ဒီအချိန်ဟာ မင်းတို့အတွက် နောက်ဆုံးနေ၀င်ချိန်ဆိုတာ မှတ်သားထားလိုက်ပါ။ မင်းတို့အတွက် ပြေးစရာမြေမရှိတော့သလို ၈၈ တော်လှန်ကျောင်းသားတွေနှင့် ပြည်သူတွေကလည်း ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကို နားလည်ထားလိုက်၊ လူသတ်သမား နိုင်ငံရေး၊ တော်လှန်ရေး လုပ်စားသူတွေ မင်းတို့ရဲ့အမှုတွေကို အရင်ရှင်းမယ်။ နောက်မှစစ်အာဏာရှင်ကိုတိုက်မယ်။ အတွင်းရန်ကို အရင်ရှင်းပြီးမှ အပြင်ရန်ကိုတိုက်လို့ရမယ်။ အဲဒီလိုမှမဟုတ်ရင် မြန်မာပြည် ဘယ်တော့မှ ဒီမိုကရေစီ မရတော့ဘူး။
ကျွန်တော်အနေနှင့် အကြံပေးပါရစေခင်ဗျား..။
ကချင်ဒေသမှာ ဖြစ်ပျက်ခဲ့သော ရက်စက်တဲ့ လူသတ်မှု့ များကို ပြည်တွင်းမှာလည်း စစ်အစိုးရမှ မြန်မာ့ရုပ်မြင်သံကြားမှတဆင့်
ပြည်သူအားလုံးတွေ့ မြင်ကြစေရန်အတွက် " လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် " ဆိုပြီး တနိုင်ငံလုံးကို လွှင့်ထုတ်ပြသခဲ့သောကြောင့်
ပြည်သူအားလုံးလည်း တွေ့ မြင်ခြင်းနှင့် သိရှိထားပြီးဖြစ်ပါတယ်။
ပြည်သူတွေဟာ... ဒီမှတ်တမ်းခွေမှ ပုံရိပ်တွေကိုတွေ့ မြင်ရတော့... နှလုံးသားကို ကြံရည်ကြိတ်စက်ထဲ... ထည့်ကြိတ်ခံရသလို
ခံစားခဲ့ကြရတယ်...။
ပြည်သူတွေဟာ... ဒီပုံရိပ်တွေကို မကြည့်ရက်နိုင်ကြဘူး... စစ်အာဏာရှင်များရဲ့  ရက်စက်မှု့ ကို မကြေနပ်နိုင်လို့  တောခိုသူတွေက
စစ်ဏာရှင်များကဲ့သို့  ပြုမူရက်စက်တဲ့ မြင်ကွင်းကို.... ပြည်သူတွေ ရင်နင့်စွာဖြင့် တွေ့ မြင်ခဲ့ရတယ်...။
ပြည်တွင်းထဲမှာ ဒီတိတ်ခွေရှိနေပါတယ်.... ဒီလူသတ်ကောင်တွေ .... ရှောင်လွဲမရ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်တယ်..။
ယနေ့ မှာတော့.... ဒီလူသတ်ကောင်တွေက မြန်မာပြည်အရေးကို ကယ်တင်သယောင် ဟန်ရေးပြကာ... သူတို့ တထွေရဲ့  လူသတ်မှု့ ကို
အကာအကွယ်ရအောင် လုပ်ဆောင်နေကြတယ်...။
ကြားဖူးကြတယ်မဟုတ်လား.....
" ဆပ်ပြာကောင်းလို့ .. ခေါင်းပေါင်းစဖြူတယ်..." ဆိုတဲ့ မြန်မာဆိုရိုးစကားလေ....
ဒီလူသတ်ကောင်တွေကလည်း.... ခ၀ါသည်နှင့်တူသော သတင်းဌာနတွေကို အသုံးချပြီး သူတို့ တထွေရဲ့  ခေါင်းပေါင်းစမှာ ပေကျံနေသော
ပြည်သူသွေးများကို ပြေပျောက်စေရန် လျှော်ဖွတ်နေကြတယ်...။
ခ၀ါသည်နှင့်တူသော သတင်းဌာနမှ လူတွေကလည်း ခ၀ါသည်ပီပီ... ခ၀ါသည်အလုပ်များကို လုပ်ပေးကြတယ်... အားလုံးကြားနေရတာဘဲ မဟုတ်လား...။
သတင်းဌာနတွေဟာ.... သူခိုး ကြမ်းပိုး.... လူသတ်ကောင်းများ ပွဲလယ်တင့်အောင် သူတို့ တထွေရဲ့  ခေါင်းပေါ်မှ " မောင်းကျက်သရေ ခေါင်းပေါင်း " အဖြစ်
လုပ်ဆောင် ရပ်တည်ပေးခဲ့ကြတယ်။
အခုဒီလူသတ်မှု့ ကိစ္စများကို မြန်မာပြည်သူများအတွက် အလုပ် လုပ်နေပါတယ်ဆိုသော ၀န်ကြီးချုပ်ရုံးတော်ကိုလည်း တင်ပြပေးစေချင်ပါသည်။
ပြီးတော့ အသံလွှင့်ဌာမှတဆင့် ဥပဒေအမျိုးမျိုးများကို ပြောဆိုနေသော ရှေ့ နေများရဲ့  အတွင်းရေးမှူးချုပ်ရုံးတော်ကိုလည်း တင်ပြပေးစေချင်ပါသည်။
သူတို့ လုပ်တာ မလုပ်တာ အရေးမကြီးဘူး.... ဒီကိစ္စတွေဟာ... တနေ့ အမှန်တကယ်ဖြေရှင်းရမဲ့ လူသတ်မှု့ တွေ ဖြစ်နေပါ၍... သူတို့ တထွေရဲ့  ရပ်တည်မှု့ ကို
ကျွန်တော်တို့  ပြည်သူ ပြည်သားများမှ တွေ့ မြင် သိရှိလိုပါသည်..။
ဒါကြောင့် ၀န်ကြီးချုပ်ဆိုသူများရဲ့  ရုံးတော်နှင့် ရှေ့ နေမင်းကြီး ရုံးတော်ကို လည်း ပို့ ပေးကြပါလို့  အကြံပြုလိုက်ပါတယ်.. ပို့ ပေးသော စာကိုလည်း အများသိအောင်...
ဒီနေရာမှတဆင့် တင်ပေးပါ...။
လေးစားစွာဖြင့်
စိုးမိုး
Sunday, March 14, 2010
မြန်မာပြည်သူအားလုံးသိတဲ့ AB နိုင်အောင်ရဲ့ အစုလိုက်အပြုံလိုက် ၈၈ တော်လှန်ကျောင်းသားတွေကို သတ်ခဲ့တဲ့အမှု အားလုံးဖော်ထုတ်ပေးကြပါ
Saturday, March 13, 2010
e-mail မှ ရရှိသော ကဗျာ
“ အလွမ်းရင့် ”
(ဇာနည်မောင်)
မပြေလည်မွန်းကြပ်တဲ့ဘ၀ကိုစွန့်ခွာ
အိပ်ယာအသစ်ကိုရှာဖို့ကြိုးစားနေသူပါ
ပျော်ရာမှာမနေရပဲ
တော်ရာမှာနေရတဲ့ဘဝ
လရှည်နှစ်များစွာနဲ့
အလွမ်းတွေရင့်နေပေမယ့်
ယုံကြည်ချက်ကိုခိုင်မြဲစွာဆုပ်ကိုင်ထားနိုင်လို့
အာဏာရှင်တို့ရဲ့ စစ်ဖိနပ်အောက်ကို
ဘယ်တော့မှ ဒူးထောက်မ၀င်ဘူ့း့  ။
သာမန်အညတြရတယောက်ဖြစ်ပေမယ့်
ဝေးဝေးကိုမြင်နိုင်ဖို့အတွက်
မျက်စေ့စုံဖွင့်၊နားကုန်စွင့်လို့
အမြင့်ကပဲပျံနေမှာပါ
အန္တရာယ်တွေတွေ့ခဲ့၇င်တော့
အသင့်ပြင်ထားနိုင်ဖို့
သွေးချင်းညီသူတွေကိုအကြောင်းကြားပေးမပေါ့  ။
ဖုတ်ဝင်စီးခံနေရတဲ့ မိစ္ဆာတွေကြားမှာ
အန္တရာယ်တွေများလှပေမယ့်
ဥာဏ်သတိနဲ့ယှဉ်ကာ
ရောင်နီတွေယှက်ဖြာသန်းတဲ့
အာရုံဦးနေ့သစ်တွေဆီမရောက်မခြင်း
အလွမ်းရင့်တွေကိုမြိုသိပ်ကာ
မနားတမ်းပဲခရီးဆက်နေမယ့့်  ။
Friday, March 12, 2010
ဆုံးဖြတ်လိုက် ရဲရဲ
ဆုံးဖြတ်လိုက် ရဲရဲ
(တေဇသူရ)
လက်အားတိုင်း မရေးနဲ့
ပါးစပ်အားတိုင်း မဟနဲ့
စစ်သားကတော့ စစ်သားပီပီ
ဆုံးဖြတ်ထားတဲ့ တိုက်ပွဲကို
ပြတ်ပြတ်သားသား တိုက်တယ်
ကဲ…. အတိုက်အခံနဲ့ နိုင်ငံရေးပါတီတွေ
တိုက်ရဲသလား ခံရဲသလား
ခံမယ်ဆိုရင်တော့ ......
ဆွေစဉ်မျိုးဆက် ဆက်ခံပေါ့
ဒါပေမဲ့…. တခုတော့မှတ်ထားလိုက်
အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဘဲ
ကဲ… ဆုံးဖြတ်လိုက် ရဲရဲ
ဘာဆက်လုပ်မလဲဆိုတာ။
Thursday, March 11, 2010
လုပ်စားနေသူများ
If you want to read more in Danish http://ekstrabladet.dk/nyheder/samfund/article1280354.ece
DBC Newsletter 1
Own Way
Wednesday, March 10, 2010
အနာဂတ်မြန်မာပြည်အတွက် သူရဲကောင်း အလိုရှိသည်
ခုတော့လည်း ပြောကြရပြီ။ ဆိုကြရပြီ။ တနေ့ဤဘူတာကို ဆိုက်လာမည်ကို လူတိုင်းခန့်မှန်းကြပြီးဖြစ်သည်၊။ ယင်းမှာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊ အံ့သြစရာမရှိလှပါ။ကျွန်တော်တို့ ယုံကြည်ခဲ့ပြီးသားမို့ ဘာမှ အတွန့်တက်၍ ပြောစရာမရှိ၊ ရွေးကောက်ပွဲကို ပြုလုပ်မည်ဟု ကြေညာထားသည်မို့ ဥပဒေထွက်လာမည်ကို သိရှိထားပြီးဖြစ်သည်၊ ထို့ကြောင့် ဤဥပဒေကို ထွက်လာသည်နှင့် စောင့်ကြည့်နေသောသူတို့မှာ ကျွန်တော်တို့လို အတိုက်အခံပြည်ပရောက် ဒီမိုကရေစီအင်အားစုများနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်မည်ဟု တကဲကဲအသံကောင်း ဟစ်နေသော သူတို့အပါအ၀င် စစ်အစိုးရ အုပ်စုဖြစ်သည်၊ ထို့ကြောင့် စောင့်ကြည့်နေသော အုပ်စုအချင်းချင်း နားလည်မူ လွှဲစွာ ရှိနေခြင်းကို သုံးသပ်မိသည်၊ တေ့တေ့ကလေး လွဲချော်နေခြင်းမဟုတ်ဘဲ တယောက်တမျက်နှာစီ ကျောခိုင်းပြီး လွဲချော်နေကြခြင်းမှာ အံသြစရာကြီးဖြစ်နေသည်၊
ရှေးဦးစွာ ပြည်ပရောက်အတိုက်အခံ ဒီမိုကရေစီအုပ်စုမှ ရွေးကောက်ပွဲကို အမြင်တမျိုး ရှိကြသည်၊ တိုင်းရင်းသားလူမျိုးများကောင်စီမှ ရွေးကောက်ပွဲကို ၀င်ရန်ပြောဆိုနေကြသည်။ကျွန်တော်တို့မှာ မဲရုံသို့ မဲပေးရန်မသွားကြဖို့ တိုက်တွန်းနေကြသည်၊ သည်တော့ ဤနှစ်ဘက်အမြင် ရှိသူများကို တိတိကျကျ ပြောရတော့မည်။ တိုင်းရင်သားလူမျိုးများကောင်စီမှ ပုဂ္ဂိုလ်များအနေဖြင့် သူတို့၏အမြင်များကို ထိရောက်အောင် ဆောင်ရွက်ရန်လိုသည်၊ ထိုကြောင့် သူများကို ရွေးကောက်ပွဲကို ၀င်ပါဟုပြောသကဲ့သို့ ကိုယ်ကိုတိုင်ကလည်း မြန်မာပြည်သို့သွားပြီး ရွေးကောက်ပွဲမှာ ၀င်ပြိုင်သင့်သည်၊ လမ်းဘေးမှနေပြီး စကားပြောဆိုနေရုံမျှနှင့် ဘာမျှအကျိုးမထူး။ ပြည်ပမှနေပြီး နိုင်ငံရေးပုရောဟိတ်လုပ်စရာ မလိုတော့၊ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ယုံယုံကြည်ကြည် ရှိနေမှတော့ သွားပေးကြပါဟုသာ တိုက်တွန်းရုံသာရှိသည်၊
နောက်ရွေးကောက်ပွဲကို မ၀င်ဟု ပြောဆိုပြီး မဲရုံသို့ မဲပေးရန်မသွားနှင့်ဟု တိုက်တွန်းနေသူများ အနေဖြင့် ညီညီညွတ်ညွတ်လုပ်စရာ အချိန်သာရှိတော့သည်၊ အသံတသံတည်းထွက်ပြီး အလုပ်ကိုပြိုင်တူလုပ်ရန်လိုသည်၊ စစ်အုပ်စုမှ ကျစ်လစ်တောင့်တင်းနေချိန် ကျွန်တော်တို့ ကွဲပြဲနေသည်မှာ ကနေ့အထိ ဖြစ်သည်၊ ရစရာ မရှိအောင် ရေးသားပြောဆိုနေကြသည်မှာလည်း လွန်လွန်းလှသည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကာလတွင် ပြည်ပ၌ မည်သို့မျှပြသနာမဖြစ်သူများသာဖြစ်သည်။ ပြည်ပမှာ နေနေကြသူများမို့ မည်သို့မျ အသက်အန္တရယ်မရှိ။ ကံကောင်းလျှင် နိုင်ငံတကာမှ ဆုတွေကိုတောင် ရသွားနိုင်သည်။
ပြည်တွင်းမှနိုင်ငံရေးပါတီများအတွက်မှာမူ အချိန်ကာလ ပေးထားပြီးဖြစ်သည်၊ နိုင်ငံရေးပါတီ၊အုပ်စု၊ အဖွဲ့အစည်း ဆိုသည်နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှင် ရွေးကောက်ပွဲဝင်ရတော့မည်ဖြစ်သည်၊ မ၀င်ချင်လျှင် မှတ်ပုံတင်စရာမလိုတော့၊သည်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီများ အနေဖြင့် စဉ်းစားစရာဖြစ်လာသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရက်ပေါင်း ၆၀ အတွင်း ရွှေဂုံတိုင်ကြေညာစာတမ်းကို အကောင်အထည်ဖေါ်ရန် လုပ်ပြယုံဘဲဖြစ်သည်၊ မပြနိုင်က မှတ်ပုံတင်ရတော့မည်ဖြစ်သည်၊ မတင်က ဖျက်သိမ်းခံရတော့မည်၊ သည်လိုဆိုလျှင် မျှားကို ချွှန်ထားပြီး ပစ်ရတော့မည့်အနေအထား ရောက်နေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစင်းမျှမပစ်ရသေးသောမျှားတို့ကို ယခုအချိန်တွင် ထုတ်သုံးမှ ဖျက်သိမ်းခံရမည့် အနေအထားမှ လွတ်ကင်းနိုင်သွားမည်ဖြစ်သည်။ မည်သို့မည်ပုံမျှားကို အသုံးချမည်ဆိုခြင်းကိုရက်ပေါင်း ၆၀ အတွင်း တွေ့ကြရတော့မည်ဖြစ်သည်၊
တိုင်းရင်းသာနိုင်ငံရေးပါတီများမှာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေအထားကို စောင့်ကြည့်နေကြသည်၊ သူတို့ကမီးစိမ်ြး့ပလျှင် မီးစိမ်းလိုက်ြ့ပမည့် သဘောရှိသည်။သို့လင့်ကစား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးအနိုင်ရပါတီများက မ၀င်ခဲ့လျှင် တစညကိုလည်း သူတို့နယ်မြေမှာ အနိုင်မရချင်ကြ၊ ထို့ကြောင့် သူတို့က ၀င်လိုကြသည့်သဘောကိုလည်း တွေ့ကြရသည်၊ လိုလိုချင်ချင်နှင့် ရွေးကောက်ပွဲကို ၀င်လိုကြခြင်းမဟုတ်။ စစ်အစိုးရကို ထောက်ခံသောအဖွဲ့များကို မြင်ပြင်းကပ်၍ဖြစ်သည်။
ဤအခါ ပြည်ပတွင်ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများကောင်စီက ပြည်တွင်းတွင် သူတို့နှင့် ပူးပေါင်းရန်လိုနေသည့် အနေအထားဖြစ်နေပြီထင်သည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲကို ၀င်မည်ဟု တကဲကဲပြောဆိုနေသော ပုဂ္ဂိုလ်များမှာမူ စစ်အစိုးရထက်ကြောက်စရာကောင်းနေသည်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြသနာ၊စီးပွါးရေးပြသနာ၊လူမူရေးပြသနာ၊မည်သို့ပင်ဆိုးဆိုးဝါးဝါး တက်နေတက်နေ ယင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြောင့် ဖြစ်သည်ဟု ခံယူထားသူများဖြစ်သည်၊ စစ်အစိုးရကြောင့်မဟုတ်၊ ယခုသူတို့တွေ ရွေးကောက်ပွဲကို ၀င်ကြတော့မည်ဖြစ်သည်၊ မည်သို့ဆိုစေ နိုင်ငံရေးအဖွဲ့အစည်းဖြစ်လာကြသည်မို့ နိုင်ငံရေးသမားများ ပေါ်ထွက်လာကြမည်မှာ အမှန်ဖြစ်သည်၊ စစ်အစိုးရကို ထောက်ခံသော အဖွဲ့အစည်းမှ တစညနှင့် ဦးသုဝေ၊ နေမျိုးဝေ၊ အေးလွင်တို့အုပ်စုတွင် နိုင်ငံရေးသမားများ အစီအရီ ပေါ်ထွက်လာကြမည်ဖြစ်သည်၊
တသီးပုဂ္ဂလများအဖြစ် ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့်သူများ ရှိလာနိုင်ရာ အဖွဲ့ဝင်များလည်း ပေါ်ထွက်လာနိုင်သည်၊ သည်အခါ နိုင်ငံရေးသမားများ အမည်စာရင်းပေါက်လာမည်ဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲပြီးစီးသွားပြီး စစ်အစိုးရမှ အာဏာလွှဲပြောင်းမပေးခဲ့လျှင် ယင်းနိုင်ငံရေးသမားတို့၏ အနာဂါတ်မှာ စဉ်းစားစရာ ဖြစ်လာနေသည့်အချက်ကို တွေးကြည့်မိသည်၊ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရသည် ရွေးကောက်ပွဲကို နှစ်ပေါင်းနှစ်ဆယ်အတွင်း ယခုအချိန်၌ နှစ်ကြိမ်ပြုလုပ်ခြင်းဖြစ်သည်။ ပထမတကြိမ်၌ ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲတွင် ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှာ နေရာမှားပြီးရောက်သွားကြသည်။ သူတို့ရောက်သွားကြသည့်နေရာတွေမှာ အကျဉ်းထောင်များဖြစ်သည်။ ဤလူတွေကော ယခုအကြိမ်၌ ထောင်ထဲ မရောက်နိုင်ဟု မည်သူက အာမခံပေးနိုင်ကြအုံးမည်နည်း၊
နှစ်ပေါင်းနှစ်ဆယ်အတွင်း အဖမ်းဆီးခံနေရသော နိုင်ငံရေးသမားတို့မှာ ယခုအချိန်၌ လူပေါင်းနှစ်ထောင်ကျော် ထောင်ထဲရှိနေသည်။ သူတို့ကိုမလွှတ်ပေးဘဲ နိုင်ငံရေးပါတီအဖြစ် မှတ်ပံတင်ခွင့် ပေးနေရာ မည်သို့မျှ သဟဇါတဖြစ်သည့်လက္ခဏာ မမြင်မိချေ၊ တကယ်ဆိုလျှင် သူတို့မှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်၊ ထို့ကြောင့် သူတို့အနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ဥပဒေအရ ချက်ချင်းလွှတ်ပေးရတော့မည်ဖြစ်သည်၊ သူတို့ကို ထောင်ထဲထည့်ထားပြီး ရွေးကောက်ပွဲကို ၀င်မည့်ပုဂ္ဂိုလ်များကို နိုင်ငံရေးသမားဟု မှတ်ပုံတင်ပြီး အသိအမှတ်ပြုခြင်းမှာလည်း သဘာဝကျလှသည် မဟုတ်ချေ။
ထားတော့ ၊ စစ်အစိုးရမှ လုပ်ချင်တိုင်းပြုလုပ်နေသော ပြသနာကို ယခုကျွန်တော်တို့ တိတိကျကျ ဆုံးဖြတ်ရတော့မည်ဖြစ်သည်၊ ရင်ဆိုင်စစ်ပွဲပမာ အနေအထားရှိနေသည်ကို သတိထားရတော့မည်ဖြစ်သည်၊ နအဖစစ်အုပ်စုက အပစ်အခတ်ငြိမ်းချမ်းရေးတပ်ဖွဲ့များကို တပ်လှန့်ထားသည်၊ ခြေကုပ်ယူထားသည်။ နယ်စပ်ဒေသတနံတလျှားကို တပ်ရင်းတွေချထားသည်။ တုပ်တုပ်မျှမလှုပ်ရ။ အခြားတဖက်မှာ သတ်ကွင်းလုပ်ထားသည်။ ပြည်တွင်းတွင် ရှိနေသည့် ရန်သူဟူသမျှကို သတ်ကွင်းထဲ ပိတ်လှောင်ထားသည်၊ အကြီးမားဆုံးကြောက်လန့်ရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နားရွက်မျှမခတ်ရအောင် သတိနှင့် စောင့်ကြည့်နေသည်၊ တစည၊ကြံ့ဖွတ်၊ ဦးသုဝေ၊ အေးလွင်၊ တိုင်းရင်းသားလူမျိုးများကောင်စီမှ လမ်းညွှန်ထားသော ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများ တို့မှာ သတ်ကွင်းထဲရောက်နေပြီ၊ သူတို့မှာ အသက်ရှူပေါက် ရနေသေးသောကြောင့်
ဇါတ်တူသားစားတတ်သည့် ဗိုလ်သန်းရွှေတို့ကို သတ်ကွင်းထဲမှပင် မျှော်ဖူးပြီးလက်အုပ်ချီနေဆဲ၊
နအဖစစ်အုပ်စုမှာ သတ်ကွင်းထဲရောက်နေသော သူတို့ကို ကောက်စားမည့်သူမဟုတ်မှန်း နိုင်ငံတကာမှ နားလည်ထားကြပြီးဖြစ်သည်၊ စစ်အစိုးရကလည်း နားလည်ထားသည်၊ သို့သော် ရက်ပေါင်း ၆၀ အချိန်ပေးကြည့်သည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ သတ်ကွင်းထဲရောက်လာမည်လား စောင့်ကြည့်နေသည်၊ စက်ဝိုင်းသဖွယ်ဝိုင်းရံထားသောသတ်ကွင်းသည် အိမ်ပြန်လမ်းမရှိသော နောက်ဆုံးသချိုင်္င်းဖြစ်သည်၊ လူသားတဦးအတွက်ဆိုလျှင် ပြန်လမ်းမရှိသော ခရီးတခုဖြစ်သည်၊ ယခုကား မြန်မာနိုင်ငံကသာမက ကမ္ဘာကပါ ထောက်ခံထားသော နိုင်ငံရေးအဖွဲအစည်းတခုဖြစ်သည်။ သူတို့အတွက် ယင်းသတ်ကွင်းမှာ နအဖစစ်အုပ်စုက အခိုင်အမာ တပ်စွဲထားသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဥပဒေအရ မှတ်ပုံတင်လိုက်လျှင် သတ်ကွင်းကို တ၀က်မျှနယ်မြေကျူးကျော်ရောက်ရှိသွားသည့် သေနင်္ဂဗျူဟာမြောက်သွားနိုင်သည့် အနေအထားဖြစ်နေသည်၊ သတ်ကွင်းကို သိထားပါလျှက် အန္တရယ်နယ်မြေထဲသို့ တလှမ်းချင်းတလှမ်းချင်း ၀င်ရောက်သွားလျှင် တပ်ဦးကျွံသွားတော့မည်ဖြစ်သည်၊ သည်တော့တပ်ပြန်ဆုပ်ရမည်မှာ ကြီးမားသော ပြသနာဖြစ်သည်၊
တိုင်းရင်းသားနယ်မြေမှ နိုင်ငံရေးသမားများကလည်း သတ်ကွင်းထဲ ရောက်သွားမည်ကို စိုးရိမ်နေကြသည်။ ယုံကြည်ရန်တစက်မျှမရှိသော စစ်အစိုးရသည် ရွေးကောက်ပွဲပြီးဆုံးလျှင် အာဏာလွှဲပြောင်းပေးမည်လားဟု သိချင်နေကြသည်၊ ရွေးကောက်ပွဲပြီးသည်နှင့် ဖမ်းဟယ်ဆီးဟယ်ဖြစ်လာပြီဆိုလျှင် ထောင်ထဲ ရောက်သွားပြီး နှစ်ခါအလိမ်ခံရမှာကို စိုးရွံ့နေကြသည်၊ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ကြောက်ရွံ့တုန်လှုပ်သော စစ်အစိုးရသည် မည်သို့သော သူတို့ကိုမျှ ဂရုမစိုက်ချေ၊ ယုတ်စွအဆုံး ကုလသမဂ္ဂရုံးအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုတောင် အလေးထားသူ မဟုတ်ပေ။
ယခုတော့ စစ်အစိုးရ၏သတ်ကွင်းကို ၀င်ရောက်မည့်သူတို့မှာ သူတို့ကို ထောက်ခံသူများသာဖြစ်သည်၊ အတိုက်အခံများမဟုတ်ကြသေးပေ၊ ထင်စရာတော့ ရှိသည်၊ သူတို့၏သတ်ကွင်းထဲသို့ ၀င်လာမည့်သူတို့အကြားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီနှစ်ခြမ်းကွဲသမားများ ပါလာလိမ့်မည်ဟု တွက်ဆထားမည်ဖြစ်သည်၊ ဤအချက်ကို အထူးသတိထားပြီး ပါတီအတွင်းခိုင်မြဲအောင် ပြုလုပ်ထားရန်အရေးကြီးသည်၊ အဖွဲ့ချုပ်အတွင်းဖြုတ်ထုတ်ပြသနာများကို ယခုအချိန်၌ မပြုလုပ်သင့်၊ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရ၏ထောင်ချောက်သည် သာမန်သတ်ကွင်းမဟုတ်၊ ဗြောင်ဖွင့်ဗြောင်ပြထားသော သတ်ကွင်းဖြစ်သည်၊ ရက်ပေါင်း ၆၀ အတွင်းမှာ သတ်ကွင်းဝင်လာရမည်ဟု ကြေညာထားသည်၊ စစ်ကိုကြေညာထားသူများမို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တဖက်ကြ့ပတ်ပြတ်သားသား စိန်ခေါ်ထားသည်ကို သတိထားရမည့်အနေအထားဖြစ်ရန်လိုသည်၊ တချိန်တည်းမှာပင် နိုင်ငံတကာမှ အတိုက်အခံ အင်အားစုများက သတ်ကွင်းအန္တရယ်ကို သိမြင်ထားရန်လိုသည်၊ နိုင်ငံတကာမှလည်း သတ်ကွင်းကို သိထားရန် လက်တွေ့ကျကျ လုပ်စရာတွေရှိသည်၊
စင်စစ်အားဖြင့် နိုင်ငံရေးသတ်ကွင်းထဲမှ ရုန်းထွက်မည့်သူများသည် သူရဲကောင်းများဖြစ်သင့်သည်၊ ထို့ကြောင့် ကျွန်တော်တို့က သတ်ကွင်းထဲသို့ နိုင်ငံရေးရဲဘော်များကို ၀င်ရောက်မသွားရန် အားသစ်လောင်းပေးရန်လိုသည်၊ အိမ်ပြန်လမ်းမရှိသော ယင်းနေရာသို့ မည်သူမျှ မည်သည့်အဖွဲအစည်းမျှ မသွားရောက်ကြရန် ဆောင်ရွက်ကြမည်မှာ ယခုအချိန်၌ အရေးကြီးဆုံးကာလဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ ဤသတ်ကွင်းကို နားလည်သူဖြစ်သည်၊ စင်ပြိုင်အစိုးရကို ချက်ချင်းပြောင်းလဲလုပ်ဆောင်ပြီး သတ်ကွင်းကို ပြောင်းပြန်ပြုလုပ်ရန်လိုအပ်နေသလားဆိုသည်ကို တွကိကြည့်ရန်လိုနေပြီ၊ထို့ကြောင့် သတ်ကွင်းအပြင်နေရာကို ဆွဲခေါ်ရန်လိုနေပြီ၊ သို့အတူ သတ်ကွင်းထဲမှ ရုန်းထွက်မည့်သူများမှာလည်း သူရဲကောင်းများဖြစ်သည်ဟု ပြောကြရတော့မည့်အချိန်မှာ ဤအချိန်ဟု ပြိုင်တူကြွေးကြော်ကြပါစို့။
ခိုင်အောင်ကျော် ( နယူးယောက် )
အညာနွေတမာမြေ
ကိုခိုင်အောင်ကျော် ရဲ့အတွေးအယူအဆကို သဘောကျလို့ အညာနွေတမာမြေမှ သက်ကွင်းရက်ပေါင်း ၆၀ အတွင်းက ရုန်းထွက်မဲ့သူကို သူရဲကောင်းလို့ ခေါ်မည် ဆောင်းပါးကို တဆင့်ကူးယူဖော်ပြပါသည်။
Tuesday, March 9, 2010
ပြည်တွင်း၊ ပြည်ပ အပြန်အလှန် အိတ်ဖွင့်ပေးစာ
ကိုသန်းဝင်းခင်ဗျား။
ကျနော့ကိုမှတ်မိလိမ့်မယ်လို့ထင်ပါတယ်။ ကျနော့်ရဲ့စာကို ရဟူးအုပ်စုတွေဆီထည့်ပေးပါခင်ဗျား။
ဇေယျာ
ကနေဒါ
ပြည်တွင်းသံဃာတော်အမည်ခံများသို့အိပ်ဖွင့်ပေးစာ
ဖျာပုံ မှ အင်တာနက်သုံးစွဲနိုင်သော ဦးဇင်းခင်ဗျား
ခေတ်ကြီးကိုအမြန်လိုက်မှီနိုင်ပြီး နိုင်ငံတကာကို ဗိုလ်ချုပ်အောင်ဆန်းလေသံလိုဟောပြောနိုင်တဲ့အတွက် အားရဝမ်းသာ
ဖြစ်မိပါတယ်။ ဦးဇင်းရဲ့စာအရ၊ “တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ်” ဆိုတော့
ကျနော်တို့အနေနဲ့ ဂျောက်ထဲကျမဲ့အရေးဦးစားပေးမစဉ်းစားချင်ပါလို့ဖြေကြားလိုက်ပါရစေ။
ပထမဦးစွာတင်ပြချင်တာကတော့ ဦးဇင်းတို့ရဲ့ကွဲပြားခြားနားသော သံဃာအဖွဲ့အစည်းများကိုအရင်ညှိနှိုင်းစေချင်ပါတယ်။
ဥပမာ-သာသနာ့ဥသျှောင်နှင့်သံဃာ့တပ်ပေါင်းစုလိုမညီညွတ်မှုတွေအပါအဝင်။
ကျနော်တို့ လူတွေမှာလည်း သံဃာတော်များမညီညွတ်တဲ့အတွက်အရမ်းကိုစိတ်ပျက်မိပါတယ်။
ဒုတိယအချက်ကတော့
မောင်ကျော်သန်းလေးကိုလည်းဆုံးမပါအုံး။
ကျောင်းသားလူငယ်ကွန်ဂယက်ကနုတ်ထွက်ပြီးတောင်ရေးမြောက်ရေးလျှောက်မရေးအောင်တားပေးပါ။
SYCB နဲ့ညီညွတ်ရေးတည်ဆောက်ပါ။ညီညွတ်ရေးကအရမ်းကိုအရေးကြီးပါတယ်။
တတိယအချက်ကတော့ ဦးဇင်းစာထဲမှာ
“တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်းပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက
သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ်” လို့မေးထားပါတယ်။
ဦးဇင်း ခင်ဗျား မိမိရဲ့မောင်နှမသားချင်းတွေကိုပစ်ပြီး တောခို၊ လက်နက်ကိုင်တိုက်၊ ထောင်ကျ ခဲ့တဲ့နှစ်များဦးဇင်းမှာ
ဘယ်နှစ်ခါကြုံဘူးပါသလဲ ဆိုတာကိုဖြေကြားပေးပါ။ ဘဝကိုဘယ်နှစ်ခါဖျက်ပြီးနိုင်ငံရေးလောကထဲခြေစုံပစ်ဝင်ခဲ့ပါသလဲ၊
အိမ်အသိမ်းခံခဲ့ရဘူးပါသလား။ အဆင်းရဲအငတ်ပြတ်ခံပြီးနိုင်ငံရေးလုပ်ဘူးပါသလား။ ဖြေကြားပေးပါ။
စတုတ္ထအချက်ကတော့
“၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး
ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ” လို့ဆိုထားတဲ့အချက်ကိုမေးခွန်းထုတ်ချင်ပါတယ်။
၁၉၂၀ ကတည်းကခေတ်အဆက်ဆက်ပါဝင်လာခဲ့တဲ့ ကျောင်းသားသမိုင်းကိုဦးဇင်းကြားဘူးပါသလား။
၁၉၈၈ အရေးတော်ပုံကိုဦးဇင်းကြားဘူးပါသလား။ လူပေါင်း (၃၀၀၀) ကျော် အသက်ပေးရပါတယ်။
၂၀၀၇ အရေးတော်ပုံကို အလေးပြုပါတယ်။ ဒါပေမဲ့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကို သံဃာတော်တွေလုပ်ခဲ့တယ်ဆိုတဲ့စကားကိုပြင်ပြောစေချင်ပါတယ်။
အားလုံးခံခဲ့ရ၊ ရင်းခဲ့ရတာကို ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကိုသံဃာတော်တွေကလုပ်ခဲ့တယ်ဆိုတာမျိုးကိုယ်ရည်မသွေးကောင်းပါ။
ပြည်ပရောက်နိုင်ငံရေးသမားတွေအနေနဲ့သံဃာတော်တွေနဲ့လက်တွဲပါဆိုတော့ဘယ်သံဃာအဖွဲ့နဲ့လက်တွဲရမှာလဲ။
ဦးခေမာစာရရဲ့ရဟန်းပျိုလား၊ ပီနန်ဆရာတော်ဘုရားကြီးရဲ့ သာ့သနာ့ဥသျှောင်လား။ဦးပညာဇောတ (နတ်ဇော) ရဲ့ သံဃာတပ်ပေါင်းစုလား။
( သံဃာတပ်ပေါင်းစုကရောဘယ်နှစ်ဖွဲ့ရှိတယ်ထင်ပါသလဲ)ဦးဇင်းတို့ညီညွတ်အောင်အရင်လုပ်ကြပါအုံး။
အမျိုးဘာသာ၊ သာသနာကိုစောင့်ရှောက်ကြပါအုံး။ ဘုန်းကြီးကျောင်းတွေကိုလည်း တစ်ပါး တစ်ကျောင်းမလုပ်ကြဖို့ဆုံးမကြပါအုန်း။
ပဉ္စမအချက်ကတော့
“ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။
အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။
ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊
ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က
ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို
ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ်” ဆိုတဲ့အချက်ကိုဖတ်ပြီးအကြံပေးပါရစေ။
ဦးဇင်းခင်ဗျား။
ဖျာပုံမှာမနေပဲ၊ အမေရိကားကိုလာပြီး သုံးယောက်တည်းကျန်တော့တဲ့ စင်ပြိုင်အစိုးရမှာဝင်လုပ်ပါလား။
ဦးဇင်းက မဟာဗျူဟာနဲ့ သံတမန်ရေးကိုပိုပြီးနားလည်ပုံရတယ်။ ဖျာပုံမှာကျောင်းထိုင်နေတာတောင် ဒီလောက် ညဏ်ပညာစူးရှနေရင်
နိုင်ငံတကာရောက်လာရင် ထောင်တက်သွားမယ် ။ ဒလိုင်းလားမားထက်နာမည်ကြီးသွားနိုင်တယ်။
နောက်ဆုံးအချက်ကတော့အထူးဖတ်စေချင်ပါတယ်။
နိုင်ငံရေးကို လူတိုင်းဟာလက်လှမ်းမှီသလောက်လုပ်ကြတယ်။ တွေးခေါ်ကြတယ်။ အရေးကြီးတာက ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ပါ။
ပြည်တွင်းကလူက ကိုယ်နားမလည်တဲ့ ပြည်ပက ပြဿနာတွေ၊ နိုင်ငံတကာအနေအထားတွေကို သိတ်ဝင်ပါဖို့မသင့်ဘူး။
ကိုယ်ကခြေခြေမြစ်မြစ်နားမလည်တဲ့ ပြဿနာကိုဝင်ပါရင် အဆဲခံရတတ်ပါတယ်။
ပြည်ပကလူတွေလည်းထိုနည်းလည်းကောင်းပါ။
ညီညွတ်ရေးအရေးကြီးတာလူတိုင်းနားလည်ပါတယ်။ ထူးပြောစရာမလိုပါ။ မညီညွတ်လို့၊ လူတန်းစားတရပ်လိုဖြစ်လာလို့၊ ခေါင်းဆောင်ရူးအာဏာရူးတွေကြောင့်ညီညွတ်ရေးပြိုကွဲနေလို့ ရေးရတဲ့အဆင့်ကိုရောက်ကုန်တယ်။
ညီညွတ်ရေးရအောင်လို့ ခေါင်းဆောင်တွေကိုတိုက်ချွတ်နေတယ်ဆိုတာကိုနားလည်ပါ။
ကိုယ့်အမြင်တိမ်တိမ်လေးနဲ့ သူများကိုဆရာမလုပ်စေချင်ပါဘူး။
အိပ်ကောက်နဲ့ဖားကောက်ရတဲ့ ညီညွတ်ရေးမျိုး၊ တော်လှန်ရေးမျိုးလုပ်မိရင်၊ ရန်သူကိုဘာလက်နက်မှတိုက်လို့ရမှာမဟုတ်ပါ။
အတွင်းစည်းက လှိုက်စားနေတဲ့စိတ်ဓါတ်ကိုမဖျက်ပစ်သရွေ့ လှုပ်ရှားမှုကိုအားကောင်းအောင်မလုပ်နိုင်ဘူးဆိုတာ
ဖျာပုံ မှာ တရားဆောက်တည်တိုင်းအာဂုံဆောင်ပါ။
ဒီလိုစရိုက်တွေ၊ လုပ်စားသူတွေနဲ့ဗမာပြည်ဒီမိုကရေစီဘယ်တော့မှရမှာမဟုတ်ဘူး။ ဒါကိုယုံလို့ဖွင့်ချကြတယ်။
နောင်လည်းဖွင့်ချအုံးမယ်။ ပြည်သူတွေကိုကြိုတင်အသိပေးထားရမယ်။ ဒီလိုလူမျိုးကတော့ ဒီလိုစရိုက်ရှိတယ်။
ဘယ်တော့မှ ခေါင်းဆောင်မတင်နဲ့၊ ခေါင်းဆောင်တင်ရင် ငါတို့တတွေ၊ ဗိုလ်သန်းရွှေလိုဆိုးတဲ့ကောင်တွေလိုမျိုးရမယ်ဆိုတာတွေ၊ ရှင်းသွားအောင်လို့ပါ။
ဦးဇင်း နေတဲ့နေရာမှာ အကောင်းဆုံးနေထိုင်ပါ။
အင်တာနက် ကနေ ပြည်ပပြဿနာတွေကိုအချိန်အားတိုင်းတက်ဖတ်နေမဲ့အစား
ပြည်သူလူထုထဲကိုစိမ့်ဝင်ပါ။ တိုက်ပွဲအတွက်ပြင်ပါ။ လူထုကိုဦးဆောင်ပါ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။
လူတိုင်းမှာအချိန်အများကြီးမရှိပါ။
မောင်ကျော်သန်းလေးကိုလည်း ကိုနိုင်အောင်တို့နဲ့ညီညွတ်အောင်ဆုံးမပါအုံးဘုရား။
အရက်သေစာလေးလည်းလျော့ပြီး ကြီးမိုက်တွေမလုပ်ကြဖို့ ဟောပြောဆုံးမပါအုံးဘုရား။
သံဃာတော်တွေညီညွတ်နိုင်ကြပါစေ။
ကနေဒါ မှ
ဇေယျာ
2010/3/8 Kyaw Than
ပည်ပရောက် နိုင်ငံရေးသမားများသို့ သံဃာတော်များမှ အိပ်ဖွင့်ပေးစာ ရက်စွဲ ။ ။ ၇ - ၃ -၁၀
ရန်ကုန် အလုပ်သမား ဆန္ဒပြဦးရေ ထောင်နဲ့ချီတိုးလာ အချိန်မှာ ပြည်ပရှိ နိုင်ငံရေးသမားတစ်ချို့ဟာ သူရဲ့ ပြဿနာပေါင်စုံကို ဖြေရှင်းချက်တွေ ထုတ်နေတာကို ဦးဇင်းတို့တွေနေရတော့ အတော့်ကိုစိတ်မကောင်း ဖြစ်ရပါတယ် တိုင်းပြည်ကို တစ်ကယ်ချစ်ရဲ့လားလို့ မေးချင်းပါတယ်။ ပြည်တွင်းက ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးသိကြရဲ့လားလို့တွေးနေမိပြီး ပြည်ပမှာ မိမိကိုယ်နိုင်ငံရေးသမားလို့ အမည်ခံထားတဲ့သူတွေရဲ့ ပြည်တွင်းက သူတို့မိသားစုတွေ မပါလို့လား ထင်နေမိပါတယ် အမှန်းဆိုရင် အခုချိန်မှာ တိုင်းပြည် အတွက် အမှန်တရား အတွက်တိုက်ပွဲဝင်နေကြတဲ့ သူတွေမှာ လုပ်ရမယ် အလုပ်တွေဟာ ပြုပြင်ပြောင်လဲရေးအတွက် အလုပ်ရမယ်အချိန်ပါ ပြည်ပရောက် နိုင်ငံရေးသမားတွေကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အမှာစကားပါးချင်တာကတော့ အခုချိန်မှာ ရှင်းစရာရှိရင်လည်း ခဏရပ်ထားပြီး တိုင်းပြည် ဂျောက်ထဲကျမည်အရေးကို ဦးစားပေးစဉ်းစားကြပါလို့ ဦးဇင်းတို့က မေတ္တာရပ်ခံပါတယ် ။
အခုဆိုရင် မြန်မာပြည်က အလုပ်သမား ဆန္ဒပြပွဲတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ယခုအချိန်မှာ အလုပ်သမားတွေနဲ့ အတူလက်တွဲပြီး စစ်အာဏာရှင် စနစ်ကို ဝိုင်းဝန်းပြုတ်ချရမယ့် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ် အခုဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေဟာ နေ့စဉ်ရက်စက်သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုလာကြတာ ကျေနပ်အားရစရာ အကောင်းဆုံးအချိန်ပါပဲ ပြည်ပမှာကတော့ ငါ့ကဘာလုပ်ခဲ့တာ သူကတော့ ဘာတွေလုပ်တာနဲ့ အချိန်တွေကုန်နေတာ တွေရတော့ အတော့်ကိုယ် စိတ်မကောင်း ဖြစ်ရပါတယ် ။
အမှန်တစ်ကယ် ရှင်းလင်းချက်ထုတ်ချင်ရင် တိုင်းပြည်ကို စစ်အာဏာရှင် လက်အောက်က လွတ်မြောက်အောင် အရင်ဆုံးလုပ်ပြီး ဖြေရှင်းကြပါ ယခု အချိန်ဟာ ပြည်ပရောက်နေတဲ့ ခေါင်းဆောင်တွေ အနေနဲ့ ကြေငြာချက်ထုတ် ရုံလောက်နဲ့ မရတော့ပါဘူး အများစုပါဝင်နိုင်တဲ့ တွေ့ဆုံးဆွေးနွေးရမယ့် အချိန်ပါ ပြည်တွင်းပြည်ပ ကွန်ယက်တွေကို တည်ဆောက်ရမယ် အချိန်ဆိုတာ ကိုယ်ကိုနိုင်ငံရေး သမားလို့အမည်ခံထားတဲ့ သူတိုင်းရဲ့ဦးနှောက်မှာ ထည့်ရမယ် အချိန်ဆိုတာ အားလုံးနားလည်ဖို့ သင့်ပါတယ်။
မိမိတို့ အတွက်နဲ့ ပြည်သူတွေ စိတ်ညစ်ရမယ့် အလုပ်မျိုးကို မလုပ်ကြပါနဲ့ မိမိတို့ကိုယ်တိုင်က အမှန်တရားအတွက် ပြည်သူအတွက်ပါလို့ပြောပြီး မိမိတို့ရဲ့ နှစ်ပေါင်းနှစ်ဆယ် အတွင်းဖြစ်ပျက်ခဲ့တာတွေကို ဒီချိန်မှာမရှင်းကြပါနဲ့ တစ်နေ့ကျရင် သမိုင်းတရားခံဟာ ဘယ်သူတွေလည်းဆိုတာ ပြည်သူတွေက သိပါတယ် ဘယ်သူကတော့ ဘာလုပ်ခဲ့ပါတယ်လို့ပြောပြီး အပြစ်ဖို့နေမယ့်အစား ဒီမိုကရေစီ အရင်ရအောင်လုပ်ကြပါ။ ဒီမိုကရေစီရလာရင် သမိုင်းကိုထောက်ပြပေးမယ် ပြည်သူတွေ ရှိပြီးသားပါ။ ၂၀၀၇ခုနှစ်က သံဃာတော်တွေဟာ ဘယ်သူမှာ မလုပ်ရဲ့တဲ့ အလုပ်တွေကို ငြိမ်းစွာ လုပ်ပြခဲ့ပြီးပါပြီး ထပ်ပြီးတော့လည်းလုပ်နေကြပါတယ် ပြည်ပရောက် နိုင်ငံရေးသမားတွေ အနေနဲ့ သံဃာတွေနဲ့ လက်တွဲကြပြီး အဖြေရှာကြပါ ။
ဦးဇင်းတို့အနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေ အားလုံးကိုလည်း ပြောချင်တာကတော့ ခင်ဗျားတို့ကိုယ်တိုင် ညီညွတ်ရေးကိုလိုချင်ရင် အားလုံးပြောင်းလဲပစ်ဖို့ လိုပါ
ပြီ။ ကိုယ်ပိုင်အခွင့်ရေးကို လွတ်လပ်စွာ တောင်းဆိုနေတာကို ဦးဇင်းတို့ သံဃာတွေ အနေနဲ့ အပြည့်ဝထောက်ခံပါတယ်။ ဒါပင်မဲ့ အခုအချိန်မှာ စစ်အာဏာရှင် စနစ်ပြုတ်ချရေးဟာ ပိုပြီးအရေးကြီးနေပါတယ်။
အဲဒါကြောင့် ညီညွတ်ရေးဟာ ပထမတန်းမှာ အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောခဲ့ကြပြီးပါပြီ အခုလည်း ဒီစကားတွေကို ပြောနေရတော့ ဦးဇင်းတို့အနေနဲ့ အတော်ကိုရှက်မိပါတယ် ကလေးတွေဆိုရင် တစ်ခါပြောပြီးရင် မှတ်မိပါတယ် မြန်မာစကားပုံကို မေ့နေကြလို့လားတွေးမိပါတယ်၊ မေ့သူတွေ အတွက်ထပ်ပြီး သတိပေးလိုက်ပါတယ် ညီညွှတ်ရေးဟာ ပထမတန်းမှာအရေကြီးပါတယ် ညီညွှင်္ွှတ်မှုမရှိရင် ဘယ်လောက်ပဲ ဒီမိုကရေစီ လုပ်မယ်လို့ ပြောနေပါစေ အောင်မြင်မှု့ဆိုတာ မရနိုင်ပါဘူး။
အခုချိန်မှာ သံဃာတော်တွေ ခေါင်းဆောင်မှုနောက်ကိုလိုက်မှာလား ပြည်ရောက်နိုင်ငံရေးသမားတွေက ခေါင်းဆောင်ပြီးလုပ်မှာလားဆိုတာကို မေးခွန်းထုတ်စရာ ရှိလာပါပြီ စစ်အာဏာရှင်တွေက ၂၀၀၈ခုနှစ် အခြေခံဥပဒေကို တည်းပြုပြီးပြီဆိုတာ အားလုံးသိပါတယ် မကြာခင် ၂၀၁၀ ရွှေကောက်ပွဲကို ပြုလုပ်တော့မယ် အချိန်ဟာ နီးကပ်နေပြီ ဆိုတာကို သိလျှက်သားနဲ့ မိမိတို့ အတ္တ၊ ကိုယ်အကျိုးအတွက်ပဲ လုပ်နေကြတာတွေ့ရတော့ ဦးဇင်းတို့ သံဃာတွေအနေနဲ့ အထူးပင် စိတ်မကောင်း ဖြစ်ရပါတယ်။
ဦးဇင်းတို့ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ဦးဇင်းတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်။ ပြည်သူလူထုအနေနဲ့ အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလိုပြန်ကြည့်ရတဲ့ အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု့ တခုခု ဖြစ်လာနိုင်အောင် ဦးဇင်းတို့ အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ၊ ဗမာ၊ ရခိုင်၊ မွန်း၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစုတွေနဲ့ ပေါင်းပြီးတော့ ဦးဇင်းတို့လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံးကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။
အခု အခြေနေတိုင်းဆိုရင် တိုင်းပြည်က ဒီထက်မကပိုပြီးတော့ ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာတခုခု လုပ်ပေးပါလို့ ဦးဇင်းတို့က တောင်းဆိုချင်ပါတယ်။
ဦးဇင်းတို့ အာလုံးလုပ်ဆောင်ရမယ် အလုပ်တွေအများကြီး ရှိသေးပါတယ်။ အဲဒါကြောင့် တိုင်းရင်သား ညီးအစ်ကိုမောင်နှမများ အနေနဲ့ မျှော်လင့်ချင်းတွေနဲ့ စောင်စားမနေကြပဲ အလုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုပါပြီ စစ်အာဏာရှင်တွေကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ဦးဇင်းတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပ သမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုရမယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ဦးဇင်းတို့က ဗြိတိန်အစိုးရကို တောင်းဆိုရမယ် ကမ္ဘာ့ ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့ တောင်းဆိုရမှာတွေ အများကြီးရှိနေတယ် ဆိုတာကို အားလုံးနားလယ်ကြဖို့ လို့ပါတယ် ။
တကယ်တမ်း လောကမှာ အရေးအကြီးဆုံးက ဖြူစင်တဲ့ရရိုးသားမှုသာ ဖြစ်ကြောင်း သဘောပေါက် နားလည်သူ ရှားပါတယ်… မိမိပါတ်ဝန်းကျင်မှာ ရှာဖွေကြည့်ရင် ရုပ်လှသူနဲ့ မလှသူကို အလွယ်တကူ ခွဲခြားလို့ရနိုင်ပေမဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူကိုတော့ ရုတ်တရက်ခွဲခြားတွေ့ဖို့ မလွယ်ကူပါဘူး…. ဒါကြောင့် တကယ် အလှစစ်နဲ့ လှတဲ့သူကိုသေချာ ရှာတတ်ဖို့ လိုပါတယ်…..အပေါ်ယံ ရုပ်ရည်ကိုသာကြည့်ပြီး ရွေးချယ်မယ်ဆိုရင်တော့ တကယ့်အလှစစ်ကို တွေ့ဖို့ဝေးနေဦးမှာပါ… ကိုယ့်ဘေးမှာ ရှိနေပါလျှက်နဲ့ ရုပ်မလှလို့ ဂရုမစိုက်မိတဲ့ ဖြူစင်ရရိုးသားတဲ့ နှလုံးသားအလှ ပိုင်ရှင်လေးများကို လက်လွှတ်မသွားခင်၊ နောက်မကျခင်မှာ သေချာ ရှာဖွေကြပါလို့ အကြံပြု လိုက်ပါရစေနော်… ရုပ်အလှ ပြည့်စုံသူများလည်း၊ စိတ်နှလုံးအလှပါ ထပ်ဆောင်းလို့ အလှဆုံးသော သူများဖြစ်နိုင်ကြပါစေ….......... အမှန်
တရားစစ်ကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေ…......။
တော်လှန်းရေးသစ္စာဖြင့် စာရေးသူအရှင် (ဖျာပုံ) ပြည်တွင်းတစ်နေရာ ဆရာတော်သံဃာတော်များရဲ့ ဆန္ဒအရ ရေးသားချင်းဖြစ်ပါတယ် တိုက်ခိုက်လိုသော ဆန္ဒအရ ရေးသားချင်းမဟုတ်ပါဘူး ဆိုတာကိုဝန်ခံရင်း တပည့်တော်အနေနဲ့ အရင်တောင်းပန်ပါတယ် ဘုရား။
