Pages

Thursday, February 25, 2010

ကျမကိုကယ်ကြပါရှင့်

မြန်မာအမျိုးသမီးသမဂ္ဂနှင့် နိုင်ငံရေးလုပ်သူများရှင့်

ကျမဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့“မွှေး”ထမင်းဆိုင်မှာအလုပ်လုပ်နေတဲ့မိန်းကလေးတဦးပါ၇ှင့်
ကျမရှက်လွန်းလို့ ကျမနာမည်ကိုတော့မပြောပါ၇စေနဲ့၇ှင်။
ကျမအလုပ်လုပ်တဲ့ထမင်းဆိုင်ကို ဦးလေးကြီးတယောက်လာလာနေပါတယ်။
ကျမက ဦးလေးကြီးဘာစားမလဲလို့မေးတိုင်း ၇ှူတည်တည်ကြီးနဲ့ကြည့်ပါတယ်။
သူ့ကို အကိုကြီးမခေါ်မချင်းထိုင်နေရာကမထနိုင်ဘူး။ ပိုက်ဆံလည်းမပေးနိုင်ဘူးလို့ပြောပါတယ်၇ှင့်။
ကျမ က ဦးလေးကြီးကဘယ်သူလဲလို့မေးပါတယ်၊ “ငါ ဦးကျော်ငြိမ်းရဲ့သား ဘာမှတ်လဲ။
နင် ငါ့ကိုအကိုကြီးမခေါ်မချင်းပိုက်ဆံမပေးဘူး” လို့ပြောပါတယ်။
ကျမရဲ့ထမင်းဆိုင်ပိုင်ရှင်က သူမြန်မြန်ပြန်အောင်လို့ အကိုကြီးခေါ်ပေးလိုက်ပါလို့ကျမကိုတောင်းဆိုပါတယ်။
တနေ့လည်းမဟုတ်။ တလလည်းမဟုတ်။လာလာပြီး ကျမကို၇ှူတည်တည်ကြီးကြည့်ပါတယ်။
ဏှာဘူးထနေတဲ့ရုပ်ကြီးကိုတွေးသာကြည့်ပေးပါ၇ှင်။
သူ့ကိုယူရင်၊ ထမင်းဆိုင်မှာအလုပ်လုပ်ဖို့မလိုတော့ဘူးဆိုပြီး ကျမကိုသားပြောမယားပြောပြောပါတယ်၇ှင်။
“နွားအိုမြက်နုကြိုက်တယ်” ဆိုတဲ့စကားပုံကိုကြားဘူးပါတယ်။
ဒါပေမဲ့ ဗိုလ်ဗိုလ်ကျော်ငြိမ်းဆိုတဲ့ အသက်ကြီးကြီး၇ုပ်ဆိုးဆိုးကြီးကတော့

လောက်စလုံးမှန်ပြီး ချီးတွင်းထဲ ပြုတ်ကျခဲ့တဲ့ လင်းတကြီး လိုဖြစ်နေပါတယ်။ ကျမအ၇မ်းကိုသေချင်တာပါပဲ။
၇ုပ်ကြီးကခံစားလို့မ၇အောင်ဆိုးတဲ့အပြင်။လူအိုစော်လည်းအ၇မ်းနံပါတယ်။
ကျမကိုကယ်ကြပါ၇ှင့်။ မိန်းကလေးအခွင့်အရေးကိုချိုးဖောက်တဲ့။ သေခါနီးမှ၇ိက္ခာယူချင်တဲ့
လင်းတအိုကြီးကိုအေ၇းယူပေးကြပါ။ မြန်မာအမျိုးသမီးသမဂ ကို အားကိုးပါတယ်၇ှင်။
ကျမတို့လိုနိုင်ငံ၇ပ်ခြားမှာလာအလုပ်လုပ်ကြတဲ့သူတွေကိုကယ်ပါနော်။

မွှေးထမင်းဆိုင်မှမိန်းကလေး
ချင်းမိုင်
ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသူများအနေဖြင့် အမှန်တရားကိုဖော်ထုတ်ဖို့ မိမိကိုယ်တိုင်သွားရောက်ပြီး မေးမြန်းစုံစမ်းသင့်ပါသည်။