Pages

Monday, August 30, 2010

ကရင်လူမျိုးတွေကို ပြန်သတ်မည့် ကရင်ပါတီ

ကရင်ပါတီ ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်
မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ကရင်ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်အသွင်ကို ဆောင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောသည်။

”ပြည်ခိုင်ဖြိုးက စနစ်တကျဖွဲ့ထားတဲ့ ပါတီလေ။ သူတို့က အင်အားလည်း ကောင်းတယ်။ သူတို့လုပ်မယ့် မူဝါဒတွေက ကျနော်တို့အတွက် လက်မခံနိုင်စရာ မရှိဘူး။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးဟာ ကျနော်တို့အတွက် ပြိုင်ဘက်လည်း မဟုတ်ဘူး။ လက်တွဲဆောင်ရွက်စရာတွေရှိရင် လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်” ဟု ကရင်ပြည်သူ့ပါတီ Karen People’s Party မှ ဦးထွန်းအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အခြေပြု ကရင်ပါတီတွင် အငြိမ်းစား စစ်မှုထမ်းများနှင့် အငြိမ်းစား အစိုးရဝန်ထမ်းဟောင်းများ အဓိက ပါဝင်ကာ ပါတီဝင် ၆ဝဝဝ နီးပါး ရှိနေပြီဟု ပါတီခေါင်းဆောင်များက ပြောသည်။
အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာတို့ကို ယင်းပါတီရုံးရှိရာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရုံးတွင် တွေ့ရစဉ်။

သူတို့က နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

ရွေးကောက်ပွဲတွင် ပါတီအမတ်လောင်းများ အရွေးခံရလျှင် ကရင်ပြည်နယ်အတွင်းရှိ မငြိမ်သက်မှုများကို နှိမ်နင်း ဆောင်ရွက်မည်ဟု ပါတီအတွင်းရေးမှူး စောစေးဝါးက ပြောသည်။

”ဒီမိုကရေစီဟာ ချက်ချင်းမရနိုင်ဘူး။ တပ်မတော်အနေနဲ့ အခုလို ရွေးကောက်ပွဲ ကျင်းပတာဟာ စစ်တပ်ပုံစံ စနစ်တကျ ခွါစစ်ဆင်တာမျိုးလို့ ကျနော်မြင်တယ်။ ပြည်သူတွေအတွက် ကျနော်တို့အနေနဲ့ လူတန်းစားကွာဟမှု မရှိစေဖို့တော့ ဆောင်ရွက်သွားမယ်။ လူတန်းစားကွာဟမှု မရှိဘူးဆိုတဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေ ပါတယ်” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ၄ဝ ကျော် တင်ခဲ့ကြောင်း ပါတီဝင်တဦးက ပြောသည်။

ရန်ကုန်တွင် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ တောင်ငူအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာက ဧရာဝတီတိုင်း ကရင်ရေးရာလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်။

စစ်အစိုးရက ထူထောင်ခဲ့သော ကြံ့ဖွံ့ပါတီနှင့် ဖက်လဲတကင်း လုပ်လိုမှုအပေါ် ပါတီဝင်အချို့က ကြိုက်နှစ်သက်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မီတီ၏ ပန်ကြားချက်

Urgent Statement[1]

အဆုံးထိဖတ်ရန်...

မျိုးချစ်မြန်မာ မိမိကိုယ်မိမိ ဘာလဲဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်

ဝိုင်းဆုခိုင်သိန်းကိုမုန်းလို့မဟုတ်ကြပါ
ကျွှန်တော်တို့ နိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်ကြတော့ ( ဥပမာ နီးနီးစပ်စပ် ) ရွှေဝါရောင်တော်လှန်ရေးပေါ့ဗျာ၊ နအဖက ရဟန်း သံဃာတွေကို ပစ်ခတ် နှိမ်နင်းရာမှာ ” ဟိုကိုယ်တော်ကတော့ သိပ်ကြည်ညိုစရာကောင်းတာ မပစ်ကြနဲ့ ၊ ဒီကိုယ်တော်ကတော့ ကိုယ်ကျင့်သိက္ခာ သိပ်လုံခြုံတာပဲ မရိုက်ကြနဲ့လို့ သူတို့ မလုပ်ခဲ့ကြပါဘူး၊ သူတို့ကိုဆန့်ကျင်တဲ့ ဘယ်အင်အားစုမဆို နှိမ်နင်းခဲ့တာပဲမဟုတ်လား၊ သူတို့ ပစ်ကွင်းထဲကိုဝင်လာသူမှန်သမျှ ပစ်ခဲ့ကြတာပဲ ၊ ရိုက်ခဲ့ကြတာပဲမဟုတ်လား၊သူတို့ဘက်ကကြည့်ရင်သူတို့မှန်တယ်လို့ ယူဆလို့ ဒီလိုလုပ်ခဲ့တာပါပဲ။ ဒီလိုပဲပေါ့ ကျွှန်တော်တို့ ဒီမိုကရေစီဘက်တော်သားများက အဆိုတော်တွေ အမေရိကားကိုလာရောက်ဖျော်ဖြေကြတဲ့ အခါ ၀ိုင်းဆန္ဒပြကြတာလည်း ဒီလိုပါပဲ၊ ၀ိုင်းစုခိုင်သိန်းကို ဘယ်သူကမှ ပုဂ္ဂိုရေးမုန်းလို့ လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ သူက နအဖ အလံကိုင်ပြီး ( ယူဂျီ ဆိုတာ ယူလည်းယူတယ် ဂျီလည်းကြတာပေါ့ ) ဆိုတဲ့ ကြွေးကြော်သံကို အော်ပြီးတက်လာတဲ့ နောက်မှတော့ ကျွှန်တော်တို့ ဘက်တော်သားများက တုန့်ပြန်နှိမ်နင်းရာမှာ ၀ိုင်းစုခိုင်သိန်းတော့ မပစ်ကြနဲ့ ၊ စိုးမြတ်သူဇာပဲပစ်လို့ လုပ်လို့မရဘူးလေ၊ နအဖ အလံကိုင်ဆွဲပြီးချီတက်လာသူမှန်သမျှ ချေမှုန်းရမှာ ဒီမိုကရေစီအင်အားစုများရဲ့တာဝန်ပါပဲ။ တစ်ခါ ၈၈၈၈ အရေးတော်ပုံကြီးကိုပြန်ကြည့်ရအောင် မဆလ တစ်ပါတီအာဏာရှင် ရဲ့စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားသူတွေထဲမှာ နိုင်ငံရေးဆိုတာဘာမှမသိနားမလည်ပဲ။ ချီတက်ဆန္ဒပြပွဲမှာ လိုက်ပါလာရင်းနဲ့ သေဆုံးသွားတဲ့ ရဟန်း၊ရှင်လူ၊ ကျောင်းသားပြည်သူတွေ အများကြီးပါဗျာ၊ အခုကိစ္စမှာ သူတို့လာလို့ ဆန္ဒပြကြလို့ ၀ိုင်းစုခိုင်သိန်း မသေပါဘူး ။ ဟော်တည်တွေ အိမ်တွေမှာ အပျံစားနေပြီးမှ ပြန်ရမှာပါ။ ကိုယ်ချင်းစာကြည့်ကြပါဦး၊ လွန်ခဲ့တဲ့ရက်က ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက်ရေးသွားတဲ့ အထဲကလိုပါပဲ - ဥပဒေကို မသိနားမလည်လို့ကျူးလွန်ခြင်းအတွက် ခွင့်လွှတ်တယ်ဆိုတာမရှိ - ဆိုတာလေးပါ။ ဒါ လူကိုတိုက်တာမဟုတ်ပါဘူး ၊ လုပ်ရပ်ကိုတိုက်ကြတာပါ။ ဒါကို ခွဲခြားသိတတ်ပါစေ၊ အဲဒီလို လုပ်လို့ နအဖဘက်ကိုပါသွားလည်း ၀မ်းနည်းစရာမရှိပါဘူးဗျာ၊ ကိုမျိုးချစ်ရေ ကျွှန်တော် ခင်ဗျား ဘလော့ကိုအမြဲအားပေးနေတဲ့ ကြည့်နေကြ၊ လေ့လာနေကြ သူပါဗျာ၊ နိုင်ငံရေး အင်အားစုကို အဲသလိုကြီး မလုပ်လိုက်ပါနဲ့ဗျာ၊ မရေးပါနဲ့၊ ကြားလို့မကောင်းပါဘူးဗျာ၊ စည်းရုံးရေး အရေးကြီးတယ်ဆိုတာ သိပ်မှန်ပါတယ်။ ဒါပေမဲ့လည်း မှုအရကြတော့ ဘယ်သူဘယ်ဝါမို့လို့ ခွင့်လွှတ်နားလည်ပေးလိုက်တာမျိုး နိုင်ငံရေးမှာ မရဘူး။ ဒါဆိုဗျာ သူတို့ ( နအဖ ) ဘက်က ပဲ့လာပြီး ဒီမိုကရေစီ ဘက်တော်သားဖြစ်လာတဲ့ ဗိုလ်မှုး အောင်လင်းထွတ် တို့ကို နအဖက နားလည်ခွင့်လွှတ်မှု့များပေးခဲ့သလား စဉ်းစားကြည့်ရအောင်ပါ။ အဝေးရောက်ပြစ်ဒဏ်တွေ တစ်နင့်တစ်ပိုးကြီးတောင်မှ ပေးထားခဲ့တာပဲမဟုတ်လား၊ ဒါတစ်ချိန်ကသူတို့လူနော်။
နအဖ ထက်စာရင် အမေရိကားမှာ ဆန္ဒ၀ိုင်းပြကြတဲ့ ရဲဘော်တွေဟာ အများကြီး ကိုယ်ချင်းစာ၊ သိမ်သိမ်မွေ့မွေ့တုန့်ပြန်ကြပါတယ်။ မသေပါဘူးဗျာ။ ၀ိုင်းဆိုခိုင်သိန်းသေမသွားရှာပါဘူး၊ ကျွှန်တော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေ အများကြီး သေခဲ့ပါပြီ။
လေးစားလျှက်
မိုးကြိုးသွား
----- Forwarded Message ----
From: Ko maung Gyi
To: 8888 People power <8888peoplepower@yahoogroups.com>
Sent: Sun, August 29, 2010 8:26:22 PM
Subject: [8888peoplepower] Fw: ညီလေး မျိုးချစ်မြန်မာ
---
ညီလေး မျိုးချစ်မြန်မာ အတွက် ပေးပို့လာတဲ့ စာကို ထပ်ဆင့်ပေးပို့လိုက်ပါတယ်။

From: Myo Min
Subject: ညီလေး မျိုးချစ်မြန်မာ
To: "maung gyi"
Date: Monday, August 30, 2010, 3:16 AM


သုံးသပ်ချက် (က)

အယ်လ်အေမှာ ဝိုင်းစုခိုင်သိန်း လာရင် အပြတ်ဖွန်ကြောင်ပြီး အားပေးလိုက်မယ်လို့ ကြုံးဝါးထားတဲ့မျိုးချစ်မြန်မာတယောက် အယ်လ်အေပွဲမှာ ဝိုင်းစုခိုင်သိန်းမပါတော့ ဟတ်ကော့ကြီးဖြစ်သွားပါတယ်။ အမေရိကားအသိုင်းအဝိုင်းမှာ ပေါက်ပေါက်မြောက်မြောက်မရှိရှာတော့
အဘိုးအမည်က မည်သူဖြစ်ကြောင်း၊ အဖအမည်ကဘယ်လိုဖြစ်ကြောင်း
မိတ်ဆက်ပြပြီး၊ အနုပညာသမားလိုလို ဟန်ဆောင်ပြရပါတယ်။
ဒါပေမဲ့ မျိုးချစ်မြန်မာဖန်ဆင်းခဲ့တဲ့ အနုပညာ ကို မည်သူသိကြပါသနည်း။ အဘ က ဒါရိုက်တာဖြစ်လို့ မျိုးချစ်မြန်မာ က အနုပညာသမားဖြစ်နိုင်မည်ဟု ယူဆပါသလား။ကျနော်တို့လည်း NYU မှာ ဂီတသင်ကြားနေတဲ့ မြန်မာတွေပါ။သို့သော် မျိုးချစ်မြန်မာတို့လို မိဘနာမည်မိတ်ဆက်ပြီး အနုပညာလောက ကို နောက်ဘေးပေါက်မှမတက်ပါ။ ကိုယ့်အရည်အချင်းနဲ့ကိုယ်တက်ပါမယ်။ ပရိဿတ် ဟာ ထမင်းကျွေးသူမို့ ပြည်သူ ကို လေးစားပါမယ်။ ပြည်သူ ကို မလေးစားပဲ၊ အစိုးရကို ကပ်ဖားရပ်ဖားလုပ်နေသူတွေကို ရွံရှာပါတယ်။

သုံးသပ်ချက် (ခ)

နိုင်ငံရေးသမားတွေက ချီးထုတ်များစွာကိုတွေ့ဘူးခဲ့ပါသည်။
ထို့ကြောင့် မျိုးချစ်မြန်မာ လို မလိမ်မိုးမလိမ်မာ လူငယ် ချီးထုတ်လေး
တထုတ်ကို ခံစားနေကြမည်မထင်ပါ။ သို့သော် မျိုးချစ်မြန်မာဝိုင်းစုခိုင်သိန်း ကို မတွေ့လိုက်ရသဖြင့် သွေးရူးသွေးတန်းတုန့်ပြန်နေသည့် ညနေစာ လွတ်သွားသော လူတယောက်အဖြစ် ကို သာ စိတ်မကောင်းဖြစ်မိပါတယ်။
တကယ်တော့ ဝိုင်းစုခိုင်သိန်းက မြောက်ကယ်ရိုလိုင်းနားပွဲအထိ သောက်ခွက်ပြောင်စွာ ဆင်နွဲဖို့ကြိုးစားခဲ့ပါတယ်။
တီးဝိုင်းသမားတွေနဲ့ပြဿနာတက်တဲ့ အကြောင်းကတော့ အဆိုတော်တွေ ( မင်းမော်ကွန်း၊ အယ်လ်ဆိုင်းဇီ၊ ဝိုင်းစုခိုင်သိန်း၊ ရေဗက္ကာဝင်း ) တို့က နယူးယောက်ပွဲအပြီးမှာ ငွေကြိုပေးမှာ ဖြေဖြော်မယ်ဆိုပါတယ်။
ဒါကို သိသွားတဲ့ တီးဝိုင်းခေါင်းဆောင်ကိုစိုးမိုး က သူတာဝန်ခံ လုပ်ခဲ့တဲ့ ကိစ္စ ကို အဆိုတော်တွေက စည်းဖေါက်တယ် ဆိုပြီး ပြဿနာတက်ပါတယ်။ ဝိုင်းစုခိုင်သိန်း ဆန္ဒပြပွဲတွေကြုံလာတော့ အခါခွင့်သင့်တုန်း ထိုးချလိုက်ပါတယ်။
ဝိုင်းစုခိုင်သိန်းလည်း ဟန်ဆောင်လို့မရတော့ဘူး။
အဖွဲ့တွင်းမှာလည်း ငွေကြေးကြောင့် ပြဿနာတက်၊ အပြင်မှာ ဆန္ဒပြ။
သဘောထားကြီး လို့ ပြန်သွားတယ် ထင်ပါသလားငါ့ညီရယ်။
မျိုးချစ်မြန်မာတယောက်က သတင်းအချက်အလက် တိတိကျကျမရှိပဲနဲ့၊ သူကသာ အနုပညာသမားလိုလို၊ ဟန်ဆောင်ပြီး မဏ္ဍပ်တိုင်တက်ပြတာကို မြင်တော့ ဝါးလုံးခေါင်းထဲ လသာနေရှာတဲ့၊ လူငယ်လေးတယောက် မာန်တက်နေတာသလိုမျိုးပါပဲ
ငါ့ညီ မျိုးချစ်မြန်မာ
ဘလောက်လေးဖွင့်ပြီး ဟိုဆောင်းပါးတင်၊ ဒီသတင်းတင် လုပ်နေတာ အနုပညာသမားမဟုတ်ပါဘူး။ အနုပညာ ကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်အရောင်နဲ့တောက်ပအောင်ကြိုးစားစေချင်ပါတယ်။
ဓါတ်တိုင် ခေါင်းနဲ့တိုက်ချင်တာ ငါ့ညီပဲဖြစ်ပါလိမ့်မယ်။ စိတ်ထဲမှာ လုပ်ချင်တာကို စာထဲမှာ ထထမရေးပါနဲ့ကွာ။ နိုင်ငံရေးလှုပ်ရှားသူတွေက ငါ့ညီ လို ချီးထုတ်တွေ (၂၂) နှစ်အတွင်းမှာ အများကြီးတွေ့ဘူးခဲ့တော့
ပြန်ရေးမယ်မထင်ပါဘူး။ နောက်တကြောင်းက ငါ့ညီက နာမည်ရနေတဲ့ အနုပညာသမားလည်းမဟုတ်၊ အရေးပါတဲ့ လူငယ်လေးလည်း
မဟုတ်တော့ ပိုဆိုးတာပေါ့။
ကိုယ်ကတော့ အနုပညာသမားစစ်စစ်မို့ ငါ့ညီနဲ့မတူကြောင်း ဆန္ဒထုတ်ဖေါ်ပြတာပါ။ ကြုံရင် NYU ကျောင်းသားတွေ ဖွဲ့ထားတဲ့ အကိုတို့ရဲ့
The Eagle Sketch တေးဂီတ ဆီကို လာလည်ပါအုံး။
အနုပညာစိတ်ဝင်စားတဲ့ လူငယ်တွေကို အကိုတို့ကလည်း ဖလှယ်ချင်ပါတယ်။ လမ်းမှန်မှန်သာ ကြိုးစားပါ ညီလေးရာ။ အနုပညာသမားအဖြစ် လူတွေသတ်မှတ်ကြမှာပါ။
ညီလေးရဲ့ခံစားမှုကို ကိုယ်ချင်းစာနာစွာဖြင့်

မျိုးမင်းကျော်

အဆုံးထိဖတ်ရန်...

၇၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှ ငရဲမှာတခါဆုံမယ်

ရ၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှေ ငရဲမှာတခါဆုံမယ်
ဦးနေ၀င်း၏နိုင်ငံရေးအာဏာရယူခဲ့ပုံနှင့် ကျဆုံးခဲ့ရပုံကို ခုခေတ်လူငယ်တွေ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်တို့သည် မည်သည့်နည်းနှင့်မျှ အာဏာလက်မလွှတ်မချင်ခဲ့ကြပေ။ အသက်အရွယ်ကြီးမြင့်၍ ထိမ်းမနိုင်သိမ်းမရသောအခါမှသာ ဆွေစဉ်မျိုးဆက်တဆက်လုံး ထောင်ထဲရောက်ကုန်အောင် သူ့ဇတ်လမ်းသူလုပ်သွားခဲ့သည်သာဖြစ်သည်။ ၀ဋ်လည်သည်ဟုပြော၍ရပါသည်။ ၁၉၆၂ ခုနှစ်ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသောအခါ ရဲဘော်သုံးကျိပ်အရှိန်က ရှိနေခဲ့သည်။ တခါတခါ နိုင်ငံရေးသမားတွေကိုခေါ်၍ ထမင်းကျွေးအခန်းအနားတွေ ပြုလုပ်သေးသည်။ ဒေါ်အောင်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည်ကိုယ်တောင်မှ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ်ကြီးခန့်အပ်
လိုက်သေးသည်။ တခါတခါ သံအမတ်ကြီးရာထူးဖြင့် ထင်ရှာေးသာသူတွေကို ပို့ပေးလိုက်တတ်သည်။ များသောအားဖြင့် လူမိုက်ချီးမွမ်းခြင်းသဘောမျိုးဖြင့် မစတတ်သောအလေ့အကျင့်ရှိသည်။ ကြိုက်နှစ်သက်လွန်း၍တော့မဟုတ်။ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုရေးအတွက်
အင်မတန် ထောက်ခံကြသောရွေးကောက်ပွဲကို ပြုလုပ်ကျင်းပလိုက်သည်။ မြန်မာနိုင်ငံတနိုင်ငံလုံးသည် လှည်းနေလှည်းအောင်းမြင်းဇေါင်းမကျန် မဲပေးခဲ့ကြသည်။ တကြိမ်တခါမျှမမြင်ဖူးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခဲ့ရခြင်းဖြစ်သည်။ ယင်းကိုယ်စားလှယ်တော်ကြီးများကို မဲပေးခဲ့ခြင်းအားဖြင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အတည်ပြုခဲ့သည်ဟုလည်း မည်သူမျှနားမလည်ခဲ့ကြ။ ယင်းလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကလည်း မည်သည့်တာဝန်တွေရှိသည်ကို ပြည်သူတွေမသိ၊နားမလည်။ သိသောနားလည်သော မြင်သောအရာတခုမှာကား ဗိုလ်ချုပ်ကြီးနေ၀င်းမှာ ဦးနေ၀င်းဖြစ်သွားခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်ပါတိ၏ဥက္ကဌကြီးဦးနေ၀င်းမှာ
ဦးစန်းယုကို သမတအဖြစ်ခန့်ထားသေးသည်။ ယင်းသမတ ဦးစန်းယုမှာ လက်ကလေးပိုက်ပြီး ပါတီဥက္ကဌကြီးဦးနေ၀င်း၏ နောက်ကနေပြီး ရ့ပ်နေရသည်ကို ယခုအချိန်ထိမျက်စိထဲတွင်မြင်ယောင်မိနေဆဲဖြစ်သည်။ သူ့မှာဘာမျအာဏာမရှိ။ ဦးနေ၀င်းနောက်ကဘဲနေရသည်။ ပါးစပ်က ပြုံးတောင်မပြုံးရ ။သမတကြီးဦးစန်းယုမှာ ၁၉၈၈ ခုနှစ်
ဒီမိုကရေစီအရေးတော်ပုံဖြစ်လာသောအခါ သူ့ခမြာဘာတခွန်းမျှ မပြောမဆိုလိုက်ရရှာ။ နောက်ဆုံးဦးစိန်လွင်၊ ပြီးတော့ ဒေါက်တာမောင်မောင်စသည်တို့နှင့် ၈၈ အရေးအခင်းတွင် စစ်တပ်ကအာဏာသိမ်းသောအခါ ပထမအာဏာသိမ်းခံရသောသူတို့မှာ မြန်မာနိုင်ငံ၏ အဓိပ္ပါယ်မရှိသော သမတသာဖြစ်သည်။ တချိန်တည်းမှာပင် ဦးနေ၀င်းလည်း ကိုယ်ဖေါ်သောဆေး ကိုယ်မစားနိုင်ဘဲ နောက်ဆုံးမှာ မိသားစုတခုလုံးကို ထောင်ထဲတွင်သေဒဏ်ဖြင့် ထားခဲ့ရပြီးသူကိုယ်တိုင်လည်း လူမသိသူမသိ ပုဇွန်စာဂဏန်းစာအဖြစ် လှိုင်မြစ်မှာ ချကျွှေးခံရသည်။
အကယ်၍အုဌ်ဂူဖြင့်သာ ဦးနေ၀င်းအမည်ဖြင့် ကြံ့တောတွင်ရှိနေခဲ့ပါက ပြည်သူတရပ်လုံးက ဖိနပ်နှင့်ပေါက်ပြီး နေ့စဉ်သွားရောက် ကျိန်ဆဲနေကြမည်ကို မြင်ယောင်မိသေးသည်။
ယခုလည်းဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဦးနေ၀င်း၏စာအုပ်ကြီးအတိုင်း လျှောက်လုပ်လိုက်ပြီဖြစ်သည်။ သူ့အပေါ်အမိန့် အာဏာလိုက်နာသော တပည့်ကောင်းများလက်ထဲသို့ စစ်အာဏာကိုလွှဲပေးသည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို လွှဲပြောင်းပေးခြင်းသည် သူ့အဖို့စွန့်စားမှူကြီးတရပ်ဖြစ်သည်။ ဆင်ဖြူတော်ရရှိ၍ ဘုရင်စိတ်ပေါက်နေသောသူပီပီ နိုင်ငံတော်
အာဏာကို လက်လွှတ်စွန့်စားရသည်မှာ မလွယ်လှ။ အာဏာအစွမ်းရှိကြသောသူ့အုပ်စုတခုလုံးကို ယူနီဖေါင်းချွတ်လိုက်သောအခါ နောက်ပေါက်စစ်ဗိုလ်တွေကို သူကထိမ်းနိုင်လိမ့်မည်ဟုထင်ထားသည်။ ယူနိဖေါင်းချွတ်ကြရသော ဗိုလ်ချုပ်ကြီးတို့မှာ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရမည်ဖြစ်သည်။ တချို့ မှာရွေးကောက်ပွဲမှ ၀င်၍အရွေးချယ်ခံရသော ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာစစ်တပ်မှ ၂၅ % ရရှိထားသောစာရင်းမှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာတသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးချယ်ခံကြသော ယူနီဖါင်းချွတ် လူရိုသေရှင်ရိုသေ ကိုယ်စားလှယ်တော်များဘ၀ဖြင့် ပါဝင်လာကြမည်။ တချို့ မှာကြံ့ဖွံ့ပါတီမှ၎င်း ကိုယ်စားလှယ်တော်များဖြစ်လာကြလိမ့်မည်။ ယင်းကိုယ်စားလှယ်များက သမတကို ရွေးချယ်ကြမည်ဖြစ်သည်။ ပါတီဥက္ကဌကြီးမှာမူ အစိုးရအထက်မှ သို့မဟုတ် သမတအထက်မှ ရှိနေပေလိမ့်မည်။ သည်တော့ ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမည့်အရပ်သားအစိုးရအဖွဲ့တွင် သြဇါအရှိဆုံးသောပါတီဥက္ကဌကြီးသည် မည်သူဖြစ်လာနိုင်ပါမည်နည်း ။ ဦးသန်းရွှေပင်ဖြစ်လာပါလိမ့်မည်ဟု ပြောရပါတော့မည်။ အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ်ရာထူးဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ သိုသော်သမတမှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီများမှ အဆိုတင်သွင်းသူ သို့မဟုတ်အတိုက်အခံများမှ အဆိုတင်သွင်းသူတို့ကို လွှတ်တော်မှတိုက်ရိုက်ရွေးချယ်ကြသည်။ သမတဖြစ်နိုင်သော လူရိုသေရှင်ရိုသေ အထင်ကရပုဂ္ဂိုလ်တို့မှာ တီဗွီမှ ရေဒီယိုမှ သတင်းစာမှ ပြည်သူတရပ်လုံးက ဆွေးနွေးဝေဖန်ကြသည်။ အိန္ဒိယနိုင်ငံ၏သမတ တယောက်အဖြစ် ရှိသင့်ရှိထိုက်သောအရည်အချင်းတို့မှာ ပြစ်မျိုးမှည့်မထင်ဖြစ်နေရသည်။ သာမန်လောက်ကလေးနှင့်မရ။ ငယ်စဉ်တောင်ကျေးဘ၀ကစလို့ အထက်တန်းကျောင်းသားမှသည် တက္ကသိုလ်ကျောင်းသာြး့ပီးတော့ နိုင်ငံ့ဝန်ထမ်းစသည်တို့အထိ မီးခိုးကြွက်လျှောက် ဆွေးနွေးကြသည်မှာ သူတို့နိုင်ငံ၏ဒီမိုကရေစီစံနုံး မည်မျှရှိသည်ကို ပြသခြင်းဖြစ်သည်။ သမတသည် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံစရာလည်းမလို။ သို့အတူသမတမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ၅ ) ဦးကို သမတအာဏာဖြင့် အထူးရွေးချယ်ခန့်အပ်ပိုင်ခွင့်လည်းရှိ
နေသေးသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံးရသောပါတီမှာ အစိုးရဖွဲ့စည်းပိုင်ခွင့် အာဏာအပြည့်အ၀ရှိသည်။ သို့သော် မည်မျှပင်မဲအများဆုံးရသောပါတီဖြစ်စေကာမူ ၀န်ကြီးချုပ်ကိုတော့ အရမ်းကာရောအစိုးရအဖွဲ့ ဖြစ်နေသည့်တိုင်အောင် ရွေးချယ်ခန့်အပ်၍မရ ။ တခြားအတိုက်အခံပါတီနှင့် ပြည်သူတရပ်လုံး၏ ဆန္ဒသဘာထားကို ကောက်ယူရသေးသည်။ ဤသည်မှာဒီမိုကရေစီနိုင်ငံရေးစနစ်၏ နိုင်ငံရေးအနှစ်သာရဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် မစ္စဆိုနီယာဂန္ဒီ၏ ကွန်ဂရက်-အိုင် ( Congress I -party ) ပါတီမှာ မဲအများဆုံးရရှိသော်လည်း ပါတီဥက္ကဌဖြစ်သောဆိုနီယာမှာ ၀န်ကြီးချုပ်မဖြစ်။ ၀န်ကြီးချုပ်စနစ်ဖြင့် အုပ်ချုပ်သောအိန္ဒိယနိုင်ငံတွင် အာဏာပိုင်အမြင့်ဆုံးရာထူးမှာ ၀န်ကြီးချုပ်ဖြစ်သည်။ လွှတ်တော်တခုလုံးနှင့် အစိုးရ
ယန္တရားတခုလုံးလည်ပါတ်ရေးမှာ ၀န်ကြီးချုပ်၏နိုင်ငံရေး လမ်းကြောင်းမျာပေါ်မှ ဖြတ်သန်းသွားရမည်ဖြစ်သည်။ ထို့ကြောင့် မဲအများဆုံးရရှိပြီး လွှတ်တော်တွင်ဥပဒေကို တင်ပြနိုင်စွမ်း ချယ်လှယ်နိုင်စွမ်းရှိသည့် ၄င်းဝန်ကြီးချုပ်ရာထူးပြသနာမှာ အနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့၏ နားလည်မူအခြေနေပေါ်မှာလည်း အထူးမူတည်နေသည်။ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်အိုင်ပါတီက အနိုင်ရရှိသော်လည်း မစ္စဆိုနီယာကို ၀န်ကြီူးချုပ်ရာထူး မပေးကြ။ အတိုက်အခံပီါိတွေနှင့် ပြည်သူတွေကလက်မခံ။ တချို့ ကကိုယ့်ကိုကိုယ် သေနတ်နှင့် ပစ်သတ်မည်ဆိုကာ နားထင်တွင်သေနတ်နှင့်တေ့ပြီး ဆန္ဒပြကြသေးသည်။ မစ္စဆိုနီယာမှာ အီတလီနိုင်ငံသူဖြစ်၍ လက်မခံဆိုသောအခြေအနေကလည်း ရှိနေရာသူမခမြာ နောက်ဆုံးတွင် ၀န်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်ပါတီဥက္ကဌရာထူးဖြင့် နိုင်ငံတော်အာဏာကိုချုပ်ကိုင်ထားသည်။ တခါက၀န်ကြီးချုပ်ဖြစ်သူ မန်မဟိုဆင်းအား မစ္စဆိုနီယာ၏သဘောတူဆုံးဖြတ်ချက်ရမှသာ ဆောင်ရွက်နိုင်ကြောင်း ရုပ်မြင်သံကြားမှာ သရော်သောပြကွက်ဖြင့် နိုင်ငံရေးဝေဖန်ချက်တွေ ပြုလုပ်သွားသည်ကို တွေ့ရဖူးသည်။ ယင်းမှာလည်းမှန်သည်။
ယခုမြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံ၏ ပါလီမန်အစိုးရ ဖွဲ့စည်းပုံအတိုင်း ပြုလုပ်ရန်ပြင်ဆင်နေသည်။ စစ်တပ်ထဲမှ၂၅%သည် တခါတည်းဖြစ်လာမည့်ကိုယ်စားလှယ်ဖြစ်သည်ကို လူတိုင်းသိသည်။ ရွေးကောက်ပွဲမ၀င်သော ပါတီဥက္ကဌကိုလည်း နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ရန် ယူနီဖေါင်းကို ချွတ်ထားပြီးပြီ။ ကြံ့ဖွံ့ပါတီက္ကဌမှာ ဦးသန်းရွှေဖြစ်သည်။ ဦးသန်းရွှေကနိုင်ငံတော်ဥက္ကဌဖြစ်၍ အာဏာဟူသမျှ သူ့လက်ထဲမှာရှိနေသည်။ သမတသည် ရွေးကောက်ပွဲအနိုင်ရပါတီမှ တင်သွင်းမည့်သူ သို့မဟုတ် နိုင်ငံတော်အကြီးအကဲမှ တိုက်ရိုက်ခိုင်းစေမည့်သူဖြစ်သည်။ ယင်းသမတမှာ စစ်ရေးအတွေ့အကြုံရှိသူဖြစ်ရမည်မို့ ယခုစစ်ယူနီဖေါင်းချွတ်လိုက်သူထဲက တယောက်ယောက်တော့ဖြစ်မှာသေချာနေသည်။ သည်တော့ရွေးကောက်ပွဲတွင် အနိုင်ရမည့်ပါတီက အစိုးရဖွဲ့စည်းရာမှာ ပါဝင်သည့်ကိုယ်စားလှယ်များဖြစ်ရာ မနေ့တနေ့က ယူနီဖေါင်းချွတ်လိုက်သောသူတို့မှာ ၀န်ကြီးများဖြစ်နေပြီ။ ဆိုရလျင် ကြ့ဖွံ့ပါတီသည် တနိုင်ငံလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၄၀၀ ကျော်ဝင်ပြိုင်ကြမည်ဖြစ်ရာ တွက်ချက်ကြည့်က သိနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာဘောင်အာရင်းသန်သန်နှင့် စစ်အစိုးရဖက်က တသီကြီးထောက်ခံအားပေးပြောနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ နေမျိုးဝေပါတီမှာ ၈ ဦးမျှကိုယ်စားလှယ်သာပြိုင်မည်ဆိုသည်။ ဒေါက်တာသန်းငြိမ်းဦးဆောင်သောပါတီမှာ လူပေါင်း ၁၄၀ မျရှိသည်ဟုဆိုသည်။ ဦးအေးလွင်ပါတီအနေဖြင့် မဟာမိတ်အဖွဲ့ပြုလုပ်သည့် သုံးပါတီဖြစ်နေသည့်တိုင် သူ့ပါတီက ၁၀၀ နှင့် ၁၅၀ ကြားမှာရှိသည်ဟုဆိုသည်။ စစ်အစိုးရမှရွေးကောက်ပွဲကိုပြုလုပ်မည်ဟု ဆိုသောအခါ ရွေးကောက်ပွဲကိုဝင်မည်ဟု ပထမဆုံးပြောကြားသော ကွယ်လွန်သူဦးရွှေအုံး၏ပါတီမှာ ( ၃ ) ဦးသာရှိသည်။ ဦးသုဝေတို့ပါတီမှာမူ လူပေါင်း၁၂၀ လောက်ရှိနေသည်ဟုဆိုသည်။ ၂၆ ပါတီထဲတွင် သူတို့မှာစစ်အစိုးရ၏ရွေးကောက်ပွဲကို မဖြစ်မနေ၀င်သင့်သည်ဟု ပြောကြားကြသော တနည်းအားဖြင့် စစ်အစိုးရ၏ပေါ်လီစီများကို ဗြောင်သော်၎င်း သွယ်ဝိုက်၍သော်၎င်း ထောက်ခံအားပေးကြသူများဖြစ်သည်။ သဘောမှာရွေးကောက်ပွဲကိုဖြစ်အောင် ပြုလုပ်ပေးသောသူများဖြစ်သည်။ သို့သော်သူတို့၏ကိုယ်စားလှယ်စာရင်းကိုကြည့်လိုက်သောအခါ ကိုယ်စားလှယ်ပေါင်း ( ၃၀၀ ) ခန့်မျှရှိသည်။ သူတို့၏ကိုယ်စားလှယ်များကို ပြည်သူတို့ကသည်းခြေကြိုက်မဟုတ်။ ထားပါတော့။ အားလုံးပင်အနိုင်ရသည်ထားဦး။ အစိုးရဖွဲ့စည်းရာတွင် သူတို့တကောင်တမြီးမှမပါ။ သူတို့ကိုယ်တိုင်ကလည်း မနိုင်မှန်းသိသည်။ မနိုင်မှန်းသိသော်လည်းဝင်ပြိုင်ကြရသည်ဟုဆိုသည်။ အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချု့်ပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်စေမည်ဟု ဆိုကြသည်။ ဘယ်လိုမှမယုံနိုင်စရာဖြစ်သည်။ သူတို့သည် လွှတ်တော်ထဲတွင် မည်သည့်နည်းနှင့်မျ စကားတခွန်းလေတောင် ပြောခွင့်ရသူများမဟုတ်။ အကြောင်းမှာ နိုင်ငံတ်ာအကြီးအကဲဥက္ကဌဦးသန်းရွှေသည် သူတို့လောက်မအ။
တခုတော့ရှိသည်။ ယခုပွဲကအာဏာပြသနာပွဲဖြစ်သည်။ စစ်ယူနီဖေါင်းကိုချွတ်လိုက်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယခုအသစ်စက်စက်ဖြစ်လာသော ခရစ္စတီးကျွန်းလူသတ်ကောင် သူရမြင့်အောင်က မည်မျလက်သင့်ခံနိုင်မည်နည်း။ ခရစ္စတီးကျွန်းလူသတ်သမား တရားခံကိုမည်သူက အတိအကျဖေါ်ကောင်လုပ်ကြမည်နနည်း။ ဗိုလ်မှူးအောင်လင်းထွဋ်က ဤအမှူမှာမြင်သမျှ သိသမျှ ကြားသမျှ သက်သေအဖြစ်စစ်ဆေးခံမည်ဖြစ်သည်။ သတ်မိန့်ပေးသူက ဦးသန်းရွှေဆိုလျင် သူရမြင့်အောင်က ဤအမှူတွင် လက်ဝင်လျှိုပြီး ဓါးစာခံလုပ်နိုင်မည်လား။ ဤအထိတော့သူရမြင့်အောင်ကလည်း မိုက်ရှူးရဲလုပ်နေမည့်သူ မထင်ရပေ။ အကြောင်းမှာဗိုလ်မှူးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် အတူတူကျောင်းတက်ဖက်ဖြစ်ရာ တယောက်အကြောင်းကို တယောက်သိထားကြပြီးဖြစ်သည်။ ဗိုလ်မှူးအောင်လင်းထွဋ်၏သက်သေခံထွက်ဆိုချက်ကို သူရမြင့်အောင်အနေဖြင့် ကုလသမဂ္ဂ၏စုံစမ်းစစ်ဆေးရုံးတွင် စစ်ဆေးခံမည်ဆိုလျင် သူ့လောက်မိုက်သောသူမှာ ဤကမ္ဘာတွင် မရှိတော့။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်မှူးအောင်လင်းထွဋ၏သက်သေထွက်ဆိုချက်များသည် ခိုင်မာတိကျကြောင်း ဗိုလ်ချုပ်မှူးကြီးသူရမြင့်အောင် သိရှိထားပြီဖြစ်သည်။ အကယ်၍သူရမြင့်အောင်အနေဖြင့် ကြံ့ဖွံ့ပါတီဥက္ကဌကြီးဦးသန်းရွှေအား ခရစ္စတီးကျွန်းအစုလိုက်အပြုံလိုက် လူသတ်မှူတွင် အဓိကတရားခံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် အပ်နှံဖမ်းဆီးပေးမည်ဆိုလျင် ဒီမိုကရေစီသူရဲကောင်းတဦးတဖြစ် သူရမြင့်အောင်အား မြင်တွေ့သွားမည်ဖြစ်သည်။ သို့မဟုတ်ဘဲ ယာယယီရရှိထားသော အာဏာစည်းစိမ်ကို ခံစားယစ်မူးနေပါက ဦးသန်းရွှေ၏ကြော့ကွင်းမှာနေပြီး သူပြုသမျှကျေးကျွှန်ဖြစ်နေပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အုပ်စုအတွက် သေတွင်းတူကြမည့်သူများအတွက် ဆုံစည်းရာအရပ်ဖြစ်သည်။ ယင်းဆုံစည်းရာအရပ်သည် အမင်္ဂလာအရပ်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဦးနေ၀င်းသည် ၂၀၁၀ ဦးသန်းရွှေနှင့် ဘ၀ချင်းက တထေရာတည်းတူနေကြပြီ။ ဦးနေ၀င်းမြေးများဖြစ်သောကျော်နေ၀င်း၊ရဲနေ၀င်း၊ဇွဲနေ၀င်းတို့သုံးဦးကို ထောင်ထဲတွင် သေဒဏ်ပေးထားသလို ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်ခေါ်ဖိုးးလပြည့်ကိုလည်း သေဒဏ်ပေးပြီးထောင်ထဲပို့ချင်နေကြသည်မှာလည်း တပုံတပင်ကြားနေရသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးအသစ်စက်စက်ဖြစ်သော သူရမြင့်အောင်အား သေဘော်ညှိနေသော ဦးသန်းရွှေကို ငရဲရောက်အောင်ပို့ရန် ကြိုးစားနေကြသောသူတို့မှာ လက်ညီတက်ညီနေကြပြီ။ ဦးသန်းရွှေငရဲမရောက်ခင် အကျဉ်းထောင်ထဲတွင် မိသားစုတခုလုံးသေဒဏ်ပေးခံရပြီး ထောင်ထဲမှာနေရခြင်းကိုလည်း တွေ့ရှိရသွားမည်ဖြစ်သည်။ သို့အတူသူနှင့်အတူ စစ်အုပ်စုတခုလုံး ထောင်ထဲတန်းဝင်ကြမည်ဖြစ်သည်။ ဦးသန်းရွှေနှင့် စစ်ရာဇ၀တ်ကောင်အပေါင်းပါတစုတို့မှာ မြန်မာနိုင်ငံမြေ၌ အုပ်ဂူတလုံးတော့မရ။ သူတို့အားလှလှပပမြုပ်နှံထားလျှင် ဖိနပ်ဖြင့် ပစ်ပေါက်လာမည့်သူများက တန်းစီနေကြပါသည်။ ထို့ကြောင့်ငရဲသို့ရောက်အောင်ပို့ကြရပါတော့မည်။ သည်တော့ငရဲရောက်သောအခါ မြန်မာနိုင်ငံအပေါ် ဗိုလ်ကျစိုးမိုးနေခဲ့သော ဦးနေ၀င်းနှင့် တခါဆုံကြလိမ့်မည်ဖြစ်သည်ဟု ပြောလျင် ယုံကြည်စရာဖြစ်ပါကြောင်း။။။။

ခိုင်အောင်ကျော် (နယူးယောက်)

အဆုံးထိဖတ်ရန်...

စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မီတီ၏ လှုပ်ရှားမှုများ

Free Burma Poster Campaign

အဆုံးထိဖတ်ရန်...

Friday, August 27, 2010

မိဒီယာတွေရဲ့  တာဝန်ကျေပွန်တာတွေနဲ့ ဖြုတ်ထုတ်သတ်လုပ်မှ အေးမည့်မီဒီယာ

၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံအရ ဖြစ်ပေါ်လာမဲ့အစိုးရကို ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြလိုက်ပါသည်။ စစ်ရေးကျွမ်းကျင်သော သမ္မတကလွှမ်းမိုးချုပ်ကိုင်နေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမို့ မည်သည့်နည်းနှင့်မျ လွှတ်တော်မှာအာဏာမရှိ။ ထိမ်းချုပ်၍မရ။ ထို့ကြောင့် တရားမျှတမှူမရှိသော ဥပဒေကို လက်ခံကျင့်သုံးသူများကို မင်းမဲ့စရိုက်များ (Anarchy )ဟု ပြောပြလိုက်သေးသည်။ ကျင့်သုံးသူကော လက်ခံသူကိုကော ထောက်ခံသူကိုရော မသိနားမလည်သူကိုပါ ပြောဆိုခြင်းဖြစ်သည်။ ယင်းဖွဲ့စည်းပုံအကြောင်းကို ဂဂဏဏသိရှိသောသူတို့က ပြောဆိုသောကြောင့်လည်း ဤဖွဲ့စည်းပုံကို အကောင်အထည်ဖေါ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား လက်မခံ ၊ သပိတ်မှောက်ကြဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါသည်။ ထို့ကြောင့် သပိတ်မှောက်ကြရမည့်အကြောင်းကိုလည်း ပြောကြဆိုကြရတော့မည်မဟုတ်ပါလေလား။ သည်တော့ရှင်းပြီဟုထင်သည်။ သို့သော်မရှင်းသေးပါ။ အင်မတန်စိတ်ပျက်စရာကောင်းသော အခြေအနေများတွင် ဒီမိုကရေစီအင်အားစုတွေ ပြည်ပမှာပါ ပြည်တွင်းမှာပါ စိတ်ရှုပ်ထွေးနေကြရပါသည်။ ယင်းမှာမီဒီယာသမားများကြောင့်ဖြစ်သည်။ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်သည်ဟု ပြောဆိုနေကြသံမှာ တိတ်ဆိတ်နေရလောက်အောင်ဖြစ်နေရသည်။ ဤသည်မှာကောင်းသော လက္ခဏာမဟုတ်။ ကျွန်တော်ဗွီအိုအေ၏ ၀ပ်ဆိုက်ကိုဖွင့်ကြည့်ပါသည်။ တွေ့နေမြင်နေရသည်မှာ ၂၀၁၀ ပွဲစားလေလံတင်နေသူ ဒေါက်တာခင်ဇေါ်ဝင်းကို ဗျူးနေသော ရုပ်သံအစီအစဉ်ကို တွေ့နေရသည်။ ယင်းမှာဒီမိုကရေစီအင်အားစုများအား စိတ်ပျက်စေနေသော ပုံမျိုးဖြစ်နေသည်။ ဒေါက်တာခင်ဇေါ်ဝင်းမှာ စစ်အစိုးရ၏ရွေးကောက်ပွဲ့ကို ပြည်တွင်းတွင် သေသေချာချာ တင်ပြနိုင်သောသူဖြစ်ပါသည်။ သူ့မှာမည်သို့မျအန္တရယ်မရှိချေ။ အခြားသောဒီမိုကရေစီအင်အားစုများမှာ မီဒီယာမရှိ။ ရုပ်မြင်သံကြားမရှိ။ အင်မတန်မှအခက်အခဲရှိနေသော ဒီမိုကရေစီအင်အားစုတို့၏အခြေအနေကို လူတိုင်းသိရှိကြပါသည်။ ကျွန်တော်တို့မြင်ချင်တွေ့ချင်သည်မှာ ဒီမိုကရေစီအင်အားစုများက ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကျားကျားယားယား အံကြိတ်ပြောဆိုနေသော အတိုက်အခံသမားများတွေကို မြင်ချင်တွေ့ချင်သည်။ ညောင်ညာညာနှင့် မျက်နှာသေပုံမျိုးဖြင့် မုဒိမ်းမှူကျူးလွန်ထားသော သူများလိုရုပ်မျိုးနှင့် တရားခွင်မှာ အစစ်ဆေးခံနေသောသူတွေလို ဒီမိုကရေစီအင်အားစု အတိုက်အခံသမားတွေကို မမြင်ချင် မတွေ့လို။ နောက်တခါမီဒီယာတွေ အသံလွှင့်ဌါနတွေမှာ ထုတ်လွှင့်ရေးသားမှူများကလည်း မည်သို့မျသတင်းအတိအကျ ခိုင်မာမှူမရှိဘဲ ရေးသားထုတ်လွှင့်ရေးသားနေကြသည်မှာ စိတ်ပျက်စရာဖြစ်သည်။ လူမျိုးစုများနှင့်ပါတ်သက်၍ ရွေးကောက်ပွဲများကို လွှင့်ချင်သည်ဆိုလျင် သန်ခေါင်စာရင်းနှင့် လူဝင်မှူကြီးကြပ်ရေးဌနနှင့်မှတ်ပုံတင်ဌါနသို့ ယင်းလူမျိုးစုများရှိမရှိ မမေးမစမ်း။ ပြည်နယ်တခုစီတွင် ရှိနေကြသော လူမျိုးစုနွယ်စာရင်းတွင် ပါဝင်ပါတ်သက်နေမှူရှိမရှိ။ သမိုင်းဆိုင်ရာအချက်အလက်များဖြင့် ရှိနေသောလူမျိုးစုနွယ်များဖြင့် ရပ်တည်နေသည့်လူမျိုးစုများဟုတ်မဟုတ် မစုံစမ်းမလေ့လာ၊ သမိုင်းပညာရှင်များ၊ သမိုင်းသုတေသီများကို မတိုင်ပင် ။ မလေ့လာ၊ လမ်းဘေးမှ ပေါက်ကရလေးဆယ် တွေ့နေသူများကို မေးမြန်းပြီး သတင်းတွေ ပေါ်ပင်ထုတ်လွှင့် ရေးသားနေကြသည်။ လွန်ခဲသောနေ့က RFA မှာကြားလိုက်ရပါသေးသည်။ ယင်းမှာယခုတကြိမ်တည်းမဟုတ်။

စင်စစ်အားဖြင့် မီဒီယာအသံလွှင့်ဌါနတွေကို စိတ်ပျက်နေသောသူတွေထဲမှာ ကျွန်တော်ပင်မဟုတ်။ အခြားသောပြည်ပရောက်နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများလည်း မနည်းရှိကြသည်။ တနေ့ကမျိုးရန်နောင်သိမ်းမှ RFA မှာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ မဲထည့်ရမည့်အကြောင်းများကို ဆောင်းပါးဖြင့် အသံလွှင့် နေခဲ့သည်။ ယင်းကို ကျွန်တော်က RFA အားကန့်ကွက်ခဲ့သည်။ ယင်းအကြောင်းနှင့် ပါတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီး ၊ နိုင်ငံရေးအကျဉ်းသမား ဦးဝင်းတင်က ဘ၀နှစ်မျိုးနှင့် မီဒီယာ၏
ရန်တည်ချက်များကို ပြောသွားသည်။ သည်တော့မည်သူကမှန်နေပါသနည်း။ RFA ကမှန်နေပါသလား။ မျိုးရန်နောင်သိမ်းကဘဲ မှန်နေပါသလား။ ကန့်ကွက်သူကျွန်တော်ကဘဲ မှန်နေပါသလား။ ဤမေးခွန်းကို ယခု မျိုးရန်နောင်သိမ်းကဘဲ မနေ့ကဘဲ အဖြေပေးသွားပါပြီ။ ယင်းမှာရွေးကောက်ပွဲကို သပိတ်မှောက်ရန်မှအပ အခြားရွေးစရာလမ်းမရှိတော့ပါဟု မျိုးရန်နောင်သိမ်းက ပြည်သူသို့ပန်ကြားချက်ထုတ်ပြန်သွားပါပြီ။ မျိုးရန်နောင်သိမ်းမှာ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်ဖြစ်၍ ကျွန်တော်ပိုပြီးလေးစားသွားပါသည်။ ကွန်ဂရက်ကျူးလေးရှင်းပါ ကိုမျိုးရန်နောင်သိမ်းဟု ပြောဆိုလိုက်ရပါသည်။ နောင်ကိုကျွန်တော်တို့နှင့် လက်တွဲ၍ရသွားပါလိမ့်မည်ဟုထင်ပါသည်။ ဤသည်မှာမီဒီယာတွေ၏အခန်းကဏ္ဍတွေမှာ မည်မျအရေးကြီးနေပုံကို ဆောင်းပါးရှင်ကိုယ်တိုင်က နိုင်ငံရေးမီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါသည်။ ငါးသလောက်ပမာ ခေါင်းစဉ်ဖြင့် မီဒီယာတွေနှင့် ပါတ်သက်၍ ဆောင်းပါးတပုဒ်ကို ရဲဘောကျော်သန်းမှ ရေးသားသည်ကို ဖတ်ရပါသည်။ နိုင်ငံရေးစာပေအနှစ်သာရများစွာဖြင့် ရေးသားထားသော ယင်းဆောင်းပါးမှာ နိုင်ငံရေးလောက၌ သိထားသင့်သော လိုက်နာသင့်သော အချက်အလက်များဖြစ်နေသည်ကို တွေ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေးတရပ်အောင်မြင်မူ၊ နိုင်ငံရေးအခန်းကဏ္ဍ
ကြီးမားမူ ၊ အရေးတကြီး ပါဝင်ပါတ်သက်ပုံကို ရေးသားတင်ပြထားသည်မို့ နိုင်ငံရေးစစ်တမ်းတခု ဖြစ်နေသည်ကိုလည်းတွေ့ရသည်။ ရဲဘော်ကျော်သန်း၏ ငါးသလောက်ပမာဆောင်းပါးကို ပုဂ္ဂိုလ်ရေးဆန်ကာ လူမူရေးအခြေခံပြီး တိုက်ခိုက်ရေးသားသော မောင်မောင်မြင့် ဆိုသူတယောက်က စာပေအဆင့်အတန်းမရှိပါဘဲ တုန့်ပြန်ရေးသားလာမူကိုလည်း တွေ့ရှိလာရသည်။ ထို့ကြောင့် ကျွန်တော့်မှာပြည်တွင်းတွင် ဤမောင်မောင်မြင့် ဆိုသူနာမည်ဖြင့် ရေးသားသောဆောင်းပါးများ၊၀တ္ထုများ၊ကဗျာများ၊ မဖတ်ဖူးခဲ့ရ၍ မောင်မောင်မြင့်ဆိုသောကလောင်နာမည်ကို မကြားဖူး။ ပြည်ပတွင်လည်း ၀တ္ထု၊ဆောင်းပါး၊ကဗျာ၊များကို မဖတ်ဖြစ်ဖူးသောအခါ စာပေအနုပညာလောကမှ ပုဂ္ဂိုလ်တဦးတော့ဖြင့် မဟုတ်တန်ရာဟု ထင်မိခဲ့ပါသည်။ ကျွန်တော်ပင်ညံ့လွန်း၍လားတော့ဖြင့်မဆိုနိုင်၊သို့သော် လူတကာလျောက်၍မေးကြည့်ရာ မြန်မာနိုင်ငံသတင်းသမဂ္ဂ -ဥက္ကဌလား- မသိ။ ပြောကြပါသည်။ ကျွန်တော်ကြားဖူးသိဖူးအကျွမ်းဝင်ဖူးသောသူမှာ စာရေးဆရာဇင်လင်းသာ ယင်းအဖွဲ့မှာရှိသည်ဟုတော့သိရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့က စာပေအနုပညာအဖွဲ့ကို နယူးဒေလီတွင်ဖွဲ့ကြရာ ကျွန်တော်က ဥက္ကဌကြီး×အယ်ဒီတာချုပ်ရာထူးဖြင့် ရွေးကောက်ခံရ၍ တချိန်ကျလျင် အရှေ့ဘက်က ဖွဲ့စည်းထားသော မြန်မာနိုင်ငံသတင်းသမဂ္ဂနှင့် လိုအပ်လာလျှင် စကားစမည်ပြောရအောင် ဆရာဇင်လင်းကိုသာ သတိထားမိခဲ့ပါသည်။
ယင်းကြောင့်လည်းထင်ပါသည်။ မောင်မောင်မြင့်မှာ စာပေအနုပညာသမားအဆင့် မရှိသလို တုန့်ပြန်စာရေးသားရာမှာ အချင်းချင်းသူငယ်ချင်းကိုရေးသားသလို ရေးသားပေးပို့လိုက်ပါတော့သည်။ သူ့စာကို ဆောင်းပါးအဖြစ်လည်း မသတ်မှတ်နိုင်ကြောင်း ဖတ်သူတိုင်းက သိသာနိုင်ပါသည်။ ဤနေရာ၌ ကျွန်တော့်မှာအထူး ၀မ်းနည်းစရာဖြစ်ရပါသည်။ မီဒီယာတွေကို ဒီမိုကရေစီအင်အားစုများဘက်မှ ဖြစ်စေချင်သော အုပ်စုနှင့် ယခုအချိန်တွင် မီဒီယာဆိုတာကြားနေရမည်။ ကျင့်ဝတ်ရှိရမည်ဟု ပြောဆိုလာသံတွေက တဘက်ဖြစ်နေပါသည်။ ဆရာဦးဝင်းတင်ကလည်း ပြောနေပြီးပါပြီ။ မောင်မောင်မြင့်ဆိုသူမှာ ဆရာဦးဝင်းတင်၏ ရေဒီယိုဟောပြောချက်ကို နားမထောင်ဖြစ်၍ ဆန္ဒစောကာ တုန့်ပြန်စာရေးသားခြင်းဟု ထင်ရသည်။ သူ့တုန့်ပြန်စာမှာ ပုဂ္ဂိုလ်ရေးထိခိုက်စာရေးသားထားသည်ကို တွေရသည်။ မီဒီယာသတင်းစာဆရာများအနေဖြင့် မိမိတို့၏ အကြောင်းအရာများနှင့် ပါတ်သက်လျင် ဤသို့မရေးတတ်ကြမှန်း သိနိုင်ပါသည်။ ယခုမူအောက်တန်းကျလှပါသည်။ လူကြီးလူကောင်းဆန်ရန်လိုပါသည်။ မီဒီယာကျင့်စဉ်များ၊ မိမိတို့စည်းကမ်းချက်များကို ရေးသားလိုက်လျင်ပင် လုံလောက်နေပါလျက်ကယ်နှင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်လွန်းမူအား နိမိတ်ပြစာကြောင်းများအရ သိသာနိုင်ပါသည်။ ဖြေရင်းချက်များမဖြစ်ဘဲ ပဋိပက္ခအသွင် ဆောင်သွားစေပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ကြိုးစားနေသည့်သူများအဖို့ ယင်းသို့လူတန်းစားမျိုး ရှိနေကြသည်ကို သိရှိရခြင်းမှာ အလွန် တန်ဖိုးရှိသွားပါပြီ။ ခက်နေသည်မှာ သူချည်းမဟုတ်။ အခြားသောမီဒီယာတွေ၊သတင်းစာတွေ ၊ ဂျာနယ်တွေ ထုတ်လုပ်ဖြန့်ချီနေကြသူတွေထဲမှာလည်း ၀တ္ထုတပုဒ်၊ ဆောင်းပါးတပုဒ်၊ ကဗျာတပုဒ် ၊ မရေးတတ်ဘဲ အယ်ဒီတာချုပ်တွေ၊ ဘာဥက္ကဌတွေ ညာဥက္ကဌတွေ ဆိုပြီး လုပ်နေသောသူတွေရှိနေလို့ကတော့ ဒီမိုကရေစီအင်အားစုတွေအဖို့မှာ လျာပေါက်အောင်ပြောသော်လည်း မဟုတ်တာတွေဖြစ်နေမှာကတော့သေချာပါသည်။ ယခုလည်း ABSDF ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ပြောသလို မီဒီယာသမားတွေက ကြားနေမည်ဆိုလျင် ဒီမိုကရေစီရေဒီယိုအသံလွှင့်ဌါနတွေမှာ မလုပ်ကြပါနှင့် ပြောတာကိုထောက်ခံရပေလိမ့်မည်။ RFA ,DVB တို့သည် ဒီမိုကရေစီအင်အားစုများအတွက် အင်မတန်အားကိုးရာ အားဆေးဖြစ်ပါသည်။ ကျွန်တ်ာသည်ပင် မိမိအသက်စည်းစိမ်၊ မိမိ မိသားစုတွေကို စွန့်လွှတ်ခဲ့ရမည်ကိုမကြောက် ။ သားမယားထောင်ကျခံရသည်ကို မစဉ်းစားဘဲ အထူးအားကိုးကာ RFA မှာ ဆောင်းပါးတွေရေးပို့ကာ နေပျော်ခဲ့ပြီးပြီ။ ယခုလည်းအသံလွှင့်ဌါနတွေကို အားကိုးနေတုံး ၊နားထောင်နေတုံး။ သို့သော် စိတ်ပျက်လာသည်မှာတော့ ကြာလာပါပြီ။ နားမထောင်ချင်တော့ပါ။ ကျွန်တော်တို့လို စိတ်ဓါတ်တွေအပြည့်နှင့် တက်ကြွသူများပင်လျင် စိတ်ဓါတ်တွေကျဆင်းကုန်ပြီဟုဆိုက အခြားသူများတို့ကို ဘာမှပြောစရာရှိပါမည်နည်း။ကျွန်တော်တို့မှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အင်အားစုများဖြစ်ရာ ရေဒီယိုများမှ သပိတ်မှောက်ကြောင်းကိုဘဲ ပြောချင်သည်။ ဆွေးနွေးချင်သည်။ ရေဒီယိုနှင့် အင်တာဗျူးသောအခါ အခြားသောသူများနှင့် ပြုလုပ်နေတာတွေကို ကြားနေရပါသည်။ တခါတခါ ရွေးကောက်ပွဲကို ၀င်မည့်သူများနှင့် တချို့ မှာ ပြောဆိုဆွေးနွေးကြပါသည်။ ယင်းအချိန်ခါ ကျွန်တော်တို့မှာ အားမရလှ။ အဘယ့်ကြောင့် ဆိုသော် တဘက်လူကပြောနိုင်စွမ်းရှိချိန် သပိတ်မှောက်မည်ဟု ပြောဆိုသောသူမှာ ပျော့ညံ့သူများဖြစ်နေတာကို တွေ့နေရပါသည်။
ရေဒီယိုများနှင့် စကားအခြေအတင်ပြောကြသောအခါ ကျွန်တော်။ ကိုထွန်းအောင်ကျော်။ ရဲဘော်ကျော်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန်တို့မှာ အထူးစကားပြောနိုင် အင်တာဗျူးပြောနိုင်သူများဖြစ်သည်။ သို့သော် ရွေးကောက်ပွဲသပိတ်မှောက်မည့်အကြောင်းများနှင့် မည်သည့်အခါမျ မပြော။ မဆွေးနွေး။ အင်တာဗျုးမပြုလုပ်ရ။ ဆိုးနေသည်က ကျွန်တော်တို့မှာ ဘလော့တွေ ။ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆောင်းပါးရေးနေသူများဖြစ်ရာ မည်သည့်အတွက်ကြောင့်များ အင်တနာဗျူးတချက်တလေ မပြုလုပ်လေသနည်းဟုလည်း စဉ်းစားစရာဖြစ်နေပါသည်။ ဘလော့တွေကို ၀ပ်ဆိုက်တွေကို မီဒီယာရေဒီယိုသမားတွေကများ တမင်မဖတ်ကြလေသလားမသိ ။ တခါတခါ မြန်မာ့နိုင်ငံရေးသုံးသပ်သူ၊ မြန်မာ့နိုင်ငံရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသည်ဖြင့် အဓိပ္ပါယ်မရှိ နာမည်ကင်ပွန်းတပ်ကာ အင်တာဗျူးလုပ်နေသံတွေကိုလည်း ကြားနေရသည်မှာ တကယ့်နားမုဒိမ်းကျင့်ခံနေရသည်နှင့် တူနေသည်။ ရေဒီယိုတွင် သတင်းထောက်လုပ်နေသူများမှာလည်း တော်လှန်ရေးလောက နိုင်ငံရေးလောကမှ ထွက်လာသူများဖြစ်ရာ နိုင်ငံရေးသမားများကို အင်တာဗျူးပြုလုပ်ကြသည့်အခါ ဘက်လိုက်တာတွေကလည်းရှိနေသည်။ သူတို့ကိုထမင်းကျွေးထားသူများဆိုလျင်တော့ ဟုတ်ဟုတ်မဟုတ်ဟုတ် မိုက်ခွက်ကလေးတော့ ပေးပြီးသား။ အဆိုးဆုံးကတော့ အကယ်၍ဆန္ဒပြနေသည်ဟုဆိုလျင်ပင် ပြနေသည့်နေရာကိုမျှ မသွားဘဲ တယ်လီဖုံးကလေးဖြင့် မေးစမ်းပြီးအင်တာဗျူးလုပ်ကာ အသံလွှင့်ပေးနေခြင်းဖြစ်သည်။ ယင်းမှာအခန်းအနားကိုပြုလုပ်သူက မည်သူဆိုရုံမျနှင့် လုံလောက်နေသလို အင်တာဗျူးလုပ်ခြင်းနည်းလမ်းဖြစ်သည်။ ဆန္ဒပြနေရာမှာ ၊ အခန်းအနားတွေမှာ မည်သူကမည်သို့ စစ်အစိုးရနှင့် ပါတ်သက်၍ ပြောပြချက်များ၊ တင်ပြချက်များ၊ ပေါ်လီစီများကို အကောင်းဆုံးဟောပြောနေပေမင့် အခန်းအနားဆောင်ရွက်သူကိုသာ အင်တာဗျူးပြုလုပ်နေမူမှာ မြန်မာနိုင်ငံဒီမိုကရေစီလောကမှ ယဉ်ကျေးမူတရပ်ဖြစ်နေသည်။ သည်တော့ဆန္ဒပြပွဲတွေမှာ ၊အခန်ူအနားတွေမှာ အာပေါက်အောင်ပြောနေသောနိုင်ငံရေးသမားတို့မှာ ငယ်သံပါအောင်အော်ပြောနေသော်လည်း သူတို့အသံကို ပြည်သူတို့မကြားလိုက်ကြရ။ ပြည်သူတို့ကို စိတ်ဓါတ်ခွန်အား မပေးလိုက်ကြရ။ နိုင်ငံတကာသတင်းထောက်များမှာတော့ စစ်မြေင်ပြင်ဆင်းပြီး သတင်းထောက်များကို မြင်တွေ့နေရသည်။ နိုင်ငံကတကာလမ်းမပေါ်မှာ ကြွေးကြော်ဆန္ဒပြနေကြသော လူအုပ်စူရှိရာသို့ ကျွန်တော်တို့ဇတ်လိုက်ကျော် သတင်းထောက်များ၊ ဂျာနယ်သတင်းထောက်များမှာ နေအိမ်မှ၎င်း။ ရုံးခမ်းမှ၎င်း အင်တာဗျူးလုပ်ပြီး သတင်းတွေထုတ်လွှင့်နေကြသည်မှာ ရွံစရာကြီးဖြစ်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို စစ်ဖြစ်နေချိန် ရေဒီယိုများမှ စစ်နိုင်သတင်းများကို လွှင့်ပေးနေရချိန်မှာ ကျွန်တော်တို့သတင်းထောက်တွေ မီဒီယာတွေ ဘယ်လိုလုပ်သင့်ပါသလဲဆိုတာ စဉ်းစားစရာဖြစ်လာပါသည်။ မှန်ပါသည်။ ကိုထွန်းအောင်ကျော် ပြောသလို ပြည်သူနှင့် စစ်အုပ်စုတို့စစ်ဖြစ်နေကြပါသည်။ ယင်းအချိန်မှာမီဒီယာတွေကို ကျွန်တော်တို့ဖက်က အားကိုးချင်ပါသည်။ ကျွန်တော်တို့ကပြောသော လွှင့်သော ရေးသော အကြောင်းအရာများကို ပြည်သူများအားသိစေချင်ပါသည်။ ကျွန်တော်တို့၏ပြည်သူများအား ပြောကြားရေးသားခြင်းကို ဘက်လိုက်ပြီးပြုလုပ်သင့်သည်။ အကယ်၍ဘက်မလိုက်လိုလျင် ဘက်မလိုက်သော သတင်းဌါနများ၊ဂျာနယ်များတွင် သွားလုပ်ကြခြင်းက ပို၍ကောင်းသည်လို့ထင်ပါသည်။ မည်သည့်အတွက်ဆိုလျှင် သူတို့ကိုယ်တိုင်ပင် နိုင်ငံရေးသမား တော်လှန်ရေးသမားဟု ဘက်နှစ်ဘက်စလုံးက ပြောဆိုနေကြ၍ဖြစ်သည်။ သည်တော့
မည်သည့်ဖက်သို့ယိမ်းကြမည်နည်း။ ဒီမိုကရေစီအတိုက်အခံအင်အားစုဖက်က ရပ်တည်လျင် ဒီမိုကရေစီအင်အားစုဘက်က ဆန္ဒကိုလေးစားဖို့လိုသည်။ ထို့ကြောင့် ဒီမိုကရေစီတိုက်အခံအင်အားစုတို့၏ မီဒီယာဘက်က ရပ်တည်ပေးရန်လိုသည်။ အကယ်၍တကယ့်မီဒီယာသူတော်စင်ပုဂ္ဂိုလ်တွေလို စစ်စစ်ပေါက်ပေါက် သတင်းထောက်တွေ လုပ်ကြပြီဆိုလျင် ဆန္ဒပြရာဆီသွာြး့ပီး သတင်းယူသတင်းပို့လုပ်ကြ၊ ဂျာနယ်သမားတွေကဆိုလျင်လည်း ၀တ္ထုတွေ၊ဆောင်းပါးတွေ၊ ကဗျာတွေ ၊ ရေးတတ်သူတွေက ဂျာနယ်တွေမှာ အယ်ဒီတာတွေလုပ်ကြ၊ သတင်းဌါနတွေမှာ တတ်သူက ဥက္ကုဌလုပ်ကြ။ သည်လိုမျိုးမီဒီယာတွေ ဖြုတ်ထုတ်သတ်လုပ်ရမည်ဖြစ်သည်။ သို့မဟုတ်က ကျွန်တော်တို့မှာကိုယ်ပြောချင်ရာကိုလည်းမပြောရ၊ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါဟု ပြည်သူတွေကိုလည်း မစည်းရုံးရ။ မတိုက်တွန်းရနှင့် ရွေးကောက်ပွဲကြီးပြီးစီးသွားသည်ကို လက်ပိုက်ကြည့်နေရမည့်ဘ၀ ရောက်နေပါပြီ။ စစ်အစိုးရမှာ မီဒီယာနှင့် ပါတ်သက်၍ ရေဒီယိုရှိပါသည်။ ရုပ်မြင်သံကြားရှိပါသည်။ သတင်းစာတွေရှိပါသည်။ ထို့ကြောင့် သူတို့မှာမီဒီယာအားကောင်းလွန်းလှပါသည်။ ကျွန်တော်တို့မှာ RFA,DVB နှစ်ခုသာအားကိုးစရာရှိပါသည်။ ဤနှစ်ခုက ပညာသည်ကြီးလုပ်နေတာကို ပညာသည်ကြီးတွေက လက်လျှိုခံကြပြီဆိုမှဖြင့် မီဒီယာကိစ္စကို ဖြုတ်ထုတ်သတ်လုပ်မလားဆိုသော ဒီမိုကရေစီမဲပေးစနစ်အရ ဆုံးဖြတ်ရတော့မည့် အနေအထားရောက်နေပြီလားဟု မေးခွန်းတွေထွက်ပေါ်နေပါပြီ။ ဤအသံကိုကြားနိုင်ကြပါစေဟုလို့တော့ ပြောချင်ပါငည်။

ခိုင်အောင်ကျော် ( နယူးယောက် )

အဆုံးထိဖတ်ရန်...

မြန်မာပြည်သူလူထုသို့ ပန်ကြားချက်

စစ်အစိုးရသည် ၁၉၈၈ ဒီမိုကရေစီအရေးတေယ်ပုံကြီးကို ရက်စက်စွာလူအမြောက်အမြားများကို သတ်ဖြတ်ပြီး အာဏာသိမ်းခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲပချုပ်ကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရန်ဟုဆိုကာ အမျိုးသားညီလာခံကို တဖက်သတ်ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီမိုကရေစီရေးကျောင်းသားလှုပ်ရှားမှူကို ရက်စက်စွာ ဖြိုခွင်းနှိမ်နှင်းပြီး ကျွန်တော်အပါအ၀င် ကျောင်းသားများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ရက်စက်စွာသတ်ဖြတ်ပြီး ပြည်သူ့ဆန္ဒကို လျှစ်လျှူရှူခဲ့သည်။ ပြည်သူ့အသံကို ပိတ်ခဲ့သည်။ ထောင်ပေါင်းများစွာသော သံဃာတော်များ၊ကျောင်းသားလူငယ်များကို ထောင်သွင်းအကျဉ်းချခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂါစ်မုန်တိုင်းအတွင်းတွင်ပင် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး စစ်အစိုးရတဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊မဲလိမ်ခြင်း၊ မဲခိုးခြင်း စသည့်နည်းလမ်းများဖြင့် မည်သည့်သက်သေ ၊နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့မှ မရှိပဲ အတည်ပြုခဲ့သည်။
မည်သို့ပင်ဖြစ်စေ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ရှေးရှူပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် ဒီမိုကရေတစ်အစစ်ဖြစ်သည့်ပါတီများကို မဲပေးရန် ကျွန်တော်တို့ ဦးဆောင်သောလူငယ်များက ဆော်သြလှုံ့  ဆော်ခဲ့သည်။ သို့သော် စစ်အစိုးရ၏လုပ်ရပ်များသည် ပို၍ပို၍တဖက်သတ်ဆန်လာပြီး ယုတ်မာကောက်ကျစ်လာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးမတည်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်အစစ်ဖြစ်သည့် ပါတီများကို တဖက်စောင်းနင်းနှိပ်ကွပ်လာသည်။
ထိုအခြေအနေမှာ မည်သို့မှလက်မခံနိုင်သော အခြေအနေဖြစ်သည်။ ကျွန်တော်တို့မှာ ၂၀၁၀ နိုဝင်ဘာလ " ရ " ရက်ရွေးကောက်ပွဲအား သပိတ်မှောက်ရန်မှအပ ရွေးရန်နည်းလမ်းမရှိတော့ပေ။
ကျွန်တော်တို့ဘက်မှ မည်သို့ပင်အလျှော့ပေး၍ အမျိုးသားသင့်မြတ်ရေး နိုင်ငံတော်ဖွံ့ဖြိုးရေးကို ဦးတည်ကာ အပြုသဘောဖြင့် ချဉ်းကပ်ခဲ့သော်လည်း စစ်အစိုးရ၏ အဖျက်သဘောဆောင်သော လုပ်ရပ်များကြောင့် လာမည့် ၂၀၁၀ နိုဝင်ဘာလ ရ - ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတုကို ၀ိုင်းဝန်းသပိတ်မှောက်ကြရန် ဆန္ဒရှိသည့်အားလျော်စွာ ပြည်သူကိုပန်ကြားအပ်ပါသည်။
သပိတ်မှောက်ရန်မှအပ ရွေးရန်လမ်းမရှိတော့ပါ။

မျိုးရန်နောင်သိမ်း
ကျောင်းသားခေါင်းဆောင်
၈၈- မျိုးဆက်သစ်ကျောင်းသားများအဖွဲ့

( RFA တွင် ယနေ့ကြာသပတေးနေ့၌ မဲပေးရန်သွားရောက်ခိုင်းစေသော အသံလွှင့်ချက်ဆောင်းပါးကို ထုတ်လွှင့်ခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် မီဒီယာများ။အသံလွှင့်ဌါနများသို့ လက်ရေးဖြင့်ရေးသားက စကမ်ဖတ်ပြီး ပေးပို့သည့် မျိုးရန်နောင်သိမ်း၏ မိဘပြည်သူများ၏ ရင်ခွင်ထဲသို့ ၀င်ရောက်လာကြောင်း ထုတ်ပြန်ကြောင်းကြေညာချက်အား အထူးကြိုဆိုပါကြောင်းနှင့် သိသာစေရန် စာလုံးအမှားအယွင်းမရှိ ပြန်လည်ရိုက်နှိပ်ပေးခြင်းဖြစ်ပါသည်။ )

အဆုံးထိဖတ်ရန်...

Thursday, August 26, 2010

ပန်းဖြူရယ် ရက်ပေါင်း ၄၀၊ ၅၀ အတွင်းမှာ ကာမကိုပေးတယ်ဆိုတော့ မလွန်လွန်းဘူးလားကွာ

ပန်းဖြူအမှုကို ရန်ကုန်တိုင်းတရားရုံး ပယ်ချ
ကိုထွေး Thursday, August 26, 2010

ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် စွဲဆိုထားမှုအား ရန်ကုန်တိုင်း တရားရုံးက ယနေ့တွင် ပလပ်လိုက်ကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ (ဓာတ်ပုံ - Planet.com.mm)
ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် စွဲဆိုခဲ့ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းစွဲချက်ကို ပယ်ချခဲ့သဖြင့် တိုင်းတရားရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ ယနေ့ နေ့လယ် ၁ နာရီတွင် ယင်းသို့ ထပ်မံ ပလပ် လိုက်ခြင်း ဖြစ်သည်။

ပန်းဖြူ၏ ရှေ့နေဖြစ်သူ ဦးယုတင်က “တရားရုံးမှာ ကျနော် နားထောင်ပြီး ကောက်ချက် ချရသလောက်တော့ ရက် ၄၀၊ ၅၀ လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ် ဆိုတာ သဘာဝ ယုတ္တိ မရှိဘူးပေါ့။ နောက် တခုက ၄၊ ၅ နှစ်လောက် ကြာအောင် လိမ်လည်တယ် ဆိုတာလည်း သဘာဝ ယုတ္တိမရှိ ဘူးပေါ့။ အဓိက ကတော့ အဲဒီ ၂ ချက်ပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

စွဲချက်ကို ပယ်ချသည့် အကြောင်းအရင်းမှာ အပြစ်ရှိမရှိ သုံးသပ်သည်နှင့် တူညီခြင်း မရှိကြောင်း၊ စွဲချက်ကို တင်နိုင်လောက်သည့် အထောက်အထားရှိပါက တင်ရမည်ဖြစ်ကြောင်း၊ မိန်းကလေးတယောက်က အရှက်နှင့် ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ဆောင်ရွက်ထားသည့် ဆောင်ရွက်ချက်မှာ ပြည့်စုံသည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပန်းဖြူက “အခု အမှုတည်ဆောက်ထားတာ မခိုင်မာဘူး။ တယောက်ယောက်က သင်ကြားပေးထားတဲ့ ပုံစံ ရှိနေတယ်။ လုပ်ကြံတယ်ဆိုပြီးတော့ အဲဒီလို ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းတရားရုံးက ယခုကဲ့သို့ ထပ်မံပယ်ချခဲ့သည့်အတွက် ဗဟိုတရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားမည် ဖြစ်ကြောင်းလည်း ပန်းဖြူက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေးလိမ်လည်မှု၊ ပစ္စည်းလိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည်မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း သိရသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း သိရသည်။

ပန်းဖြူသည် ၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့သည်။
Copy from www.irrawaddy.org

အဆုံးထိဖတ်ရန်...

“ဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့်NLD ခေါင်းဆောင်များသို့ တိုက်တွန်းအားပေးနှိုးဆော်လွှာ”

မောင်ချင့်ချိန်

လေးစားရပါသောဘဘဦးတင်ဦး,ဘဘဦးဝင်းတင်နှင့် NLD ခေါင်းဆောင်များခင်ဗျာ ၊ နအဖစစ်အုပ်စုရဲ့တဘက်သတ် လက်ခမောင်းခတ်စိန်ခေါ်မှုတွေနဲ့ ၊ အံခဲခံစားနေရတဲ့ ပြည်သူလူထုရဲ့မချိတင်ကဲဖြစ်နေမှုတွေကြောင့် တိုက်တွန်းအား ပေးနှိုးစော်လွှာအဖြစ် ဒီစာကိုရေးလိုက်ရပါတယ်ခင်ဗျာ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့အောင်သီးအောင်ပွင့်အဖြစ်ပေါ်ထွက်လာခဲ့တဲ့NLDဟာ ၁၉၉၀ထဲက လူထုရဲ့တပ်ဦးပါတီ ဖြစ်ခဲ့တာပါ ၊ လူထုကလဲ ၁၉၉၀ရွေးကောက်ပွဲမှာ သူတို့ဆန္ဒပြုခဲ့တဲ့ပါတီအဖြစ်ရော၊ခွပ်ဒေါင်းအလံကိုတရားဝင်ကိုင်ဆွဲခွင့် ရခဲ့တဲ့ပါတီအဖြစ်ရော ၊ ဒေါ်အောင်ဆန်းစုကြည်ဦးစီးတဲ့ပါတီအဖြစ်နဲ့ပါ ခုချိန်ထိမျှော်လင့်နေဆဲဆိုတာ ယုံကြည်ပါတယ်။

မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ထွန်းရေး ၊ လူ့အခွင့်အရေးများအပြည့်အ၀ရရှိရေး ၊ အာဏာရှင်ဆန် သောအစိုးရမျိုး နောင်ဘယ်သောအခါမှမပေါ်ပေါက်ရလေအောင် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ခိုင်မာစွာချမှတ်ရေး ၊ တိုင်းရင်းသားညီအကိုများ နိုင်ငံရေးခွင့်တူညီမျှရရှိပြီး ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ရေး ၊ ပြည်သူလူထု၏ဘ၀ ခေတ်မှီဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကိုအကျိုးပြုနိုင်စေရေးဆိုတဲ့ မှန်ကန်တဲ့ဦးတည် ချက်တွေကြောင့် ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုအားလုံးရဲ့ဦီးဆောင်ပါတီအဖြစ်တည်ရှိခဲ့ သလို စစ်အာဏာရှင်တွေရဲ့ အဓိကထားဖြိုခွင်းတိုက်ခိုက်မှုကို တလျှောက်လုံးခံခဲ့ရတာလဲ မြင်သိခံစားရပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ကျွန်တော်တို့အနေနဲ့ NLD ကို အကြိမ်ကြိမ်မျှော်လင့် အားထားခဲ့ဘူးပါတယ် ၊ ၁၉၉၀ကစလို့ နှစ်၂၀ဆိုတဲ့အချိန်ကာလမှာ မချင့်မရဲအားမလိုအားမရဖြစ်ခဲ့ရတာတွေချည်းသာ ဖြစ်ပြီး NLD ကိုယ်တိုင်ကလဲ အာဏာပိုင်တွေရဲ့တဘက်သတ်ဖိနှိပ်မှုတွေကြောင့် အကျိုးမဖြစ်အရာမထင်ဖြစ်ခဲ့ရသည့် အတွက် ပြည်သူအပေါင်းအားအနူးအညွတ်တောင်းပန်ခဲ့တာကို ၂၀၁၀ခု ၊ ဧပြီလ (၆)ရက်နေ့ထုတ်ပြန်တဲ့ ပြည်သူသို့ ပန်ကြားလွှာမှာတွေ့ခဲ့ရပါတယ် ၊ အဲဒီကြေငြာချက်မှာပါသလို NLD အနေနဲ့ ပြည်သူလူထုနဲ့ဒီမိုကရေစိအရေးတော်ပုံကို မည်သည့်အခါမှကျောခိုင်းစွန့်ခွာသွားမှာမဟုတ်ဆိုတာကြောင့်ရော ၊ အဲဒီမတိုင်ခင် မတ်လ၂၉ ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်အတွက်ကြောင့်ပါ NLD ကို ရှိရင်းစွဲယုံကြည်မှု ခိုင် ခိုင်မြဲမြဲဆက်လက်ဖြစ်တည်စေခဲ့ပါတယ် ။

ဒါပေမဲ့ လက်ခုတ်လက်ဝါးတီးပြီးအားပေးရလောက်တဲ့ လုပ်ဆောင်မှုမျိုးမတွေ့ရသေးတဲ့အတွက်လဲ သို့လောသို့လော ဖြစ်နေမိဆဲပါပဲ ၊ ဒီမိုကရေစီအင်အားစုအားလုံးကထောက်ခံတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကို ဆက်လက်ဆုတ်ကိုင်မယ်ဆိုတဲ့ ဟစ်ကြွေးမှုကနေသွေဖီနေပြီလို့လဲ မြင်နေမိပါတယ် ၊ စစ်အုပ်စုကလဲ ၁၉၉၀ရွေးကောက်ပွဲကို လုံးလုံးပြည်ဖုံးကားချ လိုက်ပြီဆိုတဲ့အကြောင်း နိုဝင်ဘာ(၇)ရက်နေ့ကိုရွေးကောက်ပွဲရက်သတ်မှတ်ကြေငြာလိုက်ခြင်းနဲ့ ပြလိုက်ပြီဖြစ်ပါတယ် ၊ ဒီအတွက် စစ်အုပ်စုလုပ်မဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြောင်းဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တခု ဖြစ်ပေမဲ့ မပြည့်စုံ သေးဘူးလို့တော့ထင်ပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ ဘုန်းကြီးစာချလုပ်တယ်လို့မထင်စေချင်ပါ ၊ NLD ဖြတ်သန်းခဲ့ပြီးတဲ့ နှစ်၂၀ ကပျော့ပြောင်းမှုတွေကိုမြင်ခဲ့တဲ့အတွေ့အကြုံကြောင့် ပညာရှိသတိဖြစ်ခဲဆိုသလိုဖြစ်မှာစိုးလို့ သတိပေးအကြံပြုရခြင်းသာဖြစ်ပါတယ် ၊ စစ်အုပ်စုဟာ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အကြောင်းအမျိုးမျိုးပြရှောင်လွှဲပြီး ပြည်သူ့ဆန္ဒကို ကျောခိုင်းဥပေက္ခာပြုတာလဲ နှစ်၂၀ရှိပါပြီ၊ဘယ်နိုင်ငံကိုမှဂရုမစိုက်ပဲ လုပ်ချင်သလိုလုပ် ရွှေ့ချင်သလိုရွှေ့ ခဲ့တဲ့ အမျိုးသားညီလာခံNCဆိုတာကိုလဲ ၁၅နှစ်ကြာအချိန်ဆွဲခဲ့ပြိးပါပြီ ၊ အနိုင်အထက်ပြုခြိမ်းခြောက်မှု ၊ မဲလိမ်မဲခိုးမှု တွေနဲ့လဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲကို သူတို့လိုချင်တဲ့ပုံအတိုင်းရအောင်လုပ်သွားခဲ့ပြီးပါပြီ ၊ ကြံ့ဖွတ်အဖွဲ့ကို ပါတီ အဖြစ်ပြောင်း ၊ စစ်ဗိုလ်ချုပ်တွေအရေခွံချွတ် ပြောင်ပြောင်တင်းတင်းလုပ်နေပါပြီ ၊ ဒါကိုပဲ ရွေးကောက်ပွဲကိုသပိတ်မှောက် တယ် ၊ မဲသွားမပေးသပိတ်မှောက်ကြဆိုနေကာမျှနှင့် စစ်အုပ်စုလုပ်ရပ်များကိုဟန့်တားနိုင်ပြီ ၊ ၁၉၉၀ ရွေးကောက်ပွဲကို ထိမ်းသိမ်းထားနိုင်ပြီ ၊ ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ်ကိုင်ထားနိုင်ပြီ မယူဆစေချင်ပါ ။

စစ်အုပ်စုကနည်းလမ်းစုံဖြင့်ထိမ်းချုပ်ထားသော ၀န်ထမ်းများ ၊ စစ်သားများ ၊ ကြံ့ဖွတ်ဝင်များက မဖြစ်မနေ မဲသွားပေးကြ မှာပဲဖြစ်ပြီး စစ်အုပ်စုကလဲ ဘယ်သူမဲလာပေးပေးမပေးပေး (၂၀၀၈ဖွဲ့စည်းပုံကိုအတည်ပြုခဲ့သလို) ကြံ့ဖွတ်၇၅%စစ်ဗိုလ် ၂၅% လွှတ်တော်ကိုယ်စားလှယ်ဆိုတာတွေကို ကြေငြာမှာပဲဖြစ်ပါတယ် ၊ ၁၉၉၀ရွေးကောက်ပွဲကိုဥပေက္ခာပြုခဲ့ကထဲက ၊ တရားသဖြင့်မဟုတ်တဲ့ ရွေးကောက်ပွဲဥပဒေတွေထုတ်ပြန်ခဲ့ကထဲက စစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာတရားမဲ့လုပ်ကြံဇတ် ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ် ၊ လူထုခေါင်းဆောင်ရဲ့ တရားမျှတတဲ့ရွေးကောက်ပွဲဟုတ်မဟုတ် စောင့်ကြည့်နေ ဘို့ လိုမယ်ဆိုတဲ့မှာတမ်းမှာကိုက ချို့ယွင်းချက်ရှိနေတယ်လို့ထင်ပါတယ် ၊ စောင့်ကြည့်နေဘို့မလိုတော့သလို သပိတ် မှောက်ကန့်ကွက်နေယုံနဲ့လဲ မရပါဘူး ၊ ပျက်အောင်ကိုဖျက်ရမှာပါ ၊ NLD ကဦးဆောင်ပြီး ရွှေဂုံတိုင်ကြေငြာချက်ကိုဆုတ် ကိုင်ပြီး တောင်းဆိုတိုက်ပွဲဝင်တဲ့နည်းနဲ့ ရအောင်ကိုတားဆီးရမှာလို့ထင်ပါတယ် ။

ဘဘဦးတင်ဦး, ဘဘဦးဝင်းတင်နှင့် NLDခေါင်းဆောင်များခင်ဗျာ ၊ နိုင်ငံရေးဆိုတာဆုံးခန်းတိုင်သည်မရှိပေမဲ့ ခုအခြေ အနေကတော့ ဗမာ့နိုင်ငံရေးသမိုင်းရဲ့အချိုးအကွေ့ကြီးတစ်ခု ၊ NLD ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့အခြေအနေ ၊ ပြည် သူတွေကိုယ့်ကံကြမ္မာကိုဖန်တီးရတော့မဲ့အချိန်ပဲလို့ထင်ပါတယ် ၊ ကျွန်တော်တို့ရဲ့အားနည်းချက်ကြောင့် ခုပဲရွေးကောက် ပွဲသက်တမ်းနှစ်၂၀ကို ပြည်သူတွေအားလုံး ခါးခါးသီးသီးဖြတ်သန်းခဲ့ရပြိးပါပြီ ၊ စစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးအလာကို ထပ်ပြီးစောင့်သင့်ပါသေးရဲ့လား ၊ နိုင်ငံတကာက၀င်ကူရှင်းပေးဘို့ မျှော်လင့်ချင်ပါသေးသလား ၊ ဒီအချိန်မှာမှ ကိုယ့်အား ကိုယ်ကိုးအနိုင်မတိုက်နိုင်ရင် အရပ်သားအစိုးရလို့ခေါင်းစဉ်တပ်လာမဲ့ စစ်အုပ်စုဒါဏ်ကို ကျွန်တော်တို့ပြည်သူတွေ နောင် ဘယ်လောက်ထပ်ခံကြရဦ့းပါမလဲ ။

၁၉၉၀ရွေးကောက်ပွဲရလာဒ်ကိုမဖြေရှင်းပဲ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်မပေးပဲ လုံးဝ ရွေး ကောက်ပွဲလုပ်ခွင့်မရှိဘူးလို့ (ကိုယ့်အင်အားကိုကိုယ်ယုံယုံကြည်ကြည်နဲ့) စစ်အုပ်စုကိုစိန်ခေါ်သင့်ပါပြိ ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစိအင်အားစုတွေနဲ့ချိတ်ဆက်ပြီး ၊ နိုင်ငံတကာအစိုးရတွေနဲ့ချိတ်ဆက်ပြီး စစ်အုပ်စုသူ့သဘောသူဆောင်လုပ်မဲ့ နိုဝင်ဘာရွေးကောက်ပွဲကိုဖျက်မဲ့ လူထုတိုက်ပွဲကြီးကို ဦးဆောင်မှုပေးဘို့အချိန်ရောက်ပါပြီဆိုတာ တိုက်တွန်းအားပေး နှိုး စော်လိုက်ရပါတယ် ။

တော်လှန်ရေးသစ္စာခိုင်မာမှုဖြင့်

မောင်ချင့်ချိန်

အဆုံးထိဖတ်ရန်...

Wednesday, August 25, 2010

မျောက်သစ်ကိုင်းလွတ် ဦးခင်မောင်ဆွေရဲ့အဖြစ်

အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင်းပြန်ပြီ
ကျော်ခ ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ ဝင်လိုသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ပြီး အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကို တည်ထောင်ခဲ့သည့် နိုင်ငံရေးဦးဆောင် ကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။

ဦးခင်မောင်ဆွေနှင့် အတူ NDF ဒုဥက္ကဌ ဦးတင်အောင်အောင်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသာဆိုင်နှင့် နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးစိန်လှဦးတို့ ၄ ဦး အနေဖြင့် ၁၉၉ဝ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှု ပြစ်ဒဏ်များ ကျခံခဲ့ရသဖြင့် လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိ၍ အသနားခံစာ တင်ရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည်။

ပထမတကြိမ် အသနားခံစာ တင်ပြီးဖြစ်သော်လည်း နောက်တကြိမ် ထပ်တင်ခိုင်းစေနေခြင်းကြောင့် ရွေးကောက်ပွဲတွင် မပါစေ၍ အာဏာပိုင်များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးခင်မောင်ဆွေက ယုံကြည်နေသည်။

“ ပထမတကြိမ်လည်း တင်ပြီးပြီလေ အခုနောက်တခါ ထပ်ပြီး ပုဂ္ဂိုလ်ရေးအရ တင်ရမယ်ဆိုတော့။ တင်လည်း ရလည်း ရမှာမဟုတ်ဘူးဆိုပြီးတော့။ တင်လည်း မတင်ဘူး။ ဝင်လည်း မဝင်ဘူးပေါ့ဗျာ ဒါပါပဲ” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

” ကျနော့ကို ကန့်သက်တဲ့ကိစ္စဟာ ရွေးကောက်ပွဲကိစ္စမှာလည်း မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် ပါတီခွင့်ပြုချက်နဲ့အတူ ခေါင်းဆောင်ကိုလည်း ခွင့်ပြုပေးရမယ်ဆိုတာ သဘာဝ ကျတယ်လေ။ ပါတီတော့ ခွင့်ပြုပြီး ခေါင်းဆောင်တော့ ရွေးကောက်ပွဲဝင်ဖို့ ခွင့်မပြုဘူးဆိုတော့ ကျနော် မဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

ကျန်သုံးဦးကတော့ အသနားခံစာ ထပ်တင်လိုသည် မတင်လိုသည်ကိုမူ ယခုသတင်းရေးသားချိန်တွင် မသိရသေးပေ။

ထင်ရှားသော နိုင်ငံရေးသမားများအနက် ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရ၏ ရုပ်သေးဟု သတ်မှတ်ကာ စစ်အစိုးရက မတရား ကန့်သတ်မှုများ ပြုသည်ဟုဆိုပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို အစောပိုင်းက စွန့်ခွာသွားသူတဦးမှာ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးဖြိုးမင်းသိန်း ဖြစ်သည်။
Copy from www.mizzimzburmese.com

အဆုံးထိဖတ်ရန်...

Sunday, August 22, 2010

“ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့”

Media

အဆုံးထိဖတ်ရန်...

ကယ်တင်ရှင်များ ပေါ်လာပြီ၊ ဘယ်သူတွေ ဘယ်လောက်ရမလဲ စောင့်ကြည့်ကြတာပေါ့

စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် မျိုးဆက်သစ်-နှင့်မျိုးဆက်ဟောင်းများက ဆက်လက်လှုပ်ရှားသွားရန် သံန္ဒိဋ္ဌာန်ပြုကြ῎
၈၈၈၈ ပြည်သူ့ နေ့ စဉ် ၂၀၁၀ ၊ သြဂုတ်

ယနေ့ သည် ၈၈၈၈ ပြည်သူ့ အရေးတော်ပုံကြီး (၂၂)နှစ်မြောက် နှစ်ပါတ်လည် အချိန်အခါဖြစ်သည့် အတိုင်း မြန်မာ့နိုင်ငံတွင်း နှင့်ပြင်ပရောက် မျိုးချစ်အမျိုးသား အမျိုးသမီးများက မြန်မာ့နိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုဆက်လက် ကြိုးပမ်း လှုပ်ရှားသွားမည်ဖြစ်ကြောင်း ထပ်လောင်း သံန္ဒိဋ္ဌာန် ချမှတ်ကြသည်။

အလားတူ ပြည်သူ့ တော်လှန်ရေး၊ ပြည်သူ့ အုံကြွလှုပ်ရှားမှုကြီးထပ်လောင်းပေါ်ပေါက်လာစေရန်လည်း လက်တွေ့ ကျသော နည်းလမ်းအမျိုးမျိုးနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာရောက် မျိုးဆက်သစ်-မျိုးဆက်ဟောင်းများ အင်အားစုထံမှ သတင်းရရှိခဲ့ပါသည်။

၈၈၈၈ ပြည်သူ့ အရေးတော်ပုံကြီး ၂၂ နှစ်မြောက် အထိမ်းအမှတ်နေ့ တွင် အသက်ပေးအပ်၍ တိုက်ပွဲဝင်ခဲ့ကြသူအပေါင်းအား အထူးလေးစားဂုဏ်ပြုသွားရုံသာမက ၈၈၈၈ လုံးစိတ်ဓါတ်ထာဝစဉ်ခိုင်မာရေးကို ဦးတည်၍ ပြည်တွင်း-ပြည်ပရောက် ဒီမိုကရေစီ

ရေးတက်ကြွလှုပ်ရှားသူများကစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ကမ္ဘာတ၀ှမ်းရောက်ရာအရပ်ဒေသ စွမ်းအားရှိသလို ပြုလုပ်သွား ကြမည်ဖြစ်ကြောင်း ၈၈၈၈ မျိုးဆက်သစ်-များ၏ တာဝန်ရှိသူကပြောဆိုသည်။

မျိုးဆက်သစ်-မျိုးဆက်ဟောင်းများ အင်အားစု ကိုယ်စားလှယ်က ယခုလှုပ်ရှားများနှင့်အတူ မြန်မာနိုငိငံတွင် စစ်အာဏာရှင် ချုပ်ငြိမ်းသွားရေးအတွက် မည်သည့် ပုဂ္ဂိုလ်၊ မည်သည်အဖွဲ့ အစည်းများနှင့်မဆို ပူးပေါင်း၍ ဒီမိုကရေစီအရေး ဦးတည်သောလုပ်ငန်းများကို ၀ိုင်းဝန်းလုပ်ဆောက်သွားမည်ဖြစ်ပြီး၊ ယခုအချိန်တွင် ညှိနှိင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောပါသည်။

ပြည်တွင်းရှိ တိုက်ပွဲဝင်ရဲဘော်ရဲမေများအတွက် ငွေကြေးနှင့်အထောက်အကူပြုပစ္စည်းများလိုအပ်သလို ကူညီအားဖြေ့နိုင်ရန်အတွက်လည်း အောက်ပါ ပုဂ္ဂိုလ်ကြီးများပါဝင်သော- မျိုးဆက်သစ်-မျိုးဆက်ဟောင်းများ၏ (၈၈၈၈ ပြည်သူ့ ရန်ပုံငွေ အကြံပေးကော်မတီ)တရပ်ဖွဲ့ စည်းကြောင်းဖော်ပြပါသည်။

ဒေါတ်တာဦးအောင်ခင်၊ဒေါ်ခင်ခင်တိုး(၁၉၅၈ တကသ ခေါင်းဆောင်ဟောင်း)၊ ဦးခင်မောင်ဝင်း(၀ါရင့်သတင်းနှင့်စာနယ်ဇင်းသမား)ဆရာဦးဝင်း၊ ၊ဒေါတ်တာဦးအေးကျော် (အငြိမ်းစားသမိုင်းပါမောက္ခ) ဦးရွှေးကျော်(မဆလ ခေတ်နိုင်ငံရေး အကျဉ်သား ဟောင်း)ဦးရဲခေါင်(မြ၀တီ) လွတ်လပ်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား၊၀ါရင့်စာရေးဆရာကြီး၊ဦးတင်မောင်သော် (၁၉၈ရ-၉၀)မြန်မာ့ပြည်ဒီမိုကရေစီ ပြည်လည်တည်ဆောက်ရေးကော်မတီ အထွေးထွေးအတွင်းရေးမှုး) စသော ပြည်ပဒီမိုကရေစီရေး
လှုပ်ရှားသူ မျိုးချစ်မြန်မာများအနက်မှ အသက်အရွယ်ဂုဏ်သိက္ခာအရအများ ပြည်သူ့ တို့ အသိအမှတ်ပြုခြင်း ယုံကြည်လေးစား ခံရသူများပါဝင်ကြောင်းသိရှိရပါသည်။

ဆက်သွယ်နိုင်ရန်။ 8888unionofburma@...
Copy from 8888peoplepower@yahoogroups.com

အဆုံးထိဖတ်ရန်...

Saturday, August 21, 2010

KAK

အဆုံးထိဖတ်ရန်...

Joint Statement for UN

Join Statement for UN

အဆုံးထိဖတ်ရန်...

2010 ရွေးကောက်ပွဲးဆန့်ကျင်ရေး ရွှေဝါရောင်နှစ်ပါတ်လည်အကြိုလှုတ်ရှားမှု

2010 ရွေးကောက်ပွဲးဆန့်ကျင်ရေး ရွှေဝါရောင်နှစ်ပါတ်လည်အကြိုလှုတ်ရှားမှု



20.8.2010 ရက်နေတွင် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသော ကျောင်းသား၊ လူငယ်များအင်အားစုများက ရွှေ ၀ါရောင်တော်လှန်ရေး နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် စစ်အစိုးရ၏ 2010 ရွေးကောက်ပွဲဆန့်ကျင်ရေး ပို့စ်ကတ်ဒ်နှင့်ဓါတ်ပုံများ ကို ရန်ကုန်တိုင်းအတွင်းတွင်ရှိသော ဘုန်းတော်ကြီးစာသင်တိုက်များကို အဓိကထား ဖြန့်ဝေခဲ့ကြကြောင်းသိရှိရသည်။ လှုပ်ရှားမှု ကို အဆိုပါကျောင်းသားအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်နေသော သံဃာတော်အရှင်သူမြတ်အချို့က ကူညီဆောင်ရွက်ပေးခဲ့ ကြောင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော ကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့သည်။ ရန်ကုန်တိုင်းအတွင်းမှာပါဝင်တဲ့ လှိုင်မြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့မြို့နယ်နှင့် သန်လျင်မြို့နယ်တို့မှာရှိတဲ့ စာသင်တိုက်တွေကို အဓိ ကထားပြီးဖြန့်ဝေခဲ့ပါတယ်။ စာသင်တိုက်တွေကိုအဓိကထားဖြန့်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ ဒီစစ်အစိုးရရဲ့ 2010 ရွေးကောက်ပွဲ ဟာ ပြည်သူတွေအတွက်၊ နိုင်ငံအတွက်ချောက်ကမ်းပါးကိုတွန်းပို့မယ့် ကိစ္စတစ်ခုပါဆိုတဲ့ message ကိုစာသင်သားသံဃာတော်တွေ ကတဆင့်သူတို့ဆွမ်းခံကြွနေတဲ့ ပြည်သူတွေဆီကိုရောက်အောင်လို့ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဖြန့်ဝေတဲ့ပို့စ်ကတ်ဒ်နဲ့ စတစ်ကာတွေမှာ ပြည်တွင်းစစ်ဖြစ်အောင်ပြုလုပ်မယ့် 2010 ရွေးကောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့ စာသားတွေရယ်၊ တရားဝင်စစ်ကျွန်ဖြစ်စေမယ့် 2010 ရွေးကောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့စာသားတွေရယ်၊ ရွေးကောက်ပွဲမှာမဲမထည့်ပဲနေတာဟာလဲပြည်သူတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲ ဆိုတဲ့ စာသားတွေရယ် ရေးထားပါတယ်" ဟု အဆိုပါကျောင်းသားလူငယ်မှ ပြောကြားသွားခဲ့သည်။
ရန်ကုန်တိုင်းအတွင်းတက်ကြွလှုပ်ရှားနေသော ကျောင်းသားလူငယ်များ
Copy from www.komoethee.blogspot.com

အဆုံးထိဖတ်ရန်...

Friday, August 20, 2010

လုယက်၊ ဓါးပြမှုတွေ ပိုမိုတိုးပွါးလာတော့မည်လော

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ
ရဲရင့် / ၁၉ သြဂုတ် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရာတွင် ပိုလျှံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည့် အကျိုးဆက်ကို ဒီကေဘီအေ ခေါင်းဆောင်များ ပေးဆပ်ကြရမည်ဟု အပယ်ခံတပ်မှူးတဦးက ပြောကြားသည်။

လက်နက်ကိုင် အင်အား (၃,၀၀၀) ကျော်ရှိသည့် ဒီကေဘီအေ အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် နအဖမှ တပ်ရင်း (၃) ရင်းစာ စစ်သည်အင်အား (၁,၀၀၀) ခန့်သာ လက်ခံသောကြောင့် ကျန်တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်ကို အဆင့်အလိုက် နစ်နာကြေးပေးကာ အဖွဲ့မှ ထုတ်ပယ်လိုက်သည့်အတွက် အပယ်ခံများအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။

“ဒီကိစ္စကို ပြေလည်အောင် မညှိနှိုင်းဘဲ အဖွဲ့ဥက္ကဋ္ဌ ဦးသာထူးကျော်နဲ့ ဒု-ဥက္ကဋ္ဌ စောကျော်သန်းတို့ဟာ သူတို့ကိုယ်ကျိုးအတွက် နအဖနဲ့ပေါင်းပြီး တချိန်က ကိုယ့်အမျိုးသားအတွက် အသက်ပေး အတူတွဲ တိုက်ပွဲဝင်လာခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ သစ္စာကိုမှမထောက်ဘဲ ကိုယ့်အမျိုးသားတပ်ကို ဗမာတပ်ထဲသွင်းပြီး ကျန်တဲ့လူတွေကို မျက်နှာလွှဲခဲပစ် လုပ်တာကို အများစုက လုံးဝမကျေနပ်ဘူး။ ဒီဆိုးကျိုးတွေကို သူတို့ပေးဆပ်ရမှာဖြစ်တယ်” ဟု အဆိုပါတပ်မှူးက ပြောသည်။

မြ၀တီခရိုင်အခြေစိုက် ဒီိကေဘီအေ (၉၉၉) မှ ထုတ်ပယ်ခံရသည့် အသက် (၅၀) အရွယ်ရှိ စောစေးက “အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့တာတွေဟာ နောက်ဆုံးမှာ လူငယ်တွေ ဗမာစစ်သားဖြစ်ပြီး အသက်အရွယ်ကြီးသူတွေ တပ်က အထုတ်ခံလိုက်ရတယ်။ အရာရှိအဆင့်တွေကို တောထဲမှာ မြေတကွက်နဲ့ နစ်နာကြေးတချို့ပေးပြီး ရဲဘော်တွေကျတော့ မြေကွက်တောင်မရဘဲ ကျပ် (၁) သိန်း၊ (၂) သိန်းလောက်နဲ့ ကျေနပ်လိုက်ရတာတွေ ရှိတယ်။ အောက်ခြေရဲဘော်တွေက မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဒီပြဿနာဆက်က အခြေအနေတွေ ရှုပ်ထွေးပြီး ကရင်တွေအချင်းချင်း သတ်ဖြတ်ကြမယ့် အခြေဆိုက်ဦးမယ်” ဟု ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသည့် စစ်ရေးပြပွဲကို မြိုင်ကြီးငူ ဌာနချုပ်တွင် ယမန်နေ့၌ ပထမအသုတ်အဖြစ် စတင်ကျင်းပခဲ့သည်။

ဒုတိယအသုတ်အဖြစ် ယခုလ (၂၀) ရက်တွင် (၉၉၉) တပ်မှ ဗျူဟာမှူး စောချစ်သူအဖွဲ့က မြ၀တီမြို့နယ်ရှိ မယ်ပလက်ရွာ၌ လည်းကောင်း၊ တတိယအသုတ်အဖြစ် (၂၄) ရက်တွင် ဒီကေဘီအေ ကလို့ထူးဘောဒေသမှ ဗိုလ်မှူးကြီး စောမောသိုဦးစီးအဖွဲ့ က မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရွာ၌လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။

မြိုင်ကြီးငူတွင် ယမန်နေ့က ပြုလုပ်သည့် ဌာနချုပ်တပ်ရင်းများ ကိုယ်စားပြု နယ်ခြားစောင့်တပ်ရင်းအမှတ် (၁၀၀၄) အသွင်ပြောင်းပွဲကို နအဖ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

ဒီကေဘီအေ ဒု-ဥက္ကဋ္ဌစောကျော်သန်းက “တောထဲမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ သွေးချင်းညီအစ်ကိုတွေလည်း ကိုလိုနီနယ်ချဲ့ဖက်ဆစ်တွေနဲ့ ပြည်ပြေးနိုင်ငံရေးသမား သစ္စာဖောက်များရဲ့ သွေးထိုးမြှောက်ပင့်နေကြတာကို နားမယောင်ဘဲ အားလုံးရဲ့အကျိုးကို ဆောင်ရွက်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သယ်ပိုးထမ်းဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်ငွေဟုဆိုကာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီကေဘီအေအဖွဲ့သို့ ကျပ်ငွေ (၂,၃၈၃) သိန်းနှင့် ဒုက္ခိတဖြစ်သွားသည့် တပ်ဖွဲ့ဝင် (၄၀) တို့အား နစ်နာကြေးများ ပေးအပ်ခဲ့သည်။

ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာအစည်းအရုံးအမည်ဖြင့် အဖွဲ့နာယက ဆရာတော် ဦးသုဇန၊ ဥက္ကဋ္ဌ ဦးသာထူးကျော်တို့ ဦးဆောင်ကာ ဆက်လက်တည်ရှိနေမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ နှစ် ဒီဇင်ဘာ (၂၁) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Wednesday, August 18, 2010

လောဘဇောကြောင့် ဤသို့ကြုံရ၏

လူမှားပြီး ကိုယ့်သမီး ကိုယ်သတ်မိတဲ့ မြောက်ဦး လူသတ်မှု
ငြိမ်းချမ်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၈ မိနစ်

ဒါကာ(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဧည့်သည် အမျိုးသမီးထံမှ ငွေကို ရယူလို၍ မိဘဖြစ်သူက ကိုယ့်သမီး ကိုယ်မှားယွင်း သတ်မှု လွန်ခဲ့သည့် ကြာသပတေးနေ့က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့ တောင်ဘက် ၄ မိုင်အကွာရှိ တိမ်ညို ကျေးရွာတွင် ဖြစ်ပွားပြီး ဦးမောင်သိန်း (၄၅) နှစ်နှင့် ဒေါ်မြင့်အေး (၄၁) နှစ်က သမီး မဝေဝေလွင် (၂၃) နှစ်ကို သတ်မိခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုလင်မယားမှာ ဧည့်သည် အမျိုးသမီးကို သတ်ပြီး ငွေ (၁၅) သိန်း ရယူရန် စီစဉ်ခဲ့သော်လည်း ညအချိန်တွင် သမီးဖြစ်သူနှင့် ဧည့်သည် အမျိုးသမီး ခြင်ထောင်ပြောင်းခြင်းကို မသိလိုက်ဘဲ သတ်မှတ်ထားသည့် ခြင်ထောင် အထဲ အိပ်နေသော အမျိုးသမီးမျက်နှာကို ခေါင်းအုံးဖြင့် ဖိသတ်လိုက်ကြောင်း ရဲစခန်းတွင် ဝန်ခံပြောခဲ့သည်ဟု စခန်းသို့ လိုက်ပါပို့ဆောင်ခဲ့သည့် ရွာခံတဦးဖြစ်သူ ကိုဝင်းနိုင်က ပြောသည်။

“သူတို့ စီစဉ်ခဲ့တာက ဧည့်သည်အမျိုးသမီးနဲ့ သူ့သမီးကို အိပ်ရာ(၂)ခု ခြင်ထောင်ကိုယ်စီ သီးခြားအိပ်ခိုင်းတယ်။ ဧည်သည် အမျိုးသမီးကို လည်ပင်းကြိုးကွင်း သတ်မယ်လို့ စီစဉ်ခဲ့တာ။ အိပ်ရာဝင်တဲ့အခါ ဧည့်သည် အမျိုးသမီးက ခြင်ထောင်က ဆေးနံ့ရတယ်ဆိုပြီး သူတို့ချင်း အိပ်ရာ လဲအိပ်ကြတာကို မသိလို့ လူမှားသတ်တာ ”ဟု ကိုဝင်းနိုင်က မဇ္ဈိမကို ပြောသည်။

သေဆုံးနေသော အလောင်းကို အိမ်အောက်တွင် အသင့် တူးထားသည့် တွင်းထဲကို ထည့်ရန် ပြင်ဆင်ချိန်မှ မိမိတို့ သမီးဖြစ်နေမှန်း သိရပြီး လင်မယားနှစ်ဦး ငိုကြွေးရာမှ ပတ်ဝန်းကျင်က သိသွားရခြင်း ဖြစ်သည်။

“မနက်စောစော သူတို့သမီး ကြိုးဆွဲချ သေလို့တဲ့ ဝန်းကျင်ကလူတွေကို အကူအညီတွေ တောင်းတော့ ကျနော်တို့ သိတာ” ဟု အိမ်နီးနားချင်းတဦးက ဆိုသည်။

ထိုအမှုအား တိမ်ညို ရဲစခန်းက လာရောက် စစ်ဆေးရာ မသင်္ကာဖွယ်တွေ့၍ ဧည့်သည်အမျိုးသမီး အပါအဝင် မိဘနှစ်ဦးအား ရဲခစန်းသို့ ခေါ်ဆောင် မေးမြန်းခဲ့ရာမှ ဝန်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။

မခင်အေးငွေမှာ မင်းပြားမြို့ မင်းကန်ကြီးရပ်ကွက်ဖြစ်ပြီး ကုန်ရောင်း ကုန်ဝယ်လုပ်ကိုင်နေသူ တဦးဖြစ်သည်။ ဦးမောင်သိန်းတို့ မိသားစုမှာ သမီးတဦးသာရှိပြီး ကျပန်း လုပ်ကိုင်စားသောက်ကြသည်။

ယခုအခါ တရားခံ လင်မယားနှစ်ဦးအား လူသတ်မှုဖြင့် တရားစွဲထားပြီး မြောက်ဦး ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်းနှင့် ဧည့်သည် အမျိုးသမီးက လူသတ်မှုကို အိမ်ရှင်လင်မယား ကြံစည်ကတည်းက သိရှိခဲ့သော်လည်း အသက် အန္တရာယ်ကို စိုးရိမ်သောကြောင့် အိပ်ချင် ယောင်ဆောင်ခဲ့ကြောင်း ရဲစခန်းတွင် ပြောကြားသည်ဟု နီးစပ်သူ တဦးက ဆိုသည်။

အဆုံးထိဖတ်ရန်...

Tuesday, August 17, 2010

ယခုအကြိမ်မဲပေါက်သူကတော့ ဂျပန်ကဦးညွှန့်ရွှေဖြစ်ပါတယ်

Tawtharlay+MLA

အဆုံးထိဖတ်ရန်...

သစ္စာဖောက်ပါတီ

ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖြစ်ကြောင်း ကချင်ပါတီ ကြေညာ
လင်းနိုင်ဦး / ၁၇ သြဂုတ် ၂၀၁၀

ကချင်ပြည်နယ် ကိုယ်စားပြု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသားတဦးက “သူတို့ပါတီက ထုတ်ဝေတဲ့ လက်ကမ်းစာစောင်ကို ဖတ်ရတယ်။ အဲဒီမှာ သူတို့ ပါတီ စည်းရုံးရေးမူဝါဒ၊ လမ်းစဉ်၊ ပါတီအလံ၊ တံဆိပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားတာတွေ ပါသလို ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်ဖြစ်ကြောင်း အတိအလင်း ကြေညာထားတယ်။ ဆိုတော့ ဒီ ကချင်ပြည်နယ်မှာ စစ်အစိုးရပါတီနဲ့ သူ့အလိုတော်ရိ ပါတီတွေကပဲ ပြိုင်ဘက်မရှိ နိုင်ငံရေးလုပ်မယ်၊ ရွေးကောက်ပွဲဝင်မယ်၊ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ထင်တယ်” ဟု ပြောသည်။

စဒက ပါတီ၏ ကြေညာချက်စာစောင်တွင် “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်အဖြစ် လက်တွဲသွားရန်နှင့် ကျန်နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့်လည်း ဥပဒေဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွားပြီး ပြည်နယ်သူ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းနှင့် ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွင်း ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်” ဟု ဖော်ပြပါရှိသည်။

စဒက ပါတီသည် သြဂုတ် (၂) ရက်တွင် ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးသည့်နောက် သြဂုတ် (၇) ရက်တွင် မြစ်ကြီးနားမြို့၌ ပါတီရုံးချုပ်ဖွင့်ပွဲပြုလုပ်ကာ ဆိုင်းဘုတ်ထောင်ခဲ့ကြောင်း ကေအန်ဂျီသတင်းတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေ ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်း ဦးလယောက်ဇယ်လွန်း ဦးဆောင်သည့် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပါတီတည်ထောင်ခွင့်ရရန် လျှောက်ထားခဲ့ကြသော်လည်း ရွေးကောက်ပွဲကော်မရှင်က အဆိုပါ (၂) ပါတီနှင့် ကချင်ပါတီဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုးတက်ရေးပါတီ တို့ကို ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့် မပေးသေးပေ။

မှတ်ပုံတင်ခွင့်ပြုခဲ့သည့် စဒက ပါတီကိုမူ နအဖဝန်ကြီး ဦးအောင်သောင်း မြစ်ကြီးနားရောက်စဉ်တွင် ခေါ်ယူတွေ့ဆုံ ပါတီထောင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒူဝါ ခက်ထိန်နန်သည် ကချင်ပြည်နယ် ရိုးရာမနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နာယက ဖြစ်သည့်အပြင် ကြံ့ဖွံ့ပါတီဝင်တဦးလည်း ဖြစ်ကြောင်း သိရသည်။

ဒူဝါ ခက်ထိန်နန် ဦးဆောင်သည့် စဒကပါတီတွင် ကောက်မတီဝင် (၂ဝ) ဦးခန့် ပါဝင်ပြီး အများစုမှာ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဒေသခံ ကချင်စီးပွားရေးသမားများ ဖြစ်ကြသည်။

ယခုကိစ္စ မြစ်ကြီးနားမြို့ခံ ကချင်လူမျိုး ခေါင်းဆောင်တဦးက “ခုဆို ကချင်ပြည်နယ်မှာ ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ကြံ့ဖွံ့က ဖွဲ့ခိုင်းထားတဲ့ စဒက ပါတီ ဆိုပြီး (၃) ပါတီပဲ ရှိတော့တယ်။ တကယ့် ကချင်လူထု ကိုယ်စားပြုပါတီ ဆိုတာ မရှိတော့ဘူး။ ဒီတော့ ဒီရွေးကောက်ပွဲဟာ ကချင်ပြည်နယ်မှာရော မြန်မာတပြည်လုံးမှာပါ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်တော့ဘူး” ဟု ပြောသည်။

ထို့အပြင် ဝန်ကြီးဦးအောင်သောင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်တိုးတက်ရေးပါတီကို ထောက်ခံသည့် ကချင်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်များကိုလည်း ကေအိုင်အေနှင့် ဆက်စပ်သည်ကို တွေ့ရှိပါက ထောင်ချပစ်မည်ဟု ခြိမ်းခြောက်သွားကြောင်းလည်း စုံစမ်းသိရသည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Monday, August 16, 2010

ကဲ ...... မိမိကိုယ်မိမိ ဘာလဲဆိုတာကို စဉ်းစားလိုက်ကြပါ

လေးစားမျှော်လင့်ခဲ့ရဘူးပါသော နိုင်ငံရေးသမား၊တော်လှန်ရေးသမားဆိုသောသူများခင်ဗျား ……

ကျွန်တော်က မဆလစစ်တပ်ရဲ့ ကြက်/၀က်/နွား လုယက် ၊ ပေါ်တာဆွဲမုဒိန်းကျင့် ၊ မထင်သလိုရိုက်နှက်သတ်ဖြတ်တာတွေကို နေ့စဉ်နှင့်အမျှ ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရသူပါ ၊ ကျောင်းသားတွေဦးဆောင်ပီး ရှစ်ဆယ့်ရှစ်မှာအရေးခင်းဖြစ်တော့ ကျွန်တော်အရမ်းလေးစားအထင်ကြီးအားကိုးခဲ့တာပါ ၊ ကျောင်းသားတွေ အသေခံပြီးဆန္ဒတွေပြလို့ မဆလဦးနေ၀င်းကြီးပြုတ်ကျပီဆိုတော့ အားရ၀မ်းသာစိတ်ဖြစ်လိုက်ရတာများဗျာ….။

စစ်တပ်ကပစ်သတ်အာဏာသိမ်းလို့ ကျောင်းသားတွေသေလိုက်ကြတာဆိုတော့ သူတို့မိသားစုတွေကိုယ်စားခံစားမိပြီး တောက်ခေါက်ဒေါသလဲထွက်ခဲ့ဘူးပါတယ် ၊ ပြန်ခံချရအောင် ကျောင်းသားတွေတောခိုကြတယ်ဆိုတော့လဲ လေးစားလိုက်ရတာဗျာ ၊ ငါတို့ပြည်သူတွေအတွက် ဘ၀တွေအသက်တွေကိုစတေးပြီး တိုက်ပွဲဝင် ပေးနေတဲ့သူတွေဆိုပြီး အထင်ကြီးအားကျလိုက်ရတာ ၊ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်ကိုဖမ်းသွားပြီ ၊ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းသွားပြီဆိုတော့လဲ သူတို့တွေနဲ့နှိုင်းယှဉ်ပြီး နိုင်ငံရေးသမားဆိုတာ ငါတို့ပြည်သူတွေအတွက် မိတကွဲဘတကွဲဘ၀တွေပျက်ခံပြီး ၊ အဘက်ဘက်ကအနစ်နာခံကိုယ်ကျိုးစွန့်ပြီး လုပ်နေ သူတွေလို့ အရမ်းကြည်ညိုခဲ့တာပါ……။

“ဒါဆိုလဲ ..မင်းကိုယ်တိုင်လဲလုပ်ပေါ့ကွာ”လို့ ခင်ဗျားတို့ ပြောချင်မှာပေါ့ ၊ လုပ်ချင်တာပေါ့ဗျာ ၊ ဒါပေမဲ့ လူတိုင်းဟာ လိုက်ပါနိုင်တဲ့ပုံသဏ္ဍာန်ကွဲပြားကြတာပါပဲ ၊ ခင်ဗျားတို့ထဲမှာတောင် လူမှုရေးအသင်းဖွဲ့တွေလောက်အလုပ်မှာတင်ပီးနေတဲ့သူတွေ ၊ ကျောင်းသားအဖွဲ့ဆိုပီးလုပ်နေတာတွေ ၊ ပါတီဝင်ဆိုပီးလုပ်နေတာတွေ ၊ လက်နက်ကိုင်ပီးပြန်ချကြတာတွေ အမျိုးမျိုးဖြစ်နေတာမလား ၊ ကျွန်တော်လဲ ကျွန်တော်နိုင်သလောက်တော့ ပါခဲ့လုပ်ခဲ့ဘူးတာပေါ့ ၊ ခင်ဗျားတို့ကို လက်ခုတ်တီး အားပေးတယ်ဗျာ ၊ စစ်တပ်လိုက်ဖမ်းလို့ပြေးရသူတွေကို ၀ှက်ပေးတယ်ဗျာ ၊ ခင်ဗျားတို့အတွက် ကျွန်တော့ချွေးနဲစာလေးထဲကနေ ထမင်းထုတ်ဝေရေဘူးကမ်း လုပ်တယ်ဗျာ ၊ ခင်ဗျားတို့ကိုချီးမွမ်းခန်း အရပ်တကာလည်ပြောဘူးတယ်ဗျာ ၊ ကဲ..ဒါကျွန်တော်တတ်နိုင်သလောက် လုပ်ခဲ့တာထင်တာပါပဲ ၊ မိသားစုဘ၀အခြေနေ ကြောင့် ကိုယ်တိုင် လက်သီးဆုတ်ဆန့်တန်း ဒို့အရေးအော်ဆန္ဒမပြဘူးပေမဲ့ ၊ ကိုယ်တိုင်သေနတ်ကိုင်ပြန်မချဘူးပေမဲ့ ၊ ခင်ဗျားတို့ကိုကူညီတဲ့နည်းနဲ့တော့ အားပေးပါဝင်ခဲ့တာပါပဲ ..။

ခုတော့ဗျာ..၂၂နှစ်ဆိုတဲ့အချိန်ကာလက ခင်ဗျားတို့ကိုပြောင်းလဲပလိုက်ပီပဲ ၊ ခင်ဗျားတို့သမိုင်းတွေကို ဒီကာလထဲမှာ ခင်ဗျားတို့ဘာသာပဲ ပြန်ဖျက်ဆီးနေကြပီ ပဲဗျာ..၊ ဗမာပြည်ထဲမှာထောင်ကျနေတဲ့သူတွေနဲ့ တောထဲမှာသေခဲ့ပီးတဲ့သူတွေကလွဲရင် ခုဘယ်မှာလဲသေနတ်ကိုင်ပြန်ချနေတဲ့ရှစ်ဆယ့်ရှစ်ကျောင်းသား ၊ ဘယ်မှာလဲ ကိုယ်ကျိုးစွန့်အနစ်နာခံနေပါတယ်ဆိုတဲ့သူတွေ ၊ မဆလခေတ်ကကောင်စီလူကြီးတွေလို အခွင့်ထူးခံနေသူတွေကိုပဲတွေ့နေရတော့ ရွှေ့ပြောင်း အလုပ်သမားတွေကြား နိုင်ငံရေးသမားချီးမွမ်းခန်းဖွင့်ပြောတဲ့ကျွန်တော့စကားတွေ ၊ ပုံပြင်လိုလို ပျက်လုံးလိုလို လှောင်ပြုံးခံနေရလေရဲ့..။

ဘယ်မှာလဲ ခင်ဗျားတို့လုပ်နေတဲ့နိုင်ငံရေး ၊ ဘယ်မှာလဲတော်လှန်ရေး ၊ ဘယ်ရောက်သွားပီလဲ ၊ လက်တွေ့အလုပ်မပြောနဲ့ နိုင်ငံရေးစကားတောင် ၀တ်ကျေတန်း ကျေ (ခင်ဗျားတို့ရနေတဲ့အထောက်အပံ့တွေ ရပ်မသွားယုံလောက်)ပြောနေကြတာမဟုတ်လား ၊ တချို့ကသွားပီ ၊ နိုင်ငံတကာမှာ ရောက်သွားကုန်ပီ ၊ ဗမာပြည်နဲ့ မိုင်ထောင်ချီဝေးတဲ့နေရာမှာသွားနေပီး ဒီစစ်တပ်ကိုဘယ်လိုပြန်တိုက်မှာလဲ ၊ ကိုယ့်ဘာသာကျောင်းတွေတက် စီးပွားရေးတွေလုပ်နေကြပီး အင်တာနက်ပေါ်မှာ ကိုယ်ရေသွေးပြ ၊ ရန်ဖြစ်ကြနဲ့ ၊ ဆယ်ရေးတရေးကိုးရေးတခါ သံရုံးရှေ့ဆန္ဒပြတာထက်ပိုမလာတော့ဘူး ၊ ဗမာပြည်သူတွေရဲ့အခြေနေမှန်ကိုလဲ အင်တာနက်ပေါ် တွေ့သလောက်နဲ့ရမ်းဝေဖန်နေတာထက်ပိုပြီး မသိတော့ဘူး ၊ ပြောကြည့်စမ်းပါဗျာ ခင်ဗျားတို့နိုင်ငံတကာရောက်သူတွေဆက်လုပ်နိုင်မဲ့ နိုင်ငံရေးအလုပ်တွေကို..။

ကျွန်တော်တို့က ၇ှစ်ဆယ့်ရှစ်မှာထဲကခင်ဗျားတို့ကိုထောက်ခံခဲ့တာပါ ၊ ၁၉၉၀မှာလဲ ကျောင်းသားတွေရဲ့ခွပ်ဒေါင်းအလံကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါတီကိုပဲ မဲပေးခဲ့တာပါ ၊ အဲဒီယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ဖျက်ဆီးခဲ့တဲ့အတွက် ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ ၊ ကျွန်တော်တို့လဲသူများနိုင်ငံမှာ ခုလိုကျွန်ဖြစ် နေသေးတာပါ ၊ ငြင်းမလား ၊ ငြင်းရဲတဲ့သူရှိလား ၊ ကျွန်တော်တို့မဲဆောက်ဟာ နိုင်ငံရေးမြို့တော်ပဲ ၊ နိုင်ငံရေးသမား ၊ တော်လှန်ရေးသမားပါဆိုတဲ့လူတွေ အကုန် ရှိတယ် ၊ အဖွဲ့အစည်းအကုန်ရှိတယ် ၊ စစ်တပ်မကောင်းဘူး ၊ ဗမာပြည်ကအစိုးရမကောင်းဘူး ၊ ဒါကြောင့်ငါတို့ဒီမှာ လူမျိုးခြားတွေစော်ကားခံပြီးကျွန်ဖြစ်နေရတာ ဆိုတာကိုသိတဲ့ ကျွန်တော်လိုအလုပ်သမား သိန်းနဲ့ချီရှိတယ် ၊ ဗမာပြည်ကပြည်သူတွေမပြောနဲ့ မဲဆောက်မှာရှိတဲ့ အလုပ်သမားတွေကိုတောင်မစည်းရုံးနိုင်လို့ ၊ ယုံကြည်လေးစားအောင်မနေကြလို့ ခင်ဗျားတို့ကနေ့ထိမအောင်မြင်တာ ။

ဘာထူးလဲ ၊ ကျွန်တော်တို့မဲဆောက်ကအလုပ်သမားတွေအမြင်မှာ အဖွဲ့အစည်းကလူ ( နိုင်ငံရေးသမား ၊ တော်လှန်ရေးသမား )ဆိုတာတွေဟာ အခွင့်ထူးခံတွေပဲ ၊ လူထူးတွေပဲ ၊ ကျွန်တော်တို့နဲ့ ဘ၀တွေတခြားစီပဲ ၊ ကျွန်တော်တို့က ဘတ်၇၀၀/၈၀၀တန်အခန်းလေးတွေကို နှစ်ဦးသုံးဦးစုနေကြရတယ် ၊ ခင်ဗျားတို့တွေက တစ်ဦးကို ဘတ်၂၀၀၀ကနေသောင်းချီတန်တဲ့အိမ်တွေခြံတွေနဲ့နေနိုင်တယ် ၊ ခင်ဗျားတို့အိမ်တွေတိုင်းမှာ တီဗွီ,အောက်စက်,ရေခဲသေတ္တာ,အ၀တ်လျှော်စက် ဇိမ်ခံ ပစ္စည်းတွေအကုန်ရှိတယ် ၊ ဆိုင်ကယ်တ၀ီဝီနဲ့သွားလာနေကြတယ် ၊ တချို့ဆို ဘတ်သန်းချီတန်တဲ့ကားကြီးတွေနဲ့ (တခါတခါ ကျွန်တော်တို့ အလုပ်သမားတွေကို မတူမတန်သလိုနှိမ်ချတဲ့အကြည့်တွေနဲ့ ကားပေါ်ကနေလှမ်းကြည့်နေတတ်သေးတယ်) ၊ ခင်ဗျားတို့သားသမီးတွေကို ကျွန်တော်တို့အလုပ်သမားသားသမီးတွေ အတွက်ဖွင့်ပေးထားတာပါဆိုတဲ့ ခင်ဗျားတို့ ကိုယ်တိုင်ထူထောင်ထားတဲ့ ကျောင်းတွေမှာတောင် တန်းတူမထားကြပါဘူး ၊ ထိုင်းကျောင်း ၊ တရုပ်ကျောင်း ၊ အင်တာနေရှင်နယ်ကျောင်းဆိုတာတွေမှာပဲထားကြတယ် ၊ ပစ္စည်းမဲ့လူတန်းစားအရေး ၊ အလုပ်သမားအရေးကြွေးကြော်ခဲ့ဘူးတဲ့ ကွန်မြူနစ်ဆိုသူကြီးတွေက အစပဲလေ ၊ ကျွန်တော်တို့က တလဘတ်၂၀၀၀လောက်ရဘို့ သူများကျွန်အဖြစ် အချိန်ပြည့်ပင်ပင်ပန်းပန်းလုပ်နေရချိန်မှာ ခင်ဗျားတို့က လစာငါးထောင်တစ် သောင်း သက်တောင့်သက်သာရနေကြတယ် ၊ ကျွန်တော်တို့က တနပ်ငါးဘတ်နဲ့ဝအောင်စားနေချိန်မှာ ခင်ဗျားတို့ကဆိုင်ကြီးဆိုင်ကောင်းတွေမှာ ဘတ်ရာကျော် အကုန်ခံစားနေကြတယ် ၊ ကုန်ကုန်ပြောရရင်ဗျာ ၊ ကျွန်တော်တို့အလုပ်သမားတွေ မရောက်နိုင်မသွားနိုင်တဲ့ ကာရာအိုကေ နိုက်ကလပ် ၊ ဖာရုံ ၊ အနှိပ်ခန်း ၊ ဘီယာဆိုင်ကြီးတွေကို ခင်ဗျားတို့ပဲ ညတိုင်းလိုသွားနိုင် နေနိုင်ကြတယ် ၊ ကဲ..ပြော ၊ ဘယ်မှာလဲ ခင်ဗျားတို့ကိုယ်ကျိုးစွန့်နေကြတာပါဆိုတာ ၊ ကျွန်တော်တို့ ပြည်သူတွေအတွက် အနစ်နာခံနေကြပါတယ်ဆိုတာ ဘယ်နေရာမှာမှမတွေ့ရတော့ဘူး ၊ ခင်ဗျားတို့ကရော ကျွန်တော်တို့ဆန့်ကျင်ရမဲ့ စစ်ဗိုလ်ချုပ်အသိုင်း အ၀ိုင်းက လူတွေရဲ့နေထိုင်မှုမျိုးတွေနဲ့ ဘာကွာတော့လဲ ၊ ဒါပဲ ၊ ကျွန်တော်တို့က စစ်တပ်အစိုးရမကောင်းမှန်းသိပါရဲ့ မဆန့်ကျင်ကြသေးတာ ၊ ခင်ဗျားတို့ကိုပါ မယုံတော့လို့ပဲ ..။

ကျွန်တော်တို့အမြင်မှာ ခင်ဗျားတို့ဟာ ကျွန်တော်တို့ကိုပြလုပ်စားနေသူတွေပဲ ၊ မယုံဘူး ၊ စစ်တပ်ကိုနာကျည်းသလို ခင်ဗျားတို့ကိုလဲ မယုံကြတော့ဘူး ၊ ခင်ဗျားတို့ ဘာကော်မတီ ၊ ဘာအဖွဲ့ဆိုပြီး တရားတွေလာဟော ဆွေးနွေးပွဲတွေလုပ် လုပ်နေတာ အလုပ်ရုံတရုံတရုံချင်းမှာရှိတဲ့ဦးရေထဲက ဆယ်ရာခိုင်နှုန်းပြည့်အောင် တလေးတစားလာနားထောင်ကြရဲ့လား ၊ အဲဒီပွဲကိုပြပြီး ခင်ဗျားတို့အလှုခံစားမှာ ကျွန်တော်တို့သိနေပြီ ၊ ခင်ဗျားတို့ပြန်သွားပြီးရင် “အအေးလေးတလုံးနဲ့ အားနာပါးနာနားထောင်ပေးနေလိုက်ရတာ မတန်လိုက်တာဟယ် ၊ ဘာမှလဲဟုတ်တာမဟုတ်ဘူး ၊ သူတို့များဦးဆောင်ပြီးဝင်တိုက်မှာလားလို့၊ အလကားဟာတွေ” လို့ ပြောကျန်နေခဲ့ကြတာ ကြားနေရတဲ့ ခင်ဗျားတို့ကိုလေးစားခဲ့ဘူးတဲ့ကျွန်တော် ရှက်လိုက်တာဗျာ ၊ လာဟောပြောတဲ့ဆရာကြီးတွေကို ညဘက်ကျ ဖာရုံထဲဝင် သွားတာ ၊ အရက်ဆိုင်ကြီးတွေထဲကနေထွက်လာတာတွေ တွေ့ရတော့ ပိုဆိုးကုန်ရောပေါ့ ။

နလပိန်းတုံးတွေလို့ခင်ဗျားတို့ထင်နေတဲ့ ကျွန်တော်တို့အလုပ်သမားတွေက အားလုံးသိပါတယ်ဗျာ ၊ ကျွန်တော်တို့ပြည်သူတွေကိုဆက်အနိုင်ကျင့်ဘို့ သူတို့အာဏာ တည်မြဲဘို့ ရွေးကောက်ပွဲလုပ်မှာလဲသိပါတယ် ၊ အဲဒီရွေးကောက်ပွဲကိုဆန့်ကျင်သင့်တာလဲသိပါတယ် ၊ သံဃာသတ်ထားတာလဲသိပါတယ် ၊ သန်းရွှေအပါအ၀င် အာဏာရူးတွေပြုတ်မှ ကိုယ့်တိုင်းကိုယ့်ပြည်မှာ လုပ်ကိုင်စားနိုင်မှာလဲသိပါတယ် ၊ ခက်တာက ခင်ဗျားတို့ နိုင်ငံရေးသမား ၊တော်လှန်ရေးသမား နာမည်ခံထားသူ တွေက အကျင့်ကောင်းကောင်း လမ်းကြောင်းမှန်မှန်ဦးဆောင်ဘို့ပါပဲ ၊ ခင်ဗျားတို့အခန်းအနားတွေလုပ်တိုင်းဖွင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းလိုပေါ့ ၊ “ခင်ဗျားတို့ကိုယ်ကို စည်းကမ်းရှိကြဘို့ အခုထဲက စောက်ကျင့်တွေ အကျင့်ဆိုးတွေ ပြင်ကြဘို့လိုပီ”ဆိုတာမျိုး ခင်ဗျားတို့ပြန်ပြင်ရင် ရှစ်ဆယ့်ရှစ်လို ခင်ဗျားတို့ကို ထောက်ခံဘို့ ခင်ဗျားတို့နောက်ကလိုက်ပါဘို့ ကျွန်တော်တို့အသင့်ပါပဲ…။

စားကောင်းသောက်ဖွယ်တွေစားကာနီးတိုင်း ထောင်ထဲမှာအနေဆင်းရဲအစားဆင်းရဲဖြစ်နေမဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာတွေ ၊ ငတ်မွတ်ခေါင်းပါးနေတဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ဘ၀တွေ မြင်ယောင်ပါဗျာ ၊ ဖာရုံဘက်ကိုခြေမလှမ်းခင် ၊ အရက်ပုလင်းကိုမဖွင့်ခင် စစ်တပ်ရဲ့ရက်ရက်စက်စက်ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ခင်ဗျားတို့ရဲဘော်တွေရဲ့မျက်နှာတွေ ၊ သူတို့သွေးနဲ့ရေးခဲ့ရတဲ့သမိုင်းတွေ မြင်ယောင်ပါဗျာ ၊ ကိုယ့်ကိုယ်ကိုယ်ဘာလဲ ၊ ဘာလုပ်မှာလဲ ၊ ပြန်စဉ်းစား ကြည့်ကြပါ ၊ ရှစ်ဆယ့်ရှစ်ကာလတွေကလို ခင်ဗျားတို့ကို ပြန်လေးစားပါရစေဗျာ….။

ကျွန်တော်တို့ကိုဦးဆောင်မှုပေးပါ ၊ ယုံကြည်လေးစားရလောက်တဲ့ နေထိုင်မှုတွေနဲ့ ကျွန်တော်တို့ အလုပ်သမားတွေကို ဦးဆောင်မှုပေးကြပါဗျာ…။

(မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး-မဲဆောက်)

အဆုံးထိဖတ်ရန်...

မြန်မာဗုဒ္ဓဘာသာဝင်များ ၀မ်းမြောက်ဂုဏ်ယူဖို့ရာ

ရွှေတိဂုံ စေတီတော် ၂၆ဝဝ ပြည့်နှစ် ပွဲတော် ကမ္ဘာ့နိုင်ငံ များကို ဖိတ်ကြား သွားမည်

၂ဝ၁၂ ခုနှစ်တွင် ရွှေတိဂုံ စေတီကြီး၏ သက်တမ်း ၂၆ဝဝ ပြည့် ပွဲတော်ကို ကျင်းပမည် ဖြစ်၍ ကမ္ဘာ့ နိုင်ငံ များကို ဖိတ်ကြား သွားမည်ဟု ဂေါပက အဖွဲ့ အင်ဂျင်နီယာ ဌာနမှ ဦးဘရွှေက သြဂုတ် ၂ ရက် တွင် ပြော ကြားသည်။ ရွှေတိဂုံ စေတီတော်ကြီး သည် သမိုင်းကျမ်း အကိုးအကား အခိုင်အမာ ရှိသောကြောင့် နိုင်ငံတကာမှ သိစေရန် ဖိတ်ကြားမည် ဖြစ်ကြောင်း သိရ သည်။

”ရွှေတိဂုံ စေတီတော် က ဂေါတမ မြတ်စွာဘုရား ပွင့်ပြီး ၁ဝ လကြာ မှ ဘုရား တည်လို့ ပြီးစီး ခဲ့တာ။ အဲဒီ အချိန် ကနေ ခုထိ တည်ရှိနေတဲ့ ဘုရား တစ်ဆူ ဖြစ်တာကြောင့် တစ်ကမ္ဘာလုံး ကျယ်ကျယ် ပြန့်ပြန့် သိစေ ချင်တယ်။ ရွှေတိဂုံ ဘုရားရဲ့ သက်တမ်းက သာသနာသက္ကရာဇ် နဲ့ အတူတူပဲ။ အဲဒါကြောင့် ၂ဝ၁၂ သာသနာ သက္ကရာဇ် ၂၆ဝဝ ပြည့် ချိန်မှာ ရွှေတိဂုံေ စတီတော်ရဲ့ သက်တမ်း ကလည်း ၂၆ဝဝ ပြည့်ပြီ။ အဲဒါကြောင့် ဗုဒ္ဓဘာသာ တိုင်းပြည်တွေသာ မက ကမ္ဘာ့ နိုင်ငံတွေ ကိုလည်း ဖိတ်ကြားပြီး ခမ်းခမ်း နားနား ကျင်းပသွား မှာပါ” ဟု ပြောသည်။

စေတီတော်ကြီး နှင့် ပတ်သက်သည့် သမိုင်းကြောင်း များနှင့် သိမှတ် ဖွယ်ရာ များကို ၂ဝဝ၉ ခုနှစ်မှ စ၍ ဝက်ဘ်ဆိုက် လွှင့်တင် ထားခဲ့ပြီး စေတီတော်ကြီး ၌ ရာသီ အလိုက် ကျင်းပ ပြုလုပ်သည့် ပွဲတော် များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြ ပေးနေသည်ဟု သိရသည်။ ထို့အပြင် စေတီတော်ကြီး၏ သမိုင်းကြောင်းနှင့် ပတ်သက်၍ ဧည့်လမ်းညွှန် များက ကမ္ဘာ့လှည့် ခရီးသည် များကို ရှင်းပြ ရာတွင် ကွဲလွဲ မှုများ မရှိစေရန် ရွှေတိဂုံစေတီ ဂေါပက အဖွဲ့ဝင် များက ဘုရား သမိုင်း နှင့်ပတ်သက်၍ ဟောပြော ပို့ချပေး နေသည်ဟု သိရသည်။ ရွှေတိဂုံ စေတီတော်ကြီးသို့ ကမ္ဘာလှည့် ခရီးသည်များ နေ့စဉ် လာရောက် လေ့လာလျက် ရှိပြီး ထိုင်းနိုင်ငံသား များအများဆုံး လာရောက်ကြသည် ဟု သိရကြောင်း ပေါ်ပြူလာ ဂျာနယ်တွင် ဖော်ပြထားသည်။
၁၂ . ၈ . ၂၀၁၀
Copy from www.hanthawaddy.org

အဆုံးထိဖတ်ရန်...

Sunday, August 15, 2010

Saturday, August 14, 2010

အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်

အားလုံးကိုစိန်ခေါ်လိုက်ရင် ကျုပ်တို့ဦးမှ ဖြစ်တော့မယ်

နောက်ဆုံးမှာစိန်ခေါ်ပွဲဘဲဖြစ်သည်။ သြဂုတ်လ ၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ကုလသမဂ္ဂနှင့် ပူးပေါင်းခြင်းမပြုခြင်းသမျှ စစ်အစိုးရ၏ ၂၀၁၀ေ၇ွးကောက်ပွဲကို အသိအမှတ်မပြုနိုင်ဟု စိန်ခေါ်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာသေးပါလား ဆိုပြီးစိန်ခေါ်လိုက်သည်။ ယနေ့တွင် နိုင်ဝင်ဘာလ ရ ရက်နေ့၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရကကြေညာလိုက်ပြီ။ သည်တော့စိန်ခေါ်ပွဲကို ကြည့်ကြဖို့ဘဲရှိတော့သည်။ ရှေးဦးစွာစိန်ခေါ်ပွဲသည် သဘာဝကျပါရဲ့လားဆိုပြီး တွေးကြည့်ဖို့လိုသည်။ မည်သူတွေကောင်းစားရေးအတွက် စိန်ခေါ်ပွဲနည်း။ နိုင်ငံတကာသည် မြန်မာပြည်သူတို့အတွက် နအဖစစ်အစိုးရကို စိန်ခေါ်ထားသည် ။
ဤအချက်ကို မြန်မာပြည်သူတို့ နားလည်ပါသလား။ ခံစားတတ်ပါသလား။ နလဘိန်းတုံးများဖြစ်နေသောသို့မဟုတ် နိုင်ငံရေးနှင့် ကင်းကွာနေပါသည်ဟု ပြောခံနေရသောပြည်သူများရှိပါသလား။ ယင်းပြည်သူများကို နိုင်ငံရေးပါးဝပါသည်ဟု ဆိုသော ရွေးကောက်ပွဲဝင်မည့်ပါတီများက ပြောဆိုရန်မသင့်ပေဘူးလား။ ဦးအေးလွင်က ပြည်သူတွေမှာ နိုင်ငံရေးနှင့် ကင်းကွာနေ၍ အကြောက်တရားတွေ ၀င်နေကြသည်ဟုပြောဆိုထားပါသည်။ သည်မျှလောက်နိုင်ငံရေးခန့်မှန်းမိသူဖြစ်လျင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှပင် အသိအမှတ်မပြုပါဟု ကြေညာထားသော ရွေးကောက်ပွဲကို ယင်းပုဂ္ဂိုလ်များက ဤကိစ္စကိုခန့်မှန်းရကြမည်ထင်သည်။ နလဘိန်းများကို ပြောဆိုနိုင်ကြမည်ထင်ပါသည်။ နိုင်ငံရေးနှင့် ကင်းကွာနေသောပြည်သူများကို ရှင်းပြရဲသော သတ္တိများရှိနေကြဖို့လိုပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ စိန်ခေါ်ထားလိုက်ခြင်းသည် မြန်မာနိုင်ငံကောင်းစားရေးအတွက်ဖြစ်သည်။ ယင်းအချက်ကို ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများက ကျနော်တို့ထက် ပို၍နားလည်ကြမည်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက်ကို မကြေညာခြင်းနှင့် စပ်လှဉ်း၍ပြောဆိုလိုက်ခြင်းမှာ ၂၀၁၀ နှစ်၏အချိန်ကာလကို တွက်ချက်၍ပြောဆိုခြင်းဖြစ်သည်။ ယခုနိုဝင်ဘာ ရ ရက်နေ့တွင် ပြုလုပ်မည်ဆိုလာသည်။ သည်တော့အချိန်ကာလကို တွက်ချက်ကြည့်က ၃ လ ပင်မရှိတော့။ ယင်းကြားထဲစည်းရုံးရေးမဆင်းရသေး။ကိုယ်စားလှယ်များတောင်မရှိသေး။ ပါတီရုံးမရှိသေး။ ပါတီသဘောထားများ ကြေညာချက်မရှိသေး။ပါတီဖွဲ့စည်းပုံတွေ မရှိသေး။
ရွေးကောက်ပွဲဝင်မည်ပြောနှင့်နေကြသောပါတီများမှာ အလွန်အောက်ကျနောက်ကျ နိုင်လွန်းလှပါသည်။ စစ်အစိုးရ၏ပြုသမျခံနေရပါသည်။ ကြံ့ဖွဲ့ပါတီကိုပင် မျက်စောင်းထိုး၍ မကြည့်ဝံ့စရာဖြစ်နေရပါသည်။ စကားကြီးစကားကြယ် နိုင်ငံရေးစကားပြောဖို့ လွပ်လွပ်ခွင့် တရားမျှတခွင့်တို့မှာ သူတို့နှင့် လားလားမျှမဆိုင်။ ကြေညာစတမ်းသဘောထားထုတ်ရုံမျှနှင့် ပါတီဖျက်သိမ်းခံရနိုင်သည်ဟု ရခိုင်အမျိုးသားတိုးတက်ရေးပါတီကို ပြည်နယ်ရွေးကော်ပွဲကော်မရှင်က ခြိမ်းခြောက်လိုက်သော သတင်းကိုကြားရပြီ။ တခြားပါတီများကိုလည်း သိစေအောင်လုပ်ခြင်းဖြစ်သည့်သဘော။ ဦးဖြိုးမင်းသိန်းတို့က စောစောစီးစီး ရွှေညောင်ပင်က လမ်းခွဲလိုက်ပြီ။ မကြာမှီလမ်းခွဲမည့် ပါတီများထွက်ပေါ်လာနိုင်သည်။ သဘောက သူတို့မှာလုပ်ပိုင်ခွင့်ဘောင်က ဘာမှမရှိသည်ကို အောင့်အီးသည်းညဉ်းမခံနိုင်သည့်အဆုံး ရွေးကောက်ပွဲမှာ သူတို့အနေနှင့် မ၀င်ရောက်တော့ဟု ကြေညာကြတော့မည့် အလားအလာ ရှိလာနိုင်သည်။ ကျွန်တော်ထင်သည်။ ကြံ့ဖွံ့ပါတီကို ယှဉ်ပြိုင်မည့် ပါတိကြီးမှာ တပါတီမျှမရှိသေးချေ။ သူတို့လိုငွေအင်အားမတောင့်တင်းကြောင်း ၀န်ခံနေကြပြီ။ စည်းရုံးရေးဆင်း၍မရကြောင်း ညီညူနေကြပြီ။ ပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်လည်း ပြိုင်ပြီးယှဉ်ပြိုင်၍လည်းရမည်မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားနယ်မြေမှာ သူတို့လူမျိုးပါတီကိုဘဲ ဦးစားပေးကြမည်ဖြစ်သည်။ ရှေးဦးစွာကြံ့ဖွံ့နှင့် တစညပါတီတို့နှင့်ယှဉ်ပြိုင်၍နိုင်မည်ဟု မထင်ထားလျင် ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ ၀င်ရောက်ရန်မသင့်။ ယခုလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နေရာမှာ ပြည်သူတွေက ၃၃၀ နေရာရွေးချယ်ပြီး စစ်တပ်က ၁၁၀ ရွေးချယ်ပြီးသားရှိမေမည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၂၄ နေရာမှာ ၁၆၈ နေ၇ာကို ပြည်သူတွေက ရွေးချယ်မှာဖြစ်ပြီး ၅၆ ယောက်က ကာကွယ်ရေးစစ်ဦးချုပ်က ရွေးချယ်ပေးမည်ဖြစ်သည်။ ဆိုရလျှင် တိုင်းရင်းသားပြည်နယ်များမှ လွှတ်တော်ကိုယ်စားလှယ် အများဆုံး ၁၀ ဦးခန့်ရွေးချယ်ခံရသည်ထားဦး။ ရ၀ဦးသာရွေးချယ်ခံရမည်ဖြစ်ပြီး ကျန်သော ၂၅၀ လွှတ်တော်ကိုယ်စားလှယ်မှာ ကြံ့ဖွံ့နှင့် တစည ပါတီမှဖြစ်သွားနိုင်ပါသည်။ မည်သည့်နည်းနှင့်မျှ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ထဲတွင် အတိုက်အခံပါတီများမှ ၁၀၀ ခန့်ပင်အနိုင်ရရှိမည်မဟုတ်။ သည်တော့ စစ်တပ်က ၁၁၀ ဦးရေနှင့် ပေါင်းလိုက်လျင် နေရာ ၄၄၀ တွင် စစ်အစိုးရက သူတို့ပါတီနှင့် သူတို့ကိုယ်စားလှယ်အတွက် နေရာရှိပြီးသားဖြစ်နေပါပြီ။
ကျွန်တော်တို့မှာ ဒီမိုကရေစီအင်အားစုဖြစ်သော အတိုက်အခံကောင်းများရှိကြပါသည်။ စုစည်း၍မရကြသောကြောင့် အတွေးအခေါ်မတူညီကြခြင်းကြောင့် ပြန့်ကြဲနေကြခြင်းသာဖြစ်သည်။ အကယ်၍ ယခုလိုနအဖစစ်အစိုးရ၏အချိုးကျ လွှတ်တော်ကိုယ်စားလှယ်နေရာကို တွက်ချက်ကြည့်ပြီး ကျန်သောနေရာများအတွက် မိမိတို့ အတိုက်အခံများဘက်က တွက်ချက်ကြည့်လျင် ရွေးကောက်ပွဲမှာ လုံးဝမ၀င်သင့်ကြောင်း တွေ့ရှိနိုင်ပါသည်။ ဒီမိုကရေစီသူရဲကောင်းများသည် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြှို်မည့်သူထဲတွင် တွေ့မြင်နေကြပါသည် ။ အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာရှည်ကြာပြီး နေလာခဲ့သော နိုင်ငံရေးသမားကြီးတို့မှာ ဒီမိုကရေစီတိုက်ပွဲကို ခုအချိန်ထိ ခါးတောင်းကျိုက်ပြီး တွန်းလှန်တိုက်ပွဲဝင်နေကြဆဲဖြစ်သည်ကို တွေ့မြင်နေရပါသည်။ တုပ်တုပ်မျှ မလှူပ်ရဲသော နိုင်ငံရေးကစားကွက်တွင် ဒီမိုကရေစီအောင်ပွဲခံနိုင်ဖို့အရေး နိုင်ငံရေးသမားကြီးတို့က စစ်တုရင်ကစားနေကြသည်မှာ အင်အားချိန်ခွင်လျာမညီဘဲဖြစ်နေပါသည်။ အကယ်၍ယခုလိုချိန်ခွင်လျှာညီမည့်အချိန်မှာ စစ်အစိုးရ၏ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်တော့ပါဟု ကြေညာလိုက်သည်ဆိုလျင် စစ်အစိုးရသည် မည်သည့်နည်းနှင့်မျ ရွေးကောက်ပွဲကို ရှေ့ဆက်မတိုးတော့။ အကြောင်းမှာသူတို့ပွဲဖြစ်မြောက်နေခြင်းမှာ ရွေးကောက်ပွဲဝင်မည့်ပါတီများကြောင့်ဖြစ်သည်။
ဆိုကြပါစို့။ ၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ရှုံးမည်ပွဲ၌ မပါဝင်ခြင်းကြောင့် နိုင်ငံရေးလာကမှ ထွက်ခွါသွားရလိမ့်မည်လည်း မဟုတ်ချေ။ ယင်းမှာနိုင်ငံရေးကစားကွက်ပုံဖေါ်ခြင်းတခုသာဖြစ်သည်။ နအဖဖစစ်အစိုးရသည် စိန်ခေါ်လိုက်သည်ဆိုသော်လည်း သူတို့မှာ အနာဒဏ်ရာမရှိမဟုတ်။ နောက်ကြောမှာထိုးထားသောဒဏ်ရာက နာကျင်နေသည့်ကြားမှ စိန်ခေါ်လိုက်ခြင်းသာဖြစ်သည်။ သို့ဖြစ်၍စစ်အစိုးရပုံဖေါ်ခြင်းကို လိုက်မည်လားဆိုသော ပြသနာကို စဉ်းစားရန်လိုပြီ။ တချိန်တည်းမှာပင် မိမိတို့နိုင်ငံရေးပုံသဏ္ဍန်ကို အကောင်အထည်ဖေါ်သင့်ရန်လည်းလိုသည်။ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် အာဏာပြသနာဖြစ်သည်။ မိမိတို့ပြောချင်ဆိုချင်သော ပြသနာမှာ အာဏာပြသနာဖြစ်သည်။ ထို့ကြောင့် အာဏာတစက်မျှမရရှိသော ယင်းပုံစံခွက်ကို ပြုပြင်နေစရာလည်းမလို။ ပုံစံခွက်တခုကို မိမိတို့ဘာသာ ဖန်တီးရန်လိုသည်။ ဤနေရာ၌ ပြည်တွင်းပြည်ပပြသနာတွေရှိနေသည်။ ပြည်ပအနေအထားသည် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆိုထားနှင့်ပြီ။ ပြည်တွင်းမှမူ သာမန်ပြည်သူတွေက ရွေးကောက်ပွဲတွင် မဲမပေးရေးကို ပြောဆိုနေကြပြီ။ စစ်တပ်ထဲတွင်မူ နှစ်ခြမ်းကွဲနေပြီ။ ရဲမွန်တပ်ရင်းသည် နေပြည်တော်အမိန့်အာဏာဟူသမျှကို လက်မခံတော့ ။ သူတို့၏မိသားစုစားဝတ်နေရေးအတွက် သေနတ်တပြင်ပြင်ရှိနေပြီ။ ငတ်ပြတ်နေသောသူတို့၏မိသားစုများအတွက် ရဲမွတ်တပ်ရင်းမှ ရဲဘော်များသည် နေပြည်တော်မှလာသော အမိန့်ကို မနာခံတော့။ တသွေးတသံတမိန့်ဟု နာမည်ကြီးနေသော နအဖတပ်မတော်သည် ယခုပြိုကွဲနေပြီဖြစ်သည်။ ခလရ ၂၂ မှာလည်း ထွက်ပြေးသူထွက်ပြေးနှင့် တပ်ပြေးတွများနေကြပြီ။ တပ်မတော်ပြိုကွဲမှ နိုင်ငံရေးရာသီပြောင်းလဲသွားမည့် လက္ခဏာရှိနေပြီ။ ဤအချက်သည်
နိုင်ငံရေးအခြေအနေများကို ပြောင်းလဲစေနိုင်သော အချက်များဖြစ်နေသည်။
ကျွန်တော်တို့မှာ နိုင်ငံရေးအခြေနေပြောင်းလဲနိုင်သော နည်းလမ်းများရှိနေပါသည်။ ယင်းမှာ ပြည်တွင်းနိုင်ငံရေးအခြအနေ တင်းကြပ်လာမူများရှိနေခြင်း။ တပ်မတော်အတွင်းပြိုကွဲလာပြီး အမိန့်မနာခံမူများရှိနေခြင်း။ နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းများ ဖြစ်ပေါ်ခြင်း။ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးတပ်များပြသနာတက်လာခြင်း စသည်တို့မှာနိုင်ငံရေးရာသီများကို ပြောင်းလဲသွားစေနိုင်ပါသည်။ ယခုအချိန်တွင် ပြည်သူတွေက ဒိမိုကရေစီသူရဲကောင်းများကို လိုချင်နေကြပါပြီ။ တိုင်းပြည်ကယ်တင်မည့် ပုဂ္ဂိုလ်များကို ရှာဖွေနေကြ တမ်းတနေကြပါပြီ။ နိုဝင်ဘာလ ရ ရက်နေ့မတိုင်ခင် ဒီမိုကရေစီသူရဲကောင်းများကို ပြည်သူတွေ မြင်ချင်တွေ့ချင်နေကြပါပြီ။ ပြည်သူတွေကြားဖြတ်အစိုးရတခုကို ဖွဲ့ချင်နေမြင်ချင်နေကြပါပြီ။ ယင်းကြားဖြတ်အစိုးရထဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါနေစရာလည်းမလိုချေ။ အကြောင်းမှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ညစ်ပတ်မသွားအောင် ကြားဖြတ်အစိုးရနှင့် ခပ်ကင်းကင်းထားရန်အရေးကြီးနေပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ တခုခုပြောကြဆိုကြဖို့ မသင့်ပေဘူးလား။ စစ်အစိုးရ၏နိုဝင်ဘာလ ရ ရက်နေ့ ရွေးကောက်ပွဲကို အကောင်းဆုံးဖျက်ဆီးပစ်လိုက်သောနည်းမှာ ကုလသမဂ္ဂနှင့် ပြည်သူတွေက ပူးပေါင်းရေးသာဖြစ်နေသည်မဟုတ်ပါလား။ သည်တော့ စိန်ခေါ်လာလို့ကတော့ ကိုယ်ကဦးမှ ဖြစ်မည်ကိုစဉ်းစားဖို့သာလိုနေပါတော့သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

အဆုံးထိဖတ်ရန်...

Friday, August 13, 2010

စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မီတီ၏ ထုတ်ပြန်ကြေညာချက်

Election[1]

အဆုံးထိဖတ်ရန်...

win maw oo bio

အဆုံးထိဖတ်ရန်...

ဦးဝင်းဖေသို့

သမိုင်းဆိုတာ နားလည်မှုပေး ရေးဖွဲ့ထားတဲ့ အနုပညာတခု မဟုတ်ပါ
အောင်မိုးဝင်း
သြဂုတ်လ ၁၃၊ ၂၀၁၀

ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးမှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို ကျောင်းသား တော်တော်များများက စိတ်ပျက်ကြတယ်။ အထူးသဖြင့် ၁၉၉၆ ကာလ ရန်ကုန်စက်မှုတက္ကသိုလ် မှာ စာသင်ကြားခဲ့ဖူးတဲ့ ကျောင်းသားတွေ၊ သူတို့က ပြန်လည် တုံ့ပြန်ငြင်းခုန်စေချင်တယ်။ ထောက်ပြနိုင်တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ အာရုံမှာ ပြန်ဖော်ကြည့်ကြတယ်။ အသေးအဖွဲကိစ္စတွေလို့ ထင်ရပေမယ့် ဂန္ထဝင်တွေ တာဝန်ရှိရှိပြောစေချင်လို့ ပြန်ရေးရတာပါလို့ ဆိုပါရစေ။ ဆရာဦးဝင်းဖေ အတွက်ပါ။
ပေဖူးလွှာ မဂ္ဂဇင်းမှာ ‘တသသ’ ဆိုတဲ့ကဏ္ဍတခုကို မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ တယောက်ဖြစ်တဲ့ ‘ပိုင်သ’ က အဲ့ဒီကဏ္ဍလေးမှာ သူ ဖြတ်သန်းကျင်လည်နေရတဲ့ ဘဝနှစ်ခုကို ဆွေးမြေ့မှု တသမှုတွေနဲ့ စိတ်ဝင်စားဖွယ် တင်ပြထားတယ်။
သူက ကဗျာဆရာအဖြစ် ကျင်လည်ရတဲ့ဘဝကို ပြောပြတဲ့အခါ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ဘဝတွေက မပြေလည်ရှာဘူး။ လူမှုအကြပ်အတည်းတွေနဲ့ ပြည့်နေပေမယ့် ယုံကြည်ချက်နဲ့ပတ်သက်ရင်၊ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ရင် မာနမလျော့ဘူး။ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ဒါရိုက်တာအဖြစ် ကျင်လည်ရတဲ့လောကမှာ မင်းသမီး၊ မင်းသားတွေက နုရွလတ်ဆတ်နေတယ်။ အဆင်ပြေကြတယ်။ ဒါပေမယ့် သူတို့က ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို အရာအားလုံးကိုလဲပစ်ဖို့ ဝန်မလေးဘူး။ ဒူးထောက်ဖို့ ဝန်မလေးဘူး။ မာန မရှိဘူး။ ကိုယ်လိုချင်တဲ့အရာတွေအတွက် ဂုဏ်သိက္ခာကို ရောင်းစားဖို့လည်း ဝန်မလေးဘူး။
ပိုင်သက ဒါရိုက်တာအဖြစ် ကျင်လည်နေရတဲ့ဘဝတွေထဲက ရုပ်ပုံတွေကို တသသမဖြစ်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်ကြပေမယ့် ကိုယ့်ရဲ့ယုံကြည်ချက်ကို မာန်မလျော့ပဲ ဆက်လက်တူးဖော်နေကြတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ စုဝေးရာနေရာလေးကို လွမ်းဆွတ်မှုအပြည့်နဲ့ တသသဖြစ်နေခဲ့တယ်လို့ ဆိုတယ်။ ပိုင်သ ကို ကျနော် မရင်းနှီးပါဘူး။ ဒါပေမယ့် တသသထဲမှာ ပွင့်လင်းစွာရင်ဖွင့်ထားတဲ့ သူ့ရဲ့အမြင်ကို သဘောကျခဲ့တယ်။

(၁)

ရော့ဂ်ဂီတအဆိုတော် ဇော်ဝင်းထွဋ် ရဲ့ ‘မဟာ’ စီးရီးကို မှတ်မိကြမလား မသိဘူး။ စစ်အစိုးရက ၁၉၉၆ မှာ သူ့ကို အသုံးချပြီး ဝါဒဖြန့် သီချင်းခွေထုတ်ခဲ့တယ်။ တက္ကသိုလ်နယ်မြေအတွင်းမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို မဟာ စီးရီးခွေကိုဖွင့်ရမယ်လို့ အစိုးရက တိုးတိုးတိတ်တိတ် ထုတ်ပြန်ထားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ပြန်အားစမ်းခဲ့ပါတယ်။ “ဇော်ဝင်းထွဋ်ရဲ့ မဟာ သီချင်းဖွင့်တဲ့ဆိုင် မီးရှို့ခံရမယ်” လို့။
ဖြစ်ချင်တော့ တရက်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းအဝင်မှာ ဖွင့်ထားတဲ့ ‘ဟယ်လို’ လ္ဘက်ရည်ဆိုင်မှာ ဇော်ဝင်းထွဋ်ရဲ့ မဟာသီချင်း ဖွင့်နေသံကို ကြားလိုက်ရတယ်။ အီးဆောင်နဲ့ ဒီဆောင်မှာ ရှိတဲ့ကျောင်းသားတွေ အောက်ကို ဆင်းလာကြတယ်။ နောက် ဆိုင်ရှင်ကို မေးတယ်။ ဒီသီချင်းခွေကို ဘယ်သူယူလာတာလဲလို့။ ဆိုင်ရှင်က ဝိုင်းတဝိုင်းကို လက်ညှိုးထိုးပြတယ်။ ကြည့်လိုက်တော့ အင်ပါယာ တေးဂီတမှာ တီးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျနော်တို့တတွေ အဲ့ဒီ ဇော်ဝင်းထွဋ်ခွေကို အုတ်နီခဲကျိုးနဲ့ထု၊ ရိုက်ခွဲပစ်လိုက်ပြီး လ္ဘက်ရည်ဆိုင်ထဲကနေ ထွက်သွားပေးဖို့ ပြောခဲ့ကြတယ်။ တကယ်တော့ သူတို့နဲ့ ကျနော်တို့တတွေ တယောက်ကိုတယောက် သိကြတာပဲ။ ကျနော်တို့လည်း ရန်ကုန် စက်မှုတက္ကသိုလ်နဲ့ ကပ်တည်ရှိနေတဲ့ ဆရာစောဘွဲ့မှူးအဖွဲ့ အခြေစိုက်ရာ ဘုရားကျောင်းမှာ ဂစ်တာသင်ကြားနေသူတွေ။ ဒါပေမယ့် မူ ကိုတော့ အလျော့ပေးလို့မရဘူး။ ဇော်ဝင်းထွဋ် ရဲ့ မဟာခွေကိုဖွင့်တဲ့ဆိုင် ပြဿနာတက်မယ်လို့ ရာဇသံပေးထားပြီးပြီ။
ဒီ ရပ်တည်ချက်ကို ချိုးဖောက်လာသူတွေအားလုံးကို တုံ့ပြန်ရမယ်ဆိုတာ အားလုံးဆုံးဖြတ်ပြီးသား။ သူတို့ကလည်း အစိုးရခိုင်းလို့ ထုတ်ရတယ်ဆိုတာသိပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ခံစားချက်၊ မူဝါဒကို နားလည်ပေးဖို့လိုမယ်။ သူတို့ နားလည်ပါတယ်။ ကျနော်တို့တတွေ၊ သူတို့ကို လ္ဘက်ရည်ဆိုင်ထဲက မောင်းထုတ်ခဲ့ပေမယ့် သူတို့နဲ့ ကျနော်တို့ကြားက ဆက်ဆံရေး ပျက်မသွားခဲ့ပါဘူး။ ကင်န်တင်းမှာ ကိုမွန်းအောင်ရဲ့ သီချင်းတွေ နေရာယူလာခဲ့ဖူးတယ်။
(၂)

စိုင်းထီးဆိုင်နဲ့ ခင်မောင်တိုး ပေါင်းထုတ်တဲ့ စီးရီးခွေလေး ရှိပါတယ်။ အဲ့ဒီတုန်းက တက္ကသိုလ်ကျောင်းသားတွေ အားလုံးက ကိုခင်မောင်တိုးရဲ့အခြမ်းကိုသာ နားထောင်ပြီး ကိုထီးရဲ့အခြမ်းကို သပိတ်မှောက်ခဲ့ကြတယ်။ အဲ့ဒီကာလမှာ ဆရာ စိုင်းခမ်းလိတ်က စိုင်းထီးဆိုင်ကို သီချင်းမပေးတော့ပါဘူး။ အစိုးရဝါဒဖြန့်သီချင်းတွေ ရေးနေတဲ့ မြသန်းစံရဲ့သီချင်းကို စိုင်းထီးဆိုင် ဆိုလိုက်မိလို့ အဲ့သလို သပိတ်မှောက်တဲ့ပြဿနာတွေ ပေါ်လာတာပါ။ စိုင်းထီးဆိုင်ရဲ့ အားနည်းချက်ကို စစ်အစိုးရကကိုင်ထားပြီး ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းခဲ့တယ် ဆိုတာသိပေမယ့်၊ ကိုထီး ကို ချစ်ခင်မြတ်နိုးကြပေမယ့် ကျနော်တို့မှာလည်း လုပ်စရာရှိတာကို လုပ်ရပါတယ်။

(၃)

ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားတွေနဲ့ အကြီးအကျယ် ဆက်ဆံရေးပျက်ခဲ့သူက ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာ ပါ။
စိုးမြတ်သူဇာ က နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ဆွတ်ခူးပြီးခါစ။ ရန်ကုန် စက်မှုတက္ကသိုလ်ဆီကို ရုပ်ရှင်ကား ရိုက်ဖို့ရောက်လာခဲ့တယ်။ မေတ္တာပေါင်းကူး လက်ဘက်ရည်ဆိုင်ရှေ့မှာ ရောက်လာတဲ့ စိုးမြတ်သူဇာ ကို ကျောင်းသားတယောက်က “အစိုးရကိုဖားလို့ အကယ်ဒမီဆွတ်ခူးခဲ့တဲ့ စုံးမသူဇာ လာပါပြီခင်ဗျာ”လို့ အော်ပြီး လက်ခုပ်တီးလိုက်တယ်။
စိုးမြတ်သူဇာ ကလည်း အင်မတန် မောက်မာသူလို့ နာမည်ကြီးသူလေ။ ဘယ်ငြိမ်ခံနေမလဲ။
“ကျောင်းသားက ကျောင်းသားလိုမနေဘူး။ ထောက်လှမ်းရေးနဲ့ကို တိုင်ပစ်အုံးမယ်” ဆိုပြီး ထွီ ထွမ် လုပ်သွားခဲ့တယ်။ လ္ဘက်ရည်ဆိုင်ထဲက ရေနွေးခရား တီးသံတွေ၊ ဒေါသသံတွေ လျှံကျလာတယ်။ ကင်န်တင်းမှာထိုင်နေတဲ့ ကျောင်းသူတွေက အစ၊ ရိုက်ကွင်းဆီကို လိုက်သွားကြတယ်။ ရိုက်ကွင်းကို ချက်ချင်းသိမ်းပစ်ဖို့ ကျောင်းသားတွေက အမိန့်ပေးလိုက်တယ်။ ဆက်နေရင် ပြဿနာက များလာတော့မှာဆိုတော့ သူတို့တတွေ ရိုက်ကွင်းသိမ်းပြန်သွားရတယ်။
ပြဿနာက မပြီးသေးပါဘူး။ စိုးမြတ်သူဇာ က စစ်ထောက်လှမ်းရေးကို တိုင်ခဲ့တဲ့အတွက် ပါမောက္ခချုပ် ဦးကြင်စိုးက ကျနော့် သူငယ်ချင်းကို ကျောင်းထုတ်ဖို့ ကြိုးစားပါတယ်။ ကျနော်တို့ကလည်း ဘယ်ရမလဲ။ ကြို့ကုန်းဆောင်အတွင်းက ယောင်္ကျားလေးဆောင် ၆ ဆောင်နဲ့ ဂျီဟောဆောင်က ကျောင်းသူတွေအားလုံးရဲ့ လက်မှတ်ကိုတောင်းယူလိုက်ပြီး ဦးကြင်စိုး ကို သတိပေးလိုက်တယ်။
ထောက်လှမ်းရေးကို ပရောပရီသွားလုပ်တဲ့ ဖက်ခွက်စားကို အရေးမယူပဲ ကျနော်တို့ သူငယ်ချင်းကို ကျောင်းထုတ်မယ်ဆိုရင် ကျနော်တို့အားလုံး တိုက်ပွဲကို ရင်ဆိုင်ဖို့အတွက် အားလုံးအသင့်ပြင်ထားပါပြီလို့။ ကျောင်းအာဏာပိုင်တွေက ကျနော့်တို့ကို ထိပ်တိုက် ရင်မဆိုင်ရဲပါဘူး။ ဒီသတင်းကို မဂ္ဂဇင်းတိုက်တွေမှာ ဖော်ပြခြင်း မပြုရဘူးလို့ စစ်ထောက်လှမ်းရေးက အမိန့်ပေးထားခဲ့တယ်။
တကယ်တော့ ၁၉၉၆ ကာလ၊ ရန်ကုန် စက်မှုတက္ကသိုလ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက ကျောင်းသားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်ပေးလိုက်သလို ဖြစ်သွားတယ်။ ကျောင်းသားတွေဟာ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကို ဖိအားပေးရင်း လှုပ်ရှားမှုကို ပြန်မြှင့်ရတော့မယ်ဆိုတာ သဘောပေါက်နေကြ တယ်။ ဒီလိုနဲ့ … မတ်လ ၁၃ ရက် အခမ်းအနားတွေ အကြီးအကျယ် ပေါ်လာတယ်။ ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွ ဖောက်ခွဲကြတော့တယ်။

(၄)


အနုပညာသည်တွေဘက်က အလွန်အကျွံ ကာကွယ်ပြောဆိုပြီး ပြည်ပနိုင်ငံရေးသမားတွေကို အပေါ်စီးက လူတတ်လုပ်၊ ဝေဖန်တိုက်ခိုက်နေတဲ့အသံတွေ ကြားနေရတယ်။ ဆင်းရဲကြပ်တည်းမှုတွေနဲ့ ဒုက္ခတွေအောက်မှာ ရပ်တည်နေရတဲ့သူတွေရဲ့ ခံစားချက်တွေ၊ ဘဝကိုဖျက်လာရသူတွေရဲ့စိတ်ဒဏ်ရာတွေကို တစက်မှထည့် စဉ်းစားမပေးဘဲ တလျောက်လုံး အခွင့်အရေးတွေရနေသူတွေဘက်က ဆတ်ဆတ်ခါ နာနေသူတွေကိုတော့ နားမလည်နိုင်အောင်ပါပဲ။
“ပြန်ပေးဆွဲခံရတဲ့ အနုပညာသည်တွေကို အစိုးရ ဝါဒဖြန့်ချိရေးဇာတ်ကား ရိုက်ရကောင်းလားလို့ အပြစ်တင်နေကြမလား။ အနုပညာသည်တွေကို ဆန္ဒပြရင် အကုသိုလ်ရမယ်” ဆိုတော့ ဗိုလ်အောင်ကြီးရဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားကြနဲ့ ဆိုတဲ့စကားကို သွားသတိရမိတယ်။
သေချာစဉ်းစားပါဦး ဆရာတို့ရယ်။ တချို့အနုပညာသမားတွေက ဟိုဘက်ကသာရင် ဟိုဘက်ကို ပေါင်းမယ်။ ဒီဘက်ကသာရင် ဒီဘက် ပေါင်းမယ်။ ပြီးရင် ရတဲ့အခွင့်အရေးကို ယူ။ ကိုယ့်အောင်မြင်မှုအတွက် ခန္ဓာကိုယ်ကိုပါ လိုအပ်ရင် ရင်းပစ်လိုက်မယ်ဆိုတာ လူဗြိန်းတောင်နားလည်တဲ့ အဲ့ဒီလောကသားအများစုရဲ့ အဖြစ်အပျက်တွေ ပါ။ အထူးအဆန်းတွေ မဟုတ်ပါဘူး။ သိပ်လည်း ခံစားနေစရာမလိုပါဘူး။ နိုင်ငံရေးလုပ်နေတဲ့သူတွေကို “သူတို့က အစိုးရ ဖိအားပေးလို့ လုပ်ရတာပါ” ဆိုတာတွေကိုလည်း ရှင်းပြနေစရာမလိုပါဘူး။
“သူတို့ကို စည်းရုံးရေးလုပ်ချင်ရင် ငွေများများ သုံးဖြုန်းပြလိုက်” ဆိုတဲ့ ခပ်ညံ့ညံ့သီအိုရီတွေလည်း ကျနော်တို့ နားလည်ပါတယ်။ တိုင်းပြည်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာသိလို့ပဲ သူများတွေ သီချင်းတအေးအေးနဲ့ လွမ်းနေချိန်၊ ဘွဲ့ရဖို့ကြိုးစားနေချိန်မှာ စာသင်ခန်းတွေပစ်ပြီး သူပုန်ဘဝရောက်ခဲ့ကြသူတွေပါ။ ဘလောက်ကလေး တခုနှစ်ခု ဖွင့်၊ နိုင်ငံရေးကို ဧည့်ခန်းဆောင်မှာ အခန့်သားထိုင် အညွှန့်ခူးစား လူပေါ်လူဇော် လုပ်မယ့် မျိုးဆက်သစ်အမည်ခံ စိတ်ကူးတွေလိုမျိုး တယောက်မှမရှိခဲ့တဲ့သူတွေပါ။
(၅)
ကျောင်းသားတွေ တောထဲမှာ ငှက်ဖျားပိုးနဲ့ အသက်လုနေရချိန်၊ ‘ပါပီမ’ ရုပ်ရှင် ထွက်လာတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်းတုန်းက စစ်တပ်ကို အောက်တန်းကျကျ ဆဲခဲ့တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ ဝုန်းခနဲ ဘက်ပြောင်းကုန်တယ်။ မာနယ်ပလောတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တဲ့ ဗမာစစ်တပ်ကို ဘယ်လို ချစ်မြတ်နိုးကြောင်း … သဝဏ်လွှာတွေ၊ သတင်းစာတွေမှာ ပလူပျံလာတယ်။ တချို့က ကိုယ်ကိုယ်တိုင်က အားရဝမ်းသာ လှိုက်လှိုက်လှဲလှဲ ပေါင်းစည်းခဲ့တာ။
ဒါတွေက ဒါရိုက်တာ ပိုင်သ ပြောခဲ့သလိုပဲ “အောင်မြင်မှုအတွက်ဆို မာန ကအစ ဈေးလျော့ပစ်ဖို့၊ အောက်ကနေ တိုးဝင်ဖို့ ဝန်မလေးတဲ့ လောကတခု” အဖြစ် နားလည်ပေးလိုက်ပါတယ်။ မဆန်းကြယ်တဲ့လောကကို မြင့်မြတ်တဲ့ဘုံလို သိပ်မညွှန်းဖို့လည်း လိုပါတယ်။ ပြည်ပမှာရောက်နေတဲ့သူတွေက ဆန္ဒပြလို့၊ ရန်သူ့ဘက် ပေါင်းသွားမယ်၊ စည်းရုံးယူရမယ်ဆိုတဲ့သူတွေကို တခုပဲ အကြံပေးချင်ပါတယ်။ သူတို့ကို စည်းရုံးချင်ရင် ဗိုလ်ချုပ်တွေလို၊ ဘိန်းရာဇာတွေလိုသာ ချမ်းသာအောင်လုပ်ပါ မိတ်ဆွေတို့။

(၆)

ဂျိမ်းဖောင်ဒါ လို မင်းသမီးတွေကြောင့် ဗီယက်နမ်စစ်ပွဲ ရပ်တန့်စေမယ့်လှုပ်ရှားမှုတွေ ပိုမိုအားကောင်း လာခဲ့တယ်။ မင်းသားကြီး ထွန်းဝေ၊ ဦးမြတ်လေး၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ နှုတ်ခမ်းမွှေး လူရွှင်တော်ညီအကိုတို့ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကြောင့်ပဲ ပြည်သူတွေက သူတို့ကို ချစ်ခဲ့တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဘီဘီစီမှာ ပြောနေတဲ့ ဆရာဦးဝင်းဖေရဲ့ “ဝင်းဖေလွယ်အိတ်” လို ကြုံရာလျှောက်ပြောနေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူနိုင်ဘူး။ ပစ်မှတ်ကို တဆင့်ချင်း လွှတ်ရတယ်ဆိုတာ လူတွေသိပါတယ်။ ဟတ်ဒ် (Heart) ကိုထိအောင် ပစ်ရတယ်ဆိုတာ ဒီကနေ့ လူငယ်တွေပြောနေတဲ့ စကားပါ။
“ချစ်သူသည်သာ ငြိမ်းချမ်းရာမြေ၊ အိပ်မက်ဆန်သော … ငြိမ်းချမ်းသာယာသော နယ်မြေ …” ဆိုတဲ့ ဒေါ်မာမာအေးလို သီချင်းဆိုပြီး ဇာတ်သိမ်းသွားမယ့် အဝေးရောက် ‘ဂန္ထဝင်’ အဖြစ် ကျန်မနေရစ်ချင်ပါဘူး။ ဆန္ဒပြတယ်ဆိုတာ ဟဒ် ကိုထိအောင် ပစ်ကြည့်တာပါ။ ရုပ်ရှင်မင်းသား မင်းသမီးတွေကို ဆန္ဒပြတဲ့သူတွေက သူတို့ကိုမုန်းလို့ မဟုတ်ပါဘူး။
“ပြည်တွင်းက ရဲဘော်တွေ ပြောခွင့်မရတဲ့အရာတွေကို ကျမတို့က ပြောနေရတာပါ” တဲ့။ ပြည်တော် မပြန်ခင်မှာ စဉ်းစားစရာတွေ ပါသွားအောင်၊ နှလုံးသားကို လှမ်းပစ်ကြည့်တဲ့ သဘောလောက်ပါ။ တနိုင်ငံလုံး ဒုက္ခရောက်နေတဲ့ခေတ်ကြီးမှာ မေ့မေ့လျော့လျော့နေချင်သူတွေကို ဒီလောက်တော့ သတိပေးသင့်တယ်လို့ ထင်ပါတယ်။
တောင်ပြိုနေတာပါ။ လက်ဖဝါးနဲ့ သွားကာမနေကြပါနဲ့။
အရှိန်နဲ့လှုပ်နေသူတွေသာ သမိုင်းလမ်းကြောင်းကို ပြောင်းလဲနိုင်သူတွေဖြစ်တယ်လို့ ယုံတယ်။
ဟာ့ဒ် ကိုသာ ထိအောင်ပစ်ပါ မိတ်ဆွေတို့။

(ရှင်းလင်းချက် … ဂန္ထဝင် ဆိုတာ Classic ကို ပြောခြင်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး မဟုတ်ပါ။ ဘီဘီစီ ‘မြန်မာ့အရေး ကမ္ဘာ့အရေး’ မှာ ဆွေးနွေးသွားတဲ့ ဆရာဦးဝင်းဖေရဲ့ စကားအသုံးအနှုန်းတွေကို လုံးဝ မကြိုက်ပါ။ တကယ်ဆို အနုပညာအရ ဝါရင့်သော၊ သြဇာကြီးမားသောသူများက ပြောသင့်သည်မှာ “ပြည်သူတွေကတော့ အစိုးရကိုတအား မုန်းနေတယ်၊ ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ကြားမညပ်စေနဲ့။ သတိထားကြအုံး” ဟူသော စကားမျိုးဖြင့် ဆုံးမသင့်ပါတယ်။ တာဝန်ရှိရှိ ပြောစေချင်ပါတယ် ဆရာ။)
(အင်တာနက်အီးမေးက လက်ခံရရှိသော ဆောင်းပါးကို ပြန်လည် တင်ဆက်ခြင်း ဖြစ်ပါတယ်။ စာရေးသူကို ခွင့်ပြုချက် မတောင်းနိုင်တာ ခွင့်လွှတ်ပါ)
Copy from http://www.moemaka.com/

အဆုံးထိဖတ်ရန်...