Pages

Saturday, November 27, 2010

အောက်ဆုံးစာပိုဒ်သည် အချို့သော နအဖစစ်အုပ်စုအလိုကျ လုပ်ဆောင်နေကြသော အင်အားစုများကိုသာ ဆိုလိုခြင်းဖြစ်ပါသည်။

Request+to+Elected+MPs+of+2010+Election11

အဆုံးထိဖတ်ရန်...

New York Times ကို သက်ဆိုင်သူများမှ တိုက်ရိုက်ကန့်ကွက်သင့်ပါသည်။ မြန်မာအသိုင်းအ၀ိုင်းကလွှဲလို့ နိုင်ငံတကာက ဒါကို သတင်းအမှန်လို့ မှတ်ယူနေလိမ့်မည်။

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ
2010-11-26
စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။“အဲဒီ လွှင့်သွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီက ဗိုလ်ချုပ်တွေကို ပြည်ပက နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ဆောင်ရွက်နေတာကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူးဆိုတဲ့ စာပိုဒ် ပါတယ်။ အဲဒီ တပိုဒ်လုံးကို သူ လုံးဝ မပြောပါဘူးတဲ့။ အင်တာဗျူးတုန်းက။ ကျနော်တို့ အားလုံးရှိနေတယ် အနားမှာ။ သူ လုံးဝ မပြောဘူး။ သူပြောတာက စစ်ခုံရုံးတင်ဖို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ဆိုတာတော့ ပါတယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”မြန်မာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသား ဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ပြစ်မှု Crime Against Humanity နဲ့ စစ်ရာဇ၀တ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းရေး အဆိုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Thomas Quintana က ပြီးခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ စတင် အကြံပြုခဲ့ပါတယ်။ဒီ ကော်မရှင်ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် အပါအ၀င် ဥရောပ နိုင်ငံတချို့နဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။
Copyright © 1998-2010 Radio Free Asia. All rights reserved.

အဆုံးထိဖတ်ရန်...

Thursday, November 25, 2010

ဒါမှ ၈၈ ခွပ်ဒေါင်းစိတ်ဓါတ်အစစ်။



အဆုံးထိဖတ်ရန်မူလအတိုင်းပြန်ခေါက်ထားရန်

အဆုံးထိဖတ်ရန်...

မ . က . ဒ . တ ရဲဘော်ဟောင်းများ၊ ရဲဘော်သစ်များ အဓိက အထူးသတိ ရှိဖို့ရာ။ အမည်တခုကိုတော့ ငွေမှင်သုတ်ထားပါတယ်၊ သိချင်ရင်တော့ ခြစ်ပြီးတော့ဖတ်ပါ။

ရဲဘော . .

ကိုယ် ... ကို အတွေ့ အုကုံ (နု) တယ်မရေးပါဘူး (နည်း) တယ်ရေးတာပါ။
ဒီစကားလုံး ကမင်းကိုထိခိုက် နစ်နာစေတယ်ဆိုရင် ငါရုတ်သိမ်းပါတယ်။ မင်းနဲ့ ငါုကားမှာ အဖုအထစ်မရှိစေချင်ပါ ။
ကိုယ့် ရဲဘော်အချင်းချင်း နှိမ်ချလိုစိတ် လုံးဝမရှိပါဘူး။ နပ်စေချင်တယ်။
စာတစောင်ကို ဖတ်ပြီးဘယ်လိုသူကရေးတယ်ဆိုတာ နပ်ဘို့ ပြောတာပါ။ ..... ဆိုတဲ့ အီးမေးလ် ကို ရဲဘော် ..... လို့  ပြောနေမှတော့ကွာ။
ရဲဘော် ..... ကတိုက်ပွဲတခုမှာ သူသေအလောင်းကောင်တွေကြားထဲက သေချင်ဆောင်ပြီး ရန်သူ့ လက်ကအသက်စွန့် လွတ်မြောက်လာခဲ့၊
တိုက်ပွဲဝင်လာခဲ့တာ ကအစ။ ကိုယ်တို့  လေးစားပါတယ်။ သိလည်းသိပါတယ်။
ဒါကြောင့် အရိုးခံစိတ်နဲ့ ဆူးငှက် ဆိုတဲ့ လောက်ကောင်ရဲ့  ဆောင်းပါးကိုတင်ပေးတယ်ဆိုတာ နားလည်ပေးထားပါတယ်။

သူ့ အကိုလုပ်တဲ့သူ (ဆူးငှက်)က အာရုံဦး မှာဖူးသည့်ကြာ ဇာတ်ကားကို ပံ့ပိုးခဲ့တယ်။
(မင်းတို့ ငါတို့ လည်း ၀ိုင်းစုခိုင်သိမ်း အပါအ၀င် အာရုံဦးမှာဖူးသည့်ကြာ ဇာတ်ကားမှာပါတဲ့သူတွေကို ကန့် ကွက်ခဲ့ကြတာဘဲလေ။)
အောင်မိုးဝင်း(ငပေါလေး) ကဒီမှာ အတိုင်းထက်အလွန်လိုက်ဖွတယ်။ အချင်းချင်း စိတ်ဝမ်းမကွဲကွဲအောင် ရန်တိုက်ပေးတယ်။
အခွင့်အရေးတခု အက်ေုကာင်းတခု ရလာတာနဲ့ အောင်မိုးဝင်း(ငပေါလေး) တယောက်တည်း အကောင့်နာမည်တွေ အမျိုးမျိုးနဲ့ ထိုးခွဲတော့တာဘဲ။
ဒီ ရှစ်ဆယ့်ရှစ်မေးတွေထဲမှာ အဲဒီ့ ကောင်ရဲ့ မသမာမှုတွေ သက်သေအဖြစ်ရှိနေပါတယ်။

နောက်ပြီး ညီလုပ်တဲ့သူ အောင်မိုးဝင်း(ငပေါလေး) က မကဒတ ကို နိုင်ငံတကာရောက်ရဲဘော်တွေ အယုံအုကည် ကင်းလာအောင် . .
မကဒတ ခေါင်းဆောင်တွေကို ဝေဘန်တိုက်ခိုက်တယ်။ ထောက်ပံ့ရေးကွန်ရက်တွေ အားနည်းလာအောင် ထင်ယောင်ထင်မှားတွေလျောက်ရေးတယ်။်
ဟောအခု အကိုလုပ်တဲ့ ဆူးငှက် က ဒီဘက်ကလိုလို ပြန်ရပ် ပြတယ်။ ဒါဟာ လုပ်စားတွေရဲ့  ပရိယာယ်တွေ လုပ်ကွက်တွေပါ။
မြောပါမသွားဘို့ ကိုအဓိက ရည်ညွန်းချင်တာပါ။
..... တင်တဲ့ ပို့ စ် ကိုမေးခွန်းပြန်မေးထားတဲ့ တူမောင်ညို ဟာ ဒီကောင်တွေညီအကို အေုကာင်းကိုသိနေသူ ဖြစ်နိုင်တယ်။

စောင့်ုကည်နေပါ ဒီကောင်ငပေါလေး(အောင်မိုးဝင်း) အေုကာက်အကန် ကက်ကက်လန်အောင် လိုက်ကိုက်တော့မယ်။
သူတို့ ညီအကိုက ပရော်ဖက်ရှင်နယ် လုပ်စားတွေဆိုတော့ ကောင်တာတွေ ပစ်တော့မယ်။ မင်နဲ့ ငါနဲ့ ကို ရန်တိုက်ပေးတော့မယ် . . သတိထားပါ။

မကဒတ ကို တိုက်ခိုက်ဖြိုခွဲ သူမှန်သမျှ ငါတို့ ရန်သူဘဲ။
မကဒတ ဆိုတာ မင်းဘဲ ၊ မကဒတ ဆိုတာ ငါဘဲ ။
ငါတို့ ကိုဘယ်လို ထိုးနှက်နေသလဲ . . ။ အေအန်ကုန်း ဆိုတဲ့ ဘလော့ဂ်ကိုမင်း ဖတ်ုကည့်လေ ။
ငါမင်းဆီကို ဖုန်းဆက်ပါအုံးမယ်။

2010/11/25 ......

ပြန်လည်အကြောင်းပြန်တဲ့စာကိုဖတ်ရပါသည်။ကျေးဇူးတင်ပါသည်။အလေးနက်နားလည်ပါသည်။အတွေ့အကြုံနုတယ်ဆိုတာဘာကိုပြောတာလဲ။
ဘာကိုဆိုလိုတာလဲ။ကျနော်အတွေ့အကြုံနုတယ်ဆိုခင်ဗျားဆီကအတွေ့အကြုံရင့်ကျက်မှုတွေကဘာတွေလည်းဆိုတာကိုလည်း
နှိုင်းယှဉ်ပြမှအတွေ့အကြုံနုတယ်ဆိုတာကိုလက်ခံလို့ရမှာပေါ့။အလကားနေအလကားအတွေ့အကြုံနုတယ်ဆိုတဲ့ဝေါဟာရကိုအလွယ်
သုံးပြီးတဘက်သားကိုနှိပ်ချသည့်အသုံးအနှုန်းပြုမူလိုက်ခြင်းဟာမိမိအတွက်လည်းမကောင်းဘူး။သူတပါးအတွက်လည်းနားမချန်းသာ
ဖြစ်ရတယ်။စစ်အာဏာရှင်ကို(ကန်တော့ပါရဲ့)လမွေးမပေါက်ခင်ကတည်းကအသက်စွန့်ပြီးတိုက်ခိုက်လာတာပါ။ရန်ငါစည်းကပြတ်ပြီး
သားပါ။ဒီနေရာမှာကိုယ်ရည်သွေးတီးလုံးတီးဖို့စိတ်ကူးမရှိပါဘူး။စိတ်လည်းမ၀င်စားဘူး။သို့သော်ဘယ်သူကဘာလည်းဆို တာရင်ဘတ်
တွေထဲမှာရှိနေတယ်ဆိုတာယုံတယ်။
စစ်အာဏာရှင်ကိုတိုက်ပွဲဝင်ဘို့
ခိုင်မာတဲ့တပ်ပေါင်းစုတည်ဆောက်ကြ။


ရဲဘော် . . . .ကိုယ်ကမင်းကိုသိနေပါတယ်။ ကိုယ်လဲ မကဒတ ရဲဘော်တယောက်ပဲ ။ဒီစာကလည်း မင်းနဲ့  မကဒတ အပေါ် သစွုာရှိချင်လို့ ပြန်ရေးပေးတာပါ။ဒီစာကိုလည်း ရဲဘော် ..... နာမည် နဲ့  ဟိုငပေါလေး(အောင်မိုးဝင်း) က ပြန်ချင်ပြန်နေအုံးမှာပါ။မင်းကအတွေ့ အုကုံနည်းနေသေးတော့ မင်းလုပ်ပုံက . .သူခိုးတွေကို ဓားရိုးကမ်းနေတာ . . ကို မင်းမသိဘူးဆိုတာ ငါနားလည်ပါတယ်။တကယ်တော့ တူမောင်ညို ပြန်မေးထားတာကိုလည်း မင်းနားလည်နိုင်မှာမဟုတ်ပါဘူး။ အတွင်းသိတွေသာ နားလည်မှာမို့ ပါ။့ဆူးငှက် ဆိုတာအောင်မိုးဝင်း(ငပေါလေး) ရဲ့ အကို . . ။အကိုလုပ်တဲ့သူ ဆူးငှက်က ပြည်တွင်းကနေ သူ့ လူ ကိုယ့်ဘက်သား လုပ်ပြီးခွစားနေတယ် ။ဗိုလ်ချုပ်တွေ အလိုကျပေါင်းပြီး သူ့ ကိုယ်ကျိုးစီးပွားကို ပေါင်းရိုက်နေသလို . .။အောင်မိုးဝင်း(ငပေါလေး) ဆိုတဲ့ သူ့ ညီကလည်း ငါတို့ ပြည်ပမှာလိုက်မွှေနေတာ . .။စစ်အုပ်စုရဲ့  စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်ပမှာ အဓိကဆောင်ရွက်သူဖြစ်တယ်။သူတို့ ညီအကို နှစ်ယောက်လုံးက လူတွေအထင်ကြီးအောင် အမေလူလုဒေါ်အမာရဲ့ နာမည်ကိုတွင်တွင် သုံးလေ့ရှိတယ်။မင်းတို့ နယူးယောက်က ဒီဇိုင်းဆရာ။ ဓာတ်ပုံ ကိုအောင်မိုးဝင်းရဲ့ လှုပ်ရှားမှုတွေကို . .အောင်မိုးဝင်း(ငပေါလေး) က သူလုပ်သလိုလို ဘာလိုနဲ့  သံယောင်လိုက်တယ်။ လူတွေအထင်ကြီးအောင် လုပ်တယ်။၉၆ ကျောင်းသားလို့ ဆိုတယ်။ အမှန်က ဒီငပေါလေး(အောင်မိုးဝင်း) ကလူလယ်ကွ။ နိုင်ငံခြားသွားချင်လို့ လိမ်ဆင်လုပ်လာတာ။မြဝတီညကားလက်မှတ် အဆင်သင့်ဖြတ်ထားပြီးမှ နေ့ ခင်းကျောင်းသားဆနွပြပွဲ မှာဝင်ရောပြီး ဒေါ့ကျူးမန့် ယူလာခဲ့တာ။ အဲ နောက်နေ့ မနက်မဲဆောက်ကိုရောက်လာတာ။ မဲဆောက်ရောက်တော့ နိုင်ငံခြားသွားချင်တာ ဟန်မဆောင်နိုင်တော့ဘဲ ။ ဗကသ နာမည်ကိုအလွဲ သုံးစားခုတုန်းလုပ်ပြီး ကိုထွန်းအောင်ကျော် လုပ်တဲ့ ညီလာခံကိုလာတယ်တယ်ဆိုပြီး ခုန်ချလိုက်တာဘဲ . . ဟေ့ကောင်ရေ။အခုကည့် ငါတို့ မင်းတို့ ရဲ့  အဓိကမဟာဗျူဟာက စစ်အုပ်စုကို နိုင်ငံရေး စားပွဲဝိုင်းပေါ်ရောက်လာအောင် ဘက်ပေါင်းစုံ ကချည့်နဲ့ ၊ဘေုးကပ်နုံကပ်ဖြစ်စေမဲ့ . .လက်နက်တိုင်တိုက်ပွဲ အပါအဝင် နည်းပေါင်းစုံတိုက်ပွဲ ၀င်သွားကြဘို့ ၊နိုင်ငံတကာ အင်အားစုတွေက ၀န်းရံ ပံ့ပိုးသွားကြဘို့ ကို . . စည်းရုံုးက ၊ လှုံ့ဆော်ကြ ညီညွတ်ရေးတည်ဆောက်နေချိန်မှာ . .နိုင်ငံတကာရောက် ကျောင်သားတပ်မတော်ရဲဘော်တွေကို အရင်ဆုံးဖရိုဖရဲဖြစ်အောင် . . အဓိက ကတော့ . . လက်နက်ကိုင်တော်လှန်ရေးကို မထောက်ပံ့ချင်အောင် . .လက်ရှိတိုက်ပွဲဝင်နေတဲ့ ကျောင်းသားတပ်မတော်ရဲ့  တာဝန်ရှိနေတဲ့ ခေါင်းဆောင်တွေကို ပုတ်ခတ်တိုက်ခိုက်တယ် ။ကိုသံခဲတို့ ကိုလွဏ်းနီတို့ ကိုပုဂွိုလ်ရေး တွေလိုက်တိုက်ခိုက်တယ် ။ (ဟိုလူတွေက သူ့ အလုပ်နဲ့ သူဒီဂရုမေးတွေတောင်လိုက်ဖတ်ချိန်မရပါဘူး။)အဲသလို လက်ရှိတာဝန် ရှိတဲ့သူတွေကို အများကထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး ။ ထောက်ပံ့ရေးလမ်းေုကာင်း လျော့နည်းပြတ်တောက်သွားအောင် ထိုးနှက်တဲ့လုပ်ဆောင်ချက်ပဲ။ ဒါဟာ ဖြတ်လေးဖြတ် စီမံကိန်းပဲ။နောက်ပြီး မကဒတ နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပျက်စီးအောင်လုပ်သွားမယ် . . ဒါဘဲ စစ်အုပ်စုလိုချင်တာက။ဒီ့ထက်ပိုပြီးတိတိကျကျ ထောက်ပြရရင် . မကဒတ ကိုဘယ် အန်ဂျီအိုကမှ မထောက်ပံ့ဘူး ။ မင်းတို့  ငါတို့  ရဲ့ အထောက်အပံ့၊ ၀န်းရံမှုအားနဲ့ တိုင်ပွဲဝင်ရမှာ၊ ရပ်တည်ရမှာ ။ ဒါကို ငပေါလေး(အောင်မိုးဝင်း) က စနစ်တကျ ဘလော့ဂ်လုပ်ပြီး သူတောင်စားတွေဆိုပြီး ၀ါဒဖြန့်တယ်။ဒါကို စစ်အုပ်စုက သိတယ် ဒါကြောင့် နည်းဗျူဟာတခုအနေနဲ့ အောင်မိုးဝင်း(ငပေါလေး)တို့ ညီအကိုလို လောက်ကောင်တွေကို အသုံးပြုနေတာပေါ့။ ..... ရေ . . မင်းတို့ လိုလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲလာတဲ့ သူတွေက (အထူးသဖြင်)့ မကဒတ ရဲဘော်တွေ သတိရှိဘို့ လိုတယ်။စာလည်းရှည်သွားပြီ . . တခုအရေုးကီးတာလေး ထပ်ပြောပါရစေ . . ။အဲဒါကတော့ . ကိုသန်းဝင်း ကိုတယ်လီဖုန်းနဲ့ ဆွေးနွေးပေးပါ . .။ ဒီအောင်မိုးဝင်း(ငပေါလေး)ကို ဂေါင်းလိုက်မခံပေးပါနဲ့ လို့  . . .ဒါဟာ လက်နက်ကိုင်တော်လှန်ရေး (တနည်းအားဖြင့်) မကဒတ အတွက်အင်မတန် အန်ဒရာယ်ုကီးပါတယ်။မကဒတ ကျောင်းသားတပ်မတော်၏ သစွာကိုစောင့်သိရိုသေကြပါ။ မကူညီချင်ရင်နေပါ မနှောက်ယှက်ပါနဲ့ ။2010/11/24 Tin Oo

“အာရုံဦးမှာဖူးသည့်ကြာ” ဇာတ်ကားရိုက်ကူးရေး မှာ ဘာကြောင့် ပါဝင်ရတာလဲ ဆိုတာလည်း “ဆူးငှက်“ ရှင်းပြသင့်တာပေါ့။ “သမိုင်းနဲ့ အမှန်တရား ” အခုလိုတင်စားရေးတာလေးကတော့ အနုပညာဆန်ပါတယ်။ သူ့(ဆူးငှက်) စာထဲမှာပါတဲ့ အောက်ပါအချက်က ဒီကိစ္စကို ရှင်းလင်းပြတာလား။ “ကျနော်ကိုယ်နှိုက်ကပဲ ဒီရက်ပိုင်းမှာ ကြီးကြီးမားမား ဘဝနဲ့ရင်းရလောက်တဲ့ သင်ခန်းစာတခုရခဲ့တယ်။ ဗဟုဝါဒခေတ်မှာ အရင်လို ခွဲခွဲခြားခြား လားလားမုန်းထားစရာမလိုဘဲ လူမှုဆက်ဆံရေးဆိုတာ ယုံကြည်ချက်ကြီး တစ်ခုလုံးနဲ့စာရင် အဓိကတော့ မဖြစ်လောက်ပါဘူး၊ အားလုံးဟာ နည်းဗျူဟာမှာပဲ ကွဲနေကြလို့ပါ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ စကားအတိုင်း မိတ်ဆွေလိုပဲ သဘောထားပြီး မိတ်ဆွေတဦးကို ကျနော် စုဆောင်းထားတဲ့ ဒုတိယကမ္ဘာစစ်ကြီးကာလ အင်္ဂလိပ်တွေ မိုင်းခွဲဖျက်ဆီးသွားတဲ့ အင်းဝ တံတားကြီးရဲ့ ရှေးဟောင်းဓာတ်ပုံနှစ်ပုံကို စာအုပ်တအုပ်ထဲက ကော်ပီကူးပြီး ပေးလိုက်မိပါတယ်။ အဲဒီမိတ်ဆွေကတဆင့်..... နောက်တဆင့် ......။ အဲဒီနောက်တဆင့်ကမှ နောက်တဆင့် ...... ။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဘယ်လိုမှ မပတ်သက်ခဲ့ဖူးတဲ့ နေရာ၊ ဘယ်လိုမှ မဝင်ဆံ့ဖူးတဲ့နေရာ၊ ဘယ်လိုမှ အဆက်အစပ်မရှိဖူးတဲ့ နေရာ၊ ဘယ်လိုမှ အဆက်အဆံ မရှိဖူးတဲ့နေရာမှာ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ စုဆောင်းရှာဖွေပေးသူ ဆိုပြီး အဖြူပေါ် အမည်းတင်လိုက်လေတော့ ......။ ”တူမောင်ညို ၂၅ နိုဝင်ဘာ

မစ်ရေနှင့် နတ်သုဒ္ဓါ
ဆူးငှက် အင်္ဂါနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်
သတင်းသမားတယောက်မှာ အဓိကအရေးကြီးတဲ့အချက်က ယုံကြည်ချက်နဲ့ ကျင့်ဝတ်ပါပဲ။ ဒီယုံကြည်ချက်နဲ့ ကျင့်ဝတ်ဆိုတာကတော့ မဟာဗျူဟာပေါ့လေ။ မဟာဗျူဟာက မှန်ကန်ရမယ်။ အမှန်တရားအတွက်၊ ပြည်သူအတွက်ပဲဖြစ်ရမယ်။ ကောင်းပြီ....ဒီမဟာဗျူဟာကို အကောင်အထည်ဖော်ရမှာက နည်းဗျူဟာပိုင်းပေါ့။ နည်းဗျူဟာပိုင်းကလဲ အရေးကြီးတယ်။ တဖက်က အမှန်တရားဆိုတာလဲဖြစ်နေတယ်။ ပြည်သူလူထုအတွက် အသိပေးရမှာလဲဖြစ်တယ်။ တိုင်းပြည်အတွက်လဲ ဒီအသိပေးခြင်းက တကယ်အကျိုးရှိတယ်။ ဒါပေမဲ့ အခက်အခဲအကျပ်အတည်းတွေ ဖြစ်နေတယ်။ ဒီအခက်အခဲက သာမန်မျှလဲဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ကြီးကြီးမားမားဖြစ်ချင်ဖြစ်မယ်။ အန္တရာယ်ဖြစ်လောက်တာလဲဖြစ်နိုင်တယ်။ လိုအပ်ရင် အသက်တောင်မှ စွန့်ရင်စွန့်ရမယ်။ အမှန်တရားဆိုတာကလဲ အချိန်အခါလိုက်ပြီး၊ နေရာလိုက်ပြီး၊ ပုတ်သင်ညို အရောင်ပြောင်းသလို လုပ်လို့ မရဘူး။ ကိုယ့်ယုံကြည်ချက်ခိုင်မာမှုကို အခြေခံပြီး အမှန်တရားဆိုတာ အမြဲတမ်းတသမတ်ထဲ ဖြစ်နေရမယ်။
အမှားနဲ့ အမှန်ကြားမှာ သတင်းသမား တယောက် (ဝါ) သတင်း မီဒီယာတခုဟာ ဘက်မလိုက်ဝါဒ ကျင့်သုံးစရာ မလိုဘူး။ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့။စစ်အေးကာလတုန်းက ဗီယက်နမ်စစ်ပွဲကြီးနဲ့ ကြုံရတယ်။ အဲ့ဒီအချိန်ပြည်သူ့ဘက်ကရှိတဲ့ သတင်းစာတွေက တလျှောက်လုံး ဗီယက်နမ်ပြည်သူဘက်က ရပ်တည်ပြီး ကျူးကျော်သူကို ဆန့်ကျင်ခဲ့တယ်။ စစ်ပွဲကြီးကာလအတွင်း အမှန်တရားဆိုတာ ကိုယ့်အမြင်၊သူ့အမြင် ကွဲနိုင်ပါတယ်။ အမြင်ဆိုတာ နှစ်မျိုးရှိတာပေါ့၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး၊ သူ့ဘက်ကကြည့်တော့ လက်ဖဝါးလို့ ဘယ်လိုပဲစောဒက တက်ပါစေ၊ ဒါဟာ လောကနိယာမလို့ ဘယ်လိုပဲပြောပါစေ၊ တကယ်တော့ အမှန်တရားဆိုတာ တခုထဲပဲရှိပါတယ်။ ဗီယက်နမ်စစ်ပွဲကြီးပြီးတဲ့အချိန် ကျူးကျော်သူကိုယ်နှိုက်က သူတို့မှားပါတယ်လို့ ဝန်ခံရတာပဲ။ ဒီမှာ တရားကိုယ်သဘောအရ တရားတဲ့စစ်၊ မတရားစစ်အမြင်နဲ့ ကြည့်ရင် ကျူးကျော်စစ်က မှားတယ်။ ကျူးကျော်မှုကို ခုခံကာကွယ်တဲ့စစ်က မှန်တယ်။ ဖိနှိပ်သူရဲ့ ဖိနှိပ်စစ်၊ ဖိနှိပ်ခြင်းလုပ်ရပ်က မှားတယ်။အဖိနှိပ်ခံသူက မတရားလို့ ပြန်လှန်ဆန့်ကျင်တာ မှန်တယ်။ ဒီနေရာမှာ သူ့အမြင်ကိုယ့်အမြင်ဆိုတာမရှိဘူး။ လက်ဖမိုး၊ လက်ဖဝါးဆိုတာလဲ မရှိဘူး။ ဒီတော့ ကျူးကျော်စစ်နဲ့ ခုခံစစ်ကြား၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြား၊ မတရားမှုနဲ့ တရားမှုကြား၊ အဓမ္မနဲ့ ဓမ္မကြား ကြားနေပါတယ် ဆိုတာလဲ မရှိနိုင်ဘူး။ ဒီတော့ သတင်းသမားက အဲ့ဒီလိုကိစ္စတွေမှာ ဘယ်ဘက်မှမလိုက်ဘဲ ကြားနေမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမှားနဲ့ အမှန်ကြားမှာ ဘက်မလိုက်ဘူးကြားနေတယ် ဆိုသူကိုယ်နှိုက်က အမှားတဝက်ကို သေချာပေါက်ကျူးလွန်ထားတာပါပဲ။ အမှားနဲ့ အမှန်ကြားမှာ သတင်းသမားတယောက် (ဝါ) သတင်းမီဒီယာတခုဟာ ဘက်မလိုက်ဝါဒ ကျင့်သုံးစရာ မလိုဘူး။ ကြားနေဝါဒ ကျင့်သုံးစရာ မလိုဘူး။ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ရမှာပေါ့။ နောက်တခုက သတင်းသမားတယောက်အတွက် အဓိကနဲ့သာမည ခွဲခြားတတ်ဖို့လဲ အရေးကြီးတယ်။ သာမညကို အဓိကနေရာမှာထားပြီး ဗိန်းဗောင်းတိုက်ရင်လဲ လူမုန်းများမယ်။ အဓိကကို သာမည မှတ်ပြီး လက်ရှောင်ရင်လဲ တာဝန်မကျေဘူး။ ဖားရိုက်ရာမှာ ဗန္ဓုလသွေး သုံးစရာမလိုသလို...ကျားလေးတွေယူချင်ရင် ကျားအောင်းရာ ဂူထဲဝင်ရမှာပဲလေ...။ ဒီနည်းဗျူဟာတွေနဲ့ ပတ်သက်ပြီး အကင်းပါးမှု၊ အဓိက သာမည ခွဲခြားနိုင်မှုလိုအပ်သလို အရေးကြီးတာတခုက ဘယ်လောက်ပဲအခက်အခဲရှိလို့အမှန်ကို မရေးသားနိုင်ရင် ရှိပါစေ...။ အမှားကို ဘယ်တော့မှ ဆင်ခြေ အမျိုးမျိုးပြပြီး အမှန်လို့ မရေးမိကြဖို့ အရေးကြီးပါတယ်....။
ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့သားခဲ့ရတဲ့ အိမ်နီးချင်း မိတ်ဆွေကြီး ကရော အခုထိကျမတို့အတွက် မိတ်ဆွေ ဖြစ်နေသေးပါရဲ့လား။အမှားကြာရင်၊ အမှားကိုပဲ ထပ်ကာတလဲလဲ ပြောနေရေးနေရင် အဲဒီအမှားက အမှန်ဖြစ်သွားတတ်တယ်။ အမှားကို အမှန်လို့ အားနာလို့ဖြစ်စေ၊ မတတ်လို့ဖြစ်စေ၊ တုတ်မိုးထားလို့ ဖြစ်စေ၊ အရေးမကြီးပါဘူးလို့ ယူဆလို့ ဖြစ်စေ... သတင်းသမား တစ်ယောက်အနေနဲ့ မရေးမိဖို့ပါပဲ။ အမှားဆိုတဲ့ မစင်တစက်ကြောင့် ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့တဲ့ ယုံကြည်ချက်(ဝါ) လုပ်ဆောင်ချက်ဆိုတဲ့ နတ်သုဒ္ဓါကြီးကို နှာခေါင်းရှုံ့ ပြီး လွှင့်ပစ်လိုက်ရတယ်။ ကျနော်ကိုယ်နှိုက်ကပဲ ဒီရက်ပိုင်းမှာ ကြီးကြီးမားမား ဘဝနဲ့ရင်းရလောက်တဲ့ သင်ခန်းစာတခုရခဲ့တယ်။ ဗဟုဝါဒခေတ်မှာ အရင်လို ခွဲခွဲခြားခြား လားလားမုန်းထားစရာမလိုဘဲ လူမှုဆက်ဆံရေးဆိုတာ ယုံကြည်ချက်ကြီး တစ်ခုလုံးနဲ့စာရင် အဓိကတော့ မဖြစ်လောက်ပါဘူး၊ အားလုံးဟာ နည်းဗျူဟာမှာပဲ ကွဲနေကြလို့ပါ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဆိုတဲ့ စကားအတိုင်း မိတ်ဆွေလိုပဲ သဘောထားပြီး မိတ်ဆွေတဦးကို ကျနော် စုဆောင်းထားတဲ့ ဒုတိယကမ္ဘာစစ်ကြီးကာလ အင်္ဂလိပ်တွေ မိုင်းခွဲဖျက်ဆီးသွားတဲ့ အင်းဝ တံတားကြီးရဲ့ ရှေးဟောင်းဓာတ်ပုံနှစ်ပုံကို စာအုပ်တအုပ်ထဲက ကော်ပီကူးပြီး ပေးလိုက်မိပါတယ်။ အဲဒီမိတ်ဆွေကတဆင့်..... နောက်တဆင့် ......။ အဲဒီနောက်တဆင့်ကမှ နောက်တဆင့် ...... ။ ဒီလိုနဲ့ မထင်မှတ်ဘဲ ဘယ်လိုမှ မပတ်သက်ခဲ့ဖူးတဲ့ နေရာ၊ ဘယ်လိုမှ မဝင်ဆံ့ဖူးတဲ့နေရာ၊ ဘယ်လိုမှ အဆက်အစပ်မရှိဖူးတဲ့ နေရာ၊ ဘယ်လိုမှ အဆက်အဆံ မရှိဖူးတဲ့နေရာမှာ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံများ စုဆောင်းရှာဖွေပေးသူ ဆိုပြီး အဖြူပေါ် အမည်းတင်လိုက်လေတော့ ......။ ကျနော် ဒီနေရာမှာ စာပေကျေးဇူးရှင် ဒေါ်ဒေါ်လူထုဒေါ်အမာ ပြောကြားခဲ့ဖူးတဲ့စကား တခွန်းကို သတိရမိတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလကပေါ့။ ဒေါ်ဒေါ်ကိုယ်နှိုက်က လေးစားတဲ့၊ ကျနော်တို့လဲ အဆက်မပြတ်အောင် အငမ်းမရ လိုက်ဖတ်နေရတဲ့ စာရေးဆရာကြီး တယောက်က ဒေါ်ဒေါ့်ဆီရောက်တုန်း ဒေါ်အမာ ကျနော်ရေးတာတွေ ဖတ်ဖြစ်ပါရဲ့လား။ ဘယ်လိုသဘောရပါသလဲ လို့မေးတယ်။ ဒီတော့ဒေါ်ဒေါ်က ဆရာကြီးကိုပြုံးကြည့်ပြီး ရှင်ရေးတာတွေ ကောင်းပါတယ်။ ကျမအမြဲတမ်း စောင့်ဖတ်တယ်။ ဒီလို အကြောင်းအရာတွေက ရှင်ကလွဲပြီး ဘယ်သူမှ မရေးနိုင်ဘူး။ ရှင်နဲ့ ရှင့်အသိုင်းအဝိုင်းပဲ ကိုယ်တွေ့ကြုံရတဲ့ ကိစ္စတွေ ဟုတ်လား။ ဒါပေမယ့် မြစ်ရေတွေက စီးဆင်းနေပြီရှင့်။ ၁၈ ရာစု၊ ၁၉ ရာစုက နယ်ချဲ့အရင်းရှင်၊ ကိုလိုနီနယ်ချဲ့၊ နယ်ချဲ့လက်ပါးစေ၊ နယ်ချဲ့ပုဆိန်ရိုး ဆိုတာတွေက ဒီကနေ့ ၂ဝ ရာစုနှောင်းပိုင်းမှာရော ဟုတ်ပါသေးရဲ့လား။ ခုထိမျက်စိမှိတ်ပြီး ဆန့်ကျင်နေဦးမှာလား။ ရှင်တို့ ကျမတို့ ဆင်းရဲမွဲတေနေတဲ့ကြားက ရှိသမျှအားနဲ့ အသံပြာအောင် ထောက်ခံခဲ့၊ ရပ်တည်ခဲ့၊ ရေးခဲ့သားခဲ့ရတဲ့ အိမ်နီးချင်း မိတ်ဆွေကြီးကရော အခုထိ ကျမတို့အတွက် မိတ်ဆွေဖြစ်နေသေးပါရဲ့လား။ ဒီတော့ အင်မတန်ကောင်းမွန်တဲ့ ရှင့်စာတွေထဲက နတ်သုဒ္ဓါထဲ ၁၈ ရာစု၊ ၁၉ ရာစုက ရန်သူ အသုံးအနှုန်းတွေ ဖောဖောသီသီပါနေတော့ ကျမကတော့ မစင်တစက်လို ခံစားရတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။
ငယ်ငယ်က သင်ကြားခဲ့ရဖူးတဲ့ သင်ခန်းစာ တခုကတော့ မှန်နေဆဲပါ။ မမေ့သူကတော့ အစွဲအလမ်းကြီးကြီး အမှတ်အသား အကြီး ကြီးနဲ့ အမြဲတမ်း ဂရုတစိုက် ကြည့်နေတယ်။ သူက တော့ သဘောထားပြင်မှာမဟုတ် ဆိုတာပါ။... ရေရှည်မကြည့်ဘဲ မျက်တောင်မွေးတဆုံး သာကြည့်ပြီး မှန်တယ်ဆိုကာ လျှောက်လှမ်း မိလိုက်တဲ့ ခြေလှမ်းတလှမ်း မှားတာနဲ့ ချောက်ထဲ ကျနိုင်တယ်။ တကယ်တော့ ဒီစကားတွေဟာ ကျနော်တို့ စာပေဘဝလမ်း အတွက် အတွေးအခေါ်တွေပါပဲ။ မြစ်ရေက စီးဆင်းနေတယ်။ မြစ်ထဲကို နှစ်ခါ ခုန်ဆင်းလို့မရဘူး။ အမြဲတမ်းရန်သူ မဟုတ်ဘူး။ အမြဲတမ်း မိတ်ဆွေ မဟုတ်ဘူး။ ဒါက လောကကြီး တခုလုံးအတွက် နိယာမတရားပါ။ ဒါပေမဲ့ ကာလတို ဆယ်စုပိုင်းခြားနှစ်တွေ အတွင်းမှာလဲ ဒီနိယာမတရား မှန်ကန်စေချင်ပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ကြားခဲ့ရဖူးတဲ့ သင်ခန်းစာ တခုကတော့ မှန်နေဆဲပါ။ မမေ့သူကတော့ အစွဲအလမ်းကြီးကြီး အမှတ်အသား အကြီးကြီးနဲ့ အမြဲတမ်း ဂရုတစိုက် ကြည့်နေတယ်။ သူကတော့ သဘောထားပြင်မှာမဟုတ် ဆိုတာပါ။ ယုံကြည်ချက်နဲ့ ကျင့်ဝတ်ဆိုတာ မဟာဗျူဟာပါ။ ဒီမဟာဗျူဟာကို ဖော်ဆောင် လျှောက်လှမ်းတဲ့ နည်းဗျူဟာက အမြဲတမ်းမှန်နေဖို့ အရေးကြီးတယ်။ ခြေလှမ်းတလှမ်းကလဲ အရေးကြီးတယ်။ ရေရှည်မကြည့်ဘဲ မျက်တောင်မွေး တဆုံးသာကြည့်ပြီး မှန်တယ်ဆိုကာ လျှောက်လှမ်းမိလိုက်တဲ့ ခြေလှမ်းတလှမ်း မှားတာနဲ့ ချောက်ထဲ ကျနိုင်တယ်။ တဦးတယောက်ကိစ္စက ပြဿနာမရှိ။ သူ့အသက်တချောင်း ဆုံးရှုံးရုံ.....။ အကယ်၍ ကလောင်တချောင်းဆိုရင် သမိုင်းက ဒဏ်ခတ်ခံရမယ်။ ဒီနေရာမှာလဲ ဒီကလောင်တချောင်း ဆုံးရှုံးရုံပေါ့။ အကယ်၍ စတုတ္ထမဏ္ဍိုင်နေရာမှာ ရှိနေရမယ့် သတင်းသမားတယောက် (သို့မဟုတ်) ပရိသတ်ရှိသော သတင်းဂျာနယ်၊ သတင်းစာတစောင်ရဲ့ရေးသားချက်၊ ဖော်ပြချက်၊ ရပ်တည်ချက်တွေ အမှတ်မထင်တောင်မှ အမှားအခံနိုင်ပါဘူး။ ဒေါ်ဒေါ်ပြောသလို ဘယ်လောက်အဖိုးတန်တဲ့ နတ်သုဒ္ဓါဖြစ်ပါစေ မစင်တစက် စင်လိုက်ရင်ပင် လွှင့်ပစ်သွန်ပစ်လိုက်ရတာ မဟုတ်ပါလား

အဆုံးထိဖတ်ရန်...

Wednesday, November 24, 2010

သတိ

သတိ
ဒီမှာ ... ရဲဘော်
ကိုယ့်အလုပ်ကိုယ်လုပ်
ကိုယ့်ခရီးကိုယ်သွား
ကိုယ့်လမ်းကိုယ်ဖောက်
ကိုယ့်လမ်းကိုယ်လျှောက်
နတ်ကရာကြည့် မောမနေနှင့်။

အဆုံးထိဖတ်ရန်...

လူသားတိုင်း ပျော်ရွှင်နိုင်ပါစေ

အဆုံးထိဖတ်ရန်...

Friday, November 12, 2010

အားလုံးဘဲ ၀ိုင်းထိန်းပေးကြပါဦး၊ သေကုန်ကြတော့မယ်။

မိုးကဲ(၂၀၆)၊ ခိုင်မြင့်မြတ်၊ လွဏ်းဆွေ၊ ရန်ရှင်း စသောအကောင်းများကို သုံးပြီး ABSDF နှင့် ကျန်ကျောင်းသား ခေါင်းဆောင်များကိုတိုက်ခိုက်နေသည့် ကျော်မြထူးကို ကိုသန်းဝင်းမှ စိန်ခေါ်လိုက်ပါပြီ။ ကိုသန်းဝင်းနှင့် ဒီမိုကရေစီအင်အားစုများ၏ အကောင့်များကို ပိတ်ထားသည့် လေထန်ကုန်းအဖွဲ့ဝင် ကျော်မြထူးကို ဆွမ်းကြီးလောင်းကြမည် ဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။

---------- Forwarded message ----------
From: Than Win
Date: 2010/11/12
Subject: စိန်ခေါ်မှုကိုကြိုဆိုလိုက်တယ်
To: kyawmyahtoo
Cc: Ye Htut Soe

ကျော်မြတ်ထူး

မင်းက ငါကိုရင့်သီးစွာနဲ့ စိန်ခေါ်လိုက်ပြီ ဟုတ်လား ။
မင်းရဲ့ စိန်ခေါ်မှုကို ငါကြိုဆိုလိုက်ပါတယ်။

ခိုင်မြင့်မြတ် ၊ ရန်ရှင်း ၊ မိုးကဲ ဆိုတာတွေဟာ မင်းတယောက်တည်း ဘဲရေးတယ်ဆိုတာငါသိတယ် ။
ဘာလဲမင်းကငြင်းအုန်းမလို့လား ။ မင်းငြင်းပိုင်ခွင့်ရှိပါတယ် ။
Lwan Sway ဆိုတာက ဘိုဘိုကျော်ငြိမ်း ဆိုတာငါသိတယ် ။ ဘိုဘိုကျော်ငြိမ်းနှင့် မင်းတပေါင်းတည်းဖြစ်သွားပြီ ဆိုတာကိုလဲ ငါသိတယ် ။ ဘိုဘိုကျော်ငြိမ်း ထမင်းစားဖိတ်လို့မင်းသွားစားပြီး ထမင်းဝိုင်းမှာ ဘိုဘိုကျော်ငြိမ်းက မင်းကို ငါ့ကိုတိုက်ဖို့တွန်းအားပေးတာကို မင်းလက်ခံခဲ့တယ်မဟုတ်လား ဘာကြောင့်လဲဆိုယင် ငါကမင်းတို့ရဲ့ ၈၈၈၈ ပြည်သူ့နေ့စဉ်သတင်းစာ နှင့်လေထန်ကုန်းကိုဝေဖန်ထောက်ပြတာကို မင်းမကျေနပ်လို့ ဘိုဘိုကျော်ငြိမ်းရဲ့ အသုံးချခံ လိုက်တာမဟုတ်လား ။ ဒါကြောင့် ငါ့အကောင့်ကို ပိတ် ငါကိုအခုလိုတိုက်ခိုက်တာမဟုတ်လား ငါအားလုံးကို သိပါတယ်ကွာ ။ ငါ့ကိုမင်းဘယ်တော့မှလိမ်ဖို့ မကြိုးစားပါနဲ့ကွာ ၊မင်းငယ်ပါသေးတယ် ။
မင်းတိုက်လာတဲ့ လေးဘက်ထောက် အကွက်လောက်ကို ပျင်းတောင်ပျင်းသေးတယ် ။
ဟိုတုန်းကတော့ မင်းလိုမလောက်လေးမလောက်စားလောက်ကို အခုလို အချိန်ကုန်ခံပြီးတုန့်ပြန်ဘို့ ငါဘယ်တော့မှမစဉ်းစားခဲ့ဘူး ။
အခုတော့ မင်းကဘိုဘိုကျော်ငြိမ်းရဲ့ အသုံးချခံဖြစ်နေတာကတကြောင်း။
မင်းရဲ့ အကျင့်စရိုက် အောက်တန်းကျတာရယ် မင်းလုပ်ရပ်က ငါတို့တိုက်နေတဲ့ ရန်သူစစ်အာဏာရှင် လုပ်ရပ်နဲ့တထပ်တည်းတူနေတဲ့ အတွက် မင်းကိုငါဘယ်တော့မှ ညှာတော့မှာမဟုတ်ဘူး ဆိုမင်းသိပါ ။
ဒီနေ့ ဒီရက်ကစပြီး မင်းစွမ်းသလောက် ငါကိုတိုက်ပါ ။မင်းဘယ်လောက်စွမ်းသလဲဆိုတာငါတချက်ကြည့်မယ် ။
မင်းရေးထားတဲ့အကြောင်းအရာတချို့ ကိုငါတုန့်ပြန်လိုက်မယ် ။

( ၁ ) မင်းက ငါကို 8888 power ကထုတ်လိုက်တာကို ဘာကြောင့်မရှက်မကြောက် ပြန်တိုက်ခိုက် နေရသလဲလို့ မေးတယ်ဟုတ်လား
ဒီမယ်နားထောင် မင်းကမတရားသဖြင့် မင်းမကြိုက်တဲ့သူတွေဆိုယင် တိုင်းပြည်အတွက် ဘယ်လောက်ဘဲအကျိုးရှိရှိဂရုမစိုက်ဘဲပိတ်လိုက်တယ် ။ မင်းကြိုက်ပြီဆိုယင် ဘယ်လောက်ဘဲ ရိုင်းစိုင်းတဲ့စကားတွေပါပါ ဖွင့်ပေးလိုက်တယ် ။မင်းဒီလိုလုပ်နေတာတွေဟာ အခုမှမဟုတ်ဘူး ကြာခဲ့ပြီ နောက်ပြီးငါ့တယောက်တည်းကိုဘဲ လုပ်ခဲ့တာမဟုတ်ဘူးမင်းလုပ်ခဲ့တဲ့သူတွေများခဲ့ပြီ ။အဲ မင်းရဲ့မတရားလုပ်ရပ်ကို တချို့ သူတွေကငြိမ်ခံနေကြပေမဲ့ အဲဒီသူတွေထဲမှာငါမပါဘူးကွ ။မင်းရဲ့ အောက်တန်းကျကျ မတရားမှုတွေကို ငါငြိမ်ခံမျာမဟုတ်သလို ဘယ်မတရားမှုကိုမှငြိမ်ခံမှာမဟုတ်ဘူး ဆိုတာ မင်းမြဲမြဲမှတ်ထားပါ ။ဒါကြောင့် 8888power မှာမင်းတဖက်သတ် ပိတ်ထားတာကို ငါမရရအောင် တက်ခဲ့တာဘဲ။
မင်း ငါ့အကောင့် ကိုပိတ်ထားတာကြာပြီမဟုတ်လား ဒါပေမဲ့ ငါတင်ချင်တဲ့ အချိန်မှာ ငါ့နာမည်နဲ့ တက်လာတာဘဲမဟုတ်လား အဲဒါမင်းကိုပညာပေးချင်လို့ဘဲ ။
ငါ့အကောင့်မရှိယင် နားအေးတယ်ဆိုရအောင် ငါရေးခဲ့တဲ့ဆောင်းပါး ၊ ငါဝေဖန်ထောက်ပြခဲ့တာတွေဟာ အကျိုးအကြောင်းခိုင်လုံစွာနဲ့ ရေးခဲ့တာတွေပါ ။ မင်းတို့လိုသရဲဘောကြောင်စွာ နာမည်အတုတွေနဲ့ ရေးချင်သလိုရေး၊ ဆဲချင်သလိုဆဲ အလုပ်တွေကို ငါဘယ်တော့မှမလုပ်ခဲ့ဘူးကွ ။ အရာရာအားလုံးကို ငါ့နာမည် အရင်းနဲ့ ဘဲ ရေးခဲ့တယ် မင်းတို့လိုသရဲဘောမကြောင်ဘူးကွ ။ ခံစရာရှိတာခံသွားမယ် စံစရာရှိတာ စံသွားမယ်အဲ။ ဒါငါ့ရဲ့မူဘဲကွ ။

( ၂ ) မင်းက ဘာမှမဆိုင်တဲ့ငါ့အကို ကိုကြည်ဝင်းကို ဘာကြောင့်တိုက်ရတာလဲကွ ။ ငါအကိုဟာ သူတတ်တဲံ့ ပညာနဲ့ ရိုးရိုးသားသားလုပ်စားနေပြီး ရတဲ့ငွေတွေကို သူ့မွေးရပ်မြေ ရခိုင်ပြည်သူတွေအကျိုးအတွက် သူတတ်နိုင်သလောက် လုပ်နေတာကို မင်းက သူကိုလုပ်စားလို့ဘာကြောင့် ပြောရတာလဲ ၊ ဘာအထောက်အထားနဲ့ပြောတာလဲ မင်းရှင်းပါ ၊ မင်းကော လူဘယ်နှစ်ယောက်ကို ကူညီခဲ့ဖူးသလဲ မင်းဖြေပါ ။

( ၃ ) မင်းက ငါ့ကို သတ္တရှိယင် နယ်စပ်ကိုဆင်းလာကြည့်ပါလား ဆိုပြီး စိန်ခေါ်တယ် ဟုတ်လား။
နေပါအုံးကွ မင်းက ဘယ်လိုသတ္တိမျိုးရှိနေလို့ ငါ့ကိုစိန်ခေါ်တာလဲကွ ၊ နယ်စပ်ကိုမင်းပြောယင်ပြီးတယ်လို့ ဆိုလိုချင်တာလား။ မင်းကတော်တော်ဟာသမြောက်တဲ့အကောင်ဘဲ ။ မင်းကိုငါတွေ့ချင်ယင် rockville က ယဉ်အေးအိမ်မှာ ကြိုက်တဲ့အချိန်မှာတွေ့လို့ရတယ်ဆိုတာ ဘဲ ၊ လွယ်လွယ်လေးပါ ။ မင်းဘဲသတ္တိရှိအောင်သာ မွေးထားပါကွာ ။ ငါ့အတွက်မပူပါနဲ့ ။ မင်း နှင့် ဘိုဘိုကျော်ငြိမ်းကို ကြောက်စိတ်ကလေးများတစက်ကလေး ၀င်လာမယ်ဆိုယင် ငါသမိုင်းစဉ်တလျှောက်စစ်အာဏာရှင်ကိုတော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ငါ့သမိုင်းကို မြေ မြှုပ်ပစ်လိုက်မယ် ။မင်းမြဲမြဲ မှတ်ထားပါ ။


သန်းဝင်း
11 / 12 /2010

အဆုံးထိဖတ်ရန်...

ရဲဘော်အပေါင်းသို့

Letter to Former Comrades Abroad

အဆုံးထိဖတ်ရန်...

အခွင့်ထူးစံနိုင်ငံရေးသမားများ၏ရန်

ချောလဲရောထိုင် ငါးပွက်ရာ င စာချတဲ့နိုင်ငံရေး တော်လှန်ရေးလုပ်စားနေသည့်ခေါင်းဆောင်များနှင့်
အခွင့်ထူးစံနိုင်ငံရေးသမားများ၏ရန်


ယနေ့ မြန်မာ့နိုင်ငံရေးကိုပြန်လည် သုံးသပ်လေ့လာကြည့်ပါမူ....မြန်မာ့နိုင်ငံရေးကို စစ်တပ်ကကြီးပဲ လွှမ်းမိုးထားတာမဟုတ်ပဲ၊ ချောလဲရောထိုင် ငါးပွက်ရာ င စာချပြီးနိုင်ငံရေးလုပ်စားနေသည့် နိုင်ငံရေးခေါင်းဆောင် အတုများနှင့် အခွင့်ထူးစံနိုင်ငံရေးသမားများလည်း မြန်မာ့နိုင်ငံရေးကို ချယ်လှယ်လွှမ်းမိုး ထားနေသည်ကိုသတိချပ်ရပါလိမ့်မည်၊ အဲဒီ ချောလဲရောထိုင် ငါးပွက်ရာ င စာ ချပြီး နိုင်ငံရေးလုပ်စားနေသူများဟာ ကိုယ်ပိုင်အစွမ်းအစ ရှိပင်ငြားလည်း သံယောင်လိုက်နိုင်ငံရေးကို ယနေ့တိုင် မြိန်ရည် ယှက်ရည် ရှက်ကြောဖြတ်ပြီး လုပ်ကိုင်နေဆဲ လုပ်ကိုင်နေမြဲပါပဲ။
သူတို့တတွေဟာနှစ်ပေါင်းများစွာ မြန်မာ့နိုင်ငံရေးစားကွက်ကို လုယူထားပြီး နေရာကောင်းတွေကိုလည်း ရယူပိုင်ဆိုင်ထားကြပါတယ်။ ဘယ်သူတွေဘာပြောပြော ဘယ်သူတွေဘယ်လောက် ရှုတ်ချရှုတ်ချ သူတို့ကတော့ ဘီယာလေးတမြမြနဲ့ လေကလေးချွန်ပြီ ဘိုနေမြဲ ကြားနေမြဲပါပဲ။ ကျနော်တို့မှာ ဘုံရန်သူတစ်၊ ဘုံရန်သူနှစ်ဆိုတာရှိပါတယ်။ ဘုံရန်သူတစ်က(နအဖ) (သို့) နောင်ဖြစ်ပေါ်လာတံ့ ရုပ်သေးအစိုးရ၊ ဘုံရန်သူနှစ်ကတော့ ချောလဲရောထိုင် ငါးပွက်ရာ င စာချတဲ့ နိုင်ငံရေးလုပ်စားနေသည့် ခေါင်းဆောင်များနဲ့ အခွင့်ထူးစံနိုင်ငံရေးသမားများဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ ဘုံရန်သူတစ်ဖြစ်တဲ့ စစ်အုပ်စုကိုပဲ ဦးစားပေးပြီး တိုက်ပွဲဝင်နေလို့မရတော့ပါဘူး။ အနီးကပ်ဆုံးဖြစ်တဲ့ ဘုံရန်သူ နံပါတ်နှစ်ကို အရင်ဦးစားပေး တိုက်ပွဲဝင်ကြရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနီးကပ်ဆုံးရန်သူဟာ အကြောက်ရဆုံးဖြစ်သလို ကျနော်တို့တတွေ လုပ်နေတဲ့ နိုင်ငံရေးပြေးလမ်းကြောင်းကိုလည်း ပိတ်ဆို့ပြီထိုင်နေလို့ပါပဲ၊ နေရာကောင်းတွေယူ၊ အမ်ဂျီအိုနဲ့ နိုင်ငံတကာအစိုးရ၊ အခြားအဖွဲ့အစည်းများမှာ ငွေလျှောက်တောင်း ငွေထုပ်ကြီးပိုက်ပြီးတော့ စစ်အစိုးရလုပ်တဲ့ နိုင်ငံရေးနောက် သံယောင်လိုက်ပြီး စတိတ်မန့်ထုတ် ဒို့အရေးလုပ်နဲ့ ၈၈ တော်လှန်ရေးကြီး အကျိုးပေးပုံဟာ မယုံကြည်နိုင်လောက်အောင် ငါတို့အတွက် တော် တော့ကိုအကျိုးပြုတယ်ဆိုပြီ နဖူးပေါ်လက်တင်ကာ အိပ့်ယာထက်မှာ စမြှုပ်ပြန်နေကြမယ်ဆိုတာကျိန်း သေတယ်။ အဲဒီလူတွေရဲ့စနက်ကြောင့် တော်လှန်ရေးကြီးအဓွန့်ရှည်ပြီး ဒီမိုကရေစီပန်းတိုင် အလှမ်းဝေးနေဦးနေမှာ မလွဲဧကန်ပါပဲ၊ တော်လှန်ရေးကြီးပြီးဆုံးမှာတို့ ဒီမိုကရေစီရရှိမှာတို့ ကိုတွေးတွေးပြီးကြောက်နေတဲ့ လူတွေအထဲမှာ ဒီလူတွေထိပ်ဆုံးကပါ နေမယ်ဆိုတာမြေကြီး လက်ခတ်မလွဲဆိုတာ တင်ပြရေးသားလိုပါသည်။

မှတ်ချက်။ ။ဒီလူတွေဟာ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ထိပ်ပိုင်းနေရာတွေနဲ့ အဓိက ကျတဲ့နေရာတော်တော်များများ မှာယူထားပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ဟုတ်တိ ပတ်တိ လက်ဆုပ်လက်ကိုင်ပြနိုင်လောက်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်၊ တော်လှန်ရေးလုပ်ဆောင်ချက် ဘာတခုမှ မယ်မယ် ရရ မရှိခဲ့ပါ။ ကြုံဒိုး လမ်းစဉ်နဲ့ ချောလဲ ရောထိုင် ငါးပွက်ရာ င စာချတဲ့ နိုင်ငံရေး၊ တော်လှန်ရေးလုပ်စားနေသူများသာဖြစ်ကြောင်း...တကယ်အန္တာရာယ်ကို ကျနော်တို့အားလုံးစုပေါင်း တွန်းလှန်ကာကွယ်ကြပါ....စို့။

အမေ့သား ( ဒိန်းမတ် )

အဆုံးထိဖတ်ရန်...

Sunday, November 7, 2010

စစ်အာဏာရှင် ခွေးတူဝက်တူတွေ နိုင်ငံပိုင်၊ ပြည်သူပိုင်တွေကို ဘယ်လောက်ထိ မြို၊ စို့ထားကြလည်းဆိုတာကို ကြည့်လိုက်ကြပါဦး

အဆုံးထိဖတ်ရန်...

စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မီတီကို တရားဝင် ဖျက်သိမ်းကြောင်းကြေညာချက်

08.11.210

အဆုံးထိဖတ်ရန်...

တွန်းလှန်မှုကို ငြင်းဆန်နေမှတော့

နှစ်ထောင့်တစ်ဆယ် နိုဝင်ဘာ ၇ ရက်
အဲဒီ...နိုဝင်ဘာ ၇ ရက်ဟာ
နှစ်ထောင့်ရှစ် ဖွဲ့စည်းပုံကိုအတည်ပြု
ပြည်သူတွေကို စစ်ကျွန်ပြုဘို့
ရွေးကောက်ပွဲကို တာစူလိုက်တာပဲ....အမေ။

တရားမျှတမှု ကင်းမဲ့ပြီး
သူနိုင်ကိုနိုင် ယှဉ်ပြိုင်ခြင်းမရှိ
ကိုနိုင်ဘို့တာ တဖက်သတ်ပြုလုပ်ကျင်းပတဲ့
နှစ်ထောင့်တစ်ဆယ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲ
အဲဒီ....ရွေးကောက်ပွဲကို
ကျနော်တို့ ထောက်ခံရမတဲ့လား....အမေ။

လွတ်လပ်ခွင့်တွေဆိတ်သုန်း
တရားဥပဒေ ပျက်သုန်းနေတဲ့ခေတ်ဆိုး
အဲဒီ....ခေတ်ဆိုးဆိုးကြီးထဲ
နေရတာထက် သေရတာကပိုမြတ်တယ်ဆိုတဲ့ အသိ
ပြည်သူတွေရင်ထဲ ရှိစေချင်တယ်။

လူကလူလို အထင်မခံရတဲ့ ဘဝ
လူကလူလို အဆက်ဆံမခံရတဲ့ ဘဝ
ဖိနှိပ်မှုအောက်မှာ အိပ်မောကျနေတဲ့လူတွေ
တွန်းလှန်မှုကိုငြင်းဆန်နေမှ တော့
လူလုံးမလှတာ အပြစ်တဲ့လား....အမေရယ်။
အမေ့သား(ဒိန်းမတ်)

အဆုံးထိဖတ်ရန်...

Saturday, November 6, 2010

ကဲ ... ကဲ ... နှလုံးရည်၊ လက်ရုံးရည်နှင့် သေနတ်ချင်းယှဉ်ပစ်ကြမယ်ကွာ၊ မြန်မာပြည် ဒီမိုကရေစီအရေး ဘေးချိတ်ထားကြစို့။



ဒီအဖွဲ့ကို ငါတည်ထောင်တာပါ ၊
ငါကမင်းတို့ ကိုခေါင်းဆောင်ခဲ့တဲ့ကောင၊်
ဒီအလံငါဆွဲတာ၊ ဒီတံဆိပ် ငါလုပ်တာ၊
အေဘီရဲ့  သမိုင်းအမှန်က ၅ ရက်နေ့ မှာမွေးတာ၊
ငါတို့ လိုခေါင်းဆောင်ခဲ့တဲ့ ကောင်တွေသာ သမိုင်းမှာအရေးပါတယ်ဆိုပြီး၊
ကိုယ့်ကိုယ်ဖော် မသူတော် ဆိုတဲ့ ဆိုရိုးစကားအတိုင်း . . ငါဟု တကောကောနဲ့  မဏွုပ်တိုင်တက်သူတို့ ၊ ၊ ၊ ၊
အခုလို အေဘီအက်ဒီအက်ဖ် ကို ဆီမဆွတ်ဘဲ အစိမ်းလိုက် ----- စော်ကားနေတဲ့ ----
အချောင်သမား လေထီးခုန်ဆင်းမန်တလာ မိုးဝင်းကို
ဘာမှပြန်မပြောကြ၊ မဆုံးမုကတောဘူးဘားဗျာ။
ငါက အုပ်ကထ ငါက အတွင်းရေးမူး ငါက တပ်ရင်းမူး ဆိုပြီး စာတွေခဏခဏ ရေးနေတဲ့
နိုင်ငံခြားရောက် အေဘီခေါင်းဆောင်ကြီးများ ခံလို့ ကောင်းုကတယ်လား ။
အထူးသဖြင့် -------
ကိုသန်းဝင်း ခင်ဗျား ကိုယ့်တပည့်ကို မနိုင်တော့ဘူးလား။

ခိုင်မြင့်မြတ်

အဆုံးထိဖတ်ရန်...

တကမ္ဘာလုံးမှာမှ ၈၈၈၈ ကျောင်းသားက ဒါဘဲကျန်တော့တယ်၊ ငါတို့လည်းမပါ ပါလား၊ ကျောင်းထုတ်ခံလိုက်ရပြီနဲ့တူတယ်။ စစ်အာဏာရှင်တွေကလည်း ငါတို့ကို လက်မခံ၊ ဒုက္ခပါဘဲ။

Statement Burmese+1
Statement English+2

အဆုံးထိဖတ်ရန်...

တောကြောင်တွေ လက်ခမောင်းခတ်နေပြီ၊ ( နိုင်ငံသစ် ) ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံ

Statement of People's Parliament

အဆုံးထိဖတ်ရန်...

Thursday, November 4, 2010

နအဖမှ ကျင်းပပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအား သပိတ်မှောက်ဆန့်ကျင်ပွဲ

05.11.2010

အဆုံးထိဖတ်ရန်...

စားခွက် အသစ်မရမှီ ဒီကိစ္စကို အရင်ရှင်းကြ

Open+Later+to+NCGUB

အဆုံးထိဖတ်ရန်...

ကျွန်ူပ်တို့အားလုံး ထင်ထင်ရှားရှား သရုပ်ဆောင်ကြသူတွေဖြစ်ကြပါစေ

ကျွန်ူပ်တို့သည်
နေ့အချိန်ဖြစ်စေ ညအခါဖြစ်ပစေ
ရာသီဆိုးလည်း ချိန်ခါမရွေး
ဆီမီးအပြည့် ထွန်းလင်းစွာဖြင့်
ပြည်သူ့အပေါ် ရင်းနှီးပျူဌါ
လှိုက်လှဲစွာဖြင့် ခရီးဦးကိုကြိုဆိုရမည်။
ကျွန်ူတို့သည်
ယုံကြည်ရာတွက် ခရီးဆက်သည့်ခါ
တကိုယ်ကောင်းဆန်မည့် ဆိုးကျင့်များကို ဖျောက်ပစ်ရမည်။
ကျွန်ူပ်တို့သည်
ကြီးငယ်မရွေး တာဝန်ဟူသမျှ
ထမ်းရွက်သည့်ခါ ပြည်ကျိုးတွက်ဆို
စောင့်သိသစ္စာ ထိန်းကြရမည်။
ကျွန်ူတို့သည်
အနာဂတ်အတွက် ခေါင်းဆောင်ကောင်းတွေ
ဖြစ်လာစေရန် နောက်လိုက်ကောင်းတွေ ဖြစ်ကြရမည်။
ကျွန်ူပ်တို့သည်
အထက်ကလာသည့် အမိန့်များကို
ဖီလာမဆန့်ကျင် ကောင်းဆိုးမဝေဖန်
ခေါင်းညိတ် ခေါင်းမခါတတ်သည့်
ဆိုးမွေများကို သဂြိင်္ုလ်စက်ထဲပို့ပစ်ရမည်။
ကျွန်ုပ်တို့သည်
ကောင်းခြင်းအတုကိုဘေးပယ်
ဖြောင့်မတ်သူကိုမုန်းတီး
အသစ်တဖန်မွေးဖွါးခြင်းကိုဆန့်ကျင်
ကွဲပြားခြားနားခြင်းကို ကျောခိုင်း
လမ်းလွဲလျှောက်မည့်
ခေတ်နောက်ပြန်ဆွဲ သူများအား
လမ်းမှန်သို့ တွန်းပို့ပေးရမည်။
ကျွန်ူပ်တို့သည်
တမြေထဲတွင် စစ်မက်ခင်းကျင်း
သဘောတရားခြင်း ကွဲလွဲ
လူမျိုးပြုန်းတဲ့ သွေးချောင်းစီးဆင်းမှုကို
သူသူ ငါငါ
ရပ်တန်းက ရပ်ပစ်ကြရမည်။
ကျွန်ူပ်တို့သည်
အကျိုးမဲ့သည့် သွေးခွဲမှုကိုဆန့်ကျင်
သဘောတရား ကွဲပြားမှုတွေစွန့်ပစ်
ညီညွှတ်ခြင်းကိုစုံမက်
အချင်းချင်းခိုက်ရန်မပွါးတဲ့
ချစ်ခင်ခြင်းအပေါ်
မြတ်နိုးသွယ်တာတတ်ရမည်။
ကျွန်ူပ်တို့သည်
ရန်ဘက်မရှိ ပြိုင်ဘက်ကင်းသည့်
အရိုးခံစိတ်နှင့် ရိုးသားစွာဖြင့်
နေရာခပ်သိမ်းတို့တွင်
ကျင့်ကြံနေထိုင်အားထုတ်တတ်ရမည်။
ကျွန်ုပ်တို့သည်
ပြုသူအပေါ် ရန်ငြိုးမထား
မုန်းမာန်မပွါး...တဲ့
မလိုတမာကင်းသည့်
ဖြူစင်စိတ်ထား မွေးကြရမည်။
ကျွန်ူပ်တို့သည်
အမှောင်လွှမ်းမယ့် စိုးရိမ်ကြောက်စိတ်
ရှိခဲ့ပါမူ
ဘဝလမ်းတွင်ထားခဲ့ရမည်။
ကျွန်ူတို့သည်
အေးတူပူအမျှ ခံစားမျှဝေ
စိတ်နှလုံးထားကာ လူသားများရဲ့
လောကကြီးကို အမြင်သစ်နဲ့
ဆန်းသစ်လာအောင် ကြည့်တတ်ကြရမည်။
ကျွန်ူပ်တို့သည်
ပြည်ကျိုးအတွက် ကောင်းကျိုးတွေကို
ထမ်းရွက်သည့်အခါ ထင်ထင်ရှားရှား
သရုပ်ဆောင်ကောင်းသူတွေ ဖြစ်ကြပါစေ။

အမေ့သား(ဒိန်းမတ်)

အဆုံးထိဖတ်ရန်...

Wednesday, November 3, 2010

နောက်တကြိမ် လာပြန်ပြီဗျို့ ( တယောက်ပြီးတယောက် မရိုးရအောင် )

ပေးစာ 
" Houston မြို့က ရွေးကောက်ပွဲ ထောက်ခံတဲ့ BAAT အဖွဲ့ရဲ့ နီနီဝင်းရွှေ စတိတ်ရှိုးပွဲ ရပ်တန့်ပေးရန်”-(Houston မြို့ခံတဦး)- nov 03,2010

သို့
ဟစ်တိုင် အယ်ဒီတာ
နိုဝင်္ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ မြန်မာပြည်မှာ စစ်အာဏာရှင် နအဖက ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားပါတယ်။မြန်မာမှန်ရင် အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်ဘူးဆိုတာ သိသင့်သလို အဲဒီနေ့ဟာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ဈေးရောင်းပွဲ လုပ်ရမယ့်နေ့လည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့မထောက်ခံသင့်တဲ့ ရွေးကောက်ပွဲလဲဆိုတော့ နအဖအကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာပြည်သူ ပြည်သားတွေရှိနေသေးလို့ပါပဲ။

တချို့နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေဆိုရင် စစ်ထောက်လှမ်းရေးရဲ့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးခဲ့ကြရပါတယ်။အများအားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သူတိုင်း နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အသတ်ခံကြရတတ်ပါတယ်။

စိတ်မကောင်းစရာ ၀မ်းနည်းစရာ သတင်းဆိုးတခုကို တင်ပြချင်ပါတယ်။စာရေးသူတို့နေထိုင်နေတဲ့ အမေရိကန်နိုင်ငံ၊တက္ကဆက်ပြည်နယ်၊ Houston မြို့မှာ လာမယ့် နိုဝင်္ဘာလ ၆ရက်နေ့စနေနေ့ညနေမှာ BAAT (Burmese American Association of Texas)အဖွဲ့ဥက္ကဌ ဒေါ်အေးအေးကြည် ဦးဆောင်စီစဉ်ပြီး နအဖရဲ့ရွေးကောက်ပွဲကို ထောက်ခံတဲ့ပွဲ တခုလုပ်မယ်ဆိုတဲ့ သတင်းဆိုးပါပဲ။

ယခု ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေတဲ့ နိုင်ငံကျော်အဆိုတော် နီနီဝင်းရွှေကို ဖိတ်ကြားပြီး လူကြီး ၁၀ဒေါ်လာ၊၁၂နှစ်အောက်ခလေး ၅ဒေါ်လာနှုန်းနဲ့ ရုံဝင်ကြေးယူကာ ရွေးကောက်ပွဲ ထောက်ခံတဲ့ စတိတ်ရှိုးကျင်းပကြမယ့် လုပ်ရပ်ပါပဲ။

အမေရိကမှာ နိုဝင်္ဘာလ၆ရက် ညနေဆိုရင် -မြန်မာပြည်မှာ နိုဝင်္ဘာလ၇ ရက် မနက်ဖြစ်ပါတယ်။ရွေးကောက်ပွဲလုပ်မယ့်ရက်ကို တမင်သက်သက် ချိန်ကိုက်ပြီး ထောက်ခံပွဲလုပ်တာဖြစ်လို့-ဘယ်လို နည်းနဲ့ပဲ အကြောင်းပြပြ- ဒါ တိုက်ဆိုင်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ တမင်သက်သက် ရည်ရွယ်ပြီးတော့ကို ထောက်ခံပွဲ ကျင်းပတာပါ။

အကယ်၍ ရိုးရိုးသားသားနဲ့ တိုက်ဆိုင်ခဲ့တာဆိုရင် အချိန်မှီပါသေးတယ်။အဲဒီစတိတ်ရှိုးပွဲကို လုပ်မှာကို ရပ်ပစ်လိုက်ပါ။(သို့မဟုတ်) ရက်ရွေ့ဆိုင်းပြီးလုပ်မယ်ဆိုရင် နောက်မကျသေးပါဘူး လို့ သတင်းမီဒီယာတွေကတဆင့် တင်ပြချင်ပါတယ်။

Houston မြို့ခံတွေအနေနဲ့လည်း -အားလုံးဟာ မြန်မာပြည်ဒီမိုကရေစီထွန်းကားတာကို မြင်ချင်လို့-လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတယ်ဆိုရင် - BAAT (Burmese American Association of Texas)အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေမှာ ချို့ယွင်းချက်တွေ ရှိနေတာကို အသိစိတ်နိုးကြားလာအောင် လေးစားမှုနဲ့ တိုက်တွန်းပြောဆိုကြရပါမယ်။ ဒါကို မလိုက်နာဘူးဆိုရင်တော့ အားလုံးက သူတို့အဖွဲ့လုပ်တဲ့ ရွေးကောက်ပွဲ ထောက်ခံ စတိတ်ရှိုးပွဲကို ကန့်ကွက် သင့်ပါတယ်။

အဆိုတော်နီနီဝင်းရွှေလည်း ပြည်သူချစ်တဲ့ အဆိုတော်တဦးဆိုရင် အများပြည်သူ သဘောမတူတဲ့ နအဖရွေးကောက်ပွဲကို ထောက်ခံတဲ့ စတိတ်ရှိုးပွဲကို လာရောက်ဖျော်ဖြေခြင်း မပြုဖို့ ဟစ်တိုင်ကတဆင့် မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။

လေးစားစွာဖြင့်-

Houston မြို့ခံတဦး

(မှတ်ချက်-) BAAT (Burmese American Association of Texas)အဖွဲ့ရဲ့
ဥက္ကဌ ဒေါ်အေးအေးကြည်ရဲ့ စတိတ်ရှိုးဖိတ်စာ (အင်္ဂလိပ် ဘာသာဖြင့်) ကို www.baatx.org မှာ ဖိတ်ကြားထားတာကို ကူးယူလျှက်၊ ယခုပေးစာနဲ့တကွ ပူးတွဲဖော်ပြလိုက်ပါတယ်။
baat အဖွဲ့ဝက်ဆိုဒ်မှာ ဖိတ်စာကြည့်လိုလျှင် -နှိပ်ပါ ။
-------------------------------------------------------------------------
The following is the copy of BAAT invitation.

Dear Members and Friends,
I am pleased to inform that Ni Ni Win Shwe, a very famous Burmese singer, has graciously accepted BAAT's request for her performance at the annual November party. The party will be held on November 6, 2010 (Saturday) at the Tracy Gee Community Center in Houston from 5 to 10 pm.

Tickets will be $10 for an adult and $5 for a childr under 12. Boxed dinner and soft drinks will be provided. The planning committee is working hard to put the finishing touches for this party. Additional details about the party and where to get the tickets are forthcoming.

Sincerely,

Aye Aye Kyi
2010 BAAT President
BAAT
www.baatx.org

http://hittai.net/?show=rm&fileid=61&t=home10&id=10 မှ ကူးယူသည်။

အဆုံးထိဖတ်ရန်...

ONSOB မှ ဒိန်းမတ်ဝန်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ခဲ့ကြောင်း



Open Letter to the Prime Minister

အဆုံးထိဖတ်ရန်...