ပြည်တွင်းက လူငယ်လေးတွေရဲ့ ဓါတ်ပုံကို အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖြတ်၊ ညှပ်၊ ကပ် လုပ်ပြီး ခေါင်းစဉ်တပ်ကာ လူငယ်လေးတွေကို မိုးသီးဇွန်တို့အုပ်စုက ဒုက္ခပေးနေပါသည်။ တကယ်ဘဲ မိုးသီးဇွန်တို့အုပ်စုက အနစ်နာခံပြီး ပေးဆပ်ရဲတယ်ဆိုရင် ပြည်တွင်းမှာ ရှိနေကြတဲ့ သူတို့ရဲ့ ညီအကို ဆွေမျိုး မောင်နှမသားချင်း တွေရဲ့ ဓါတ်ပုံများကိုသာ အသုံးချ၊ အသုံးပြုသင့်ပါသည်။ အခုလို ” ဘယ်သူသေသေ ငတေ မာရင်ပြီးရော ” သဘောမျိုး မဆောင်သင့်ပါဘူး။
မတရားတာ မမှန်တာကိုတွေ့ရင် မှန်ကန်တရားတဲ့ဖက်က ၀ိုင်းဝန်း ကာကွယ်၊ ရပ်တည်ပေးကြပါ။
မတရားတာ မမှန်တာကိုတွေ့ရင် ၀ိုင်းဝန်း ကန့်ကွက်၊ ရှုတ်ချ၊ ဆန့်ကျင်၊ တွန်းလှန်ကြပါ။
လေးစားစွာဖြင့်
တေဇသူရ
Sunday, April 18, 2010
ဝိုင်းဝန်း ကန့်ကွက်၊ ရှုတ်ချကြပါ။
Labels:
တော်လှန်သတိ