူ့လောက်မိုက်သောသူမှာ ဤကမ္ဘာတွင် မရှိတော့။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်မှူးအောင်လင်းထွဋ၏သက်သေထွက်ဆိုချက်များသည် ခိုင်မာတိကျကြောင်း ဗိုလ်ချုပ်မှူးကြီးသူရမြင့်အောင် သိရှိထားပြီဖြစ်သည်။ အကယ်၍သူရမြင့်အောင်အနေဖြင့် ကြံ့ဖွံ့ပါတီဥက္ကဌကြီးဦးသန်းရွှေအား ခရစ္စတီးကျွန်းအစုလိုက်အပြုံလိုက် လူသတ်မှူတွင် အဓိကတရားခံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် အပ်နှံဖမ်းဆီးပေးမည်ဆိုလျင် ဒီမိုကရေစီသူရဲကောင်းတဦးတဖြစ် သူရမြင့်အောင်အား မြင်တွေ့သွားမည်ဖြစ်သည်။ သို့မဟုတ်ဘဲ ယာယယီရရှိထားသော အာဏာစည်းစိမ်ကို ခံစားယစ်မူးနေပါက ဦးသန်းရွှေ၏ကြော့ကွင်းမှာနေပြီး သူပြုသမျှကျေးကျွှန်ဖြစ်နေပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အုပ်စုအတွက် သေတွင်းတူကြမည့်သူများအတွက် ဆုံစည်းရာအရပ်ဖြစ်သည်။ ယင်းဆုံစည်းရာအရပ်သည် အမင်္ဂလာအရပ်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဦးနေ၀င်းသည် ၂၀၁၀ ဦးသန်းရွှေနှင့် ဘ၀ချင်းက တထေရာတည်းတူနေကြပြီ။ ဦးနေ၀င်းမြေးများဖြစ်သောကျော်နေ၀င်း၊ရဲနေ၀င်း၊ဇွဲနေ၀င်းတို့သုံးဦးကို ထောင်ထဲတွင် သေဒဏ်ပေးထားသလို ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်ခေါ်ဖိုးးလပြည့်ကိုလည်း သေဒဏ်ပေးပြီးထောင်ထဲပို့ချင်နေကြသည်မှာလည်း တပုံတပင်ကြားနေရသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးအသစ်စက်စက်ဖြစ်သော သူရမြင့်အောင်အား သေဘော်ညှိနေသော ဦးသန်းရွှေကို ငရဲရောက်အောင်ပို့ရန် ကြိုးစားနေကြသောသူတို့မှာ လက်ညီတက်ညီနေကြပြီ။ ဦးသန်းရွှေငရဲမရောက်ခင် အကျဉ်းထောင်ထဲတွင် မိသားစုတခုလုံးသေဒဏ်ပေးခံရပြီး ထောင်ထဲမှာနေရခြင်းကိုလည်း တွေ့ရှိရသွားမည်ဖြစ်သည်။ သို့အတူသူနှင့်အတူ စစ်အုပ်စုတခုလုံး ထောင်ထဲတန်းဝင်ကြမည်ဖြစ်သည်။ ဦးသန်းရွှေနှင့် စစ်ရာဇ၀တ်ကောင်အပေါင်းပါတစုတို့မှာ မြန်မာနိုင်ငံမြေ၌ အုပ်ဂူတလုံးတော့မရ။ သူတို့အားလှလှပပမြုပ်နှံထားလျှင် ဖိနပ်ဖြင့် ပစ်ပေါက်လာမည့်သူများက တန်းစီနေကြပါသည်။ ထို့ကြောင့်ငရဲသို့ရောက်အောင်ပို့ကြရပါတော့မည်။ သည်တော့ငရဲရောက်သောအခါ မြန်မာနိုင်ငံအပေါ် ဗိုလ်ကျစိုးမိုးနေခဲ့သော ဦးနေ၀င်းနှင့် တခါဆုံကြလိမ့်မည်ဖြစ်သည်ဟု ပြောလျင် ယုံကြည်စရာဖြစ်ပါကြောင်း။။။။

ခိုင်အောင်ကျော် (နယူးယောက်)

အဆုံးထိဖတ်ရန်...

Friday, August 27, 2010

မိဒီယာတွေရဲ့  တာဝန်ကျေပွန်တာတွေနဲ့ ဖြုတ်ထုတ်သတ်လုပ်မှ အေးမည့်မီဒီယာ

၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအရ ဖြစ်ပေါ်လာမဲ့အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြလိုက်ပါသည်။ စစ်ရေးကျွမ်းကျင်သော သမ္မတကလွှမ်းမိုးချုပ်ကိုင်နေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမို့ မည်သည့်နည်းနှင့်မျ လွှတ်တော်မှာအာဏာမရှိ။ ထိမ်းချုပ်၍မရ။ ထို့ကြောင့် တရားမျှတမှူမရှိသော ဥပဒေကို လက်ခံကျင့်သုံးသူများကို မင်းမဲ့စရိုက်များ (Anarchy )ဟု ပြောပြလိုက်သေးသည်။ ကျင့်သုံးသူကော လက်ခံသူကိုကော ထောက်ခံသူကိုရော မသိနားမလည်သူကိုပါ ပြောဆိုခြင်းဖြစ်သည်။ ယင်းဖွဲ့စည်းပုံအကြောင်းကို ဂဂဏဏသိရှိသောသူတို့က ပြောဆိုသောကြောင့်လည်း ဤဖွဲ့စည်းပုံကို အကောင်အထည်ဖေါ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ၊ သပိတ်မှောက်ကြဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါသည်။ ထို့ကြောင့် သပိတ်မှောက်ကြရမည့်အကြောင်းကိုလည်း ပြောကြဆိုကြရတော့မည်မဟုတ်ပါလေလား။ သည်တော့ရှင်းပြီဟုထင်သည်။ သို့သော်မရှင်းသေးပါ။ အင်မတန်စိတ်ပျက်စရာကောင်းသော အခြေအနေများတွင် ဒီမိုကရေစီအင်အားစုတွေ ပြည်ပမှာပါ ပြည်တွင်းမှာပါ စိတ်ရှုပ်ထွေးနေကြရပါသည်။ ယင်းမှာမီဒီယာသမားများကြောင့်ဖြစ်သည်။ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်သည်ဟု ပြောဆိုနေကြသံမှာ တိတ်ဆိတ်နေရလောက်အောင်ဖြစ်နေရသည်။ ဤသည်မှာကောင်းသော လက္ခဏာမဟုတ်။ ကျွန်တော်ဗွီအိုအေ၏ ၀ပ်ဆိုက်ကိုဖွင့်ကြည့်ပါသည်။ တွေ့နေမြင်နေရသည်မှာ ၂၀၁၀ ပွဲစားလေလံတင်နေသူ ဒေါက်တာခင်ဇေါ်ဝင်းကို ဗျူးနေသော ရုပ်သံအစီအစဉ်ကို တွေ့နေရသည်။ ယင်းမှာဒီမိုကရေစီအင်အားစုများအား စိတ်ပျက်စေနေသော ပုံမျိုးဖြစ်နေသည်။ ဒေါက်တာခင်ဇေါ်ဝင်းမှာ စစ်အစိုးရ၏ရွေးကောက်ပွဲ့ကို ပြည်တွင်းတွင် သေသေချာချာ တင်ပြနိုင်သောသူဖြစ်ပါသည်။ သူ့မှာမည်သို့မျအန္တရယ်မရှိချေ။ အခြားသောဒီမိုကရေစီအင်အားစုများမှာ မီဒီယာမရှိ။ ရုပ်မြင်သံကြားမရှိ။ အင်မတန်မှအခက်အခဲရှိနေသော ဒီမိုကရေစီအင်အားစုတို့၏အခြေအနေကို လူတိုင်းသိရှိကြပါသည်။ ကျွန်တော်တို့မြင်ချင်တွေ့ချင်သည်မှာ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကျားကျားယားယား အံကြိတ်ပြောဆိုနေသော အတိုက်အခံသမားများတွေကို မြင်ချင်တွေ့ချင်သည်။ ညောင်ညာညာနှင့် မျက်နှာသေပုံမျိုးဖြင့် မုဒိမ်းမှူကျူးလွန်ထားသော သူများလိုရုပ်မျိုးနှင့် တရားခွင်မှာ အစစ်ဆေးခံနေသောသူတွေလို ဒီမိုကရေစီအင်အားစု အတိုက်အခံသမားတွေကို မမြင်ချင် မတွေ့လို။ နောက်တခါမီဒီယာတွေ အသံလွှင့်ဌါနတွေမှာ ထုတ်လွှင့်ရေးသားမှူများကလည်း မည်သို့မျသတင်းအတိအကျ ခိုင်မာမှူမရှိဘဲ ရေးသားထုတ်လွှင့်ရေးသားနေကြသည်မှာ စိတ်ပျက်စရာဖြစ်သည်။ လူမျိုးစုများနှင့်ပါတ်သက်၍ ရွေးကောက်ပွဲများကို လွှင့်ချင်သည်ဆိုလျင် သန်ခေါင်စာရင်းနှင့် လူဝင်မှူကြီးကြပ်ရေးဌနနှင့်မှတ်ပုံတင်ဌါနသို့ ယင်းလူမျိုးစုများရှိမရှိ မမေးမစမ်း။ ပြည်နယ်တခုစီတွင် ရှိနေကြသော လူမျိုးစုနွယ်စာရင်းတွင် ပါဝင်ပါတ်သက်နေမှူရှိမရှိ။ သမိုင်းဆိုင်ရာအချက်အလက်များဖြင့် ရှိနေသောလူမျိုးစုနွယ်များဖြင့် ရပ်တည်နေသည့်လူမျိုးစုများဟုတ်မဟုတ် မစုံစမ်းမလေ့လာ၊ သမိုင်းပညာရှင်များ၊ သမိုင်းသုတေသီများကို မတိုင်ပင် ။ မလေ့လာ၊ လမ်းဘေးမှ ပေါက်ကရလေးဆယ် တွေ့နေသူများကို မေးမြန်းပြီး သတင်းတွေ ပေါ်ပင်ထုတ်လွှင့် ရေးသားနေကြသည်။ လွန်ခဲသောနေ့က RFA မှာကြားလိုက်ရပါသေးသည်။ ယင်းမှာယခုတကြိမ်တည်းမဟုတ်။

စင်စစ်အားဖြင့် မီဒီယာအသံလွှင့်ဌါနတွေကို စိတ်ပျက်နေသောသူတွေထဲမှာ ကျွန်တော်ပင်မဟုတ်။ အခြားသောပြည်ပရောက်နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများလည်း မနည်းရှိကြသည်။ တနေ့ကမျိုးရန်နောင်သိမ်းမှ RFA မှာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ မဲထည့်ရမည့်အကြောင်းများကို ဆောင်းပါးဖြင့် အသံလွှင့် နေခဲ့သည်။ ယင်းကို ကျွန်တော်က RFA အားကန့်ကွက်ခဲ့သည်။ ယင်းအကြောင်းနှင့် ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ၊ နိုင်ငံရေးအကျဉ်းသမား ဦးဝင်းတင်က ဘ၀နှစ်မျိုးနှင့် မီဒီယာ၏
ရန်တည်ချက်များကို ပြောသွားသည်။ သည်တော့မည်သူကမှန်နေပါသနည်း။ RFA ကမှန်နေပါသလား။ မျိုးရန်နောင်သိမ်းကဘဲ မှန်နေပါသလား။ ကန့်ကွက်သူကျွန်တော်ကဘဲ မှန်နေပါသလား။ ဤမေးခွန်းကို ယခု မျိုးရန်နောင်သိမ်းကဘဲ မနေ့ကဘဲ အဖြေပေးသွားပါပြီ။ ယင်းမှာရွေးကောက်ပွဲကို သပိတ်မှောက်ရန်မှအပ အခြားရွေးစရာလမ်းမရှိတော့ပါဟု မျိုးရန်နောင်သိမ်းက ပြည်သူသို့ပန်ကြားချက်ထုတ်ပြန်သွားပါပြီ။ မျိုးရန်နောင်သိမ်းမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ဖြစ်၍ ကျွန်တော်ပိုပြီးလေးစားသွားပါသည်။ ကွန်ဂရက်ကျူးလေးရှင်းပါ ကိုမျိုးရန်နောင်သိမ်းဟု ပြောဆိုလိုက်ရပါသည်။ နောင်ကိုကျွန်တော်တို့နှင့် လက်တွဲ၍ရသွားပါလိမ့်မည်ဟုထင်ပါသည်။ ဤသည်မှာမီဒီယာတွေ၏အခန်းကဏ္ဍတွေမှာ မည်မျအရေးကြီးနေပုံကို ဆောင်းပါးရှင်ကိုယ်တိုင်က နိုင်ငံရေးမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ ငါးသလောက်ပမာ ခေါင်းစဉ်ဖြင့် မီဒီယာတွေနှင့် ပါတ်သက်၍ ဆောင်းပါးတပုဒ်ကို ရဲဘောကျော်သန်းမှ ရေးသားသည်ကို ဖတ်ရပါသည်။ နိုင်ငံရေးစာပေအနှစ်သာရများစွာဖြင့် ရေးသားထားသော ယင်းဆောင်းပါးမှာ နိုင်ငံရေးလောက၌ သိထားသင့်သော လိုက်နာသင့်သော အချက်အလက်များဖြစ်နေသည်ကို တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေးတရပ်အောင်မြင်မူ၊ နိုင်ငံရေးအခန်းကဏ္ဍ
ကြီးမားမူ ၊ အရေးတကြီး ပါဝင်ပါတ်သက်ပုံကို ရေးသားတင်ပြထားသည်မို့ နိုင်ငံရေးစစ်တမ်းတခု ဖြစ်နေသည်ကိုလည်းတွေ့ရသည်။ ရဲဘော်ကျော်သန်း၏ ငါးသလောက်ပမာဆောင်းပါးကို ပုဂ္ဂိုလ်ရေးဆန်ကာ လူမူရေးအခြေခံပြီး တိုက်ခိုက်ရေးသားသော မောင်မောင်မြင့် ဆိုသူတယောက်က စာပေအဆင့်အတန်းမရှိပါဘဲ တုန့်ပြန်ရေးသားလာမူကိုလည်း တွေ့ရှိလာရသည်။ ထို့ကြောင့် ကျွန်တော့်မှာပြည်တွင်းတွင် ဤမောင်မောင်မြင့် ဆိုသူနာမည်ဖြင့် ရေးသားသောဆောင်းပါးများ၊၀တ္ထုများ၊ကဗျာများ၊ မဖတ်ဖူးခဲ့ရ၍ မောင်မောင်မြင့်ဆိုသောကလောင်နာမည်ကို မကြားဖူး။ ပြည်ပတွင်လည်း ၀တ္ထု၊ဆောင်းပါး၊ကဗျာ၊များကို မဖတ်ဖြစ်ဖူးသောအခါ စာပေအနုပညာလောကမှ ပုဂ္ဂိုလ်တဦးတော့ဖြင့် မဟုတ်တန်ရာဟု ထင်မိခဲ့ပါသည်။ ကျွန်တော်ပင်ညံ့လွန်း၍လားတော့ဖြင့်မဆိုနိုင်၊သို့သော် လူတကာလျောက်၍မေးကြည့်ရာ မြန်မာနိုင်ငံသတင်းသမဂ္ဂ -ဥက္ကဌလား- မသိ။ ပြောကြပါသည်။ ကျွန်တော်ကြားဖူးသိဖူးအကျွမ်းဝင်ဖူးသောသူမှာ စာရေးဆရာဇင်လင်းသာ ယင်းအဖွဲ့မှာရှိသည်ဟုတော့သိရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က စာပေအနုပညာအဖွဲ့ကို နယူးဒေလီတွင်ဖွဲ့ကြရာ ကျွန်တော်က ဥက္ကဌကြီး×အယ်ဒီတာချုပ်ရာထူးဖြင့် ရွေးကောက်ခံရ၍ တချိန်ကျလျင် အရှေ့ဘက်က ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းသမဂ္ဂနှင့် လိုအပ်လာလျှင် စကားစမည်ပြောရအောင် ဆရာဇင်လင်းကိုသာ သတိထားမိခဲ့ပါသည်။
ယင်းကြောင့်လည်းထင်ပါသည်။ မောင်မောင်မြင့်မှာ စာပေအနုပညာသမားအဆင့် မရှိသလို တုန့်ပြန်စာရေးသားရာမှာ အချင်းချင်းသူငယ်ချင်းကိုရေးသားသလို ရေးသားပေးပို့လိုက်ပါတော့သည်။ သူ့စာကို ဆောင်းပါးအဖြစ်လည်း မသတ်မှတ်နိုင်ကြောင်း ဖတ်သူတိုင်းက သိသာနိုင်ပါသည်။ ဤနေရာ၌ ကျွန်တော့်မှာအထူး ၀မ်းနည်းစရာဖြစ်ရပါသည်။ မီဒီယာတွေကို ဒီမိုကရေစီအင်အားစုများဘက်မှ ဖြစ်စေချင်သော အုပ်စုနှင့် ယခုအချိန်တွင် မီဒီယာဆိုတာကြားနေရမည်။ ကျင့်ဝတ်ရှိရမည်ဟု ပြောဆိုလာသံတွေက တဘက်ဖြစ်နေပါသည်။ ဆရာဦးဝင်းတင်ကလည်း ပြောနေပြီးပါပြီ။ မောင်မောင်မြင့်ဆိုသူမှာ ဆရာဦးဝင်းတင်၏ ရေဒီယိုဟောပြောချက်ကို နားမထောင်ဖြစ်၍ ဆန္ဒစောကာ တုန့်ပြန်စာရေးသားခြင်းဟု ထင်ရသည်။ သူ့တုန့်ပြန်စာမှာ ပုဂ္ဂိုလ်ရေးထိခိုက်စာရေးသားထားသည်ကို တွေရသည်။ မီဒီယာသတင်းစာဆရာများအနေဖြင့် မိမိတို့၏ အကြောင်းအရာများနှင့် ပါတ်သက်လျင် ဤသို့မရေးတတ်ကြမှန်း သိနိုင်ပါသည်။ ယခုမူအောက်တန်းကျလှပါသည်။ လူကြီးလူကောင်းဆန်ရန်လိုပါသည်။ မီဒီယာကျင့်စဉ်များ၊ မိမိတို့စည်းကမ်းချက်များကို ရေးသားလိုက်လျင်ပင် လုံလောက်နေပါလျက်ကယ်နှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်လွန်းမူအား နိမိတ်ပြစာကြောင်းများအရ သိသာနိုင်ပါသည်။ ဖြေရင်းချက်များမဖြစ်ဘဲ ပဋိပက္ခအသွင် ဆောင်သွားစေပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားနေသည့်သူများအဖို့ ယင်းသို့လူတန်းစားမျိုး ရှိနေကြသည်ကို သိရှိရခြင်းမှာ အလွန် တန်ဖိုးရှိသွားပါပြီ။ ခက်နေသည်မှာ သူချည်းမဟုတ်။ အခြားသောမီဒီယာတွေ၊သတင်းစာတွေ ၊ ဂျာနယ်တွေ ထုတ်လုပ်ဖြန့်ချီနေကြသူတွေထဲမှာလည်း ၀တ္ထုတပုဒ်၊ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ် ၊ မရေးတတ်ဘဲ အယ်ဒီတာချုပ်တွေ၊ ဘာဥက္ကဌတွေ ညာဥက္ကဌတွေ ဆိုပြီး လုပ်နေသောသူတွေရှိနေလို့ကတော့ ဒီမိုကရေစီအင်အားစုတွေအဖို့မှာ လျာပေါက်အောင်ပြောသော်လည်း မဟုတ်တာတွေဖြစ်နေမှာကတော့သေချာပါသည်။ ယခုလည်း ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ပြောသလို မီဒီယာသမားတွေက ကြားနေမည်ဆိုလျင် ဒီမိုကရေစီရေဒီယိုအသံလွှင့်ဌါနတွေမှာ မလုပ်ကြပါနှင့် ပြောတာကိုထောက်ခံရပေလိမ့်မည်။ RFA ,DVB တို့သည် ဒီမိုကရေစီအင်အားစုများအတွက် အင်မတန်အားကိုးရာ အားဆေးဖြစ်ပါသည်။ ကျွန်တ်ာသည်ပင် မိမိအသက်စည်းစိမ်၊ မိမိ မိသားစုတွေကို စွန့်လွှတ်ခဲ့ရမည်ကိုမကြောက် ။ သားမယားထောင်ကျခံရသည်ကို မစဉ်းစားဘဲ အထူးအားကိုးကာ RFA မှာ ဆောင်းပါးတွေရေးပို့ကာ နေပျော်ခဲ့ပြီးပြီ။ ယခုလည်းအသံလွှင့်ဌါနတွေကို အားကိုးနေတုံး ၊နားထောင်နေတုံး။ သို့သော် စိတ်ပျက်လာသည်မှာတော့ ကြာလာပါပြီ။ နားမထောင်ချင်တော့ပါ။ ကျွန်တော်တို့လို စိတ်ဓါတ်တွေအပြည့်နှင့် တက်ကြွသူများပင်လျင် စိတ်ဓါတ်တွေကျဆင်းကုန်ပြီဟုဆိုက အခြားသူများတို့ကို ဘာမှပြောစရာရှိပါမည်နည်း။ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အင်အားစုများဖြစ်ရာ ရေဒီယိုများမှ သပိတ်မှောက်ကြောင်းကိုဘဲ ပြောချင်သည်။ ဆွေးနွေးချင်သည်။ ရေဒီယိုနှင့် အင်တာဗျူးသောအခါ အခြားသောသူများနှင့် ပြုလုပ်နေတာတွေကို ကြားနေရပါသည်။ တခါတခါ ရွေးကောက်ပွဲကို ၀င်မည့်သူများနှင့် တချို့ မှာ ပြောဆိုဆွေးနွေးကြပါသည်။ ယင်းအချိန်ခါ ကျွန်တော်တို့မှာ အားမရလှ။ အဘယ့်ကြောင့် ဆိုသော် တဘက်လူကပြောနိုင်စွမ်းရှိချိန် သပိတ်မှောက်မည်ဟု ပြောဆိုသောသူမှာ ပျော့ညံ့သူများဖြစ်နေတာကို တွေ့နေရပါသည်။
ရေဒီယိုများနှင့် စကားအခြေအတင်ပြောကြသောအခါ ကျွန်တော်။ ကိုထွန်းအောင်ကျော်။ ရဲဘော်ကျော်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်တို့မှာ အထူးစကားပြောနိုင် အင်တာဗျူးပြောနိုင်သူများဖြစ်သည်။ သို့သော် ရွေးကောက်ပွဲသပိတ်မှောက်မည့်အကြောင်းများနှင့် မည်သည့်အခါမျ မပြော။ မဆွေးနွေး။ အင်တာဗျုးမပြုလုပ်ရ။ ဆိုးနေသည်က ကျွန်တော်တို့မှာ ဘလော့တွေ ။ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆောင်းပါးရေးနေသူများဖြစ်ရာ မည်သည့်အတွက်ကြောင့်များ အင်တနာဗျူးတချက်တလေ မပြုလုပ်လေသနည်းဟုလည်း စဉ်းစားစရာဖြစ်နေပါသည်။ ဘလော့တွေကို ၀ပ်ဆိုက်တွေကို မီဒီယာရေဒီယိုသမားတွေကများ တမင်မဖတ်ကြလေသလားမသိ ။ တခါတခါ မြန်မာ့နိုင်ငံရေးသုံးသပ်သူ၊ မြန်မာ့နိုင်ငံရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသည်ဖြင့် အဓိပ္ပါယ်မရှိ နာမည်ကင်ပွန်းတပ်ကာ အင်တာဗျူးလုပ်နေသံတွေကိုလည်း ကြားနေရသည်မှာ တကယ့်နားမုဒိမ်းကျင့်ခံနေရသည်နှင့် တူနေသည်။ ရေဒီယိုတွင် သတင်းထောက်လုပ်နေသူများမှာလည်း တော်လှန်ရေးလောက နိုင်ငံရေးလောကမှ ထွက်လာသူများဖြစ်ရာ နိုင်ငံရေးသမားများကို အင်တာဗျူးပြုလုပ်ကြသည့်အခါ ဘက်လိုက်တာတွေကလည်းရှိနေသည်။ သူတို့ကိုထမင်းကျွေးထားသူများဆိုလျင်တော့ ဟုတ်ဟုတ်မဟုတ်ဟုတ် မိုက်ခွက်ကလေးတော့ ပေးပြီးသား။ အဆိုးဆုံးကတော့ အကယ်၍ဆန္ဒပြနေသည်ဟုဆိုလျင်ပင် ပြနေသည့်နေရာကိုမျှ မသွားဘဲ တယ်လီဖုံးကလေးဖြင့် မေးစမ်းပြီးအင်တာဗျူးလုပ်ကာ အသံလွှင့်ပေးနေခြင်းဖြစ်သည်။ ယင်းမှာအခန်းအနားကိုပြုလုပ်သူက မည်သူဆိုရုံမျနှင့် လုံလောက်နေသလို အင်တာဗျူးလုပ်ခြင်းနည်းလမ်းဖြစ်သည်။ ဆန္ဒပြနေရာမှာ ၊ အခန်းအနားတွေမှာ မည်သူကမည်သို့ စစ်အစိုးရနှင့် ပါတ်သက်၍ ပြောပြချက်များ၊ တင်ပြချက်များ၊ ပေါ်လီစီများကို အကောင်းဆုံးဟောပြောနေပေမင့် အခန်းအနားဆောင်ရွက်သူကိုသာ အင်တာဗျူးပြုလုပ်နေမူမှာ မြန်မာနိုင်ငံဒီမိုကရေစီလောကမှ ယဉ်ကျေးမူတရပ်ဖြစ်နေသည်။ သည်တော့ဆန္ဒပြပွဲတွေမှာ ၊အခန်ူအနားတွေမှာ အာပေါက်အောင်ပြောနေသောနိုင်ငံရေးသမားတို့မှာ ငယ်သံပါအောင်အော်ပြောနေသော်လည်း သူတို့အသံကို ပြည်သူတို့မကြားလိုက်ကြရ။ ပြည်သူတို့ကို စိတ်ဓါတ်ခွန်အား မပေးလိုက်ကြရ။ နိုင်ငံတကာသတင်းထောက်များမှာတော့ စစ်မြေင်ပြင်ဆင်းပြီး သတင်းထောက်များကို မြင်တွေ့နေရသည်။ နိုင်ငံကတကာလမ်းမပေါ်မှာ ကြွေးကြော်ဆန္ဒပြနေကြသော လူအုပ်စူရှိရာသို့ ကျွန်တော်တို့ဇတ်လိုက်ကျော် သတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များမှာ နေအိမ်မှ၎င်း။ ရုံးခမ်းမှ၎င်း အင်တာဗျူးလုပ်ပြီး သတင်းတွေထုတ်လွှင့်နေကြသည်မှာ ရွံစရာကြီးဖြစ်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို စစ်ဖြစ်နေချိန် ရေဒီယိုများမှ စစ်နိုင်သတင်းများကို လွှင့်ပေးနေရချိန်မှာ ကျွန်တော်တို့သတင်းထောက်တွေ မီဒီယာတွေ ဘယ်လိုလုပ်သင့်ပါသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါသည်။ မှန်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို ပြည်သူနှင့် စစ်အုပ်စုတို့စစ်ဖြစ်နေကြပါသည်။ ယင်းအချိန်မှာမီဒီယာတွေကို ကျွန်တော်တို့ဖက်က အားကိုးချင်ပါသည်။ ကျွန်တော်တို့ကပြောသော လွှင့်သော ရေးသော အကြောင်းအရာများကို ပြည်သူများအားသိစေချင်ပါသည်။ ကျွန်တော်တို့၏ပြည်သူများအား ပြောကြားရေးသားခြင်းကို ဘက်လိုက်ပြီးပြုလုပ်သင့်သည်။ အကယ်၍ဘက်မလိုက်လိုလျင် ဘက်မလိုက်သော သတင်းဌါနများ၊ဂျာနယ်များတွင် သွားလုပ်ကြခြင်းက ပို၍ကောင်းသည်လို့ထင်ပါသည်။ မည်သည့်အတွက်ဆိုလျှင် သူတို့ကိုယ်တိုင်ပင် နိုင်ငံရေးသမား တော်လှန်ရေးသမားဟု ဘက်နှစ်ဘက်စလုံးက ပြောဆိုနေကြ၍ဖြစ်သည်။ သည်တော့
မည်သည့်ဖက်သို့ယိမ်းကြမည်နည်း။ ဒီမိုကရေစီအတိုက်အခံအင်အားစုဖက်က ရပ်တည်လျင် ဒီမိုကရေစီအင်အားစုဘက်က ဆန္ဒကိုလေးစားဖို့လိုသည်။ ထို့ကြောင့် ဒီမိုကရေစီတိုက်အခံအင်အားစုတို့၏ မီဒီယာဘက်က ရပ်တည်ပေးရန်လိုသည်။ အကယ်၍တကယ့်မီဒီယာသူတော်စင်ပုဂ္ဂိုလ်တွေလို စစ်စစ်ပေါက်ပေါက် သတင်းထောက်တွေ လုပ်ကြပြီဆိုလျင် ဆန္ဒပြရာဆီသွာြး့ပီး သတင်းယူသတင်းပို့လုပ်ကြ၊ ဂျာနယ်သမားတွေကဆိုလျင်လည်း ၀တ္ထုတွေ၊ဆောင်းပါးတွေ၊ ကဗျာတွေ ၊ ရေးတတ်သူတွေက ဂျာနယ်တွေမှာ အယ်ဒီတာတွေလုပ်ကြ၊ သတင်းဌါနတွေမှာ တတ်သူက ဥက္ကုဌလုပ်ကြ။ သည်လိုမျိုးမီဒီယာတွေ ဖြုတ်ထုတ်သတ်လုပ်ရမည်ဖြစ်သည်။ သို့မဟုတ်က ကျွန်တော်တို့မှာကိုယ်ပြောချင်ရာကိုလည်းမပြောရ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါဟု ပြည်သူတွေကိုလည်း မစည်းရုံးရ။ မတိုက်တွန်းရနှင့် ရွေးကောက်ပွဲကြီးပြီးစီးသွားသည်ကို လက်ပိုက်ကြည့်နေရမည့်ဘ၀ ရောက်နေပါပြီ။ စစ်အစိုးရမှာ မီဒီယာနှင့် ပါတ်သက်၍ ရေဒီယိုရှိပါသည်။ ရုပ်မြင်သံကြားရှိပါသည်။ သတင်းစာတွေရှိပါသည်။ ထို့ကြောင့် သူတို့မှာမီဒီယာအားကောင်းလွန်းလှပါသည်။ ကျွန်တော်တို့မှာ RFA,DVB နှစ်ခုသာအားကိုးစရာရှိပါသည်။ ဤနှစ်ခုက ပညာသည်ကြီးလုပ်နေတာကို ပညာသည်ကြီးတွေက လက်လျှိုခံကြပြီဆိုမှဖြင့် မီဒီယာကိစ္စကို ဖြုတ်ထုတ်သတ်လုပ်မလားဆိုသော ဒီမိုကရေစီမဲပေးစနစ်အရ ဆုံးဖြတ်ရတော့မည့် အနေအထားရောက်နေပြီလားဟု မေးခွန်းတွေထွက်ပေါ်နေပါပြီ။ ဤအသံကိုကြားနိုင်ကြပါစေဟုလို့တော့ ပြောချင်ပါငည်။

ခိုင်အောင်ကျော် ( နယူးယောက် )

အဆုံးထိဖတ်ရန်...

Saturday, August 21, 2010

Saturday, August 14, 2010

အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်

အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်

နောက်ဆုံးမှာစိန်ခေါ်ပွဲဘဲဖြစ်သည်။ သြဂုတ်လ ၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂနှင့် ပူးပေါင်းခြင်းမပြုခြင်းသမျှ စစ်အစိုးရ၏ ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဟု စိန်ခေါ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာသေးပါလား ဆိုပြီးစိန်ခေါ်လိုက်သည်။ ယနေ့တွင် နိုင်ဝင်ဘာလ ရ ရက်နေ့၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရကကြေညာလိုက်ပြီ။ သည်တော့စိန်ခေါ်ပွဲကို ကြည့်ကြဖို့ဘဲရှိတော့သည်။ ရှေးဦးစွာစိန်ခေါ်ပွဲသည် သဘာဝကျပါရဲ့လားဆိုပြီး တွေးကြည့်ဖို့လိုသည်။ မည်သူတွေကောင်းစားရေးအတွက် စိန်ခေါ်ပွဲနည်း။ နိုင်ငံတကာသည် မြန်မာပြည်သူတို့အတွက် နအဖစစ်အစိုးရကို စိန်ခေါ်ထားသည် ။
ဤအချက်ကို မြန်မာပြည်သူတို့ နားလည်ပါသလား။ ခံစားတတ်ပါသလား။ နလဘိန်းတုံးများဖြစ်နေသောသို့မဟုတ် နိုင်ငံရေးနှင့် ကင်းကွာနေပါသည်ဟု ပြောခံနေရသောပြည်သူများရှိပါသလား။ ယင်းပြည်သူများကို နိုင်ငံရေးပါးဝပါသည်ဟု ဆိုသော ရွေးကောက်ပွဲဝင်မည့်ပါတီများက ပြောဆိုရန်မသင့်ပေဘူးလား။ ဦးအေးလွင်က ပြည်သူတွေမှာ နိုင်ငံရေးနှင့် ကင်းကွာနေ၍ အကြောက်တရားတွေ ၀င်နေကြသည်ဟုပြောဆိုထားပါသည်။ သည်မျှလောက်နိုင်ငံရေးခန့်မှန်းမိသူဖြစ်လျင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပင် အသိအမှတ်မပြုပါဟု ကြေညာထားသော ရွေးကောက်ပွဲကို ယင်းပုဂ္ဂိုလ်များက ဤကိစ္စကိုခန့်မှန်းရကြမည်ထင်သည်။ နလဘိန်းများကို ပြောဆိုနိုင်ကြမည်ထင်ပါသည်။ နိုင်ငံရေးနှင့် ကင်းကွာနေသောပြည်သူများကို ရှင်းပြရဲသော သတ္တိများရှိနေကြဖို့လိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ စိန်ခေါ်ထားလိုက်ခြင်းသည် မြန်မာနိုင်ငံကောင်းစားရေးအတွက်ဖြစ်သည်။ ယင်းအချက်ကို ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများက ကျနော်တို့ထက် ပို၍နားလည်ကြမည်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာခြင်းနှင့် စပ်လှဉ်း၍ပြောဆိုလိုက်ခြင်းမှာ ၂၀၁၀ နှစ်၏အချိန်ကာလကို တွက်ချက်၍ပြောဆိုခြင်းဖြစ်သည်။ ယခုနိုဝင်ဘာ ရ ရက်နေ့တွင် ပြုလုပ်မည်ဆိုလာသည်။ သည်တော့အချိန်ကာလကို တွက်ချက်ကြည့်က ၃ လ ပင်မရှိတော့။ ယင်းကြားထဲစည်းရုံးရေးမဆင်းရသေး။ကိုယ်စားလှယ်များတောင်မရှိသေး။ ပါတီရုံးမရှိသေး။ ပါတီသဘောထားများ ကြေညာချက်မရှိသေး။ပါတီဖွဲ့စည်းပုံတွေ မရှိသေး။
ရွေးကောက်ပွဲဝင်မည်ပြောနှင့်နေကြသောပါတီများမှာ အလွန်အောက်ကျနောက်ကျ နိုင်လွန်းလှပါသည်။ စစ်အစိုးရ၏ပြုသမျခံနေရပါသည်။ ကြံ့ဖွဲ့ပါတီကိုပင် မျက်စောင်းထိုး၍ မကြည့်ဝံ့စရာဖြစ်နေရပါသည်။ စကားကြီးစကားကြယ် နိုင်ငံရေးစကားပြောဖို့ လွပ်လွပ်ခွင့် တရားမျှတခွင့်တို့မှာ သူတို့နှင့် လားလားမျှမဆိုင်။ ကြေညာစတမ်းသဘောထားထုတ်ရုံမျှနှင့် ပါတီဖျက်သိမ်းခံရနိုင်သည်ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပြည်နယ်ရွေးကော်ပွဲကော်မရှင်က ခြိမ်းခြောက်လိုက်သော သတင်းကိုကြားရပြီ။ တခြားပါတီများကိုလည်း သိစေအောင်လုပ်ခြင်းဖြစ်သည့်သဘော။ ဦးဖြိုးမင်းသိန်းတို့က စောစောစီးစီး ရွှေညောင်ပင်က လမ်းခွဲလိုက်ပြီ။ မကြာမှီလမ်းခွဲမည့် ပါတီများထွက်ပေါ်လာနိုင်သည်။ သဘောက သူတို့မှာလုပ်ပိုင်ခွင့်ဘောင်က ဘာမှမရှိသည်ကို အောင့်အီးသည်းညဉ်းမခံနိုင်သည့်အဆုံး ရွေးကောက်ပွဲမှာ သူတို့အနေနှင့် မ၀င်ရောက်တော့ဟု ကြေညာကြတော့မည့် အလားအလာ ရှိလာနိုင်သည်။ ကျွန်တော်ထင်သည်။ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်မည့် ပါတိကြီးမှာ တပါတီမျှမရှိသေးချေ။ သူတို့လိုငွေအင်အားမတောင့်တင်းကြောင်း ၀န်ခံနေကြပြီ။ စည်းရုံးရေးဆင်း၍မရကြောင်း ညီညူနေကြပြီ။ ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်လည်း ပြိုင်ပြီးယှဉ်ပြိုင်၍လည်းရမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားနယ်မြေမှာ သူတို့လူမျိုးပါတီကိုဘဲ ဦးစားပေးကြမည်ဖြစ်သည်။ ရှေးဦးစွာကြံ့ဖွံ့နှင့် တစညပါတီတို့နှင့်ယှဉ်ပြိုင်၍နိုင်မည်ဟု မထင်ထားလျင် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ ၀င်ရောက်ရန်မသင့်။ ယခုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နေရာမှာ ပြည်သူတွေက ၃၃၀ နေရာရွေးချယ်ပြီး စစ်တပ်က ၁၁၀ ရွေးချယ်ပြီးသားရှိမေမည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၂၄ နေရာမှာ ၁၆၈ နေ၇ာကို ပြည်သူတွေက ရွေးချယ်မှာဖြစ်ပြီး ၅၆ ယောက်က ကာကွယ်ရေးစစ်ဦးချုပ်က ရွေးချယ်ပေးမည်ဖြစ်သည်။ ဆိုရလျှင် တိုင်းရင်းသားပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ၁၀ ဦးခန့်ရွေးချယ်ခံရသည်ထားဦး။ ရ၀ဦးသာရွေးချယ်ခံရမည်ဖြစ်ပြီး ကျန်သော ၂၅၀ လွှတ်တော်ကိုယ်စားလှယ်မှာ ကြံ့ဖွံ့နှင့် တစည ပါတီမှဖြစ်သွားနိုင်ပါသည်။ မည်သည့်နည်းနှင့်မျှ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ထဲတွင် အတိုက်အခံပါတီများမှ ၁၀၀ ခန့်ပင်အနိုင်ရရှိမည်မဟုတ်။ သည်တော့ စစ်တပ်က ၁၁၀ ဦးရေနှင့် ပေါင်းလိုက်လျင် နေရာ ၄၄၀ တွင် စစ်အစိုးရက သူတို့ပါတီနှင့် သူတို့ကိုယ်စားလှယ်အတွက် နေရာရှိပြီးသားဖြစ်နေပါပြီ။
ကျွန်တော်တို့မှာ ဒီမိုကရေစီအင်အားစုဖြစ်သော အတိုက်အခံကောင်းများရှိကြပါသည်။ စုစည်း၍မရကြသောကြောင့် အတွေးအခေါ်မတူညီကြခြင်းကြောင့် ပြန့်ကြဲနေကြခြင်းသာဖြစ်သည်။ အကယ်၍ ယခုလိုနအဖစစ်အစိုးရ၏အချိုးကျ လွှတ်တော်ကိုယ်စားလှယ်နေရာကို တွက်ချက်ကြည့်ပြီး ကျန်သောနေရာများအတွက် မိမိတို့ အတိုက်အခံများဘက်က တွက်ချက်ကြည့်လျင် ရွေးကောက်ပွဲမှာ လုံးဝမ၀င်သင့်ကြောင်း တွေ့ရှိနိုင်ပါသည်။ ဒီမိုကရေစီသူရဲကောင်းများသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြှို်မည့်သူထဲတွင် တွေ့မြင်နေကြပါသည် ။ အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာရှည်ကြာပြီး နေလာခဲ့သော နိုင်ငံရေးသမားကြီးတို့မှာ ဒီမိုကရေစီတိုက်ပွဲကို ခုအချိန်ထိ ခါးတောင်းကျိုက်ပြီး တွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ကို တွေ့မြင်နေရပါသည်။ တုပ်တုပ်မျှ မလှူပ်ရဲသော နိုင်ငံရေးကစားကွက်တွင် ဒီမိုကရေစီအောင်ပွဲခံနိုင်ဖို့အရေး နိုင်ငံရေးသမားကြီးတို့က စစ်တုရင်ကစားနေကြသည်မှာ အင်အားချိန်ခွင်လျာမညီဘဲဖြစ်နေပါသည်။ အကယ်၍ယခုလိုချိန်ခွင်လျှာညီမည့်အချိန်မှာ စစ်အစိုးရ၏ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်တော့ပါဟု ကြေညာလိုက်သည်ဆိုလျင် စစ်အစိုးရသည် မည်သည့်နည်းနှင့်မျ ရွေးကောက်ပွဲကို ရှေ့ဆက်မတိုးတော့။ အကြောင်းမှာသူတို့ပွဲဖြစ်မြောက်နေခြင်းမှာ ရွေးကောက်ပွဲဝင်မည့်ပါတီများကြောင့်ဖြစ်သည်။
ဆိုကြပါစို့။ ၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ရှုံးမည်ပွဲ၌ မပါဝင်ခြင်းကြောင့် နိုင်ငံရေးလာကမှ ထွက်ခွါသွားရလိမ့်မည်လည်း မဟုတ်ချေ။ ယင်းမှာနိုင်ငံရေးကစားကွက်ပုံဖေါ်ခြင်းတခုသာဖြစ်သည်။ နအဖဖစစ်အစိုးရသည် စိန်ခေါ်လိုက်သည်ဆိုသော်လည်း သူတို့မှာ အနာဒဏ်ရာမရှိမဟုတ်။ နောက်ကြောမှာထိုးထားသောဒဏ်ရာက နာကျင်နေသည့်ကြားမှ စိန်ခေါ်လိုက်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍စစ်အစိုးရပုံဖေါ်ခြင်းကို လိုက်မည်လားဆိုသော ပြသနာကို စဉ်းစားရန်လိုပြီ။ တချိန်တည်းမှာပင် မိမိတို့နိုင်ငံရေးပုံသဏ္ဍန်ကို အကောင်အထည်ဖေါ်သင့်ရန်လည်းလိုသည်။ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် အာဏာပြသနာဖြစ်သည်။ မိမိတို့ပြောချင်ဆိုချင်သော ပြသနာမှာ အာဏာပြသနာဖြစ်သည်။ ထို့ကြောင့် အာဏာတစက်မျှမရရှိသော ယင်းပုံစံခွက်ကို ပြုပြင်နေစရာလည်းမလို။ ပုံစံခွက်တခုကို မိမိတို့ဘာသာ ဖန်တီးရန်လိုသည်။ ဤနေရာ၌ ပြည်တွင်းပြည်ပပြသနာတွေရှိနေသည်။ ပြည်ပအနေအထားသည် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုထားနှင့်ပြီ။ ပြည်တွင်းမှမူ သာမန်ပြည်သူတွေက ရွေးကောက်ပွဲတွင် မဲမပေးရေးကို ပြောဆိုနေကြပြီ။ စစ်တပ်ထဲတွင်မူ နှစ်ခြမ်းကွဲနေပြီ။ ရဲမွန်တပ်ရင်းသည် နေပြည်တော်အမိန့်အာဏာဟူသမျှကို လက်မခံတော့ ။ သူတို့၏မိသားစုစားဝတ်နေရေးအတွက် သေနတ်တပြင်ပြင်ရှိနေပြီ။ ငတ်ပြတ်နေသောသူတို့၏မိသားစုများအတွက် ရဲမွတ်တပ်ရင်းမှ ရဲဘော်များသည် နေပြည်တော်မှလာသော အမိန့်ကို မနာခံတော့။ တသွေးတသံတမိန့်ဟု နာမည်ကြီးနေသော နအဖတပ်မတော်သည် ယခုပြိုကွဲနေပြီဖြစ်သည်။ ခလရ ၂၂ မှာလည်း ထွက်ပြေးသူထွက်ပြေးနှင့် တပ်ပြေးတွများနေကြပြီ။ တပ်မတော်ပြိုကွဲမှ နိုင်ငံရေးရာသီပြောင်းလဲသွားမည့် လက္ခဏာရှိနေပြီ။ ဤအချက်သည်
နိုင်ငံရေးအခြေအနေများကို ပြောင်းလဲစေနိုင်သော အချက်များဖြစ်နေသည်။
ကျွန်တော်တို့မှာ နိုင်ငံရေးအခြေနေပြောင်းလဲနိုင်သော နည်းလမ်းများရှိနေပါသည်။ ယင်းမှာ ပြည်တွင်းနိုင်ငံရေးအခြအနေ တင်းကြပ်လာမူများရှိနေခြင်း။ တပ်မတော်အတွင်းပြိုကွဲလာပြီး အမိန့်မနာခံမူများရှိနေခြင်း။ နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းများ ဖြစ်ပေါ်ခြင်း။ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးတပ်များပြသနာတက်လာခြင်း စသည်တို့မှာနိုင်ငံရေးရာသီများကို ပြောင်းလဲသွားစေနိုင်ပါသည်။ ယခုအချိန်တွင် ပြည်သူတွေက ဒိမိုကရေစီသူရဲကောင်းများကို လိုချင်နေကြပါပြီ။ တိုင်းပြည်ကယ်တင်မည့် ပုဂ္ဂိုလ်များကို ရှာဖွေနေကြ တမ်းတနေကြပါပြီ။ နိုဝင်ဘာလ ရ ရက်နေ့မတိုင်ခင် ဒီမိုကရေစီသူရဲကောင်းများကို ပြည်သူတွေ မြင်ချင်တွေ့ချင်နေကြပါပြီ။ ပြည်သူတွေကြားဖြတ်အစိုးရတခုကို ဖွဲ့ချင်နေမြင်ချင်နေကြပါပြီ။ ယင်းကြားဖြတ်အစိုးရထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါနေစရာလည်းမလိုချေ။ အကြောင်းမှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ညစ်ပတ်မသွားအောင် ကြားဖြတ်အစိုးရနှင့် ခပ်ကင်းကင်းထားရန်အရေးကြီးနေပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ တခုခုပြောကြဆိုကြဖို့ မသင့်ပေဘူးလား။ စစ်အစိုးရ၏နိုဝင်ဘာလ ရ ရက်နေ့ ရွေးကောက်ပွဲကို အကောင်းဆုံးဖျက်ဆီးပစ်လိုက်သောနည်းမှာ ကုလသမဂ္ဂနှင့် ပြည်သူတွေက ပူးပေါင်းရေးသာဖြစ်နေသည်မဟုတ်ပါလား။ သည်တော့ စိန်ခေါ်လာလို့ကတော့ ကိုယ်ကဦးမှ ဖြစ်မည်ကိုစဉ်းစားဖို့သာလိုနေပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

အဆုံးထိဖတ်ရန်...

Friday, April 23, 2010

"ဗုံးဖြင့် ရေမကစားသင့်ပါ"

Zaw Win Htun
April 22, 2010

လက်ရှိ ဟော့တ်အဖြစ်ဆုံး မြန်မာသတင်းကို ပြောရမည် ဆိုပါက သင်္ကြန်အတွင်း ရန်ကုန် X2O ရေကစားတဲ့ နေရာမှာ ဗုံးပေါက်ကွဲခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်း စစ်အုပ်စုရဲ့ သတင်းတွေအရတော့ လူ ၈ ဦးသေခဲ့ပြီး ၁၇၀ ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။ ဗုံးဖောက်ခဲ့သူ မည်သူမည်ဝါဆိုတာ တိတိကျကျ မဖော်ပြခဲ့ပေမယ့် မြန်မာ့တော်လှန်ရေးအဖွဲ့အစည်းတွေကို ရိတိတိတော့ လုပ်ပါတယ်။

ဗုံးပေါက်လို့ သေတဲ့သွားတဲ့သူတွေအတွက် ၀မ်းနည်းပူဆွေးကြသလို ဘယ်သူဘယ်ဝါကများ ဒီဗုံးကို ဘာရည်ရွယ်ချက်နဲ့ ဖောက်ရလဲ ဆိုတဲ့ ကြိမ်းဝါးသံတွေကိုလည်း ကြားနေရပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီလိုလုပ်ရပ်မျိုးတွေ မလုပ်သင့်ဘူးလို့လည်း တိုက်ရိုက်စွပ်စွဲကြတယ်။ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ ဒါမျိုးလုပ်တာ လုံးဝ လက်မခံနိုင်ဘူးလို့လည်း ကြေညာကြတယ်။ ၀မ်းနည်းမှု ခံစားမှုတွေနဲ့ ဘယ်သူဘယ်ဝါ လုပ်တာမှန်းမသိတာကို အားလုံး စမ်းတ၀ါးဝါးနဲ့ သုံးသပ်နေကြပါတယ်။ နောင်လည်း သိရမယ် မထင်ပါ။ ဒီဗုံးကို စစ်အုပ်စု ဖောက်ခွဲခဲ့တာဆိုရင် လူတွေကို အကြောင်းမဲ့ သတ်နေတဲ့ စစ်တပ်ဖြစ်တဲ့အတွက် သိပ်တော့ ထူးဆန်းမယ် မထင်ဘူး။ အတိုက်အခံတွေ လုပ်တယ်ဆိုရင်တော့ ပြည်သူတွေ သေကုန်လို့ နည်းနည်းတော့ ထူးဆန်းမှာ။ ဒီနေရာမှာ ဒီဗုံးကို တော်လှန်ရေးသမား၊ အဖွဲ့အစည်းတခုခုက ခွဲခဲ့တယ် ဆိုတဲ့ အခြေခံနဲ့ မရေမရာ သုံးသပ်ကြည့်ရအောင်။

အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးတဲ့။ စစ်ပွဲတွေထဲက အယူအဆကို မြန်မာလို ပြန်ယူထားတဲ့ စကားလုံး။ လူတိုင်း အချစ်ပွဲတွေ မကြာခဏ နွှဲဖူးပေမယ့် စစ်ပွဲကိုတော့ လူတိုင်း ပါဝင်ချင်မှာ မဟုတ်ပါဘူး။ ဗုံးခွဲမှုကို အတိုက်အခံက လုပ်တယ်လို့ အခြေခံထားတဲ့ အတွက် ဒါကို စစ်ပွဲ တပွဲလို သတ်မှတ်ရပါ့မယ်။ မြို့တွင်းတိုက်ပွဲပဲ ခေါ်ခေါ်၊ အကြမ်းဖက်တဲ့ တိုက်ခိုက်မှုပဲ ခေါ်ခေါ် ဒါဟာ တိုက်ပွဲ တခုဆိုကြပါစို့။ ဗုံးခွဲသူအတွက်တော့ ဒါဟာ တိုက်ပွဲတခုကို ဆင်နွှဲတာပါ။ စစ်ပွဲတပွဲကို တရားမျှတမှုရှိမရှိ အပိုင်းနှစ်ပိုင်းခွဲပြီး ပညာရှင်တွေက သုံးသပ်ပါတယ်။

ပထမအပိုင်းကတော့ စစ်ပွဲတခုလုံးဟာ တရားသော စစ်ဖြစ်ရဲ့လားဆိုတဲ့ အပိုင်း။ စစ်ပွဲရဲ့ တရားမျှတမှုပေါ့။ ဥပမာ- ၁၉၉၀ ပြည့်နှစ် ပထမ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန်ဟာ ကူဝိတ်ဘက်ကနေ အီရတ်ရန်ကို တွန်းလှန်ပေးခဲ့တယ်။ အီရတ်ရဲ့ ရန်စမှုကြောင့် ကူဝိတ်ဘက် ကူတိုက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ ပါဝင်မှုဟာ တရားမျှတဲ့ ပါဝင်မှုလို့ ဆိုနိုင်ပါတယ်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ဟာ ကျူးကျော်သူ အင်္ဂလိပ်တွေနဲ့ ဂျပန်တွေကို နည်းမျိုးစုံနဲ့ တွန်းလှန်ခဲ့တာလည်း တရားသော စစ်တခုကို ဆင်နွှဲခဲ့တာပါ။ မြန်မာပြည်က လက်နက်ကိုင်တော်လှန်ရေးစစ်ပွဲတွေကရော တရားရဲ့လား။ မတရားတဲ့ နည်းမျိုးစုံနဲ့ ကိုယ့်ကိုဖိနှိပ်နေတဲ့ အစိုးရကို ပြန်တွန်းလှန်တဲ့ အတွက် ဒါဟာ တရားသော စစ်ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ စစ်အုပ်စုကို တိုက်တိုက် တရားပါတယ်။ ရန်ကုန်ဗုံးခွဲမှုမှာ ဗုံးဖောက်ခွဲ သူဟာ လုံခြုံရေးတွေ ရောက်နေတဲ့ အချိန်မှာ ချိန်ကိုက် တိုက်ခိုက်ခဲ့တာလို့ ခံယူမယ်ဆိုရင် သူဟာ တရားသော စစ်ကို ဆင်နွှဲနေ သူဖြစ်ပါတယ်။ သူ့ရဲ့ပစ်မှတ်ဟာ မတရားတဲ့စစ်အုပ်စုကို ဖြစ်လို့ အဖိနှိပ်ခံဘက်က ရပ်တည်သူတွေ ရဲရဲကြီး ကောင်းချီးပေးသင့်ပါ တယ်။

ဒုတိယအချက်ကတော့ စစ်ပွဲတွေမှာ သုံးတဲ့ နည်းဗျူဟာတွေကို ကြည့်ပြီး စစ်ပွဲကတရားရဲ့လားဆိုတာ သုံးသပ်တာ ဖြစ်ပါတယ်။ စစ်ပွဲထဲက တရားမှုတမှုပေါ့။ ပထမအချက်မှာ မတရားတဲ့စစ်ဖြစ်နေရင် ဒုတိယအချက်က မလိုတော့ပါဘူး။ စစ်သုံ့ပန်းတွေကို ဘယ်လိုဆက်ဆံလဲ၊ အပြစ်မဲ့တဲ့ ဆေးအဖွဲ့တွေ ပြည်သူတွေကို ဘယ်လိုတိုက်ခိုက်လဲစတဲ့ အချက်ပေါင်းမြားစွာကို အခြေခံပြီး သုံးသပ်ပါတယ်။ အရပ်ဝတ်နဲ့ ထမင်းစား၊ ရေချိုးနေတဲ့ စစ်သားကို တိုက်ခိုက်ရင်တောင် ဒါဟာ မတရားမှုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် စစ်ပွဲဆိုတော့ အဖိတ်အစင်လည်း ရှိနိုင်တာပေါ့။ စစ်သားတွေကို တိုက်ခိုက်ရင်းနဲ့ အပြစ်မဲ့ ပြည်သူတွေ ပါသွားတာလည်း အများကြီးပါ။ ဒါကိုရော ဘယ်လိုသုံးသပ်လဲ။
(၁) တိုက်ပွဲတခုမှာ တိုက်ခိုက်သူတွေ ဘာကို ရည်ရွယ်တိုက်ခိုက်သလဲ။ သူတို့ရဲ့ ပစ်မှတ်ဟာ ရန်သူကိုပဲ ဖြစ်ရပါမယ်။ ရန်သူကို အနိုင်ရချင်လို့ သူ့ပြည်သူကို တိုက်ခိုက်တာမျိုး မရပါဘူး။ သင်္ကြန်ဗုံးဟာ ရန်သူလုံခြုံရေးကိုပဲ ပစ်မှတ်ထားတယ်ဆိုရင် ဒီအထိ ဗုံးခွဲသူဟာ တရားမျှတတဲ့ ဘက်မှာ ရှိနေပါသေးတယ်။
(၂) ရန်သူကို တိုက်ခိုက်ရင်းနဲ့ ပြည်သူတွေ သေသွားတယ်ဆိုရင် သေဆုံးသူ အရည်အတွက်ကို အချိုးချရပါမယ်။ ရန်သူကျဆုံးမှုဟာ ပြည်သူကျဆုံးမှုထက် ပိုများရပါမယ်။ ဒီနေရာမှာ ဂျပန်ကို အနုမြူဗုံးကျဲတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့သူတွေဟာ စစ်ကြီး မပြီးသေးပဲ ဆက်ဖြစ်နေမယ်ဆိုရင် အနုမြူဗုံးဒဏ်ကြောင့် သေမယ့်လူအရေအတွက်ထက် ပိုများနိုင်တယ်လို့ တွက်ချက်ခဲ့ကြတယ်။ ဒါကြောင့် ဗုံးကိုချခဲ့သူ ကိုယ်တိုင် သေတဲ့အထိ သူမှန်တယ်လို့ပဲ ခံယူသွားခဲ့တယ်။ ရန်သူဆယ်ယောက်လောက် သေတာကို ပြည်သူနှစ်ယောက် လောက် သေတာနဲ့ လဲလို့ရတယ်ဆိုတဲ့ သဘောပေါ့။ သင်္ကြန်ဗုံးမှာတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ သေတာ ထိခိုက်တာ ပိုများသွားတဲ့ အတွက် ဗုံးခွဲသူဟာ မတရားမှုတခုကို ကျူးလွန်လိုက်တာလို့ စွပ်စွဲနိုင်ပါတယ်။ နောက်ဆုံးရလဒ်မှာ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်တာ များသွားတဲ့အတွက် ပြည်သူ့ဘက်တော်သားတွေ ဗုံးခွဲသူကို တရားမဲ့ဝါဒီ၊ မတရားမှုကို မြတ်နိုးသူလို့ လူသတ်ကောင်လို့ ရဲရဲကြီး ကင်ပွန်းတပ်နိုင်ပါတယ်။

မြန်မာနှစ်သစ်ကူးမှာ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ ထူးထူးခြားခြားဖြစ်လို့ ပြည်သူတရပ်လုံး လှုပ်လှုပ်ရှားရှားဖြစ်သွားတာတော့ သဘာဝကျပါ တယ်။ တခြားတိုင်းပြည်က ပေါက်ကွဲမှုတွေနဲ့ ယှဉ်ရင်တော့ အသေးအဖွဲလေးပါပဲ။ နယ်စပ်ဒေသနဲ့ တောခေါင်ခေါင်မှာ ဖြစ်နေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက မြို့တွင်းအထိ ရောက်လာပြီလားပေါ့။ ဒါပေသိ ဗုံးခွဲသူဟာ ဘယ်သူလဲ။ တရားခံအစစ်ဟာ ဘယ်သူ လဲ။ ခွဲခွဲခြားခြားတို့ သိဖို့လိုပါမယ်။ ဖော်ထုတ်ဖို့လည်း လက်ရှိ အစိုးရအဖြစ် တာဝန်ယူထားတဲ့ စစ်အုပ်စုမှာ တာဝန်ရှိပါတယ်။ ဗုံးခွဲသူရဲ့ ရည်ရွယ်ချက်ကိုလည်း ဘယ်သူမှ မသိနိုင်ပါ။ သိနိုင်ဖို့လည်း မလွယ်ပါ။ ဒါကြောင့် ခွဲခွဲခြားခြားနဲ့ ချင့်ချင့်ချိန်ချိန်သုံးသပ် ဖို့တော့ လိုပါမယ်။ ပြည်သူတွေ နှစ် ၅၀ လောက် အလိမ်ခံခဲ့ရတယ်။ နောင်လည်း ဘယ်အထိ လိမ်နေဦးမယ်မှန်းမသိပါ။ ဒါကိုတော့ မမေ့စေချင်ပါဘူး။ အားလုံးမှာ ကိုယ့်အမြင်ကို မှန်တယ်လို့ ယူဆနိုင်သလို တခြားသူအမြင်ကိုလည်း မှားတယ်လို့တော့ မစွပ်စွဲစေ ချင်ပါဘူး။

အပြစ်မဲ့ပြည်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းမှ ကင်းဝေးပါစေ။

(၀န်ခံချက်။ ။ ဖတ်မိ မှတ်မိ သင်ယူမိသမျှ ခေါင်းထဲမှာ ကျန်ခဲ့တာတွေကိုပဲ ချရေးလိုက်တဲ့အတွက် စာနဲ့ပေနဲ့ စနစ်တကျ ကိုးကား မဖော်ပြနိုင်တာကိုတော့ နားလည်စေချင်ပါတယ်။)
Copy from http://theburmadiary.blogspot.com

အဆုံးထိဖတ်ရန်...

Thursday, April 1, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးထိုက်တန်သော စကားတစ်ခွန်း

Bogyoke+Aung+San

အဆုံးထိဖတ်ရန်...

“ လူထုတိုက်ပွဲ ၊ ဦးဆောင်ပါတီ NLD ”

စစ်အုပ်စုရဲ့ နိုင့်ထက်စီနင်းထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ၊ ရွေးကောက်ပွဲကော်မရှင်ဥပဒေ တွေက NLD ဘာလုပ်မလဲလို့ စိန်ခေါ်ခဲ့ပါတယ် ။ စစ်အုပ်စုရဲ့ ထိုးနှက်မှုကြောင့် NLDပါတီတွင်း ရှေ့ ဘယ်လိုရပ်တည်မလဲ ၊ သဘောထားကွဲလွဲမှုတွေ ထုံးစံ အတိုင်းရှိခဲ့ပေမဲ့ “ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ ” ဆိုတဲ့ ၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်နဲ့ ရွှေဂုံတိုင်ကြေငြာစာတမ်းကို အခိုင်အမာ ဆုတ်ကိုင်ရင်း ၊ အညံ့မခံ အရှုံးမပေးတဲ့ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ချမှတ်လိုက်ပါပြီ ။
ဒါဟာ စစ်အုပ်စုရဲ့ စိန်ခေါ်မှုကို “မှတ်ပုံမတင်ဘူး ၊ ဘာလုပ်မလဲလို့ ” စိန်ခေါ်မှုနဲ့ပဲ တုန့်ပြန် လိုက်တာဖြစ်ပါတယ် ၊ ခုလောက် ညီညွတ်ကြမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ရည်ရွယ်ချက်ရှိရှိ NLD ပြိုကွဲအောင်လုပ်ခဲ့ပေမဲ့ ၊ ဒီလို မပြိုမကွဲ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တော့ စစ်အုပ်စု နည်းနည်းတော့ပြာယာခတ်သွားမှာပါ ။
ဒါပေမဲ့ ဒီလိုဖြစ်လာရင်ဘာလုပ်မလဲလို့ ကြိုပြင်ထားတာမျိုးလဲရှိမှာပါ ၊ သူတို့ရဲ့ ထုံးစံအတိုင်း တက်ကြွသူတွေကိုဖမ်းမယ် ၊ မတရားအသင်းကြေငြာမယ် ၊ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်း မယ် ၊ အနိုင်ကျင့်မှုမျိုးစုံကို ကောက်ကျစ်တဲ့နည်းလမ်းစုံသုံးပြီး လုပ်လာမယ် ၊ ကြံ့ဖွတ်တွေ ၊ ရာဇ၀တ်သားတွေကိုသုံးပြီး NLDအဖွဲ့ဝင်တွေကို ၀ိုင်းရိုက်တာမျိုး တွေလုပ်လာမယ် ၊ ပြီးတော့ NLD ထဲက မှတ်ပုံတင်ချင်တဲ့လူကြောက်တွေ ၊ ရွေးကောက်ပွဲဝင်ချင်တဲ့ အခွင့်ရေးသမားတွေ၊ ကို မြှောက်ပေးပြီး အနိမ့်ဆုံးအဆင့် NLDကနှုတ်ထွက်ပါသည်ဆိုတာမျိုး ၊ လုပ်ခိုင်းနိုင်ပါတယ်။ NLD အနေနဲ့လဲ ရှေ့ လုပ်ငန်းစဉ်တွေ ပြင်ရပါတော့မယ် ၊ စစ်အုပ်စုရဲ့ မတရားတဲ့ဥပဒေတွေ အောက်မှာ ပါတီမှတ်ပုံမတင်ဘူး ၊ တင်စရာမလိုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ၊ စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ၊ ဗမာပြည် ပြည်သူလူထုကြားမှာ ၊ ဒီမိုကရေစီ အင်အားစုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်သာဖြစ်ပါတယ် ၊ အဲဒီ ရပ်တည်ချက် ခိုင်မာကြောင်းပြဘို့ ၊ ရန်ပြုလာမဲ့စစ်အုပ်စုကိုကာကွယ်ဘို့ ၊ လုပ်ငန်းစဉ်တွေချမှတ်ရပါမယ် ။
ရွှေဂုံတိုင်ကြေငြာစာတမ်းပါအချက်တွေကို ကြွေးကြော်သံအဖြစ်ကိုင်ဆွဲရင်း လူထုကို ဦးဆောင် ရပါမယ် ၊ NLD ဟာ လူထုဦးဆောင်ပါတီ ၊ လူထုရှေ့ က တပ်ဦးပါတီ ဖြစ်နေရပါမယ် ။ စစ်အုပ် စုက ဖိနှိပ်မှုမျိုးစုံလုပ်လာခဲ့ရင် နယ်စပ်ကိုထွက်လာတာမျိုးမဖြစ်ဘို့တော့ သတိထားရပါမယ် ။ ကိုယ်ကနယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့တောင်းပန်ပါတယ် ၊ စစ်အုပ်စုက နယ်စပ်ကတော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေမှာ ဂရုကိုမစိုက်ပါ ဘူး ၊ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ ၊ လူတွေနယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကိုခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ ၊ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ် သွားကြတာများပါတယ် ၊ လက်ရှိနယ်စပ်တွေမှာရှိနေကြတဲ့ နိုင်ငံရေးသမားဆိုသူ အများစုဟာ အလုပ်သမားရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ကလေးအခွင့်အရေး ၊ အမျိုးသမီးအရေး စသဖြင့် ခေါင်းစဉ်တွေပြ ၊ NGO တွေနဲ့ပေါင်းပြီး ကိုယ့်ရပ်တည်ရေးအတွက်ကိုယ် လုပ်နေကြတာများ ပါတယ် ၊ လင်မယားနှစ်ယောက်ရှိရင် လင်ကတစ်ဖွဲ့ မယားကတစ်ဖွဲ့ ၊ လင်မယားနှစ်ယောက် ပေါင်းပြီး တပ်ပေါင်းစုရယ်လို့ တစ်ဖွဲ့ ၊ နှစ်ယောက်ရှိရင် သုံးဖွဲ့ ဖွဲ့ပြီး လစာထုတ်စားနေကြတဲ့ လခစားနိုင်ငံရေးသမားတွေ များပါတယ် ( မှန်မှန်ကန်ကန် တိုက်ပွဲဝင်နေသူတွေကို မပြောပါ) ။ ဒါကြောင့် စစ်အုပ်စုက နယ်စပ်ကလူတွေကိုမကြောက်ပါဘူး ၊ ပြည်တွင်းထဲက NLD အဖွဲ့ဝင် တွေကိုတော့ လူငယ်လေးတွေကအစ ကြောက်ပါတယ် ၊ ပြည်သူတွေနဲ့ထိတွေ့နေပြီး ပြည်သူ့ အုံကြွမှုကို ဦးဆောင်နိုင်မဲ့သူတွေ ဖြစ်သွားမှာစိုးရိမ်လို့ ပါ ။ ဗမာပြည်အကျဉ်းထောင်အသီးသီး က နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်မှာ NLD အဖွဲ့ဝင် ၅၀၀ နီးပါးရှိနေတာ ၊ လူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့ NLD ကို ၊ စစ်အုပ်စု တလျှောက်လုံး ကြောက်နေခဲ့လို့ပါ ။ အဲဒီတော့ အဖမ်းခံစရာရှိ ရဲရဲအဖမ်းခံ ၊ သေစရာရှိရဲရဲသေပြီး ပြည်တွင်းမှာပဲ ပြည်သူတွေနဲ့ အတူ တိုက်ပွဲဝင်ရင်ဖြတ်သန်းဘို့ ၊ ပြည်သူကိုဦးဆောင်မှုပေးဘို့ အားနာနာနဲ့ပဲ တောင်းဆို ပါရစေ ။ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည် ’ လို့ တဆက်တည်းဆုံးဖြတ်ခဲ့တာ ဒီကနေ့အဖြေအနေနဲ့ အကိုက်ညီဆုံးတောင်းဆိုမှုပါ ၊ အရေး ကြီးတာက တောင်းဆိုမှုက အချိန်အကန့်အသတ်လိုနေပါတယ် ၊ ပြီးရင် အဲဒီအချိန်အတွင်း တောင်းဆိုမှုကိုမလိုက်လျောရင် ဘာလုပ်မလဲဆိုတာပါ ၊ ကြိုတင်ပြင်ထားဘို့လိုပါတယ် ၊ တောင်းဆိုနေရုံသက်သက်ဆိုရင်တော့ စစ်အုပ်စုက မလိုက်လျောတတ်ဘူးဆိုတာ ၊ ၂၁နှစ်စာ အတွေ့အကြုံတွေကနေ သိသင့်ပါပြီ ၊ တိုက်ပွဲနဲ့ တောင်းဆိုမှရမှာပါ ။
ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလဲ NLD ကို တပ်ဦးတင် လိုက်ပါဘို့ လိုပါတယ် ၊ စစ်အုပ်စုက NLD ကို ၂၁နှစ်တာကာလ တလျောက်လုံး နှိပ်ကွပ်ခဲ့ သလို ၊ ခုလဲ အရင်ထက်ဆိုးတဲ့ နှိပ်ကွပ်မှုတွေနဲ့ တုန့်ပြန်လာတော့မှာပါ ၊ ခုချိန်မှာ NLD အရေး ဟာ ပြည်သူ့အရေးပါ ၊ NLD ဖြိုခွဲခံရရင် ကျွန်တော်တို့တော်လှန်ရေး ကြာသထက်ကြာနေဦးမှာပါ ၊ “စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီမှတ်ပုံတင်ဘို့မလိုပါ ”ဆိုတဲ့ NLDရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်ဆိုတာမျိုး ၊ ကြေငြာချက်တွေထုတ်နေရုံသာမဟုတ်ပဲ NLD နှင့်ထပ်တူ ထိထိရောက်ရောက်တိုက်ပွဲဝင်မှုမျိုး လုပ်ကြရပါတော့မယ် ၊ ၂၀၁၀ လူထုတိုက်ပွဲ ကြီး လူထုအရေးတော်ပုံကြီးဆင်နွှဲဘို့ အချိန်ကျပြီ ၊ ဦးဆောင်ရမှာက NLD ပါ ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်

ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်


ယုံကြည်ချက်ဖြင့်
ရဲဘော် ဗိုလ်သူ

အဆုံးထိဖတ်ရန်...

Thursday, March 25, 2010

လမ်းလည်းဆုံးပြီ၊ ပြေးစရာမြေလည်း မရှိတော့ပြီ

ဓူဝံကြယ်ပမာ ရှိနေမည် (ဘွဲ့ဖြူ)


မျှော်လင့်တုန်း ကြော့ဆုံး ရောက်လာတာတော့ မဟုတ်ပါဘူး။ “တောင့်တတုန်းအခါ ပေါ်ထွက်လာ သတ္တ၀ါဓလေ့ စိတ်ချမ်းမြေ့” ဆိုတဲ့ သံပေါက်နဲ့ တင်စားဖို့ကတော့ ‘ဝေးစွခြောက်ပါး’ ပါပဲ။

ဒါပေမယ့် မြန်မာပြည်ကို ချစ်မြတ်နိုးသူအားလုံး စိတ်မချမ်းမြေ့စွာ စောင့်ဆိုင်းနေခဲ့ကြရတဲ့ ကပ်ဘေးဆိုးကြီးဟာ နောက်ဆုံးမှာတော့ အမှန်တကယ်ကိုပဲ ကျရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ အတ္တ၀ါဒီ အာဏာရှင်စစ်ဗိုလ်တစုဟာ ပဲ့ကိုင်နေရာ သူတို့အဓမ္မတက်ယူထားတဲ့ သင်္ဘောကြီးကို ဧရာမ ကျောက်ဆောင်ကြီးနဲ့ ၀င်ဆောင့်ပစ်လိုက်ကြပါပြီ။

မြန်မာပြည်သူလူထု အများစုကြီးရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်များ ထင်ဟပ်နေတဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်များအပြင် ဒီပဲယင်းလူသတ်ပွဲကြီး အပါအ၀င် န၀တ/နအဖတို့ရဲ့ ရက်ရက်စက်စက် လုပ်ဆောင်ခဲ့သမျှ အားလုံးကို သင်ပုန်းချေပြီး နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးပါရစေဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုကျိုးနှိမ့်ချတဲ့ တောင်းဆိုချက်ကိုပါ လုံးဝဥပက္ခာပြု လျစ်လျူရှုပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို တဖက်သတ် ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြင့် နအဖဟာ မြန်မာပြည်သူလူထုကြီးတရပ်လုံးနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အပြီးသတ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ပြီဖြစ်ပါတယ်။ တနည်းပြောရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြော်အမြင်ကြီးမားစွာ ချပြခဲ့တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းနှစ်လမ်းအနက် နအဖက ဒုတိယလမ်းကို ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

လုံးလုံးလျားလျား မျှော်လင့်မထားတာ မဟုတ်တဲ့အတွက် နအဖရဲ့ အဲဒီလုပ်ရပ်ဟာ မြန်မာနဲ့ ကမ္ဘာ့ပြည်သူတွေကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့တဲ့ လုပ်ရပ်တခုတော့ မဟုတ်ပါဘူး။ နှိုင်းယှဉ်ကြရမယ်ဆိုရင်တော့ အတိုင်းတိုင်း အပြည်ပြည်က မလုပ်ဖို့ အတန်တန် မေတ္တာရပ်ခံ တောင်းပန်နေတဲ့ကြားက ပါကစ္စတန်နိုင်ငံမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ၀န်ကြီးချုပ် အလီဘူတိုကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ်က ကြိုးပေးကွပ်မျက်လိုက်တဲ့အခါ၊ နိုက်ဂျီးရီးယားနိုင်ငံမှာ ကမ္ဘာသိ ပြဇာတ်ရေးဆရာတဦး အပါအ၀င် အတိုက်အခံ (၁၀) ဦးကို အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ဆန်နီအဘာချာက ကွပ်မျက်စီရင်လိုက်တဲ့အခါ၊ ကမ္ဘာ့ပြည်သူတွေ ခံစားခဲ့ကြရတဲ့ ကြေကွဲဝမ်းနည်းမှုမျိုးနဲ့ ဒီကနေ့ ဗမာစစ်အာဏာရှင်တစုရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့ပြည်သူတွေ ခံစားရတဲ့ ကြေကွဲဝမ်းနည်းမှု ဆင်တူနေမှာ သေချာပါတယ်။

နအဖရဲ့ ကြေညာချက်တွေနဲ့ မရှေးမနှောင်းမှာ ထွက်ပေါ်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ အဲဒီခံစားချက်ကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ ဒီနေရာမှာ မှတ်သားစရာကောင်းတာတခုက ဗိုလ်ချုပ်ကြီး ဇီယာအူလ်ဟတ်ရော ဗိုလ်ချုပ်ကြီးဆန်နီအဘာချာပါ သက်တမ်းစေ့မနေရဘဲ သေဆုံးသွားခဲ့ကြရတဲ့အဖြစ်ပါ။ ပါကစ္စတန် ဗိုလ်ချုပ်ကြီးက လေယာဉ်ပေါက်ကွဲပျက်ကျမှုတခုမှာ သေဆုံးသွားခဲ့ပြီး နိုက်ဂျီးရီးယား ဗိုလ်ချုပ်ကြီးကတော့ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးသွားတယ်လို့ သူ့နိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘာပဲပြောပြော နအဖကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မျက်ကန်းတစ္ဆေမကြောက် သူလုပ်စရာရှိတာကို လုပ်လိုက်ပါပြီ။ အဲဒီတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လူသားစင်စစ် ဧကန်ဖြစ်မှုအတွက် အရေးအပါဆုံးသော အင်္ဂါရပ်များအဖြစ် သဘောထားကြတဲ့ မြန်မာပြည်သူများနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စိတ်မချမ်းမြေ့မှုများ၊ ကြေကွဲဝမ်းနည်းမှုများနဲ့ မကျေနပ်မှုများကို ခွန်အားအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ပြီး ကိုယ်လုပ်စရာရှိတာကို လုပ်ကြရတော့မှာပဲဖြစ်ပါတယ်။

ဘောလုံးကတော့ ကွင်းရဲ့ကိုယ့်ဘက်အခြမ်းကို နောက်တကြိမ် ရောက်လာပြန်ပြီလို့ ဆိုရပါလိမ့်မယ်။ နောက်တကြိမ်လို့ ပြောရတာက ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ခဲ့ချိန်ကစလို့ အခုအထိ ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ဘောလုံးဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ကွင်းဘက်အခြမ်းကို အကြိမ်ကြိမ် ရောက်လာခဲ့ဖူးပြီးဖြစ်လို့ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်က အရေးတော်ပုံကြီးရဲ့ အရှိန်အဟုန် အမြင့်ဆုံးအချိန်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လူထုလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်တွေဟာ ကိုယ့်ခြေထဲရောက်နေတဲ့ ဘောလုံးကို ဂိုးအဖြစ် အချိန်မီ မပြောင်းလဲနိုင်ခဲ့ကြတဲ့အတွက် စစ်အာဏာရှင်တွေက စက်တင်ဘာ (၁၈) အာဏာသိမ်းပွဲနဲ့ ဘောလုံးကို လုယူသွားခဲ့ကြပါတယ်။

ဒုတိယတကြိမ်က အရေးတော်ပုံကြီးရဲ့ အရှိန်အမြင့်ဆုံးကာလမှာ တောင်းဆိုခဲ့တဲ့ ကြားဖြတ်အစိုးရ တောင်းဆိုချက်ကို ဆက်လက်ကိုင်စွဲမလား ဒါမှမဟုတ် န၀တ ချပေးတဲ့ ပါတီတွေ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ရေးလမ်းကြောင်းကို လိုက်မလားဆိုတဲ့ ရွေးချယ်စရာနှစ်ခုအနက် တခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါမှာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း လူထုလှုပ်ရှားမှုခေါင်းဆောင်တွေဟာ န၀တလမ်းကြောင်းအတိုင်း လိုက်ပါလျှောက်လှမ်းဖို့ ရွေးချယ်လိုက်ကြခြင်းဖြင့် ကိုယ့်ခြေထဲက ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘဲ န၀တ စစ်အာဏာရှင်တွေရဲ့ ကွင်းဘက်အခြမ်းကို ရောက်သွားစေခဲ့ပြန်ပါတယ်။

တတိယအကြိမ်က ဂန္ဓီခန်းမညီလာခံပါ။ ဒီအချိန်မှာ ရွေးကောက်ပွဲ ပြီးသွားပြီ ဖြစ်တဲ့အတွက် အဲဒီရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ (၈၀) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီဟာ လူထုခေါင်းဆောင် လူထုတပ်ဦးပါတီ ဖြစ်နေပါပြီ။ ဒါကြောင့် ရွေးကောက်ပွဲအပြီး ပထမဆုံးကျင်းပတဲ့၊ အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်အားလုံး တက်ရောက်တဲ့ ဂန္ဓီခန်းမညီလာခံဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ သိပ်ကိုအရေးပါပါတယ်။ ဒါပေမယ့် အဲဒီညီလာခံမှာလည်း လူထုခေါင်းဆောင်တွေဟာ ကိုယ့်ခြေထဲမှာရှိနေတဲ့ ဘောလုံးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိတဲ့အတွက် ဘောလုံးဟာ န၀တ စစ်အာဏာရှင်တွေရဲ့ ကွင်းဘက်အခြမ်းကို ပြန်ရောက်သွားခဲ့ရပြန်ပါတယ်။

အဲဒီအကြိမ်နဲ့ မရှေးမနှောင်း လူထုခေါင်းဆောင်တွေရဲ့ ကွင်းဘက်အခြမ်းကို စတုတ္ထအကြိမ် ဘောလုံးရောက်လာပြန်တဲ့ အဖြစ်အပျက်က ဂန္ဓီခန်းမညီလာခံမှာ အန်အယ်လ်ဒီခေါင်းဆောင်တွေ တစုံတရာကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆုံးဖြတ်ကြေညာလိုက်မှာကို အကြောက်ကြီးကြောက်သွားတဲ့ န၀တ ကမူးရှူးထိုးရေးပြီး ကသောကမြော ထုတ်ပြန်လိုက်တဲ့ (၁/၉၀) ကြေညာချက်ကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေဟာ ကိုယ့်ဘက်အခြမ်းရောက်လာတဲ့ ဘောလုံးကို ဖြုန်းတီးပစ်ခဲ့ကြပြန်ပါတယ်။

ပဉ္စမအကြိမ်က ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအ၀င် ဒီမိုကရေစီရေးအတွက် အတက်ကြွဆုံး လှုပ်ရှားနေသူတွေကို နအဖက ပါတီထဲက ထုတ်ခိုင်းတဲ့ ကိစ္စဖြစ်ပြီး ဆဋ္ဌမအကြိမ်က နအဖရဲ့ အမျိုးသားညီလာခံတက်မလား၊ မတက်ဘူးလား ဆိုတာကို ရွေးချယ်ရတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီနှစ်ကြိမ်စလုံးမှာလည်း အန်အယ်လ်ဒီခေါင်းဆောင်တွေဟာ ကိုယ့်ကွင်းဘက်အခြမ်း ရောက်လာတဲ့ ဘောလုံးတွေကို အကျိုးရှိရှိ အသုံးမချနိုင်ဘဲ နအဖ ခြေထောက်ထဲကိုပဲ ပြန်ကန်ပို့ခဲ့ပါတယ်။

၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခဲ့ပြီးတဲ့နောက်မှာတော့ အန်အယ်လ်ဒီဟာ ဒေါ်စုအပါအ၀င် ခေါင်းဆောင် (၃) ဦးကို ပါတီထဲပြန်ထည့်ခြင်း၊ နအဖ အမျိုးသားညီလာခံက နုတ်ထွက်ခြင်းတို့ဖြင့် မိမိရဲ့ကစားကွက်အမှားကို စတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အမျိုးသားညီလာခံကို ပြန်တက်မလား၊ မတက်ဘူးလားဆိုတဲ့ လမ်းဆုံလမ်းခွနဲ့အတူ ဘောလုံးကိုယ့်ကွင်းဘက် အခြမ်း ရောက်လာပြန်တဲ့အခါမှာတော့ အန်အယ်လ်ဒီဟာ ကစားကွက်ကောင်းကောင်းနဲ့ ကစားပြီး နအဖကို အကျပ်အတည်း ကောင်းကောင်း ပေးနိုင်ခဲ့ပါတယ်။ အန်အယ်လ်ဒီပေးတဲ့ အဲဒီအကျပ်အတည်းကြောင့်ပဲ နောက်ပိုင်းမှာ နအဖဟာ သူ့ရဲ့ မူလဗီဇ ဘီလူးရုပ်ကို လုံခြုံအောင် ဖုံးအုပ်ထားနိုင်စွမ်းမရှိတော့ဘဲ ဆက်ကာဆက်ကာ ဖွင့်လှစ်ဖော်ထုတ် ပြသလာခဲ့ရတော့တာ ဖြစ်ပါတယ်။

ဒီတကြိမ် အန်အယ်လ်ဒီရဲ့ ကွင်းဘက်အခြမ်းကို ဘောလုံးပြန်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီရော၊ နအဖရော၊ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာရော အားလုံး အသေအချာ သိထားကြဖွယ်ရှိတဲ့ အချက်ကတော့ ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လုံးဝဂရုမစိုက်တဲ့ ပုံဖမ်းပြီး နအဖက ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို တဖက်သတ် ထုတ်ပြန်ကြေညာလိုက်တာဟာ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် ပြည်သူတွေ ဘ၀တွေ အသက်တွေ အဆင့်ဆင့် စတေးပေးဆပ် ရုန်းကန်တိုက်ပွဲဝင်လာခဲ့ကြရပြီး ၁၉၉၀ ရွေးကောက်ပွဲနဲ့ အထွတ်အထိပ် ရောက်သွားခဲ့တဲ့ ပြည်သူတွေရဲ့ဆန္ဒတွေ၊ အာသီသတွေ၊ မျှော်မှန်းချက်တွေ ထည့်ထားတဲ့ ခေါင်းတလားအဖုံးရဲ့ နောက်ဆုံးသံချက်ကို ရိုက်သွင်းဖို့ စစ်အာဏာရှင်တွေက အသေအချာ နေရာယူပြင်ဆင်လိုက်တာဖြစ်လို့ပါပဲ။

ဗိုလ်မောင်မောင်၊ ဗိုလ်နေ၀င်းတို့ မွေးဖွားပြုစုပျိုးထောင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ နွားအိုနောက်ကျသား နအဖစစ်အုပ်စုဟာ သူတို့ဆယ်စုနှစ်ခုကြာ ညတိုင်းမက်လာခဲ့ရတဲ့ တရားဝင်မှု Legitimacy အိပ်မက်ဆိုးကို ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပယောဂကုထုံး အသုံးပြုပြီး အပြီးတိုင် ဖယ်ရှားပစ်ဖို့ မိုက်မိုက်ကန်းကန်း ဆုံးဖြတ်လိုက်ပြီဖြစ်လို့ပါပဲ။ ဒါကြောင့် အခြေအနေကတော့ မြန်မာစစ်အာဏာရှင်တွေဟာ ပြည်သူတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်လမ်းကို ပြတ်ပြတ်သားသား ရွေးချယ်လိုက်ပြီဆိုတဲ့အချက်ဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါပြီ။


အဲဒီတော့ မြန်မာပြည်သူလူထုကြီးရဲ့ တပ်ဦးမှာရှိနေတဲ့ အန်အယ်လ်ဒီပါတီအနေနဲ့လည်း ကိုယ်လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ဖို့ပဲရှိပါတော့တယ်။ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်းက ပေါ်ပေါက်ခဲ့တဲ့ အရေးတော်ပုံပါတီတရပ်အတွက် အခုလိုအချိန်မျိုးမှာ ရွေးစရာလမ်းနှစ်သွယ် မရှိအပ်တော့ပါဘူး။ လျှောက်စရာ တလမ်းပဲ ရှိတော့တယ်လို့ မြင်မိပါတယ်။ နအဖရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါတီတရပ်အဖြစ် တည်ရှိလိုတယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ ဒီအချက်ဟာ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာကြောင့် ဒီအချက်တခုတည်းနဲ့တင် အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်မှုမပြုရေး ဆုံးဖြတ်ဖို့ လုံလောက်နေပါပြီ။

ဒါပေမယ့် နအဖက ဒါနဲ့တင် အားမရသေးပါဘူး။ ဒီမိုကရေစီရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ ထောင်ဒဏ်ကျခံနေကြရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် သူရဲကောင်း နိုင်ငံရေးအကျဉ်းသားအားလုံးကိုပါ ပါတီထဲက ထုတ်ပစ်မှ ပါတီဆက်လက်ရပ်တည် ရှင်သန်ခွင့်ရှိမယ်လို့ နိုင့်ထက်စီးနင်း ပြောဆိုထားပါသေးတယ်။ ဒီဖော်ပြချက်ရဲ့ တောင်းဆိုမှုအစစ်အမှန်က ဘာလဲ။ အန်အယ်လ်ဒီကို သူ့လက်ထဲက ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးအလံတော်များကို လွှင့်ပစ်ခိုင်းရုံတင်မက ဒူးထောက်ပြီး သူတို့ရဲ့ စစ်ဖိနပ်ကိုပါ လျှာနဲ့ ကုန်းလျက်ဖို့ စစ်အာဏာရှင်တွေက အမိန့်ပေးလိုက်တာပဲဖြစ်ပါတယ်။ အကာအရံ အဆင်တန်ဆာတွေ ဖယ်ပြီးကြည့်ရင် အဲဒီပကတိအရှိတရားကို ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ် စူးရှတဲ့ အမှန်တရားတခုကတော့ အတိတ်ဖြစ်ရပ်တွေအရ တကယ်လို့ အန်အယ်လ်ဒီက အဲဒီအတိုင်း လုပ်ခဲ့မယ်ဆိုရင်တောင် နအဖရဲ့လုပ်ရပ်က အဲဒီလောက်မှာတင် ရပ်တန့်ပြီးဆုံးသွားခြင်းမရှိမှာ သေချာနေတဲ့ အချက်ပါပဲ။ မြန်မာစစ်အာဏာရှင်တွေရဲ့ အဘိဓာန်ထဲမှာ Fair Play ဆိုတဲ့ ဝေါဟာရမရှိပါဘူး။ ‘စစ်သုံ့ပန်းမလိုချင်ဘူး’ ဆိုတဲ့ မြန်မာစစ်ဗိုလ်တချို့က အောက်ခြေအဆင့်ဆင့်ကို တရားမ၀င်ပေးထားတဲ့ သဘောထားတခုကိုကြည့်ရင် မြန်မာစစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝကို သဘောပေါက်နိုင်ပါတယ်။

မြန်မာပြည်သူတွေဘက်က ကြည့်ရင်တော့ အန်အယ်လ်ဒီဟာ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ချိန်ကစပြီး အခုအချိန်အထိ ခြုံပြောရရင် ပြည်သူတွေကို မှန်မှန်ကန်ကန် ဦးဆောင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူလူထုကြီးရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ သုံးပါးစလုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ အခုလိုအချိန်မျိုးမှာ အန်အယ်လ်ဒီဟာ မြန်မာပြည်သူတွေကို ဆက်လက်ပြီး မှန်မှန်ကန်ကန် ဦးဆောင်သွားလိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ရှေ့မှာ အန်အယ်လ်ဒီဟာ ဘောလုံး ကိုယ့်ကွင်းဘက်အခြမ်း အကြိမ်ကြိမ်ရောက်ခဲ့ပြီး အကြိမ်အတော်များများမှာ အကျိုးရှိအောင် အသုံးမချနိုင်ခဲ့တာကို ပြည်သူတွေက ချင့်တွက်ဖြည့်တွေးပြီး နားလည်ခွင့်လွှတ်ပေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် မထောက်မညှာတမ်း ပြောရမယ်ဆိုရင်တော့ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုအပိုင်းနဲ့ ပတ်သက်ပြီး (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်နိုင်ခွင့်မရှိတဲ့ အချိန်တွေမှာ) မြန်မာပြည်သူတွေကြား မကြေလည်တာတွေ၊ အားမလိုအားမရဖြစ်တာတွေ၊ အားကိုးအားထားပြုချင်စိတ် လျော့ပါးတာတွေ ရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း အန်အယ်လ်ဒီကို မလေးစား ရိုသေမှုမရှိလို့ နအဖက အခုလို ထင်တိုင်းကြဲနေတာဖြစ်တယ်။ အန်အယ်လ်ဒီကလည်း နအဖ လေးစားရိုသေ ခန့်ညားအောင်လုပ်ပြနိုင်တဲ့ အရည်အချင်းမရှိတဲ့ ပါတီဖြစ်တယ်။ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီတခုထက် သက်ကြီးရွယ်အိုတွေရဲ့ ဆွံ့အနားမကြားကျောင်းတခုနဲ့ ပိုပြီးတူနေပြီ …. စတဲ့ ဝေဖန်ချက်တွေမှာ အနည်းဆုံး အမှန်တချို့တော့ ပါဝင်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ အဲဒီခံစားချက်တွေဟာ အတန်အသင့် သဘာဝကျပြီး တစုံတခုသော အတိုင်းအတာအထိ ကြောင်းကျိုးဆီလျော် ခဲ့တယ်ဆိုရင် အန်အယ်လ်ဒီခေါင်းဆောင်တွေအတွက် မိမိတို့ရဲ့ ချွတ်ယွင်းအားနည်းချက်များကို ပြင်ဆင်ဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက မိမိတို့ကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း ပြသဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန်၊ အခုအခွင့်အလမ်းဟာ အကောင်းဆုံး အခွင့်အလမ်းပါပဲ။

ဒီအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ဖို့အတွက် အန်အယ်လ်ဒီမှာ လမ်းညွှန်မူအဖြစ် ရွှေဂုံတိုင်ကြေညာချက်ရှိနေပါပြီ။ ဒီကြေညာချက်ပါ လမ်းညွှန်အခြေခံမူများကို ပြတ်ပြတ်သားသား ကိုင်စွဲပြီး ပန်းတိုင်ရောက်တဲ့အထိ ရွပ်ရွပ်ချွံချွံ ဦးလည်မသုန် ဦးဆောင်ချီတက်သွားနိုင်ရေး မျှော်မှန်းဖွဲ့စည်းခဲ့တာဖြစ်ဖို့ သေချာသလောက်ရှိတဲ့ တိုးချဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုဦးစီးအဖွဲ့တို့လည်း စုံစုံညီညီရှိနေပါပြီ။

ရှေ့အဖို့မှာ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်မှုကို ရမရဆိုတာကတော့ အန်အယ်လ်ဒီအတွက် မသေချာပါဘူး။ လက်ရှိအခြေအနေ အရပ်ရပ်အရ မရဖို့ များပါတယ်။ လာမယ့် တိုက်ပွဲမှာလည်း သမိုင်းတလျှောက် ရဲဝံ့ပြတ်သားစွာ ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်နိုင်ရင် ပိုကောင်းမှာဖြစ်ပေမယ့် သူကိုယ်တိုင် လူထုရှေ့ကရပ်ပြီး ဦးမဆောင်နိုင်ရင်လည်း အလုပ်မလုပ်နိုင်လောက်အောင်တော့ ပြဿနာမရှိပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဘာကိုပြသခဲ့ကြသလဲ။ အဲဒါဟာ အန်အယ်လ်ဒီအတွက် လမ်းညွှန်အခြေခံမူပါပဲ။ လတ်တလောအခြေအနေမှာ အဲဒါကို ကိုယ်စားပြုတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ အန်အယ်လ်ဒီရဲ့ လမ်းညွှန်အခြေခံမူပါပဲ။ နောက်ပြီး ၁၉၈၈ ကစလို့ အခုအထိ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောဆိုပြုမူ ရပ်တည်ရှင်သန်ခဲ့သလဲ။ အဲဒါဟာ အန်အယ်လ်ဒီအတွက် အခြေခံမူပဲဖြစ်ပါတယ်။

ကမ္ဘာတလွှား နိုင်ငံအတော်များများမှာ ပြည်သူ့အာဏာလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ရာမှာ နိုင်ငံအားလုံးလိုလိုက လှုပ်ရှားမှုတွေဟာ မြန်မာပြည်က လှုပ်ရှားမှုလောက် ခက်ခဲကြမ်းတမ်းခြင်းမရှိ၊ ရှည်ကြာခြင်းမရှိဘဲ အဆုံးအဖြတ် အောင်ပွဲတွေ ရရှိသွားခဲ့ကြပါတယ်။ မြန်မာပြည်သူတွေကတော့ အခုအထိ ပင်ပန်းဆင်းရဲကြီးစွာ ဆက်လက်ရုန်းကန် တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒါဘာကြောင့်လဲ။ မြန်မာပြည်က စစ်အာဏာရှင်စနစ်ဆိုတဲ့ တောင်ဟာ အနိုင်နိုင်ငံက တောင်တွေထက် ပိုမတ်စောက်ပြီး ပိုမြင့်လို့ဖြစ်ပါတယ်။ မြန်မာပြည်က စစ်အာဏာရှင်စနစ်ဆိုတဲ့ ပင်လယ်ဟာ အနိုင်နိုင်ငံက ပင်လယ်တွေထက် ပိုကျယ်ပြီး လှိုင်းပိုကြမ်းလို့ဖြစ်ပါတယ်။ ဒါကို သဘောပေါက်ကြရပါလိမ့်မယ်။ တချိန်တည်းမှာ ဘယ်လောက်မြင့်တဲ့ တောင်ပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်မှာ လူသားရဲ့ခြေဖ၀ါးအောက် ရောက်ရစမြဲဖြစ်တယ်။ ဘယ်လောက်ကြမ်းတမ်းတဲ့ လှိုင်းပဲဖြစ်ဖြစ် တနေ့နေ့ တချိန်ချိန်မှာ လူသားရဲ့ လှေအောက် ရောက်ရစမြဲဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း သဘောပေါက်ကြရပါလိမ့်မယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးကြီးနေပါပြီ။ နိုင်ငံသမိုင်းတလျှောက် ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ သွေး ချွေး မျက်ရည်တွေအတွက်၊ အနာဂတ်မျိုးဆက်တွေအတွက်၊ ဒီမိုကရေစီရေး၊ တန်းတူရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် မြတ်နိုးလေးစား တန်ဖိုးထားကြတဲ့ ကမ္ဘာ့ပြည်သူတွေအတွက်၊ ခြုံပြောရရင် ယဉ်ကျေးတဲ့ လူသားမျိုးနွယ်တရပ်ရဲ့ အနာဂတ်အတွက် သိပ်ကိုအရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာကျရောက်နေတဲ့ တာဝန်ရဲ့ပမာဏကို မှန်းဆကြည့်ပြီး စာနာစိတ်ပေါ်ပေါက်ကြမှာဖြစ်သလို အဲဒီတာဝန်ကြီးကို ထမ်းဆောင်အောင်မြင်ခဲ့ရင် ရရှိမယ့် ဂုဏ်ဒြပ်ရဲ့ ကြီးမြတ်ခမ်းနားမှုကို မှန်းဆကြည့်ပြီးတော့လည်း အားကျစိတ် ပေါ်ပေါက်နိုင်ကြမှာဖြစ်ပါတယ်။

အရေးအကြီးဆုံးကတော့ ဒီလိုအချိန်မျိုးမှာ လူထုကိုဦးဆောင်မှုပေးရတော့မယ့် တပ်ဦးပါတီတရပ်ရဲ့ ညီညွတ်ရေးဟာ ကျောက်သားကျောက်စိုင်လို ခိုင်မာနေဖို့ပါပဲ။ မြို့နယ်ပါတီရုံးတွေ ပြန်ဖွင့်ခွင့်ပေးတာမျိုးနဲ့ ရုပ်သေးကြားဖြတ်အစိုးရ ဖွဲ့တာမျိုးတွေ အပါအ၀င် လာလတ္တံ့သော နအဖရဲ့ အပေါစား မျက်လှည့်ပြကွက်မျိုးတွေမှာ စိတ်ဝမ်းမကွဲကြဘဲ ကိုယ်လျှောက်ရမယ့် ရှေ့ခရီးကို မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။

အရေးကြုံရင် သက်လုံကောင်းပြီး အရေးကြီးတဲ့ အလှည့်အပြောင်း အကွေ့အချိုး အခိုက်အတန့်တိုင်းမှာ သွေးစည်းညီညွတ် စည်းကမ်းသေ၀ပ်စွာ၊ ရဲရင့်ပြတ်သား ခိုင်မတ်တက်ကြွစွာ တိုက်ပွဲဝင်နိုင်စွမ်းရှိသူများဖြစ်ကြောင်း သမိုင်းတလျှောက် အကြိမ်ကြိမ် သက်သေပြခဲ့ကြပြီးဖြစ်တဲ့ မြန်မာပြည်သူများဘက်ကတော့ အမြဲတမ်း အဆင့်သင့်ပါပဲ။ အခုအချိန်မှာ သူတို့အလိုအပ်ဆုံး အရာဟာ ငွေလည်းမဟုတ်၊ လက်နက်လည်းမဟုတ်၊ နိုင်ငံခြားစစ်တပ်လည်းမဟုတ်၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်လည်း မဟုတ်ပါဘူး။ သူတို့ရဲ့တပ်ဦးပါတီ အန်အယ်လ်ဒီရဲ့ မှန်ကန်ခိုင်မာ ရဲဝံ့ပြတ်သားတဲ့ ဦးဆောင်မှုဖြစ်ပါတယ်။

အခုဆိုရင် အန်အယ်လ်ဒီဟာ ဒီလ (၁၅) ရက်နေ့ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ နအဖရဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး လက်မခံနိုင်ဘူးဆိုတဲ့ သဘောထားအမြင်ကို ယေဘုယျချမှတ်နိုင်ခဲ့ပြီး (၂၉) ရက်နေ့ ပြုလုပ်မယ့် ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးမှာ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ဖို့ သဘောတူထားကြပြီမို့ အဲဒီနေ့မှာ ပြည်သူတရပ်လုံးရဲ့ဆန္ဒကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ပြည်သူ့ဆန္ဒနဲ့ နအဖရဲ့ ဆန္ဒတို့ဟာ ပြဒါးတလမ်း၊ သံတလမ်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတာမို့ အန်အယ်လ်ဒီက ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီးနောက် မကြာခင်မှာ နအဖဟာ ထုံးစံအတိုင်း လက်နက်အားကိုးပြီး အန်အယ်လ်ဒီအပါအ၀င် ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တွေကို နှိပ်ကွပ်ချေမှုန်းပါလိမ့်မယ်။ အန်အယ်လ်ဒီပါတီအပါအ၀င် ဒီမိုကရေစီဘက်တော်သား ပါတီတွေဟာလည်း နအဖရဲ့ သတ်မှတ်ချက်အရ တရားဝင်ပါတီအဖြစ်က ရပ်ဆိုင်းသွားကောင်း သွားနိုင်ကြဖွယ်ရှိပါတယ်။ ပြည်သူကို ရဲရဲဝံ့ဝံ့ ဦးဆောင်မှုပေးခဲ့တဲ့ လူထုခေါင်းဆောင်တွေဟာလည်း အကျဉ်းထောင်တွေထဲ ရောက်သွားကောင်းသွားနိုင်ကြပါတယ်။ ခြုံပြောရရင် ဒီတိုက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေဟာ (သာမန်အားဖြင့် အများနားလည်ထားကြတဲ့ စံသတ်မှတ်ချက်တခုအရ) ရှုံးနိမ့်ကောင်း ရှုံးနိမ့်သွားနိုင်ပါတယ်။

ဒီနေရာမှာ ပညာရှိတဦးရဲ့ အဆိုအမိန့်တခုက မှတ်သားစရာပါ။ သူက “အနိုင်ခံလိုက်ရခြင်းဟာ ယာယီအခြေအနေတရပ်သာ ဖြစ်တယ်။ အဲဒါကို ထာဝရအခြေအနေတရပ်ဖြစ်သွားအောင် ပြုလုပ်တဲ့အရာကတော့ လက်လျှော့အရှုံးပေးလိုက်ခြင်းပဲဖြစ်တယ်” လို့ ဆိုပါတယ်။

ဒါကြောင့် ဒီတကြိမ်မှာ အနိုင်ခံလိုက်ရတယ်ဆိုရင်တောင် ဒီမိုကရေစီအင်အားစုတွေဘက်က အရှုံးမပေးသမျှ ကာလပတ်လုံး ဘယ်တော့မှ မရှုံးပါဘူး။ ဓမ္မနဲ့ အဓမ္မအကြား ဆင်နွှဲတဲ့ စစ်ပွဲမှာ အဓမ္မက အပြီးသတ် အောင်ပွဲဆင်သွားနိုင်တယ်ဆိုတာ၊ ပြည်သူနဲ့ အာဏာရှင်စနစ်အကြား ဆင်နွှဲတဲ့စစ်ပွဲမှာ အာဏာရှင်စနစ်က အပြီးသတ် အောင်ပွဲဆင်သွားနိုင်တယ်ဆိုတာ ဘယ်ဒေသ ဘယ်နိုင်ငံ ဘယ်ခေတ် ဘယ်ကာလမှာမှ မရှိခဲ့ဖူးပါဘူး။ ထုံးစံလည်းမရှိပါဘူး။

ဒါကြောင့် ဒီတပွဲမှာ စစ်အာဏာရှင်စနစ်ဘက်က အသာစီးရသွားတယ်ဆိုရင်တောင် ဒီပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံခရီးမှာ အချည်းနှီးဖြစ်သွားမှာ မဟုတ်ပါဘူး။ ၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက ပေါက်ဖွားလာခဲ့ပြီး မတရားမှုကို ဆန့်ကျင်အန်တုရာမှာ စံပြဖြစ်တဲ့ ခွပ်ဒေါင်းပုံရိပ်ကို အလံမှာ ထည့်သွင်းရိုက်နှိပ်ထားတဲ့ ပါတီတခုဟာ သမိုင်းတကွေ့မှာ ပြည်သူတွေ အပ်နှင်းထားတဲ့ တာဝန်ကို အပြောင်မြောက်ဆုံး ဦးလည်မသုန် ထမ်းဆောင်သွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းက ဓူဝံကြယ်သဖွယ် ကောင်းကင်မှာ ထာဝရတည်ရှိနေပြီး တော်လှန်တဲ့ အနာဂတ်မျိုးဆက်တွေကို လမ်းညွှန်မှုပေးနေမှာ အသေအချာဖြစ်ပါတယ်။ ။

Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...