Wednesday, November 24, 2010
Thursday, November 4, 2010
ကျွန်ူပ်တို့အားလုံး ထင်ထင်ရှားရှား သရုပ်ဆောင်ကြသူတွေဖြစ်ကြပါစေ
ကျွန်ူပ်တို့သည်
နေ့အချိန်ဖြစ်စေ ညအခါဖြစ်ပစေ
ရာသီဆိုးလည်း ချိန်ခါမရွေး
ဆီမီးအပြည့် ထွန်းလင်းစွာဖြင့်
ပြည်သူ့အပေါ် ရင်းနှီးပျူဌါ
လှိုက်လှဲစွာဖြင့် ခရီးဦးကိုကြိုဆိုရမည်။
ကျွန်ူတို့သည်
ယုံကြည်ရာတွက် ခရီးဆက်သည့်ခါ
တကိုယ်ကောင်းဆန်မည့် ဆိုးကျင့်များကို ဖျောက်ပစ်ရမည်။
ကျွန်ူပ်တို့သည်
ကြီးငယ်မရွေး တာဝန်ဟူသမျှ
ထမ်းရွက်သည့်ခါ ပြည်ကျိုးတွက်ဆို
စောင့်သိသစ္စာ ထိန်းကြရမည်။
ကျွန်ူတို့သည်
အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေ
ဖြစ်လာစေရန် နောက်လိုက်ကောင်းတွေ ဖြစ်ကြရမည်။
ကျွန်ူပ်တို့သည်
အထက်ကလာသည့် အမိန့်များကို
ဖီလာမဆန့်ကျင် ကောင်းဆိုးမဝေဖန်
ခေါင်းညိတ် ခေါင်းမခါတတ်သည့်
ဆိုးမွေများကို သဂြိင်္ုလ်စက်ထဲပို့ပစ်ရမည်။
ကျွန်ုပ်တို့သည်
ကောင်းခြင်းအတုကိုဘေးပယ်
ဖြောင့်မတ်သူကိုမုန်းတီး
အသစ်တဖန်မွေးဖွါးခြင်းကိုဆန့်ကျင်
ကွဲပြားခြားနားခြင်းကို ကျောခိုင်း
လမ်းလွဲလျှောက်မည့်
ခေတ်နောက်ပြန်ဆွဲ သူများအား
လမ်းမှန်သို့ တွန်းပို့ပေးရမည်။
ကျွန်ူပ်တို့သည်
တမြေထဲတွင် စစ်မက်ခင်းကျင်း
သဘောတရားခြင်း ကွဲလွဲ
လူမျိုးပြုန်းတဲ့ သွေးချောင်းစီးဆင်းမှုကို
သူသူ ငါငါ
ရပ်တန်းက ရပ်ပစ်ကြရမည်။
ကျွန်ူပ်တို့သည်
အကျိုးမဲ့သည့် သွေးခွဲမှုကိုဆန့်ကျင်
သဘောတရား ကွဲပြားမှုတွေစွန့်ပစ်
ညီညွှတ်ခြင်းကိုစုံမက်
အချင်းချင်းခိုက်ရန်မပွါးတဲ့
ချစ်ခင်ခြင်းအပေါ်
မြတ်နိုးသွယ်တာတတ်ရမည်။
ကျွန်ူပ်တို့သည်
ရန်ဘက်မရှိ ပြိုင်ဘက်ကင်းသည့်
အရိုးခံစိတ်နှင့် ရိုးသားစွာဖြင့်
နေရာခပ်သိမ်းတို့တွင်
ကျင့်ကြံနေထိုင်အားထုတ်တတ်ရမည်။
ကျွန်ုပ်တို့သည်
ပြုသူအပေါ် ရန်ငြိုးမထား
မုန်းမာန်မပွါး...တဲ့
မလိုတမာကင်းသည့်
ဖြူစင်စိတ်ထား မွေးကြရမည်။
ကျွန်ူပ်တို့သည်
အမှောင်လွှမ်းမယ့် စိုးရိမ်ကြောက်စိတ်
ရှိခဲ့ပါမူ
ဘဝလမ်းတွင်ထားခဲ့ရမည်။
ကျွန်ူတို့သည်
အေးတူပူအမျှ ခံစားမျှဝေ
စိတ်နှလုံးထားကာ လူသားများရဲ့
လောကကြီးကို အမြင်သစ်နဲ့
ဆန်းသစ်လာအောင် ကြည့်တတ်ကြရမည်။
ကျွန်ူပ်တို့သည်
ပြည်ကျိုးအတွက် ကောင်းကျိုးတွေကို
ထမ်းရွက်သည့်အခါ ထင်ထင်ရှားရှား
သရုပ်ဆောင်ကောင်းသူတွေ ဖြစ်ကြပါစေ။
အမေ့သား(ဒိန်းမတ်)
Sunday, April 18, 2010
သွေးကလဲ့စား ချေခွင့်များ ရခဲ့ရင်တော့
“တောက်” ခေါက်သံတွေ လွှမ်းတဲ့နေ့
တောက် …
ရိုးရာနှစ်သစ်ကူးပွဲ ဆင်နွှဲတဲ့ လူအုပ်ထဲ
ဗုံးဖေါက်ခွဲသတဲ့။
ခင်ဗျားတို့ မုန်းတာ ပြည်သူလူထုလားဗျာ။
တစ်နှစ်မှ တစ်ခါ
ညစ်ညူးစိတ် ဖယ်ခွာရချိန် ပျော်ခင်းလေးဟာ
ခုတော့ … စစ်တလင်းပမာ
ဘုန်းကနဲ
တုန်းကနဲ
သွေးအိုင်ထဲ လဲကျရသူတွေမှာ
အပြစ်မဲ့ ပြည်သူတွေပါ။
ခမျာ မြေဇာပင်ဘ၀ အပူရုပ်ဟာ
အခါရက်မြတ်တောင် လွှဲရှောင်မရ။
လူသတ်မိစ္ဆာကောင်တွေ ဖျန်းပက်တဲ့
သွေးစ ပုံရိပ်မှာ
အတာရေတွေ တိတ်
မဏ္ဍပ်တွေ ပိတ်
လူတွေ လန့်ထိတ်
နှစ်သစ်မှ မကူးမီ အပျော်တွေ ဆိတ်သုဉ်းခဲ့ရပြီ။
အတာသင်္ကြန် တေးသံကို ငိုကြွေးသံက ဖုံးလွှမ်း၊
လူသရမ်း အကြမ်းဖက်
လူသတ် လက်နက်ရှင်ကို
သွေးကလဲ့စား ချေခွင့်များ ရခဲ့ရင်တော့
ပုတီးကို ချ၊ ဓါးကို မ လို့
အသက်ချင်းသာ လဲ လိုက်ချင်ရဲ့
နှစ်ဆန်းတစ်ရက်မှာ ဥပုသ်မရချင်နေ . . . . ။
ကိုမျိုး (မြန်မာစာ) ၁၃၇၁ မြန်မာ့ရိုးရာအတာသင်္ကြန်
အကြတ
Monday, April 5, 2010
သတိတရား ရှိပါစေ
သတိ
(တေဇသူရ)
မိုး ဆောင်း နွေခါ
သီးပွင့်ရွက်နု ဗလအားကိုး
နိုင်သူစားတမ်း စိတ်ရင်းစွဲနှင့်
အောင်ပွဲကိုယ်စီ ခံခဲ့ပါငြား။
သမင်မျိုးတို့ သတ္တ၀ါမျိုးမို့
တိရစ္ဆာန်လို ကျင်လည်ရာမှ
ထားရာမှာနေ စေရာသွားသို့
ပါတော်မူမည် မုဆိုးနောက်။
တော်ရာမှာ မနေရ
လှန်ပြန်ကာ ကြည့်မည်ဆို
ရေးပြတောင် မသိရင်ခက်
မှာမည်လေ နောင်ဘ၀ထိ။
လုပ်ငန်းတူ ကြင်ယာဖက်
စားဖော်စား ဖားဘက်တွေ
နေချောင်စား ကြံရွယ်တူ
တာပေါ်တက်မည် မကြံနှင့်။
၀၅၊ ၀၄၊ ၂၀၁၀
Sunday, April 4, 2010
Friday, April 2, 2010
Saturday, March 13, 2010
e-mail မှ ရရှိသော ကဗျာ
“ အလွမ်းရင့် ”
(ဇာနည်မောင်)
မပြေလည်မွန်းကြပ်တဲ့ဘ၀ကိုစွန့်ခွာ
အိပ်ယာအသစ်ကိုရှာဖို့ကြိုးစားနေသူပါ
ပျော်ရာမှာမနေရပဲ
တော်ရာမှာနေရတဲ့ဘဝ
လရှည်နှစ်များစွာနဲ့
အလွမ်းတွေရင့်နေပေမယ့်
ယုံကြည်ချက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားနိုင်လို့
အာဏာရှင်တို့ရဲ့ စစ်ဖိနပ်အောက်ကို
ဘယ်တော့မှ ဒူးထောက်မ၀င်ဘူ့း့  ။
သာမန်အညတြရတယောက်ဖြစ်ပေမယ့်
ဝေးဝေးကိုမြင်နိုင်ဖို့အတွက်
မျက်စေ့စုံဖွင့်၊နားကုန်စွင့်လို့
အမြင့်ကပဲပျံနေမှာပါ
အန္တရာယ်တွေတွေ့ခဲ့၇င်တော့
အသင့်ပြင်ထားနိုင်ဖို့
သွေးချင်းညီသူတွေကိုအကြောင်းကြားပေးမပေါ့  ။
ဖုတ်ဝင်စီးခံနေရတဲ့ မိစ္ဆာတွေကြားမှာ
အန္တရာယ်တွေများလှပေမယ့်
ဥာဏ်သတိနဲ့ယှဉ်ကာ
ရောင်နီတွေယှက်ဖြာသန်းတဲ့
အာရုံဦးနေ့သစ်တွေဆီမရောက်မခြင်း
အလွမ်းရင့်တွေကိုမြိုသိပ်ကာ
မနားတမ်းပဲခရီးဆက်နေမယ့့်  ။
Friday, March 12, 2010
ဆုံးဖြတ်လိုက် ရဲရဲ
ဆုံးဖြတ်လိုက် ရဲရဲ
(တေဇသူရ)
လက်အားတိုင်း မရေးနဲ့
ပါးစပ်အားတိုင်း မဟနဲ့
စစ်သားကတော့ စစ်သားပီပီ
ဆုံးဖြတ်ထားတဲ့ တိုက်ပွဲကို
ပြတ်ပြတ်သားသား တိုက်တယ်
ကဲ…. အတိုက်အခံနဲ့ နိုင်ငံရေးပါတီတွေ
တိုက်ရဲသလား ခံရဲသလား
ခံမယ်ဆိုရင်တော့ ......
ဆွေစဉ်မျိုးဆက် ဆက်ခံပေါ့
ဒါပေမဲ့…. တခုတော့မှတ်ထားလိုက်
အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဘဲ
ကဲ… ဆုံးဖြတ်လိုက် ရဲရဲ
ဘာဆက်လုပ်မလဲဆိုတာ။
Wednesday, March 3, 2010
အမှန်တရားဟာ ဘယ်တော့မှ ကျည်မတိုးဘူး
Monday, March 1, 2010
တော်လှန်ရေးဆိုတာ ဘာလဲ၊ ဘယ်လဲ
တော်လှန်ရေး
ဆွေးမြေ့ တဲ့ စရိုက်
အမှိုက်ကစတော်လှန်
မမှန်ကန်တဲ့ လုပ်ရပ်
ပြတ်ပြတ်သားသား
ဆန့် ကျင်သွားရမယ်.....။
ဒီမိုကရေစီ
ညီညာတဲ့ သဘောထား
အများက အုပ်ချုပ်
ညစ်စုတ်တဲ့ အာဏာရှင်
မြင်မြင်သမျှတော်လှန်
စစ်မှန်တဲ့ခေါင်းဆောင်
ဒို့ ထူထောင်ရမယ်...။
အာဏာရှင်ဝါဒ
မညီမျှတဲ့ ဥပဒေ
ပြည်သူတွေကိုလှည့် စား
အမှားနဲ့ အမှန်
တယူသန်ဆုံးဖြတ်
ရပ်တည်မှူလူရွေး
သူပေးတဲ့ အပြစ်ဒဏ်
ဒို့ ဖီဆန်ရမယ်...။
အာဏာရှင်ဝါဒ
တိုက်ဖျက်ကြဖို့ ထက်
ဒို့ ရဲ့ ရှေ့ မှာ
အာဏာရှင်အသစ်
ထပ်မဖြစ်ဖို့ အရေး
အလေးပေးဆောင်ရွက်ကြရမယ်....။ ။
( အာဏာရှင်ကြီးများကိုတော်လှန်တိုက်ခိုက်နေခြင်းသည်
အာဏာရှင်ကလေးများကို လေ့ကျင့် ပြုစုပျိုးထောင်ပေးနေခြင်းမဟုတ်စေရ)
http://canadamyanmar.blogspot.com မှ ကူးယူဖော်ပြပါသည်။
Saturday, February 20, 2010
” ကျမတို့မှာခေါင်းဆောင်မရှိဘူး ..... ရှင်တို့မှာခေါင်းမရှိဘူး ”

” ကျမတို့မှာခေါင်းဆောင်မရှိဘူး ..... ရှင်တို့မှာခေါင်းမရှိဘူး ”
(ရွက်သစ်)
ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
‘ဘယ်ကောင်လဲ စပါတာကပ်’ လို့ မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ၊ ဒီမှာပဲ ဆိုပြီး
ရင်ကော့ဖြေခဲ့ကြတယ် ...
ငါ့ငယ်အိမ်မက်ထဲက သူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ် ...။
အခုအရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ ...
ဒါပေမယ့်
စပါတန်တွေလို ယောင်္ကျားတွေ မဟုတ်ဘူး
စပါတန်တွေလို လက်နက်တွေ ကိုင်တိုက်ခဲ့သူတွေ မဟုတ်ဘူး
သူတို့ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နုတ်ဖျားက သံမဏိသွားလို လက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ......
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .......”
ဟုတ်ပါရဲ့
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။
သြော် ... လှိုင်သာယာ ... လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့၊ မယာခဲ့နေရာ။
လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့ နေရာ ...
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ …။
ဒါပေမယ့် ကျမတို့ ရိုးသားခဲ့တယ်
ကျမတို့ သစ္စာမြဲခဲ့တယ်
ကျမတို့ သည်းခံခဲ့တယ် …။
ကျမတို့ နိုင်တဲ့ဝန်
ကျမတို့ စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ် …။
ကျမတို့အားလုံး
လှိုင်သာယာမှာ ပျော်အောင်နေခဲ့ပါတယ် …။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို …
ကြွားအောင်နေဖို့လည်းဝေး ... ဝေးလွန်းခဲ့ပါတယ်…။
အဖေ ရှာမလောက်တာကို အမေ ဝင်ကူထောက်ပြီး
မောင်နဲ့ နှမတတွေ
တခွန်တအား စီးဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ ...။
တနေ့ ၅၀၀-၁၀၀၀ ကနေ
တလ ၂၅၀၀၀-၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ ...။
ကျမတို့ရဲ့ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်၊ ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ် တကားကားစီလို့
ကျမတို့ဆီ ရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများ ခြားထားသလိုလို
ကျမတို့များ လက်နက်ဆွဲကိုင် တော်လှန်နိုင်သလိုလို
ကျမတို့များ ဒေါင်းအလံလွှင့် သူတို့ကို တော်လှန်တတ်သလိုလို
ကျမတို့များ သူတို့အကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို ...။
ကျမတို့ စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေ ပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့ အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင် ...။
ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘဝတွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင် ...။
အခုကြည့်
အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး ...။
ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် ...။
လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး ...
ကျမတို့ ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။
အဲဒီလိုအကျိုးဆက်ကြောင်ု
အဲဒီအသီးတွေ သီးခဲ့တယ်….။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့် ...
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။
ဟုတ်မှာပါလေ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့ အိပ်မက်ထဲမှာ
ကျမတို့ ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေ ဆူညံမြည်ဟည်းနေကြပါတယ်ရှင် ...။ ။
နှမတို့ရေ ...
တခါတလေ တိုက်ပွဲဆိုတာရဲ့အဓိပ္ပာယ်က အနိုင်ရတာမဟုတ်ဘူး။ အရှုံးမပေးကြောင်း သိသာစေတာလည်း တိုက်ပွဲတခုရဲ့ အနှစ်သာရ၊ ဂုဏ်သိက္ခာဖြစ်တယ်။ ငါတို့တွေ စိုက်ပျိုးခဲ့သမျှ လူ့သမိုင်းဖြစ်စဉ်မှာ၊ မြန်မာ့သမိုင်း ဖြစ်စဉ်မှာ အသီးအပွင့်တွေ ပြန်ဖြစ်လာမှာသေချာတယ်။ ကျွန်တော်တို့ အဘိုးအဘေး ရေနံမြေလုပ်သားတွေ၊ လယ်သမားတောင်သူတွေလည်း သူတို့ခေတ်မှာ မတရားသူတို့ရဲ့စနစ်ကို သည်းမခံနိုင်တဲ့အဆုံး အုံးအုံးကြွ တော်လှန်ခဲ့ဖူးတယ်။ သမိုင်းမှာ ထင်ရှားကျန်ခဲ့တယ်။
အခု ကျွန်တော်တို့ခေတ်နဲ့ ပတ်သက်သက်ဆိုင်သမျှ မတရားမှုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းဟာ ကျွန် တော်တို့လက်ထဲမှာပါ။ သေသေချာချာ ဆုပ်ကိုင်ခွင့်ရတဲ့တနေ့ မာန်နတ်မင်းနဲ့လည်း တွေ့သင့်ကတွေ့မယ်။ အာဏာရှင်နဲ့ ရှင်းသင့်ကလည်း ရှင်းရမယ်။ သစ္စာတရားသာမှန်ရင် ကျွန်တော်တို့ အလံမလဲဘူး။ သူတို့ကို အခု တပွဲမှာ အနိုင်မရလိုက်သေးရင်တောင် အရှုံးမပေးခဲ့ဘူး၊ ကျေနပ်နှစ်သိမ့်နေတာ မဟုတ်ဘူးဆိုတာ အနည်းဆုံး တန်ဖိုးအဖြစ်နဲ့ သိသာစေသွားတယ်ဆိုတာ ညည်းတို့ ယုံလိုက်ကြပါ။
နှမတို့တိုက်ပွဲဟာ အနိုင်ရခဲ့တယ်ဆိုတာထက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ နှမတို့ရဲ့ဆန္ဒပြပွဲဟာ အာဏာရှင် စနစ်အောက်က ဒုက္ခပင်လယ်ဝေနေကြတဲ့ ကျွန်တော်တို့ မိဘပြည်သူအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ကမ္ဘာကသိပါတယ်။ ဆင်းရဲဒုက္ခနဲ့၊ သေနတ်တကားကား၊ တုတ် ဒိုင်းတွေကြားကနေ နှမတို့ရဲ့ ဆန္ဒပြပွဲဟာ လှ လှပပ ဂုဏ်သရေရှိရှိ ဖူးပွင့်ခဲ့ပါပြီ။
ကမ္ဘာအရပ်ရပ်၊ မြို့ရွာအသီးသီးက ညီအကိုမောင်နှမများခင်ဗျား ...
ကျွန်တော်တို့တိုင်းပြည်ရဲ့ အနိမ့်ပါးဆုံးနဲ့ အရိုးသားဆုံး ဘဝရှင်များဖြစ်တဲ့ လှိုင်သာယာက အထည်ချုပ်သမ နှမ၊ အမ၊ မိခင်လောင်းများရဲ့ ဆန္ဒပြပွဲကို တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အနည်း ဆုံး ဆုတောင်းမေတ္တာပို့ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
အတွင်းတည် အိုင်းအနာမှန်သမျှ တချိန်ချိန်မှာ သွေးပုပ်ပြည်ယို စက်စက်ကျပြီး ပေါက်ထွက်လာကြမှာပါ။ သစ္စာတရားရဲ့ အိုးထိန်းစက်ဟာ စတင်လည်ပတ်လို့လာပါပြီ ရင်ဆိုင်ရဲ၊ ရင်ဆိုင်နိုင်ဖို့သာ လူကြီးမင်းတို့ အသင့် ပြင်ထားကြပါတော့လို့လည်း ...။
နိုင်ငံပြုသစ္စာဖြင့် ...
ရွက်သစ်
(လှိုင်သာယာဆန္ဒပြပွဲများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည်)
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ တဆင့်ကူးယူဖော်ပြပါသည်။
Friday, February 12, 2010
Friday, February 5, 2010
ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)
သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။
သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။
အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
အဲ.....အခုတော့ နောက်ဆုံးသတင်းအရ
နောက်တိုးအနေနဲ့ အီးယူအစိုးရတွေကလည်း
ယူရိုငွေ ၁၇ သန်းကျော် ထပ်တိုးလိုက်ပြီဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့ အကြိတ်အနယ်
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။
သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။
ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။
သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။
သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။
တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။

