ALD ရွေးကောက်ပွဲ မ၀င်ရန် ယတိပြတ်
ဆုံးဖြတ်ပြီ
4/13/2010 (ထွန်းထွန်း)
ရခိုင်ပြည်တွင် ယခင် ရှိပြီးသား နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့် ယခု အသစ် ထူထောင်မည့် ပါတီများမှ ခေါင်းဆောင်များ အကြား များမကြာမီ ပြုလုပ်မည့် ရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး မည်သို့မည်ပုံ လုပ်ကိုင် ဆောင်ရွက် ရမည်ကို စဉ်းစား နေချိန်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို မ၀င်ရန် ဆုံးဖြတ် လိုက်ပြီ ဖြစ်သည်။
ALD ၏ ဆုံးဖြတ်ချက်ကို ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မှာပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ထိပ်တန်း ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
ALD ရွှေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သော်လည်း တခြား ရခိုင်အမျိုးသား ကိုယ်စားပြု ပါတီ တပါတီမှ ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည့် အခြေ အနေမရှိဟု စစ်တွေမြို့မှ အမည်မဖေါ်လိုသူ ၀ါရင့် နိုင်ငံရေး သမားတဦးမှ သုံးသပ်ပြောဆိုသည်။
“ ဒီနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တိုင်းပြည် အပြောင်းအလဲ တခု ဖြစ်မလားဆိုပီး ရခိုင်လူထုက စိတ်ဝင်စားမူ ရှိပါတယ်။ ဒါပေမယ့် ရခိုင့် နိုင်ငံရေး သမားတွေက ပါတီဖွဲ့ပီး ရွှေးကောက်ပွဲဝင်ဖို့ထိတော့ ပြောသံ ဆိုသံတွေ မကြားရသေးဘူး။ အဓိကတော့ NLD တို့ ALD တို့ ရွှေးကောက်ပွဲ မ၀င်ဘူးလို့ ဆုံးဖြတ်လိုက်ပီးတဲ့နောက် ပါတီထောင်ဖို့ စဉ်းစားသူတွေလည်း နောက်ဆုတ်ကုန်တာကို တွေ့ရတယ်။ အဓိကတော့ ရွှေးကောက်ပွဲမှာ မနိုင်တဲ့ အပြင် အမျိုးသား သစ္စာဖေါက် အဖြစ် သတ်မှတ်ခံရမယ်ဆိုတော့ နိုင်ငံရေးသမားတွေလည်း စဉ်းစား ကုန်တာပေါ့” ဟု ပြောသည်။
ALD ပါတီသည် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ အမတ် ၁၁ နေရာ အနိုင်ရရှိပြီး မြန်မာနိုင်ငံတွင် တတိယ အမတ် အများဆုံးနိုင် ပါတီ ဖြစ်သည်။ ALD ပါတီကို ၁၉၉၂ မတ်လ ၆ ရက်နေ့တွင် ရွှေးကောက်ပွဲ ကော်မရှင်က ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း ALD ပါတီသည် ၁၉၉၀ ခုနှစ်က ရခိုင်ပြည်သူများ အပ်နှင်းလိုက်သော လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး တိုင်းရင်းသားများ တန်းတူရေးနှင့် ဒီမိုကရေစီ ရရှိရေး အတွက် ဆက်လက် တိုက်ပွဲ ၀င်ခဲ့သည်။
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် အပေါ် ပြည်ပရောက် ANC အဖွဲ့ အထူးနာယက ဆရာတော် ကြီး ဦးသုစိတ္တက သူ့၏ တသီးပုဂ္ဂလ အမြင်ကို ယခုကဲ့သို့ ပြောသည်။
“ ခုလို ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မှတ်ပုံ မတင်ရန် ဆုံးဖြတ် လိုက်တာဟာ မှန်ပါတယ်။ ဆရာတော် အနေနဲ့ ပြောချင်တာက အထွေ အထူးတော့မရှိဘူး။ ဒီနေ့အချိန်မှာ ရခိုင်ပြည်ထဲမှာ ရှိတဲ့ ရခိုင်ပြည်သူတွေက ကိုယ့်ကံကြမ္မာကို ရွေးချယ် ရမယ့် အချိန်ဖြစ်တဲ့ အတွက် ပြည်သူ လူထုက အဆုံးဖြတ် ပေးတာဟာ အသင့်တော်ဆုံးနဲ့ နည်းလမ်းအကျဆုံးလို့ မြင်ပါတယ်။ နှစ်ပေါင်းမြောက်များစွာ စစ်ဖိနပ်အောက်မှာ စစ်ကျွန် အဖြစ်ခံနေရတာ သက်တမ်းကလည်း ကြာပြီးဆိုတော့ အကောင်းဆုံး နည်းလမ်းတခုကို ရွေးချယ်ပြီး ဆုံးဖြတ်ကြဖို့ကို ပြောချင် ပါတယ်။”
ရခိုင် ပါတီများမှ ရွှေးကောက်ပွဲ မ၀င်ရန် စီစဉ်နေချိန်တွက် နအဖ စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော တစည၊ ပြည်ခိုင်ဖြိုး အဖွဲ့များမှာ ရွှေးကောက်ပွဲ အတွက် ရခိုင်ပြည်နယ် အနှံ့အပြားတွင် မဲဆွယ် စည်းရုံးနေသည်ဟု သိရသည်။
ထိုသို့ စည်းရုံးရာတွင် မဲရရှိရေး အတွက် ကျောင်းဆောက်ပေးမည်။ လမ်းဖေါက်လုပ်ပေးမည်။ ဆေးရုံ ဆေးခန်းများ ဆောက်ပေးမည် ဆိုကာ စည်းရုံးမူများ ရှိနေသည်ဟု သိရသည်။
ALD အရေးပေါ် အစည်းအဝေးသို့ ထိပ်တန်း ခေါင်းဆောင်များသာမက မြို့နယ် အဆင့် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။
Copy from www.narinjara.com
Showing posts with label ဆုံးဖြတ်ချက်. Show all posts
Showing posts with label ဆုံးဖြတ်ချက်. Show all posts
Tuesday, April 13, 2010
အမျိုးသား သစ္စာဖေါက် အဖြစ်မခံချင်ရင်
Labels:
ဆုံးဖြတ်ချက်
Subscribe to:
Posts (Atom)
