Pages

Sunday, November 7, 2010

တွန်းလှန်မှုကို ငြင်းဆန်နေမှတော့

နှစ်ထောင့်တစ်ဆယ် နိုဝင်ဘာ ၇ ရက်
အဲဒီ...နိုဝင်ဘာ ၇ ရက်ဟာ
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံကိုအတည်ပြု
ပြည်သူတွေကို စစ်ကျွန်ပြုဘို့
ရွေးကောက်ပွဲကို တာစူလိုက်တာပဲ....အမေ။

တရားမျှတမှု ကင်းမဲ့ပြီး
သူနိုင်ကိုနိုင် ယှဉ်ပြိုင်ခြင်းမရှိ
ကိုနိုင်ဘို့တာ တဖက်သတ်ပြုလုပ်ကျင်းပတဲ့
နှစ်ထောင့်တစ်ဆယ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲ
အဲဒီ....ရွေးကောက်ပွဲကို
ကျနော်တို့ ထောက်ခံရမတဲ့လား....အမေ။

လွတ်လပ်ခွင့်တွေဆိတ်သုန်း
တရားဥပဒေ ပျက်သုန်းနေတဲ့ခေတ်ဆိုး
အဲဒီ....ခေတ်ဆိုးဆိုးကြီးထဲ
နေရတာထက် သေရတာကပိုမြတ်တယ်ဆိုတဲ့ အသိ
ပြည်သူတွေရင်ထဲ ရှိစေချင်တယ်။

လူကလူလို အထင်မခံရတဲ့ ဘဝ
လူကလူလို အဆက်ဆံမခံရတဲ့ ဘဝ
ဖိနှိပ်မှုအောက်မှာ အိပ်မောကျနေတဲ့လူတွေ
တွန်းလှန်မှုကိုငြင်းဆန်နေမှ တော့
လူလုံးမလှတာ အပြစ်တဲ့လား....အမေရယ်။
အမေ့သား(ဒိန်းမတ်)