ကျွန်တော်ကိုလူမော်လတ်
( ကိုလူမော်လတ်၊ ၂၁.၀၉.၂၀၁၀ ရက်နေ့တွင် ဦးအုန်းမောင်နှင့် တွေ့ဆုံစဉ် )
မမာမာဦးဖခင် ဦးအုန်းမောင်ဟာ နှစ်လုံးရောဂါ အခံရှိပါတယ်။ မမာမာဦးကို ကျွန်တော်မမြင်ဖူးပါဘူး။ သူကအခု ကျွန်တော့်အဖေထောင်ကျရာဗန်မော်မှာပါ။ ကိုယ်ချင်းစာတယ်။ မိဘမေတ္တာလေ ဗန်မော်ထိ ဦးအုန်းမောင်က သွားမယ်ဆိုတော့ ကျွန်တော် လန့်သွားတယ်။ ဖြစ်ပါ့မလားပေါ့။ ရတယ်တဲ့။ ရအောင်သွားတယ်။ သွားဖို့လမ်းစရိတ်ကို အိုင်စီအာစီကပေးတယ်။ ဒါပေမယ့် အလုပ်အကိုင်မရှိတဲ့ အဘကြီး ။ ထမင်းတောင်နက်မန်မှုမရှိတဲ့ အဘက ဘယ်လို သူ့သမီးအတွက် ပစ္စည်းတွေယူသွားမှာလဲ။ သမီးကိုတွေ့ပြီး ပြန်လာမှာလား။ မိဘမေတ္တာကတော့ အပြည့်ပြံးနေတာပဲ။ ရယ်နေတာပဲ။
ဒါပေမယ့် စားစရာတောင်အနိုင်နိုင် ကျွန်တော်သိတယ်။ သူ့မိတ်ဆွေတွေကပြောတယ် သိထားပြီးပြီ။ ထမင်းလေး100ဖိုး၊ ဟင်းလေး150ဖိုးနဲ့ စားရတယ်။ ဒါတောင်နက်မမှန်ဘူး။ သူ့သမီးအတွက် သွားရင်ပါသွားဖို့ မုန့်လေးတွေ၊ ပစ္စည်းလေးတွေ ၀ယ်စုထားတယ်တဲ့။ ဒါသူများပြောတာ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ဆိုင်လေးမှာ ထမင်းကျွေးတယ်၊ ဟင်းလေးနဲနဲပဲစားတယ် ၊ထမင်းစားလဲနဲတယ် တော်ပြီတဲ့ ။ စားပါအဘရဲ့ ကိုယ့်မိသားစုတွေလိုပေါ့။ ဒီလိုပဲ ကျွန်တော်လဲရှိတုန်းကျွေးနိုင်တာ။ စားပါ အဘနေကောင်းမှ ဖြစ်မှာပေါ့။ ဒါနဲ့ ပြန်တော့၃ထောင် ပေးလိုက်တယ် လမ်းစာရိတ်။ မမာမာဦးဆီသွားမယ့်နေ့လာခဲ့ပေါ့
ပြောလိုက်တယ်။ ငိုက်စိုက်ငိုက်စိုက်နဲ့ ကျွန်တော်လိုက်ပို့လိုက်တယ် ကားမှတ်တိုင်ကို အလုံကနေ ကားစီးလေရဲ့။ နောက် မမာမာဦးဆီသွားကာနီး ရောက်လာပါတယ်၊ ၁သောင်းပေးလိုက်တယ်။ ဘာတွေဝယ်မှာလဲ မေးတော့။ ဟိုနေ့က ပေးတဲ့သုံးထောင်နဲ့ ၀ယ်ထားတာလေးတွေ၇ှိတယ်တဲ့။ အဘစားဖို့ကျွန်တော် သက်သက်ပေးတာပါ။ အခုပေးတာ မမာမာဦးအတွက်လို့။ ဘာတွေဝယ်ထားလဲမေးတော့ ခေါက်ဆွဲခြောက်ထုတ်တွေ။ ကွေကာတွေတဲ့။ ကြိုစုထားတာ အဘသွားတိုင်း ဘာမှမပါသွားတော့၊ သုံးရင်းစွဲရင်း ပါသွားလို့ သမီးအတွက် အဖတ်တင်အောင်ကြို ၀ယ်ထားလိုက်တာတဲ့။ ဒါဆိုလဲ အဘကြည့်ကောင်းသလိုလုပ်ပါလို့ ပြောလိုက်တယ်။ အဘ ပြန်လာယင် ကျွန်တော့်ကိုအင်္ဂလိပ်စာသင်ပေး ၊ကျွန်တော် တလ 3သောင်းပေးမယ်ပေါ့။ ကလေးတွေကိုရော အဘကလဲပြင်းနေတာ ၊ဘယ်တော့သင်မလဲ၊ ဘာလဲနဲ့။ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်တော်စီစဉ်တာ၊ ချို့တဲ့သူမို့ပါ။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ကျွန်တော့်ဆီ သူရေရှည် မလာနိုင်ဘူး။ ကျန်းမာရေး မကောင်းဘူး။ ဘယ်လို လုပ်ပေးရမှန်းမသိဘူး။ လုပ်နိုင်တာလုပ်ပေးတယ်။ မာမာဦးဆီသွားမယ်ဆို တစ်သောင်းပေးတယ်။ nld ရုံးရောက်တိုင်း ဒေါ်ရှု့ကိုမေးတယ် သူဘယ်လို ရပ်တည်နေလဲပေါ့။ သူ့အကြောင်းခေါင်းထဲထည့်ထားတယ်။ ခေါင်းထဲထည့်ထားရတာတွေကလည်း များတယ်လေ။ တခါတလ ရုံးမှာတွေတယ် မှိုင်နေတာပဲ။ စကားကျွန်တော်သွားပြောတယ်။ အဘ လို့အေးတဲ့။ စကားတွေ ဘာတွေပြောလိုက်သေးတယ်။ နောက်တော့မသင်္ကာတာနဲ့၊ အဘ ကျွန်တော်လူမော်လေလို့ ပြောတော့ ဟုတ်လားတဲ့ အေးအေး ဘယ်သူမှန်းမသိလို့ တဲ့ နေကောင်းလားတဲ့၊ အဘမျက်လုံးမမြင် ဘူး၊ ကောင်းကောင်း အရင်ကနဲ့မတူဘူးတဲ့။ အဘ မမာမာဦးဆီသွားမလို့တဲ့၊ ဟုတ်ကဲ့ နီးရင်ပြောဆိုပြီး ပြောခဲ့တယ်။ အဲဒါနဲ့ ပြန်လာတယ်။ နောက်တော့ ကျွန်တော်လည်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့လုပ်ဖို့ တာဝန်ယူထားတော့ တာစူနေတာ သတိမထားဖြစ်ဘူး။ အန်တီရူ.ဆီက ဖုန်းဝင်လာတယ်၊ ဦးအုန်းမောင်နှလုံး ရောဂါနဲ့ ဆေးရုံမှာတဲ့။ သူ့အတွက်အကူပေးဖို့ မိတ်ဆွေတစ်ယောက်ဆီ အကူအညီတောင်းထားတယ်။ မကြာပါဘူး ပြန်ဆင်းလာပြီတဲ့။ ကျွန်တော်လည်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးရေးနေ့ ကျင်းပတဲ့နေ့ ။ အဘဦးအုန်းမောင် ရောက်လာတယ်။ အဘ မောနေလား၊ ဘာလို့လာတာလဲ။ လာရမှာပေါ့ကွာတဲ့။ မင်းပွဲကိုတဲ့။ နေကောင်းလို့လားလို့ မေးလိုက်တော့၊ လမ်းမှာ(၇)ခါတောင် နားပြီးမှာလာတာ၊ ခုချိန်မှရောက်တာတဲ့။ အော်လူငယ်တစ်ယောက်ပေါ်မှာ နိုင်တဲ့ကျေးဇူးလေးနဲ့ တုံပြန်တတ်တဲ့ လူကြီး ။ ပြန်တော့ စိတ်မကောင်းဘူး ကျွန်တော် လူတွေဧည့်ခံနေရင်းက အဘ မသွားနဲ့အုံးနော် ဆိုပြီး စိုက်ကြည့်ပြီး ပြောလိုက်တယ်။ အေးတဲ့။ တော်ကြာ ပျောက်သွားတယ်။
အဘ ဘယ်ထွက်သွားတာ လဲမေးတော့။ မသိကြဘူး။ ကျွန်တော်ကဗျာကယာနဲ့ အောက်ထက် ပြေးဆင်းသွားတော့ သူတိုက်အောက်မှာ ထိုင်နေတယ်။ အဲဒါနဲ့ ငွေ (၁)သောင်း တက်ယူပြီး အဘကို ကန်တော့လိုက်တယ်။ အဘ နေကောင်းအောင် နေနော်လို့ မှာလိုက်တယ်။ ဒီနေ့ ဒီဗွီဘီမှာ ကြားလိုက်တယ်။ ဆုံးပြီတဲ့။
ကျွန်တော် အခုစာရိုက်ယင်း အဘကို ဆုတောင်းပါတယ်၊ မိဘ မေတ္တာအပြည့်ရှိခဲ့လို့ တူသောအကျိုးပေးပြီး နောက်နောင် ဘ၀တွေ မိဘ မေတ္တာအပြည့် ၇သော သားသမီးဖြစ်ရပါစေလို၏။ လူတွေရဲ့မေတ္တာ ရရပါစေလို၏။ မင်းတွေရဲ့မေတ္တာ ရရပါစေလို၏ပေါ့ ၊ (အခုသူနာရေးရက်လည်လေး လုပ်ဖို့ ငွေမရှိဘူးလို့ အန်တီရူက အကြောင်းကြားတယ် ၊ ကျွန်တော်မှာ တာဝန်ရှိပါတယ် ၊ မိဘမေတ္တာကြီးမားတဲ့ သူအတွက် ကျွန်တော်မမာမာဦး ကိုစား သားသမိးသဖွယ်တာဝန်ယူ ပေးပါမယ်)
ကျွန်တော်လူမော်လတ်
အလုံ NLD လူငယ်

(၂၀၀၇ စက်တင်္ဘာ)အကြမ်းမဖက်အမျိုးသားလှုပ်ရှားခဲ့သူပါ