Pages

Wednesday, October 27, 2010

Tuesday, October 26, 2010

လမ်းလွှဲတာတော့ တော်တော့ကို လွှဲနေကြပြီ၊ ပြည်သူ့ကြားဖြတ်အစိုးရ မဖွဲ့ရဲလို့လား

NLD1

အဆုံးထိဖတ်ရန်...

အာရုံဦးမှာ ရှော့ ရှိတယ်

1 :http://www.facebook.com/video/video.php?v=1634863121488Episode 2: http://www.facebook.com/video/video.php?v=1637497827354Episode 3: http://www.facebook.com/video/video.php?v=1637501147437Episode 4: http://www.facebook.com/video/video.php?v=1637502107461Episode 5: http://www.facebook.com/video/video.php?v=1637523627999Episode 6: http://www.facebook.com/video/video.php?v=1637537788353Episode 7: http://www.facebook.com/video/video.php?v=1637538668375Episode 8: http://www.facebook.com/video/video.php?v=1637561388943Episode 9: http://www.facebook.com/video/video.php?v=1637581469445Episode 10: http://www.facebook.com/video/video.php?v=1637587029584Episode 11: http://www.facebook.com/video/video.php?v=1637589069635Episode 12: http://www.facebook.com/video/video.php?v=1637608550122

အဆုံးထိဖတ်ရန်...

မြန်မာတနိုင်ငံလုံးကို ကူးဆက်တော့မည့် သပိတ်မီးများ စတင်လာ

ရွေးကောက်ပွဲကို လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြ
2010-10-25

မကြာခင် စစ်အစိုးရပြုလုပ်မဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက တိုင်းရင်းသား လူအင်အား တထောင်ကျော်လောက် အောက်တိုဘာလ ၂၅ရက် ဒီကနေ့ မနက်ပိုင်းမှာ စုရုံးဆန္ဒပြခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က အခုလို သတင်း ပေးပို့ထားပါတယ်။


ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဖက်ခြမ်း ၄ မိုင်အကွာမှာ ရှိတဲ့ကျေးရွာတွေက လူထုတွေဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့အဝင်က စစ်တပ်ဂိတ်ဝထိ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပါတယ်။


“နအဖကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုအနေနဲ့ ဆန့်ကျင် တိုက်ဖျက်တဲ့ လူထုလှုပ်ရှားမှု ဆန္ဒပြပွဲပါ။ ဒေသခံ ကြာအင်းဆိပ်ကြီး မြို့နယ်တဝိုက်မှာ ရှိတဲ့ ရှမ်းလူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ မွန်လူမျိုးတွေ နေတဲ့ ကျေးရွာရယ်၊ ကရင်လူမျိုးတွေ နေတဲ့ကျေးရွာရယ်၊ ကြာအင်း ဆိပ်ကြီး အနောက်ဖက်က။ ဒီကနေ့ မနက်ကတော့ အင်အား တထောင်နဲ့ တရာကျော် ပါတယ်။ ၂၀၁၀ နအဖ ရွေးကောက်ပွဲ အလိုမရှိဆိုတာကို ကြွေးကြော်ပါတယ်။ ပြီးတော့မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ နောက် ဒီမိုကရေစီ တည်ဆောက်ရေး၊ နောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဒို့အရေး ဒို့အရေးဆိုပြီး ကြွေးကြော်ပါတယ်။ ပြီးတော့မှ အရေးတော်ပုံ အောင်ရမည် အောင်ရမည်။ အဲဒါပါ။”


ချီတက်ဆန္ဒပြခဲ့တဲ့ နောက်ဆုံးနေရာဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ရှေ့တန်းအခြေချ စစ်ဗျူဟာရုံးရှိတဲ့နေ ရာဖြစ်ပါတယ်။ စစ်အစိုးရအာဏာပိုင်တွေဖက်ကတော့ နှောင့်ယှက်ဟန့်တားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။


အလားတူ ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့တုန်းကလည်း ကြာအင်းဆိပ်ကြီးနဲ့ ချောင်းနှစ်ခွ ကားလမ်းဘေးမှာ တိုင်းရင်းသား အင်အား ၅၀ဝ ကျော်လောက်က စုရုံးဆန္ဒပြခဲ့တယ်လို့သိရပါတယ်။ ခုလိုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း ဆန္ဒပြရာမှာပါဝင်တဲ့ ကိုဇာနည်သွေးက အခုလိုပြောပြပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ သဘော ဆန္ဒကိုလည်း မြန်မာတနိုင်ငံလုံးလည်းသိနိုင်အောင် ကျနော်တို့ တကမ္ဘာလုံးကလည်း သိနိုင်အောင် အဲဒီ တခြား တခြားသော ဒေသတွေမှာ ရှိတဲ့ မြန်မာပြည်သားတွေလည်း သူတို့ ရောက်ရှိတဲ့ နေရာမှာ သူတို့ရဲ့ သဘောဆန္ဒကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြသဖို့ အချိန်ရောက်ပြီ ဆိုတာကို ပြသဖို့ ကျနော်တို့ ဆန္ဒပြခြင်း ဖြစ်ပါတယ်။”


ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ ဒေသတွင်းမှာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ ဥပဒေနဲ့ မကိုက်ညီတဲ့ ကြိုတင်မဲတွေ လိုက်လံ ကောက်ယူတာမျိုးတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


ကရင်ပြည်နယ် အတွင်းက ဒေသအချို့ဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ် ကြေညာထားကြောင်း သိရပါတယ်။

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ
By နိုင်ကွန်းအိန် တနင်္လာ, 25 အောက်တိုဘာ 2010

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။ မွန်ပြည်နယ် အတွင်းမှာလည်း စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ဒီကနေ့မနက်မှာ တိုင်းရင်းသား ၅ဝဝ လောက် ဝိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆက်လက်ပြီးတော့လည်း အခုလို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် အတွင်းမှာလည်း ကရင်လူမျိုး အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့တဲ့အတွက် ရွာသား ၇ဝဝ ကျော် ဆန္ဒပြခဲ့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်အကြား ကျောင်းရွာအနီးမှာ ဒေသခံ တိုင်းရင်းသားတွေ စုပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီမနက်မှာ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင်တဦးက ပြောပါတယ်။

“တိုက်ပွဲကို ဘာကြောင့် ကျနော်တို့ တိုက်ခဲ့ရသလဲ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ပြည်သူ့တာဝန် ဘယ်လိုရှိတယ်ဆိုတာ ကျနော် ဆွေးနွေး တင်ပြသွားပြီ။ ကျနော်တို့ ဆွေးနွေးတင်ပြတဲ့ အပေါ်မှာ မသိတာရှိလား၊ အားလုံး သဘောပေါက်လား။”

ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်မှာ ရှိတဲ့ ကျေးရွာသား ၅ဝဝ လောက် ဆန္ဒပြခဲ့တယ်လို့လည်း ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကိုတော့ ဆန္ဒပြ ခေါင်းဆောင်တဦးက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ သံဖြူဇရပ်နဲ့ ရေးရထားလမ်း အနီးအနား တပ်နဲ့ ၂ မိုင်အကွာမှာ ကျနော်တို့ တိုင်းရင်းသား အားလုံးက ဆန္ဒပြတယ်ခင်ဗျာ့။ ကျနော်တို့မှာ လူအင်အား ၅ဝဝ ကျော် ရှိပါတယ်ခင်ဗျာ့။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကို အကောင်အထည် ဖော်ပေးဖို့ရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို မပြုလုပ်ပေးဘဲ တဖက်သတ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ အတင်းအဓမ္မ ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတာရယ်၊ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာကတောင် လက်မခံဘဲ တရားမျှတမှု မရှိတဲ့ နအဖ စစ်အာဏာရှင်တို့ ကျင်းပသွားမယ့် ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျနော်တို့ လူထုအနေနဲ့ ဆန့်ကျင် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ဒီကိစ္စကို ဒီနေရာတင် မကဘဲနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်ခင်ဗျ။”

ဒီဆန္ဒပြပွဲကို မနက် ၇ နာရီကနေ စတင်ပြီး ၁ဝ နာရီခွဲမှာ ပြီးဆုံးသွားပါတယ်။ အမြန်စု အမြန်ခွဲစနစ်နဲ့ ဆန္ဒပြခဲ့ရတယ်လို့လည်း ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။ ရေးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁ဝ ရွာကျော်က ရွာသားတွေနဲ့ သံဖြူဇရပ်မြို့နယ်က ကျေးရွာသားတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒေသခံ ရွာသူတဦးကတော့ ဆန္ဒပြပွဲ တက်ရောက်ခဲ့ခြင်း အကြောင်းကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ ကျမတို့ လူထုရဲ့ ဆန္ဒကတော့၊ ဒီနေ့ ဆန္ဒလာပြရေး အကြောင်းအရင်းက ဒီစစ်အာဏာရှင် ရွေးကောက်ပွဲကို အယုံအကြည် မရှိတဲ့ အတွက်ကြောင့်မို့ စစ်အာဏာရှင်အတွက် သက်ဆိုးရှည်ရေးဖြစ်အောင် လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့က လာရောက်ပြီးတော့ ကန့်ကွက်ရခြင်း ဖြစ်ပါတယ်။”

လက်ရှိအချိန်အထိတော့ စစ်အာဏာပိုင်တွေကနေ အရေးယူ ဖမ်းဆီးခြင်း မပြုသေးပေမဲ့ အရေးကြီးတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကတော့ လုံခြုံရေးအရ ယာယီ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရရုံးတွေမှာ ဆန္ဒပြတာ မဟုတ်ဘဲ စစ်အာဏာပိုင်တွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ဆန္ဒပြခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသမှာလည်း လူဦးရေ ၇ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

“ကြာအင်းဆိပ်ကြီးမှာ ပြီးသွားပြီ။ အဲဒီ ဖာတလယ်ရွာမှာ။ ဖာတလယ်ရွာကျတော့ လူအင်အား ၇ဝဝ၊ ၈ဝဝ လောက်တော့ ရှိတယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။ ပြီးလို့ရှိရင် သူတို့ နယ်ဘက်မှာ အဲဒါ အပိတ်ခံရတယ်။ အပိတ်ခံရတဲ့ အတွက်ကြောင့် သူတို့က ထပြီးတော့ အော်တယ်။”

ကရင်ပြည်နယ် ၇ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခြင်း မပြုတဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ ကျေးရွာအုပ်စုပေါင်း ၁၅၅ အုပ်စု မဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့လို့ ဆန္ဒပြခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အတွင်းက ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကနေ တတိုင်းပြည်လုံး ပျံ့နှံ့သွားမယ်လို့လည်း အမည်မဖော်လိုသူ ပြည်တွင်း နိုင်ငံရေးသမား တဦးက သုံးသပ်ထားပါတယ်။ ဒီလို ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ပြီး ပြုလုပ်သွားမယ်လို့လည်း ရေးမြို့နယ်မှာရှိတဲ့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောပါတယ်။

အဆုံးထိဖတ်ရန်...

Thursday, October 21, 2010

နိုင်ငံအတွက်အရေးကြီးနေသာအချိန်တွင် မယောင်ရာဆီလူးနေကြသော AB မှ ရဲဘော်ဟောင်း ခေါင်းဆောင်များ

Dear Than Win,

First I want you to know that I have no intention to fight with you, I am writing this letter to straighten the history of ABSDF. My humble advice for you is to write your role in ABSDF and DAB. Many people need to know about it, you have first hand experience. I hope you will agree.
I do not want to say about the posting in people's power but I want to correct two thing. ABSDF final design was drawn by U Aung Sein but I was the one who drawn sword by sword, spear by spear with sword and spear crossing with the star in the middle and gave a draft to U Aung Sein because Ne Win challenged that students could fight against him sword and sword, spear by spear if they dare after troops blown up the historical student Union building on July 8, 1962. Ask U Aung Sein is it true?. U Aung Sein drew peacock crossing on top of the Burma map on the other side of the arm and shown to me, I like it and approved it. It was drawn in Wankha night market on the other side of the camp. Worker Union Chairman Aung Kyi Oo was with us. I was the one who drawn fighting peacock for our letter head but Myat Soe and Win Moe rejected my design and complained about the tail will be up. We could not reach an agreement and later I compromised to draw the tail up like the head because I want to declare the world that we formed ABSDF. We finally posted on November 10, 5 days behind the formation of ABSDF. I woke up Tun Oo around 4am in the morning and sent him to the Wankha camp office while all central committee members were sleeping. He used the KNU Mimeograph and print our first declaration. I attached the first declaration of ABSDF with attach files. Later I changed the peacock tail to put down and also added the spot on the tail. ABSDF only have a black spot on the tail because we made it different.

Also right now some people think ABSDF was born on November 1st, 1988 and it was not true ABSDF was born on Novenber 5, 1988. Just correct the historical facts that Than Khe would not know. I want Than Khe to fix the birthday of ABSDF it was not Nov 1st, it was Nov 5th. We cannot changed the date for our own convenient or made it to a easy date of November 1st. We cannot change Burma Independent day from January 4th to January 1st. At the time I think Than Khe is not even ABSDF member yet in India camp. The student conference started on January 1st , 1988 ABSDF was not born yet, do not mixed student conference and the birth of ABSDF.

I respect all our former and current leaders and members. I want to request all of you to calm down and do the right thing. We all need to accept the truth and if we make a mistake, we have to fix it, it is not too late. I will post some documents that I save for the records because most of the records were lost or forgotten.

This letter is only for ABSDF members not to post it on the net because we are not fighting each other, we are correcting the history. I Hope you all will agree with me.

with humbly

Htun Aung Gyaw


လက်ရှိ ABSDF မှာတာဝန်ထမ်းဆောင်နေကြသောခေါင်းဆောင်၊ရဲဘော်များခင်ဗျား

အေဘီဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် ထောက်ပြတဲ့ အေဘီမွေးနေ့ရက် ၁၉၈၈ နိုဝင်ဘာလ ၅ ရက်နေ့ဟာ
သမိုင်းအမှန်ဘဲဖြစ်ပါတယ် ။ ABSDF ပထမညီလာခံကို ၁၉၈၈ နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်ထိ ကျင်းပခဲ့ပြီး
နောက်ဆုံးရက် နိုဝင်ဘာလ ၅ ရက်နေ့ကမှ တညီတညွတ်တည်းဆုံးဖြတ်ကြပြီးမှ ABSDF ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ရဲဘော်များအနေဖြင့် အခုလာမဲ့ABSDF မွေးနေ့ ပွဲကိုသမိုင်းအမှန်အတိုင်း နိုဝင်ဘာလ ၅ ရက်နေ့ကိုပြောင်းလဲ
ကျင်းပပေးကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါတယ်။

ရဲဘော်ရဲဘက်များကိုအစဉ် ချစ်ခင်လေးစားလျှက်

သန်းဝင်း
အထွေထွေအတွင်းရေးမှူး (၁၉၈၈ )
ABSDF

အဆုံးထိဖတ်ရန်...

မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး ဆင်နွှဲကြတော့မည်။

အထွေထွေသပိတ် တိုက်ပွဲကြီး ဆင်နွှဲမည်
မြတ်ခိုင်ဦး / ၂၁ အောက်တိုဘာ ၂၀၁၀

လာမည့်စနေနေ့၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းတခွင်လုံး၌ အထွေထွေသပိတ်ကြီး ဆင်နွဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီမှ တိုက်တွန်း နှိုးဆော်လိုက်သည်။

“၂၀၁၀ ရွေးကောက်ပွဲဟာ တရားမမျှတလို့ပါ၊ အခြေခံဥပဒေကိုလည်း မကြိုက်လို့ပါ။ လူ့အခွင့်အရေးလည်း လုံးဝမရှိတဲ့အတွက်ကြောင့်ပါ၊ ဒါကို ပြည်သူလူထုကလည်း သိပြီးသား ဖြစ်တဲ့အတွက်ကြောင့် အခုလို တက်ညီလက်ညီနဲ့ သပိတ်မှောက်ရခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့နေ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါ အထွေထွေသပိတ်ကော်မတီအား ယခုလ အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာပြည်ရှိ တိုင်း (၆) တိုင်း၊ ပြည်နယ် (၄) ခုတို့မှ ကိုယ်စားလှယ်ပေါင်း (၂၁) ဦးတို့က ဦးဆောင်ကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အထွေထွေ သပိတ်ကော်မတီကို ပြည်သူလူထုတရပ်လုံး၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ဌာ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့သည် လွန်ခဲ့သော ရက်ပိုင်းများကတည်းက ရန်ကုန်မြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာများ ဖြန့်ဝေကာ လူထုကို စည်းရုံးထားကြောင်းလည်း အဆိုပါ သပိတ်ကော်မတီဝင် တဦးက ပြောသည်။

ပြည်သူလူထုပါဝင် ဆင်နွှဲလာမည်ဟုလည်း ယုံကြည်ကြောင်း ၎င်းက “ဟုက်ကဲ့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေကလည်း သူတို့ မတရား လိမ်နေတာကို သိနေတဲ့ အတွက်ကြောင့်ပါ၊ ဒီတခါဆိုတာ ဒီမိုကရေစီရဖို့အတွက် နောက်ဆုံးအချိန် ဖြစ်လို့ပါ။ ပြည်သူတွေပါမှာပါ” ဟု ဆိုသည်။

ရင်ဆိုင်ကြုံတွေ့ရနိုင်မည့် အခြေအနေများနှင့် ရပ်တည်ချက်များနှင့် ပတ်သက်၍လည်း ၎င်းက “ကျနော်တို့ကတော့ မထူးတော့ဘူးလေဗျာ။ ပြည်သူတွေမှာက သေမထူး နေမထူး ဖြစ်နေပြီလေ။ ဒီအတိုင်း ခေါင်းငုံ့ခံနေရင် ကျနော်တို့ ဘ၀တွေဟာ သွားပြီလေဗျာ။ စစ်ဖိနပ်အောက် ပြားပြားမှောက်နေရတော့မှာလေ။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေဟာ ထိပ်တိုက်ရင်ဆိုင်ကြမှာပါ” ဟု ဆက်လက် ရှင်းပြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီအနေဖြင့် ဘက်ပေါင်းစုံမှ အကွက်ကျကျ စီစဉ်ထားကြောင်း၊ ပြည်သူများအနေနှင့် ၎င်းတို့နှင့်အတူ ပါဝင်အားဖြည့်ကြရန်လည်း ပြည်သူများအား ပြန်ကြားကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ အနေနဲ့ကတော့ ယုံကြည်ချက်ကို ဦးတည်ထားတဲ့အတွက်ကြောင့် အောင်ကိုအောင်မြင်မှာပါ၊ ဒီမိုကရေစီပန်းတိုင် ရောက်ကိုရောက်မှာပါ” ဟုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ် ကော်မတီဝင်တဦးက ပြောကြားသွားသည်။
www.khitpyaing.org

အဆုံးထိဖတ်ရန်...

၈၈၈၈တိုက်ပွဲဝင် ကျောင်းသားအစစ်အမှန် လေထန်ကုန်းမှာ ဘယ်သူရှိလဲ

၈၈ပြည်သူ့နေ့စဉ်သတင်းစာနှင့် လေထန်ကုန်းမှပုဂ္ဂိုလ်များ သို့
လေထန်ကုန်းကို ကြောက်ဖို့ကိုမပြောနဲ့ ရှိတယ်လို့တောင်မထင်ပါ။
လေထန်ကုန်းကြောင့် နာဖို့မပြောနဲ့ဘယ်သူမှဘာမှမဖြစ်တဲ့အပြင် ခင်ဗျားတို့ကိုယ်တိုင်ဘဲ နာကျင် ထိခိုက်သွားတယ်ဆိုတာသဘောပေါက်ပါ။ လေထန်ကုန်းကိုပြပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရအောင် ခင်ဗျားတို့ နာမည်အတိအကျနဲ့ ဝေဖန်တိုက်ခိုက်ထားတာရှိလို့လား၊ သရဲဘောကြောင်စွာနှင့် သူများတွေကိုလဲတိုက်ခိုက်ချင်သေးတယ် သတ္တိကလဲမရှိ သူများတွေထိခိုက်ယင် ကျေနပ်နေကြပြီး ကိုယ်ထိခိုက်မှာကို သေမလောက်ကြောက်နေကြတဲ့ ခင်ဗျားတို့လိုလူ့အတ္တ ။ လူ့ငကြောက်တွေကို ဘယ်သူ့ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်စရာလိုအပ်လို့လဲ။ ခင်ဗျားတို့ ကျုပ်စာကိုလေးလေးနက်နက်ဖတ်ရင် ဘာကိုဆိုလိုတယ်ဆိုတာ နားလည်လိမ့်မယ်။
ခင်ဗျားတို့လေထန်ကုန်းကိုကြောက်လို့၊ ကျုပ်ကိုထိခိုက်လို့ခင်ဗျားတို့ကို ဝေဖန်တိုက်ခိုက်တယ်လို့ထင်ရင်လုံးဝမှားလိမ့်မယ်။ ကျုပ်အဓိကဝေဖန်ရခြင်းအကြောင်းအရင်းက ခင်ဗျားတို့သတင်းစာမှာပါတဲ့လေထန်ကုန်းဟာ မလုပ်သင့်တဲ့အလုပ်ကိုလုပ်လို့ ၊မဝေဖန်သင့်တဲ့အကြောင်းအရာကိုဝေဖန်လို့ မဝေဖန်သင့်တဲ့ပုဂ္ဂိုလ်တွေကိုဝေဖန်အပုပ်ချလို့ ကျုပ်ကခင်ဗျားတို့ကိုဝေဖန်ထောက်ပြတာ ။
ခင်ဗျားတို့ဟာ စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်း ။ရဟန်းသံဃာများ ၊လူပုဂ္ဂိုလ်များ တဖွဲ့ တပါး တယောက်မှမကျန်အောင်အပုပ်ချတိုက်ခိုက်ထာပြီးဖြစ်တယ်၊ ဒါဟုတ်လား၊ မဟုတ်လား ခင်ဗျားတို့ဖြေပါ။
ခင်ဗျားတို့ဒီလိုဘာရည်ရွယ်ချက်၊ ဘာအကြောင်းကြောင့် လုပ်ကြတာလဲဆိုတာ ခင်ဗျားတို့ဖြေရှင်းဖို့ လိုအပ်တယ်လို့ကျုပ်ထင်တယ်။
ဒီလိုဆိုယင်ခင်ဗျားတို့ကိုကျုပ်မေးမယ်
၁။ ခင်ဗျားတို့ကကော ဘယ်လောက်သူများထက်သာအောင်၊ ထိရောက်အောင်လုပ်နေကြလို့လဲ ?
၂။ခင်ဗျားတို့ကကော ဘယ်လောက်များ သူများထက်သန့်ရှင်းစင်ကြယ်လို့ သူများတွေကို အပုပ်ချတိုက်ခိုက်နေရတာလဲ?
၃။ ခင်ဗျားတို့လုပ်ရပ်တွေဟာ ဘယ်လောက်များ ဒီမိုကရေစီကျင့်ဝတ်နဲ့ညီနေကြလို့လဲ? ။

ဒီမေးခွန်းတွေကိုခင်ဗျားတို့ဖြေပါ။

၈၈ပြည်သူ့နေ့စဉ်သတင်းစာ ၏ သမိုင်းမှာအမဲစက်တင်မည့်ကြီးမားသောအမှား
နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာအစဉ်အလာကြီးမားသော ခွပ်ဒေါင်းအလံတော်ကြီး အမေရိကန်မြေပေါ်မှာ ၀င့်ဝင့်ကြွားကြွားတလူလူလွင့်နေတဲ့အချိန်မှာ အားလုံးကဂုဏ်ပြုကြ ၊ ချီးကျူးကြနဲ့ အသံမစဲတသဲသဲဖြစ်နေခဲ့ပါတယ်။ မကြာခင်မှာဘဲ ၈၈ပြည်သူ့နေ့စဉ်သတင်းစာထွက်လာခဲ့တယ်၊ ဒီသတင်းစာ ရဲ့လေထန်ကုန်းကဏ္ဍမှာ ခွပ်ဒေါင်းပုံကိုစုတ်ပြတ်သပ်အောင်ဆွဲပြီး ဘေးမှာ`ဠင်းတ ပုံနဲ့ ယှဉ်တွဲထားပြီး အောက်မှာ ခွပ်ဒေါင်းနှင့် `ဠင်းတ ယှဉ်ပြိုင်တဲ့အခါ `ဠင်းတ ကရာခိုင်နှုန်း ၇၀ ကျော်နဲ့ ခွပ်ဒေါင်းက ရာခိုင်နှုန်း ၃၀ကျော်ရပြီး `ဠင်းတ ကနိုင်သွားပါတယ်တဲ့ ။ အားလုံးဘဲစဉ်းစားကြည့်ကြပါ ။
၈၈၈၈ ခေါင်းစဉ်ကိုတပ်ပြီး ဒီမိုကရေစီအတွက် စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ သူတွေလုပ်သင့်တဲ့လုပ်ရပ်လားဗျာ။ ခင်ဗျားတို့လုပ်ရပ်ဟာ ဒီမိုကရေစီဘက်တော်သားရဲ့လုပ်ရပ်မဟုတ်ဖူး ၊ စစ်အစိုးရက၀ါဒဖြန့်ဘို့ ဖွင့်ထားတဲ့ ကျေးစေတမာန်ဆိုတဲ့ ဘလော့ခ် မှာ ခွပ်ဒေါင်းကို စုတ်ပြတ်နေအောင် တိုက်ခိုက်ထားတာနဲ့ သွားတူနေတယ်။ ဒါဆိုရင်ခင်ဗျားတို့ ၈၈ ပြည်သူနေ့စဉ်သတင်းစာနှင့် ကျေးစေတမာန် ဘလော့ခ် အတူတူလက်တွဲလုပ်နေကြသလားလို့ ကျုပ်သိချင်တယ်။ ဒီလုပ်ရပ်ကို သမိုင်းမှာ ဖြေရှင်းဘို့ ခင်ဗျားတို့ ပြင်ဆင်ထားပါ။
ခွပ်ဒေါင်းအလံဆိုတာ ၁၉၂၀ ကစတင်ပြီး ဗမာပြည်ကိုအစဉ်အဆက်ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားထုတရပ်လုံး ယုံကြည်မြတ်နိုးစွာဆွဲကိုင်တိုက်ပွဲဝင်ခဲ့ကြပြီး ဒီအလံတော်အောက်မှာ မရေတွက်နိုင်သော အာဇာနည်သူရဲကောင်း ကျောင်းသားများရဲ့ သွေး ၊အရိုးပေါင်းများစွာနဲ့ မွမ်းမံထားတဲ့ တန်ဘိုးမဖြတ်နိုင်သော သမိုင်းဝင်အလံတော်ကြီးဖြစ်ပါတယ်။ ဒီလောက်ကြီးမားတဲ့ အလံတော်ကိုစော်ကားတာကိုတော့ ခင်ဗျားတို့ကို ကျုပ်ဘယ်တော့မှ ခွင့်မလွှတ်ဖူးဆိုတာဘဲ ။
ခင်ဗျားတို့အတွက် ကျောင်းသားအရိုးတွန်စေရမယ်။ ဒီအလံအတွက်ကျုပ်ဘ၀ကိုလဲဘို့ဘယ်တော့မှဝန်မလေးဘူးဆိုတာ မြဲမြဲမှတ်ထားကြပါ။

ABSDF အခန်းကဏ္ဍ
ABSDF ဆိုတာကိုတည်ဆောက်ကြတဲ့အခါ ထိပ်ပိုင်းတည်ဆောက်သူတွေထဲမှာ ကျုပ်ကအဓိကအခန်းကဏ္ဍမှာ ပါခဲ့သူပါ ။ ABSDFမှာ အခုထိအသုံးပြုနေတဲ့ အလံ ၊ဘက်တံဆိပ် တွေဟာ ကျုပ် တဦးတည်း အိုင်ဒီယာ ရေးဆွဲခဲ့ပြီး အခုအမေရိကန်မှာရောက်နေတဲ့ ဦးအောင်စိန်အကူအညီနဲ့ရိုက်နှိက်ပြီး ဗဟိုကိုတင်ပြပြီး အတည်ပြုချက်ယူ၍ ယခုထိဆွဲကိုင်သုံးစွဲနေကြဆဲပါဘဲ။ ABကို စတည်ထောင်တဲ့အချိန်မှာ ဘယ်လောက်အခက်အခဲရှိတယ် ၊ ဘယ်လောက်အဖြစ်အပျက်ဆိုးတွေနဲ့ ကြုံခဲ့ရတယ်၊ ဘယ်လောက်အရင်းအနှီးပေးခဲ့ရတယ်။ စစ်တိုက်နိုင်ဘို့ ဘယ်လောက် ပြင်ဆင်ခဲ့ရတယ်ဆိုတာကို ခင်ဗျားတို့ထက်ကျုပ်အဆပေါင်းမျာစွာ ပိုသိတယ်ဆိုတာနားလည်ပါ။ ခင်ဗျားတို့AB ကိုချစ်ပါတယ်လို့ပြောနေတာတွေက ကျုပ်အတွက်တော့ဟာသတခုလိုပါဘဲ။
ခင်ဗျားတို့ကကျုပ်ကို ABအပေါ်မှာ တာဝန်မကျေဘူးလို့ စွပ်စွဲကြပြန်တယ် ။ ABအပေါ်မှာ ကျုပ်နှင့်နိုင်ငံတကာ ရောက်နေကြတဲ့ AB ရဲဘော်များဟာ စွမ်းနိုင်သလောက် အခက်အခဲမျိုးစုံကြားက တည်ဆောက်ခဲ့ကြတယ်။ ဘ၀တွေ အသက်တွေရင်းပြီး စစ်ပွဲပေါင်းများစွာကိုတိုက်ခဲ့ကြတယ်။ အဲဒီအချိန်ကာလတုန်းက ခင်ဗျားတို့ဘယ်ရောက်နေကြလဲ ကျုပ်ကိုပြောပြကြပါအုံး၊
ကျုပ်ဟာ AB ရဲ့ပထမဆုံး အထွေထွေအတွင်းရေးမှူးတာဝန်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ။ အဲဒီအချိန်က အင်မတန်အင်အားကြီးတဲ့ DAB တပ်ပေါင်းစုကြီးမှာလဲ တွဲဘက်အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီးပြီ။ ဒီတာဝန်တွေမရှိတော့တဲ့အချိန်မှာလဲ တခြားထိပ်ပိုင်းခေါင်းဆောင်တွေလို နိုင်ငံခြားကို ထွက်မပြေးဘဲနဲ့ မက်နပလောစစ်ဆင်ရေးမှာ ကျောင်းသားရဲဘော်များနှင့်အတူ မယ်ညော်ခီးတောင်ပေါ်မှာ စစ်ပွဲများစွာကိုတိုက်ခဲ့ပြီးပြီ ၊ နောက် တပ်မဟာ(၆) နယ်မြေမှာ DAB စစ်ကြောင်းအမှတ် ( ၉ ) ကိုဖွဲ့စည်းပြီး စစ်ပွဲပေါင်းများစွာကို နှစ်နဲ့ ချီပြီး ဦးဆောင်တိုက်ခဲ့ပြီးပြီ ။
ကျုပ်နှင့် နိုင်ငံတကာရောက်ရဲဘော်များဟာကံတရားကြောင့်မသေလို့ရှင်လာ တဲ့လူတွေချည်းဘဲဆိုတာ ခင်ဗျားတို့သိထားပါ။ ခင်ဗျားတို့တွေကျုပ်တို့လောက်AB အပေါ်မှာတာဝန်ကြေခဲ့ကြလို့လား ကျုပ်မေးလိုက်တယ်။ ခင်ဗျားတို့တွေ ခင်ဗျားတို့ရင်ခွင်ထဲမှာ ရဲဘော်တယောက်သွေးအလူးလူးနဲ ကျဆုံးသွားတာကိုကြုံခဲ့ကြဘူးရဲ့လား။ ကျုပ်တိုတွေအကြိမ်ပေါင်းများခဲ့ပြီ ။ အင်တာနက်ပေါ်မှာတောင်သတ္တိမရှိ သရဲဘောကြောင်နေတဲ့အကောင်တွေက ဒါမျိုးဘယ်ကြုံဖူးကြမှာလဲ မဆန်းပါဘူး ။နောက်တခါ လေပေါ်ကနေ အခြောက်တွေလို ထိုင်မအော်နေကြနဲ့လို့ ကျုပ်သတိပေးလိုက်မယ်။
နိုင်ငံတကာရောက် AB ရဲဘော်တွေဟာ အခုထိ ကိုယ်တတ်နိုင်တဲ့ဖက်က AB ကို ကူညီထောက်ပံ့ နေကြတုန်းဘဲဆိုတာ ခင်ဗျားတို့ ဦးနှောက်ထဲမှာသိထားပါ။

ပြည်တွင်းကဏ္ဍ
ကျုပ်ဟာ ၁၉၈၈ မတ်လ(၁၅) ရက် ဖုန်းမော် အသုဘ ကိုပို့ဆောင်ဘို့ ရန်ကုန်တက္ကသိုလ်မှစက်မှုတက္ကသိုလ် သို့ ချီတက်ပွဲ ကတည်းကပါဝင်ခဲ့ပြီး အိမ်မပြန်တော့ဘဲနဲ့ ၈၈၈၈ ရောက်တဲ့ထိ တောက်လျှောက်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားတယောက်ဖြစ်တယ် ။ ၈၈၈၈ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ထူထောင်ပြီး ဦဆောင်တိုက်ပွဲဝင်ခဲ့တယ်။
အဲဒီအချိန်တုန်းကခင်ဗျားတို့ဘယ်ရောက်နေကြလဲ။ကျုပ်ဘ၀မှာသေဘို့အကြိမ်ကြိမ် ကြုံလာတဲ့လူတယောက်အဖို့ သေတယ်ဆိုတာကျုပ်အတွက်မဆန်းသလို ခင်ဗျားတို့လို သရဲဘောကြောင်တဲ့အကောင်တွေ ခြိမ်းခြောက်လို့ကြောက်မဲ့ လူထဲမှာကျုပ်မပါဘူးဆိုတာ မြဲမြဲမှတ်ထားပါ။

စိန်ခေါ်ခြင်း
ခင်ဗျားတို့ ၈၈ ပြည်သူ့နေ့စဉ်သတင်းစာမှာပါဝင်သူအားလုံး လေထန်ကုန်းမှာပါဝင်ရေးသားသူအားလုံးသို့ ။
ကျုပ်နှင့်အတူ ခင်ဗျားတို့ အပုပ်ချ တိုက်ခိုက်ထားတဲ့ အဖွဲ့အစည်း ၊ ရဟန်းသံဃာ ၊ လူပုဂ္ဂိုလ်များကို သမိုင်းကိုလက်ချင်းထပ်ဖြေရှင်းဖို့ ခင်ဗျားတို့ကို ကျုပ်တို့စိန်ခေါ်လိုက်တယ်။ ခင်ဗျားတို့သတ္တိရှိကြရဲ့လား? ။ သတ္တိ ရှိတယ်ဆိုယင် ခင်ဗျားနာမည်အမှန်နဲ့ တက်လာခဲ့ပြီး သမိုင်းကိုလက်ချင်းထပ်ပြီး ရှင်းကြရအောင် ဟုတ်ပြီလား ။
ခင်ဗျားတို့ကိုကျုပ်တို့စောင့်နေမယ်။

နိဂုံး
ကျုပ်တို့ဟာ မပြီးဆုံးသေးသော ဒီမိုကရေစီပန်းတိုင်အတွက် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကို ကိုယ်တတ်နိုင်တဲ့ဖက်က ကိုယ်စွမ်းသလောက်တိုက်ပွဲဝင်နေကြခြင်းသာဖြစ်ပါတယ်။
ပန်းတိုင်ကိုမရောက်သ၍ မဆုတ်နစ်သောစိတ်ဓါတ်နဲ့ တိုက်ပွဲဝင်နေကြရအုံးမှာဘဲဖြစ်ပါတယ် ။ တိုက်ပွဲတိုင်းမှာ အချောင်သမားများ ၊ အခွင့်ရေးသမားများ ၊သရဲဘောကြောင်သူများ ဘေးထိုင်ဘုပြောသူများ ၊အကျိုးမရှိ သွားပုပ်လေလွင့်ပြောနေသူများကို ကြုံနေရအုံးမှာဘဲဖြစ်ပါတယ်။
ဒီအဖျက်တွေကို မဖြစ်မနေဖယ်ရှားရမှာကျုပ်တို့ရဲ့တာဝန်ဘဲဖြစ်ပါတယ်။

ဒီမိုကရေစီပန်းတိုင်သို့ မဆုတ်နှစ်သောစိတ်ဓါတ်ဖြင့်အစဉ်လျှောက်လှမ်းလျှက်
သန်းဝင်း
( 10/20/2010 )

အဆုံးထိဖတ်ရန်...

Wednesday, October 13, 2010

အခုလို ကြော်ငြာပြီးရင်တော့ အဖမ်းခံထိမှာ ကြောက်နေလို့မရတော့ဘူး၊ တကယ်လုပ်ရတော့မယ်။ သတင်းလွှင့်ပြီး လုပ်စားဖို့တော့ မကြံနဲ့

တိုင်းပြည်အတွက် လက်ချင်းယှက်တွဲ ပါဝင်နွှဲ
By abma October 12, 2010


လာမည့်ရက်ပိုင်းအတွင်း သံဃာတော်များမှ စုပေါင်းဆွမ်းလောင်းပွဲကို ပြုလုပ်ကာ ထိုမှတဆင့် မေတ္တာသုတ်ရွတ်၍ လမ်းလျှောက်မှုကို ပြုလုပ်မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲ မတိုင်မီ လူထုရှေ့မှောက်၌ ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် လှုံ့ဆော်မှုဖြစ်ပါသည်။ ပြည်တွင်းရှိ အင်အားစုများမှလည်း ၀ိုင်းရံပံ့ပိုးပေးနိုင်ရန် မေတ္တာရပ်ခံလိုက်ပါသည်။ ပါဝင်မှုကြီးလျှင်ကြီးသလောက် ကျယ်ပြန့်မှုရှိနိုင်ပါသည်။ မိမိတို့၏ အင်အားစုအနေများဖြင့် ပါဝင်နိုင်မှု အမျိုးမျိုးကိုရွေးချယ်၍ ပါဝင်ပေးရန် တင်ပြအပ်ပါသည်။

၁။ ဆွမ်းလောင်းရာတွင် ပါဝင်ဆောင်ရွက်ခြင်း။
၂။ သတင်းဖြန့်ချီလက်ဆင့်ကမ်းခြင်း။
၃။ ၂၀၁၀ ဆန့်ကျင်ရေးစာရွက်များ ပြည်သူလူထုကြား၌ ဖြန့်ဝေပေးခြင်း။
၎။ ထောက်လှမ်းရေးရဲများအား ချက်ချင်းမလာရောက်စေနိုင်သည့် အာရုံပြောင်းလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း။
၅။ မိမိတို့ အင်အားစုကိုယ်တိုင် ပါဝင်ဆန္ဒပြရန် ၂၀၁၀ ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် လှုံ့ဆော်ခြင်း။

ဤလှုပ်ရှားမှုသည် နေ့စဉ်ရက်ဆက် မဟုတ်ဘဲ အချိန်အကန့်အသတ်ဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပါသည်။ တခြားနေရာများတွင်လည်း ဆင့်ပွားမီးကူးသကဲ့သို့ဖြစ်စေရန် စီစဉ်နိုင်လျှင်ကောင်းပါသည်။ လမ်းပြမြေပုံကို အဆင့်တိုင်းတွင် တိုက်ဖျက်သွားမည့် သူများရှိနေလိမ့်မည်ဟု ယုံကြည်ပါသည်။

အဆုံးထိဖတ်ရန်...

ဧရာဝတီ၊ ထိုင်း နှင့် ဒိန်းမတ် အရှုပ်တော်ပုံ

ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ
ဧရာဝတီ Wednesday, October 13, 2010

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့် သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီစာကို ကျနော်တို့ဆီကိုတော့ ပို့ခဲ့တာ မတွေ့ရပါဘူး။

အချက်အလက် အမှားအယွင်း တော်တော်များများပါတဲ့ ဒီစာဟာ အပြင်ကို ပေါက်ကြားသွားခဲ့ပါတယ်။ ဒီစာကို စစ်အစိုးရရဲ့ ဘလော့ဂ် ဖြစ်တဲ့ “ပိတောက်မြေ” မှာလည်း တင်ထားပါတယ်။

စာပါအကြောင်းအရာတွေနဲ့ပတ်သက်ပြီး စာဖတ်ပရိသတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျနော်တို့ကို စိုးရိမ်တကြီးနဲ့ မေးမြန်းလာကြပါတယ်။ ဒါကြောင့် ဒီစာကို လူသိရှင်ကြား ပြန်လည်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျနော်တို့ရဲ့ တုံ့ပြန်စာကို ပြီးခဲ့တဲ့တပတ်က ကျနော်တို့ရဲ့ အလှူရှင်တွေဆီ ပို့ပေးလိုက်ပြီးပါပြီ။ ဒီတပတ်မှာတော့ အားလုံးသိနိုင်အောင် ဧရာဝတီဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်ပေါ်မှာ တင်ပြဖို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မှာရှိတဲ့ ဒိန်းမတ်အစိုးရ ထိပ်တန်းအရာရှိတွေကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကိုပင်ဟေဂင်က စာနယ်ဇင်းသမားတွေ သိအောင်လည်း ကျနော်တို့ ကြိုးစားနေပါတယ်။

ကျနော်တို့ရဲ့ တုံ့ပြန်စာ အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

ဒိန်းမတ် သံရုံးသို့ တုံ့ပြန်စာ

လွန်ခဲ့တဲ့ တပတ်အတွင်းက ဘန်ကောက်မှာ ဧရာဝတီရဲ့ နိုင်ငံတကာအလှူရှင်တွေ အစည်းအဝေး မကျင်းပခင် ဒိန်းမတ်သံရုံးကနေပြီး အစည်းအဝေး တက်ရောက်မယ့်သူတွေဆီကို ဧရာဝတီနဲ့ ပတ်သက်တဲ့ အီးမေးလ်တစောင် ပို့ခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။

ဒီလို အီးမေးလ်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘဝင်မကျ ဖြစ်မိပါတယ်။ ဒီလုပ်ရပ်ဟာ လုံးဝ နည်းလမ်းမကျတဲ့အပြင် စာထဲမှာပါတဲ့ အမှားတွေနဲ့ စာပို့တဲ့အချိန်ကို ကြည့်မယ်ဆိုရင် ပြဿနာ တစုံတရာ ဖြစ်လာအောင် ဆွပေးတယ်လို့ ကျနော်တို့ ခံစားရပါတယ်။

ဒိန်းမတ်သံရုံးအနေနဲ့ ဧရာဝတီရဲ့ အဖွဲ့အစည်း ပုံမှန်ဝင်ငွေရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်တာကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အဲဒီလို ဝင်ငွေရဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်ပြီးချိန်မှာ အခုလို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာကတော့ နားမလည်နိုင်စရာပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်းမှာ ကျနော်တို့ရခဲ့တဲ့ ဝင်ငွေဟာ သံရုံးက မျှော်မှန်းထားတဲ့ ပမာဏလောက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဝင်ငွေ သိသိသာသာ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ယခုထက်ပိုပြီးတော့လည်း ဝင်ငွေရအောင် ဆောင်ရွက်သွားဖို့ ကျနော်တို့ ရည်ရွယ် လုပ်ဆောင် နေပါတယ်။

ပြည်ပမှာ အခြေစိုက်ရတဲ့ မီဒီယာအဖွဲ့အစည်းတခုရဲ့ အောင်မြင်မှုကို အဓိက တိုင်းတာသင့်တဲ့ အချက်တွေကတော့ သတင်းအချက်အလက် မြန်မြန်ရယူနိုင်မှု၊ အရည်အသွေး ပြည့်ဝတဲ့သတင်းတွေ တင်ပြနိုင်မှုနဲ့ အဲဒီ သတင်းအချက်အလက်တွေကနေ စာဖတ်သူတွေ အကျိုးအမြတ် ရစေမှုတွေပဲဖြစ်တယ်လို့ ကျနော်တို့ မှတ်ယူပါတယ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ အဖွဲ့အစည်းကို ဘယ်လောက်အထိ ရပ်တည်လည်ပတ်နိုင်တယ်ဆိုတာ အဲဒီ ပြည်ပက မီဒီယာအဖွဲ့အစည်းရဲ့ အောင်မြင်မှုကို တိုင်းတာသင့်တဲ့အချက်လို့ ကျနော်တို့ မယူဆပါဘူး။ ဧရာဝတီဟာ ကိုယ်ပိုင်ငွေကြေးနဲ့ ထူထောင်ထားတဲ့ ကုမ္ပဏီ မဟုတ်တာမို့ ကျနော်တို့အနေနဲ့ အလှူရှင်တွေရဲ့ အထောက်အပံ့ပေါ်မှာပဲ အမှီသဟဲပြုနေရတာပါ။

လက်ရှိကာလမှာ ပြည်ပအခြေစိုက် မီဒီယာတခုအနေနဲ့ ကျနော်တို့ ရည်ရွယ်တာကတော့ အလှူရှင်တွေဆီကရတဲ့ အကူအညီ တွေနဲ့ အရည်အသွေး ကောင်းမွန်တဲ့သတင်းတွေ တင်ပြပြီး မြန်မာပြည်ဒီမိုကရေစီ အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်သွားရေးပဲ ဖြစ်ပါတယ်။ မြန်မာပြည်ထဲမှာ ပြန်လည် အခြေချခွင့်ရတဲ့ အချိန်ကျရင်တော့ ဧရာဝတီကို ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မီဒီယာအေဂျင်စီတခု ဖြစ်လာဖို့ ကျနော်တို့ မျှော်မှန်းထားပါတယ်။ အဲဒီလို ဖြစ်လာအောင် လည်း ကျနော်တို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒိန်းမတ်သံရုံးက ပို့တဲ့ အီးမေးလ်ပါ အကြောင်းအရာ အမှားအယွင်းတချို့နဲ့ ပတ်သက်ပြီး ရှင်းလင်းလိုပါတယ်။

1. ၂၀၁၀ မှာ ဧရာဝတီဝန်ထမ်း စုစုပေါင်း ၆၂ ဦးရှိပါတယ်။ ချင်းမိုင်ရုံးမှာ ၃၅ ဦး၊ ပြည်တွင်းမှာ ၂၀ နဲ့ ဒေသတွင်း အခြေစိုက် သတင်းထောက် ၇ ဦးဖြစ်ပါတယ်။ ဝန်ထမ်းဦးရေ အရင်ထက် တိုးလာရတာကတော့ ဧရာဝတီရဲ့ လုပ်ငန်းတွေ ချဲ့ထွင်လာတာရယ်၊ ပြီးတော့ ဒီနှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြနိုင်ဖို့ ငွေကြေးအကူအညီ ရတာတွေရယ်ကြောင့် ဖြစ်ပါတယ်။

2. ရုံးတွင်းဝန်ထမ်းတွေ ခရီးသွားတာတွေနဲ့ ပတ်သက်ပြီး ဧရာဝတီမှာ တိတိကျကျ ရေးသားပြဌာန်းထားတဲ့ မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဲဒီအတိုင်း ဧရာဝတီဝန်ထမ်းအားလုံး လိုက်နာဆောင်ရွက်ရတာ ဖြစ်ပါတယ်။

3. အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ လစဉ်မဂ္ဂဇင်းဟာ ဧရာဝတီရဲ့ စီစဉ်ထုတ်လုပ်မှု ၁၀ ခုထဲက တခုပဲ ဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ ဝက်ဘ်ဆိုက်၊ ရုပ်သံနဲ့ ရေဒီယိုအပါအဝင် ကျနော်တို့ အစီအစဉ်တွေအားလုံးကို မြန်မာနဲ့ ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာဆီ ရောက်နိုင်အောင် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

4. ဧရာဝတီအနေနဲ့ အလှူရှင်တွေ ထောက်ပံ့တာကို စနစ်တကျ စီမံခန့်ခွဲမှုမရှိဘူးလို့ စောင်းပါးရိပ်ခြည် ပြောတာမျိုးကတော့ မမှန်တဲ့အပြင် စော်ကားရာလည်း ရောက်ပါတယ်။ ခရီးစရိတ်အပါအဝင် အဖွဲ့အစည်း လုပ်ငန်း တခုလုံးအတွက် ကုန်ကျတာတွေနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေ ကျနော်တို့ဆီမှာ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံရှိပါတယ်။ ဒါတွေကို ကျနော်တို့ရဲ့ အလှူရှင်တွေဆီကိုလည်း အချိန်နဲ့တပြေးညီ ပို့ပေးနေကျ ဖြစ်ပါတယ်။

ဒိန်းမတ်အစိုးရက ဧရာဝတီကို နှစ်အတော်ကြာ အထောက်အပံ့ပေးခဲ့တဲ့အတွက် ကျနော်တို့ များစွာကျေးဇူးတင်ရှိပါတယ်။ တချိန်တည်းမှာလည်း အခုလို ဒိန်းမတ်သံရုံးက အီးမေးလ်ပို့ခဲ့တဲ့အပေါ်မှာ ကျနော်တို့ အတော်လေး ကသိကအောက်ဖြစ်ပြီး ဘဝင်မကျဖြစ်ရတယ် ဆိုတာကို အသိပေးလိုပါတယ်။

ပြည်ပအခြေစိုက် မီဒီယာတွေရဲ့ သဘောသဘာဝနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေကို တန်ဖိုးထားနားလည်တဲ့ အလှူရှင်တွေနဲ့ လက်တွဲဆောင်ရွက်ခွင့် ရတဲ့အပေါ်၊ ပြီးတော့ မြန်မာပြည်သတင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကို အလေးထားကြတဲ့အပေါ် ကျနော်တို့ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။

ခင်မင်ရင်းနှီးစွာဖြင့် …

အောင်ဇော်
အယ်ဒီတာ
ဧရာဝတီမဂ္ဂဇင်း

Copy from www.irrawaddy.org


Danish Burma Committee Accused of Corruption

--------------------------------------------------------------------------------
11.01.2010 news Gregers Moller
--------------------------------------------------------------------------------

The Danish Burma Committee has bribed officials, and corrupt partners and bought alcoholic beverages and a car to Thai police officers for public Danish development funds, according to two confidential reports analyzed by Ekstra Bladet, a Danish daily.
The Danish Burma Committee has also purchased unsafe and useless medicine at inflated rates and allegedly illegally sent it over the border from Thailand into Burma to help the poor populaton inside Burma.
Professor at the Copenhagen Business School Kim Klarskov Jeppesen, an expert in auditing and fraud, has analyzed the two confidential reports for the newspaper. The reports were written in October and November for the Danish Embassy in Bangkok. It is not yet known who at the Embassy in Bangkok or at the ministry in Copenhagen leaked the reports.
The Committee has since 2003 received around 45 mill. DKK in support from Danida, the official Danish development agency. The Danish Burma Committee is an umbrella organization. Under the umbrella are among others the Danish Workers Union (LO), the Danish Church Aid, the Social Democratic Party and the The Danish Nurses' Organization.
The Secretary General of the organisation denies almost all the accusations in the reports.

Copy from www.scandasia.com

အဆုံးထိဖတ်ရန်...

Monday, October 11, 2010

ငုံ့မခံနှင့် ယခုလို ခုတ်သတ်ကြလော့

သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး

10/10/2010
------------
ထွန်းထွန်း
------------
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် သမီးဖြစ်သူကို နအဖ တပ်ကြပ် တစ်ဦးက မုဒိမ်းကျင့်သဖြင့် ဖခင်ဖြစ်သူက နအဖ တပ်ကြပ်ကြီးကို ဓါးဖြင့် ခုတ်သတ်သော သေမူ သေခင်းတစ်ခု ယခုလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။

“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။

ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။

သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။

အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Sunday, October 10, 2010

ကဲ ... ကဲ ... နှမြောစရာကြီး ၀ိုင်းပြီး ရှာကြဟေ့

မြန်မာသရုပ်ဆောင် နန်းဆုရတီစိုး အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးနေ
မိုးမခအထောက်တော် ရန်ကုန်
အောက်တိုဘာ ၁၀၊ ၂၀၁၀

ယနေ့ ရန်ကုန်မှ ရရှိသော သတင်းအရ အဆိုကျော်နှင့် သရုပ်ဆောင်အမျိုးသမီး နန်းဆုရတီစိုး အောက်တိုဘာ ၈ ရက်နေ့ကတည်းက အိမ်သို့ ပြန်ရောက်ခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။

“မြ၀တီရုပ်မြင်က ရိုက်ကူးပြီး အပြန်မှာ ကားရော၊ လူရော အိမ်ကို ရောက်မလာတော့ဘူး။ သူနဲ့ အတူ အဖော်မိန်းကလေးနဲ့ ကားမောင်းသူပါ ပျောက်နေတယ်။ ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်မှာ နန်းဆုရတီစိုးရဲ့ အိမ်လမ်းထိပ်မှာ သူ့ကားကို လာရပ်ထားခဲ့တယ်လို့ သိရတယ်။ ဖုံး ၂ လုံး ပါသွားပေမယ့် တလုံးက ပိတ်ထားပြီး၊ တလုံးကို မကိုင်ဘူးလို့ အိမ်က ပြောတယ်။”
နန်းဆုရတီစိုး၏ မိခင်ကိုယ်တိုင်က မြန်မာနိုင်ငံ ရဲချုပ်အထိ သွားရောက် တိုင်တန်းထားကြောင်း၊ တပြည်လုံးရှိ ရဲတပ်ဖွဲ့များသို့ အကြောင်းကြားထားကြောင်း၊ ပြန်ပေးဆွဲခံထားရသည်ဟု ထင်မြင်နေကြကြောင်း စုံစမ်း သိရှိရသည်။
“အခုထိတော့ ပြန်ပေးဆွဲတဲ့ဆီက ဆက်သွယ်တာ မရှိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် မြ၀တီရုပ်မြင်စတူဒီယိုက အထွက်မှာ ပျောက်သွားတာဆိုတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ် ဆိုတဲ့ မျက်မြင်သက်သေ မရှိသေးတော့ အတိအကျ မပြောနိုင်ကြဘူး၊ သူနဲ့ ရင်နှီးတဲ့ စစ်ဗိုလိချုပ်ကြီးတွေရဲ့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဖြစ်တာလားလို့လည်း ထင်ကြေးပေးနေကြတယ်”
ဟု မိုးမခသို့ သတင်းပေးပို့သူက ထင်မြင်ချက် ပေးသည်။
သတင်းရရှိသညိ့ ယနေ့ မွန်းလွဲချိန်အထိ ထူးခြားမှု မရှိသေးဟု ဆိုသည်။

အဆုံးထိဖတ်ရန်...

Wednesday, October 6, 2010

ရခိုင်ပြည်သားတွေ နယ်ချဲ့ဗမာစစ်အာဏာရှင်တွေကို ရခိုင်ပြည်ကနေ မတိုက်ထုတ်ရဲဘူးလား၊ မတိုက်ထုတ်ရဲရင် ကျွန်သက်ရှည်မည်။

ဟိုတယ်ဆောက်ရန် ထူးကုမ္ပ္ပဏီက မြောက်ဦးတွင် မြေသိမ်း

10/6/2010
-------------
မောင်အေး
-------------
စီးပွားရေးသမားကြီး ဦးတေဇပိုင် ထူးကုမ္ပဏီက ဟိုတယ် ဆောက်လုပ်ရန်အတွက် ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ဒေသခံများ ပိုင်ဆိုင်သည့် လယ်မြေများကို သိမ်းယူ နေကြောင်း မြိ့ခံများက ပြောသည်။

“ အခု သိမ်းဆည်းခံရတဲ့ လယ်ဧက စုစုပေါင်း ၁၅ ဧက ဖြစ်ပါတယ်။ နေရာက မြောက်ဦး ဆေးရုံ နဲ့ ဆိုရင် ၄ ဖာလုံခန့်ဝေးပါတယ်။ တောင်ဖြူဆည်တို့ အဘောင်တော်ကန်တို့နဲ့ ဆိုရင် ပိုနီးပါတယ်” ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောသည်။

တခြားမြို့ခံ တစ်ဦးကလည်း “သိမ်းတာတော့ ဟုတ်ပါတယ်။ သိပ်မကြာသေးဘူး ရက်ပေါင်း ၂၀ လောက်ဘဲ ရှိပါသေးတယ်။ လျော်ကြေးပေးမယ်လို့ ကြားရပါတယ်။ လုပ်ငန်းတွေတော့ မစသေးဘူး။ သူတို့ဟိုတယ် ဆောက်မယ်လို့ သိရတယ်။ ဂေါက်ကွင်းလည်း လုပ်မယ်လို့လည်း ကြားရပါတယ်။ ဘယ်တော့ စဆောက်မယ်ဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။

သိမ်းဆည်းခံရသည့် လယ်မြေများတွင် ဥယာဉ်ခြံမြေများ ပါဝင်ပြီး မြေဧကအလိုက် လျှော်ကြေး ပေးမည်ဟု ပြောသော်လည်း မသေချာကြောင်း သူကဆက်ပြောသည်။

“သူတို့ပြောတာက မြေတစ်ဧကကို ကျပ် ၂ သောင်းနုန်းနဲ့ ပေးမယ်လို့ ပိုင်ရှင်တွေကို ခေါ်ပြီး ပြောတာတွေ ရှိပါတယ်။ အခုထိ တော့ ငွေမပေးသေးဘူး။ ဥယာဉ်ပိုင်ရှင်တွေ ပိုပြီးနစ်နာတယ်။ ခြံက ထွက်တဲ့ အသီးဖလံတွေကို အားကိုးပြီး ထမင်းစားနေတာ ခြံသိမ်းပြီး ငွေ ၂ သောင်းပေးမယ် ဆိုတော့ ဘာမှမထူးဘူး။”

ယခုအခါ မြောက်ဦးမြို့နယ်တွင် ကာလပေါက်ဈေး လယ်တဧကလျှင် ကျပ်ငွေ ၅ သိန်းဈေးရှိကြောင်း သိရသည်။

ယခု လယ်မြေသိမ်းဆည်းသည့် ကိစ္စနှင့်ပတ်သတ်ပြီး စစ်တွေမြို့မှ နိုင်ငံရေးသမားတဦးက“ လယ်သိမ်းတာ မြေသိမ်းတာက ရခိုင်ပြည်မှာ ရိုးနေပြီ။ ဘာမှမထူးခြားတဲ့ ကိစ္စပါ။ ကြက်ဆူ စိုက်ဖို့ ဘာစိုက်ပျိုးဖို့ ဆိုပီး စစ်တပ်က အကြောင်း အမျိုးမျိုးပြသိမ်းနေတာတွေ အများကြီး ပါဘဲ။ အခု ဖွဲ့စည်းပုံမှာလည်း လယ်မြေတွေကို အစိုးရကပိုင်တယ်လို့ ပါနေတော့ ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြဦးမယ်” ဟု ပြောသည်။

သို့သော်လည်း ရခိုင်ပညာတတ် လူငယ် တစ်ဦးက ထူးကုမ္ပဏီက တန်ရာတန်ကြေးကို ပေးမည်ဟု သူထင်မြင်ကြောင်း၊ တန်ရာ တန်ဖိုးကို မပေးပါက ဒေသခံများနှင့် ကုမ္ပဏီအကြား ပြဿနာများ ဖြစ်ပွားနိုင်ကြောင်း ပြောဆိုသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

ဦးအေးမြင့်အကြံ



သွေးမြေမကျသောဒီမိုကေ၇စီတိုက်ပွဲအောင်မြင်ေ၇းနှင့်၂၀၀၁ရွေးကောက်ပွဲပယ်ဖျက်ရပ်တန်.စေသောနည်းလမ်း

ဒီမိုကေ၇စီရရှိရေးအတွက်အစွမ်းကုန်ကြိုးစာနေသောတိုက်ပွဲဝင်အမာလိုင်း-အပျော့လိုင်းသမားများကိုပြည်သူလူထုသွေးမြေမကျသောနည်းလမ်း၁ခု-အဖြစ်ထွက်ပေါက်ကို(လမ်းပြကြယ်)အဖွဲ.မှတတ်စွမ်းသမျှဖေါ်ပြလိုက်ပါတယ်၊ပထမဦးစွာပြောကြားလိုတာကပြိုင်တူဝိုင်းရွှေ.သောနည်းဖြင့်အပျော.အမာမခွဲခြားပဲလက်တွဲတိုက်ပွဲဝင်၇န်ဖြစ်ပါတယ်-ယခုတင်ပြ--
သည့်ကိစ္စဟာလည်း(ပြည်ပေ၇ာက်အတိုက်အခံအင်အားစုများစုပေါင်းပြီးကမ္ဘာ.ကုလသမဂ္ဂသို.ေ၇ာက်အောင်အပြည်ပြည်ဆိုင်ရာဥပဒေဘောင်ဝင်အောင်ကျိုးစားပြီးနိုင်ငံတကာသိ၇ှိလာစေ၇န်
ဆောင်ရွက်စေလိုသောဆန္ဒကပိုမိုပြင်းပြပါတယ်)။ပထမဦးစွာအောက်ပါအချက်များကိုသိထား၇န်လိုအပ်ပါတယ်------

(၁)၂၀၀၈ခုနှစ်ဖွဲ.ပုံအခြေခံဥပဒေတွင်-ပထမအကြိမ်ပြည်သူ.လွှတ်တော်အားခေါ်ယူကျင်း၇န်အတွက်-ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၄(က)ဟန်.တားပိတ်ပင်နေခြင်း၊ပြည်သူ့လွှတ်တော်ခေါ်
ယူကျင်းပနိုင်ခြင်းမ၇ှိသောကြောင့်အစိုးရဖွဲ.လို.မ၇နိုင်တော့ပါ၊
(၂)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံမှားနေသည့်အချက်မှာပုဒ်မ၁၂၄(က)-ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်။မှတ်ချက်၊ ၊(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်)ဆိုသောစကား၇ပ်အားပါယ်ဖျက်မှသာပထမ
အကြိမ်ပြည်သူ.တော်ကိုကျင်းပလို.၇မည်ဖြစ်ပါတယ်။
(၃)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ--၇၈။ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့် နေ့မှ ၁၅ ရက် အတွင်း
ကျင်းပရမည်။ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်။--(ယခုတင်ပြတဲ့ဥပဒေအ၇--ပြည်ထောင်စုလွှတ်တော်မကျင်းပမှီ-
ပြည်သူ.လွှတ်တော်ကျင်းပခြင်းသည်-ပြည်ထောင်စုလွှတ်မကျင်းပမှီေ၇ှးဦးစွာကျင်းပ၇မည်ဖြစ်ပါတယ်)။
(၄)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ-အခန်း(၁၄)ပုဒ်မ၄၄၁၊-- ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့်ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဋ္ဌာန်း
လိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထေင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည်။(ယင်းပုဒ်မ၏-
အဓိပါယ်မှာ--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအာဏာတည့်သည့်နေမှာပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည်.နေ.ဖြစ်နေသဖြင့်--ဒီနေ၇ာတွင်ဥပဒေပြသနာပေါ်ပေါက်ခဲ့ပါသည်)။
(၅)ဖွဲ.စည်းပုံအခြေခံဥပဒေမပြင်ပဲနေလို့မ၇သောကိစ္စမှာ--၂၀၀၈ခုနှစ်ဖွဲ့စည်းပုံပုဒ်မ၁၂၄(က)တွင်ပါသော(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည်.နောက်)--ဆိုသောစကား၇ပ်ကိုပယ်
ဖျက်လိုအပ်လာပြီဖြစ်ပါတယ်။၂၀၀၈ခုနှစ်ဖွဲ့စည်းပုံပါဥပဒေစကား၇ပ်များကိုပယ်ဖျက်လိုလျှင်------အောက်ပါအချက်များလေ.လာသိ၇ှိထား၇မည်။

(က)ဖွဲ.စည်းပုံအခြေခံဥပဒေပါစကား၇ပ်များကိုပြင်ဆင်ခြင်း။ဖြည်.စွက်ခြင်းလုပ်လိုကပြည်လူထုသဘောထား၇ယူ၇န်၊ဆန္ဒခံယူပွဲပြန်လည်ပြုလုပ်ပြီးမှပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်း
ပြုလုပ်၇ပါသည်။
(ခ)လက်ရှိအုပ်ချုပ်နေသာနအဖအစိုး၇သည်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသောအစိုးရမဟုတ်သဖြင့်လွှတ်တော်ခေါ်အမိန့်အာဏာထုတ်ပြီးပြင်ဆင်လို.မရပါ။
(ဂ)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၄(က)တွင်ပါ၇ှိသော--(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်)ဆိုသောစကား၇ပ်ကိုမပါယ်ဖျက်လျှင်--ပထမအကြိမ်ပြည်သူ.လွှတ်တော်
ခေါ်လို့မ၇တော.--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ-၄၄၁အ၇ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်နေ့မှအာဏာတည်၇မည်ဆိုထားသောကြောင့်--ဥပဒေပါစကား၇ပ်များအ၇ေ၇ှ.နောက်ဗြောင်
ပြန်ဖြစ်နေပါတယ်။ဒါကြာင့်--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေကိုပြင်၇န်-ပြည်တွင်းကလည်းကျိုးစား၇မည်၊ပြည်ပအတိုက်ခံများကလည်းနိုင်ငံတကာသိအောင်အပြည်ပြည်ဆိုင်၇ာဥပဒေဘောင်
အတွင်းေ၇ာက်အောင်ကျိုးစားရမည်။
၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအားရိုးရိုးသားအမှားလား-ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့်မောင်အေးတို့အာဏာမလွှဲအပ်ချင်လို.လျှို.၀ှက်ချက်လားစဉ်းစားစ၇ာလားဖြစ်နေပါတယ်--ဘာကြောင့်လဲ-----

(a)ဦးသိန်းစိန်-ဦးအောင်သောင်းစသည့်တို.---တပ်မတော်မှထွက်ခိုင်းပြိး၊၇ာထူးမှဖယ်၇ှားပြီး--ဗိုလ်ချုပ်များ-ဗိုလ် မှုးချုပ်များကိုတိုင်းမှုးသစ်သစ်အဖြစ်သွေးသစ်လောင်းထားပြီးပြီ။
(b)ဗိုလ်ချုပ်ကြီးမောင်အေးတို့ဦးသန်းရွှေတို.လက်၇ှိ၇ာထူးမှ မထွက်သေးအတိုက်အခံများကယခုဥပဒေမချက်ကိုထောက်ပြသည့်အခါ၂၀၁၀ေ၇ွးကောက်ပွဲကျင်းပပြီးသော်လည်းလွှတ်
တော်ခေါ်မ၇လို.ဖွဲ.စည်းပုံပြင်၇မည်.အကြောင်းပြပြီးအာဏာမလွှဲအပ်ပဲ--နအဖဆက်အုပ်ချုပ်မည့်အစီစဉ်ဆက်သွားမည်ဆိုတာတွေးစ၇ာဖြစ်နေပါသည်၊။

ကဲအတိုက်အခံ-အမာစား-အပျော့စားများေ၇---သပိတ်မှောက်မလား--၂၀၁၀ေ၇ွးကောက်ပွဲဝင်ေ၇ွးကြတာမှန်သလား--ဘယ်လိုဆက်တိုက်မလဲ--ပြည်သူချစ်တဲ့အင်အယ်ဒီပါတီလည်းမှတ်ပုံ
ခြင်းမှပယ်ဖျက်ခံ၇ပြီ၊ဒေါ်စုပြန်လွှတ်လာလျှင်ဘယ်နိုင်ငံေ၇းဇာတ်ခုံပေါ်တက်ဟောမလဲ----စဉ်းစားပါတော.းးးးးး။

ဦးအေးမြင့်(လမ်းပြကြယ်)

၂၀၁၀ခုနှစ်အောက်တိုဘာလ(၄)ရက်

အဆုံးထိဖတ်ရန်...

အထူးသတင်း

Outside Training Info

အဆုံးထိဖတ်ရန်...

Tuesday, October 5, 2010

အထွေထွေသပိတ်ကော်မီတီ ဖွဲ့စည်းရေးတပ်လှန့်နှိုးဆော်ချက်

General Boycott Committee

အဆုံးထိဖတ်ရန်...

တနိုင်ငံလုံး အထွေထွေ သပိတ်ကော်မီတီဖွဲ့ စည်းရေး ကြေညာခြင်း

တနိုင်ငံလုံး အထွေထွေ သပိတ်ကော်မီတီဖွဲ့ စည်းရေး ကြေညာခြင်း

( ၁ ) နအဖစစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လူထုတိုက်ပွဲသဏ္ဍန်ဖြင့် တားဆီးပိတ်ပင်ရန် ယခုအချိန်တွင် လုံလောက်စွာရရှိထားပြီးဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် တနိုင်ငံလုံးသို့  မဲမပေးရေး သပိတ်မှောက်စည်းရုံး ရေးခရီးမှာ အထူးအောင်မြင်သောခရီးစဉ်များဖြစ်ပါသည်။ တချိန်တည်းမှာ ၂၀၁၀ လူထုလှုပ်ရှားမှူကော်မီတီမှ တပ်လှန့် သံများသည်လည်း နေရာအနှံ့ ထွက်ပေါ်နေပါသည်။ ၄င်းရလဒ်များကို အခြေခံကာ တနိုင်ငံလုံးလှုပ်ရှားနိုင်ရေးကို တိတိကျကျ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မူများ ပြုလုပ်ဆောင်ရွက်ရေး လိုလာပါသည်။

( ၂ ) ပြည်တွင်းပြည်ပ ဟန်ချက်ညီညီ စုပေါင်းဆောင်ရွက်နိုင်ရန် စီမံခန့် ခွဲခြင်းဖြင့် စစ်အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ရေးသည် အန္တိမရည်မှန်းချက်ဖြစ်ပါသည်။ ထို့ ကြောင့် ဘံရန်သူစစ်အစိုးရကို သေချာတိုက်ကွက်ဆင်နိုင်ရေးအတွက် နည်းဗျူဟာများကို ချမှတ်ရပါတော့မည်။ သို့ ဖြစ်ပါ၍ လူထုလှုပ်ရှားမူကော်မီတီမှ တနိုင်ငံလုံးအထွေထွေသပိတ်မှောက်ကော်မီတီ ဖွဲ့စည်းရန်လိုအပ်လာပါပြီ။ ဤသည်မှာ ၁၉၈၈ ခုနှစ် မဆလအစိုးရအား တနိုင်ငံလုံးအထွေထွေသပိတ် ခေါ်ယူနိုင်ရန်အတွက် အထွေထွေသပိတ်ကော်မီတီကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဆိုသောသာဓကကို သင်ခဏ်းစာယူရန် အသိပေးအပ်ခြင်းဖြစ်ပါသည်။

( ၃ ) တနိုင်ငံလုံးသပိတ်ကော်မီတီကို ဖွဲ့စည်းရေးသည် ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးပိတ်ပင်ရန် တခုတည်းကို ရည်ရွယ်ခြင်းအလျဉ်းမဟုတ်။ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဆင့်ဆင့်နိုင်ငံရေးဗျူဟာများကို ဖေါ်ဆောင်ပေးရန်အထိ ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါသည်။ လုပ်ငန်းစဉ်များအား ချမှတ်ရာ၌ ပြည်နယ်တခုချင်းအလိုက် ကွဲပြားခြားနားနေမူများ ရှိနေမည်ဖြစ်သော်လည်း ယေဘူယျအနှစ်သာရအားဖြင့် ဘု့ရန်သူတိုက်ဖျက်ရေးစီမံကိန်းမှာ ထပ်တူထပ်မျှ ဖြစ်နေမည်ဖြစ်ပါသည်။

( ၄ ) အထွေထွေသပိတ်ကော်မီတီ ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် အောက်ပါလုပ်ငန်စဉ်များကို အဆင့်ဆင့်အကောင်အထည်ဖေါ်ဆောင်ရွက်ရန် စီမံချက်နည်းဗျူဟာများ ရေးဆွဲထားပါသည်။
( က ) ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား မည်သည့် အောက်တိုဘာလ ( -------------------------- ) နေ့ ကို နောက်ဆုံးထား၍ လွှတ်ပေးရန်။
( ခ ) ယင်းနေ့ ကို မလွှတ်ပေးပါက တနိုင်ငံလုံးကို အထွေထွေသပိတ်ကော်မီတီမှ အထွေထွေသပိတ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ရက်သတ်မှတ်ပေးပြီး ကြေညာချက်ထုတ်ပြန်ရန်။
( ဂ ) အထွေထွေသပိတ်ကော်မီတီမှ ( ရ ) ရက်အတွင်း တနိုင်ငံလုံးတွင် လှုပ်ရှားမူများရှိလာပြီးနောက် ပြည်သူတို့ ၏အသက်စည်းစိမ်အိုးအိမ်ကို ကာကွယ်စောင့်ရှေက်ရန်အတွက် ကုလငြိမ်းချမ်းရေးတပ်ကို အကူအညီတောင်းခံရန် ၊
( ဃ ) တနိုင်ငံလုံ၏ အထွေထွေသပိတ်သည် ကြားဖြတ်အစိုးရဖွဲ့စည်းရေးကို ဦးတည်မည့်အတွက် ပြည်သူတရပ်လုံးမှ ၀ိုင်းဝန်းးပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် ။
( င ) ကြားဖြတ်အစိုးရဖွဲ့စည်းရေး၌ ပါဝင်မည့် သူများမှာ အထွေထွေသပိတ်ပြုလုပ်နေချိန်အတွင်း ပြည်သူများကို ဦးဆောင်မူကောင်းကောင်းဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဆောင်ရွက်သူများဖြစ်လာစေရန် အထွေထွေသပိတ်ကော်မီတီမှ ဆောင်ရွက်ရေး။
( စ ) နိုင်ငံတကာများသို့  ထိရောက်သောအကူအညီများတောင်းခံရေး။

အထက်ပါအထွေထွေသပိတ်ကော်မီတီကို ဖွဲ့စည်းရေးအတွက် ယခုအချိန်မှာ အထူးအရေးကြီးနေပြီဖြစ်ပါ၍ မိမိတို့ ၏အဖွဲ့အစည်းများအတွင်း ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး အကောင်အထည်ဖေါ်ဆောင်ကြပါစို့ ။

ခိုင်အောင်ကျော် ( နယူးယောက် )

စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်

အဆုံးထိဖတ်ရန်...

Friday, October 1, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်လာပါက NLD (CEC) များနှင့်ပါတီဝင်များ (ရှေ့ဆက်) ဘာဆက်လုပ်ကြမည်နည်း

ဒေါ်အောင်ဆန်းစုကြည် လွတ်လျင် လူထုလှုပ်ရှားမှု ပိုလုပ်မည်ဟု NLD ပြော
ရန်ပိုင် Friday, October 01, 2010

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် လူထု လှုပ်ရှားမှုများကို ပိုမို လုပ်ဆောင်မည်ဟု အဖွဲ့ဝင်များက ဆိုသည်။

လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံ နေရခြင်းမှ ပြန်လည် လွတ်မြောက် လာ မည်ဖြစ်ကြောင်း ၊ ထို့နောက် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် လူထုလှုပ်ရှားမှုများ ဖြင့် လုပ်ဆောင်သွားမည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ဒေါ်စုက လွတ်လာရင်တော့ တပြည်လုံး လှည့်မှာပဲ၊ ဒီပဲယင်းနဲ့ တွေ့တာ မတွေ့တာက နောက်တပိုင်းပဲ၊ သွေးကြောင်နေမှာ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

လတ်တလော လုပ်ဆောင်နေသည့် လူထု စည်းရုံးရေး လုပ်ငန်းများ၊ တိုင်းရင်းသားများ၊ တခြားသော အဖွဲ့အစည်းများနှင့် စုစည်းမိရန် ပြုလုပ်နေခြင်းသည် လူထုလှုပ်ရှားမှုများ အတွက် ပြင်ဆင် နေခြင်း ဖြစ်ကြောင်း၊ လူထုကို တစု တစည်းတည်း ဖြစ်စေရန် စည်းရုံးပြီး ဖိအား ပေးသည့် နည်းကို သုံးမည်ဟုလည်း ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၂ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာစဉ်ကလည်း နိုင်ငံအနှံ့ ခရီး ထွက်ပြီး လူထုတရားပွဲများကို ကျင်းပခဲ့ရာ စစ်အစိုးရက ၂၀၀၃ ခုနှစ် မေလ၌ စစ်ကိုင်းတိုင်း ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်း စုကြည်၏ ယာဉ်တန်းကို တားဆီးရိုက်နှက်၍ နေအိမ် အကျယ်ချုပ် ထပ်မံချခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ နှစ်တာ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသည်မှာ ၁၅ နှစ် ခန့်ရှိပြီဖြစ်သည်။

NLD ပါတီအနေဖြင့် ဆန္ဒပြပွဲများဖြင့် ဖိအားပေးသော နည်းကို သုံးမည် မဟုတ်ကြောင်း၊ လူထုကို နိုင်ငံရေးအသိ တိုးစေရန် ပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

မကွေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ၎င်း၏ ဦးဆောင်မှုကို လိုက်နာ ပြီး အမျိုးသားပြနလည်သင့်မြတ်ရေး လမ်းကြောင်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ “မတရားတဲ့ ဥပဒေ ဟူသမျှ ဖီဆန်ကြ”ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သည့် အတိုင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အပြီးတွင် လွှတ်ပေးမည်ဖြစ်ကြောင်း စစ်အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လွတ်ရက်စေ့မည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ချထားခြင်းမှ လွှတ်ပေးမည်ဖြစ် ကြောင်း AFP က ရေးသားထားခြင်းဖြစ်သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့်နေကို ပြောဆိုနေကြသော်လည်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်စာတမ်း များ ဖြန့်ဝေမှုဖြင့် ရန်ကုန်မြို့ရှိ တက္ကသိုလ် ကျောင်းသားများကို မကြာသေးမီကဖမ်းဆီးခြင်း၊ စက်မှုဇုန်များတွင် ဖြစ်ပွားခဲ့သည့် အလုပ်သမားဆန္ဒပြပွဲများတွင် ပါဝင်သူ ၁၃ ဦးကိုလည်း စစ်အစိုးရက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခြင်း ပြုလုပ်မှု များရှိနေသည်။

စစ်အစိုးရ၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကမူ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီ ၃၇ ခုမှ ကိုယ်စားလှယ် လောင်း ၃၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် အားလုံး ပါဝင်မှုရှိသည်မှာ ထင်ရှားကြောင်း ၆၅ ကြိမ်မြောက် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်။

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် ဒေါ်အောင်ဆန်းစုကြည် အပါဝင် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ မတိုင် မီ လွှတ်ပေးရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင်လည်း မိမိတို့ ပါတီဝင်များ အနေဖြင့် ၎င်း၏ ဦး ဆောင်မှု အောက်တွင် ပြည်သူ အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဲခူးတိုင်းမင်းလှမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှမိုးကလည်း ပြောသည်။
Copy from www.irrawaddy.org

အဆုံးထိဖတ်ရန်...