Pages

Monday, June 28, 2010

ပါတီတည်ထောင်၊ မှတ်ပုံတင်ပြီးမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို လေ့လာနေသူများ

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မီတီကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်း

6/28/2010
------
မိညို
------
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မီတီကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ဇွန်လ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းတွင် မဲနိုင် အောင်နိုင်ရေး အတွက် ပါတီမှ ပြင်ဆင်မူ များ ပြုလုပ်နေကြောင်း ပါတီ တာဝန်ရှိသူ တဦးက ပြောသည်။

� ရန်ကုန်မြို့ပေါ်မှာ ကျွန်တော်တို့ ပါတီ အနေနဲ့ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပါတီရုံး တခုကိုလည်း ရန်ကုန်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်� ဟု ပြောသည်။

ပါတီရုံးကို ရန်ကုန် ကျောက်တံတားမြို့နယ် (၄၃)လမ်းတွင် ဖွင့်လှစ်ခဲ့ပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများကို စတင် လုပ်ဆေင်နေသည်ဟု သိရသည်။

� ဒါ့အပြင် ဗဟိုကော်မတီ ၂၀ ကိုလည်း ဇွန်လ ၂၆ နဲ့၂၇ ရက်နေ့တွေမှာ ရန်ကုန်မှာ ဖွင့်လှစ်ခဲ့တဲ့ Myanmar Egress သင်တန်းကို စေလွှတ်နိုင်ခဲ့တယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို သွားရောက် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်� ဟု သူက ပြောသည်။

ပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်နှင့် အတွင်းရေးမှူး ဦးလှစောတို့မှလည်း ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များတွင် စည်း ရုံးရေး ဆင်းလျှက်ရှိပြီး ဇွန်လ(၁၉)ရက်နေ့က မြောက်ဦးမြို့တွင် ရုံးခွဲ တခုကို ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကျောက်တော်မြို့တွင်လည်း ပါတီ ရုံးတခုကို ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Saturday, June 26, 2010

မြန်မာတနိုင်ငံလုံးမှာ အခုလို ရှင်းလင်းသင့်သည်

မောင်တောမြို့ နေပြည်တော် လမ်းဆုံ ပြည့်တံဆာတန်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနှင်း
6/25/2010

မောင်တောမြို့တွင် ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည် ပေးထားသော ပြည့်တံဆာတန်းကို ယမန်နေ့ နံနက်က ရဲတပ်ဖွဲ့ တစ်ဖွဲ့မှ ၀င်ရောက် စီးနှင်းပြီး လူအများ အပြားကို ဖမ်းဆီး သွားကြောင်း သတင်း ရရှိသည်။

မျက်မြင် တဦးက “ နံနက်ပိုင်းမှာ ၀င်ရောက် စီးနှင်းတာ ဖြစ်ပြီး ဆိုင်ပိုင်ရှင် ၁၃ ဦးနဲ့ တခြား ၁၀ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးပြီး နံနက် ၉ နာရီမှာ ရဲစခန်း ခေါ်သွားပါတယ်။ စက်လှေ တစီးပေါ် တင်ပြီး မကျည်းချောင်း ရဲစခန်းကို ခေါ်သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် ရဲတပ်ဖွဲ့ဝင်များသည် အဆိုပါ နေရာတွင် တည်ဆောက်ထားသော မကောင်းမူ လုပ်ငန်းများ လုပ်ဆောင်နေသည့် ဆိုင်ခန်း ၁၃ ခန်းကိုလည်း ဖြိုဖျက် ပစ်ခဲ့သည်။

တခြား အစိုးရ ၀န်ထမ်း တဦးကလည်း “ ဒီ လုပ်ငန်းတွေကို လုပ်တဲ့သူတွေက နတလ စံပြကျေးရွာသားတွေ ဖြစ်ကြတယ်။ လဘက်ရည်ဆိုင်၊ ထမင်းဆိုင် နာမည်တပ်ပြီး နောက်ကွယ်မှာ ပြည့်တံဆာ လုပ်ငန်းတွေကို လုပ်ကြတာပါ။ ပြည်ပ မီဒီယာတွေက ဒီသတင်းကို တင်ပြလာတော့ နောက်ဆုံးတော့ အာဏာပိုင်တွေက အရေးယူ လာရတဲ့ အဆင့်ကို ရောက်ရှိလာရတာ ဖြစ်ပါတယ်။ မြို့နေလူထုနဲ့ ဒေသ အတွင်းက အစိုးရ အရာရှိတွေလည်း ခုလို မောင်တောမှာ ပြည့်တံဆာ လုပ်ငန်း တွင်ကျယ်လာတဲ့ အပေါ် မကျေနပ် မူတွေ ရှိနေကြပါတယ်” ဟု ပြောသည်။

အဆိုပါ မကောင်းမူ လုပ်ငန်းတွင် အဓိက ပါဝင်နေသူများမှာ ရွှေရင်အေးနှင့် ခရေမြိုင် စံပြကျေးရွာသားများ ဖြစ်ပြီး အဆိုပါ နေပြည်တော် လမ်းဆုံရှိ ဆိုင်များမှ တဆင့် ဖေါက်သည်များကို ခေါ်ယူကာ စံပြကျေးရွာများ အတွင်း အဆိုပါ လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ဒေသခံများ၏ အပြောအရ အဆိုပါ လမ်းဆုံမှာ ညောင်ချောင်း ကျေးရွာ အနီးတွင် တည်ရှိပြီး မကောင်းမူ လုပ်ငန်းများ လုပ်ရာမှ ပြည်သူများက နေပြည်တော် လမ်းဆုံဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ အဆိုပါ နေရာတွင် ရှင်းလင်းသွားပြီ ဖြစ်ပြီး ဆိုင်တဆိုင်မှ မရှိတော့ကြောင်း သိရသည်။

“ ဖမ်းခံရသူ အများစုက အစိုးရ စီမံကိန်းနဲ့ ဗမာပြည်က မောင်တောနယ် စံပြကျေးရွာတွေကို ပြောင်းရွှေ့လာတဲ့သူတွေ ဖြစ်တဲ့ အတွက် အရေးယူ အပြစ်ပေး ထောင်ချ တာတွေတော့ လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ နောက်နောင် မလုပ်ဖို့ ဆိုဆုံးမပြီး ပြန်လွတ်မယ့် သဘော ရှိပါတယ်။” ဟု အဆိုပါ မျက်မြင် ပုဂ္ဂိုလ်က ဆက်ပြောသည်။

ယခုလ ၃ ရက်နေ့ကလည်း ပြည့်တံဆာ လုပ်ငန်းများတွင် ပါဝင် ပတ်သက်သဖြင့် မောင်တောမြို့နယ် ကိုင်းကြီး နတလ ကျေးရွာ ရယက ဥက္ကဌဟောင်း ဦးသန်းမိုး အား ထောင် ၂ နှစ်နှင့် တခြား အမျိုးသမီးငယ် ၈ ဦးကို ထောင် တနှစ်စီ အသီးသီး မောင်တော ခရိုင်တရားရုံး ချမှတ်ခဲ့သည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Friday, June 25, 2010

မြန်မာတွေကလည်း အစိုးရကို တောင်းဆိုရမည့် အရာတွေကို ကမ္ဘာပြပြီး တောင်းစားဖို့ဘဲ ကြံနေကြတော့တာဘဲ (ဆင်းရဲတဲ့နိုင်ငံလား၊ တောင်းစားတဲ့နိုင်ငံလား)

အင်းလေးကန် ပြုပြင်ထိန်းသိမ်းရန် ဒေါ်လာ (၁၀) သန်း အမြန်လို
NEJ / ၂၅ ဇွန် ၂၀၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် တိမ်ကောလာသည်ကို ပြုပြင်ထိန်းသိမ်းရန် (၅) နှစ်ခန့် အချိန်ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀) သန်း လတ်တလော လိုအပ်ကြောင်း ဖရီဒါအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

၎င်းက “အမေရိကန်ဒေါ်လာ (၁၀) သန်းနဲ့ဆိုရင် အင်းလေးကန်ကို (၅) နှစ်အတွင်းမှာ ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နိုင်မယ်၊ လိုအပ်တဲ့ငွေကတော့ အများကြီးပဲ။ ဒါပေမယ့် လတ်တလောမှာ အဲဒီငွေကို မတည်ပြီးတော့ လုပ်နေရင်တော့ လောလောဆယ် ဖြေရှင်းရတာ အဆင်ပြေသွားမယ်။ တခုတည်းလုပ်လို့ မရဘူး၊ အားလုံးကို ပြုပြင်ရမယ်၊ အားလုံးကို ထိထိရောက်ရောက် ပြောင်းလဲပစ်ရမယ်။ ထိထိရောက်ရောက် မလုပ်နိုင်ဘူး၊ အင်တိုက်အားတိုက် မလုပ်နိုင်ဘူးဆိုရင်တော့ အလကားပဲ” ဟု ပြောသည်။

လာမည့် ဇူလိုင် (၁) ရက်တွင် နေပြည်တော်၌ အင်းလေးကန်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း ( Forest Resource Environment and Conservation Association ) FREDA (ဖရီဒါ) ၏ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

“အင်းလေးကန်က အခုနှစ်မှာ စုပြုံဖြစ်ပြီးတော့ ရေခန်းတာ။ အရင်ကလည်း သတိပေးနေတာ အမျိုးမျိုးပဲလေ။ ဒီကန်ဟာ ရုတ်တရက်ခန်းသွားတာ မဟုတ်ဘူး၊ အရင်ကပဲ ဖြစ်နေတာပါ။ ဒါကို ဘာမှမပြုမပြင်ထားတော့ ပိုဆိုးသွားတာပေါ့” ဟု ၎င်းက ပြောသည်။

မနှစ်ကထက် ယခုနှစ် နွေရာသီတွင် (၃၀) ရာခိုင်နှုန်း ရာသီဥတု ပိုမိုပူပြင်းခြင်း၊ မိုးနောက်ကျခြင်း၊ နုန်းမြေကျမှုများကာ အနည်ထိုင်မှုများလာပြီး မြေသားမြင့်တက်မှု ပိုလာခြင်းတို့ကြောင့် ယခုနှစ်တွင် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ပိုလာရခြင်းဖြစ်ကြောင်း ဦးအုန်းက ရှင်းပြသည်။

အင်းလေးကန်သည် ယခုနှစ် နွေရာသီတွင် မကြုံစဖူး ရေများခန်းခြောက်သွားကာ လှေဖြင့်သွားလာရသောနေရာများတွင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာ၍ရသည်ထိ ဖြစ်သွားသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်နေသူများအနေဖြင့် ရုတ်တရက် မည်သို့ပြုပြင်ထိန်းသိမ်းရမည်ကို တွေဝေသွားစေကြောင်း၊ သားရဲတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်လုပ်ငန်းများ လုပ်ဆောင်နေသော သစ်တောရေးရာ ၀န်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးတဦးက ပြောသည်။

“ဒီဖြစ်ရပ်ကို နိုင်ငံတကာထိ တင်ပြပြီးတော့ အကူအညီတောင်းသင့်ရင် တောင်းရမှာဖြစ်တယ်။ အင်းလေးကန်က မြန်မာနိုင်ငံရဲ့ အထင်ကရ နေရာဖြစ်သလို အရေးပါတဲ့ နေရာတနေရာလည်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အင်းလေးကန်ပျက်စီးပါက ဇီဝမျိုးစုံ မျိုးကွဲငှက်များ၊ ငါးများ၊ အပင်များ ပျက်စီးသွားမည်ဖြစ်ပြီး ဘီလူးချောင်းနှင့် ဆက်စပ်နေသည့်အတွက် လောပိတရေအားလျှပ်စစ်ရရှိမှုကိုလည်း ထိခိုက်သွားမည်ဖြစ်ကြောင်း အဆိုပါသစ်တောအရာရှိကြီးက ပြောသည်။

လွန်ခဲ့သော (၄) နှစ်ခန့်ကလည်း အင်းလေးကန်သည် လာမည့် (၅) နှစ်အတွင်း ရေလုံးဝ ခန်းခြောက်သွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်သူများက သတိပေးပြောကြားခဲ့ဖူးသည်။

အင်းလေးကန်သည် ယခုနှစ်နွေရာသီတွင် စတုရန်း ကီလိုမီတာ (၁၀၀) ၀န်းကျင်အကျယ်သာ ရှိတော့ကြောင်း အင်းလေးဒေသခံတို့က ပြောသည်။

“ကျနော်တို့တသက်မှာ တခါမှ ဒီလိုရေခန်းတာ မကြုံဖူးဘူး။ ပြောရရင်တော့ ကြောက်စရာကောင်းလောက်အောင် တွေ့ရတဲ့ မြင်ကွင်းပဲ။ ဒီလိုသာဆိုရင် နောက်နှစ်တွေကို မတွေးရဲဘူး” ဟု ညောင်ရွှေမြို့ခံတဦးက ပြောသည်။

အင်းလေးကန် အကျယ်အ၀န်းသည် ယခုအခါ မိုးရာသီတွင် အလျား ကီလိုမီတာ (၅၇.၆) ကီလိုမီတာ၊ အနံ (၁၇.၆) ကီလိုမီတာရှိပြီး နွေရာသီတွင် အလျား (၂၀.၉၃) ကီလိုမီတာ၊ အနံမှာ (၄.၄) ကီလိုမီတာသာကျန်ရှိတော့ကြောင်း သိရသည်။

“အရင်က မိုးရာသီမှာ အင်းလေးကန်ဟာ အကျယ်ပတ်လည် (၁၄၅) စတုရန်း ကီလိုမီတာ ရှိရာကနေ နွေရာသီမှာ အကျယ်ပတ်လည် (၁၀၀) စတုရန်း ကီလိုမီတာလောက် ဖြစ်လာတယ်။ ဒါကိုကြည့်ရင် အင်းလေးကန်ရဲ့ အနာဂတ် အနေအထားကို တွက်ကြည့်လို့ရပါတယ်” ဟု အင်းလေးကန် ပတ်ဝန်းကျင်လေ့လာမှု ပြုလုပ်ရာတွင် ပါဝင်သော ညောင်ရွှေမြို့ခံတဦးက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် (၂,၉၀၀) မိုင်တွင် တည်ရှိသည်။

အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားကာ တနေရာမှ တနေရာသို့ သွားလာရာတွင် လှေကို ခြေဖြင့်လှော်ခတ်သွားလာလေ့ရှိပြီး အင်းလေးဒေသ နန်ဟူးရွာရှိ အင်းလေး ဖောင်တော်ဦးဘုရားမှာ ထင်ရှားသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရရှိစေရန် ဆောင်ရွက်ပေးနေသည့် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းအတွက် အဓိက ထင်ရှားသည့်နေရာတခုဖြစ်ပြီး အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိမ်ဘုရားတို့မှာ နိုင်ငံခြားသားများ အများဆုံးသွားရောက်ရာ နေရာတို့ဖြစ်သည်။

အင်းလေးကန်တွင် အင်းသားတို့ရိုးရာဖြစ်သော ခြေဖြင့်လှေလှော်သော ယဉ်ကျေးမှုကို ကမ္ဘာလှည့်ခရီးသွားတို့ များစွာနှစ်သက်ကြောင်း၊ ယခုနှစ် ရေခန်းမှုကို မထိန်းသိမ်းနိုင်ပါက နောင်တွင် ခရီးသွားများအား အင်းလေးသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုများ ပျောက်ကွယ်သွားနိုင်ကြောင်း၊ ယင်းသို့ ပျောက်ကွယ်သွားပါက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအနေဖြင့် များစွာထိခိုက်သွားနိုင်ကြောင်း ဧည့်လမ်းညွှန်များက ပြောသည်။

“အင်းလေးကန်ထဲမှာ အင်းသူအင်းသားတွေရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ခြေနဲ့လှေလှော်တာ၊ ကျွန်းမျောတွေပေါ်မှာ စိုက်ပျိုးရေး လုပ်တာ၊ ငါးဖမ်းတာ စတာတွေဟာ ရေကိုအသုံးပြုပြီး လုပ်ရတာဆိုတော့ ရေခန်းသွားမယ်ဆိုရင် အားလုံးအခက်အခဲ တွေ့သွားနိုင်တယ်” ဟု ၀ါရင့်ဧည့်လမ်းညွှန်တဦးက ပြောသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနစာရင်းများအရ သိရသည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Thursday, June 24, 2010

မြန်မာအမျိုးသမီးတွေလည်း ကော့၊ လှန်၊ ခါ၊ ကား၊ ကုန်း တတ်လာပြီ

အဆုံးထိဖတ်ရန်...

အရူးဥပဒေနှင့် ရူးနေသူများ

နိုင်ငံရေးပါတီများ ကြွေးကျော် ချီတက်ခြင်း မလုပ်ရ
ဖနိဒါ ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ နိုင်ငံရေးပါတီများ အလံများကိုင်ဆောင်၍ စီတန်းလှည့်လည်ခြင်းနှင့် ကြွေးကျော်ချီတက်ခြင်း မပြုရန်နှင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြအောင် ဟောပြောခြင်းမပြုရန် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ချက် ယနေ့ ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အချက် ၁၄ ချက်ပါ ဇွန် ၂၁ ရက်နေ့စွဲတပ် ညွှန်ကြားချက်တွင် ယခုအချက်များမှာ တစိတ်တဒေသသာ ဖြစ်သည်။

နိုင်ငံအဝှမ်း ဝင်ပြိုင်မည့် ပါတီများမှာ မှတ်ပုံတင်ကျပြီးသည့်နေ့မှ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင် အနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ဒေသဆိုင်ရာ ပါတီမှာ အနည်းဆုံး ပါတီဝင် ၅၀၀ ရရှိရန်လိုအပ်သည်။

ပါတီရုံးပြင်ပတွင် စုဝေး ဟောပြောလိုလျှင် ခန့်မှန်းခြေ တက်ရောက်နိုင်သည့် အင်အားကိုတင်ပြ၍ ကော်မရှင်ထံမှ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်၍ ခွင့်ပြုချက်ရယူရန်လည်း ညွန်ကြားချက်တွင် ပါရှိသည်။

ပါတီများအနေဖြင့် အစိုးရရုံးများ၊ အဖွဲ့အစည်းများ၊ စက်ရုံ အလုပ်ရုံနှင့် အလုပ်ဌာနများ၊ ဈေးများ၊ အားကစားကွင်းများ၊ သာသနာရေးနှင့်ဆိုင်သော နေရာများ၊ စာသင်ကျောင်းများနှင့် ပြည်သူ့ဆေးရုံ တို့ကို အနှောက်အယှက် မဖြစ်စေရဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

ညွန်ကြားချက်တွင် နိုင်ငံရေးပါတီများ ဟောပြော ရေးသားရာတွင် ” နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သိုမဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောခြင်း၊ ရေးသားပုံနှိပ် ထုတ်ဝေခြင်း” မပြုရန် တားမြစ်ထားသည်။

အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် ဟောပြောခြင်းနှင့် တပ်မတော်ကို ဂုဏ်သိက္ခာထိခိုက်စေရန် ရေးသားမှုနှင့် ဟောပြောမှု မလုပ်ရန်လည်း ပါရှိသည်။

ကော်မရှင်၏ ကန့်သတ်မှုများကို ချိုးဖောက်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ယူဆလျှင် ပါတီကို ဖျက်သိမ်းနိုင်ကြောင်း မတ်လအတွင်းက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများက ပြဌာန်းထားသည်။

ယနေ့အထိ ပါတီမှတ်ပုံတင်လျှောက်ထားသော ပါတီပေါင်း ၄၂ ခု ရှိနေပြီး ၃၃ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

ကော်မရှင်၏ ညွှန်ကြားချက်သည် ထိုးနှက်ချက်တခုဖြစ်ပြီး နိုင်ငံရေး ပါတီဝင်များ စုဆောင်းရခက်စေသည်ဟု ဝေဖန်သူများတွင် စစ်အစိုးရနှင့် ရင်းနှီးသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်လည်း ပါဝင်သည်။

“ကလေးဆန်တယ်လို့ ထင်တယ်။ သာရေးနာရေး အသင်းတွေ၊ ဘောလုံးအသင်းတွေတောင် အလံတွေ ဝှေ့ရမ်းပြီး လုပ်နေတာပဲ။ နိုင်ငံရေးပါတီက တရားဝင်ပါတီဗျာ၊ တရားဝင် ခွင့်ပြုလိုက်ပြီဆိုရင် ပါတီရဲ့ အလံက လွတ်လွတ်လပ်လပ် သုံးခွင့် ရှိရမှာပေါ့”ဟု ဦးအေးလွင်က ပြောသည်။

ညွှန်ကြားချက်က ၂ဝ၁ဝ ခုနှစ်အတွင်း မည်သည့်နေ့ရက်တွင် ပြုလုပ်မည်ဟု မကြေညာသေးသည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်လိုသော နိုင်ငံရေးပါတီများကို အားယုတ်သွားစေသည်ဟု သူက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ဦးဖြိုးမင်းသိန်းက ” အလှူခံတောင် အလံလွှင့်ပြီး သွားလို့ရတယ်” ဟု ဆိုကာ ကော်မရှင်၏ ညွှန်ကြားချက်ကို နားမလည်နိုင်ကြောင်း ပြောသည်။

ကော်မရှင်၏ ညွန်ကြားချက်တွင် အဆောက်အအုံ၊ ခန်းမထဲတွင် စုဝေး ဟောပြောခြင်းလုပ်လျှင် အဆောက်အအုံ၊ ခန်းမ အပြင်ဘက်တွင် လူစုလူဝေးမရှိစေရဟုလည်း ထည့်သွင်းပါရှိသည်။

လွန်ခဲ့သည့် နှစ် ၂ဝ က နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲ အကြိုကာလများတွင် နိုင်ငံရေးပါတီများကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ဝေပုံကျ စည်းရုံးဟောပြောခွင့် ပေးခဲ့သော်လည်း ယခုတကြိမ်တွင်တော့ ခွင့်ပြုခြင်း မရှိသေးပေ။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများ ပြင်ဆင်ရန်လိုအပ်သည်ဟု တောင်းဆိုထားပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားသည်။

ရွေးကောက်ပွဲ ဥပဒေက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၂၁၀၀ ကျော်ရှိသော နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်ခွင့် တားမြစ်ထားသည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Tuesday, June 22, 2010

ကမ္ဘာမှာ မြန်မာ ဤသို့ နာမည်ရလာပြီ

ယူအန် အေဂျင်စီမှ မြန်မာနိုင်ငံကို ဒုက္ခသည်ပင်မ နိုင်ငံတစ်ခု အဖြစ်သတ်မှတ်
6/21/2010

တာကလူး (နိရဉ္စရာ)
UNHCR ခေါ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖွဲ့မှ မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံး ထုတ်ပေးသည့် ပင်မနိုင်ငံ တစ်ခု အဖြစ် စာရင်းသွင်း သတ်မှတ်လိုက်သည်။

UHNCR က ၄င်း၏ နောက်ဆုံးထုတ် အစီရင်ခံစာ “2009 Global Trends” ၌ ဒုက္ခသည် အများဆုံးထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံကို ဒုက္ခသည် အရေအတွက် (၄၀၆၇၀၀)နှင့်အတူ နံပါတ် (၅) နေရာ၌ ထည့်သွင်း ဖေါ်ပြထားသည်။

အဆိုပါအစီရင်ခံစာတွင် ဒုက္ခသည် (၂၈၈၇၁၀၀) ဦးနှင့် အာဖဂန်နစ္စတန်နိုင်ငံ၊ (၁၇၈၅၂၀၀)ဦးနှင့် အီရတ်၊ (၆၇၈၃၀၀)ဦး နှင့် ဆိုမာလီ၊ (၄၅၅၉၀၀)ဦးနှင့် ကွန်ဂို၊ (၄၀၆၇၀၀)ဦးနှင့် မြန်မာ၊ (၃၈၉၈၀၀)ဦးနှင့် ကိုလံဘီယာ၊ (၃၆၈၂၀၀)ဦးနှင့် ဆူဒန်၊ (၃၃၉၃၀၀)ဦးနှင့် ဗီယက်နမ်၊ (၂၀၉၂၀၀)နှင့် အီရီထရီယာ နှင့် (၁၉၅၆၀၀) ဦးနှင့် ဆားဗီးယား နိုင်ငံတို့ကို ဒုက္ခသည်ဦးရေနှင့် အတူ ယှဉ်တွဲပြီး အစီလိုက်သင့် ဖေါ်ပြထားသည်။

“မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလာကြသည့် အသိအမှတ် ပြုခြင်း မခံရသေးသော ရိုဟင်ဂျာ ခေါ် မူဆလင် ဒုက္ခသည် ၂ သိန်းကျော်ကို ထည့်သွင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ဒုက္ခသည် အများဆုံး ထုတ်ပေးသည့် ပင်မ (၁၀) နိုင်ငံ စာရင်းတွင် ပါဝင်လာရခြင်း ဖြစ်သည်” ဟု ၄င်း အစီရင်ခံစာတွင် ရေးသားဖေါ်ပြသည်။

၎င်းအပြင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ စာရင်းတွင် မြန်မာနိုင်ငံသားများမှာ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း အစီရင်ခံ၌ ဖေါ်ပြထားပြီး၊ အဆိုပါ နိုင်ငံတကာ၌ ခိုလှုံခွင့် လျှောက်ထားသူများ၏ သုံးပုံတပုံခန့်ကို မလေးရှားနိုင်ငံ၌ လက်ခံရရှိခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ဒေသတွင်း သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနိုင်ငံ၌ စစ်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် သန်းနှင့်ချီသော နိုင်ငံသားများမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက်ရှိနေကြပြီး၊ အများစုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများတွင် ဒုက္ခသည်များ အဖြစ်ခိုလှုံလျက်ရှိကြောင်း သိရှိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Sunday, June 20, 2010

မည်သည့်အဖွဲ့အစည်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံနှင့်ပန်းများကို ခြေနင်းကြမ်းပြင်တွင် ချထားရပါသလဲ

နယူးယောက်မြန်မာစစ်သံရုံးရှေ့ ဒေါ်အောင်ဆန်းစုကြည် ၆၅ မွေးနေ့ ကျင်းပသူများကို စစ်သံဝန်ထမ်းတဦးက ရိုင်းပြစွာ တုန့်ပြန်ဟု ဆို
မိုးမခအထောက်တော် ၀၀၃
ဇွန် ၁၉၊ ၂၀၁၀

ယမန်နေ့၊ နယူးယောက်အချိန်၊ ၁၈ ရက်နေ့၊ သောကြာနေ့ခင်းက နယူးယောက်မြို့ရှိ မြန်မာတို့ စုဝေးကြပြီး မြန်မာစစ်ကောင်စစ်ဝန်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ် မွေးနေ့အခမ်းအနားကို ကျင်းပကြသည်ဟု သိရသည်။ ထိုအခမ်းအနားသို့ မြန်မာ့အရေးစိတ်ဝင်စားသော အမေရိကန်များ၊ အဖွဲ့အစည်းများအပါအ၀င် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၊ ဂလိုဘယ်ဂျတ်စ္စတစ်အဖွဲ့နှင့် ဘားမားပွိုင့်အဖွဲ့တို့လည်း ပါဝင်သည်ဟု ဆိုသည်။

အခမ်းအနားအစီအစဉ်အတိုင်း မြန်မာစစ်သံရုံးရှေ့တွင် စုဝေးကြပြီး သံရုံးတံခါးဝနှင့် ခြံဝင်းရှေ့တွင် ပန်းစည်းအ၀ါများ တဦးချင်း တန်းစီကာ အမှတ်တရ နေရာချကြသည်ကို တွေ့ရသည်။ ထိုအချိန်တွင် သံရုံးဝန်ထမ်းတဦးက အပြင်သို့ ထွက်ရှိလာပြီး မွေးနေ့အခမ်းအနား ဆောင်ရွက်နေသူများကို အသံကျယ်လောင်စွာ ဟိန်းဟောက်ပြောဆိုခြင်း၊ တားမြစ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားများ သုံးစွဲသည်ဟု ကြားသိရသည်။ ၎င်းနောက် သံရုံးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားရာ လမ်းပေါ်တွင် စီစဉ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများနှင့် ပန်းစည်းများကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည် ဟု မျက်မြင်တို့က ပြော၏။

အမေရိကန်တပြည်လုံးရှိ မြန်မာအရေး စိတ်ဝင်စားသူများ၊ မြန်မာများက နှစ်စဉ်မပျက် မွေးနေ့ပွဲများ ကျင်းပကြမည် ဖြစ်ရာ ယူအက်ကင်ပိန်းဖော်ဘားမား အဖွဲ့၏ အဆိုအရ နိုင်ငံတကာက မြန်မာအရေးစိတ်ဝင်စားသူ လူပေါင်း ၃၄၀က မွေးနေ့တွင် ဒေါ်စုကဲ့သို့ အကျယ်ချုပ် ကျခံခြင်းကို ဆောင်ရွက်ပြီး ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။ အမေရိကန်သမ္မတ အိုဘားမားကလည်း သီးခြားစာထုတ်ပြန်ပြီး ဒေါ်စုမွေးနေ့နှင့် လွတ်မြောက်ရေးအတွက် ဆုတောင်းသကဲ့သို့ ဆီနိတ်လွှတ်တော်က အမျိုးသမီးရေးရာအဖွဲ့ကလည်း ဒေါ်စု လွတ်မြောက်ရေးအတွက် အရေးဆို ထုတ်ပြန်သည်ကို တွေ့ရသည်။



သည်နေရာမှာ ဗီဒီယိုကို ကြည့်နိုင်ပြီ - www.youtube.com/watch?v=WSB7xdUYGsc
Copy from www.moemaka.com

အဆုံးထိဖတ်ရန်...

Saturday, June 19, 2010

ဘတ်ကီးမွန်းဟု ခေါ်ကြရန်သာရှိတော့သည်

ဓာတ်ငွေ့ပိုက်လိုင်းကိစ္စသည် သူမသာကိုယ်မနာဟု ဘန်ကီမွန်းက ပြောဆို
သောမတ်စ်မောင်ရွှေ စနေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီ၏ အငြင်းပွားဖွယ်ရာ မြန်မာနိုင်ငံ ရွှေသဘာဝရေနံမြေ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို `သူမသာကိုယ်မနာ အခြေအနေတရပ်´ ဟု၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ချီးကျူးထောက်ခံပြောဆိုခဲ့ဖူးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် သူ၏ သဘောထားနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက မေးခွန်းထုတ်မှုကို ကုလအတွင်းရေးမှူးချုပ် ရင်ဆိုင်နေရချိန်တွင် ထိုသို့ ဒေ၀ူးဓာတ်ငွေ့ပိုက်လိုင်းအပေါ် မစ္စတာဘန်၏ ထုတ်ဖော်ပြောဆိုချက်ကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပိုက်လိုင်းအပေါ် ထောက်ခံပြောဆိုသည့် သဘောထားမှတ်ချက်ကို မစ္စတာဘန်ကီမွန်းက ၂၀၀၅ ခုနှစ် သြဂုတ်လအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ကေနတ်ဝါးဆင်း (K. Natwar Singh) ကို ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ အိန္ဒိယသတင်းစာများ၏ အဆိုအရ အစိုးရနှစ်ခုစလုံးအတွက် အထူးဦးစားပေးလုပ်ငန်းမှာ ဒေ၀ူးကုမ္ပဏီက အိန္ဒိယအစိုးရ ထိန်းချုပ်ထားသည့် ကုမ္ပဏီများနှင့် ရွှေသဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အတူပူးတွဲလုပ်ဆောင်ရေးဟု ဆိုသည်။

အဆိုပါ ကုမ္ပဏီများမှာ Gas Authority of India (Gail) နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကော်ပိုရေးရှင်း (ONGC) က လုံးဝပိုင်ဆိုင်သည့် နိုင်ငံတကာ လုပ်ငန်းခွဲတခုဖြစ်သော ONGC Videsh တို့ ဖြစ်ကြသည်။ Press Trust of India က သတင်းပေးပို့ရာတွင် ဤသို့မှတ်ချက်ချပြောဆိုခဲ့ကြောင်း နှစ်ဖက်သဘောတူညီထားပြီးဖြစ်သည့် အစည်းအဝေး မှတ်တမ်းများကို ကိုးကားပြောဆိုထားသည်။

`မြန်မာနိုင်ငံတွင်း ဒေ၀ူး-ONGC-Gail အစုစပ်ဆောင်ရွက်မှုပုံစံကို ကြည့်ခြင်းအားဖြင့် အိန္ဒိယနှင့် ကိုရီးယားကုမ္ပဏီများအကြား ဟိုဒရိုကာဘွန်သယံဇာတအရင်း အမြစ်များ ရှာဖွေရေးလက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီခဲ့ခြင်းမှာ သူမသာ-ကိုယ်မနာ အခြေအနေတရပ်သို့ ဦးတည်သွားစေလိမ့်မည်´။

ဤသို့ ဘန်ကီမွန်းက ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းကို `သူမသာ-ကိုယ်မနာ´ဟု သဘောတူခဲ့ခြင်းအတွက် ဤစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်ပူပန်နေကြသည့် လူ့အခွင့်အရေး ကိစ္စရပ်များအတွက် စည်းရုံးလှုံ့ဆော်နေသူများနှင့် ပြည်ပရောက် မြန်မာများကို အကြီးအကျယ် ဒေါသထွက်စေခဲ့သည်။ ဤစီမံကိန်းမှ ရရှိလာမည့် နိုင်ငံခြားငွေမာ ဘီလျံများစွာဖြင့် မိမိပြည်သူများကို သတ်ဖြတ်ရန်အတွက် စစ်အစိုးရကို လက်နက်များ ၀ယ်ယူနိုင်စေလိမ့်မည်ဟု ပြောဆိုဝေဖန်မှုများ ရှိနေကြသည်။

ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းကို ပြင်းထန်စွာ ဆန့်ကျင်ရေးစည်းရုံး လှုံ့ဆော်မှုများ ဆောင်ရွက်နေသည့် Shwe Gas Campaign အဖွဲ့မှ ဦးဝင်းအောင်က မဇ္ဈိမကို ပြောကြားရာတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် ဘန်ကီမွန်းနှင့် ကိုရီးယားကုမ္ပဏီအတွက်သာ `သူမသာ-ကိုယ်မနာ´ အခြေအနေဖြစ်ပြီး မြန်မာပြည်သူများအတွက်မူ လုံးဝ မဖြစ်နိုင်ဟု ဆိုသည်။ လူသတ်သမား ဗိုလ်ချုပ်များကိုသာ အကျိုးရှိစေလိမ့်မည်ဟု ဆိုသည်။

အငြင်းပွားဖွယ်စီမံကိန်းအား `သူမသာ-ကိုယ်မနာ´ ဟု ပြောဆိုသည်ကို Earth Rights International အဖွဲ့ကြီးမှ ကိုနိုင်ထူးကလည်း ကန့်ကွက်သည်။ `ရွှေစီမံကိန်းသည် ကိုရီးယား၏ ဂုဏ်သတင်း၊ ဒေ၀ူးကုမ္ပဏီ၏ ဂုဏ်သတင်းတို့ကို ပျက်စီးစေလိမ့်မည်။ မြန်မာနိုင်ငံတွင်းရှိ ထောင်ပေါင်းများစွာသော ရွာသားများ၏ လူ့အခွင့်အရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်နေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဤစီမံကိန်းကို `သူရှုံး-ကိုယ်ရှုံး´ အခြေအနေဟုသာ ပြောချင်ပါသည်။ သဘာဝသယံဇာတကြွယ်ဝမှုအပေါ် စီမံခန့်ခွဲပုံကို စစ်အစိုးရက လုံးဝဥဿုံ ပြောင်းလဲခြင်း မပြုလျှင်၊ လူ့အခွင့်အရေး ချိုးဖောက်မည့်အစား ထိန်းသိမ်းကာကွယ်သည့် လုပ်ငန်းများကို စတင်လုပ်ဆောင်ခြင်း မပြုလျှင် ရွှေစီမံကိန်းသည် ဘေးဒုက္ခအန္တရာယ်ကြီးသာ ဖြစ်လိမ့်မည်´ ဟု သူက ပြောသည်။

Inner City Press မှ သတင်းထောက်တဦးက ဒေ၀ူးကုမ္ပဏီ၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအပေါ် သူ၏ ရပ်တည်ချက်ကို လွန်ခဲ့သော နှစ်က မေးမြန်းခဲ့ရာတွင် မစ္စတာ ဘန်ကီမွန်းက ဖြေကြားရန် ငြင်းဆိုခဲ့ပြီး မှတ်ချက်တစုံတရာပေးခြင်း မပြုခဲ့ပါ။ အဆိုပါ သတင်းထောက် မက်သယူးရပ်ဆဲလီး (Matthew Russell Lee) ကပင် ဇွန်လ ၉ ရက် ဗုဒ္ဓဟူးနေ့က ဘန်ကီးမွန်း၏ ပြောရေးဆိုခွင့်ရှိသူ Farhan Haq ကို ရွှေစီမံကိန်းအပေါ် ဘန်ကီမွန်းက `သူမသာကိုယ်မနာ´ စီမံကိန်းဟု ယခုထိ ယုံကြည်နေဆဲရှိသေးသလားဟု မေးမြန်းခဲ့သည်။ Haq က အဖြေပေးနိုင်ရန် မေးမြန်းကြည့်ပါမည်ဟု ဖြေကြားခဲ့သည်။ တပတ်အကြာတွင် မဇ္ဈိမက ထပ်မံမေးမြန်းခဲ့ရာ ဤအကြောင်းအရာကို လေ့လာနေဆဲဖြစ်ကြောင်းနှင့် အဖြေမပေးနိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။

လွန်ခဲ့သော နွေရာသီက မြန်မာနိုင်ငံသို့ သွားရောက်ရာတွင်လည်း မစ္စတာဘန်ကီမွန်းသည် သူတခုခု လုပ်နေကြောင်း ပြသရန်အတွက်သာ စိတ်မပ့ါတပါဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များက ယုံကြည်ကြသည်။ စစ်အစိုးရကလည်း သူ့ကို အထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးဘဲ ငြင်းဆန်ခဲ့သည်။ ဘန်သည် ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားနှင့် တွေ့ဆုံခွင့်ရရန် အတင်းအကျပ် တောင်းဆိုနိုင်ခဲ့သော်လည်း စစ်အစိုးရ စိတ်ဆိုးပြီး ကိုရီးယားစက်မှုလုပ်ငန်းအတွက် အရေးပါသည့် စီမံကိန်း ပျက်ပြားသွားမည်ကို စိုးရိမ်ကာ မပြောဘဲနေခဲ့သည်ဟုလည်း မြန်မာအတိုက်အခံ တက်ကြွလှုပ်ရှားသူ အများအပြားက ယုံကြည်ကြသည်။

ဘန်၏ ခရီးစဉ်အပြီး ရက်သတ္တပတ်များစွာအကြာတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ကိုမူ အထိန်းသိမ်းခံ နိုဘယ်ဆုရှင်နှင့် တွေ့ဆုံခွင့်ပြုခဲ့သည်။

အငြင်းပွားဖွယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ကိုရီးယားနိုင်ငံတို့မှ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများက အနည်းစု လုပ်ငန်းလက်တွဲ ဆောင်ရွက်ဖော်များအဖြစ် ပါဝင်ကာ ဒေ၀ူး ကုမ္ပဏီကမူ အဓိက အစုရှယ်ယာရှင်အဖြစ် ရှိနေသည်။

ဤစီမံကိန်းကို တောင်ကိုရီးယား၏ `ပင်လယ်ရပ်ခြား အကြီးဆုံး စီမံကိန်း´ ဖြစ်ကြောင်း ဆိုးလ်မြို့တော်ထုတ် ကိုရီးယားသံတော်ဆင့် (The Korea Herald) သတင်းစာကြီးက ရေးသားဖော်ပြထားသည်။ ယခုစီမံကိန်းမှ မြန်မာစစ်အစိုးရ ရရှိမည့် ငွေကြေးသည် ဆယ်စုနှစ် ၃ ခုအတွင်း အမေရိကန်ဒေါ်လာ ၄၀ ဘီလျံရှိမည်ဟုလည်း အဆိုပါ သတင်းစာက ခန့်မှန်းတွက်ချက်ထားသည်။

ဤငွေကြေးများဖြင့် စစ်တပ်ကို ပိုမိုအင်အားတောင့်တင်းလာအောင် ပြုလုပ်နိုင်သည်ဟုလည်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။ ကီလိုမီတာ ၈၀၀ ရှိ အဆိုပါပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှ ဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းကို လွန်ခဲ့သော အပတ်က စတင်ခဲ့ပြီဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် မည်သည့်အခါကမျှ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ်က ရပ်စဲသွားခြင်း မရှိခဲ့ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်၏ စိတ်ထဲတွင် ခံစားရသည်။

သူက `ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရှိစဉ်ကတော့ ဒေ၀ူးရဲ့ ရွှေဓာတ်ငွေ့စီမံကိန်းကို ထောက်ခံခဲ့တဲ့ သူဆိုတာ ထင်ရှားပါတယ်။ ဒီစီမံကိန်းဟာ မြန်မာပြည်သားတွေဆီက ခိုးယူထားတဲ့ မြေပေါ်မှာ တည်ဆောက်မယ့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်ပျက်စီးစေမယ့် ပိုက်လိုင်းစီမံကိန်း ဖြစ်ပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဖြစ်လာပေမယ့်လည်း ကိုရီးယားစီးပွားရေး လုပ်ငန်းတွေရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို စိန်ခေါ်လုပ်ကိုင်ရမယ့် ကိစ္စတွေကို သူဝန်လေးနေရတာဟာ ဒီကိစ္စက အတော်များများပါမယ်လို့ ကျနော် အသေအချာ ယုံကြည်ပါတယ်´ ဟု ပြောသည်။

ဥဇဘက်ကစ်စတန်နိုင်ငံ အာဏာရှင် အစ္စလမ်ကာရီမော့ဗ် (Islam Karimov) နှင့် မစ္စတာဘန်တို့ တရင်းတနှီးရှိနေခြင်းနှင့် ကိုရီးယားနိုင်ငံက အဆိုပါ အလယ်အာရှနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းတို့ တိုက်ဆိုင်နေခြင်းကိုလည်း ကိုဝင်းအောင်က ထောက်ပြသည်။ ဒေ၀ူးအင်တာနေရှင်နယ် ကုမ္ပဏီအပြင် ကိုရီးယားနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများဖြစ်ကြသော ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်း (Kogas)၊ ကိုရီးယား အမျိုးသားရေနံကော်ပိုရေးရှင်း (KNOC) တို့ကလည်း ဤယခင်ဆိုဗီယက်သမ္မတ နိုင်ငံဟောင်း၏ စို့စို့ပို့ပို့ရမည့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာဘီလျံပေါင်းများစွာစီ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

ဥဇဘက်ကစ္စတန်အာဏာရှင် ကာရီမော့ဗ် ကို သူ့ကိုဆန့်ကျင်သူ အများအပြားအား ထောင်သွင်းအကျဉ်းချခြင်း၊ ကွပ်မျက်ခြင်း ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုထားကြသည်။ ထိုအချိန်က ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ခရေ့မာရေး (Craig Murray) က သေမှုသေခင်း အစီရင်ခံစာတရပ်ကို ၂၀၀၂ ခုနှစ်က ပြုလုပ်ခဲ့ရာတွင် ကွယ်လွန်သူ အတိုက်အခံတဦးကို ထောင်ဝန်ထမ်းများက အရှင်လတ်လတ် ရေနွေးကန်ထဲချ၍ သတ်ပစ်ခဲ့သည်ဟု ဆိုသည်။

ကုလအေဂျင်စီများနှင့် လက်ပွန်းတတီး လက်တွဲလုပ်ကိုင်နေသော ထင်ရှားသည့် ဥဇဘက် AIDS ရောဂါ ကူညီကယ်ဆယ်ရေး တက်ကြွလှုပ်ရှားသူတဦးကို ထောင်သွင်းအကျဉ်းချထားသည့်ကိစ္စအား ဧပြီလအတွင်း ဘန်ကီမွန်း သွားရောက်စဉ် ထည့်သွင်းဆွေးနွေးမေးမြန်းခဲ့ခြင်း ရှိမရှိကို ပြောရေးဆိုခွင့်ရှိသူ ဟတ်က မဖြေနိုင်ခြင်းအတွက် သူ အထူးစိတ်ပျက်မိသည်ဟုလည်း သူက ပြောသည်။ ထိုတက်ကြွလှုပ်ရှားသူ မက်ဆင်ပိုပေါ့ (Maxim Popov) ကို ကုလရံပုံငွေဖြင့် AIDS ရောဂါတိုက်ဖျက်ရေး လက်ကမ်းစာစောင်များ ပုံနှိပ်ဖြန့်ဝေခဲ့သည့်အတွက် `ဖောက်ပြန်သည့် လူမှုအပြုအမူများ´ ကျူးလွန်ခဲ့သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

မက်ဆင်ပိုပေါ့ ခံစားနေရသော ဆင်းရဲဒုက္ခများသည် အတွင်းရေးမှူးချုပ်၏ ဦးစားပေးစာရင်းတွင် လုံးဝပါဝင်ခြင်း မရှိဟု ကိုဝင်းအောင်က ယုံကြည်နေသည်။ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဘန်ကီမွန်းသည် ဆိုးလ်နှင့် ထိုနိုင်ငံများအကြား ဆက်ဆံရေးထူထောင်ခဲ့ပြီး ကိုရီးယားစက်မှုလုပ်ငန်းအတွက် မြန်မာနှင့် ဥဇဘက်ကစ္စတန် ကဲ့သို့သော နိုင်ငံများကို အထူးဦးစားပေး နေရာများအဖြစ် သတ်မှတ်ခဲ့သည်။ ဤသို့ဖြင့် အဆိုပါ နှစ်နိုင်ငံစလုံးတွင် ကိုရီးယားနိုင်ငံက အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်လာအောင် ကူညီလုပ်ဆောင်ပေးခဲ့သည်ဟု သူက ဆိုသည်။

`ဘန်ကီမွန်းက သူ့ကိုယ်သူ ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးလို့ အခုထိ ထင်နေတုန်းပဲဆိုတာ ရှင်းနေတာပဲ။ မက်ဇင်ပိုပေါ့လို လူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခအကြောင်း သွားပြောလို့ ဥဇဘက်အာဏာရှင်ကြီးနဲ့ ဆက်ဆံရေး ပျက်သွားမှာမျိုး သူက အဖြစ်မခံနိုင်ဘူး။ ဒီလူက AIDS ရောဂါ ကာကွယ်ရေးအတွက် ကုလရံပုံငွေ အထောက်အပံ့နဲ့ ထုတ်တဲ့ စာစောင်တွေကို ဖြန့်ဝေမိလို့ အကြောက်လွန်ရောဂါ ရနေတဲ့ စစ်အစိုးရက ထောင်ချလိုက်တာ´ ဟုလည်း ကိုဝင်းအောင်က ပြောသည်။

`ဘန်ကီမွန်းနဲ့ မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ ဆက်ဆံရေးကလည်း ဒီအတိုင်းပဲ။ သူ့အတွက် ကိုရီးယား စီးပွားရေးလုပ်ငန်းတွေရဲ့ အကျိုးစီးပွားက လူ့အခွင့်အရေးထက် ပိုအရေးပါတယ်။ ကုလအတွင်းရေးမှူးချုပ်အဖြစ်နဲ့ သူဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းကိုကြည့်ရင် သူလိုလူဟာ ကုလသမဂ္ဂအဖွဲ့ကြီးကို ဦးစီးဦးရွက်ပြုရတဲ့နေရာနဲ့ မသင့်တော်ဘူးဆိုတာ သိပ်ထင်ရှားတယ်။ သူက တကယ့်ကို ကုလအဖွဲ့ကြီးအတွက် သိက္ခာကျစရာဘဲ´ ဟု သူက ပြောဆိုလိုက်သည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Friday, June 18, 2010

လစ်လပ်နေသော " ခုံ " နေရာလေးပြည့်သွားအောင် ၀ိုင်းဝန်းကြိုးစားကြပါ

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို
ခက်ထန် Friday, June 18, 2010

စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။

The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburm) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသားကြပါရန်လည်း ဖိတ်ခေါ်ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။
Copy from www.irrawaddy.org

အဆုံးထိဖတ်ရန်...

Thursday, June 17, 2010

အေရိုးဗစ် ကျင့်နေတာတော့မဟုတ်ပါ

အဲပုဂံ လေယာဉ်မယ်များနှင့် အမျိုးသမီး သရုပ်ဆောင်များ ချစ်ကြည်ရေး ဘောလုံးကန်မည်
နရီလင်းလက် Thursday, June 17, 2010

စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အဲပုဂံမှ လေယာဉ်မယ်များနှင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသမီးရုပ်ရှင် သရုပ်ဆောင် ဘောလုံးအသင်း (ဓာတ်ပုံ - MYANMAR HERALD TRIBUNE)

အဲပုဂံ လေယာဉ်မယ်များနှင့် ဘောလုံးကစားရန်အတွက် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းသည် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ လေ့ကျင့်ရေး ဆင်းနေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

“အထက်လူကြီးတွေက အဲပုဂံနဲ့ ဘောလုံးကန်ဖို့ ဆိုပြီး အမျိုးသမီး အဆိုတော်တွေ၊ သရုပ်ဆောင်တွေ စု ထား ၊ နောက် ဘောလုံး သင်တန်းပါ ပေးဖို့လုပ် ဆိုတာနဲ့ အခု သင်တန်းတောင် စပေးနေပါပြီ”ဟု ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူက ဆို သည်။

အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် ဘောလုံးအသင်းအား သင်တန်းပေးခြင်းများ စတင်ပြုလုပ်နေသော်လည်း မည့်သည့်ရက် ၊ မည်သည့်အချိန်တွင် ယှဉ်ပြိုင်ကစားမည်ကို မသိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ပါဝင်ကစားမည့် အမျိုးသမီးရုပ်ရှင်သရုပ်ဆောင် အနုပညာရှင်များမှာ ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ N နိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွှန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်း တို့ ဖြစ်ကြောင်းသိရသည်။
ဘောလုံး လေ့ကျင့်ရေး ဆင်းနေသည့် အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်အသင်း (ဓာတ်ပုံ - MYANMAR HERALD TRIBUNE)

“ရုပ်ရှင်အစည်းအရုံးက တယောက်ချင်းဆီကို စာပို့ပြီးခေါ်တာ၊ အခု ထရိန်နင်သာဆင်းနေရတယ်၊ ဘယ်တော့ကန်ရမလဲ မသိ၊ ဟိုဘက်အသင်းက ရှိမရှိတောင် မသိရဘူး၊ အစည်းအရုံးက တာဝန်ရှိသူတွေကို အသေးစိတ်မေးတော့ ဘာမှ မပြောနိုင်ဘူး” ဟု ရုပ်ရှင်သရုပ်ဆောင် တဦးက ပြောသည်။

အဆိုတော် တဦးကလည်း“မသွားမနေရ သဘောမျိုးခေါ်တာဆိုတော့ ငြင်းလို့မရဘူး၊ တဘက်မှာ အနုပညာအလုပ်တွေ က လည်း လုပ်နေတော့ မသွားချင်တာများတယ်၊ ပြိုင်ပွဲ ဘယ်တော့စမယ် ဆိုတာတွေတော့ ဘာမှမသိရသေးဘူး”ဟု ဆိုသည်။

အားကစားဝန်ကြီးဌာနမှ နည်းပြတဦးအပြင် ရုပ်ရှင်အစည်းအရုံးမှ ဦးအောင်ခိုင်၊ ဦးထူးသာ၊ ဦးသန်းဝင်း တို့ပါ တပတ်လျှင် ဗုဒ္ဓဟူး၊ စနေ၂ ရက် ညနေ ၄ နာရီတိုင်း ကူညီ လေ့ကျင့်ရေးဆင်းနေကြောင်း သိရသည်။

အဲပုဂံ လေယာဉ်မယ်တဦးကမူ“ရုပ်ရှင်မင်းသမီးတွေနဲ့ ဘောလုံးကန်ဖို့ရှိတယ်ဆိုပြီး ရုံးချုပ်ကနေ လေယာဉ်မယ်တွေ အကုန် လုံး ကို ဇွန် လဆန်းလောက်က ပြောထားတယ်၊ အခုချိန်အထိတော့ ဘာလေ့ကျင့်ရေးမှ လုပ်တာမရှိသေးဘူး၊ လေယာဉ်မယ် တွေ ဆိုတာကလည်း အကုန်လုံး လှလှပပလေးနေချင်တာ ကွင်းထဲမှာ ဟိုပြေးဒီပြေးလုပ်ဖို့ ဘယ်သူမှ စိတ်မ၀င်စားဘူး”ဟု ပြောသည်။

အဲပုဂံ ပိုင်ရှင် ဦးတေဇ က ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်က စတင် တည်ထောင်ခဲ့သော်လည်း အမျိုးသမီး ဘောလုံးအသင်း မရှိသေးကြောင်း သိရသည်။
Copy from http://www.irrawaddy.org/

အဆုံးထိဖတ်ရန်...

လျှပ်တပြတ် ၃မိနစ်လေဆင်နှာမောင်း ရွာလုံးကျွတ်ပြိုပျက်

လေဆင်နှာမောင်း တိုက်ခတ်မူကြောင့် ရွာလုံးကျွတ် ပြိုပျက်
6/17/2010

-------
မိညို
-------

စစ်တွေမြို့နယ်မှ ကျေးရွာ တရွာကို လေဆင်နှာမောင်း တိုက်ခတ်သွားသဖြင့် အိမ်ခြေ အများအပြား ပျက်စီးသွားပြီး ကျေးရွာသား တဦး ပျောက်ဆုံးနေကာ နောက်တဦးမှာ ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဇွန်လ ၁၄ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် စစ်တွေနှင့် မန်စီ ကားလမ်း အကြားတွင် တည်ရှိသော သဲချောင်းကျေးရွာကို လျှပ်တပြက် လေဆင်နှာမောင်း ၀င်ရောက် မွှေနှောက်သွားခဲ့သည်။

ကျေးရွာသား တဦးက " လေဆင်နှာမောင်းတိုက်တာက ၃ မိနစ်ဘဲ ကြာပါတယ်။ လေလာတာက တော်တော်ပြင်းပါတယ်။ တခါမှ မတွေ့မမြင်ဖူးပါဘူး။ အိမ်ခြေ ၃၆ လုံး ပျက်စီးသွားပြီး မူလတန်း ကျောင်းနဲ့ ဘုန်းကြီးကျောင်းလည်း ပျက်စီးတဲ့ အထဲမှာ ပါဝင်သွားပါတယ်။ ခုချိန်ထိတော့ ကိုကျော်နိုင်က ပျောက်ဆုံးနေပါတယ်။" ဟု ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်မူကြောင့် မိသားစု ၁၇ စု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး ယခုအခါ မောင်လူပျိုကြီး ဆိုသူကို အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသည်။

" သက်ဆိုင်ရာ လာကြည့်ရုံကလွဲပီး အကူအညီတွေတော့ မပေးသေးပါဘူး။ ရွာသားတွေက ကိုယ့်အား ကိုယ်ကိုးပီး အိမ်တွေ၊ ကျောင်းတွေကို ပြန်ပြင်နေရပါတယ်။ မိသားစု အတော်များများကတော့ ဆင်းရဲအတွက် အိမ်တွေကို ပြန်မပြင်နိုင်သေးပါဘူး။" ဟု သူက ပြောသည်။

သို့သော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီပေးခြင်း မရှိသေးသဖြင့် ကျေးရွာသားများက အကူအညီ ရရေးကို မျှော်လင့်နေကြသည်ဟု သိရသည်။
Copy from http://www.narinjara.com/

အဆုံးထိဖတ်ရန်...

Wednesday, June 16, 2010

သူ့ကို မြန်မာစစ်သားများအတွက် ရိက္ခာအဖြစ် ထည့်ပေးသင့်တယ်

ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် မြန်မာမော်ဒယ်လ်ကို ဝေဖန်သူများပြား
နရီလင်းလက် Wednesday, June 16, 2010

လန်ဒန်တွင် ကျောင်းတက်ကာ ဓာတ်ပုံ မော်ဒယ်လ် ဖြစ်ရန် ကြိုးစားနေသည့် ဟန်နီဦး ခေါ် Hazel Moe ကို ရေကူးဝတ်စုံ ကြော်ငြာ ရိုက်ကူးခြင်းနှင့် ပတ်သက်၍ မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီခြင်း မရှိကြောင်း ဝေဖန်မှုများ အင်တာနက် စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

ဟန်နီဦးကို လူသိများသွားစေသည်ဟု ဆိုသော ကြော်ငြာ (ဓာတ်ပုံ - purestorm.com)
ဟန်နီဦးသည် ၁၆ နှစ်သမီးအရွယ်က လန်ဒန်သို့ ရောက်ရှိခဲ့ပြီး မြန်မာပြည်တွင် နေထိုင်စဉ်ကတည်းက ကလေး မော်ဒယ်လ် အဖြစ် သရုပ်ဆောင်ခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးများ အတွက် ဓာတ်ပုံ မော်ဒယ်လ် လုပ်ခြင်းများ ရှိခဲ့ပြီး လန်ဒန်တွင် ကျောင်းတက်ရင်း အေဂျင်စီများဖြင့် ချိတ်ဆက်၍ မော်ဒယ်လ် ဖြစ်ခွင့်ရရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

ရေကူးဝတ်စုံ ၄ စုံ နှင့် ရိုက်ကူးထားသော ဟန်နီဦး၏ ဓာတ်ပုံများနှင့် ၎င်း၏ အလှဓာတ်ပုံများကို မော်ဒယ်လ် ၀က်ဘ်ဆိုက် http://www.purestorm.com/profile.aspx?id=hazelmoe တွင် ကြည့်ရှုနိုင်သည်။

“မြန်မာမျက်စိနဲ့ ကြည့်ရင်တော့ မကောင်းဘူး အပြောခံရမှာ ဖြစ်သလို မကောင်းတဲ့ အမြင်တမျိုး မြင်သွားစေနိုင်ပါတယ်။ ဒီရေကူးဝတ်စုံ ဝတ်တာနဲ့ ပတ်သက်ပြီး ညီမကို မေလ်းတွေကနေ ဝေဖန်တာတွေ အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ ကတော့ အနုပညာတခုဖန်တီးတယ်၊ အလုပ်တခုလုပ်တယ်လို့ သဘောထားပြီး မြင်စေချင်ပါတယ်” ဟု ဟန်နီဦးက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ သူက “ပြည်တွင်းမှာ ဒီ မော်ဒယ်လ် တယောက်တည်းကပဲ မင်းသမီးလည်းလုပ်တယ်၊ ကြော်ငြာလည်း ရိုက်တယ်။ ပြည်ပမှာကျတော့ လိုင်းတခုတည်းနဲ့ ရပ်တည်လို့ ရအောင် ငွေကြေးရရှိမှုမှာ ကွာခြားတယ်” ဟု မော်လ်ဒယ်လ် များ၏ မြန်မာပြည်တွင်းနှင့် ပြည်ပ အခြေအနေကို နှိုင်းယှဉ်ပြသည်။

မြန်မာပြည်တွင် မော်ဒယ် အေဂျင်စီနှင့် သင်တန်း ဖွင့်လှစ်ထားသူ တဦးကလည်း မြန်မာပြည်မှ မော်ဒယ်လ်များအနေနှင့် တခြား အာရှနိုင်ငံများအထိ ဈေးကွက် မချဲ့ထွင်နိုင်ရခြင်းမှာ မြန်မာ မော်ဒယ်လ် များ၏ ညံ့ဖျင်းမှုကြောင့် မဟုတ်ဘဲ အခွင့်အရေးရရှိနိုင်ရန် ခက်ခဲနေခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

“မော်ဒယ်တွေရဲ့ အနုပညာ ဖန်တီးမှုတွေ ပိုပြီးပြသနိုင်တဲ့၊ လွတ်လပ်စွာဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေကို ပြည်တွင်းမှာ အပိတ်ခံထား ရတာကြောင့်လည်း တခြားနိုင်ငံတွေအထိ ဈေးကွက် မချဲ့ထွင်နိုင်တာပါ” ဟု ၎င်းက ပြောသည်။

ယဉ်ကျေးမှုနှင့် အနုပညာကို ကွဲပြားခြားနားစွာ ကြည့်မြင်လက်ခံပေးနိုင်မှု မရှိသေးသည့် အားနည်းချက်များကြောင့် နိုင်ငံတကာ အဆင့်သို့ မြန်မာမော်ဒယ်လ်များ ယခုအချိန်အထိ မရောက်လာနိုင်သေးကြောင်း သူက ဆိုသည်။

“အ၀တ်အစား ကြော်ငြာရင် အင်္ကျီဒီဇိုင်းပေါ်ဖို့ အတွက် နည်းနည်းဟိုက်သွားတာ ရှိရင် ရှိမယ်၊ တိုသွားတာရှိရင် ရှိမယ်။ ဒါတွေကို သတိထားပြီး မပေါ်အောင်လုပ်နေရင် သဘာဝကျတဲ့ ဓာတ်ပုံတပုံ၊ ကြော်ငြာတခု ထွက်လာမှာ မဟုတ်ဘူး။ ဒီလိုတွေ ရိုက်တယ်ဆိုတာကလည်း အားလုံးက အလုပ်တခု လုပ်နေတယ်လို့ သဘောထားတာ။ ခက်တာကလည်း မြန်မာပြည်မှာ ဆင်ဆာပြဿနာရယ်၊ ယဉ်ကျေးမှုဆိုတာကို လွဲမှားစွာခံယူနေတာရယ်ပါပဲ” ဟု နာမည်ကြီး ဓာတ်ပုံဆရာ တဦးက ဆိုသည်။

မြန်မာပြည် ကြော်ငြာဈေးကွက်တွင် မော်ဒယ်လ်များဖြင့် ကုန်ပစ္စည်းကြော်ငြာသည့် ရေစီးကြောင်း ပြောင်းလဲလာပြီးနောက် မော်ဒယ်လ်များ၏ အခန်းကဏ္ဍ ပိုမိုကြီးမားလာခဲ့သည်။

မော်ဒယ်လ်များသည် ကုန်ပစ္စည်းအလိုက်၊ နေရာဒေသအလိုက် သရုပ်ဆောင်ရခြင်းများ ရှိသည်ကို မြန်မာလှုမှုဝန်းကျင်တွင် လက်ခံမှုနည်းပါး နေသေးသည်ဟု မော်ဒယ် ချမ်းချမ်းက ပြောပြသည်။

ရေကူးဝတ်စုံ ကြော်ငြာရိုက်သည့် ဟန်နီဦး (ဓာတ်ပုံ - purestorm.com)
“ရှိုးပွဲတခု လျှောက်တယ်ဆို ဒီဇိုင်နာ ဆင်ပေးတဲ့ စတိုင်က မြန်မာ မျက်စိ အမြင်နဲ့ မယဉ်ပါးဘူး။ ဒီတော့ လူတွေက သိပ် လက်မခံချင်ဘူး။ မော်ဒယ်လ်နဲ့ မင်းသမီး ၀တ်တာ တူမှ မတူတာ။ ၀တ်စား ဆင်ယင်မှုအရ ယဉ်ကျေးမှု ဆိုတာကို နည်းနည်းလေး လျှော့ပေး သင့်ပါတယ်” ဟု သူက ဆက်ပြောသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အမျိုးသမီး အငြိမ်းစား ပါမောက္ခ တဦးက နိုင်ငံတိုင်းတွင် ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်းရန် လိုအပ် သော်လည်း ပြောင်းလဲ လာသည့် ခေတ် အခြေအနေ အလိုက် လက်ခံရမည့် အရာကို လက်ခံရမည် ဖြစ်ကြောင်း၊ ၀တ်စား ဆင်ယင်မှု၊ နေထိုင် သွားလာမှု မပြောင်းလဲခြင်းက ယဉ်ကျေးမှုကို ထိန်းသိမ်းသော မှန်ကန်သည့် နည်းလမ်း မဟုတ်ကြောင်း သုံးသပ်ပြောဆိုသည်။

“ဖက်ရှင် မော်ဒယ်လ်၊ ဓာတ်ပုံ မော်ဒယ်လ်တွေက မြန်မာ့ အသိုင်းအ၀န်းမှာ လက်ခံမှု နည်းနေသေးပေမယ့် မြန်မာအမျိုးသမီး တယောက် အနေနဲ့ Playboy မော်ဒယ်လ် သဘောမျိုး၊ Nude မော်ဒယ်လ် သဘောမျိုးမဟုတ်ဘူးဆိုရင် သူ ၀ါသနာပါတဲ့ အနုပညာတခု လုပ်တယ်လို့ လက်ခံနိုင်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

ဟန်နီဦး (ခေါ်) Hazel Moe ၏ ဓာတ်ပုံဝက်ဆိုက်လင့်လိပ်စာများ
http://www.purestorm.com/profile.aspx?id=hazelmoe
http://www.facebook.com/home.php?#!/moehazel?ref=ts
http://moehazel.blogspot.com/

Copy from http://www.irrawaddy.org/

အဆုံးထိဖတ်ရန်...

Tuesday, June 15, 2010

ကဲ ... ကဲ တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် ဒီတစ်ခါတော့ မြန်မာအမျိုးသမီးတွေရဲ့ ကောက်ကြောင်းလေးတွေ ကြည့်ကြစို့

ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း နှင့် Air Bagan လေယာဉ်မယ် ဘောလုံး အသင်း တို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားမည်

လေကြောင်း ခရီးစဉ်များ ပြေးဆွဲ နေသည့် အဲပုဂံကုမ္ပဏီ မှ လေယာဉ်မယ် များ ပါဝင်သည့် အမျိုးသမီး ဘောလုံး အသင်းက မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဝင် အနုပညာရှင် အမျိုးသမီး ဘောလုံး အသင်းအား ဖိတ်ခေါ် ဘောလုံးပွဲ ကျင်းပရန် ကမ်းလှမ်း ထားကြောင်း ရုပ်ရှင် နှင့် ဗီဒီယို သရုပ်ဆောင် ဆုပန်ထွာက ပြောသည်။ “ ဒီလို ကမ်းလှမ်း လာတော့ ပန်ပန်တို့ အနေနဲ့လည်း ကန်ဖို့ စိတ်ဝင်စား ပါတယ်။ အရင် ကလည်း အတွေ့ အကြုံတွေ ရှိပါတယ်။ အခု အမျိုးသမီး အသင်း ပြန်ဖွဲ့ပြီး သွားရင် ပြန်ကန် မှာပါ။ အဲဒီ အတွက် လေ့ကျင့် မှုတွေ ပြုလုပ်သွား မှာပါ ” ဟု ၎င်းက ပြောသည်။

ရုပ်ရှင် အမျိုးသမီး ဘောလုံး အသင်း အနေဖြင့် လေ့ကျင့်ရေးကွင်း တစ်နေရာ ရွေးချယ်ပြီး၊ တစ်ပတ်လျှင် စနေ နှင့် ဗုဒ္ဓဟူး နှစ်ရက်ဖြင့် ယခု ဇွန်လမှ စတင်ကာ လေ့ကျင့် သွားမည် ဖြစ်ကြောင်း ဆုပန်ထွာ၊ နန်းဆုရတီစိုး၊ အေသင်ချိုဆွေ၊ သက်သခင်၊ ဝါဆိုမိုးဦး၊ နဒီဝင့်နိုင်၊ ကေကေမိုးမြင့်၊ ခွန်းဆင့်နေခြည်၊ ခိုင်နှင်းဝေ၊ Jenny၊ Nနိုရာ၊ ဆုရွှန်းလဲ့၊ ရှင်းရှင်း၊ နန်းရွှေအေး၊ ထက်ထက်ဆုလှိုင်၊ ရွန်းပြည့်ပိုင်၊ အေးမွန်၊ ပိုးဖြူသဲ၊ ဟေမာမန်းဝင်း တို့ဖြင့် ပဏာမ ဖွဲ့စည်း ထားပြီ ဖြစ်ကြောင်း နှင့် စိတ်ဝင် စားသော အခြား အနုပညာရှင်များ ကိုလည်း ဖိတ်ခေါ် ထားကြောင်း သိရသည်။ အသင်း ခေါင်းဆောင် အဖြစ် သရုပ်ဆောင် ဆုပန်ထွာက တာဝန် ယူမည် ဖြစ်ပြီး ယခင် အမျိုးသမီး ဘောလုံး အသင်းတွင် ထပ်ဆင့် အကယ်ဒမီ မို့မို့မြင့်အောင်က အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြ ထားသည်။

၁၅ . ၆ . ၂၀၁၀
Copy from www.hanthawaddy.org

အဆုံးထိဖတ်ရန်...

မိုးကြီးတော့ ရေကြီး၊ ရေကြီးတော့ မြေပြို၊ မြေပြိုတော့ လူသေ

မိုးကြီးပြီး မြေပြိုမူကြောင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လူဒါဇင်နှင့် ချီပြီး သေဆုံး
6/15/2010

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက်တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး မြေပြိုမူကြောင့် လူပေါင်း ဒါဇင်နှင့် ချီပြီး သေဆုံးသွားခဲ့ပြီး မောင်တောမြို့မှ မိသားစု အတော်များများကိုလည်း ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရသည်။

မောင်တောမြို့ခံ တဦးက “ မောင်တောက ဗိုလ်မှူးရွာနဲ့ ရွာသစ်ရွာက မိသားစုဝင် ၂၅၀ခန့်ကို ရေတွေ တက်လာတဲ့ အတွက် မောင်တော အထက ၁ နဲ့ အလက ၂ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ရေက ၄ပေထိ မြှင့်တက်ခဲ့ပါတယ်။ ခုထိတော့ ရေတွေ ရှိနေတုန်းပါဘဲ။”

အလားတူ ရေကြီပြီး မြေပြိုကျမူကြောင့် အောက်ပြူးမနှင့် ရေမျှက် ကျေးရွာတွင်လည်း လူများ သေဆုံးသွားကြောင်း သူက ပြောသည်။

“အောက်ပြူးမက မူဆလင် မိသားစု တစုက ကလေးတွေ အပါအ၀င် လူ ၇ ဦး မြေပြိုတဲ့ အထဲမှာ သေဆုံးသွားပြီး ရေမျှက်တွင်းကျေးရွာက အသက် ၃ နှစ် အရွယ် ကလေး တဦးနှင့် ၂ နှစ်အရွယ် ကလေး တဦးလည်း ရေထဲပါပီး သေဆုံးသွားခဲ့ပါတယ်။ ဦးရွှေကျ ကျေးရွာတွင်လည်း အိမ် ၁၁ ဆောင် မြေပြိုရာတွင် ပါဝင်သွားခဲ့ပါတယ်။”

ဘူးသီးတောင်တွင်လည်း မြေပြိုမူကြောင့် အစ္စလာမ်ဘာသာဝင် ၁၇ ဦးသေဆုံးသွားခဲပြီး နေရာ အများအပြားကို ရေလွှမ်းမိုးနေသည်ဟု သိရသည်။

ဘူးသီးတောင်နှင့် မောင်တောကားလမ်းလည်း မြေပြိုမူကြောင့် ပိတ်ဆို့နေပြီး မောင်တော- ကြိမ်ချောင်းလမ်းမှာလည်း ပြိုပျက်သွားပြီး တံတားအများ အပြား ရေထဲ ပါသွားကြောင်း သိရသည်။

တောင်ကျချောင်းရေများ အဆက်မပြတ် စီးဆင်းနေပြီး နတ်မြစ် ရေတိုးနေသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား အသွားအလာများ လုံးဝ ရပ်တန့်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဘက်ခြမ်းတွင် မြေပြိုမူကြောင့် လူပေါင်း ၅၀ သေဆုံးသွားခဲ့ပြီး ကော့ဘဇားရိုင် ဟိမ်းဆော်ရီ စစ်စခန်းမှ စစ်သား ၆ ဦးလည်း မြေပြိုရာတွင် ပါဝင်ပြီး သေဆုံးသွားခဲ့သည်။

မြန်မာ မူဆလင် ဒုက္ခသည် လာဒါ စခန်းတွင်လည်း ရာနှင့် ချီသော အဆောင်များ ပျက်စီးသွားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး မြေအောက် ရောက်နေသော သူများကို ကယ်ထုတ်နေကြောင်း သိရသည်။

ယခု အကြိမ် မိုးရွာမူမှာ နှစ်ပေါင်း ၁၀ နှစ် အတွင်း အပြင်းအထန်ဆုံး မိုးရွာမူ ဖြစ်ကြောင်း သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Saturday, June 12, 2010

သင့်ကို မြန်မာ့ရေတပ်က အလိုရှိသည်

စစ်တပ်သာမက ရေတပ်ကလည်း ပေါ်စတာကပ် ဆိုင်းဘုတ်ထောင်ပြီး ရခိုင်တွင် လူသစ်များ စုဆောင်း
6/12/2010

ရခိုင်ပြည်နယ်တွင် ကြည်းနှင့်ရေ နအဖ တပ်မတော်သားများက ရဲဘော်သစ်များကို ယခုအခါ အပြိုင်အဆိုင် အပြင်းအထန် စုဆောင်းနေကြောင်း သိရသည်။

ယခုအခါ နအဖ ရေတပ်မှ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပြီး ရေတပ်သားသစ်များကို စုဆောင်းနေကြောင်း ဒေသခံ တဦးက ပြောသည်။

“သူတို့ ထောင်တဲ့ ဆိုင်းဘုတ်နဲ့ ကြော်ငြာထဲမှာ ဘယ်လို ပါသလဲ ဆိုရင် - သင့်ကို မြန်မာ့ ပင်လယ်ပြင်ကို ကာကွယ်ဖို့ မြန်မာ့ရေတပ်က အလိုရှိသည်- ဆိုပီး ပါဝင်ပါတယ်။ ၀င်တဲ့သူကို ပိုက်ဆံ တသိန်း ဆန်တအိတ် ပေးတယ်လို့လည်း သိရပါတယ်။”

အရင်က မြန်မာ့ရေတပ်ကို ၁၀ တန်းအောင် အဆင့် ရှိသူများမှသာ ၀င်ရောက်ခွင့် ရှိသော်လည်း ယခုအခါ ရှစ်တန်းအောင် အဆင့်များကိုပါ စည်းရုံးသိမ်းသွင်းနေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့သိမ်းသွင်းနေမူအပေါ် စစ်တွေ ရေတပ် အငြိမ်းစား တဦးကို မေးကြည့်ရာ သူက “ အခုလို စုဆောင်းတာက အချက် နှစ်ချက် ရှိပါတယ်။ တချက်က ရေတပ်ကို အကြီးအကျယ် တိုးချဲ့ဖို့ နအဖ စစ်အစိုးရက စီစဉ်နေပါတယ်။ ဒုတိယ အချက်ကတော့ အရင်ကလို ရေတပ်တွေ စစ်တပ်တွေကို လူငယ်တွေက မ၀င်တော့ဘူး။ ဒါကြောင့် မြန်မာ့ ရေတပ် အနေနဲ့ ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပီး စည်းရုံးလာရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ရေတပ်မှ တပ်သားသစ် စုဆောင်းသော ပိုစတာများနှင် ဆိုင်းဘုတ်များကို ပေါက်တောနှင့် မင်းပြားမြို့ နယ် ကျေးရွာတိုင်းတွင် မြင်တွေ့နိုင်ပြီး တပ်သားသစ်များ ရရှိရေး အတွက် လူငယ်များကို မက်လုံး အမျိုးမျိုးပေးကာ စည်းရုံးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်သားသစ် တဦး၏ ဈေးနုံးမှာ ကျပ် တသိန်းနှင့် နှစ်သိန်းကြားရှိပြီး တပ်ထဲကို ၀င်ရောက်သည်နှင့် တပြိုင်နက် အဆိုပါငွေနှင့် ဆန်ကို ချက်ချင်း ထုတ်ပေးသည်ဟု သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

ဤသို့ဖြင့် မြန်မာပြည်သူများ ဒီမိုကရေစီနှင့် ဝေးနေကြရသည်

ပါတီစုစည်းမှုမပျက်သည့်အပေါ် ဒေါ်စု ဂုဏ်ယူ
ဆလိုင်း ဟံသာစန်း သောကြာနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၁ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ ပါတီဖျက်သိမ်းခြင်းခံရပြီး အခက်အခဲကြုံနေရသော်လည်း ပါတီဝင်များအနေဖြင့် စုစည်းမှုမပျက် ဆက်လက်လုပ်ဆောင်နေသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်က ယနေ့ ပြောဆိုသည်။

နေအိမ်ခြံဝင်းးအတွင်းရှိ ယိုယွင်းပျက်စီးနေသော ပျဉ်ထောင်အိမ်ကို ဖျက်စီးပစ်ရန် စည်ပင်က ခွင့်မပြုသည့်ကိစ္စနှင့် ပက်သက်၍ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် ရှေ့နေဖြစ်သူနှင့် တွေ့ဆုံခွင့်ရစဉ် ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အန်အယ်ဒီဟာ အခုလို ခက်ခဲတဲ့အချိန်မှာ လူငယ်တွေရော၊ အမျိုးသမီး အဖွဲ့တွေရော၊ အန်အယ်ဒီ အဖွဲ့ဝင်တွေရော ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူတယ်လို့ ပြောပါတယ်” ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ‘’လူငယ်တွေကို ပြုစုပျိုးထောင်ပေးရမယ်။ အဲလိုပျိုးထောင်ပေးဖို့အတွက် အစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူတွေမှာပါ တာဝန်ရှိတယ်။ အဲဒီလို ပျိုးထောင်တဲ့နေရာမှာ ရဲဘော်ရဲဘက်စိတ် ရှိရမယ်၊ သဘောထားကြီးရမယ်တဲ့။ နောက်တခုက ပြည်သူတွေကို ဒီမိုကရေစီသဘောတရားကို နားလည်အောင် လုပ်ရမယ်။ နားလည်အောင်လုပ်ဖို့ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်၊ ပါတီမှာလဲ တာဝန်ရှိတယ်တဲ့။ အဲလို ပြောပါတယ်’’ ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဥာဏ်ဝင်း၊ အင်ဂျင်နီယာ ဦးခွန်သာမြင့်၊ အိမ်ပြင်ရေး ကိုယ်စားလှယ် ကိုထင်ကျော်တို့ ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့်ရခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နေထိုင်သည့် ရန်ကုန်တိုင်း ဗဟနုးမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ နှင့် ၅၆ နေအိမ်ခြံဝင်းတွင် အဆောက်အဦးအဖြစ် အိမ်မကြီး၊ ပျက်စီးနေသော ပျဉ်ထောင်အိမ်၊ ခြံပေါက်အဝင်ဝတွင် တဲတလုံးနှင့် အိမ်နောက်ဖေး ရေစပ်တွင် တဲတလုံး ရှိသည်။

ပျဉ်ထောင်အိမ်သည် အိမ်မကြီး၏ အရှေ့ဘက် ၂၅ ပေခန့် အကွာတွင် တည်ရှိပြီး အမှိုက်ပုံတခုကဲ့သို့ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည်။ ထိုအဆောက်အဦကို ဖြိုဖျက်ရန် စည်ပင်သာယာကိုလျှောက်ထားခဲ့ရာ ယခုလ ၄ ရက်နေ့က ခွင့်ပြုခဲ့သော်လည်း ၅ ရက်နေ့တွင် ခွင့်မပြုပါဟု ပြန်လည် အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ဒါက အမွေမှုဖြစ်နေတယ်။ ဖျက်လိုက်လို့ရှိရင် အိမ်ပုံသဏ္ဍာန်ပျက်သွားမယ်လို့ အကြောင်းပြချက် ပေးပါတယ်။ ပျဉ်ထောင်အိမ်က ပြင်လို့မရတော့တဲ့ အခြေအနေရှိပါတယ်။ ဒါကို ဖျက်သိမ်းဖို့ စီစဉ်တာကို ခွင့်မပြုတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် လာမည့်အပတ်အတွင်း ရန်ကုန်မြို့တော်ဝန်ထံသို့ စာဖြင့် တင်ပြသွားမည်ဖြစ်သည်။

ထို့ပြင် ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် သူမ၏ ၆၅ နှစ်မြောက် မွေးနေ့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ၁ဝ မိုင်ကုန်းရှိ မိုးကုတ်မြို့နယ် အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏နေအိမ်တွင်ကျင်းပရန် ညွှန်ကြားလိုက်ကြောင်း အန်အယ်ဒီပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်အရ ကျနော်တို့ လက်လှမ်းမီသလောက် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မရှိဆင်းရဲတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာအုပ်၊ ခဲတံ လှူဒါန်းဝေငှမယ့် အစီအစဉ်တွေလဲ လုပ်နေပါတယ်” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်းအတွင်းသို့ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် အင်းလျားကန်စောင်းရှိ နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရပြီး ၆၅ နှစ်မြောက် မွေးနေ့ကိုလည်း နေအိမ်အတွင်းမှ ဖြတ်သန်းရမည်ဖြစ်သည်။

ယမန်နှစ်ကလည်း ဂျွန်ယတ်တောကို လက်ခံထားမှုနှင့် ပက်သက်၍ တရားရင်ဆိုင်နေဆဲ ကာလဖြစ်သဖြင့် အင်းစိန်ထောင်အတွင်း သီးသန့် ဆောက်လုပ်ထားသော အထူးဆောင် အတွင်း၌ပင် သူမ၏ ၆၄ နှစ်မြောက်မွေးနေ့ကို ဖြတ်သန်းခဲ့ရသည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Thursday, June 10, 2010

ကမာရွတ်စက်ရုံ ပေါက်ကွဲ၊ ၄ ဦးသေ

ရန်ကုန် ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမကြီးပေါ်မှာ ရှိတဲ့ ငါး ပုစွန်နဲ့ ရေခဲစက် လုပ်ငန်းမှာ ဒီကနေ့ ညနေ ၆ နာရီလောက်က အမိုးနီးယားဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမားတွေ အပါအ၀င် လူ ၄ ဦး သေဆုံးပြီး ၄၀ လောက် ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားတော့ အတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာရသူတွေနဲ့ အဆိပ်သင့်ပြီး မေ့မျောနေသူတွေလည်း ရှိနေသလို ပတ်ဝန်းကျင်မှာလည်း ဓာတ်ငွေ့တွေ ဖုံးလွှမ်းနေတယ်လို့ အဲဒီနေရာမှာ ရောက်နေသူ တယောက်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီနားမှာ ကမ္ဘာပျက်သလို၊ တိုင်းပြည်ပျက်သလို ဖြစ်သွားတာ။ အငွေ့က ဒီဘက်တွေထိ ရောက်တယ်။ လေက တောင်ပိုင်းက တိုက်တယ်ဆိုတော့ အနောက်ဘက်တွေကြတော့ လွတ်သွားတယ်။ ဒီလမ်းတလျှောက် အကုန်လုံး၊ တိုက်ပေါ်တွေရော အကုန်လုံး၊ ဟိုဘက်တိုက်ပေါ်က အဘွားကြီးတယောက်ဆိုရင် ကယ်ပါဦး၊ ကယ်ပါဦးနဲ့၊ အဲဒီမှာ ကျနော်က ဘေးက ဆံပင်ညှပ်ဆိုင်ထဲက မျက်နှာသုတ်ပုဝါလေးယူ၊ ရေဆွတ်ပြီး အဲဒီအဘွားကြီးကို မျက်စိတွေ ဘာတွေ အုပ်ပြီးတော့ တွဲခေါ်သွားတယ်။”

ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာမှာ ရောက်နေတဲ့ ရန်ကုန်မြို့ခံတယောက် ပြောသွားတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူတွေထဲက တချို့ကိုတော့ အနီးအနားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တခုကို ယာယီပို့ထားတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ မသိရသေးဘဲ အအေးခန်း စက်ရုံတွေမှာ ဘေးကင်းလုံခြုံမှု အစီအမံတွေ အားနည်းတာမို့ မတော်တဆ ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးတဲ့ နောက်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားပြီး သတင်းမီဒီယာတွေကအစ သတင်းယူခွင့်၊ ဓာတ်ပုံမှတ်တမ်း ရိုက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။
Copy from www.voanews.com

အဆုံးထိဖတ်ရန်...

ကျမတို့လည်း “ဖာ” ဖြစ်ချင်လို့ သဘောတူလိုက်ပါသည်

အလုပ်ဗန်းပြပြီး ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုများရှိ
မျိုးဝင်းဇော် / ၁၀ ဇွန် ၂၀၁၀

သီရိမင်္ဂလာဈေး၊ သိမ်ကြီးဈေး၊ ယုဇန ပလာဇာ စသည့် ဈေးတို့တွင် ဆိုင်အကူ အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာလုပ်ငန်း၌ သွတ်သွင်းမှုများ ရှိနေကြောင်း ကာယကံရှင်များထံမှ စုံစမ်းသိရသည်။

မကြာသေးခင်ကမှ ရန်ကုန် သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ် အင်ပါယာ နိုက်ကလပ်တွင် ပြည့်တန်ဆာအဖြစ် သွတ်သွင်း လုပ်ကိုင်ခံရသူ အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတဦးက “ကျမက အိမ်ထောင်ပျက်ထားတဲ့ ကလေးတယောက် အမေပါ။ မြောက်ဥက္ကလာမှာ နေပါတယ်။ အရင်က အထည်ချုပ်စက်ရုံတခုမှာ လုပ်ဖူးပေမယ့် နောက်ပိုင်း အလုပ်က အဖြုတ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပွဲစားတယောက်ကတဆင့် အိမ်ကို အမျိုးသမီးကြီးတယောက်လာတယ်။ သီရိမင်္ဂလာဈေးမှာ အလုပ်ရမယ်၊ ဆိုင်အကူ၊ ညအိပ်ညနေ သူ့အိမ်မှာ လိုက်နေရမယ်၊ အိမ်ကို ကြိုတင်ငွေလည်း ပေးခဲ့မယ် ဆိုတာနဲ့ လုပ်ဖို့ လက်ခံလိုက်တာ။ အိမ်ကို သူက ကြိုတင်ငွေ (၂) သောင်းပေးခဲ့တယ်။ နောက် စမ်းချောင်းက သူငှားထားတဲ့ တိုက်ခန်းရောက်မှ ကျမလို မိန်းကလေးတွေ ပြည့်တန်ဆာ လုပ်နေကြတာ တွေ့ရတယ်။ သူတို့ အဓိက အလုပ်ဆင်းတာ သိမ်ကြီးဈေး ဒီရုံ အပေါ်ထပ်က အင်ပါယာ နိုက်ကလပ်မှာ၊ ပြည့်တန်ဆာထိန်း အဲဒီ အမျိုးသမီးကတော့ ပြောပါတယ်။ မလုပ်ချင်ရင် ပြန်သွားလို့ရတယ်တဲ့။ ဒါပေမယ့် သူပေးခဲ့တဲ့ ငွေ (၂) သောင်း၊ လူရှာပေးတဲ့ ပွဲစား (၂) ယောက်ကို ပေးခဲ့တဲ့ ငွေ (၃) သောင်း စုစုပေါင်း (၅) သောင်းတော့ ပြန်ဆပ်ပေးရမယ်လို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ငွေပြန်ဆပ်ရ ခက်ခဲတာနဲ့ သူပြောသလိုပဲ လုပ်လိုက်တော့တယ်” ဟု ပြောသည်။

အဆိုပါ နိုက်ကလပ်တွင် အလုပ်လုပ်နေသူ ပြည့်တန်ဆာ အများစုသည် ဈေးရောင်း၊ ဆိုင်အကူ အလုပ်ရမည်ဆိုပြီး သိမ်းသွင်းခံခဲ့ရသူများဖြစ်ပြီး ဆင်းရဲလွန်းသဖြင့် မငြင်းသာတော့ဘဲ ပြည့်တန်ဆာများ ဖြစ်သွားကြကြောင်း၊ မလုပ်နိုင်သဖြင့် ပြန်သွားသူမှာ အလွန်နည်းကြောင်း အဆိုပါ မိန်းကလေးက ပြောသည်။

အဆိုပါ နိုက်ကလပ်မှ ပြည့်တန်ဆာ မိန်းကလေး အများစုသည် အသက် (၂ဝ) အောက်နှင့် (၂ဝ) အထက် ဆင်းရဲသည့် မိန်းကလေးများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် အဖော်များနှင့် လိုက်ပါရန် အုပ်ထိန်းသူ အမျိုးသမီးကြီးနှင့် နိုက်ကလပ် ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။

မိန်းကလေးတဦးလျှင် တည ခေါ်သွားခ ကျပ် (၁ဝ,ဝဝဝ) မှ (၃ဝ,ဝဝဝ) အထိ ဈေးအမျိုးမျိုးရှိပြီး ငွေကို အဆိုပါ အမျိုးသမီးကြီးက တခါတည်း လက်ခံရယူကြောင်း၊ ပြည့်တန်ဆာ မိန်းကလေးတဦးသည် ဖောက်သည်တဦးထံမှ ငွေကျပ် (၁ဝ,ဝဝဝ) ရရှိပါက (၅,ဝဝဝ) ကို အထိန်းအမျိုးသမီးကြီးကယူပြီး နိုက်ကလပ်ဝန်ထမ်းကို ကျပ် (၁,ဝဝဝ) ခန့် ပေးရကြောင်း သိရသည်။

အဆိုပါ နိုက်ကလပ်နည်းတူ သိမ်ကြီးဈေး စီရုံအပေါ်ထပ်မှ နိုက်ကလပ်၊ မင်္ဂလာဈေးဝင်း မင်္ဂလာမွန်ဈေး အပေါ်ထပ်မှ ဂျေဂျေနှင့် နိုက်ကလပ်များ၊ ကာရာအိုကေ ခန်းများ၊ တာမွေ မှ ဒီဂျေ ကလပ်များသည်လည်း ပြည့်တန်ဆာများဖြင့် စည်ကားရာ ဈေးတန်းသဖွယ် ဖြစ်နေသည့်အပြင် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ အနော်ရထာလမ်းပေါ်မှ လသာ ကုန်ဈေးတန်းလမ်းထိပ် ညလုံးပေါက်ဖွင့် လက်ဖက်ရည်ဆိုင်တို့သည်လည်း ပြည့်တန်ဆာ ဈေးကွက်များ ဖြစ်ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အောက်ခြေ လူတန်းစား ပြည်သူများ ဆင်းရဲတွင်း ပိုနက်လာခြင်း၊ ရဲနှင့် အာဏာပိုင် အဖွဲ့အစည်းများ အကျင့်ပျက် လာဘ်စားခြင်း၊ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးသမားများ အာဏာပိုင်တို့၏ အကာအကွယ်ယူပြီး နိုက်ကလပ်နှင့် ကာရာအိုကေ ဘားများကို စီးပွားဖြစ် ပိုမို ဖွင့်လှစ်လာကြခြင်းတို့သည် ပြည့်တန်ဆာ ပေါများလာစေခြင်း၏ အကြောင်းရင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

လူထုတိုက်ပွဲကော်မီတီက အဆင်သင့်ဖြစ်ပြီလား

ရခိုင်ပြည်နယ်တွင် ခရိုင်၊ မြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်များကို အစိုးရ အရာရှိများဖြင့် ဖွဲ့စည်း
6/10/2010

ရခိုင်ပြည်နယ်တွင် ခရိုင်နှင့် မြို့နယ် အဆင့် ရွှေးကောက်ပွဲ ကော်မရှင်များကို ဖွဲ့စည်းနေရာတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသော အစိုးရ အရာရှိ များကို အခြေခံကာ ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။

အစိုးရ ၀န်ထမ်း တဦးက “ အခု ရခိုင်ပြည်နယ်မှာ ဖွဲ့စည်ထားတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် ရွှေးကောက်ပွဲ ကော်မရှင်မှာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ အစိုးရ ၀န်ထမ်းတွေ တော်တော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ကော်မရှင် အတွင်း ရေးမှူး နေရာတွေကို လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးမှူးတွေက နေရာယုထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

ခရိုင်နှင့် မြို့နယ်တွင် ကော်မရှင် ဥက္ကဌများကို အစိုးရ ၀န်ထမ်းဟောင်းများဖြင့် ခန့်အပ်ထားသော်လည်း အများစုမှာ နအဖ စစ်အစိုးရနှင့် နီးစပ်သူ (သို့မဟုတ်) လိုလားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရိုင်နှင့် မြို့နယ်အဆင့် ရွှေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမူနှင့် ပတ်သက်ပြီး မောင်တောမြို့မှ အစိုးရ အရာရှိ တဦးကို မေးကြည့်ရာ သူက နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်ကို များမကြာမှီက ဖွဲ့စည်းတဲ့ နေရာမှာ ရှေ့နေ ဦးအောင်ကျော်ညွန့်ကို ကော်မရှင် ဥက္ကဌဆိုပီး ခန့်အပ် ပါတယ်။ အတွင်းရေးမှူးနေရာကိုကျတော့ လက်ရှိ အစိုးရ ၀န်ထမ်း တဦးဖြစ်တဲ့ ဒု ဦးစီးအရာရှိ ဦးလှရွှေကို ခန့်အပ်ပါတယ်။ နောက်ပီး လက်ရှိ အစိုးရ ၀န်ထမ်းတဦး ဖြစ်တဲ့ မြို့နယ် လ၀က ဦးစီးမှူး စန်းဝင်းကို ခန့်အပ် ပါတယ်။ ကျန်တဲ့ လူတွေလည်း အစိုးရ ၀န်ထမ်းတွေ များပါတယ်။”

မောင်တောမြို့နယ် ရွှေးကောက်ပွဲ ကော်မရှင်တွင် နောက်ထပ် ခန့်အပ်ခံရသူများမှာ ဦးမောင်ကျော်စိန်၊ ဦးမောင်သန်းအေး၊ ဦးမောင်ဦးကျော်၊ သွားဆရာဝန် တဦးနှင့် တခြား ပုဂ္ဂိုလ် တချို့တို့ ပါဝင်ပြီး အများစုမှာ အစိုးရ အငြိမ်းစားများ ဖြစ်ကြသည်။

၎င်းပြင်သူက “ ခရိုင်မှာ ဆိုရင်လည်း စစ်အစိုးရနဲ့ နီးစပ်တဲ့ ဘဏ်မန်နေဂျာ အငြိမ်းစား ဦးသာသာမောင်ကို ခန့်အပ်ပါတယ်။ အတွင်းရေးမှူးကတော့ ခရိုင်ထွေအုပ်လို့ ခေါ်တဲ့ အထွေထွေ ဦးစီးမှူး ဖြစ်ပါတယ်။ ခရိုင်လ၀က ဦးစီးမှူးနဲ့ တခြား အစိုးရ ဆရာဝန်ကြီး တဦးတို့လည်း အဖွဲ့ဝင် အဖြစ် ပါဝင်တာကို တွေ့ရပါတယ်” ဟု ပြောသည်။

ကျေးရွာ ကော်မရှင် အဆင့်တွင် ကျေးရွာ ရယက ဥက္ကဌအား ကော်မရှင် ဥက္ကဌ နေရာအား ပေးမထားသော်လည်း ရပ်ရွာထဲမှ အစိုးရ လိုလာသူ တဦးကို ဥက္ကဌ အဖြစ် ခန့်အပ်ပြီး ရယက စာရေးကို အတွင်းရေးမှူး နေရာကို ပေးကာ ကျန်ရယက အဖွဲ့ဝင် တဦးကို ကော်မရှင် အဖွဲ့ဝင် အဖြစ် ထားသည်ဟု သိရသည်။

ယခုကော်မရှင် ဖွဲ့စည်းမူကို ရခိုင်ပြည်နယ် မြို့နယ်တိုင်းတွင် ဖွဲ့စည်းနေပြီး သက်ဆိုင်ရာ မြို့နယ် အဆင့်နှင့် ကျေးရွာ အဆင့် ကော်မရှင်များကို အစိုးရ အရာရှိများက တိုက်ရိုက်ကိုင်တွယ် ဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Tuesday, June 8, 2010

ကျားဆိုတာ သားစားသတ္တ၀ါ

မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန်မှ ကျောင်းဆရာမ တဦးကို မုဒိမ်းကျင့်
6/8/2010

မောင်တောမြို့နယ်တွင် ရယက ဥက္ကဌ တဦးမှ ယူအန် ပညာရေး အစီအစဉ်တွင် တာဝန် ထမ်းဆောင်နေသော ကျောင်းဆရာမ တဦးကို ဗလက်ကာရ ပြုကျင့်ခဲ့သဖြင့် ပြဿနာ ဖြစ်ပွားနေကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသူ မူဆလင် အမျိုးသမီး ကျောင်းဆရာမ ( ၂၈ နှစ်)အား အဆိုပါ ကျေးရွာမှ ရယက ဥက္ကဌ ဇီယာဘူ ရာမန်က မုဒိမ်းကျင့်သည့် ဖြစ်စဉ် တခု ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ကျေးရွာသားများ အဆိုအရ အဆိုပါ ဆရာမမှာ ဘူးသီးတောင်မြို့မှ ဖြစ်ပြီး တခြား ရခိုင်အမျိုးသမီး ဆရာမ တဦးနှင့် ကညင်တန်း ကျေးရွာ ရယက ဥက္ကဌဟောင်း အိုလီအာမတ် နေအိမ်တွင် နေထိုင်နေကြကြောင်း၊ ဇွန်လ ၄ ရက်နေ့က ရခိုင်အမျိုးသမီး ဆရာမမှာ သူမ၏ ကျေးရွာ ဖြစ်သော မောရ၀တီ ကျေးရွာသို့ ပြန်သွားသဖြင့် အဆိုပါ ဆရာမမှာ တဦးတည်း ကျန်နေခဲ့ကြောင်း၊ ညနေ ၈ နာရီခွဲခန့်တွင် ရယက ဥက္ကဌ ဇီယာသည် အိမ်ထဲသို့ ၀င်လာပြီး ဆရာမကို မုဒိမ်းကျင့်ကြောင်း၊ ဆရာမမှာ အော်ဟစ် အကူအညီတောင်းခံသဖြင့် ကျေးရွာသားများ ၀ိုင်းလိုက်လာပြီး ရယက ဥက္ကဌ အား ဖမ်းဆီးပြီး အမှတ် (၇) နစက နယ်မြေ ဌာနချုပ်သို့ သွားရောက် အပ်နှံခဲ့ကြောင်း သိရသည်။

သို့သော်လည်း မုဒိမ်းမူ မြောက် မမြောက်ကို မိမိတို့ မသိရှိကြောင်း ကျေးရွာသားများက ပြောသည်။

ဇွန်လ ၆ ရက်နေ့ ညနေက နစက အမှတ် (၇) နယ်မြေ နယ်မြေမှူး ဗိုလ်မှူး နေမျိုးမှ ရယက ဥက္ကဌထံမှ သိန်း ၄၀ လာဒ်ငွေ ယူဆောင်ပြီး ကျေးရွာ ရယက ဥက္ကဌ ဇီယာကို ခံဝန်ကတိဖြင့် ပြန်လည် လွတ်ပေးခဲ့သည်ဟု သိရသည်။

သို့သော်လည်း ယခုအခါ အဆိုပါ ဖြစ်စဉ်မှာ အထက်သို့ ပေါက်ကြားသွားသဖြင့် အမှတ် (၇) နယ်မြေမှ နစက အရာရှိများက အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျေးရွာသားများကို မှန်မမှန်ကို စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။ ယခုအချိန်ထိ ဇီယာကို ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Friday, June 4, 2010

ကိုယ့်သေတွင်း ကိုယ်တူးနေသူများ

စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက်
ရန်ပိုင် Friday, June 04, 2010

မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် စစ်အစိုးရက သံသယ ဖြစ်ဖွယ် ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ် နေကြောင်း သိရသည်။

အဆိုပါ လိုဏ်ခေါင်းများ၏ အကျယ်နှင့် အမြင့်မှာ ပေ ၅၀ ခန့်ရှိပြီး တနေ့လျှင် အလုပ်သမား ၅၀၀ ခန့် အလုပ်လုပ်ကိုင်နေကြောင်း၊ ကိုရီးယားလူမျိုး ကျွမ်းကျင်သူ ပညာရှင်များက ကြီးကြပ်၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း ပဒါန်းမြို့နယ် အတွင်းရှိ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်သည့် တည်နေရာ မြေပုံ
“ပဒါန်းမြို့နယ်ကနေ တောထဲကို ၃နာရီလောက် မောင်းရတယ်၊ စစ်တပ်ကခွင့်ပြုထားတဲ့ ကားတွေပဲ သွားရတယ်၊ လိုဏ်ခေါင်းက တော်တော်ရှည်နေပြီ မိုင်းခွဲလို့ အပြင်ကို ထွက်ပြေးရင် မိနစ် ၃၀ လောက် ပြေးရတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ပင်မလိုဏ်ခေါင်း နှင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည့် လိုဏ်ခေါင်းများကိုလည်း ဘေးပတ်လည်တွင် ရှိကြောင်း၊ တောင်၏ ကျောက်သားနံရံများကို တနေ့လျှင် မိုင်း ၅ ကြိမ်ခန့် ခွဲ၍ တူးဖော်ပြီး မြေတူးစက်များ၊ မြေသယ်ကားများဖြင့် လုပ်ကိုင်နေ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

လိုဏ်ခေါင်း အတွင်း မြေထိန်းနံရံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် လက်သမား၊ ပန်းရံ၊ နှင့် သံချည်သံကွေး လုပ်သားများကို တနေ့လျှင် လုပ်အားခ ၉၀၀ကျပ် ပေးပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း သိရသည်။

ယင်းစီမံကိန်း ကန့်သတ်နယ်မြေတွင် စစ်တပ်များချ၍ လုံခြုံရေး တင်းကျပ်ထားပြီး ဗိုလ်မှူး စိုင်းသိန်းဝင်း အလုပ်သမားများမှာ အလုပ်ခွင်အတွင်း ၀င် ထွက်ခွင့် လက်မှတ်များဖြင့် သွားလာရကြောင်း အလုပ်သမားများက ပြောသည်။

ယခင် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်ကတည်းက ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမအကြား၊ ဧရာဝတီမြစ် အနောက်ဘက် ပြည်ခရိုင်အတွင်းရှိ ဆင်တဲ၊ ထုံးဘို၊ ညောင်ခြေထောက်၊ အထက်မင်းလှ မြို့နယ်ရှိ မလွန်ဒေသတွင် ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခဲ့သည်။

ထို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို ပုသိမ်- မုံရွာကားလမ်းနှင့် ဆက်စပ်ထားသည်။

ပဒါန်းမြို့နယ်သည် ပုသိမ်- မုံရွာ ကားလမ်းနံဘေး တည်ရှိပြီး မင်းဘူး- အမ်းလမ်းနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။

ယခုတည်ဆောက်နေသည့် ဥမင်လိုဏ်ခေါင်းများကို စစ်အစိုးရက စစ်ရေး သို့မဟုတ် စီးပွားရေး မည်သည့်ကဏ္ဍတွင် အသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသ နှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်တွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြော သည်။

“အခု ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မကွေးတိုင်း ဥက္ကဋ္ဌလုပ်တုန်းက တပ်မ ၈၈ က ဗိုလ်မှူးကြီး ဇော်မင်းတို့ ပွင့်ဖြူ စကုဘက်မှာ ယူရေနီယံတွေ့လို့ ထုတ်ဖို့ စီမံကိန်းဆွဲတယ်လို့ ကြားဖူးတယ်”ဟု၎င်းက ဆိုသည်။

စစ်အစိုးရသည် တခြားသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစီမကိန်းများကို နေပြည်တော်၏ အနောက်ဘက် ပဲခူးရိုးမ အနောက်ဘက်ခြမ်း တောင်တွင်းကြီး၊ နတ်မောက်ဒေသ၊ ပဲခူးရိုးမ အတွင်းရှိ အောင်လံမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ဆက်စပ် နေသည့် ဒေသတွင် စစ်လက်နက်ပစ္စည်း စက်ရုံများ တည်ဆောင်နေကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ဖိုင်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ ဒါရိုက်တာဟောင်း ဘော့ကယ်လီ(Bob Kelley)ကို ပြသခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာအသံ(DVB)နှင့် တွေ့ဆုံခန်း တွင် ပြော ဆိုသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်းသည် မကြာသေးမီက စစ်အစိုးရ၏ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ် သို့ ထွက်ပြေးလာသူဖြစ်သည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်ခန်းတွင် ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက် ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသော မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။
Copy from http://www.irrawaddy.org/

အဆုံးထိဖတ်ရန်...

Wednesday, June 2, 2010

ဗိုလ်ချုပ်ပြောသလို ဖါနိုင်ငံကြီးဖြစ်နေပြီ

ထိုင်းသို့ ခိုးဝင်သည့် မြန်မာ အမျိုးသမီးများ ဖမ်းဆီးခံရ
သန်းထိုက်ဦး Wednesday, June 02, 2010

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ရေပိုင်နက် အတွင်း လှေဖြင့် တရားမ၀င် ရောက်ရှိ လာသော မြန်မာနိုင်ငံသား အမျိုးသမီး ၄၆ ဦးကို အာဏာပိုင်များက ယနေ့ ဖမ်းဆီး လိုက်သည်။

အဖမ်းခံရသူ အမျိုးသမီးများသည် အသက် ၂၀ မှ ၂၅ နှစ် အရွယ်ရှိကြပြီး ရနောင်းမြို့သို့ လှေဖြင့် ဦးတည် သွားနေရာမှ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ယနေ့ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီးများကို လှေပေါ်တွင် တွေ့ရစဉ်(ဓာတ်ပုံ - Manager Online)
ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်း မေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက “ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေကို တရားစွဲဖို့ တရားရုံးကို ခေါ်သွားပြီ”ဟု ၎င်းက ဆိုသည်။

ယင်း အမျိုးသမီး များကိုလည်း တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ လှေမောင်းသူ မြန်မာ နိုင်ငံသား ဟု ယူဆရသူ ၂ ဦးကိုလည်း လူကုန်ကူးမှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရှိရသည်။

ယနေ့ တနေ့တည်းမှာပင် ထိုင်း အာဏာပိုင်များက ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ်တွင် မြန်မာနိုင်ငံသားများ အပါအ၀င် လာအိုနှင့် ကိုရီးယား လူမျိုး ၈၂ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်းထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

အဖမ်းခံရသူများကို တယ်ခိုခန်း၊ စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို စီမံချက်ဖြင့် လိုက်လံ စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လာအို လူမျိုး ၄၇ ဦး၊ မြန်မာပြည်သား ၃၀ နှင့် ကိုရီးယား လူမျိုး ၅ ဦးတို့ကို ဖမ်းမိခဲ့သည်ဟု အဆိုပါ မန်နေဂျာ သတင်း၌ ရေးသားထား သည်။

ထို့အပြင် အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက စစ်ဆေးမေးမြန်း၍ မယ်ဆိုင်မြို့ လူဝင်မှု ကြီးကြပ်ရေး(လ၀က)မှ တဆင့် ၎င်းတို့၏ မူယင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို
နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။
Copy from http://www.irrawaddy.org/

အဆုံးထိဖတ်ရန်...

Tuesday, June 1, 2010

မျိုးစပ်၊ မျိုးဖောက် တိရစ္ဆာန်တို့၏ စီးပွါးလုပ်ငန်း

Air Bagan နှင့် အပြိုင် Air Inlay လေကြောင်းလိုင်းသစ် ပျံသန်းမည်
ရန်ပိုင် Tuesday, June 01, 2010

စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ ပိုင် အဲပုဂံ (Air Bagan) လေကြောင်း လိုင်းနှင့် အပြိုင် လေကြောင်း လိုင်းသစ် တခုအား စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင် (IGE Co.,Ltd) ကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း လိုင်းကို အင်းလေး လေကြောင်းလိုင်း (Air Inlay) ဟု အမည်ပေး ထားပြီး စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်မည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ မတိုင်ခင် လုပ်ငန်းတွေအားလုံး၊ သူတို့နဲ့ ပတ်သက်တဲ့သူတွေကို ခွဲပေးတဲ့ သဘောပဲ”ဟု အဆိုပါ စီးပွားရေး သမားက ဆိုသည်။

Air Inlay လေကြောင်းလိုင်း ပြေးဆွဲမည့် ခရီးစဉ် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

မကြာသေးမီ ရက်ပိုင်းက ထုတ်ဝေသည့် Weekly Eleven ဂျာနယ်တွင်လည်း “ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းစုတခု”မှ ပြည် တွင်း လေကြောင်းလိုင်းသစ်တခု တည်ထောင်ပြီး မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ ပျံသန်းရန် စီစဉ်နေသည်ဟု ရေးသားထားသည်။

ဦးနေအောင်သည် အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး၊ IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။

ဦးနေအောင်၏ ညီဖြစ်သူ ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သားမက်ဖြစ်သည်။

IGE ကုမ္ပဏီသည် မုတ္တမ ပင်လယ်ကွေ့မှ ရန်ကုန်မြို့သို့ သွယ်တန်းသည့် ကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု စီမံကိန်းကို လုပ်ကိုင်နေသည်။

ကမ္ဘောဇ ဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်းမှာလည်း ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် နီးစပ်သူဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်းက မြန်မာ့လေကြောင်းလိုင်း (MAI) ကို ၀ယ်ယူခဲ့သူဖြစ်သည်။

ပြည်တွင်းထုတ် မြန်မာ ပို့စ် ဂျာနယ်တွင်မူ အင်းလေး လေကြောင်းလိုင်းကို ဦးအောင်ကိုဝင်းက တည်ထောင်သည်ဟု ရေးသား ထားသည်။

ပြီးခဲ့သည့် ရက်အတွင်းကလည်း ဦးနေအောင် ၊ ဦးတေဇ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ၄ ဦး ကို ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

အရေးပါသည့် စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေး မှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင် မြင့်ဦးက ဦးဆောင် ပြုလုပ်နေကြောင်း သိရသည်။

၎င်းနှင့်နီးစပ်သည့် ဦးဇော်ဇော်(မက်စ်မြန်မာ)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်)၊ ဦးချစ်ခိုင် (ဧဒင် အုပ်စု ကုမ္ပဏီ) တို့ကို စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခွင့်များကို ပေးနေကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
Copy from http://www.irrawaddy.org/

အဆုံးထိဖတ်ရန်...