Pages

Wednesday, September 1, 2010

မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူရဲ့ငြိမ်းချမ်းစွာ ထာဝရ အိပ်စက်ခြင်း

မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူရဲ့ငြိမ်းချမ်းစွာ ထာဝရ အိပ်စက်ခြင်း

မှောင်မိုက်ခြင်းများကိုရိုက်ချိုးဖို့
မျိုးချစ်စိတ်ဓာတ်တွေ လှုပ်နိုး
အကျည်းတန်အိမ်မက်ဆိုးများကို မောင်းထုတ်ဖို့
လှပတဲ့ အလင်းသစ်ကို ဆေးဆိုး
ဘ၀တိုတိုမှာ
ခဏခဏငိုနေသူတွေ အတွက်
တောထွက်တောခို မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူကြီး
လေပြင်းတချက်အတိုက်မှာ ငြိမ်းချမ်းစွာ ထာဝရ အိပ်စက်လိုက်ရပြီ
ခါးသီးစဲ မတရားမှုတွေကို မမြင်ချင်တော့လို့များ
နားငြီးတဲ့ လောကကြီးက ထွက်ခွာသွားတာလား .

အောင်ခိုင်မြင့်( မင်းရဲကျော်စွာ )
( ထာဝရ ခွဲခွာသွားတဲ့ ကိုအီးစီအတွက် အမှတ်တရ )

Ko EC was a former member of ABSDF & ONSOB.Last moment of unknown revolutionist.