Pages

Wednesday, September 1, 2010

" ရွှတ်"... အမေ့သားစကားတိုးတိုးပြောလှည့်ပါ

" ရွှတ်"... အမေ့သားစကားတိုးတိုးပြောလှည့်ပါ

အမေ...ထင်တိုင်းကြဲနေတဲ့
မ.ဆ.လ အသွင်ပြောင်း န.၀.တ
န.၀.တ အသွင်ပြောင်း န.အ.ဖ စစ်ခွေးတွေဟာ
ညသန်းခေါင်ယံကိုလှုပ်နိုးပြီး
မျိုးချစ်ခွပ်ဒေါင်းတွေနဲ့
ပြည်ချစ်ပုဂ္ဂိုလ်တွေကို
ဖမ်းဆီးသတ်ဖြတ်အကျဉ်းချဘို့
ကြံစည်ကြိုးစားနေကြလေရဲ့။
အမေ...န.အ.ဖ သွေးဆာ
နာဇီစစ်ဘလူးတွေဟာ
ချောင်းတွေ့ရင်တံတားဆောက်
တောင်တွေ့ရင်လမ်းဖောက်
အနှစ်မပါတဲ့စည်းရုံးရေးတရားတွေနဲ့
အတုယောင်အမျိုးသားညီလာခံကို
ဟန်ပါပါနဲ့ရက်အကန့်သတ်မရှိ
အရှက်တရားကင်းမဲ့စွာ
ကျင်းပပြုလုပ်နေကြလေရဲ့။
သည်အခိုက်...
တောတောင်လမ်းကြား
အမှန်အမှားကိုဖွေရှာတဲ့ဒေါင်းများနဲ့
မျိုးချစ်လူငယ်တွေကို
မျိုးဖြုတ်သန့်စင်ဘို့ကြံစည်ကြလေရဲ့။
အမေ...န.အ.ဖ စစ်ခွေးတွေဟာ
သခင့်အကြိုက်ကိုဆောင်
ညမထွက်ရအမိန့်တွေထုတ်
၅ ယောက်ထက်ပိုမစုရ
အခြေမြစ်မရှိတဲ့ပါးစပ်ဥပဒေကိုကျင့်သုံးပြီး
လိုရင်လိုသလို
စာသင်ကျောင်းတွေကိုလည်းဖွင့်ပိတ်လုပ်နေပြန်တယ်။
အမေ...စရိုက်ကြမ်းတဲ့
န.အ.ဖ စစ်သားတွေဟာ
ကျေးလက်နေတိုင်းရင်းသား/သူ တွေကို
စစ်လက်နက်အားကိုးနဲ့
မနိုင်ဝန်တွေထမ်းစေခိုင်း
သူတို့အကြိုက်တောသူတွေကိုဆက်သ
သတင်းပေါက်လို့နောက်ကျောကျည်ဝင်သူအပြည့်။
အမေ...န.အ.ဖ ဖျင်းချာချာစစ်ခေါင်းဆောင်တွေဟာ
ဟန်ကြီးပန်ကြီးစတိုင်ကြီးကြီးထုတ်ကာ
Asean အာစီယံရဲ့ ရုဒ်မတ်ကိုဖော်ရှိုး
နောက်...ဘာတဲ့လဲ
ကျုပ်တို့နိုင်ငံကြီးအေးချမ်းပြီးဆိုကာ
ရှေ့မျက်နှာနောက်ထား
ရင်းနှီးမြှပ်နှံမှုတွေဖိတ်ခေါ်
ကမ္ဘာကြီးကိုလည်းမျက်လှည့်ပြနေလေရဲ့။
အမေ...လာပြန်ပြီ
ဒို့တာဝန်အရေးသုံးပါး...တဲ့
ပြည်ထောင်စုပြိုကွဲရေး...ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုပြိုကွဲရေး...ဒို့အရေး
အချုပ်အချာအာဏာဖျက်စီးရေး...ဒို့အရေး ဆိုတာတွေကို
တာဝန်ကျေပြွန်စွာနဲ့ဦးတည်ဆောင်ရွက်နေပြန်တယ်။
အမေ...စစ်ယူနီဖောင်းဝတ်
သတင်းစာတွေရဲ.
မဖတ်စရာ မမှတ်စရာ
မလေ့လာစရာဆောင်းပါးတွေနဲ့
သိက္ခာမဲ့စွာ
ဒေါ်စုအပေါ်ဝေဖန်ပုတ်ခပ်
ညောင်နာနာအသံကြောင်တွေနဲ့
မြန်မာ့အသံကတဆင့်
တိုက်ခိုက်ဝေဖန်နေပြန်တယ်။
အမေ...ခေတ်ဆိုးစနစ်ဆိုးကြီးထဲမှာ
မျိုးချစ်လူငယ်ကျောင်းသားတွေနဲ့
ပြည်ချစ်ပုဂ္ဂိုလ်တွေကို
ပြည်ပအားကိုးပဆိန်ရိုး...တဲ့
ဒါဆို...ဟိုဒင်းပြောသလို
သူတို့ကတော့ တရုတ်အားကိုး
မအေ........ပေါ့နော်။
အမေ...အတင့်ရဲလွန်းတဲ့
န.အ.ဖ စစ်ခေါင်းဆောင်တွေဟာ
သူတို့အာဏာတည်မြဲဖို့ဆိုရင်
ဘနဖူးတိုက်တူးမယ့်လူတွေပါ။
အခုလည်းကြည့်...
အရှက်တရားမဲ့စွာ နာဂစ်ဖွဲ့စည်းပုံကို
နှစ်ထောင့်တစ်ဆယ်မှာရွှေးကောက်ပွဲလုပ်ပြီး
အတည်ပြုဖို့ကြိုးပမ်းနေပြန်တယ်။
ပြီးတော့...လူတွေရဲ့လူ့အခွင့်ရေးကိုရိုက်ချိုး
လူတွေရဲ့လွတ်လပ်ခွင့်တွေကို
မင်းမဲ့စရိုက်အသွင်နဲ့
ထင်တိုင်းကျဲအုပ်ချုပ်နေရင်
အမေ...ဒီပုံအတိုင်းဆို
တိုင်းပြည်ပျက်ဘို့သေချာပါတယ်...
"ရွှတ်"... အမေ့သား
စကားတိုးတိုးပြောလှည်ပါ။ ။

အမေ့သား။ ( ဒိန်းမတ် )