Pages

Showing posts with label ဝေဘန်ချက်. Show all posts
Showing posts with label ဝေဘန်ချက်. Show all posts

Saturday, February 5, 2011

ကဲ ... ကဲ ဘယ်သူကလွန်တာလဲ

တာဝန်မယူရဲသော၊ တာဝန်ယူစိတ်မရှိသော၊ တာဝန်မကျေသော ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီနဲ့ ၁၉၉၀ ပြည့်နှစ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
အက်ဆစ်
(ရေးသူအာဘော်သာဖြစ်သည်။ ဒီမိုကရေစီတိုက်ပွဲဝင်များအနေနှင့် ဖတ်ရှုစဉ်းစားဆင်ခြင်ပြီး ပြင်ဆင်သင့်သည်များ ပြင်ဆင်နိုင်ရန် တက်ဆက်လိုက်ရခြင်းဖြစ်သည်။)မြန်မာပြည်သူတွေက ပေးအပ်ခဲ့တဲ့တာဝန်တွေ ပြည်သူဘ၀လွတ်မြောက်ရေးတွေကို မစွမ်းဆောင်နိုင်ဘဲ ယေ ဘုယျ လူသာမန်တွေ လုပ်နေတဲ့ အလုပ်တွေကို လုပ်နေကြတဲ့ မြန်မာနိုင်ငံက လူထုခေါင်းဆောင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီပါတီကြီးအပါအ၀င် ၁၉၉၀ ပြည့်နှစ်က အနိုင်ရလို့ မိမိကိုယ် မိမိ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လို့ ခံယူထားသူများ သိစေရန်၊ အိမ်မက်တွေက နိုးထရန် ဒီဆောင်းပါး ကို ရေးသားလိုက်ရပါတယ်။အခုဆိုရင် စစ်အုပ်စုက လွှတ်တော်တွေခေါ်လို့ အစိုးရဖွဲဖို့ ပြင်ဆင်နေချိန်မှာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ဘာလဲ၊ ပြည်သူတွေအတွက် လွတ်မြောက်ရေးလမ်းစက ဘာလဲဆိုတာမသိဘဲေ၀၀ါးနေတဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ က လွှတ်တော်ကိုယ်စားလှယ်တွေ အရှက်တရား အသိတရားလေးများ ရနိုင်ဖို့ နှိုးဆော်လိုက်ရတယ်ဆိုရင်လည်း မမှားပါဘူး။လွှတ်တော်စပြီဆိုတာနဲ့ နားထဲမှာ သံရည်ပူလောင်းလိုက်သလို ပူလောင်မိတယ်။ စစ်အုပ်စု ပြန်အုပ်ချုပ်တော့ မယ်ဆိုတာနဲ့ မိမိတို့တိုင်းသူပြည်သားတွေရဲ့ ကံကြမ္မာအတွက် ရင်နာမိတယ်။ ပြည်သူတွေရဲ့ မျက်နှာကိုမှ မ ထောက်ဘဲ နေသာသလို နေနေကြတဲ့ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉၀ ရွေး ကောက်ပွဲက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ နားကြည်းမိတယ်။ကမ္ဘာ့နိုင်ငံအသီးသီးက လူထုအုံကြွမှုတွေကို မြင်ရတော့ ကိုယ့်တိုင်းပြည်လည်း ပြောင်းလဲမှု ဘယ်တော့ဖြစ် နိုင်မလဲလို့ တွေးတောမိတယ်။ အီဂျစ်က ပြည်သူတွေကို အားပေးနေတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လည်း ပြောချင်တယ်။ အားပေးရဲရမယ်၊ ထောက်ခံရဲရမယ်၊ အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန်ကျင့်ရဲရ မယ်။ ဒါမှသာ ခေါင်းဆောင်တဦးရဲ့ အရည်အချင်းနဲ့ ညီလိမ့်မပေါ့။ ဘာလို့များ သူများနိုင်ငံကိုလည်း ဝေ့လည် ကြောင်ပတ်စကားတွေနဲ့ သွားနှစ်သိမ့်နေရသလဲဆိုတာ နားမလည်နိုင်ပါဘူး။ ပြီးတော့ အမေးချင်ဆုံးစကား ကတော့ သူများနိုင်ငံကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ဒေါ်စုရယ် ... ကိုယ့်နိုင်ငံရဲ့ အခြေအနေက ဘယ်လမ်းကို သွားနေပြီလဲဆိုတာကော စိတ်ဝင်စားရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ဘာမဆို ပြတ်ပြတ်သားသား မပြောရဲသူဟာ ခေါင်းဆောင်ကောင်းတယောက် ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဝေ့ လည်ကြောင်ပတ်တွေ ပြောပြီး ပြည်သူတွေကိုပဲ တာဝန်ကျေပါ၊ ပန်းတိုင်ကိုရောက်အောင် ချီတက်ပါ၊ သတ္တိရှိ ပါဆိုတဲ့ အဆိုအမိန့်တွေကို ပေးတတ်တဲ့ ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေ တာဝန်ကျေခဲ့ပြီ၊ တာဝန်ကျေ နေပြီ၊ ချီတက်ခဲ့ပြီ၊ ချီတက်နေပြီ၊ သတ္တိရှိခဲ့ပြီ၊ သတ္တိရှိဆဲဆိုတာကို မသိဘဲ ကယောင်ချောက်ချား အော်ပြော နေသူနဲ့ တူနေတယ်ဆိုတာကို သတိမပြုမိလေလျော့သလား။“အပြောင်းအလဲလိုချင်ရင် မိမိဘာသာ အပြောင်းအလဲလုပ်နိုင်ဖို့ ကြိုးစား” ဆိုတဲ့စကားကို ကြားမိတိုင်း ပြည် သူ့ဆီကိုပဲ ပြန်ပြီးပုတ်ထုတ် မိန့်မှာတတ်တဲ့ စကားတွေပဲ ပြောတတ်တဲ့ ဒေါ်စုဟာ ပြည်သူ့ဘ၀ကို နားလည်ဖို့ အတွက် အချိန်ယူ ကြိုးစားရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။ ဒီလောက်နှစ်ကာလကြာတာတောင် မြန်မာပြည် သူတွေရဲ့ အခြေအနေကို မသိ၊ အာဏာရှင်အကြောင်းမသိ ဖြစ်နေပါပေါ့လား။ ကိုယ့်နိုင်ငံမှာတောင် အာဏာ ရှင်ကို ပြတ်ပြတ်သားသား စိန်ခေါ်တိုက်ပွဲမ၀င်ရဲသူဟာ အီဂျစ်ပြည်သူတယောက်က မေးတာကို ပြတ်ပြတ် သားသား မပြောရဲတာကတော့ အထူးအဆန်းမဟုတ်ပေဘူးလေ။ အကျယ်ချုပ်ကာလမှာလည်း ခေါင်းဆောင် မှန်ရင် အပြင်က ပြည်သူကို သြဇာလွှမ်းမိုးနိုင်စွမ်းရှိရမယ်လို့ ထင်ထားတာ၊ အဲဒီကာလတွေမှာတုန်းကလည်း သာမန်စကားလေးတွေသာ ပြောနေလေတော့ အာဏာရှင်ကို မုန်းတီးစိတ်နဲ့သာ ဒေါ်စုကို နားလည်ပေးနေရ တာ၊ မကျေလည်မှုတွေကတော့ ရင်နဲ့မဆံ့အောင်ပါပဲ။လွတ်မြောက်လာတော့ ဘာတွေများ လုပ်လေမလဲလို့ ကြည့်လိုက်မိတော့လည်း အခြေအနေတွေဟာ ပိုပြီး မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ရတယ်။ ဒေါ်စု လွတ်လာမှပဲ မတရားတဲ့ ဖွဲစည်းပုံ၊ မသမာတဲ့ ရွေးကောက်ပွဲ ဆန့်ကျင် သံတွေလည်း တိတ်သွားတယ်။ အားလုံးက ‘အိပ်ခ်ျအိုင်ဗွီကို ကူညီပါ’ ‘လူမူကယ်ဆယ်ရေးတွေကို အရှိန်မြှင့် လုပ်ပါ’ ဆိုတာတွေပဲ ကြားရတော့ ဒီလို အန်ဂျီအိုဆန်ဆန် အလုပ်တွေကို လုပ်မယ်ဆိုရင် ဒေါ်စုဟာ အစက တည်းက အန်အယ်လ်ဒီဆိုတဲ့ နိုင်ငံရေးပါတီကြီးကို မထောင်သင့်ဘူးလို့ပဲ ပြောချင်တယ်။အထူးသဖြင့် နိုင်ငံရေးကို ဘာလို့ လုပ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို အမေးချင်ဆုံးပါပဲ။ ပြန်လည်လွတ်မြောက်လာ ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဆိုတာကို တစိုက်မတ်မတ်မလုပ်ဘဲ အကျဉ်းသား တွေ ထောက်ပံ့ရေးကိုသာ လုပ်နေတာကြောင့် အာဏာရှင်သက်ဆိုးရှည်နိုင်ရေး အကူအညီပေးနေတာလား လို့ပဲ ပြောလိုက်ချင်တော့တယ်။နိုင်ငံရေးအကျဉ်းသားတွေ လိုချင်တာက သူတို့အတွက် စားဝတ်နေရေး အကူအညီ အထောက်အပံ့မဟုတ်ပါ ဘူး။ သူတို့ အစားကောင်းတွေ စားပြီး ထောင်ထဲမှာ သက်ဆိုးရှည်စွာ နေထိုင်ရရေး မဟုတ်ပါဘူး။ မတရားတဲ့ အမိန်တွေနဲ့ အကျဉ်းချခံထားရတာကြောင့် သူတို့လုံးဝလွတ်မြောက်ရေးကိုပဲ လိုချင်တာပါ။ ဒေါ်စု လုပ်ပေးနေ တာက သူတို့လွတ်မြောက်ရေးကို လူသာမန်တွေ ပြောသလို အလ္လာပသလ္လာပသာ ပြောပြီး အကျဉ်းသားမိ သားစုနဲ့တွေ့၊ အားပေးစကားပြော၊ မင်္ဂလာဆောင်နဲ့ အသုဘ၊ မွေးနေ့၊ နှစ်ပတ်လည်အခမ်းအနားတွေ တက်ပြီး ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို မေ့လျော့နေတာကတော့ အတော်ကို စိတ်ပျက်နာကျည်းစရာကောင်းလှတဲ့ မြင်ကွင်းလို့တောင် ဆိုချင်ပါတယ်။ ဒေါ်စု ဒါတွေ လုပ်ရမယ့် အချိန်ကာလမဟုတ်ပါဘူး။လူထုခေါင်းဆောင်ဆိုတာ သာမန်လူတွေလုပ်တဲ့ အလုပ်တွေထက် ထူးခြားတာကို လုပ်နိုင်ဖို့ လိုပါတယ်။ လူ သာမန်တွေလုပ်တတ်တဲ့ လူငယ်ကွန်ရက်နဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ၀က်ဆိုက်လေးတွေနဲ့ သာယာနေတဲ့ ဒေါ်စု ဟာ မြန်မာပြည်လွတ်မြောက်ရေး ပြည်သူဘ၀တွေကို ကယ်တင်နိုင်ဖို့ အရည်အချင်းမရှိဘူးဆိုတာ တနေ့ ထက်တနေ့ ပြသလာသလို ခံစားမိတဲ့အတွက် ဒီလိုရေးသားလိုက်ရတာလည်းဖြစ်ပါတယ်။ဒေါ်စုတင်မကပါဘူး။ ၉၀ ခုနှစ်က ရွေးကောက်ခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများလည်း ငြိမ်နေကြ တာ တွေ့ရတယ်။ သူလုပ်နိုး၊ ငါလုပ်နိုးနဲ့ ဖောက်ထွက်ပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းမရှိလို့ တိုင်းပြည် က အစိုးရ (၅) ဆက်စာလောက် နစ်နာခဲ့ရပြီ။ လိုတော့ လိုချင်တယ်၊ အနစ်နာတော့ မခံချင်ဘူး အနစ်မခံဘဲ နဲ့တော့ ဘယ်ရမလဲဆိုတာ ခင်ဗျားတို့ကို ပြည်သူတွေက ပြန်ပြောရမယ့် စကားရပ်တွေပါ။နယ်စပ်တွေမှာ ဒေါ်စု မလွတ်ခင်ကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်တွင်းစစ်က ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်နေတယ်။ အရင်ကလည်း နှစ်ပေါင်းများစွာ ဖြစ်နေခဲ့တာပါ။ ဒါကို တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူက လျစ်လျူရှုလို့ မရပါဘူး။ ပြည်သူကို ကိုယ်စားပြုထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီး တာဝန်ရှိပါ တယ်။ ဒုက္ခသည်တွေကို စာနာသနားတယ်ဆိုတာ လူတိုင်း လွယ်လွယ်ပြောတတ်ကြပါတယ်။ ဒီလိုမဖြစ် အောင် ဘယ်လိုလုပ်မလဲ၊ တိုင်ရင်းသားတွေကို ဘယ်လို တွေ့ဆုံတိုင်ပင်မလဲ ဆိုတာတွေကို ဒေါ်စုနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ သတိပြုမိရဲ့လားမသိ။အန်အယ်လ်ဒီဆိုတဲ့ ပါတီကြီးကလည်း လူထုက အားကိုးရမလား မှတ်ပါတယ်။ ကျားရှေ့ အသနားခံနေတာ တွေကို မြင်ရတိုင်း ခင်ဗျားတို့အစား ရှက်မိပါတယ်။ ခင်ဗျားတို့တတွေဟာ မတရားတဲ့ ဥပဒေရှေ့မှောက်မှာ အသနားခံစာတွေနဲ့ အယူခံတွေ အထပ်ထပ်တင်ပြီး တောင်းဆိုနေတာက အကြမ်းမဖက်လှုပ်ရှားမှုတွေလို့ ခေါ်ဆိုနိုင်ပါသလား။ အန်အယ်လ်ဒီက နိုင်ငံရေးလုပ်စရာမရှိလို့ လူမှုရေးလုပ်ငန်းလေးတွေကို လုပ်နေတာ တွေက အင်မတန် ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လုပ်စရာမရှိလို့ ရှာလုပ်နေတဲ့ အလုပ်လို့များ မတွေးတော မ ဆင်ခြင်မိဘူးလား။စစ်အုပ်စုက ရည်ရွယ်ချက် ရှိတယ်။ ဦးတည်ချက်ပန်းတိုင် ရှိတယ်။ သူ့ရည်မှန်းချက်ကို ရောက်အောင်သွား တယ်။ အခု လွှတ်တော်ခေါ်ပြီ၊ အစိုးရဖွဲ့ပြီ ဘာလုပ်ကြမလဲ။ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေက စစ် အုပ်စုချပေးတာကို လိုက်အော်ကြတယ်။ ဆန့်ကျင်ကြောင်း တာဝန်အရ လုပ်ကြတယ်။ ပြီးတော့ ရည်မှန်း ချက်တခုပြီးတခု ပြောင်းတယ်။ အခုတော့ ကိုယ့်ဘယ်လမ်းသွားနေပြီလဲဆိုတာတောင် မမှတ်မိတော့တဲ့ အ နေအထားတွေ ဖြစ်ကုန်ပြီ။လမ်းပျောက်ပြီး တောင်ရောက်မြောက်ရောက် ရောက်နေပြီလို့ပဲ ခပ်ရှင်းရှင်း ပြောလိုက်ကြပါစို့။ လူထုတွေ ဘ ၀ကို ကြည့်ပါဦး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေတာကို ဒေါ်စုနဲ့ အန်အယ်လ်ဒီက အန်ဂျီအိုတွေလို သေးသေးမွှားမွှား အကူအညီလေးတွေ လိုက်ပေးနေမယ့်အစား မြန်မာ ပြည်သူတရပ်လုံး ခံစားနေရတဲ့ လူမှုဒုက္ခကြီးကနေ လွတ်မြောက်အောင် လုပ်လိုက်ပါတော့လား။ တိုင်းပြည်ကို လူတန်းစေ့နေနိုင်တဲ့ ဘ၀ရောက်အောင် ခေါင်းဆောင်ပြီး လုပ်ပေးနိုင်လေမလားလို့ အရင်တုန်းကတော့ အားကိုးမျှော်လင့်ခဲ့မိပါတယ်။ ပြတ်ပြတ်သားသား ခေါင်းဆောင်ရဲတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို့ သူ့သမီးက လည်း သူ့လိုဖြစ်လေမလားလို့ အားကိုးယုံကြည်ခဲ့မိတာလေ။ အခုတော့ လူသာမန်တွေလုပ်တဲ့ အလုပ်ကို လုပ်ပြီး လက်ခုပ်တီး ပန်းကုံးစွပ်တာကို သာယာနေတဲ့ အကယ်ဒမီပေးပွဲက မင်းသမီးတလက် ဖြစ်နေတာကို ရင်နာလို့မဆုံးဖြစ်ရတယ်။ဒေါ်စုနဲ့ ၉၀ ရွေးကောက်ပွဲက ကိုယ်စားလှယ်တွေ တာဝန်မကျေလို့၊ တာဝန်မယူရဲလို့၊ တာဝန်ယူစိတ်မရှိလို့ မကြာခင်ကာလမှာ မြန်မာပြည်သူတွေဟာ စစ်အုပ်စုက အထပ်ထပ် ချုပ်နှောင်ထားတဲ့ ကွန်ရက်ထဲကို ထပ်မံ ဆင်းသက်ရတော့မယ်။ပြည်သူတွေ အခါခါ တာဝန်ကျေခဲ့ပြီ။ လမ်းပေါ်ထွက်ပြီး သူတို့ဘ၀လွတ်မြောက်ရေး တောင်းဆိုသံ ပွက်ပွက် ညံအောင် ပြသခဲ့ပြီးပြီ။သံဃာတွေ၊ ကျောင်းသားတွေလည်း တာဝန်ကျေခဲ့ပြီ၊ အသေခံခဲ့ပြီးပြီ။ လူညွန့်တုံးခဲ့ပြီးပြီ။တာဝန်မကျေတာက ပြည်သူက ပေးအပ်တဲ့ တာဝန်ကို မယူရဲဘဲ ပြည်သူကိုပဲ ပုံချလုပ်ခိုင်းနေတဲ့ ရှောင်ပြေး နေတဲ့ ဒေါ်စုနဲ့ ၉၀ ပြည်နှစ်က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဘယ်အထိ လူထုက တာ ၀န်ကျေပေးရမှာလဲ၊ ဘယ်အထိ လူထုက လိုက်ပါဆောင်ရွက်ပေးရမှာလဲ။ နိုင်ငံတကာအနေနဲ့ကလည်း ကြည့် ပါဦး။ ဘာတခုမှ ထမလုပ်ဘဲ ကြေညာချက်ထုတ်ပြီး အခမ်းအနားပဲ လုပ်တတ်တဲ့ အတိုက်အခံကို ဘယ်လို အားပေးကူညီရမှာလဲ။ ဘာတွေ လုပ်ခဲ့ပြီးလို့ ဘာတွေ ထောက်ခံပေးရမှာလဲ။ မိမိတို့ဘာသာ စဉ်းစားကြပါ တော့။အကြမ်းမဖက် အနုနည်းနဲ့ အောင်မြင်ခဲ့တဲ့ နိုင်ငံတကာအခင်းအကျင်းတွေက သူတို့နိုင်ငံက လွတ်မြောက်ရေး ကို သူတို့ကိုယ်တိုင် အားမထုတ်ဘဲနဲ့ ရခဲ့ကြတာမဟုတ်ပါဘူး။ ပြည်သူတွေ လမ်းပေါ်ထွက်တော့လည်း ပါမ လာ၊ ပြည်သူတွေ လှုပ်ရှားမှုတွေ လုပ်တော့လည်း လိုက်မလုပ်၊ ပြည်သူမလုပ်နိုင်၊ လုပ်နိုင်တဲ့ အခြေအနေမရှိ တော့လည်း ပြည်သူကို အပြစ်တင်ဝေဖန်သမှုတွေ လုပ်နေသမျှတော့ မြန်မာပြည်လွတ်မြောက်ရေး မျှော်လေ တိုင်းဝေးနေတော့မှာ သေချာပါတယ်။ခေါင်းဆောင်လို့ အမည်ယူထားရင် လုပ်ကြလေ။ ဉာဏ်အမြော်အမြင်နဲ့ စဉ်းစားဆင်ခြင်ပြီး ပြတ်ပြတ်သား သား ရဲရဲဝံ့ဝံ့ လုပ်ကိုင်ဆောင်ရွက်သူသာ ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး မုန်တိုင်း အပြင်းထန်းဆုံးဖြစ်နေတဲ့ အခုအချိန်မှာ ပြတ်သားသူ၊ ရဲဝံ့သူ၊ ခေါင်းဆောင်ရဲသူ၊ တာဝန်ရှိတယ်လို့ ခံယူတတ်သူ၊ ပြည်သူ့အတွက် အာဏာရယူရဲသူကသာ မြန်မာပြည်လွတ်မြောက်ရေးကို စွမ်းဆောင်ရယူပေး တဲ့ ခေါင်းဆောင်စစ်စစ် ဖြစ်ပါလိမ့်မယ်။ မလွတ်မြောက်သေးတဲ့ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်ကောင်း တွေ လိုအပ်နေပါတယ်။
အက်ဆစ်

အဆုံးထိဖတ်ရန်...

Thursday, October 21, 2010

၈၈၈၈တိုက်ပွဲဝင် ကျောင်းသားအစစ်အမှန် လေထန်ကုန်းမှာ ဘယ်သူရှိလဲ

၈၈ပြည်သူ့နေ့စဉ်သတင်းစာနှင့် လေထန်ကုန်းမှပုဂ္ဂိုလ်များ သို့
လေထန်ကုန်းကို ကြောက်ဖို့ကိုမပြောနဲ့ ရှိတယ်လို့တောင်မထင်ပါ။
လေထန်ကုန်းကြောင့် နာဖို့မပြောနဲ့ဘယ်သူမှဘာမှမဖြစ်တဲ့အပြင် ခင်ဗျားတို့ကိုယ်တိုင်ဘဲ နာကျင် ထိခိုက်သွားတယ်ဆိုတာသဘောပေါက်ပါ။ လေထန်ကုန်းကိုပြပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရအောင် ခင်ဗျားတို့ နာမည်အတိအကျနဲ့ ဝေဖန်တိုက်ခိုက်ထားတာရှိလို့လား၊ သရဲဘောကြောင်စွာနှင့် သူများတွေကိုလဲတိုက်ခိုက်ချင်သေးတယ် သတ္တိကလဲမရှိ သူများတွေထိခိုက်ယင် ကျေနပ်နေကြပြီး ကိုယ်ထိခိုက်မှာကို သေမလောက်ကြောက်နေကြတဲ့ ခင်ဗျားတို့လိုလူ့အတ္တ ။ လူ့ငကြောက်တွေကို ဘယ်သူ့ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်စရာလိုအပ်လို့လဲ။ ခင်ဗျားတို့ ကျုပ်စာကိုလေးလေးနက်နက်ဖတ်ရင် ဘာကိုဆိုလိုတယ်ဆိုတာ နားလည်လိမ့်မယ်။
ခင်ဗျားတို့လေထန်ကုန်းကိုကြောက်လို့၊ ကျုပ်ကိုထိခိုက်လို့ခင်ဗျားတို့ကို ဝေဖန်တိုက်ခိုက်တယ်လို့ထင်ရင်လုံးဝမှားလိမ့်မယ်။ ကျုပ်အဓိကဝေဖန်ရခြင်းအကြောင်းအရင်းက ခင်ဗျားတို့သတင်းစာမှာပါတဲ့လေထန်ကုန်းဟာ မလုပ်သင့်တဲ့အလုပ်ကိုလုပ်လို့ ၊မဝေဖန်သင့်တဲ့အကြောင်းအရာကိုဝေဖန်လို့ မဝေဖန်သင့်တဲ့ပုဂ္ဂိုလ်တွေကိုဝေဖန်အပုပ်ချလို့ ကျုပ်ကခင်ဗျားတို့ကိုဝေဖန်ထောက်ပြတာ ။
ခင်ဗျားတို့ဟာ စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်း ။ရဟန်းသံဃာများ ၊လူပုဂ္ဂိုလ်များ တဖွဲ့ တပါး တယောက်မှမကျန်အောင်အပုပ်ချတိုက်ခိုက်ထာပြီးဖြစ်တယ်၊ ဒါဟုတ်လား၊ မဟုတ်လား ခင်ဗျားတို့ဖြေပါ။
ခင်ဗျားတို့ဒီလိုဘာရည်ရွယ်ချက်၊ ဘာအကြောင်းကြောင့် လုပ်ကြတာလဲဆိုတာ ခင်ဗျားတို့ဖြေရှင်းဖို့ လိုအပ်တယ်လို့ကျုပ်ထင်တယ်။
ဒီလိုဆိုယင်ခင်ဗျားတို့ကိုကျုပ်မေးမယ်
၁။ ခင်ဗျားတို့ကကော ဘယ်လောက်သူများထက်သာအောင်၊ ထိရောက်အောင်လုပ်နေကြလို့လဲ ?
၂။ခင်ဗျားတို့ကကော ဘယ်လောက်များ သူများထက်သန့်ရှင်းစင်ကြယ်လို့ သူများတွေကို အပုပ်ချတိုက်ခိုက်နေရတာလဲ?
၃။ ခင်ဗျားတို့လုပ်ရပ်တွေဟာ ဘယ်လောက်များ ဒီမိုကရေစီကျင့်ဝတ်နဲ့ညီနေကြလို့လဲ? ။

ဒီမေးခွန်းတွေကိုခင်ဗျားတို့ဖြေပါ။

၈၈ပြည်သူ့နေ့စဉ်သတင်းစာ ၏ သမိုင်းမှာအမဲစက်တင်မည့်ကြီးမားသောအမှား
နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာအစဉ်အလာကြီးမားသော ခွပ်ဒေါင်းအလံတော်ကြီး အမေရိကန်မြေပေါ်မှာ ၀င့်ဝင့်ကြွားကြွားတလူလူလွင့်နေတဲ့အချိန်မှာ အားလုံးကဂုဏ်ပြုကြ ၊ ချီးကျူးကြနဲ့ အသံမစဲတသဲသဲဖြစ်နေခဲ့ပါတယ်။ မကြာခင်မှာဘဲ ၈၈ပြည်သူ့နေ့စဉ်သတင်းစာထွက်လာခဲ့တယ်၊ ဒီသတင်းစာ ရဲ့လေထန်ကုန်းကဏ္ဍမှာ ခွပ်ဒေါင်းပုံကိုစုတ်ပြတ်သပ်အောင်ဆွဲပြီး ဘေးမှာ`ဠင်းတ ပုံနဲ့ ယှဉ်တွဲထားပြီး အောက်မှာ ခွပ်ဒေါင်းနှင့် `ဠင်းတ ယှဉ်ပြိုင်တဲ့အခါ `ဠင်းတ ကရာခိုင်နှုန်း ၇၀ ကျော်နဲ့ ခွပ်ဒေါင်းက ရာခိုင်နှုန်း ၃၀ကျော်ရပြီး `ဠင်းတ ကနိုင်သွားပါတယ်တဲ့ ။ အားလုံးဘဲစဉ်းစားကြည့်ကြပါ ။
၈၈၈၈ ခေါင်းစဉ်ကိုတပ်ပြီး ဒီမိုကရေစီအတွက် စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ သူတွေလုပ်သင့်တဲ့လုပ်ရပ်လားဗျာ။ ခင်ဗျားတို့လုပ်ရပ်ဟာ ဒီမိုကရေစီဘက်တော်သားရဲ့လုပ်ရပ်မဟုတ်ဖူး ၊ စစ်အစိုးရက၀ါဒဖြန့်ဘို့ ဖွင့်ထားတဲ့ ကျေးစေတမာန်ဆိုတဲ့ ဘလော့ခ် မှာ ခွပ်ဒေါင်းကို စုတ်ပြတ်နေအောင် တိုက်ခိုက်ထားတာနဲ့ သွားတူနေတယ်။ ဒါဆိုရင်ခင်ဗျားတို့ ၈၈ ပြည်သူနေ့စဉ်သတင်းစာနှင့် ကျေးစေတမာန် ဘလော့ခ် အတူတူလက်တွဲလုပ်နေကြသလားလို့ ကျုပ်သိချင်တယ်။ ဒီလုပ်ရပ်ကို သမိုင်းမှာ ဖြေရှင်းဘို့ ခင်ဗျားတို့ ပြင်ဆင်ထားပါ။
ခွပ်ဒေါင်းအလံဆိုတာ ၁၉၂၀ ကစတင်ပြီး ဗမာပြည်ကိုအစဉ်အဆက်ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားထုတရပ်လုံး ယုံကြည်မြတ်နိုးစွာဆွဲကိုင်တိုက်ပွဲဝင်ခဲ့ကြပြီး ဒီအလံတော်အောက်မှာ မရေတွက်နိုင်သော အာဇာနည်သူရဲကောင်း ကျောင်းသားများရဲ့ သွေး ၊အရိုးပေါင်းများစွာနဲ့ မွမ်းမံထားတဲ့ တန်ဘိုးမဖြတ်နိုင်သော သမိုင်းဝင်အလံတော်ကြီးဖြစ်ပါတယ်။ ဒီလောက်ကြီးမားတဲ့ အလံတော်ကိုစော်ကားတာကိုတော့ ခင်ဗျားတို့ကို ကျုပ်ဘယ်တော့မှ ခွင့်မလွှတ်ဖူးဆိုတာဘဲ ။
ခင်ဗျားတို့အတွက် ကျောင်းသားအရိုးတွန်စေရမယ်။ ဒီအလံအတွက်ကျုပ်ဘ၀ကိုလဲဘို့ဘယ်တော့မှဝန်မလေးဘူးဆိုတာ မြဲမြဲမှတ်ထားကြပါ။

ABSDF အခန်းကဏ္ဍ
ABSDF ဆိုတာကိုတည်ဆောက်ကြတဲ့အခါ ထိပ်ပိုင်းတည်ဆောက်သူတွေထဲမှာ ကျုပ်ကအဓိကအခန်းကဏ္ဍမှာ ပါခဲ့သူပါ ။ ABSDFမှာ အခုထိအသုံးပြုနေတဲ့ အလံ ၊ဘက်တံဆိပ် တွေဟာ ကျုပ် တဦးတည်း အိုင်ဒီယာ ရေးဆွဲခဲ့ပြီး အခုအမေရိကန်မှာရောက်နေတဲ့ ဦးအောင်စိန်အကူအညီနဲ့ရိုက်နှိက်ပြီး ဗဟိုကိုတင်ပြပြီး အတည်ပြုချက်ယူ၍ ယခုထိဆွဲကိုင်သုံးစွဲနေကြဆဲပါဘဲ။ ABကို စတည်ထောင်တဲ့အချိန်မှာ ဘယ်လောက်အခက်အခဲရှိတယ် ၊ ဘယ်လောက်အဖြစ်အပျက်ဆိုးတွေနဲ့ ကြုံခဲ့ရတယ်၊ ဘယ်လောက်အရင်းအနှီးပေးခဲ့ရတယ်။ စစ်တိုက်နိုင်ဘို့ ဘယ်လောက် ပြင်ဆင်ခဲ့ရတယ်ဆိုတာကို ခင်ဗျားတို့ထက်ကျုပ်အဆပေါင်းမျာစွာ ပိုသိတယ်ဆိုတာနားလည်ပါ။ ခင်ဗျားတို့AB ကိုချစ်ပါတယ်လို့ပြောနေတာတွေက ကျုပ်အတွက်တော့ဟာသတခုလိုပါဘဲ။
ခင်ဗျားတို့ကကျုပ်ကို ABအပေါ်မှာ တာဝန်မကျေဘူးလို့ စွပ်စွဲကြပြန်တယ် ။ ABအပေါ်မှာ ကျုပ်နှင့်နိုင်ငံတကာ ရောက်နေကြတဲ့ AB ရဲဘော်များဟာ စွမ်းနိုင်သလောက် အခက်အခဲမျိုးစုံကြားက တည်ဆောက်ခဲ့ကြတယ်။ ဘ၀တွေ အသက်တွေရင်းပြီး စစ်ပွဲပေါင်းများစွာကိုတိုက်ခဲ့ကြတယ်။ အဲဒီအချိန်ကာလတုန်းက ခင်ဗျားတို့ဘယ်ရောက်နေကြလဲ ကျုပ်ကိုပြောပြကြပါအုံး၊
ကျုပ်ဟာ AB ရဲ့ပထမဆုံး အထွေထွေအတွင်းရေးမှူးတာဝန်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ။ အဲဒီအချိန်က အင်မတန်အင်အားကြီးတဲ့ DAB တပ်ပေါင်းစုကြီးမှာလဲ တွဲဘက်အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ။ ဒီတာဝန်တွေမရှိတော့တဲ့အချိန်မှာလဲ တခြားထိပ်ပိုင်းခေါင်းဆောင်တွေလို နိုင်ငံခြားကို ထွက်မပြေးဘဲနဲ့ မက်နပလောစစ်ဆင်ရေးမှာ ကျောင်းသားရဲဘော်များနှင့်အတူ မယ်ညော်ခီးတောင်ပေါ်မှာ စစ်ပွဲများစွာကိုတိုက်ခဲ့ပြီးပြီ ၊ နောက် တပ်မဟာ(၆) နယ်မြေမှာ DAB စစ်ကြောင်းအမှတ် ( ၉ ) ကိုဖွဲ့စည်းပြီး စစ်ပွဲပေါင်းများစွာကို နှစ်နဲ့ ချီပြီး ဦးဆောင်တိုက်ခဲ့ပြီးပြီ ။
ကျုပ်နှင့် နိုင်ငံတကာရောက်ရဲဘော်များဟာကံတရားကြောင့်မသေလို့ရှင်လာ တဲ့လူတွေချည်းဘဲဆိုတာ ခင်ဗျားတို့သိထားပါ။ ခင်ဗျားတို့တွေကျုပ်တို့လောက်AB အပေါ်မှာတာဝန်ကြေခဲ့ကြလို့လား ကျုပ်မေးလိုက်တယ်။ ခင်ဗျားတို့တွေ ခင်ဗျားတို့ရင်ခွင်ထဲမှာ ရဲဘော်တယောက်သွေးအလူးလူးနဲ ကျဆုံးသွားတာကိုကြုံခဲ့ကြဘူးရဲ့လား။ ကျုပ်တိုတွေအကြိမ်ပေါင်းများခဲ့ပြီ ။ အင်တာနက်ပေါ်မှာတောင်သတ္တိမရှိ သရဲဘောကြောင်နေတဲ့အကောင်တွေက ဒါမျိုးဘယ်ကြုံဖူးကြမှာလဲ မဆန်းပါဘူး ။နောက်တခါ လေပေါ်ကနေ အခြောက်တွေလို ထိုင်မအော်နေကြနဲ့လို့ ကျုပ်သတိပေးလိုက်မယ်။
နိုင်ငံတကာရောက် AB ရဲဘော်တွေဟာ အခုထိ ကိုယ်တတ်နိုင်တဲ့ဖက်က AB ကို ကူညီထောက်ပံ့ နေကြတုန်းဘဲဆိုတာ ခင်ဗျားတို့ ဦးနှောက်ထဲမှာသိထားပါ။

ပြည်တွင်းကဏ္ဍ
ကျုပ်ဟာ ၁၉၈၈ မတ်လ(၁၅) ရက် ဖုန်းမော် အသုဘ ကိုပို့ဆောင်ဘို့ ရန်ကုန်တက္ကသိုလ်မှစက်မှုတက္ကသိုလ် သို့ ချီတက်ပွဲ ကတည်းကပါဝင်ခဲ့ပြီး အိမ်မပြန်တော့ဘဲနဲ့ ၈၈၈၈ ရောက်တဲ့ထိ တောက်လျှောက်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတယောက်ဖြစ်တယ် ။ ၈၈၈၈ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ထူထောင်ပြီး ဦဆောင်တိုက်ပွဲဝင်ခဲ့တယ်။
အဲဒီအချိန်တုန်းကခင်ဗျားတို့ဘယ်ရောက်နေကြလဲ။ကျုပ်ဘ၀မှာသေဘို့အကြိမ်ကြိမ် ကြုံလာတဲ့လူတယောက်အဖို့ သေတယ်ဆိုတာကျုပ်အတွက်မဆန်းသလို ခင်ဗျားတို့လို သရဲဘောကြောင်တဲ့အကောင်တွေ ခြိမ်းခြောက်လို့ကြောက်မဲ့ လူထဲမှာကျုပ်မပါဘူးဆိုတာ မြဲမြဲမှတ်ထားပါ။

စိန်ခေါ်ခြင်း
ခင်ဗျားတို့ ၈၈ ပြည်သူ့နေ့စဉ်သတင်းစာမှာပါဝင်သူအားလုံး လေထန်ကုန်းမှာပါဝင်ရေးသားသူအားလုံးသို့ ။
ကျုပ်နှင့်အတူ ခင်ဗျားတို့ အပုပ်ချ တိုက်ခိုက်ထားတဲ့ အဖွဲ့အစည်း ၊ ရဟန်းသံဃာ ၊ လူပုဂ္ဂိုလ်များကို သမိုင်းကိုလက်ချင်းထပ်ဖြေရှင်းဖို့ ခင်ဗျားတို့ကို ကျုပ်တို့စိန်ခေါ်လိုက်တယ်။ ခင်ဗျားတို့သတ္တိရှိကြရဲ့လား? ။ သတ္တိ ရှိတယ်ဆိုယင် ခင်ဗျားနာမည်အမှန်နဲ့ တက်လာခဲ့ပြီး သမိုင်းကိုလက်ချင်းထပ်ပြီး ရှင်းကြရအောင် ဟုတ်ပြီလား ။
ခင်ဗျားတို့ကိုကျုပ်တို့စောင့်နေမယ်။

နိဂုံး
ကျုပ်တို့ဟာ မပြီးဆုံးသေးသော ဒီမိုကရေစီပန်းတိုင်အတွက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကို ကိုယ်တတ်နိုင်တဲ့ဖက်က ကိုယ်စွမ်းသလောက်တိုက်ပွဲဝင်နေကြခြင်းသာဖြစ်ပါတယ်။
ပန်းတိုင်ကိုမရောက်သ၍ မဆုတ်နစ်သောစိတ်ဓါတ်နဲ့ တိုက်ပွဲဝင်နေကြရအုံးမှာဘဲဖြစ်ပါတယ် ။ တိုက်ပွဲတိုင်းမှာ အချောင်သမားများ ၊ အခွင့်ရေးသမားများ ၊သရဲဘောကြောင်သူများ ဘေးထိုင်ဘုပြောသူများ ၊အကျိုးမရှိ သွားပုပ်လေလွင့်ပြောနေသူများကို ကြုံနေရအုံးမှာဘဲဖြစ်ပါတယ်။
ဒီအဖျက်တွေကို မဖြစ်မနေဖယ်ရှားရမှာကျုပ်တို့ရဲ့တာဝန်ဘဲဖြစ်ပါတယ်။

ဒီမိုကရေစီပန်းတိုင်သို့ မဆုတ်နှစ်သောစိတ်ဓါတ်ဖြင့်အစဉ်လျှောက်လှမ်းလျှက်
သန်းဝင်း
( 10/20/2010 )

အဆုံးထိဖတ်ရန်...

Thursday, September 16, 2010

ဒေါက်တာလွဏ်းဆွေ ဘယ်သူလဲဆိုတာ သိချင်ရင်

အလံနီစရိုက်နှင့် လူလိုမသိတတ်သူများအကြောင်း (က)

NLD နဲ့ ကျနော်တို့အများကြီးလုပ်ဘူးပါတယ်။ မကြိုက်တာတွေ အားမရတာတွေကအများကြီးပါ။ သူတို့ရှေ့မှာတည့်တည့်ဝေဖန်လို့ ကျနော်တို့ကိုထုတ်ခဲ့ပါသ်ည်။ ဦးအောင်ရွှေ ကို ဆဲထွက်ခဲ့ဘူးပါသည်။။သို့သော် အကြပ်အတည်းကြားမှာ လူလိုသိရပါတယ်။ တိုက်ခိုက်ရမည့်အချိန်ကိုသိရပါတယ်။ ကိုယ်က စစ်အာဏာရှင်သေနတ်ပြောင်းဝကိုရင်မဆိုင်ရဲလို့ထွက်ပြေးသွားပြီး၊

နယ်စပ်မှ ၊ရဲရဲတောက်စကားပြောနေသူများအစား ကျနော်ရှက်ပါတယ်။ သံဝေဂရ စရာတော့ကောင်းပါတယ်။

ဘာမှမဟုတ်တဲ့သူတွေက တော်လှန်ရေးမီးရှူးမီးပန်းလွှတ်နေတာကိုမြင်တော့ စိတ်ပျက်မိပါတယ်။

ဒေါ်စု ကို ကိုးကွယ်စရာမလိုပါ။ သို့သော် ဒေါ်အောင်ဆန်းစု အဖြစ်ရောက်ရှိလာခဲ့တာ လူထုကြားမှာနေလို့၊ စစ်အာဏာရှင်တွေအညိုးကြီး

ရက်စက်လို့ လူထုကချစ်သည်။“ဘာမှမလုပ်လဲ ဗိုလ်ချုပ်သမီး ကိုချစ်နေမှာပဲ ” လို့ အက်ဆစ် ဆိုသူက ဆိုပါတယ်။

ဒေါ်စုနေတဲ့ တက္ကသိုလ်ရိပ်သာ (၅၄) ဟာ နတ်ကွန်းလိုဖြစ်သွားမယ် လို့ ပြောရှာပါတယ်။

ပြည်သူတွေက ဘယ်သူဟာ အရက်ဆိုင်သွားအချန်ဖြုန်းနေတာ။ ဘယ်ဟာ ပြတိုက်ဖြစ်နိုင်တာ သိကြပါသည်။။

ကိုလွဏ်းဆွေတို့အုပ်စုသာ အရက်ဆိုင်မှာ သမိုင်းမကျန်ရစ်စေပါနဲ့။ ကိုယ့်သမိုင်းကိုလည်း မိတ်ဆက်ပါအုံး။

“ဦးအေးမြင့်ကိုမှားတယ် လို့ မဆိုနိုင်ဘူး“ဆိုသည့် မောင်လွှဏ်းဆွေဘလောက်မှာ ဖေါ်ပြထားသော အက်ဆစ် ဆိုသူသည်

ဦးအေးမြင့်ရဲ့ ဦးခင်မောင်ဆွေကို မဲထည့်ကြ ဆိုတာကိုသဘောတူတဲ့လူတယောက်အဖြစ်နားလည်လိုက်ပါသည်။

ဒါဖြင့် ခင်မောင်ဆွေကိုမဲထည့်ဖို့၊ အိမ်အလည်လာ မဲဆွယ်ပေးဖို့ လက်ခံနေတဲ့ ဦးအေးမြင့်ကို ထောက်ခံသူ အက်ဆစ် ( လွဏ်းဆွေ)

အယ်လ်ဒီကိုဘာလို့အစိုးရအဖွဲ့ဖွဲ့ခိုင်းရတာလဲ။ ကျနော်နားလည်ဒါက ဒီလိုပါခင်ဗျား။

၁၉၄၈ တုန်းက ဗကပ ကို ဖဆလပ လုပ်သလိုမျိုး အတင်းဖမ်းဆီး တောထဲမောင်းထုတ်ချင်တာမို့ပါ။ ဗမာပြည်ကွန်မြူနစ်ပါတီက သူ့ရဲ့အတွေ့အကြုံတွေကို ပြောခဲ့ပြီးသားပါ။ ဒီလိုလုပ်ပြီးမှာ ဦးခင်မောင်ဆွေနဲ့ ဦးအေးမြင့်ပေါင်းပြီး အောင်သေအောင်စားစားရမှာကိုး။ အခုပဲ NDF ဟာ ဇေကမ္ဘာ ဦးခင်ရွှေဆီက ပိုက်ဆံတွေ၊ ဦးတင်မောင်သန်း ( သင့်ဘဝ) ကကြားကနေလော်ဘီလုပ်၊

ဒေါက်တာသန်းငြိမ်းက လက်မှတ်ထိုးယူ ဆိုတဲ့သတင်းတွေကြားနေတယ် မို့လား။ အတွေ့အကြုံမရှိ၊ အော်ကြီးဟစ်ကျယ်နဲ့

လူစိတ်ဝင်စားခံချင်တဲ့သူတွေကတော့လက်သီးလက်မောင်းတန်းပြီး ထိုင်အရက်သောက်နေတဲ့ နယ်စပ်က အမူးသမားများပါလေ။

အလုပ်သမားများဆီက ပိုက်ဆံပြန်ကောက်နေသည့် လေကော်မတီများ။ဦးအေးမြင့် ကို အတွင်းမှာမြှောက်ပေးပြီး သူတို့က အပြင်ကနေကြပ်မည်။

သူတို့မှာသူတို့၏အမာခံလူများရှိလျင် လူထုတိုက်ပွဲဖြစ်တာကြာပြီ။ ဘာကြောင့်မဖြစ်သနည်း။

အကြောင်းကား လေဖြင့် ကြပ်နေသူများနောက် မည်သူမျှမလိုက်ကြပါး။

အမှန်က လေထုတိုက်ပွဲကော်မတီ နဲ့ ဦးအေးမြင့် က အဆက်အသွယ်ရှိတယ်၊ ညှိလုပ်ကြတယ် ဆိုတာသိထားကြပြီးသား။

ပြောပုံဆိုပုံ တွေက ပုံစံက တပုံစံတည်းလေ။ ဦးအေးမြင့်ထွက်တဲ့စကားတွေက လေထုကော်မတီက ကောင်တွေမြှောက်ပေးတဲ့စကားတွေ

လို့ လူတွေက သိပြီးသား။ လွဏ်းဆွေဘလောက်က စီဘောက်မှာ ဦးအေးမြင့် ကို မေးခွန်းထုတ်တဲ့ဟာတွေကို ဖျက်ပစ်တယ်။

သူတို့ကိုထောက်ခံမဲ့ဟာတွေကို ကိုယ့်ဘာသာ ကိုယ် နာမည်အမျိုးမျိုးနဲ့ရေးတယ်။ တော်တော်ကလေးကလားနိုင်တဲ့ကောင်တွေ။

အံ့သြဖို့ကောင်းတာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းလေးချိုးလို

” မင်းတို့ဥာဏ် တထွာတမိုက်ရယ် နဲ့ ငြင်းဖို့ဆန် အကြံခက်တယ်ကွဲ့” ဆိုသလိုမျိုး။

သူတို့ ဥာဏ်လေးတထွာတမိုက်လောက်နဲ့ အော်ကြီးဟစ်ကျယ်လုပ်ကြနေကြတာ။ဒီလောက် ခေါင်းဆောင်ဖြစ်ချင်ကြရင် ပြည်တွင်းကိုပြန်ပါလား။

လေကော်မတီဖွဲ့ပြီး အပြင်ကနေ ညွှန်ကြားချက်ပေးနေတာထက်၊ ပြည်သူကိုရှေ့က ဦးဆောင်ပါလား။ မိုးသီးဇွန် ထောင်ကျရင် စစ်ကြောရေးစခန်းမှာ နေဘူးရင် ယုံလိုက်ပါမယ်။ ကို့ယိုးကားရားအစီအစဉ်များနှင့် NLD ကိုလမ်းမပေါ်မောင်းချပြီး အဖမ်းခံစေချင်ရင်၊ လူထုတိုက်ပွဲကော်မတီမှ လူများလည်း လမ်းမပေါ်ထွက်ပါ။ ပြည်တွင်းမှာ အစိုးရဖွဲ့ပါ။ ကျနော်တို့လည်းလိုက်ပါမယ်။

လူထုတိုက်ပွဲကော်မတီ ရဲ့ ဆက်သွယ်ရမဲ့သူတွေကိုကြည့်လိုက်တော့ ဒေါက်တာလွဏ်းဆွေ၊ မိုးသီးဇွန် နဲ့ သံဒုတ် ။

ဒါဆို ထုံးစံအတိုင်း စာအုပ်ဟောင်းထဲက စကားလုံးဟောင်းတွေကို အမြောက်ဆံလိုလွှတ်ပြီး ဘာမှဖြစ်မဲ့အဖွဲ့မဟုတ်ဘူး ဆိုတာလူတိုင်းသိပြီးသားမို့လား။

အတွေ့အကြုံက အနှစ် (၂၀) ကျော်သွားပြီလေ။ မိုးသီးဇွန်လည်းရခဲ့တဲ့ငွေက နည်းတာမဟုတ်ဘူး။

ပီပီ (၂၁)၊ တပ်ပေါင်းစု၊ အေဘီ အစုံပဲ။ သူ့ကို ဒိုနာကစိတ်ပျက်ပြီး ငွေဖြတ်တော့ ကျန်တဲ့သူကို လုပ်စားတွေဆိုပြီး အသံထွက်တော့သည်။

အမှန်က သူလည်း ဘာမှမထူးဘူး။ ကွာခြားချက်က ဟိုကောင်တွေက စံနစ်တကျ စာရင်းပြတယ်။ သူက ထုံးစံအတိုင်း စည်းမရှိကမ်းမရှိ။ အခုဘယ်အဆင့်ရောက်နေလဲ။ လွဏ်းဆွေ လို နိုင်ငံရေးသူငယ်နပ်စားလေးနဲ့သွားပေါင်းပြီး အဖွဲ့ဖွဲ့ရတဲ့အဆင့်ရောက်သွားတယ်မို့လား။

သူက အယ်လ်ဒီကိုသာ အပြစ်တင်နေတာ၊ သူနဲ့ပုလင်းတူဘူးဆို့တွေ ရွေးကောက်ပွဲဝင်မဲ့သူတွေကို ငွေရှာပေးနေတာ ကို တခုမှ မပြောဘူး။ မသိချင်ယောင်ဆောင်နေတယ်။ အယ်လ်ဒီကို အစိုးရအဖွဲ့ဖွဲ့ခိုင်းချင်တဲ့ မိုးသီးဇွန်က ၁၉၈၉ မှာ သူ့ကိုလည်းဖမ်းမယ်ဆိုတော့ ဘာလို့ထွက်ပြေးသွားတာလဲ။ ဘာလို့ပြည်သူကြားမှာ မနေရတာလဲ။ မနေရဲတာလား။ ဒမဖ ခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင် ဆို၊ တာဝန်မဲ့လာချည်းလား။ အလံပစ်ပြေးသွားတာကလည်းသူ၊ ရဲရဲတောက်ပြောနေတာလဲ သူ၊ ကိုယ့်ဘဝကိုယ်ဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့ကောင်၊ အလံနီဇာတ်ပျက်တွေနှင့် မတိမ်းမယိမ်းလုပ်နေသူများ။

ဒေါက်တာလွဏ်းဆွေ ဆိုသူကိုတော့ ပြောစရာစကားမရှိပါ။ သူ့ရဲ့အကြောင်းကို ကျနော်တို့စာပေလောကမှာ သိထားပြီးသားဖြစ်နေလို့ပါ။ ဦးခင်မောင်တိုး (မိုးမိတ်) နဲ့ သူ့ရဲ့အဖေ ပတ်သက်ဆက်နွယ်မှုကြောင့် မြှားနတ်မောင် မှာ အယ်ဒီတာဖြစ်လာသူ၊ အိမ်ထောင်ရေးကိုကြောက်လန့်ပြီး ထွက်ပြေးသွားသူ။ ( ကျန်ခဲ့တဲ့မိန်းမ ထိခိုက်မှာစိုးလို့အသေးစိတ်မပြောချင်ပါ)။

၁၉၈၈ မှ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွေ တဝုန်းဝုန်းဖြစ်နေချိန်မှာ ဆေးတက္ကသိုလ်ကိုအေးအေးဆေးဆေးတက်သွားသူ။

သူဘိုင်အိုဂရပ်ဖီ မိတ်ဆက်မှာကြည့်လေ။ ကျောင်းသားဆန္ဒပြပွဲဖြစ်ပေမဲ့ အေးအေးဆေးဆေးနေခဲ့ ဒီလိုလူက ဘယ်နှယ် ပဂ္ဂိုလ်ရေးကိစ္စနဲ့နယ်စပ်ရောက်ခဲ့ပြီးမှ ရဲရဲတောက်တွေပစ်လွှတ်နေတာလဲ။ ဒီလောက်ရဲရဲတောက်နေရင်

အရက်သောက်ပြီး အချိန်ဖြုံးမနေပဲ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ဆက်သွယ်ပြီး ဘာလို့လက်နက်ကိုင်မတိုက်ရတာလဲ။ ဒါကြောင့် ဘာအတွေ့အကြုံမှ မရှိတဲ့ မောင်လွဏ်းဆွေတယောက်ပြောချင်တာပြောနေတာကို စန္ဒယားတီးတတ်ခါစ ကောင်လေး

စန္ဒယားခလုပ်တွေအကြောင်း ကြိမ်ဖန်များစွာပြောနေတတ်သူတယောက်တယောက်လိုဖြစ်လို့၊ပြောစရာ ထွေထွေထူးထူးမရှိဘူး လို့ပြောတာပါ။ အရက်သမား အရက်မူးပြောလေ့ရှိတဲ့စကားကြားဘူးတယ်မို့လား။

“ဘယ်ခွေးမှ လူမထင်ဘူးကွ၊ ငါ့လောက်မိုက်ရင် ထွက်ခဲ့ဆိုတာ” လေ။ဒေါက်တာလွမ်းဆွေလည်း အဲ့သလို သတ္တိကောင်းတာနေမှာပေါ့။

ဒါတောင်နယ်စပ်ရောက်မှ ပြောရဲတာ။ဘလောက်ကလေးဖွင့်ထားတော့ စင်တခုရပြီဆိုပြီး တက်တက်အော်တာပေါ့။

ဒါပေမဲ့ စာပေလွတ်လပ်ခွင့်ဆိုတဲ့ သတ္တိရှိပါ။ ကျူပ်တို့လည်း သတ္တိရှိပါတယ်။

ဒေါ်စုက အဖမ်းခံနေရပါတယ်။ ဘာမှလုပ်လို့မရသေးပါ။ အဖမ်းမခံရသေးတဲ့ခင်ဗျားတို့ ပြည်တွင်းကိုပြန်ဝင်ပါ။ ခင်ဗျားတို့က NLD အဖိုးကြီးတွေထက် အများကြီးငယ်တော့ လုပ်နိုင်ကြပါတယ်။ လူထုအုံကြွမှုလုပ်ပါ။ ကျနော်တို့လည်းလိုက်လုပ်ပါမယ်။

အဝေးကနေ အာမနေပါနဲ့။ခင်ဗျားတို့ခိုင်းတိုင်းလိုက်လုပ်ရအောင် လူတိုင်းက ခင်ဗျားတို့လောက်တော့ ပညာတတ်ကြပါတယ်။

နိုင်ငံရေးအတွေ့အကြုံရှိကြပါတယ်။ အတွေ့အကြုံရှိပါတယ်။ ခင်ဗျားတို့လို ယောင်္ကျား စနေ့နေ့မှာ ဘောလုံးကန်ဖို့ အီတလီမှ အင်္ကျီ

များဝယ်ပေးသည့်ဘလောက်ဂါ အိမ်ထောင်ဖက်များမရှိကြပါ။

ချုပ်ပြီးပြောရရင် အလံရှူးလုပ်တာတွေရပ်ပါ။ ခင်ဗျားတို့လို လူတိုင်းလုပ်တတ်တယ်။

သတင်းစာလွတ်လပ်ခွင့်ကို ယုံရင် နှစ်ဘက်စလုံးကစာတွေတင်လိုက်ပါ။ ဒီဘောက်မှာ သူများကိုရေးသလို၊ ခင်ဗျားတို့ကိုရေးတဲ့သူကို မဘမ်းပါနဲ့။

ခင်ဗျားတို့လိုပဲ ဝါဒဖြန့်ချီရေးကို ကျနော်တို့ လုပ်နိုင်ပါတယ်။ ခင်ဗျားတို့ လူလေးစားအောင်နေရင် ခင်ဗျားတို့အယူအဆကို လူတွေလိုက်လာမှာပါ။

အရက်သမားတွေလို ပေါက်လွှတ်ပဲစားလျှောက်အော်နေရင်တော့ ဘယ်သူမှ လိုက်မှာ မဟုတ်ဘူး။

ခင်ဗျားတို့ဘာသာ လူထုတိုက်ပွဲကော်မတီ မကလို့၊ ကမ္ဘာလုံးဆိုင်ရာ သတ္တဝါများ ကော်မတီဖွဲ့ဖွဲ့၊ စိတ်မလှုပ်ရှားဘူး။

ဘာမှဖြစ်မှာ မဟုတ်လို့ပါ။ အနစ်နာခံတိုက်ပွဲဝင်ပြလိုက်။ လူထုပါလာမယ်။ ဒါပါပဲ။

နာမည်ဝှက်နဲ့ရေးရင် နာမည်ဝှက်တွေပေါ်လာမယ်။ခင်ဗျားတို့လိုပဲ ကျနော်တို့လည်း အချိန်အားနေပါတယ်။ နေရာအများကြီးကနေတင်နေအုံးမှာပါ။ ဆက်ရေးကြပါအုံး လွဏ်းဆွေ ခေါ် အက်ဆစ်အရက်သမား ခင်ဗျား

မုန်တိုင်း

အဆုံးထိဖတ်ရန်...

Friday, September 3, 2010

နယ်မြေကျဉ်းလာပြီဖြစ်သော မျိုးချစ်မြန်မာ (ခ) သူရိန်ဦး

To: burmatoday@yahoogroups.com; sycburma@yahoogroups.com
CC: women-group-burma@yahoogroups.com; 88_generation_students_exile@yahoogroups.com
From: oway88@...
Date: Thu, 2 Sep 2010 01:20:39 -0700
Subject: [Women-Group-Burma] Fw:Re:မျိုးမစစ်မြန်မာ ထပ်မံ အရွဲ့တိုက်ခြင်း။Chat with thaxinn@...

lay ko,
ခင်ဗျားပို့ပေးတာ ကျေးဇူးပါ။
ဒီကောင့် ဖေ့စ်ဘွတ်ကို block ပြီးထဲက မဖတ်ဖြစ်တော့တာ အခုမှဖတ်၇တယ် ။။
ဒါပေမယ့် ဒီကောင့် ဘလော့ လင့်ခ်ကို ကျနော် ဘလော့မှာ ချိတ်ထားလို့ တခါတရံ ဒီကောင်ပို့စ်အသစ်တင်ရင် ၀င်ဖတ်ကြည့်မိတယ်။
ဒီနေ့ အခုပဲ အသစ်တခုတွေ့တယ်။ဒီကောင် က ပြောလေကဲလေ
အထွန့်တက်လာတာတွေ့ရတယ်။
အားလုံးက ဒီမိုလိုလားသူ ရာခိုင်နှုန်း ထက်ဝက်ကျော်က နအဖပေါ်လစီကားနဲ့ သရုပ်ဆောင် ၀ိုင်းစုကို ၀ိုင်းစုဆန့်ကျင်ကန့်ကွက်နေတာ သိသိကြီးနဲ့ ဒီကောင့်ဘလော့မှာဆန်ဖရန် စတိတ်ရှိုးပွဲ ကို ပျော်ပျော်ကြီး အားပေးကြပါ..ဆိုပြီး
ဝါဒဖြန့်နေတယ်ဗျာ။
ပြည်ပရောက်ဒီမိုလိုလားသူတွေဆိုတာ ဒီကောင်တွေလို အချောင်လာပြီး နိုင်ငံရေးဘန်းပြ အဆိုင်လမ်ရအောင်လျှောက်တဲ့
အမျိုးသစ္စာဖောက် နအဖဘက်တော်သား အချောင်သမား အခွင့်အရေးသမားတွေလို့များ ဒီကောင့်ကိုယ်နဲ့နှိုင်းပြီး ထင်နေသလားမသိဘူးဗျ။

ပြည်ပရောက်ဒီမိုလိုလားသူ အများစုထဲမှာ ပြည်တွင်းမှာ တိုက်ပွဲဝင်ခဲ့ပြီး နယ်စပ်ရောက် တောခိုကာ လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်ခဲ့သူတွေ-ပြည်တွင်းမှာ အဖမ်းခံ တိုက်ပွဲဝင်ပြီး နှစ်ရှည်ထောင်ကျ မသေဘဲ ပြန်လွတ်လာ-နယ်စပ် ထွက်ပြေး မြို့ခိုလာသူတွေ-ဒုတိယနိုင်ငံမှာလည်း တတ်နိုင်သလောက် ထိုင်းရဲမကြောက် လှုပ်ရှားခဲ့ကြပြီး တတိယနိုင်ငံရောက်လာခဲ့သူတွေကအများစုပါဗျာ။
ရေပေါ်စီ နိုင်ငံရေးခိုလှုံဖို့ရောက်လာသူတွေမဟုတ်တဲ့အတွက်အဖိနှိပ်ခံ ပြည်သူတွေနဲ့ တသားတည်းရှိနေကြတယ်။ပြည်တွင်းက ပြည်သူတွေပြောခွင့် လုပ်ခွင့်မရှိတာကို ပြည်ပကနေ တတ်စွမ်းသရွေ့(ဘောင်ထဲကနေ)လုပ်နေကြတယ်။
အဲဒီအထဲက တခုကို ထုတ်ပြပါဆိုရင်-အခု ပေါ်လစီကားကို ကန့်ကွက် ကြတာလည်း တခုအပါအ၀င်ပေါ့။
ပြည်တွင်းက လူများစုက အဲဒီ ပေါ်လစီကားကို မကြိုက်ကြဘူး။(သတင်းတွေအ၇)
ဒါပေမယ့် သိတဲ့အတိုင်း မကြိုက်တာကို ဆန္ဒပြခွင့် မရှိဘူး။
ပြည်ပက လူတွေ သူတို့ကိုယ်စား ဆန္ဒပြကြတာကို သိပ်လိုလားတယ်။အားပေးကြတယ်။(သတင်းတွေအရ သိရတယ်)
ပြည်သူနဲ့ တသားတည်းရှိရင် ပြည်သူ့သဘောအတိုင်း လုပ်သူသာပြည်သူက ကြည်ဖြူတာပါ။ပြည်သူ့သဘောကို ဆန့်ကျင် အရွဲ့တိုက်ပြီး လုပ်တဲ့သူဟာ အစိုးရဆိုရင်လည်း အမုန်းခံရတယ်။ပြည်သူ့ စိမ်ရည်သင့်ရတယ်။မျိုးမစစ်မြန်မာတို့လိုကောင်တွေလည်း ပြည်သူအများစုနဲ့ဆန့်ကျင် အရွဲ့တိုက်ပြီး -အမျိုးသားရေးသစ္စာဖောက်တဲ့ အပြော-အရေး-အလုပ်တွေ
တိုးပြီးလုပ်လာလေ-ပြည်သူ့ချဉ်ဖတ်အဖြစ် သတ်မှတ်ခံရတော့မှာပါ။

နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာဖောက်တဲ့ ဒီမိုလိုလား ပြည်ပရောက်များကို ဆန့်ကျင်အရွဲ့တိုက်နေတဲ့ အမျိုးမစစ်တဲ့ မျိုးချစ်မြန်မာဆိုတဲ့ကောင်ကို စိတ်ဓါတ်ခိုင်မာတဲ့ ဒီမိုလိုလား
ညီနောင်အားလုံးက ဒီနေ့ကစပြီး ဒီကောင့်ကို သပိတ်မှောက်သင့်ပါပြီ။
နအဖကို သပိတ်မှောက်သလို ဒီကောင်နဲ့ပတ်သက်တဲ့ ကိစ္စဟူသမျှကို သပိတ်မှောက်ကြရပါမယ်။
ဒီမိုလိုလား ဘလော့ဂါ ညီနောင်များကလည်း ဒီကောင့် ဘလော့သို့မည်သည့် စာမူ-ပို့စ်များကိုမျှ မပေးပို့ဘဲ သပိတ်မှောက်ကြရပါမယ်။
သပိတ်မှောက်တဲ့ကြားက စာမူ-ပို့စ်တွေ ဖော်ပြလာလျှင် ဒီကောင်ပြောတဲ့အတိုင်း တရားဥပဒေအရ အရေးယူမယ်လို့ ကြေညာချက်ထုတ်ပြန်သင့်ပါတယ်။
နအဖသည် ရဟန်းတို့ကို မတောင်းပန်မချင်း သပိတ်မလှန်သလို-ဒီကောင်ကိုယ်တိုင် ပြည်ပရောက် ဒီမိုလိုလားသူများကို မတောင်းပန်မချင်း ဒီကောင့်ကို သပိတ်မှောက်တဲ့ကိစ္စ မရပ်တန့်သင့်ပါဘူး။
နိဂုံးအနေနဲ့ -စကားကြီးကျယ်တယ်လို့ မယူဆချင်ပါ။
ဒီကောင်ဟာ နအဖ န၀တ က ပြည်ပလွှတ်ပြီး ပြည်ပရောက်ဒီမိုလိုလားသူတွေ ပြိုကွဲအောင် လွှတ်ထားခဲ့သူလို့
ဟုတ် မဟုတ် ဘယ်သူပြောနိုင်မလဲ။
မာနယ်ပလောလို အတိုက်အခံတို့ရဲ့ ခံတပ်ကြီးကို န၀တစစ်တပ်ကသပ်လျှိုဖြိုခွဲ ဖျက်စီးနိုင်ခဲ့သေးလျှင်---
ပြည်ပရောက် ဒီမိုတွေကြား-မီဒီယာတွေကြား-ရေဒီယိုဌာနတွေကြား-
သူတို့လူတွေ စေလွှတ် စိမ့်ဝင်စေပြီး-သွေးခွဲ မဖြိုခွဲနိုင်ဘူးလို့ ဘယ်သူ အာမခံမလဲ။ငြင်းချက်ထုတ်မလဲ။
အဲဒါကို သတိပြန်ထားပြီး သတိရှိကြမယ်ဆိုရင် ဒီကောင့်ကိုလည်း
နအဖ ဘက်တော်သားအဖြစ် စောင့်ကြည့် ဆန့်ကျင်ရပါမယ်။နောက်ဆုံးလိုအပ်ရင် ဒီကောင်ဟာ နအဖစစ်အုပ်စုနဲ့ ပတ်သက်မှု စာရင်းရှိမရှိ စုံစမ်းပြီး -စစ်တပ်ရဲ့အဆက်အနွယ် နာမည်ဆိုးစာရင်းထဲမှာ ဒီကောင့်ကိုပါ မပါကြည့်ရတော့ပါမယ်။ပါခဲ့ရင် ဒီကောင် အမေရိကကနေ ပြည်နှင်ဒဏ်ခံရမှာပါ။ဒီကောင် နောင်တရလို့ ဆက်မမိုက်ဘဲ-ဒီမိုလိုလားသူတွေကို မဆန့်ကျင်တော့တဲ့ တောင်းပန်စာ ထုတ်ပြန်ကြေငြာပြောဆိုေ၇းသားမယ်ဆိုရင်တော့ အခြေအနေ ကောင်းလာပါလိမ့်မယ်။သို့မဟုတ် သူနဲ့စရိုက်တူတဲ့ နအဖ လို ခေါင်းမာပြီး ဒီ့ထက် ပိုဆိုးလာရင်တော့ နိုင်ငံတကာရောက် ဒီမိုလိုလား ၈၈၈၈ မျိုးဆက်တွေရဲ့ ဆုံးမတာကို ခံရလိမ့်မယ်။
အားလုံးက နအဖရဲ့ ပေါ်လစီကားကို သမိုင်းပေးတာဝန်အရ ဆန့်ကျင်ရေးသားနေချိန် နအဖ အလိုတော်ရိ သစ္စာဖောက် လောက်ကောင် ဒီကောင့်ရဲ့ အရွဲ့တိုက်ပြီး ၀ိုင်းစုတို့ စတိတ်ရှိုးကို ထောက်ခံအားပေးထားတဲ့ (စစ်ခွေးဘက်တော်သားရဲ့) စာ ဖတ်ကြည့်ကြပါ။ ။
(တောက်...)
http://www.myochitmyanmar.org/publishing/2008-07-25-07-53-57/6269-q-q


Re: [8888peoplepower] ပြည်သူ့အနုပညာသည်များကိုဂုဏ်ပြုကြ

- ဒီထဲမှာ ၃ ယောက်က ၈၈ သွေး အပြည့်ဗျ။ ဆုရွှန်းလဲ့ကတော့ ၈၈မှာ ငယ်ဦးမယ်။လူထုဘက်ကရပ်တည်ရင်းဖြစ်သွားတာဆိုရင် အင်မတန်မှ ဂုဏ်ယူစရာပါ၊ အလေးလည်းပြူပါတယ်။ ဂွမ်းပုံဆိုတာ တက္ကသိုလ်မှာကထဲက ကိုဇာဂနာ လက်ထွက်ပဲဗျာ။ ကိုယ့်လူတို့ကို တစ်ခုပြောခြင်တယ် ( ၀ိုင်းစုခိုင်သိန်းပါတီက စည်းရုံးရေးမှုး ) မျိုးမစစ်ဆိုတာကို စင်တင်ပေးသလိုဖြစ်မှာဆိုးတယ်။ သူရဲ့တင်ပြမှု့တွေက စိတ်နောက်နေတဲ့လူ လျှောက်ပြောသလိုပြောနေတာ ( တစ်လုံးဆင့်ဂျိုင့်) -အဆင့်မရှိဘူးပြောတာပါ။ ၀ိုင်းစုခိုင်သိန်းက သူလုပ်ခြင်တဲ့ အနုပညာကို လွတ်လပ်စွာလုပ်ခွင့်ရှိတယ်ဆိုရင်။ ဆန္ဒပြသူများကလည်း သူတို့ မကြိုက်တာကို လွတ်လပ်စွာ ပြပိုင်ခွင့်ရှိတယ်။ အခုဆန္ဒပြသူများက ၀ိုင်းစုခိုင်သိန်းကို မုန်းလို့ ပုဂ္ဂိုရေးအရလုပ်ကြတာ တစ်ယောက်မှမရှိဘူး ၊ လုပ်ရပ်ကိုတိုက်တာ၊ ပြည်တွင်းကလူတွေ ကိုယ်စား ( သူတို့ လုပ်ဘို့ခက်ခဲတဲ့ အချိန်မှာ ) လုပ်ကြတာ။ အထက်ကဖိအားပေးလို့ လုပ်ခြင်းကြောင့် ခွင့်လွှတ်ရမယ်ဆိုရင်။ အထက်ကဖိအားပေးလို့ ဒီမိုကရေစီအင်အားစုများကို ပစ်သတ်ခဲ့တဲ့ စစ်သားတွေ၊ရဲတွေ၊လုံထိန်းတွေ၊ စွမ်းအားရှင်တွေ၊ကြံ့ဖွတ်တွေ ကိုပါခွင့်လွတ်ရတော့မှာလား၊ မျိုးမစစ်ကပြောသေးတယ်- နိုင်ငံရေးအရ ဘာအောင်မြင်မှု့ရှိလည်းတဲ့ ---- သိပ်ရှိတာပေါ့ သူကနိုင်ငံရေးလောကသားမှမဟုတ်တာ နိုင်ငံရေး ရေချိန်ကိုဘယ်နားလည်ပါ့မလည်း။ ဒီလိုလုပ်ရင် ဒီလိုခံရတတ်တယ်ဆိုတာအမြတ်ထွက်တယ်။ ဒီလို အောက်တန်းကျ မဟုတ်မမှန်တဲ့ ဇာတ်ကားမျိုးကိုလူထုအများစုကလက်မခံဘူးဆိုတာသက်သေပြတာဖြစ်တယ်။ ဒီဇာတ်ကားဟာ အမှန်တရားနဲ့ လုံးလုံးဆန့်ကျင်တဲ့ ဇာတ်လမ်းဖြစ်တယ်ဆိုတာကို ပြသခွင့်ရခဲ့တယ်။ စစ်အစိုးရကိုတိုက်ရာမှာ ဘယ်ထောင့်ကပဲဖြစ်ဖြစ် ဟာရင် ဟာတဲ့နေရာကတိုက် တရားတယ် အဲဒါမှတ်ထားပါ ကိုမျိုးမစစ်၊ ကျွှန်တော် ပုဂ္ဂိုရေး မရေးတတ်ဘူး ။ ဒါ ပထမဆုံးနဲ့နောက်ဆုံးပဲ။ ကျွှန်တော့်မိတ်ဆွေ ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ယောက်ပြောတာကိုသွားသတိရမိတယ်။ အေးလွင်က သူ့ကိုတိုက်တဲ့သူတွေများလာရင် ကျေနပ်ပီတိဖြစ်နေတာတဲ့ ဘာလို့လည်းဆိုတော့ သူ့ကိုစိတ်ဝင်စားသူတွေများလာလိုတဲ့ ၊ မောင်ရင်လည်းဒီလိုပဲရှိမှာပါ။
မျိုးမစစ်ဆိုတဲ့ပိုဂ္ဂိုက မှုအရရပ်တည်တဲ့သူမဟုတ်ဘူးဆိုတာထင်ရှားတယ်။ ဒီလိုလူတွေက အန္တယာယ်သိပ်ကြီးတယ်၊ အခွင့်သာရင် နအဖနောက်အမြီးတနံ့နံ့နဲ့ပါသွားမဲ့သူမျိုး။ နောက်သူ့ facebook ကနေ၀င်လာတာလေးပြောဦးမယ် - အထက်ဖေါ်ပြထားတဲ့ ၃ယောက်ကိစ္စဖြစ်သွားတော့ - ပြည်ပက လူတွေ ဘာကူညီနိုင်မလည်း ဆိုခနဲ့ထားတယ်။ သူဆိုလိုတာက ငွေကြေးကိုပြောပုံရပါတယ်။ စိတ်ဓါတ်ရေးရာ အားပေးကူညီ။ထောက်ခံမှု့ဟာ ငွေကြေးထက်တန်ဘိုးရှိတယ်ဆိုတာ နားလည်ပုံမရဘူး။ ဆက်ပြောမယ်ဆိုရင် အရှုးယောက်ဖတော်ရသလိုပဲဖြစ်မယ်။ မပတ်သက်ပဲနေလို့မရ ပတ်သက်ပြန်တော့လည်း စော်ကား။ အရှုးမလို့သာခွင့်လွှတ်လိုက်ရပေမဲ့ အရှုးစကားကို အရှုးတွေက ယုံရင်အခက်။ စိတ်ရှုတ်စရာ။ ဒီလူ့အကြောင်းတော်ပီ၊

nbsp; မိုးကြိုးသွား

ရဲဘော်များ - ကျွှန်တော်ရေးတာထဲမှာ တစ်ခုမှားသွားတယ်။ ခွင့်လွှတ်ဗျာ။ ကျွှန်တော်က ဂွမ်းပုံဆိုတော့ ( တက္ကသိုလ် ဂွမ်းပုံ ) လို့ထင်တာ မဟုတ်ဘူးဗျ ။ ဒီဂွမ်းပုံက ဂွမ်းပုံကြီး ၊ဆောရီးဗျာ

အဆုံးထိဖတ်ရန်...

Sunday, July 18, 2010

ဘာသာ၊ သာသနာနှင့်ဆိုင်ရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြတာလား

ခရစ်စမတ်ပွဲတော်ကို ဇူလိုင်လမှာ ကျင်းပကြတာကို ကြုံဖူးကြပါသလား၊ လက်ခံကြမှာလား
ဘာသာတရားကို ထိန်းသိမ်းကြပါ

Salt Lake City သင်္ကြန်ပွဲ ကျင်းပပြီးစီး
မိုးမခအထောက်တော် (ဒင်းဗား)
ဇူလိုင် ၁၇၊ ၂၀၁၀

အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့ရောက် မြန်မာမိသားစုများရဲ့ ဒုတိယအကြိမ် သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

သက်ကြီးရွယ်အို အဘိုးအဘွားများအား ပူဇော်ကန်တော့ကြပြီး သင်္ကြန်ပွဲကိုစတင်ဖွင့်လှစ်ကာ သင်္ကြန်ရိုးရာအကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကို တွေ့ရပါတယ်။

သင်္ကြန်ပွဲနဲ့ပတ်သက်ပြီး မြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့သူ ကဗျာဆရာ ကိုကျော်သူမိုးမြင့်က …

“ကျနော်တို့မရောက်ခင်က တခါလုပ်သေးတယ် ပြောတယ်၊ အဲဒါပြီးတော့ အကြောင်းမျိုးမျိုးကြောင့် ထပ်ပြီး မလုပ်ဖြစ်ခဲ့ဘဲ အခု ဒီနှစ်မှ ဒုတိယအကြိမ်အဖြစ် ပြန်ကျင်းပရတာပါ” လို့ ပြောပါတယ်။

ဒီနှစ်ကျင်းပတဲ့ပွဲကိုတော့ အချိန်ယူပြီး စနစ်တကျနဲ့ ကြိုတင်ပြင်ဆင် ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ကော်လိုရာဒိုပြည်နယ်မှ မြန်မာမိသားစုများကလည်း အဆို၊ အကများဖြင့် လာရောက်ပူးပေါင်း ဖျော်ဖြေသွားတာ တွေ့ရပြီး ဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက် ညီညွတ်စွာနဲ့ ကျင်းပခဲ့တာကို တွေ့ရပါတယ်။

အမေရိကမှာကျင်းပတဲ့ တချို့သင်္ကြန်ပွဲများဟာ ရာသီဥတုအခြေအနေအရ မြန်မာပြည်မှာကျင်းပသလို ဧပြီလတွင် မကျင်းပနိုင်ဘဲ မိမိတို့နေထိုင်ရာမြို့ရဲ့ ရာသီဥတုအခြေအနေကို မူတည်ပြီး ကျင်းပကြခြင်း ဖြစ်ပါတယ်။

နေ့လည် ၁၂ နာရီမှာ စတင်ခဲ့တဲ့ ဒီသင်္ကြန်ပွဲဟာ ညနေ ၆း၀၀ ကျော်ကျော်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
Copy from www.moemaka.com

အဆုံးထိဖတ်ရန်...

Friday, July 9, 2010

ဆန္ဒဆိုတာ အပြင်မှာဘဲ ပြလို့ရတယ်၊ ထောင်ထဲမှာ ပြလို့မရဘူးလို့ အမိန့်ထုတ်ထားလို့ ဖြစ်မှာပေါ့

အကျဉ်းတံခါး ဘယ်အခါ ပွင့်ပါမယ်
စိန်အိုးစည် / ၀၉ ဇူလိုင် ၂၀၁၀


“ဘန်ကောက်ရဲတွေ ဆင်းဖမ်းနေတယ်” ဟူသည့် မိုးလုံးပြည့် မုသာဝါဒလိုလို၊ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံတွေလိုလို သတင်းများ လွင့်ပျံ့နေသည့်အတွက်ကြောင့် သံစုံမြည် အော်ခက်စတြာ စက်ဘီးစုတ်လေးကို ထိတ်ထိတ်ပျာပျာ စီးနင်းလာရသော ရွှေဂျိုးတယောက် လေပုပ်ထုတ်ကုန်းအနီးသို့ အရောက်တွင် လက်ဖက်ရည်စားပွဲ၌ ထိုင်၍ ပြုံးပြုံးကြီး ကြည့်နေသော လေအိုးကို မြင်လိုက်ရပြီး ကျွဲမြီးတိုသလို ဖြစ်သွားရလေ၏။

ရွှေဂျိုး ။ ။ မနက်စောစောစီးစီး သွားအအေးပတ်မယ် ကိုလေအိုး၊ ဒီမှာဖြင့် ဘန်ကောက်ရဲတွေ ဆင်းဖမ်းနေတယ်ဆိုလို့ ကျီးကြည့်ကြောင်ကြည့် နင်းလာရတာ၊ ချွေးပါပြန်တယ်။ ဒါကို ခင်ဗျားက လှောင်သလို ပြောင်သလို ပြုံးစိစိ လုပ်နေတာလားဗျ။

လေအိုး ။ ။ တဖက်သတ် စွဲချက်နဲ့ အမဲမဖျက်ပါနဲ့ ကိုရွှေဂျိုးရယ်။ လေအိုးက မနက်စောစောစီးစီး ဝေနေယျသတ္တ၀ါအပေါင်းကို မေတ္တာပို့ရင်း ကြည်နူးလို့ ပြုံးနေတာပါဗျ။ နောက်ပြီး အင်္ဂလန်နဲ့ အာဂျင်တီးနားကို နှိပ်ကွပ်ပြီး တက်ကြွနေတဲ့ ကြက်ဖလေး ဂျာမဏီကို “ငယ်သေးတယ် ကလေးရယ် စာကြိုးစားဦးကွယ်” လို့ သင်ခန်းစာပေးလိုက်တဲ့ ကိုရွှေစပိန်ကြီး လုပ်ကျွေးသွားတာလည်း ပါတာပေါ့ဗျာ ဟဲ ဟဲ ဟဲ။ ဒါမှ ဘတ်ငွေစစ်စစ်ဗျ။ အိမ်က ချစ်ဇနီး ပူပူနွေးနွေး လုံးဝမသိတဲ့ ဘတ်ငွေစစ်စစ်။ ကဲ ကဲ ဒီနေ့ ကိုရွှေဂျိုး ဘာစားမလဲ၊ ဘာသောက်မလဲ၊ စားချင်ရာ စား၊ သောက်ချင်ရာ သောက် ဟဲ ဟဲ။

ရွှေဂျိုး ။ ။ တော်ပါပြီဗျာ၊ အိမ်သူသက်ထား ဇနီးမယားရဲ့ လက်ရာမွန်လောက် ဘယ်သင်းက ကောင်းနိုင်မှာလဲ။ ချွေးပြန်ပေမယ့် ဗိုက်ပြည့်လာပြီးသားပါဗျာ။ ပိုက်ထွေးရဲ့ ခပ်ညံ့ညံ့လက်ရာ တခွက်လောက် သောက်ရရင် တော်ပါပြီ။

လေအိုး ။ ။ ဟေ့ ပိုက်ထွေးရေ မင်းအစ်ကို ကိုရွှေဂျိုး အောက်ရေတိုးပြီး အသေမဆိုးအောင် လက်ဖက်ရည် ခပ်ညံ့ညံ့တခွက် အမြန်ဖျော်ခဲ့ဟေ့၊ ရေနွေး လျှော့ထည့်။

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တော့မယ်ဆိုဗျ။ ဟုတ်သလား အဲဒီသတင်း။

လေအိုး ။ ။ ပေါက်တတ်ကရဗျာ။ ကိုရွှေဂျိုးကို ဘယ်သူပြောလဲ။ သန်းရွှေလား လွှတ်ပေးမှာ။ လွှတ်လောက်အောင် ဘယ်သူက သန်းရွှေကို လည်ပင်းသွားညှစ်နေလို့လဲ ကိုရွှေဂျိုးရဲ့။ တကမ္ဘာလုံး လိပ်ခေါင်းထွက်အောင် အော်ဟစ်တောင်းဆိုနေရုံလောက်နဲ့ လွှတ်မတဲ့လား၊ ထုံးစံမရှိတာ ကိုရွှေဂျိုးရယ်၊ “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား … ခပ်မိုက်မိုက် ချစ်ကြစို့ … ရန်ကုန်မြို့ ပေတရာ လမ်းမပေါ်မှာ ချစ်တဲ့သူနဲ့ …” ။

ရွှေဂျိုး ။ ။ အိုဗျာ အရေးထဲ ၀က်ရူးထနေပြန်ပါပြီ။ မဟုတ်ဘူး၊ အိပ်ရာနိုးနိုးချင်း အိမ်သူသက်ထား ဇနီးမယားက ပြောလို့ဗျ။ ညက ရေဒီယိုမှာ လာသွားတယ်လို့ ဈေးထဲမှာ ပြောနေကြတယ်တဲ့။

လေအိုး ။ ။ အော် ဒါလား၊ တို့ ကိုရွှေဂျိုးတယောက်နဲ့တော့ ဒုက္ခပါပဲ။ တနေ့ တနေ့ အိမ်သူသက်ထား ဇနီးမယားရဲ့ အိမ်တွင်းအကြမ်းဖက် (အဲလေ …) အနုဖက်တာကိုပဲ ခံနေရတော့ ပြင်ပလောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ နားမစွင့်နိုင်ဘူးဖြစ်နေတာကိုး။ ကိုရွှေဂျိုး ကြားလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုတဲ့ သတင်းက မှန်တော့မှန်တယ်ဗျ။ ဒါပေမယ့် …။

ရွှေဂျိုး ။ ။ လွှတ်မယ်ဆို လွှတ်မယ်ပေါ့၊ ဘာ ဒါပေမယ့်လဲ ကိုလေအိုးရဲ့။

လေအိုး ။ ။ စကားကို ဆုံးအောင် နားထောင်ဦးလေ။ လွှတ်ပေးမယ့်လို့ ပြောတာက ကြပ်ပြေးက ကိုသန်းရွှေကြီး မဟုတ်ဘူးဗျ။ ဟာဗားနားက ဘူဒါးကြီး ကက်စထရို ပြောတာဗျ။ ကျူးဘားမှာ လွှတ်မှာလို့ ညက ရေဒီယိုတွေမှာ လွှင့်သွားတာဗျ။ ကိုရွှေဂျိုးတို့ကတော့လေ နားစွန်နားဖျားတွေ ကြားလာပြီး သတင်းတွေ လျှောက်ဖြန့်နေမှဖြင့် တော်ကြာ ဘီဘီစီတို့၊ ဗွီအိုအေတို့တော့ နအဖ အပုပ်ချသလို ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံတွေ ဖြစ်ကုန်ရော့မယ်။ တော်သေးတာပေါ့ လေအိုးနဲ့ အရင်တိုးပေလို့။

ရွှေဂျိုး ။ ။ အော်ဗျာ၊ ကျုပ်မှာ ဒီမနက် အဲဒီသတင်းလေး ကြားလို့ ပျော်မလို့ရှိသေး၊ ကိုလေအိုးနဲ့ တွေ့မှ ဗြုန်းခနဲ ၀မ်းသာ၊ ဗျာခနဲ ၀မ်းနည်းဖြစ်ရတော့တာပဲ။

လေအိုး ။ ။ ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်ကလေးနဲ့လည်း တွေးကြည့်ဦးမှပေါ့ ကိုရွှေဂျိုးရဲ့။ ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရတယ်ဆိုတာက အထဲက နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြတာကြောင့်ရယ်၊ ကြားဝင်စေ့စပ်ပေးသူတွေ ရှိလို့ရယ် လွှတ်ပေးရတာဗျ။ လေအိုးတို့ဆီမှာ အခုလောလောဆယ် အစာငတ်ခံ ဆန္ဒပြတာတို့၊ ကြားဝင်စေ့စပ်ပေးတာတို့ ဆိုတဲ့ သတင်းမျိုး ကိုရွှေဂျိုး ကြားမိလို့လား။ အဲလိုမကြားဘဲ သန်းရွှေကြီးက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတာ ကျနော်မျိုး အမှားကြီး မှားပါပြီခင်ဗျ၊ အမြင်မှန်ရပါပြီခင်ဗျဆိုပြီး လွှတ်မတဲ့လား ကိုရွှေဂျိုးရဲ့၊ စဉ်းစဉ်းစားစားလည်း လုပ်ပါ။

ရွှေဂျိုး ။ ။ ကျူးဘားမှာ အစာငတ်ခံဆန္ဒပြရုံလောက်နဲ့ လွှတ်ပေးတယ်ဆိုတော့ ကျုပ်တို့ဆီမှာလည်း အရှင်ဂမ္ဘီရတို့၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပဲ ကိုလေအိုးရဲ့။ သန်းရွှေက ဘယ်မှာလွှတ်ပေးလို့လဲ။

လေအိုး ။ ။ ဟုတ်တယ် အရှင်ဂမ္ဘီရတို့၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ ဘယ်လောက်ကြာကြာ အစာငတ်ခံဆန္ဒပြခဲ့လဲဆိုတာ လေအိုး မမှတ်မိတော့ဘူး။ ဒါပေမယ့် အခု ကျူးဘားက နိုင်ငံရေးအကျဉ်းသားတွေသတင်း နားထောင်ရတာတော့ ပထမတယောက်ဆို အဲ … လေအိုး နာမည်တော့ မမှတ်မိတော့ဘူး၊ အစာငတ်ခံဆန္ဒပြပြီး (၈၅) ရက်ကြာမှာ သေဆုံးသွားတယ်တဲ့ အားပါးပါး အာဂပဲနော်။ ပထမတယောက်လည်း သေရော နောက်ထပ်တယောက်က ထပ်ပြီး အစာငတ်ခံဆန္ဒပြတယ်။ နောက်ဆုံးမှာ ကျူးဘားရိုမန်ကက်သလစ် Church က ဘုန်းတော်ကြီး အော်တေဂါက မနေနိုင်တော့လို့ ကြားဝင်စေ့စပ်ပေးမှ ကျူးဘားသမ္မတ ရောလ်ကက်စထရိုက နိုင်ငံရေးအကျဉ်းသား (၅၂) ယောက် လွှတ်ပေးမယ်လို့ ကြေညာလိုက်တာ။ အစာငတ်ခံဆန္ဒပြတဲ့ ဒုတိယတယောက်လည်း အဲဒီသတင်းကြားမှ (၁၃၅) ရက် အကြာမှာ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်တာတဲ့ ကိုရွှေဂျိုးရဲ့။

ရွှေဂျိုး ။ ။ အေးဗျာ၊ သူများသတင်းတွေကို ကြားရတာ အားရလိုက်တာ။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေလည်း အဲဒီသတင်းကို ကြားရင် အတော် အားရှိမှာပဲနော် ကိုလေအိုး။

လေအိုး ။ ။ အားရှိရုံနဲ့ မပြီးဘူး ကိုရွှေဂျိုးရဲ့၊ ကိုယ်တိုင်ကိုယ်ကျ လွတ်ဖို့လိုတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှလည်း လေအိုးတို့နိုင်ငံရဲ့ ပြဿနာက ရှေ့ဆက်ဖြေရှင်းလို့ရမှာ။ လွတ်ဖို့ကလည်း အထဲမှာ ကျူးဘားမောင်တွေလို တက်ညီလက်ညီ ဖိုက်ကြဖို့လိုသလို အပြင်က လူတွေကလည်း သန်းရွှေကို လည်ပင်းညှစ်ဖို့ အားထုတ်ရမယ်ဗျ။

ရွှေဂျိုး ။ ။ နေပြည်တော်မှာ လိုဏ်ခေါင်းတူးပြီး ပုန်းဖို့ကြံနေတဲ့သူကို ကိုလေအိုးက ဘယ်လိုများ လည်ပင်းသွားညှစ်ချင်တာတုန်းဗျ။ လွယ်ပါ့မလား။ ကိုလေအိုးမှာ ကိုယ်ပျောက်ဆေး ရှိလို့လား ဟား ဟား ဟား။

လေအိုး ။ ။ ကိုရွှေဂျိုးကလည်း လွယ်မှတော့ လေအိုးပဲ ခုချက်ချင်း ထသွားပြီး ညှစ်ထည့်လိုက်တော့မှာပေါ့။ လည်ပင်းညှစ်တယ်ဆိုတာနဲ့ပဲ သန်းရွှေလည်ပင်းကို တကယ်သွားညှစ်မယ်လို့ ကိုရွှေဂျိုးက ထင်နေတာလားဗျ။ အရပ်စကားပြောတာပါဗျာ။ ဟဲ ဟဲ အကဲဒမစ်တွေလို ယဉ်ယဉ်ကျေးကျေး သုံးနှုန်းရရင် စစ်အစိုးရအပေါ် ပရက်ရှာ ပေးရမယ်ပေါ့ဗျာ။ များများ ပရက်ရှာပေးနိုင်ရင် လေအိုးတို့ နိုင်ငံရေးအကျဉ်းသားတွေ မြန်မြန်လွတ်မှာပေါ့ ဟဲ ဟဲ။

ရွှေဂျိုး ။ ။ ဘယ်လိုဘယ်ပုံ ပရက်ရှာပေးရင် ကောင်းမလဲ ကိုလေအိုး။ အကြံဉာဏ်လေးများရှိရင် မစခဲ့ပါဦး။

လေအိုး ။ ။ ပရက်ရှာဆိုတာကတော့ဗျာ ခုနက ကျူးဘားဘုန်းတော်ကြီးလို သန်းရွှေကြီးကို နားချနိုင်မယ့် ပုဂ္ဂိုလ်မျိုး၊ ဒါမှမဟုတ် နားရင်းအုပ်နိုင်မယ့် ပုဂ္ဂိုလ်မျိုး လိုတာပေါ့။

ရွှေဂျိုး ။ ။ ဘန်ကီးမွန်းတောင် ပြန်ပြေးရတာ သန်းရွှေက ဘယ်သူ့စကားကို နားထောင်မှာတဲ့လဲဗျ။

လေအိုး ။ ။ ဘန်ကီးမွန်း ပြန်ပြေးရဆို ဘန်ကီမွန်းမှာ သူ့ကို လည်ပင်းညှစ်ဖို့ အားမရှိမှန်း ဘန်ကီမွန်းဗလကို ကြည့်ရုံနဲ့ သန်းရွှေက သိနေတာကိုးဗျ။ ဒါပေမယ့် နာဂစ်တုန်းက မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးကို စစ်သင်္ဘော (၃) စင်းလည်း ကပ်ရော တီဗွီထဲမှာ တွေ့ရတဲ့ သန်းရွှေမျက်နှာကို မှတ်မိလား ကိုရွှေဂျိုး။ သန်းရွှေ သွေးပျက်နေတဲ့ပုံ အဲဒီတခါပဲ မြင်ဖူးတယ်။ ပုပ်အဲ့ရှုံ့တွ နေတဲ့ ခရမ်းချဉ်းသီးမဲမဲကြီးကို ကြည့်ရသလိုပဲ ဟား ဟား ဟား။ ဒီလောက်ဆို သန်းရွှေ ဘာကြောက်သလဲ ကိုရွှေဂျိုး သဘောပေါက်ပေါ့။ အဲဒီလို သန်းရွှေ ကြောက်မယ့် အရာတွေကို ကိုင်ထားတဲ့ ခေါင်းဆောင်တွေကမှ သန်းရွှေကို ပရက်ရှာ ပေးနိုင်မှာပေါ့။ “မင်းနော် မင်းနော် လွှတ် လွှတ်၊ မလွှတ်ရင် ငါ ထုထည့်လိုက်ရမလား” ဆိုမှ ရမှာပေါ့ဗျ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုးရယ်)။

ရွှေဂျိုး ။ ။ အင်းပေါ့ဗျာ ကိုလေအိုး ပြောတာက အကဲဒမစ်တွေ ဟစ်ဟစ်နေတဲ့ ‘ကဲရော့အဲန်စတစ်ခ်ပေါ်လစီ’ ထဲက တုတ်ပြရေးမူပေါ့ဗျာ။ ဒါပေမယ့် အဲဒါကလည်း ဖြစ်မလာဘူးဆိုရင်ကောဗျာ။

လေအိုး ။ ။ အဲဒါမဖြစ်လာဘူးဆိုရင်တော့ ကျုပ်တို့အဘိုးသခင်ကိုယ်တော်မှိုင်း ပြောတဲ့နည်းပဲ ရှိတော့တာပေါ့ ကိုရွှေဂျိုးရာ။ နေပြည်တော်ကို တတိုင်းပြည်လုံး ထထကြွကြွနဲ့ ၀ိုင်းကြဖို့ပဲ ရှိတော့တာပေါ့ဗျ။ မဟုတ်ရင်တော့ “ခံပေတော့ မစဉ်းစားနဲ့ … ခံပေတော့ မစဉ်းစားနဲ့ … ခံပေတော့ ဒန့် တန့် တန့် …”။ ကဲ ပြန်တော့မယ် ကိုရွှေဂျိုးရေ။ တော်နေကြာ နောက်ကျလို့ဆိုပြီး နောက်နေ့တွေ အိမ်မှာ အချစ်အကျဉ်းစံ ဖြစ်နေဦးမယ်ဗျို့ သွားပြီ၊ သွားပြီ။

လေအိုးတယောက် ပြောပြောဆိုဆို အိမ်တွင်းအကျဉ်းစံ မဖြစ်ရေး အမြန်လစ်ပြေးသကဲ့သို့ ရွှေဂျိုးလည်း ဆီးအိမ်အတွင်း အကျဉ်းချထားမိသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည့် အောက်ရေကို အလျင်အမြန် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် ဆိုင်နောက်ဖေးသို့ လျှောက်ပြေးလေး ပြေးခဲ့လေသည်တကား။ ။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...