Pages

Thursday, July 22, 2010

တောကြောင်တွေ သတိထား

ခြောက်လ အတွင်း လျှပ်စစ် ဓါတ်အား ခိုးယူ သုံးစွဲမှု ၉၄ မှု ပေါ်ပေါက်

ရန်ကုန်မြို့တော် အတွင်း တရားမဝင် ဓါတ်အားသုံးစွဲ မှုများအား စစ်ဆေး ဖော်ထုတ် ခဲ့ရာ ပြီးခဲ့သည့် ခြောက်လ အတွင်း အမှုပေါင်း ၉၄ မှုအား ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အား ပေးရေး အဖွဲ့မှ စစ်ဆေး ဖော်ထုတ် နိုင်ခဲ့သည်။ ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့မှ တရားမဝင် ဓါတ်အား ရယူသုံးစွဲ မှုများ အတွက် လျော်ကြေးငွေ (ဒဏ်ငွေ) များ ပေး ဆောင်စေ ခဲ့သည်။ မသမာသော နည်း အမျိုးမျိုးဖြင့် လျှပ်စစ် ဓါတ်အား ပျောက်ဆုံးမှု လျော့နည်း စေရေး နှင့် ဝင် ငွေ တိုးတက်စေရေး တို့အတွက် တရားမဝင် ဓါတ်အား ရယူ သုံးစွဲ နေသူများအား တာဝန်ရှိ သူများက စစ်ဆေးဖော် ထုတ်၍ လျော်ကြေးငွေ (ဒဏ်ငွေ) ပေးသွင်း စေခဲ့သည်ဟု ဆိုသည်။ ယင်း အမှုများအား လျော်ကြေး (ဒဏ်ကြေး) အဖြစ် စုစုပေါင်း ၅၂,၄၉၆,၈၆၀ ကျပ် နှင့် အမေရိကန် ဒေါ်လာ ၃၀၆ ဒသမ ၇ အား လျော်ကြေး ငွေ အဖြစ် တောင်းခံ ရရှိ ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ မှ မသမာသော နည်းဖြင့် ဓာတ်အား ရယူ သုံးစွဲနေသူ များအား ပထမ အကြိမ် အဖြစ် ယခုကဲ့သို့ ဒဏ် ငွေကောက် ယူကာ နောက်နောင် ယခု ကဲ့သို့ မပြုလုပ်ရန် ၀န်ခံကတိ လက်မှတ်ဖြင့် သတိ ပေးခဲ့သည်။ နောက်နောင် ထိုသို့ ပြုလုပ် ပါက ဌာနမှ နေ၍ ရာသက်ပန် လျှပ်စစ် ဓာတ်အား သုံးစွဲမှု ဖြတ်တောက် ပစ်မည် ဖြစ်ကြောင်း အသိပေး စာဖြင့် တရားဝင် ထုတ်ပြန် ကြပ်မတ် ခဲ့သည်။ မသမာသော နည်းဖြင့် လျှပ်စစ် ဓာတ်အား အသုံးပြု မှုတွင် အိမ်သုံး မီတာဖြင့် လုပ်ငန်း လုပ်ကိုင်ခြင်း၊ ဓာတ်အားလိုင်း နှစ်လိုင်း ချိတ်ဆက် သုံးစွဲခြင်း နှင့် ဆင့်ပွား သုံးစွဲခြင်း၊ မီတာ မရှိဘဲ တိုက်ရိုက် ခိုးယူ သုံးစွဲခြင်း နှင့် မီတာ မရောက်မီ အ၀င်မှ သုံးစွဲခြင်း၊ သတ်မှတ် ထားသော မြင်းကောင် ရေထက် ပိုမို သုံးစွဲခြင်း၊ အထွေထွေ တရားမ၀င် သုံးစွဲခြင်း စသည်များ ပါဝင်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

၂၁ . ၇ . ၂၀၁၀