Pages

Thursday, April 8, 2010

ဤသတင်း မှန်၊ မမှန် သိချင်နေပါသည်

Hi
I am not sure whether it is true or not.
Cheers,
sai
သန်လျင်မြို့မှာထူးခြားဖြစ်စဉ်တစ်ခုကြောင့် လူတော်တော်များများ စိတ်လှုပ်ရှားနေပါသည်..။ဖြစ်ပွားပုံမှာ..သန်လျင်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲထောင်တွင်ထားသော ရုပ်အလောင်းများမှာ ထူးခြားဆန်းကြယ်စွာဖြင့် လက်များ၊ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်မှာ ယခုသတင်းရရှိသော အချိန်အထိ အလောင်း (၁၈)လောင်းခန့်ထိုသို့ဖြစ်ပွားလျက်ရှိပါသည်။
တာဝန်ရှိသူများ ကလည်း အထူးစောင့်ကြပ်လျက် ဂရုစိုက်စောင့်ရှောက်နေသော်လည်း ဆက်လက်ရ်ျ ဖြစ်ပွားလျက်ရှိနေပါသည်..။
၎.၄.၂၀၁၀ နေ့ညတွင်လည်း အလောင်းနှစ်လောင်းကိုထားရှိရာ၊တစ်လောင်းမှာ နားရွက် တစ်ဖက် ပျက်စီးလျှက်ရှိပြီး.၊နောက်တစ်လောင်းမှာ ပေါင်သားများပျက်စီးလျှက်ရှိနေပါသည်။
ထိုသို့ ပျက်စီးသွားသောရုပ်အလောင်းများထဲမှ အချို့သော ပိုင်ရှင်များမှ ဆေးရုံအုပ်ချုပ်သူများအား တရားစွဲဆိုထားကြောင်းကိုလည်း ကြားသိရပါသည်။
ထို့ကြောင့် ၅.၄.၂၀၁၀ နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိ သူများမှသန်လျင်ဆေးရုံကြီးသို့ရောက်ရှိလာပြီး မြို့နယ် တာဝန်ခံများကို ယခုအမှုအားအမြန်ဖော်ထုတ်ပေးရန် ဆူပူကြိန်းမောင်းလျက်ရှိသည်ကို တွေ့ရှိရသည်ဟု မျက်မြင် တစ်ဦးကပြောပြပါသည်။

ထိုညတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင်အထူးဂရုစိုက်စောင့်ကြပ်နေပါသော်လည်း ၅.၄.၂၀၁၀ ညတွင်လည်း အလားတူအဖြစ်အပျက် ထပ်မံကြုံတွေ့ရပြန်ကြောင်း မြို့ခံများမှ တဆင့် သိရပါသည်။

ထိုသို့သောဖြစ်ရပ်များအတွက် မြို့ခံများအနေဖြင့် သို့လောသို့လော ထင်မြင်ချက်မျိုးစုံဖြင့် လူများအကြားထိတ်လန့်ဖွယ်ရာ တစ်ခုအဖြစ် လူပြောများလျက်ရှိပါသည်။

E-mail မှတဆင့် လက်ခံရရှိသည်။