Pages

Saturday, July 31, 2010

Win Maw Oo

ဝင်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်၇ှားသူများမှ တာဝန်ယူဆောင်၇ွက်ပေးနေပါသည်။
ဝင်းမော်ဦးမိသားစုသည် တချိန်ကကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက်ပေးမှုကြောင့်
မိသားစုများဒုက္ခရောက်ပြီးမိသားစုလိုက် လှိုင်သာယာသို့ပြောင်းရွေနေထိုင်ခဲ့ရသည်။ကျွန်တော်တို့အကြမ်းမဖက်အမျိုးသားလှုပ်၇ှားသူများမှ
၎င်းတို့တို့မိသားစုအားလေ့လာချက်အရ တဲအိမ်ကလေးတွင်လူအမြောက်အများဆင်းရဲနွမ်းပါးစွာနေထိုင်နေရသည်။ထိုကြောင့်ဝင်းမော်ဦး
နှစ်ပတ်လည်ကျင်းပရန်လဲခက်ခဲခဲ့သည်။နောက်ပိုင်းနှစ်များအားကျွန်တော်တို့အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှဖိတ်စာမှစပြီးတာဝန်ယူဆောင်၇ွက်ခဲ့ရသည်။
ဝင်းမော်ဦး ၏တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့ မှုအား အသိအမှတ်ပြုသူများအနေဖြင့် အာဇာနည်ကျောင်းသူမ၀င်းမော်ဦး၏
နှစ်ပတ်လည်နှစ်စဉ်နှစ်တိုင်းဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ကျွန်တော်တို့အကြမ်းမဖတ်အမျိုးသားလှုပ်၇ှားသူများမှ အလေး
အနက်မေတ္တာရပ်ခံအပ်ပါသည်။ luminlat@gmail.com သို့ဆက်သွယ်နိုင်ပါသည်။

အဆုံးထိဖတ်ရန်...

Thursday, July 29, 2010

RFA က ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ပြီလား

ခိုင်အောင်ကျော်

RFA
အသံလွှင့်ဌါန

အကြောင်းအရာ။ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းအစီအစဉ်မှာ ဦးဘအောင်စီစဉ်ထုတ်လွှင့်ခဲ့တဲ့ ကိုမျိုးရန်နောင်သိမ်းရဲ့  ဆောင်းပါးနဲ့ ပါတ်သက်လို့ နောက်နောင် ယခုလို ဆောင်းပါးမျိုး မထုတ်လွှင့်ရန် အကြောင်းကြားကန့်ကွက်စာ ပေးပို့ခြင်း။

လေးစားစွာဖြင့် ။ ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီအင်အားစုတွေဖြစ်သလို ဒီမိုကရေစီအရေးနှင့် ပါတ်သက်လို့ ပေါ်ပေါက်လာတဲ့ RFA အသံလွှင့်ဌါရဲ့ သတင်းလွှင့်ထုတ်ချက်များကိုလဲ အစဉ်သဖြင့်နားထောင်ခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် RFA ပေါ်ကာစ မိနစ် ၃၀ စီနဲ့ လွှင့်တဲ့အချိန်ကာလတုံးမှာ ကျွန်တော်ဟာ မိမိရဲ့အသက်အိုးအိမ်ကို မစဉ်းစားမငဲ့ကွက်ဘဲ ပြည်တွင်းကနေပြီး ဆောင်းပါးတွေရေးပို့ခဲ
့ပါတယ်။ အဲဒီဆောင်းပါးတွေကို အပါတ်စဉ် သောကြာနေ့တိုင်း မှာ လွှင့်ထုတ်ခဲ့ပါတယ်။ အဲဒီလိုဆောင်းပါးရေးကောင်းမူကြောင့် စစ်အစိုးရက ဖမ်းဆီးဖို့လုပ်လို့ ထွက်ပြေးခဲ့ရသူလဲ ဖြစ် ပါတယ်။ မနေ့က ကြာသပတေးမနက်ပိုင်းအချိန်မှာ ကိုမျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးကို နားထောင်လိုက်ရတော့ တခုခု မှား နေပြီလို့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်န်းဆုကြည်က ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူတွေကို မဲမပေးရင်လဲ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါကို ကျွန်တော်တို့က မဲမပေးရေး ကမ်ပိမ်းလုပ်နေကြပါတယ်။ ဦးဝင်းတင်ကလဲ သပိတ်မှောက်ကြတော့လို့ ပြောဆိုလိုက်ပါပြီ။ တချိန်တည်းမှာဘဲ ကျွန်တော်တို့ဟာ ဘလော့တွေ ၀ပ်ဆိုက်တွေမှာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆောင်းပါးတွေ ရေးသားနေသူဖြစ်ပါတယ်။ ဒီတော့ကာ ကျွန်တော်တို့ရဲ့  ဘလော့ကပြောတဲ့အသံတွေ ၊ ၀ပ်ဆိုက်ကပြောတဲ့အသံတွေကို မသုံးဘဲ အခုလို ၂၀၁၀ ရွေးကောက်ပွဲကိုမဲပေးဖို့အရေးနဲ့ မဲဆွယ်ပေးနေတဲ့ အသံလွှင့်ချက်မျိုးကို ထုတ်လွှင့်နေတာဟာ ကျွန်တော်တို့တင်မက ရွေးကောက်ပွဲမှာ မဲမပေးလို့ရတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ စော်ကားရာရောက်သွားပါတယ်။

မေလ ၂၉ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အခါမှာ ကော်မီတီဝင်တိုင်းက သဘောတူဆုံးဖြတ်ချက်ချမှတ်ချကြပါတယ်။ ဒါကို အဲဒီကော်မီတီဝင် တွေကဘဲ ပါတိသစ်ထူသွားတာကို သစ္စာဖေါက်လို့ မခေါ်သင့်ဘူးဆိုပြီး အသံလွှင့်သွားပါသေးတယ်။ ကျွန်တော်တို့ကတော့ သစ္စာဖေါက်တင်မက ပြည်သူ့တရားခုံရုံးမှာ စွဲချက်တင်ရမဲ့ ဒီမိုကရေစီပျက်ရယူများ အနေနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ချိန်မှာ တရားစွဲဆိုခွင့် တောင်းဆိုသွားမှာပါ။ RFA ဌါနဟာ ဘာဘဲဖြစ်ဖြစ် မည်သည့်နည်းနှင့်မျှ ရွေးကောက်ပွဲမှာ မဲပေးရေးအတွက် မဲဆွယ်ဖို့ ပေးထားတဲ့ အသံလွှင့်ဌါနတခုအဖြစ် မပြုလုပ်သင့်ကြောင်း ပြောကြားလိုပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့  မေတ္တာရပ်ခံချက်ဖြစ်သလို ကန့်ကွက်စာလဲဖြစ်ပါတယ်။ အခုလို ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံတကာရောက် ဒီမိုကရေစီအင် အားစုတွေကြားမှာ ရွေးကောက်ပွဲမဲဆွယ်ရေးနဲ့ ရွေးကောက်ပွဲအထမြောက်ရေးအတွက် အခုလိုအသံလွှင့်ပေးတာဟာ ရက်စက်ရာကျနေပါတယ်။ ဦးသုဝေတို့ ထိုင်းနိုင်ငံကိုလာပြီးမဲဆွယ်စည်းရုံးစဉ်က ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံထုတ်ဂျာနယ်မှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားတွေ လေလံတင်ဖို့လာနေကြပြီ ဆိုတဲ့ ဆောင်းပါးတွေနဲ့ လှောင်ပြောင်သရော် ဝေဖန်ရေးသား ထားပါတယ်။ အဲဒီဆောင်းပါးကို ကျွန်တော်ရေးသားခဲ့တာပါ။ ကျွန်တော်ပြောချင်တာက ၂၀၁၀ ရွေးကောက်ပွဲ့ ပါတ်သက်လို့ အသံလွှင့်ချင်ရင် ဘလော့တွေ ၀ပ်ဆိုက်တွေကိုကြည့်လိုက်လို့ရှိရင် ကမ္ဘာကြီးတခုလုံးကို ရောက်နေတဲ့ ဆောင်းပါးရှင်တွေ ဘလော့ဂါတွေရဲ့ တန်ဖိုးဖြတ်မရတဲ့ ဆောင်းပါးများစွာ ရှိပါတယ်။ ကွန်ပြူတာကို ခလုပ်ကလေးတချက်နှိပလိုက်တာနဲ့ ဆောင်းပါးပေါင်းများစွာကို ကမ္ဘာမြေကုန်သရွေ့ လွှင့်လို့ ရပါတယ်။
ဘာဘဲပြောပြော ကျွန်တော်တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြသူများဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖျက်ဆီးစေဖို့ ပျက်စီးမဲ့နည်းလမ်းတွေကို နည်းလမ်းပေါင်းများစွာနဲ့ အသုံးပြု နေသူများဖြစ်တယ်။ မဲမပေးရေး တအိမ်တက်ဆင်း ပြောကြားရေးနည်းလမ်းတွေကို သုံးနေကြသူများဖြစ်တယ်။ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို

အကောင်အထည်ဖေါ် ဆောင်စေလိုလို့ ဖြစ်တယ်။ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲ့ကို ပထမတကြိမ် ပြုလုပ်ခဲ့ပြီပြီ။ ရွေးကောက်ပွဲကတိ မတည်ဘဲ အာဏာကို ဆုပ်ကိုင်ထားတယ်။

အခုတချိန်မှာလဲ ရွေးကောက်ပွဲကို လုပ်လာနေဖို့ ကြိုးစားနေပြီ။ နှစ်ကြိမ်လုပ်မဲ့ ရွေးကောက်ပွဲကို ကတိမတည်တာနဲ့ ပါတ်သက်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။

ဒီရွေးကောက်ပွဲဟာ စစ်အစိုးရကို သက်ဆိုးရှည်ဖို့ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ ကျွန်တော်တို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို လက်ခံတဲ့လူဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သူများဖြစ်တယ်။ ဒီရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ ဘယ်သူ့ကိုမှ ကျွန်တော်တို့ရှေ့မှာ လူလိုသူလိုဆက်ဆံပြောဆိုတာ လက်မခံဘူး။ သူတို့ရဲ့ ရွေးကောက်ပွဲ့နဲ့ ပါတ်သက်လို့ ပြောတဲ့ သူဟာ
ကျွန်တော်တို့ရဲ့ ရန်သူများဖြစ်တယ်။ ဒီမိုကရေစီသစ္စာဖေါက်များရဲ့ စည်းရုံးပြောဆိုသံများကိုလဲ ကျွန်တော်တို့ မကြားချင်ဘူး။ ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ဒါ့ကြောင့် RFA မှ နောက်နောင်ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီစည်းရုံးရေးနည်းလမ်းတွေ။ မဲဆွယ်စည်းရုံးရေးနည်းလမ်းတွေကို အောက်လမ်းနည်းနဲ့ အသုံးချခြင်းများအား အသုံးပြုခွင့်မပေးမိစေရန် အထူးသတိပေးအကြောင်းကြား ကန့်ကွက်စာ ရေးသားပေးပို့လိုက်ရပြီး မျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါးများကို ဆဆက်လက်ပြီး လုံးဝ မလွှင့်ပေးပါရန် အကြောင်းကြားစာ ပေးပို့လိုက်ရပါတယ်။

ခိုင်အောင်ကျော်
နိုင်ငံရေးပေါ်လီစီဒါရိုက်တာ
နိုင်ငံတကာမြန်မာအမျိုးသားများဖေါင်းဒေးရှင်းကွန်ဂရက် ( I F B N C )
နယူးယောက်
အမေရိကန်နိုင်ငံ

အဆုံးထိဖတ်ရန်...

ထိုလုပ်ရပ်များ အောင်မြင်မည်လို့ သင်ထင်မြင်ယူဆပါသလား၊ လုပ်သင့်ပါသလား

စစ်အစိုးရ၀ါဒဖြန့်ဇာတ်ကားရိုက်သူများ၊ ပါဝင်သူများကို ဗီဇာပိတ်ရန်နှင့် သပိတ်မှောက်ကြရန်
ဝါရှင်တန်မက်ထရိုရောက် မြန်မာအသိုင်းအ၀န်းက တောင်းဆိုလိုက်ပြီ
မိုးမခအထောက်တော် ၀၀၂
ဇူလိုင် ၂၈၊ ၂၀၁၀
ယခုနှစ်အတွင်း လူပြောများသည့် စစ်အစိုးရ၀ါဒဖြန့် ရုပ်သံဇာတ်ကားတခုဖြစ်သော “အရုဏ်ဦးမှာဖူးသည့်ကြာ” တွင် ပါဝင်သူ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်သူများကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ရန် မြန်မာအသိုင်းအ၀န်းက တောင်းဆိုကြောင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၊ ၀ါရှင်တန် နိုင်ငံခြားရေးရုံးနှင့် ၀ါရှင်တန်မြန်မာ့အရေးဌာန (Burma Desk) တို့ထံ လက်မှတ်ထိုး စာပို့လိုက်သည်ဟု သိရသည်။
စစ်အစိုးရ၏ လူအခွင့်ရေးချိုးဖောက်မှုများ၊ စစ်ရာဇ၀တ်မှုများကို ဖုံးကွယ်လိမ်ညာခြင်း၊ နိုင်ငံတကာမိသားစုများ အစဉ်တဆက်ထောက်ခံသည့် မြန်မာပြည်သူလူထု၏ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုများ၊ တောင်းဆိုမှုများ၊ စွန့်လွှတ်အနစ်နာခံမှုများကို ကန့်ကွက် ရှုတ်ချရန် လုပ်ဆောင်ခြင်းတို့ကြောင့် မြန်မာပြည်သူလူထု အများစု၏ အကျိုးစီးပွားနှင့် အလိုဆန္ဒကို ဆန့်ကျင်သော အဆိုပါရုပ်ရှင်ရိုက်ကူးသူ၊ ပါဝင်သူ၊ သရုပ်ဆောင်သူများကို ဒဏ်ခတ်ရန်၊ ပိတ်ဆို့ရန်၊ ခရီးသွားလာခွင့်များကို ပိတ်ပင်ရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာရှိ မြန်မာအသိုင်းအ၀န်းကလည်း အဆိုပါ ထိုသူများကို သပိတ်မှောက်ရန်၊ ကန့်ကွက်ကြရန် နှိုးဆော်တိုက်တွန်းကြောင်း ၎င်းဝါရှင်တန်မက်ထရို မြန်မာမိသားစုများက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ မှာ စစ်အစိုးရရဲ့ အလိုကျ မတရားစီရင်တဲ့ တရားသူကြီးကို ဥရောပသမဂ္ဂ ဒဏ်ခတ်ခဲ့တယ်။ (သတင်းကို ဒီမှာကြည့်ပါ - http://moemaka.com/index.php?option=com_content&task=view&id=4635&Itemid=1 )
စစ်အစိုးရ အလိုကျ ၀ါဒဖြန့်ချိသူတွေ၊ ဒီမိုကရေစီဘက်တော်သားတွေကို လက်နက်နဲ့ ဖိနှိပ်တာအပြင် အခြားကိရိယာတွေဖြစ်တဲ့ ငွေကြေးတွေ၊ အနုပညာတွေ၊ အသိပညာ၊ အတတ်ပညာတွေနဲ့ စစ်အစိုးရဖက်က ပင်းပြီး ဖိနှိပ်တိုက်ခိုက်သူတွေကိုလည်း စစ်အာဏာရှင်တွေနဲ့ တတန်းတည်း ထားပြီး ကျနော်တို့တတွေက ဆန့်ကျင်ရလိမ့်မယ်” ဟု ၀ါရှင်တန်မက်ထရိုက မြန်မာတဦးက ပြောသည်။
“မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူးလို့ ပြောလိုက်ပြီးပြီ။ ဒါက စစ်အစိုးရဟာ မတရား အဓမ္မမှုတွေ လုပ်နေတာကို သက်သေပြလိုက်တာ။ ဒါ့အပြင် ပြည်သူ့ဂုဏ်ရည် (ဦး) ကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)ကလည်း နိုင်ငံရေးတွေ ၀င်မလုပ်ဘူးလို့ ဂျာနယ်တွေမှာ ထုတ်ပြောထားတယ်။ အနုပညာသည်တဦးဖြစ်တဲ့ (ဦး) စိုင်းခမ်းလိတ်မိသားစုဆိုရင် ဒီနေ့ပဲ ရှမ်းသံတော်ဆင့်က တဆင့် သတင်းကြားတယ်။ ကျန်းမာရေးမကောင်းလို့ ကြံ့ဖွတ်ရွေးကောက်ပွဲကို မ၀င်ပါရစေနဲ့ တဲ့။ လူထုစိန်ဝင်းက ဆိုရင် ဒီမိုကရေစီယိမ်းထဲ ၀င်မပါရစေနဲ့၊ နိုင်ငံရေးဆောင်းပါးတွေ ရေးတာမျိုးတွေကို ယာယီ ရပ်တန့်မယ်လို့ ထုတ်ပြောတယ် (http://moemaka.blogspot.com/2010/06/ludu-sein-win-stops-writing-politics.html) ။ ဒီလိုမျိုး တိုင်းပြည်ဂုဏ်ဆောင်တွေက ပြောဆိုနေတာကိုတောင် အဲသည်က ရုပ်ရှင်၊ ဗီဒီယို သမားတွေ၊ မင်းသား၊ မင်းသမီးတွေက တိုင်းပြည်မျက်နှာ၊ ပြည်သူမျက်နှာကို ကြည့်ပြီး အလိမ္မာသုံးပြီး မရှောင်ရှားနိုင်ကြဘူးလား၊ မငြင်းပယ်ဝံ့ကြဘူုးလား လို့ မေးချင်တယ်”
ဟု မေရီလန်းက မြန်မာ့ရုပ်ရှင်ဝါသနာရှင်တဦးက မိုးမခကို သဘောထားကို ပြောပြသည်။
ဝါရှင်တန် မက်ထရို မြန်မာအသိုင်းအ၀န်း၏ တောင်းဆိုသောစာတွင် ၎င်းတို့ ရှုတ်ချ၊ ဆန့်ကျင်သော စစ်အစိုးရအလိုတော်ရိ အနုပညာသည်များ၊ မင်းသား၊ မင်းသမီးများ၊ ရုပ်ရှင်ဗီဒီယိုသမားများ စာရင်းကိုပါ အတိအကျ ထည့်သွင်းထားသည်ကို တွေ့ရသည်။
၎င်းတို့ ထုတ်ပြန်သော စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်များ စာရင်းမှာ -
ဒါရိုက်တာ တင်သန်းဦး၊
သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ ဝေလုကျော်၊ လူမင်း၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ ရဝေအောင်၊ ဖြိုးငွေစိုး၊ ကျော်ဇေယျ၊ အောင်ဇော်၊ နန္ဒ၊ မင်းရာဇာ၊ ဖုန်းရှိန်၊ မိုးယံဇွန်၊ ကောင်းခန့်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပြောကြော်၊ အောင်ကျော်မင်း၊ ညီနိုင်၊ ထက်မိုး၊ ကျော်စစ်၊ စိန်သန်း၊ ဧရာ၊ သတိုးစော၊ စိုင်းအောင်တင့်၊ အုန်းသီး၊ ဗေဒါ၊ စိုပြေ၊ မော်ကြီး၊ ကျော်မင်း၊ စပ်စု၊ ကျော်မင်း၊ ကိုကိုဦး၊ ကျားကြီး၊ ထက်အောင်၊ ကောင်းကျော်၊ ပျံလွှား …
သရုပ်ဆောင်အမျိုးသမီးများ - ဆွိ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒာကျော်ဇင်၊ မြတ်ကေသီအောင်၊ ၀ါဝါအောင်၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ သက်မွန်မြင့်၊ မိုးဟေကို၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မေသက်ခိုင်၊ ရတနာမယ်၊ ပြည်ဖြိုးခိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဆုမြတ်သိင်္ဂီ၊ မေဦးခိုင်၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ ဂွမ်းပုံလေး၊ သဇင်ထွန်း၊ အိတုံ၊ မေလဲ့ …
စီစဉ်သူများ - တက္ကသိုလ် မြတ်သူ၊ ဦးဝင်းတင်၊ ဦးကိုကိုလှိုင်
ထုတ်လုပ်သူ - အေးလွင်
ဇာတ်ညွှန်း - လှိုင်းအောင်
လက်ထောက်ဒါရိုက်တာ - ဘုန်းဝေ၊ အောင်ကျော်မင်း၊ ဇင်မင်း
တို့ဖြစ်သည်ဟု ရေးသားထားသည်။
ထိုဇာတ်ကားဖြစ်မြောက်ရေးအတွက် ငွေကြေးထောက်ခံကြသူ အဖွဲ့အစည်းများစာရင်းကိုပါ ပူးတွဲဖော်ပြထားရာ၊ ထိုအဖွဲ့အစည်းများ၏ တာဝန်ခံများကိုပါ အရေးယူ ပိတ်ဆို့ရန် တောင်းဆိုသည် သဘောဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းတို့မှာ - ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့တပ်မတော် ကြည်း၊ နေပြည်တော် စစ်ဌာနချုပ်၊ ရန်ကုန်စစ်ဌာနချုပ်၊ ဗဟိုစစ်ဦးစီးရုံး၊ အနောက်တောင်ပိုင်း စစ်ဌာနချုပ်၊ မြန်မာကာကွယ်ရေး စက်မှုလုပ်ငန်း၊ မြန်မာ့ဦးပိုင်၊ နအဖအဖွဲ့ (ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ)၊ ၀န်ကြီးဌာနများ (ဆည်မြောင်း၊ လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပြည်ထဲရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ သစ်တော)၊ စည်ပင်သာယာရေးဌာနများ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)၊ ခြေမြန်တပ်ရင်း အမှတ် ၉၅၊ ဟိုတယ်ယူနီဗာစ်၊ ဟိုတယ်မန္တလေး၊ ဂရိတ်ဝေါဟိုတယ်၊ ဆီးလဗားဗျူးဟိုတယ်၊ ဘေးအော့် ဘန်းဂေါ ဟိုတယ်၊ Sunny Paradise Emerald Sea Resort, ယုဇနဟိုတယ်၊ Ambo ဟိုတယ်၊ မြန်မာ့ရုပ်ရှင်အစည်းအရုံး၊ မြန်မာ့ဂီတအစည်းအရုံး၊ စာရေးဆရာ ဆူးငှက်၊ ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေး၊ Three Golden Umbrellas Jwel Store (မန္တလေး) နဲ့ န၀ရတ်ရွှေဇင် ရုပ်ရှင်ထုတ်လုပ်ရေး
တို့ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ကို ပြည်ပရောက် မြန်မာတို့ အားပေးနိုင်ရန်အတွက် ဘားမိ့ကလပ်စစ် (အင်တာနက်ဝက်ဆိုက်တခု) က မေတ္တာဖြင့် တင်ဆက်ထားသည်ကို တွေ့ရသည်။
ပြည်ပရောက် မြန်မာအသိုင်းအ၀န်းများကလည်း ၎င်းတို့ ချစ်ခင်အားပေးသည့် မြန်မာအနုပညာသည်များကို မေတ္တာရပ်ခံ တိုက်တွန်းပေးကြစေလိုကြောင်း၊ ပရိသတ်က ချစ်ခင်အားပေးမှုမှာ အနုပညာရှင်တို့၏ ပါရမီနှင့် စေတနာတို့ကြောင့်ဖြစ်ကြောင်း၊ စစ်အစိုးရ၏ အာဏာစက်များ၊ လက်နက်များ၊ တံစိုးလက်ဆောင်ကြီးများကို ခံယူသော အနုပညာသမားများထက် ပြည်သူချစ်သော အနုပညာသည်များအဖြစ် ရဲရဲရင့်ရင့် ခံယူစေလိုကြောင်း၊ အခက်အခဲများ ခြိမ်းခြောက်မှုများကို ထုတ်ဖော်ပြောဆိုခြင်း၊ လူထုကို အသိပေးခြင်းဖြင့် ပြည်သူ၏ ၀ိုင်းဝန်းရပ်တည်မှုကို ပိုမိုရရှိမည် ဖြစ်ကြောင်း ၀ါရှင်တန် မက်ထရို မြန်မာမိတ်ဆွေတဦးက တိုက်တွန်းလိုက်သည်။
ယခင်က စစ်အစိုးရပေါ်လစီဇာတ်ကားများ ရှိခဲ့ပြီး ထိုဇာတ်ကားများတွင် ရိုက်ကူးကြသည့် ပညာသည်များမှာ ရေရှည်အောင်မြင်မှုများ ရကြသည်ကို မတွေ့ရပေ။ ပရိသတ်က သောင်းသောင်းဖျဖျ အားပေးသည့် ပညာသည်များအဖြစ်က ကျဆင်းပြီး သာမန်ရိုးကျ လူသိများသော ပညာသည်အဖြစ်သာ ဆက်လက်ရပ်တည်နေကြသည်ကို တွေ့ရသည်။ ထိုပညာသည်များသည် လူသိများ ထင်ရှားသော်လည်း ပရိသတ်၏ “လေးစားကြည်ညိုမှု”ကို ရယူနိုင်သည့် စံနမူကို ၎င်းတို့ဆုံးရှုံးကြရသည်။
“အနုပညာတို့ ရုပ်ရည်တို့ စန်းတို့၊ အမူအရာတို့ ဘာတို့တော့ ကြိုက်ကြမှာပေါ့ဗျာ။ အပြင်မှာတော့ လူတွေက အထင်ကြီးတာ၊ လေးစားတာမျိုး မရှိပါဘူး။” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဝါရှင်တန်မက်ထရို မြန်မာအသိုင်းအ၀န်းက ထုတ်ပြန်သော စာကို သည်နေရာမှာ ကြည့်ပါ။
http://www.scribd.com/doc/35004245/Letter-Lotus-at-Dawn-Film
Copy from http://www.moemaka.com/

အဆုံးထိဖတ်ရန်...

Tuesday, July 27, 2010

ယခု ကိုနီမင်းအောင် ဘယ်မှာလဲ

နေထိုင်သော တည်းခိုခန်း စီးနှင်းခံရပြီးနောက် ရခိုင်ကျောင်းသား ခေါင်းဆောင် ကိုနီမင်းအောင် ပျောက်ဆုံးနေ
7/27/2010

ရခိုင်ကျောင်းသား ခေါင်းဆောင် ကိုနီမင်းအောင် တည်းခို နေထိုင်နေသော ရန်ကုန် လိုင်မြို့နယ်မှ တည်းခိုခန်း ၀င်ရောက် စီးနှင်းမူ ခံခဲ့ရပြီးနောက် ယခုအချိန်ထိ ကိုနီမင်းအောင်မှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သူ့၏ သူငယ် ချင်း တဦးက ပြောသည်။

“သူ့ကို ဒီလ ၂၁ ရက် ဗုဒ္ဓဟူးနေ့က လိုင်မြို့နယ်က တည်းခိုခန်း တခုမှာ တည်းခိုနေစဉ် လိုင်ရဲစခန်းက ရဲသားတွေနဲ့ အရပ်ဝတ် စရဖ သုံးဦးက တည်းခိုခန်းကို ၀င်ပီး သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ အချိန်မှာ ကိုနီမင်းအောင်က အပြင်ကို ရောက်နေတဲ့ အတွက် အဖမ်းမခံခဲ့ရဘူး။ လွတ်သွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူနဲ့ အခုအချိန်ထိ ကျွန်တော်တို့ အဆက်အသွယ် မရဘဲ ဖြစ်နေတဲ့ အတွက် သူ့အတွက် စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ကိုနီမင်းအောင်သည် စစ်တွေ တက္ကသိုလ်မှ ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ၂၀၀၈ ခုနှစ် စစ်တွေတက္ကသိုလ် ကျောင်းကားခ ကျဆင်းရေးအတွက် အဓိက ဦးဆောင်ခဲ့သူ ဖြစ်သဖြင့် သူ့ကို စစ်တွေအမှတ် ၁ ရဲစခန်းမှ ခေါ်ယူထိန်းသိမ်းခဲ့သည်။

“ အမှတ် ၁ ရဲစခန်းက သူ့ကို သူနေတဲ့အိမ်မှာ ရှိတဲ့ ထူးကျော် ဘတ်ထရီဆိုင်မှ ခေါ်ယူ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ပါတယ်။ ရဲက စစ်ဆေး မေးမြန်းပြီးတဲ့ နောက်မှာ သူ့ကို ပြန်လည် လွတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာလည်း ကျောင်းသား လူပ်ရှားမူတွေ ပေါ်ပေါက်အောင် ဦးဆောင်ခဲ့တဲ့ အတွက် ရဲက အလိုရှိနေတာကြောင့် သူစစ်တွေကနေ ထွက်ခွာပြီး ရန်ကုန်မှာ နေထိုင်နေစဉ်က ထောက်လှမ်းရေးက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

ကိုနီမင်းအောင်သည် ၂၀၀၇ ခုနှစ် ၆၈ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ တွင် အာဏာပိုင်များ တားမြစ်ထားသည့်ကြားက ကျောင်းသားများကို ဦးဆောင်ကာ လွမ်းသူ့ပန်းခွေ ချခဲ့သူ ဖြစ် သဖြင့် ကျောင်းသားလောကတွင် နာမည်ကြီးလာသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ဇွန်လအတွင်းက စစ်တွေ နည်းပညာကောလိပ်တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားများ ကားခလျော့ချရေး ဆန္ဒပြပွဲတွင် ပါဝင်သူ ကျောင်းသား ခေါင်းဆောင်များ၏ ကိုယ်ရေး ရာဇ၀င်များကို အာဏာပိုင်များက လိုက်လံ စုဆောင်းနေပြီး သူတို့နေထိုင်ရာ ဒေသအထိ သွားရောက်ကာ မေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ကျောင်းသား အရေးအခင်း ဖြစ်ပွားပြီးနောက် အာဏာပိုင်များက နောက်ကွယ်မှ နိုင်ငံရေး ပယောဂများ ပါဝင်ခြင်း ရှိမရှိ စစ်ဆေးနေကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

အဆိုပါ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက်ပိုင်း အာဏာပိုင်များမှ ကိုနီမင်းအောင်ကို အဓိက ပစ်မှတ်ထား ရှာဖွေမူများ ပြုလုပ်လာသဖြင့် ယခု တကြိမ် ဖမ်းဆီးခြင်းမှ လွှတ်မြောက် သွားသော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရ ပျောက်ဆုံးနေ၍ သူ့အတွက် သူငယ်ချင်းများနှင့် မိသားစုများက စိုးရိမ်နေကြောင်း သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Sunday, July 25, 2010

ဒါလား ၈၈ကျောင်းသား

အမေရိကားကို လာချင်သော မြန်မာမိန်းကလေးများသတိပြုဘွယ်
မြန်မာအမျိုးသမီးများ

အောက်ပါဇာတ်လမ်းကိုဖတ်ပြီးဆင်ခြင်စရာရှိသည်များကိုဆင်ခြင်ကြဖို့ဝေငှလိုက်ပါတယ်။
အပုပ်ချသောဇာတ်လမ်းမဟုတ်ပါရှင်။ ဖို့ဒ်ဝင်းတမြို့လုံးက မခံနိုင်လွန်းလို့ရေးခြင်းဖြစ်ပါ၏။
ကျမတို့ ဖို့ဒ်ဝင်းမှာ ယုတ်မာပက်စက်တဲ့အဖြစ်တခု လွန်ခဲ့တဲ့ (၄) လ ကတည်းကစခဲ့ပါသည်။

ယ္ခု ဗမာပြည်ကိုပြန်သွားသော ဒေါက်တာစိန်မြင့်၏ တပည့်ဖြစ်သူ ဝင်းမိုး ဆိုသူဟာ ဂျပန်နိုင်ငံကို အလည်သွားတတ်ပြီး အမေရိကားကိုလာချင်သည့်မိန်းမများကို လူရိုက်တင်ဖို့ ကြံစည်ခဲ့ပါသည်။

ဝင်းမိုး ဟာ ၁၉၈၈ အပြီးမှာတောခိုခဲ့ပေမဲ့ တောတွင်းမှာလည်း ကျောင်းသားတွေအပေါ် လူပေါ်လူဇော်လုပ်ခြင်း၊ ကရင်ပြည်သူများကို စော်ကားခြင်းတို့ကြောင့် အမေရိကားကိုအစောဆုံးထွက်ပြေးခဲ့ရပါသည်။ အမေရိကား၊ ဖို့ဒ်ဝင်းမြို့ကိုရောက်လာစဉ်ကတည်းက မြန်မာပြည်သူများကို နှိမ်ချဆက်ဆံခဲ့ပါသည်။

မြန်မာ့အရေးကိုလည်း ပူးပေါင်းပါဝင်ခြင်းမရှိပါ။ သူ့မိန်းမ ( အမေရိကန်မ) က ကွာရှင်းပြတ်စဲလိုက်တဲ့အတွက် ကလေး (၄) ယောက်ကို စရိတ်ထောက်ပံ့နေရတဲ့ ဝင်းမိုး သည် စီးပွားရေးကြပ်တည်းလာခြင်းကြောင်း

လူကုန်ကူးခြင်းအလုပ်ကို စတင်လုပ်ခဲ့ပါသည်။
ဝင်းမိုး ဟာ ဂျပန်နိုင်ငံကို လွန်ခဲ့သော (၆) လလောက်က အလည်သွားခဲ့ပြီး မဝေမော်သင်း
ဆိုသည့် အမျိုးသမီးကို မိန်းမအဖြစ်ခေါ်ယူလာခဲ့ပါသည်။ အမေရိကားကိုခေါ်ခ အဖြစ်မဝေမော်သင်း ဆီက

ဒေါ်လာ (၂) သောင်းရယူခဲ့ပါသည်။ ဒါပေမဲ့ သူ့ရဲ့မကောင်းသတင်းတွေပေါ်မှာစိုးတဲ့ ဝင်းမိုး ဟာ မဝေမော်သင်း ကို ဖို့ဒ်ဝင်းမြို့မှာ ရောက်ရှိစဉ်ကတည်းက မြန်မာများနှင့်ပတ်သက်စေခြင်းမပြုပဲ၊ ပိတ်လှောင်ထားခဲ့ပါတယ်။

မဝေမော်သင်း ကလည်း ဝင်းမိုးရဲ့အကျင့်စရိုက်ကို သိသိလာတဲ့အတွက် အပြင်ကိုထွက်ဖို့ကြိုးစားပါသည်။

သူ့ကို ထောင်ကျနေသလို ပိတ်လှောင်ထားကြောင်းရင်ဖွင့်ရှာပါသည်။ ရပ်ကွက်ထဲကလူတွေက ဒီလိုမလုပ်သင့်ကြောင်း ဝင်းမိုး ကို ပြစ်တင်ဝေဖန်ကြပါသည်။ ဝင်းမိုး ဟာ ဒေါသအလွန်ထွက်ခဲ့ပါသည်။ မဝေမော်သင်းကို ရိုက်နှက်ကန်ကြောက်နှိပ်စက်ပြီး အခန်းထဲ ပိတ်လှောင်ထားခဲ့ပါသည်။ အပြင်ထွက်ချင်ရင် သူ့ကိုခွင့်ပန်ရမည်ဟုပြောပါသည်။ မူးရူးလာသည့် အချိန်တိုင်း မဝေမော်သင်းကိုထိုးကန်ရိုက်နှက်သဖြင့် မဝေမော်သင်း မျက်နှာတွေအညိုအမဲစွဲနေပါသည်။မဝေမော်သင်း ဟာ မခံမရပ်နိုင်ဖြစ်လာသည့်

အတွက် ဖို့ဒ်ဝင်းမြို့ရှိ ငြိမ်းချမ်း၏အမျိုးသမီး သိဂီ င်္ရဲ့ သူငယ်ချင်းအိမ်မှာ သွားပြီးနေရရှာပါတယ်။

ဖို့ဒ်ဝင်းမြို့နေ မြန်မာအမျိုးသမီးထု ဟာ မဝေမော်သင်းအတွက် မခံမရပ်နိုင်ဖြစ်ပြီး၊ ဝင်းမိုး အိမ်ကိုသွားကာ ရန်ထောင်ကြပါသည်။ အမျိုးသမီးဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်ခေါင်းဆောင်

မမေသန်းရှိန်မှ ဝင်းမိုးကို စိန်ခေါ်ကာမတရားနှိပ်စက်မှုဖြင့်တရားစွဲမည်ဟုပြောပါသည်။

အိမ်မှာဘယ်သူမှမရှိချိန်၊ ဝင်းမိုး ဟာ ရှေ့နေတယောက်ကို ခေါ်လာပြီး တရားရုံးမှာ ပြတ်စဲစာသွားရောက်ရေးမှာ ဖြစ်ကြောင်း၊ မဖြစ်မနေလိုက်ရမည်ဖြစ်ကြောင်း၊မဝေမော်သင်း ဟာ သူနဲ့ပြတ်စဲသွားတဲ့အတွက် ဂျပန်ကို နှစ်လအတွင်းပြန်ဖို့ လက်မှတ်ထိုးရမှာဖြစ်ကြောင်း မဝေမော်သင်းကို ခြိမ်းခြောက်ပါသည်။

သူတို့ရဲ့ငြင်းခုန်မှု၊ အော်ဟစ်ရန်ဖြစ်မှုကို ကြားသိတဲ့ ဘေးအိမ်က အမျိုးသမီးဟာ ဖို့ဒ်ဝင်းမြို့က သူငယ်ချင်းတွေကို လှမ်းအကြောင်းကြားပါသည်။ ဝင်းမိုး၏ ယုတ်မာမှုကိုသိနေသော အမျိုးသမီးများက စိုးရိမ်ပြီး ရပ်ကွက်တရားရုံးကိုလိုက်သွားသော်လည်း၊ မဝေမော်သင်း ကို မတွေ့ပါ။ ဝင်းမိုး သည် မဝေမော်သင်းကို မည်သည့်နေရာမှာ ဖွက်ထားသည်မသိပါ။ ဖို့ဒ်ဝင်းမြို့ခံတချို့က ဝင်းမိုး အိမ်ရှေ့မှာ သွားစောင့်နေကြပြီး၊ တချို့ကတော့ မဝေမော်သင်း သတင်းကို လိုက်လံနားစွင့်နေကြပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အကြောင်းတစုံတရာမထူးပါက ရဲကိုတိုင်ဖို့ အကြံပေးထားကြပါသည်။

အဖြစ်အပျက်ကို ပြန်သုံးသပ်ရသော်၊ မြန်မာအမျိုးသမီးများအနေဖြင့် ကိုယ်နှင့်အကြောင်းမသိသော သူများကို အိမ်ထောင်ဖက်အဖြစ်လက်မှတ်ထိုးပြီး အမေရိကားသို့မလာစေချင်ပါ။ ဝင်းမိုးလို လူယုတ်မာများနှင့်တွေ့လျင် ကိုယ်ကျိုးနည်းရတတ်ပါသည်။ ဝင်းမိုး ဆိုသည့် သကောင့်သားကား ငွေကိုယူသည်၊ လူကိုယူသည်။

ကြံ တချောင်းလို အရည်အားလုံးညှစ်ပြီးလျင်တော့ နှိပ်စက်တတ်သည်။

မိန်းမအသစ်တယောက်ကို ဒေါ်လာ နှစ်သောင်းဖြင့် ထပ်မံခေါ်လာအုံးပေမည်။
ကျမတို့မြန်မာအမျိုးသမီးများအနေဖြင့် ဝင်းမိုး ကို အမှု နှစ်ခုတပ်ကာ တရားစွဲသင့်ပေသည်။

အမေရိကန်ပြည်ထောင်စုကို လိမ်လည်မှု နှင့် အားနွဲ့သည့်အမျိုးသမီးအပေါ် နှိပ်စက်ငြင်းပမ်းမှု နှစ်မှုဖြစ်သည်။ မည်သို့မည်ပုံ လုပ်ကြမည်ဆိုသည်ကို ဖို့ဒ်ဝင်းမြို့က ပညာတတ်ကျောင်းသားတို့ အကြံပေးစေလိုပါသည်။

မြန်မာအမျိုးသမီးထုအပေါ်အကြမ်းဖက်မှုများကို ကန့်ကွက်ရှုတ်ချသွားမည်။

မြန်မာအမျိုးသမီးထု ( အမေရိကန်ပြည်ထောင်စု )

အဆုံးထိဖတ်ရန်...

Thursday, July 22, 2010

ခေါင်းစဉ် တပ်ပေးကြပါ

You must read!


Please read this.......

ခေတ်သစ် နိုင်ငံရေး ခွင်သစ်ကို တီထွင်သူများနဲ့ အရေးတော်ပုံကြီး ထာဝရ တည်တံအောင် ကြံဆောင်သူများ အကြောင်း

“ခွင်”အသစ် အကြောင်း ပြောပြချင်လို့ပါ။

“ခွင်”အသစ်က ခု ဗမာပြည်ထဲကို ရောက်သွားပါပြီ။

အမေရိကန်အစိုးရက “နှစ် ၂၀ ရှိပြီ မင်းတို့လို အသုံးမကျတဲ့အတိုက်အခံတွေကို ထောက်

ပံ့နေတာမျိုး ရပ်ပြီ။ ဗမာပြည်ထဲက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို NGO တွေက တဆင့်ဘဲ ကူညီတော့မယ်” ဆိုတဲ့ ပေါ်လစီအသစ်ကြောင့် ၀ါရှင်တန်ဒီစီမှာအဝေးရောက် အစိုးရလည်း ရုံးခန်းမဖွင့်နိုင်တော့လို့ အစိုးရအဖွဲ့ဝင်တွေ ကျောပိုးအိတ်ရုံးခန်းနဲ့ပဲ ရုံးစာရွက် စာတမ်းတွေသယ်လာကြရပြီး ပန်းခြံတွေမှာ ချိန်းတွေ့၊ အစည်းအဝေးလုပ်နေရတဲ့ အဖြစ်ပါ။ ခုမှ တကယ့်ကို အဝေးရောက်ပါ။ နေ့စဉ်ရုံးလုပ်ငန်းအတွက်ကတော့ အင်တာနက်က ကယ် ထားလို့ ကိုယ့်အိမ်မှာကိုယ် လုပ်လို့ ရနေကြသေးတယ်။ အင်တာနက်လစဉ်ကြေး မတတ်နိုင် တဲ့နေ့ရောက်သွားရင်တော့ အဝေးရောက်ပါ ပျောက်သွားမှာပါ။ နအဖလုပ်လို့ မဟုတ်ပါဘူး။ ကိုယ့်စားရိတ်နဲ့ ကိုယ်ပါ။

ထိုင်း-မြန်မာနယ်စပ်က proposal နဲ့ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းများစွာဟာလည်း နောက် နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာ သိနေလို့ အလွန်လျင်သူတွေ “ခွင်” အသစ်ထဲဝင်ဘို့ စိုင်းပြင်း နေကြပါပြီ။

အမေရိကန်အစိုးရက လာမဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ဗမာပြည်ဒီမိုကရေစီရေးအတွက်

ဒေါ်လာ(၃၈)သန်းသုံးစွဲမယ်ဆိုတာ အတိုက်အခံတွေအတွက် မဟုတ်ပါဘူး။ ဗမာပြည်ထဲမှာ

NGO တွေက တဆင့် သုံးဘို့ပါ။
အဲဒီမှာ “ခွင်”အသစ် ပေါ်ပေါက်လာတာပဲ။ သိတဲ့အတိုင်း ခရီးစားရိတ်တွေ အထူးစားရိတ် တွေမပါ အမေရိကန်နိုင်ငံသား အနိမ့်ဆုံးNGO ၀န်ထမ်းရဲ့လစာက ဒေါ်လာသုံးထောင်က စတယ်။ NGOခေါင်းဆောင်ပိုင်းဆိုရင် လခတွေက ရှစ်ထောင်တစ်သောင်းတွေပါ။ ဒါပေမဲ့ သူတို့က ဒီလစာလောက် လှည့်ကို မကြည့်ဘူး။ “ခွင်”ထဲက ထပ်ဆင့်“ခွင်”တွေမှ အများကြီး။
နအဖကလည်း လျင်သလားမမေးနဲ့။ “ဒေါ်လာခွင်”အသစ်ထဲမှာမှ ကိုယ်ပိုင်”နိုင်ငံရေးခွင်” အသစ် ထပ်ဖွင့်လိုက်တယ်။ နအဖက ဒေါ်လာ(၃၈)သန်းကို သောက်ရေးကို မစိုက်ဘူး။ ဒီ ပိုက်ဆံလောက်က သူတို့ မန်နေဂျာ တေဇ စင်္ကာပူမှာ တည လာဖြုန်းသလောက်ပဲ ရှိတယ်။ ၀ါရှင်တန်/နယူးယောက်ဗမာသံရုံးတွေကတစ်ဆင့် အတိုက်အခံလောကထဲကို နအဖ ၀င်လိုက် တာ သိပ်လှတယ်။ “အမေရိကန်အစိုးရက ဗမာပြည်ထဲမှာသုံးမဲ့ ဒေါ်လာ(၃၈)သန်းဟာ စီမံခန့် ခွဲမှုအပိုင်းမှာ ခင်ဗျားတို့လို အမေရိကားမှာနေနေတဲ့သူတွေပဲ လာလုပ်မှ အားလုံး အဆင်ပြေ ပြေ ဖြစ်မှာ။ ခင်ဗျားတို့လုပ်ငန်းမှာ ကျနော်တို့ ဘာမှဝင်မရှုပ်ဘူး။ ခုထဲက ဗမာပြည်ထဲဝင်မဲ့ NGOတွေမှာ ၀င်လုပ်ကြပါ။ ဗမာပြည်ထဲမှာရှိပြီးသား တခြားနိုင်ငံတွေက NGOတွေနဲ့ အမေရိ ကန်တွေနဲ့က ဖြစ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့နဲ့ မှ ဖြစ်မှာ။ ဗမာ passport မရှိဘူးလား သေနေ လား မပူနဲ့၊ ကျနော်တို့လုပ်ပေးမယ်။ အမေရိကန် passport ကိုင်ထားရင်လည်း ဗမာvisa တစ်နှစ် ထုပေးလိုက်မယ်၊ တစ်နှစ်အတွင်း ဗမာပြည်ကို ကြိုက်သလောက်အ၀င်အထွက်လုပ်။ လောလောဆယ် တစ်ခေါက် နှစ်ခေါက်သွားဘို့လည်း လေယာဉ်လက်မှတ်တို့ နေရေးစားရေး တို့လည်း မပူနဲ့။ ကျနော်တို့ အကုန်စီစဉ်ပေးမယ်”ဆိုတဲ့ အလုံး တစ်လုံးထဲ အတိုက်အခံတွေထဲ ပစ်ထည့်လိုက်တာ ပစ်မှတ်တွေ အများကြီးရဲ့ ဗဟိုတည့်တည့်ကို သွားထိတော့တာပါပဲ။
ခုတော့ သွားကုန်ကြပြီ။ ခွင်အသစ်ထဲကို။ Ph. D ဒေါက်တာလောက်ဆိုရင်၊ ၀ါရှင်တန်နယူး ယောက် ဗမာသံရုံးတွေက အသွားအပြန် J class လေယာဉ်လက်မှတ် ၀ယ်ပေးလိုက်သေး တယ်။ ဥပမာ - ဒေါက်တာစိန်မြင့်။ လန်ဒန်က Ph. D ရခဲ့ပြီး သွားလေသူ ဒေါ်စုခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်(စ်)ရဲ့ မိတ်ဆွေကြီးပါဆိုပြီး အမေရိကားက ဗမာ အတိုက်အခံ လောကထဲ ခုန်ဝင်လာခဲ့တဲ့လူ။
လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံ အလုပ်သမားများအတွက်ကတော့ Y class လေယာဉ်လက်မှတ်ပေါ့။
နအဖက ဓါတ်ငွေ့ရောင်းလို့ရတဲ့ပိုက်ဆံကို ညူကလီးယားမှ မဟုတ်ဘူး။ ဒီနေရာမှာလည်း သုံးပြီး ရင်းလိုက်သေးတယ်။။ ငွေပြန်ပေါ်မဲ့ ခွင်က Fort Wayne မြို့မှာ နယူးယောက် ဗမာ သံရုံးလုပ်ထားပြီးသားမို့ပါ။
လွန်ခဲ့တဲ့ နှစ်(၂၀)က ABSDFတောခိုကျောင်းသား ခုတော့ အမေရိကန်နိုင်ငံသားစက်ရုံအလုပ် သမားများ ဆိုတဲ့ အမာခံအတိုက်အခံ ထောင်နဲ့ချီပြီးရှိတဲ့ Fort Wayne မြို့က ဗမာလောက ဟာလည်း နယူးယောက်ဗမာသံရုံးက ပစ်လိုက်တဲ့ ခုနက အလုံးတစ်လုံး မြို့လည်ခေါင်ကို လာပြီး ကျတာမှာ၊ အုံးအုံးကျက်ကျက်တွေ ဖြစ်သွားတာပါပဲ။ ဖြစ်ချင်တော့ အမေရိကန်စီးပွား ရေးကျလို့ အလုပ်တွေက ပြုတ်နေချိန်ကလည်း ဖြစ်နေသေးတယ်။ အလုပ်တွေ အဆင်ပြေနေ ဆဲ လူတွေကလည်း ဗမာပြည်ပြန်ပြီး ဗမာမိန်းမယူချင်တာနဲ့ မိဘတွေဆီသွားလည်ချင်တယ် ဆိုတဲ့ အိပ်မပျော်သော လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့စဉ် ညတွေတုံးက မှောင်မှောင် ရီခြယ် ပျံ့လွင့်အတွေးတွေဟာ နအဖကျေးဇူးနဲ့ ခုတော့ လက်တွေ့အကောင်အထည် ပေါ်သွား တော့တာပေါ့။
ဒီထက်လှတဲ့ အကွက်က အင်္ဂလိပ်ဘာသာအရေကျိုသောက်နိုင်တဲ့ ဒေါက်တာခင်မာဦးဆိုတဲ့ ဆရာဝန်မကို နယူးယောက် ဗမာသံရုံးက ဗမာပြည်ကနေ ခေါ်လိုက်ပြီးတော့ Fort Wayne မြို့ကို လွှတ်လိုက်ပါလေရော။ အင်္ဂလိပ်ဘာသာ အခုအထိညံ့ဖျင်းနေကြဆဲ အဲ့ဒီ အမေရိကန် နိင်ငံသားမြန်မာစက်ရုံအလုပ်သမားများ ထောင်ချီရှိရာ Fort Wayne မြို့ကို မြို့ခံ နှစ်(၂၀) သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေ မသိသေးတဲ့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်တဲ့ “ခွင်” အသစ်ကိုပါ ဒေါက်တာခင်မာဦးကို သင်ပြပေးပြီးမှ နယူးယောက် ဗမာသံရုံးက Fort Wayne မြို့ကို လွှတ်လိုက်တာပါ။ အင်္ဂလိပ်ဘာသာ ဘာမှ အခက်အခဲမရှိတဲ့ ဒေါက်တာခင်မာဦးဟာ သူများနည်းတူပဲ (၂)လ အတွင်း နိုင်ငံရေးခိုလှုံခွင့်ရယူပြီး သကာလ “ခွင်” အသစ်ကို စတင် လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာမကျွမ်းကျင်ကြတဲ့ Fort Wayne မြို့ခံ နှစ်(၂၀)သက်တမ်း မြန်မာအမေရိကန်နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းproject အမျိုးအမျိုး တွေ အမေရိကန်အစိုးရဆီမှာ တင်လိုက်တာ၊ ခုတော့ ဒေါက်တာခင်မာဦးရဲ့ project ရုံးတွေ မှာ Fort Wayne မြို့ခံ မြန်မာ-အမေရိကန် ABSDFဟောင်းတွေလည်း ၀န်ထမ်းတွေဖြစ်ပြီး အလုပ်ရနေကြပါပြီ။
နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေး ဒုတိယအဆင့်

အတိုက်အခံတွေ စစ်အစိုးရကိုထောက်ခံ ဘက်ပြောင်းရေးအတွက်လည်း ရှေ့တန်းက ဗျူဟာ မှူး ဒေါက်တာခင်မာဦးဟာ ထိုးစစ်ကို အောင်မြင်စွာ စတင်နေပါပြီ။ ဒီအတိုက်အခံတွေက အင်္ဂလိပ်ဘာသာမကျွမ်းပေမဲ့ နိုင်ငံရေးကိုနားလည်တော့ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ ပေါင်း ပြီး ကွန်ဂရက်လွှတ်တော်မှာ သွားသွား ကလိတိုင်း အမေရိကန်နဲ့ ဆက်ဆံရေးကောင်းချင်တဲ့ နအဖအတွက် ဟိုဟာထဲ စမူဆာဝင်ဝင်ပြီး ခုနေသလို ဖြစ်မှာ စိုးရတယ်။ ခုတော့ Fort Wayne မြို့ခံ မြန်မာနိုင်ငံဘွား အမေရိကန်နိုင်ငံသား အတိုက်အခံ(ဟောင်း)များလည်း ဗမာသံရုံးက မေတ္တာလက်ဆောင်ဝယ်ပေးတဲ့ Y class လေယာဉ်လက်မှတ်တွေနဲ့ ဗမာပြည်ကို သွားလိုက် ပြန် လိုက်လုပ်နေကြပါပြီ။ ဗမာပြည်မှာ ရှာလာခဲ့တဲ့ သတို့သမီးလောင်းကို အမေရိကားကိုခေါ် ဘို့အတွက်လည်း I-129F လျှောက်လွှာတွေ အမေရိကန် လ၀က မှာ တင်ထားကြပါပြီ။
မွန်တောခိုကျောင်းသားဟောင်းတွေ ဦးစီးတဲ့ Fort Wayne မြို့ မွန်ယဉ်ကျေးမှုအသင်းတသင်း ဆိုရင်၊ အမေရိကန်အစိုးရက ချပေးတဲ့ ဒေါက်တာခင်မာဦးရဲ့ project တခုက ငွေတွေနဲ့၊ ဗမာ့ ဆိုင်းဝိုင်းကြီး တူရိယာပစ္စည်းအစုံအလင်ကို သင်္ဘောနဲ့မှာယူ ရောက်ရှိလာလို့၊ Fort Wayne မြို့က မွန်မလေးတွေ ဘောင်းဘီဖင်ကြပ်တွေနဲ့ အကတိုက်နေကြတာကိုလည်း၊ ဗီအိုအေက တီဗီအစီအစဉ်မှာ မြင်ကြရပါပြီ။ ရန်ကုန်မြို့က နိုင်ငံတော်ယဉ်ကျေးမှုတက္ကသိုလ်ကတောင်၊ ဒီတီဗီအစီအစဉ်ကိုကြည့်ပြီး Fort Wayne မြို့က ဗမာ့ဆိုင်းဝိုင်းကြီးဟာ သူတို့ ကျောင်းက ဆိုင်းဝိုင်းကြီးထက်တောင် တူရိယာပစ္စည်းတွေ စုံတယ်လို့ ပြောနေပါတယ်။
နယူးယောက်ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ငါကြင်းဆီစစ်ဆင်ရေးကို ဗျူဟာမှူး ဒေါက်တာခင်မာဦးက အကောင်အထည်ဖေါ် အောင်မြင်လိုက်ပုံကများကတော့ ခုဆို အမေရိ ကန်အစိုးရက ချပေးတဲ့ ငွေတွေနဲ့ Fort Wayne မြို့ကနေ ဗမာလို တီဗီတောင် လွှင့်တော့မှာ ဖြစ်ပါတယ်။ မိုးမခနဲ့ အင်တာဗျူးမှာ ကိုယ့်ဟာကိုယ် သူငယ်ချင်းချင်း စကားစပ်မိပြီး တီဗီလွှင့် ဘို့ လုပ်ဖြစ်သွားတာပါလို့ပြောထားပြီး ဒုက္ခသည်တွေထဲမှာ စာမတတ်သူ အများကြီးပါလို့ တီဗီ ရိုက်ဘို့ စိတ်ကူးပေါ်လာတာပါလို့ ဒေသခံ စာနယ်ဇင်းတွေက ရေးကြတယ်။ ရုပ်သံလိုင်း မရှိ သူတွေ ကြည့်ဘို့ ဒီတီဗီအစီအစဉ်တွေကို DVDနဲ့ဖြန့်မယ်လို့လည်း ပြောပါတယ်။ ဘယ်သူကမှ ဒေါက်တာခင်မာဦးရဲ့ များစွာသော project တွေထဲက တခုပါလို့ အင်တာဗျူးတွေမှာ မပြော ကြဘူး။ မိုးမခတောင် ဒါကို မသိလို့ ဒီဗျူး ခန်းကိုထည့်ပေးတာနေမှာ။

http://moemaka.com/index.php?option=com_content&task=view&id=6753&Itemid=83

ကျားနဲ့ဆင် ဒီ“ခွင်”မှာ တွေ့ကြပါပြီ။ ဒီ“ခွင်”ကို ဆင်ထားတဲ့ မူလ“ခွင်”ပိုင်ရှင်က နယူးယောက် ဗမာသံရုံးက ဗိုလ်မှူးကြီးကျော်စွာမင်း။ သူက “ဆင်” ဆိုရင် အခု ဒီ “ခွင်”ထဲကို ၀င်လာတာက “ကျား” သင်းကိုကို။

Fort Wayne မြို့ကနေ ဗမာလို တီဗီလွှင့်မှာကို တီဗီလုပ်ငန်း နကန်းတလုံးမှမသိတဲ့ မြို့ခံ ဦးသီရိဘကြည် ခေါ် ဦးသီဟ က ရှေ့က နံမည်ခံပြီး နောက်ကနေ သူ့လက်သူ့ခြေ အကုန်လုပ် မဲ့ သင်းကိုကို။

ဗိုလ်မှူးကြီးကျော်စွာမင်းရဲ့ ဗျူဟာမှူး ဒေါက်တာခင်မာဦးလောက်ကို ပိဿာချိန်နဲ့ ရောင်းစား သွားမဲ့ သင်းကိုကို။ မြ၀တီရုပ်သံက ကင်မရာတွေ မပြီး ပြေးသွားသူပါလို့၊ န၀တ က ကြေညာ ခံခဲ့ရဘူးတဲ့ သင်းကိုကို။ DVB ရုပ်သံ စစချင်း DVB အတွက် ရသမျှ မာစီးဒီးဝယ်စီးပြီး အိမ်ဖေါ် တွေ ဘာတွေနဲ့ နော်ဝေ မှာ အကျအန နေခဲ့တဲ့ သင်းကိုကို။ DVB က ခိုးနေတာပေါ်သွားတော့ ကန်အထုတ်ခံရချိန်မှာ DVBက data hard driveကြီးကို ဖျက်ဆီးပြီးမှ နော်ဝေကနေ ထွက် လာခဲ့တဲ့ သင်းကိုကို။ အရင် သူလုပ်ခဲ့တဲ့ ဘန်ကောက် FTUB ရုံးကနေပါ ဦးမောင်မောင်က ကန်ထုတ်လိုက်တဲ့ သင်းကိုကို။ ပြေးစရာ မြေမရှိနဲ့ အမေရိကားရောက်လာရာက အေးအေး မနေပဲ၊ Fort Wayne မြို့က ဗိုလ်မှူးကြီးကျော်စွာမင်း နဲ့ ဒေါက်တာခင်မာဦးတို့ရဲ့ ငါးကြင်းဆီ စစ်ဆင်ရေးထဲက “ခွင်”ထဲကို ၀င်လာတဲ့ “ကျား” သင်းကိုကို။

ဗိုလ်မှူးကြီးကျော်စွာမင်း ကုလားထိုင်လှုပ် ဒေါက်တာခင်မာဦး Fort Wayne မြို့ကနေ တော ထုတ်ခံရပြီး ငါးကြင်းဆီစစ်ဆင်ရေးထဲက “ခွင်”တခွင်လုံး သင်းကိုကို အုပ်သွားရင်တော့ ကြည့် ကောင်းလိုက်မဲ့ ဖြစ်ချင်း။

နောက်ထပ် “ခွင်”ကတော့ ၀ါရှင်တန်ကနေ ဘန်ကောက်ကို ရွေှ့သွားတဲ့ “ခွင်”ပါ။ အမေရိကန် အစိုးရရဲ့ USAID က ဒေါ်လာသန်းပေါင်းများစွာနဲ့ အမေရိကန် NGOတွေ ဗမာပြည်ထဲ ၀င်ဘို့ လုပ်တဲ့ နေရာမှာ USAIDရှေ့တန်းရုံးကို ဘန်ကောက်မှာ ဖွင့်လိုက်ပါပြီ။ ရှေ့တန်းရုံးကို ဦးစီးဘို့ လူရှာနေတာကြားတဲ့ အဝေးရောက်NCGUBရုံးရဲ့ ညွန်ကြားရေးမှူး ဦးစိုးပိုင်က သိပ်သွက်ပါ တယ်။ အမေရိကန်အမျိုးသားနဲ့ အိမ်ထောင်ပြုထားတဲ့ အမေရိကန်တက္ကသိုလ်ဘွဲ့ရ သူ့သမီး စန္ဒီကို USAIDရှေ့တန်းရုံးရဲ့ ညွန်ကြားရေးမှူးအဖြစ်ခန့်ဘို့ ၀ါရှင်တန်ဗမာသံရုံးရဲ့ နောက်ကွယ် က စီစဉ်ဆက်သွယ်ညှိနှိုင်းပေးမှုနဲ့ အမေရိကန်အစိုးရကိုချဉ်းကပ် အဆိုတင်လိုက်တာ အောင် မြင်သွားခဲ့ပါပြီ။ ခုတော့ ၀ါရှင်တန်NCGUBရုံး ရဲ့ညွန်ကြားရေးမှူးဦးစိုးပိုင်လဲ အဝေးရောက် အစိုးရကို ၀ါရှင်တန်ကပန်းခြံတွေထဲမှာ ပစ်ထားခဲ့ပြီး ညွန်ကြားရေးမှူးစန္ဒီရဲ့ ရှေ့တန်းရုံးရှိရာ ဘန်ကောက်ကို ပြောင်းရွေှ့နေထိုင်နေပါပြီ။

နောက်နှစ်ဆို proposal ရပ် ရိက္ခာပြတ်ကြတော့မယ်ဆိုတာသိတဲ့ အလွန်လျင်တဲ့ ထိုင်း-မြန်မာ နယ်စပ်က တော်လှန်ရေးခေါင်းဆောင်ကြီးငယ် size ပေါင်းစုံဟာလည်း ဗမာပြည်ထဲဝင်ကြ တော့မဲ့ အမေရိကန်NGOတွေထဲမှာ အလုပ်ရဘို့ ဒါမှမဟုတ် ကိုယ်တိုင် NGOတခုကို ဆရာ ကြီး လုပ်နိုင်ဘို့ ဗမာပြည်ထဲက “ခွင်”အသစ်ထဲ ၀င်ပြီး ကိုယ့်အတွက် “ခွင်”ထပ်ရှာကြဘို့ စိုင်းပြင်းနေကြပါပြီ။ ဘန်ကောက်မှာ နောက်ကွယ်ကနေ နအဖက သူတို့လူ ညွန်ကြားရေးမှူး စန္ဒီကတဆင့် ကြိုးကိုင်မဲ့ ဗမာပြည်အတွက်USAIDရှေ့တန်းရုံးမှာ တော်လှန်ရေးခေါင်းဆောင် ကြီးငယ်တွေ သူ့ထက်ငါ တိုးဝှေ့ဦးခိုက်နေကြပါပြီ။ အမေရိကန်အစိုးရကတော့ မသိရှာဘူး။ အိုဘားမားရဲ့ ထိတွေ့ဆက်ဆံရေးပေါ်လစီ အောင်မြင်ပြီး ဗမာပြည်မှာတဖြည်းဖြည်း Change ဖြစ်သွားမယ်လို့ ထင်နေရှာတယ်။ အောင်မြင်တာတော့ အောင်နေပါပြီ။ ရှေ့တန်းရုံဖွင့်ရုံပဲရှိ သေး အမေရိကန် NGOတွေ ဗမာပြည်ထဲခြေမချရသေးခင်မှာကို “ခွင်”ဆရာကြီးဆရာမကြီး တွေ အတွက်ကတော့ အောင်မြင်သွားခဲ့ပါပြီ။

“ခွင်”ဆိုလို့ အမေရိကားထဲက “ခွင်”အသစ်တစ်ခုလည်း ရှိပါသေးတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ် ရိုနာဘာဂါက စစ်မှန်တဲ့ ဗမာ့ဒီမိုကရေစီအရေးအတွက် ဗမာစစ်တပ်ထဲက မျိုးဆက်သစ်စစ်သားတွေက လုပ်မှ ရနိုင် မယ်လို့ ကြေညာချက်တစ်စောင်ထုတ်ခဲ့တယ်။ အဲ့ဒီမှာ၊ ခွေးသေကောင်ပုဒ်ကို ဠင်းတတွေ ၀ိုင်းဆွဲကြသလို၊ ရိုနာဘာဂါဆီကို အပြေးအလွှား သူ့ထက်ငါဦးအောင် proposal တွေ project တွေ ၀ိုင်းတင်ကြတော့တာပဲ။ ကျနော်ကတော့ ပြည်တွင်းက စစ်တပ်ထဲမှာ အဆက်အသွယ် တွေရှိပါတယ်၊ ကျမကတော့ ပြည်တွင်းက စစ်မှုထမ်းဟောင်းတွေကို အိတ်ထဲထည့်ထားနိုင်ပါ တယ်၊ စုံလို့ပဲ။ ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးကို ကုန်းလမ်းရေလမ်း လေလမ်းတွေကနေ ချီတက်လာကြတာ။ ချင်းမိုင်မှာ ဆယ်နှစ်ဆယ်မိုး အရပ်ဘက်စစ်ဘက် ဆက်ဆံရေးပါမောက္ခလိုလို ဘာလိုလိုလုပ်လာခဲ့တဲ့ ဟားဗတ်သုံးလသင်တန်းတက်ဘူးသူတွေ ရဲ့ ဗန္ဒု ဓနု လဥ bahu အဖွဲ့ဝင် အမေရိကန်မ ယောက်ျားတယောက်လည်း မိသားစုနဲ့အတူ အပြေးအလွှားပဲ ၀ါရှင်တန်ကို အပြီး ပြန်ပြောင်းလာပါပြီ။ သို့ကလို ရိုနာဘာဂါရဲ့ ၀ါရှင်တန်က အောက်လွှတ်တော်အမတ်ရုံးနားမှာ ၀ဲနေကြတဲ့ ဠင်းတတွေထဲမှာ၊ စစ်သားဟောင်းဆိုလို့ စစ်ဗိုလ်ဆရာဝန်လုပ်ဘူးတဲ့ အဝေးရောက်အစိုးရကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်း ပဲ တွေ့ရတယ်။ ဗမာပြည်စစ်တပ်ထဲက ဒီမိုကရေစီလိုလားသူ စစ်သားတွေ ဗမာစစ်အစိုးရရဲ့ စစ်ပြန်အဖွဲ့ထဲက ဒီမိုကရေစီလိုလားသူ စစ်သားဟောင်းတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီ လို လားသူ စစ်သားဟောင်းတွေနဲ့ကို ချိတ်ဆက်ပြီးကွန်ယက်ကြီးဖြစ်လာဘို့ သူလုပ်နိုင်တယ် ဆို တဲ့ ဒေါက်တာသောင်းထွန်းရဲ့ နှစ်ရှည်စီမံကိန်းအတွက် ကုန်ကျစားရိတ်အသေးစိတ်နဲ့ တင်ပြ ထားတဲ့ proposal အထူကြီးတအုပ်လဲ၊ ဘုတ်ကနဲ ရိုနာဘာဂါရဲ့ရုံးခန်းထဲ ကျရောက်သွားခဲ့ ပါပြီ။ တစ်ခါမှ ဖုံးမဆက်ဘူးတဲ့ တစ်ကမ္ဘာလုံးက ဗမာစစ်သားဟောင်းတွေဆီကို ဒေါက်တာ သောင်းထွန်း ဖုံးတွေတဂွမ်ဂွမ်ဆက်နေရှာတယ်။ စည်းရုံးတဲ့အထဲမှာ ဗမာပြည်ဒီမိုကရေစီ အကြောင်းပဲပါတယ် တဲ့။ ရိုနာဘာဂါ ကြေညာချက်တို့ ဘာတို့ တခွန်းမှ မဟဘူးတဲ့။ စစ်သား ဟောင်းဆိုတဲ့လူတွေကလည်း ဠင်းတချင်းတူပေမဲ့ ခပ်တုံးတုံးတွေဆိုတော့၊ ရိုနာဘာဂါကြေညာ ချက်ကိုလည်း မသိဘူး။ သိလည်း ဒါဟာ၊ ရပ်ကွက်ထဲကိုရောက်လာတဲ့ အသစ်ကလေးလို့် “ခွင်” ဆရာကြီးဆရာမကြီးတွေလို ရှုမြင် နားလည်သဘောပေါက်ကြမဲ့ ဠင်းတမျိုးတွေ မဟုတ် ပြန်ဘူး။ ဒေါက်တာသောင်းထွန်းရဲ့ “ခွင်” မှာ အသုံးချခံရတော့မယ်ဆိုတာ မသိကြတဲ့ စစ်သားပီပီ ခဲတံချွန်စက်မရှိတဲ့ အရပ်ကလူတွေလိုပါပဲ။

“ခွင်”တွေကတော့ အငြိမ့်တွေရဲ့ အက ရာသီခွင်တွေလိုပါပဲ။ သူ့ရာသီနဲ့သူ ခေတ်မှီမှီ စတိတ်ရှိုး တွေထည့် မင်းသမီးတွေကို အားကစားဇာတ်လမ်းနဲ့ မလုံ့တလုံဝတ်ပြတာတွေ ထည့်နိုင်တဲ့ခွင် တွေက အစ်ကိုကာလသားတွေ တရုန်းရုန်းနဲ့ ပွဲစည်ပြီး အားလုံးလည်း ညကြေးတွေ ပိုပြီးရကြ တွက်ခြေကိုက်ကြတာပေါ့။

သြော် ရပ်ကွက်ထဲက “ခွင်”တွေ အကြောင်း ပြောပါတယ်။

ယူအက်(စ်)အေ ရုက္ခစိုး

အဆုံးထိဖတ်ရန်...

တောကြောင်တွေ သတိထား

ခြောက်လ အတွင်း လျှပ်စစ် ဓါတ်အား ခိုးယူ သုံးစွဲမှု ၉၄ မှု ပေါ်ပေါက်

ရန်ကုန်မြို့တော် အတွင်း တရားမဝင် ဓါတ်အားသုံးစွဲ မှုများအား စစ်ဆေး ဖော်ထုတ် ခဲ့ရာ ပြီးခဲ့သည့် ခြောက်လ အတွင်း အမှုပေါင်း ၉၄ မှုအား ရန်ကုန်မြို့တော် လျှပ်စစ် ဓါတ်အား ပေးရေး အဖွဲ့မှ စစ်ဆေး ဖော်ထုတ် နိုင်ခဲ့သည်။ ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်အားပေးရေး အဖွဲ့မှ တရားမဝင် ဓါတ်အား ရယူသုံးစွဲ မှုများ အတွက် လျော်ကြေးငွေ (ဒဏ်ငွေ) များ ပေး ဆောင်စေ ခဲ့သည်။ မသမာသော နည်း အမျိုးမျိုးဖြင့် လျှပ်စစ် ဓါတ်အား ပျောက်ဆုံးမှု လျော့နည်း စေရေး နှင့် ဝင် ငွေ တိုးတက်စေရေး တို့အတွက် တရားမဝင် ဓါတ်အား ရယူ သုံးစွဲ နေသူများအား တာဝန်ရှိ သူများက စစ်ဆေးဖော် ထုတ်၍ လျော်ကြေးငွေ (ဒဏ်ငွေ) ပေးသွင်း စေခဲ့သည်ဟု ဆိုသည်။ ယင်း အမှုများအား လျော်ကြေး (ဒဏ်ကြေး) အဖြစ် စုစုပေါင်း ၅၂,၄၉၆,၈၆၀ ကျပ် နှင့် အမေရိကန် ဒေါ်လာ ၃၀၆ ဒသမ ၇ အား လျော်ကြေး ငွေ အဖြစ် တောင်းခံ ရရှိ ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ မှ မသမာသော နည်းဖြင့် ဓာတ်အား ရယူ သုံးစွဲနေသူ များအား ပထမ အကြိမ် အဖြစ် ယခုကဲ့သို့ ဒဏ် ငွေကောက် ယူကာ နောက်နောင် ယခု ကဲ့သို့ မပြုလုပ်ရန် ၀န်ခံကတိ လက်မှတ်ဖြင့် သတိ ပေးခဲ့သည်။ နောက်နောင် ထိုသို့ ပြုလုပ် ပါက ဌာနမှ နေ၍ ရာသက်ပန် လျှပ်စစ် ဓာတ်အား သုံးစွဲမှု ဖြတ်တောက် ပစ်မည် ဖြစ်ကြောင်း အသိပေး စာဖြင့် တရားဝင် ထုတ်ပြန် ကြပ်မတ် ခဲ့သည်။ မသမာသော နည်းဖြင့် လျှပ်စစ် ဓာတ်အား အသုံးပြု မှုတွင် အိမ်သုံး မီတာဖြင့် လုပ်ငန်း လုပ်ကိုင်ခြင်း၊ ဓာတ်အားလိုင်း နှစ်လိုင်း ချိတ်ဆက် သုံးစွဲခြင်း နှင့် ဆင့်ပွား သုံးစွဲခြင်း၊ မီတာ မရှိဘဲ တိုက်ရိုက် ခိုးယူ သုံးစွဲခြင်း နှင့် မီတာ မရောက်မီ အ၀င်မှ သုံးစွဲခြင်း၊ သတ်မှတ် ထားသော မြင်းကောင် ရေထက် ပိုမို သုံးစွဲခြင်း၊ အထွေထွေ တရားမ၀င် သုံးစွဲခြင်း စသည်များ ပါဝင်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

၂၁ . ၇ . ၂၀၁၀

အဆုံးထိဖတ်ရန်...

Sunday, July 18, 2010

ဘာသာ၊ သာသနာနှင့်ဆိုင်ရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြတာလား

ခရစ်စမတ်ပွဲတော်ကို ဇူလိုင်လမှာ ကျင်းပကြတာကို ကြုံဖူးကြပါသလား၊ လက်ခံကြမှာလား
ဘာသာတရားကို ထိန်းသိမ်းကြပါ

Salt Lake City သင်္ကြန်ပွဲ ကျင်းပပြီးစီး
မိုးမခအထောက်တော် (ဒင်းဗား)
ဇူလိုင် ၁၇၊ ၂၀၁၀

အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့ရောက် မြန်မာမိသားစုများရဲ့ ဒုတိယအကြိမ် သင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

သက်ကြီးရွယ်အို အဘိုးအဘွားများအား ပူဇော်ကန်တော့ကြပြီး သင်္ကြန်ပွဲကိုစတင်ဖွင့်လှစ်ကာ သင်္ကြန်ရိုးရာအကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်သွားတာကို တွေ့ရပါတယ်။

သင်္ကြန်ပွဲနဲ့ပတ်သက်ပြီး မြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့သူ ကဗျာဆရာ ကိုကျော်သူမိုးမြင့်က …

“ကျနော်တို့မရောက်ခင်က တခါလုပ်သေးတယ် ပြောတယ်၊ အဲဒါပြီးတော့ အကြောင်းမျိုးမျိုးကြောင့် ထပ်ပြီး မလုပ်ဖြစ်ခဲ့ဘဲ အခု ဒီနှစ်မှ ဒုတိယအကြိမ်အဖြစ် ပြန်ကျင်းပရတာပါ” လို့ ပြောပါတယ်။

ဒီနှစ်ကျင်းပတဲ့ပွဲကိုတော့ အချိန်ယူပြီး စနစ်တကျနဲ့ ကြိုတင်ပြင်ဆင် ပြုလုပ်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။

ကော်လိုရာဒိုပြည်နယ်မှ မြန်မာမိသားစုများကလည်း အဆို၊ အကများဖြင့် လာရောက်ပူးပေါင်း ဖျော်ဖြေသွားတာ တွေ့ရပြီး ဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက် ညီညွတ်စွာနဲ့ ကျင်းပခဲ့တာကို တွေ့ရပါတယ်။

အမေရိကမှာကျင်းပတဲ့ တချို့သင်္ကြန်ပွဲများဟာ ရာသီဥတုအခြေအနေအရ မြန်မာပြည်မှာကျင်းပသလို ဧပြီလတွင် မကျင်းပနိုင်ဘဲ မိမိတို့နေထိုင်ရာမြို့ရဲ့ ရာသီဥတုအခြေအနေကို မူတည်ပြီး ကျင်းပကြခြင်း ဖြစ်ပါတယ်။

နေ့လည် ၁၂ နာရီမှာ စတင်ခဲ့တဲ့ ဒီသင်္ကြန်ပွဲဟာ ညနေ ၆း၀၀ ကျော်ကျော်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
Copy from www.moemaka.com

အဆုံးထိဖတ်ရန်...

Saturday, July 17, 2010

အောင်ခင်နှင့်ခွေးများ ၀ိုင်းကိုက်ကြသည်

LEAVE HIM ALONE .He is suffering long time for Hypoactive Sexual Desire Disorder (HSDD) .I was counseling for him in BKK.But this kind of disease can not be cure totally.This disease is more problematic when using drug.I Think Danish Health Authority know him and watching closely.
မင်းကို ငါ တို့ ကြည့် နေတာကြာပြီ ၊ မင်း ဘလော့ စဖွင့် ကတည်း က King of the Universe တဲ့
မင်းကိုယ်မင်း မှလို့ မရှက်တယ် ၊ ဗမာပြည်မှာလည်း ပညာမဲ့  စောက်မွဲ ၊ ထွက်ပြေးလာတော့ လည်း ဘယ်အဖွဲ့ အစည်းမှာမှ ထိထိရောက်ရောက် မပါခဲ့ ပါပဲ နှင့်  ဘန်ကောက်မှာ ဒုက္ခသယ် လစာ စားပြီး နောက်ဆုံး ရတဲ့ နိုင်ငံကို ထွက် ရတယ် ၊ အဲဒါ မင်းသွားခြင်တဲ့ နိုင်ငံလားဆိုတာ မင်းကိုမင်းသိတယ် နော် ... နိုင်ငံရေး သမိုင်း မရှိ ၊ လူမှူ့ ရေး သမိုင်းမရှိ ၊ ယုတ်မရှိ ငွေ မရှိနှင့် လူမိုက်အထာ ၊ ရွာ အထာ တွေ ကို လျှောက်ပြောနေတယ် ၊ မင်းအိမ်ဝမှာ ထောင်ထားတဲ့ ဓါးက အပိုတွေ ပြောနေတာ ၊ မင်းရောက်နေတာ မင်းနေခဲ့ တဲ့ ရွာမဟုတ်ဘူး ကွ ၊ ဘယ်သူကလည်းလေယဉ် ခအကုန်ခံပြီး မင်းနေတဲ့ နိုင်ငံကို လာပြီးမင်းနဲ့ တုရန်ဖြစ်မှာလည်း ၊ ဒါ စုထိစံ လေထန်ကုန်းမဟုတ်ဘူး ကွ ၊ မင်းသတ္တိ ရှိခဲ့ ရင် ဘန်ကောက်စုထိစံမှာ မင်းအသံဘာဖြစ်လို့ မထွက်သလဲ..ခုမှ
မင်းကိုယ်မင်းမလို့ မရှက်တယ် ၊ ONSOB မှာ ဘယ်သူတွေ ခေါင်းဆောင်ခဲ့ တယ်ဆိုတာကို ဘန်ကောက်
ကိုဖြတ်သန်းဘူးသူတိုင်းသိကြပါတယ်ကွာ မင်းက ဌါနချုပ်ဆိုပြီးထလုပ်တယ် ၊ လူတွေကမင်းကို မပြောကြ
တာက ( ၁ ) မင်းက လူမိုက် ကွ ဆေးခြောက်သမား ၊ နိုင်ငံရေး တန်း မရှိ ၊ ပညာရေး မလိုက်စား ၊ ဘယ်တုန်းကမှ ဘာအလုပ်ကောင်း အကိုင်ကောင်း ရာထူး ကောင်း ရခဲ့ လုပ်ခဲ့  ဘူးတာမဟုတ် ၀င်ငွေဆို
လို့ လည်း ဒုက္ခသယ်လစာ နှင့်  ရောက်တဲ့ နိုင်ငံက ဆိုရှယ် ၀ဲအဖဲရားကို တသက်လုံး ငပြင်းအထာနှင့် ထိုင်
စားနေပြီး ၊ အချိန်အားတိုင်း ယားတိုင်း အလုပ်လုပ်နေတဲ့ သူတွေ ၊ နာမည်ကြီးနေတဲ့ သူတွေကို ဘေး
ထိုဘိုင်ကြ ဘုပြောနေတဲ့ အကောင် ပဲ
မင်းကို တယောက်ယောက်က အမြင်အတော်လို့  အေးအေးဆေးဆေး ၀င်ရောက် မေတ္တာ ရပ်ခံလာရင်
တောင် မင်းက ပြန်ပြိး လူမိုက်အထာနှင့်  မဟုတ်တာရော ဟုတ်တာပါ အကြယ်ခဲ့ ပြီး ပြန်ပက်ချင်သေး
တယ် ၊ အဲဒီသူနေတဲ့ နိုင်ငံမှာရှိတဲ့ မင်းလို ခွေဝဲစားခြင်းတွေဆီဆက်သွယ် ၊ အဲဒီလူ မကောင်းကြောင်းတွေ
မရမက စုံစမ်းပြီး ၊ အင်တာနက်ပေါ်တင် အရှက်ခွဲတဲ့ အလုပ်က မင်းတော်လှန်ရေး လုပ်နေတာလား
မင်းနှင့် ဆက်သွယ်တဲ့ကောင်တွေကလဲ မင်းလို အဲဒိနိုင်ငံတကာ အသီးသီးမှာ ၀ဲအဖဲယား စားပြီး ဘယ်
အဖွဲ့ မှာမလည်း မပါ ဘာမှလည်း မလုပ်ပါပဲ နှင့် သူများလုပ်သမျှထိုင်ဝေဖန် မကောင်းမြင်ဝါဒနှင့် ပြော
နေကြတဲ့ ကောင်တွေပဲ ဖြစ်တယ် ၊
မင်း ပြညာရေး ၊ လူမှူ့ ရေး နိုင် ငံရေး ၊ သမိုင်းကျောင်း အလုပ်အကိုင် ဘာယှည် ရဲ သလဲ မင်းဘလော့ နဲ့ 
မင်းအီးမေးတွေ ကြည့် လိုက်ရင် ၊ သူများ ပုဂိုလ်ရေး တွေဝေဖန် ၊ သူများ ပါစင်နယ် အီးမေးတွေ လျှောက်
တင် ၊ သူများ မကောင်းကြောင်းတွေ လိုက်အပုဒ် ချ နှင့်  ဒါ တော်လှန်ရေး လို့ ထင်သလား ၊ ဘလော့ ရေး
တပ်တာ နဲ့ ပဲ တော်လှန်ရေး လို့ ထင်သလား
ငါ အမြင်မတော် လို့ ဝင် ပြောတာ သူငယ်ခြင်း မင်း ရပ်တမ်း က ရပ်လိုက်ပါ ၊ မင်း ဘလော့ ကို ပိတ်လိုက်
ပါ ၊ တော်လှန်ရေး သိက္ခာ ကြတယ်ကွာ ၊ ဘာတဲ့ ... မင်းက ပဲ အမှန်တရားတွေကို ဖေါ်ထုတ်ချင်တယ်တဲ့ 
ဟုတ်လား... ဟား..ဟား....ဟား.. အမှန်တရားဆိုတာ တောင် ဘာအဓိပါယ်လဲ .. ဘယ်လို ဒသန လဲ ဆို
တာ သိရဲ့ လား ... လူတိုင်းမှာ အမှန်အမှားဆိုတာ ရှိတယ် ကွ ... သမတ္တ ကလင်တန် ကိုပဲ ကြည့် ကြည့် 
တိုက်ဂါး ၀ု ကို ပဲ ကြည့် ကြည့်  ၊ ပုဒ် ရဟန်းမင်းကြီးကို ပဲ လေ့ လာလေ့ လာ အားနဲချက်အားသာချက်
တွေဆိုတာ ရှိတယ်ကွ ၊ မင်းတို့ ငါတို့  ကိုးကွယ်နေတဲ့  ဗုဒ္ဒဘုရား ၊ ရေ ရှူ ခရစ် တို့ တောင် လုပ်ကြံသတ်
ဖြတ်ချင်တဲ့ သူတွေ ၊ အကောင်းကြံချင်တဲ့ သူတွေ ရှိ ခဲ့ တာ မင်း ဘာကြောင့် ဆိုတာ မစဉ်းစားမိဘူးလား
မင်း က ဘာသာရေး တွေ ဒီ လောက် အတွေးအခေါ် မှီမှာလည်း မဟုတ်ပါဘူး ကွာ ..
အမှန်တရား ရဲ့  နိယာမကို မင်း သိသလား ... မင်းလုပ်နေတာတွေ မှန်နေတယ်လို့ ထင်သလား ...
မင်းက ချော့ လေ ကဲလေ မန်းလေပြဲလေ မို့ လို့ ငါတို့ ဝင်ပြောရတာ .. လူတွေ အများကြီး မင်းကို ရှောင်
သွားကြတာ ကြောက်လို့ မဟုတ်ဘူး ကွ မင်း မနီလိုင်စခန်း ထဲ မှာထဲ က မင်း တန်းကို သိနေကြလို့ ပဲ
လူကြီး..သူမ ဦးစင်ကြယ်လို လူမျိုးကြိးကိုတောင် မင်း က ဖင်လိုးမယ် ဘာညာ နဲ့ စလို့ အဘိုးကြီး စိတ်
ညစ်ပြီး ပြေးနေရတာတွေ ၊ မင်း ဆေးခြောက်သောက်တာတွေ ငါး ချတာတွေ ဒီလူတွေ ကသိနေမှ
တော့ မင်းကို ဘယ်သူက တုပြီးပြန်ဖက်ဖြစ်မှာလဲ ..
မင်း အရမ်း မိုက်ရိုင်းတယ်ကွာ နိုင်ငံရေး အီးမေး အုပ်စု ကိုမှ အားမနာ သောက်ရေး မပါ တာတွေ ၀င်
ရေး ၊ ၀င်တင် နှင့် လူရာဝင်ချင်ရင်လည်း ယဉ်ယဉ်ကျေးကျေး ။ ကြိုးစားပါကွာ...
လူမိုက်ခေတ်မဟုတ်တော့ ဘူး ကွ ... ..
တရက်ရောက် ငြိမ်နေပြီးတော့ မင်း စမွေးကတည်းက ခု မင်းကံကောင်းလို့ ရောက်နေ့ တဲ့ နိုင်ငံအထိ
မင်း အဆင့် အတန်း ကို ပြန်သုံးသပ်ကြည့် ပြီးမှ ကိုယ့် ကိုယ်ကို ပြင်သင့် တာပြင်ပေါ့ ကွာ
တော်လှန်ရေး ဆိုတာ ပြုပြင်ပြောင်းလွဲခြင်းဖြစ်တယ် ...
ကိုယ်ကိုကိုက စတင် တော်လှန်ပါ ကွာ....

အဆုံးထိဖတ်ရန်...

Thursday, July 15, 2010

ဥပဒေမဲ့ ရိုက်နှက်၊ သတ်ဖြတ်နေတာကို ကြည့်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ထားကတော့ အရမ်းကို ယုတ်ညံ့လွန်းပါတယ်

မုံရွာရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး
မင်းနိုင်သူ Thursday, July 15, 2010

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲက ရိုက်နှက် စစ်ဆေးရာမှ ဖောက်ထွင်းမှု သံသယဖြင့် ဖမ်းဆီးခံထား ရသူတဦး ယနေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း သတင်းရရှိသည်။

“မနက် (၁၀) နာရီ လောက်မှာ သူ့မိန်းမက သူ့ယောက်ျားကို သေအောင် ရိုက်တဲ့ရဲတွေကို မကျေနပ်ဘူး ၊ အထက်ကို တိုင်မယ် ၊ ဘုရားကယ်ပါ ၊ တရားကယ်ပါနဲ့ ရပ်ကွက်ထဲမှာ အော်ဟစ်နေတော့မှ သေသွားပြီဆိုတာ သိကြရတာ"ဟု မုံရွာ ဒေါနခြံ ရပ်ကွက် သားတဦးက ပြောသည်။

မုံရွာ ဒေါနခြံရပ်ကွက်အတွင်းရှိ ဒေါ်စန်းရီ၏ နေအိမ်ကို ယခုလ ၁၁ ရက်နေ့လယ်ပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရရာ ငွေကျပ် သိန်း ၅၀ ဖိုးခန့် ပါသွားခဲ့ကြောင်း သိရသည်။

ဖောက်ထွင်းခံရသည့် နေ့မှာပင် တရပ်ကွက်တည်းနေ ကိုရှမ်းကြီး ဆိုသူကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရိုက်နှက်ခံဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့်စပ်လျဉ်း၍ မုံရွာအမှတ် (၁) ရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

မြန်မာနိုင်ငံအတွင်း ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ကိုယ်အင်္ဂါချို့တဲ့ရသူများ ၊ အသက်ဆုံးရှုံးရသူများရှိနေသော်လည်း အာဏာပိုင်များက တရားဝင်ထုတ်ပြန်လေ့မရှိပေ။
Copy from http://www.irrawaddy.org/

အဆုံးထိဖတ်ရန်...

ကျောင်းသားသမိုင်းနှင့် မြန်မာပြည် (သို့) တော်လှန်ရဲသူ အောင်ပွဲယူ အာဇာနည်တို့မူ

Arzarnee+Spirit

အဆုံးထိဖတ်ရန်...

Wednesday, July 14, 2010

ဆူးကဘဲ ပွင့်ဖက်ပေါ်ကျတာလား၊ ပွင့်ဖက်ကဘဲ ဆူးပေါ်ကျတာလား

မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ
ကိုထွေး Wednesday, July 14, 2010

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ
ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁၇ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁၇ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအ၀င် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘ၀သို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

“ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ အင်တာနက် အီးမေးလ်များမှတဆင့် ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူ၊ ဦးဇော်ဝင်းရှိန် တို့နှင့် ပတ်သက် သော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

အီးမေးလ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တချို့သော အချက်အလက်များ မှန်ကန်မှုရှိသော်လည်း တချို့သော အချက်အလက်များမှာ မှားယွင်းနေကြောင်း ပန်းဖြူက ဆိုသည်။

“လျော်ကြေးပေးလည်း ယူမှာ မဟုတ်ပါဘူး။ သူ့ဘက်ကလည်း အဲဒါမျိုးတွေနဲ့ ညှိတာ ဘာညာလည်း မလုပ်ပါဘူး”ဟု ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်ကို ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

“တရား စစွဲတုန်းကလည်း မဖြစ်မနေမို့သာ စွဲလိုက်ရတာ။ အခုကျတော့ အဲသလိုမျိုး သတင်းတွေ အရမ်းပြန့်သွားတာ စိတ်ထဲ မှာ မကောင်းဘူးဖြစ်ရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ်မသိတော့ဘူး”ဟုလည်း ပန်းဖြူ က ပြောသည်။

၁၉၉၇ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် ပန်းဖြူသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့ သည်။
Copy from www.irrawaddy.org

အဆုံးထိဖတ်ရန်...

ဥပဒေ ဘောင်အတွင်းက အ၀ါး “ခံ” နေသောNLD၊ ပြည်သူတွေကို အနှစ်၂၀ကျော် အ၀ါး “မခံ” ခိုင်းပါနဲ့

တွေ့ဆုံဆွေးနွေးဖို့ ဒေါ်စု လမ်းဖွင့်ထားဆဲ
By ဦးကျော်အောင်လွင် အင်္ဂါ, 13 ဇူလိုင် 2010

မြန်မာစစ်အစိုးရကို တရားစွဲဖို့ ဆောင်ရွက်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းကို ပိတ်တဲ့သဘော မဟုတ်ဘူးလို့ နေအိမ်မှာ အကျဉ်းချခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းကြည်တို့ ဒီကနေ့ တွေ့ဆုံခွင့်ရတုန်း အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဘက်က မြန်မာစစ်အစိုးရကို နောက်တကြိမ် တရားထပ်စွဲဖို့လည်း ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် မဆောင်ရွက်တာကြောင့် မြန်မာစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြီးခဲ့တဲ့ ဧပြီလတုန်းက တရားစွဲခဲ့ပေမဲ့ ဒီစွဲဆိုမှုကို တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုငြင်းပယ်တာဟာ ဥပဒေအရ လုပ်ခွင့်မရှိဘူး ဆိုတဲ့အကြောင်းနဲ့ နောက်တကြိမ် တရားစွဲဖို့ ပြင်ဆင်နေကြတာပါ။ ဒီလိုဆောင်ရွက်တာဟာ စစ်အစိုးရနဲ့ NLD တို့အကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မလာအောင် ပိတ်ဆို့တဲ့သဘော မဟုတ်ဘူး ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ ပြောဆိုခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြန်ရှင်းပြပါတယ်။

“ဇွန်လ ၂၁ ရက် ရက်စွဲနဲ့ နအဖကို တရားစွဲဆိုမယ် ဆိုတဲ့အကြောင်း နို့တစ်စာကို ကျနော်တို့ ပို့ထားပါတယ်။ အဲဒီနို့တစ်စာထဲမှာ ဒီလိုတရားစွဲဖို့ ဆောင်ရွက်နေတာဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ဂ် (Dialogue) ကို ပိတ်တာမဟုတ်ဘူး။ အမြဲတမ်း အမျိုးသား ရင်ကြားစေ့ရေးအတွက်၊ ဒိုင်ယာလော့ဂ်အတွက် အဆင်သင့် ရှိပါတယ် ဆိုတာလည်း ကျနော်တို့ ဖော်ပြပါတယ်။”

နိုင်ငံ့ဝန်ထမ်းဟာ ဥပဒေပြဋ္ဌာန်းချက်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေလို့ နိုင်ငံတော် တရားရုံးကတဆင့် ဆောင်ရွက်ပေးဖို့ အမိန့်ချနိုင်အောင် နစ်နာတဲ့သူက လျှောက်ထားတဲ့ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ တရားစွဲဆိုရေး NLD ဘက်က လုပ်ဆောင်နေတာပါ။ စစ်အစိုးရကို နောက်ထပ် တရားစွဲဆိုမှု တခုကလည်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရလို့ တည်ရှိနေကြသူတွေ ဖြစ်တယ်၊ တရားဥပဒေအရ သူတို့ဟာ ဆက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် ရပ်တည်ပိုင်ခွင့် ရှိတဲ့အကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ပုဒ်မ ၄၂ နဲ့ စွဲဆိုကြတဲ့ အမှုပါ။

“ပထမတခါ စွဲပြီးပြီ၊ အဲဒီ စွဲတာကို သူတို့ တရားရုံးက ငြင်းတယ်။ အဲဒီငြင်းတာကို ကျနော်တို့ နေပြည်တော်ကို စာရေးပြီးတော့ ဒီလို ငြင်းခွင့်မရှိဘူးဆိုတာ တင်ပြထားတယ်။ အဲဒီတင်ပြချက်က Response မလာသေးဘူး။ သို့သော် နောက်တခု ဒီအလားတူ စွဲဖို့ကို လိုအပ်တဲ့ နို့တစ်ကို ကျနော်တို့ အခုပေးနေတာ ဖြစ်တယ်။ ကျနော်တို့ ပိုပြီးတော့ နည်းစနစ်ကျအောင် ဆောင်ရွက်နေတာပါ။ ဥပဒေလမ်းကြောင်းအရ ဆိုရင် ဒီအမှုကို ကြားနာရမှာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးလည်းဖြစ်ပြီး NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းနဲ့ ရှေ့နေ ဦးကြည်ဝင်းတို့ ၂ ဦး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ သွားခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့အမှု အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဆုံးထိဖတ်ရန်...

Tuesday, July 13, 2010

ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မည့်ပါတီတွေ သတိထား၊ အမဲရိုးဆိုတာ ခွေးတွေပါးစပ်ထဲမှာဘဲ ရှိတယ်

ဒေါက်တာတူးဂျာကြောင့် KSPP ကို ပါတီထောင်ခွင့်မပြုဟု ဦးအောင်သောင်းပြော
ဖနိဒါ အင်္ဂါနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါက်တာတူးဂျာသည် ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဆက်စပ်လျှက်ရှိသဖြင့် သူဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို ပါတီထောင်ခွင့် ပြုမည်မဟုတ်ကြောင်း အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်းက ကချင်ခေါင်းဆောင်များကို ယမန်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

အမှတ် ၁ စက်မှုဝန်ကြီး ဦးအောင်သောင်း၊ ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်နှင့် အဖွဲ့သည် ကချင်အတိုင်ပင်ခံ အဖွဲ့နှင့် မြစ်ကြီးနားတွင် တွေ့ဆုံပြောကြားရာတွင် ဒေါက်တာတူးဂျာသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) မှ ပြဌာန်းထားချက်များနှင့် ငြိစွန်းနေသဖြင့် ပါတီထောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု ပြောကြားသွားကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကချင် ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

ဦးအောင်သောင်းက စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ရယူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို သောင်းကျန်းသူ အဖွဲ့ဟု ပြောဆိုလိုက်ခြင်းမှာ ထင်ရှားနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၂ ပုဒ်မ ၄ (စ) ၌ “နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်ကျန်းသူ အဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေ တရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲအစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင်” မဟုတ်သူများသာ ပါတီထောင်ခွင့် ရှိသည်ဟု ပါရှိသည်။

“ဒေါက်တာတူးဂျာက KIO ဗဟိုကော်မတီဝင် ဒုဥက္ကဌကို နှစ်ပေါင်း ၃၀ ကျော် လုပ်ခဲ့တဲ့လူက ထွက်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ ဥပဒေနဲ့ ငြိစွန်းနေတယ်။ တကယ်လို့ သူ့ကို ပေးလိုက်ရင် ကျန်တဲ့လူတွေလည်း အကုန်တောင်းဆိုလာရင် ပေးရမယ်” ဟု ဦးအောင်သောင်းက ပြောကြားသွားခဲ့သည်ဟု အမည်မဖော်လိုသူ ကချင်ခေါင်းဆောင်က ပြန်ပြောသည်။

သို့သော်လည်း ဒေါက်တာ တူးဂျာအနေဖြင့် KSPP လက်ရှိ ဥက္ကဌနေရာအစား နာယကအဖြစ် ပြောင်းလဲ တာဝန်ယူလျှင်မူ ပါတီထောင်ခွင့် ပြုမည်ဟုလည်း ပြောကြောင်းသိရသည်။

သဘောထား တင်းမာသူဟု ကျော်ကြားသော ဦးအောင်သောင်းသည် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယုံကြည်စိတ်ချသော သူတဦးအဖြစ်လည်း ထင်ရှားသည်။

ဝန်ကြီးနှစ်ဦးသည် ကချင်အတိုင်ပင်ခံအဖွဲ့ ဥက္ကဌ မြစ်ကြီးနား ဆရာအတတ်သင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခေါန်လွမ်း၊ အတွင်းရေးမှူး ဘာသာရေး ခေါင်းဆောင် ဦးဆင်ဝါးတို့ အပါအဝင် ဗဟိုကော်မတီဝင် စုစုပေါင်း ၇ ဦးနှင့် မြစ်ကြီးနားမြို့ရှိ ကြံ့ဖွံ့ရုံးတွင် ယမန်နေ့ ၁ဝ နာရီ မှစ၍ နာရီဝက်ခန့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ကချင်အတိုင်ပင်ခံအဖွဲ့ကို ၂ဝဝ၂ ခုနှစ် အောက်တိုဘလတွင် စတင်တည်ထောင်ခဲ့ပြီး ကချင်လူမျိုးများအကြား ပြဿနာများကို ညှိနှိုင်းဆွေးနွေးရေးအတွက် ရည်ရွယ်သည်။ အင်အားအများဆုံး ကချင်အဖွဲ့ဖြစ်သည့် KIO အဖွဲ့ဝင်များ၊ ကချင်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကချင်ခရစ်ယာန်ဂိုဏ်း ပေါင်းစုံတို့မှပါဝင်ပြီး ယခုအချိန်တွင် အဖွဲ့ဝင် ၃ဝ ဦးခန့် ရှိသည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

သွားဆရာဝန် ဒေါက်တာတူးဂျာ အပါအဝင် KIO ထိပ်ပိုင်း ခေါင်းဆောင် ၆ ဦးတို့သည် ယခင်နှစ် စက်တင်ဘာလ ၂ ရက်နေ့က KIO မှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် လအနည်း ငယ်အကြာတွင် ယခုနှစ် ရွေးကောက်ပွဲ ဝင်ပြိုင်ရန် KSPP ကို ဒေါက်တာတူးဂျာက ဥက္ကဌအဖြစ် တာဝန်ယူ တည်ထောင်ခဲ့သည်။

ဧပြီ ၅ ရက်နေ့ကတည်းက KSPP ကို နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့်ပြုရန် ရွေးကောက်ပွဲကော် မရှင်၌ လျှောက်ထားခဲ့သော်လည်း ကော်မရှင်က ယခုအချိန်အထိ ခွင့်ပြု၊ မပြုကို ထုတ်ပြန်ခြင်း မရှိသေးပါ။

ဒေါက်တာတူးဂျာကို မဇ္ဈိမက ဆက်သွယ်သော်လည်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားနေသဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

KIO အရာရှိတဦးကမူ ဝန်ကြီး၏ပြောကြားချက်အပေါ် စစ်အစိုးရအနေဖြင့် “ပြောချင်သလို ပြောနေတာပဲ” ဟု တုံ့ပြန်လိုက်သည်။

စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့က မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့်အတူ ကချင်အတိုင်ပင်ခံအဖွဲ့နှင့် မတွေ့ဆုံမီ KIO ကိုယ်စားလှယ်များနှင့် လက်နက်ကိုင်တပ်များ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သေးသည်ဟု KIO သတင်းရပ်ကွက်တခုက ပြောသည်။

အဆိုပါ သတင်းရပ်ကွက်က ဆွေးနွေးမှု အသေးစိတ်ကိုပြောပြရန် ငြင်းဆိုပြီး စစ်အစိုးရဘက်က ယခုနှစ် ရွေးကောက်ပွဲအမှီပြောင်းရန် ပြောဆိုသည်ကို KIO ဘက်က “ကိုယ့်နည်း ကိုယ့်ဟန်” ဖြင့် အသွင်ပြောင်းရန် ဆောင်ရွက်နေကြောင်းသာ ပြန်တုန့်ပြန်ခဲ့သည်ဟု သိရသည်။

KIO က အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင်လူထုထံမှ သဘောများကို ကောက်ယူနေဆဲဖြစ်ပြီး ယခုနှစ် သြဂုတ်လအတွင်း တရားဝင် ထုတ်ပြန်နိုင်ဖွယ်ရှိသည်ဟု KIO အဆင့်မြင့်အရာရှိ တဦးက ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ဒေါက်တာ တူးဂျာ ကိုယ်တိုင်ပင် ၁၄ နှစ်ကြာ အခြေခံဥပဒေ မူကြမ်းရေးဆွဲရာတွင် ကချင်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်ခဲ့သည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

ယူချင်ဦးဟဲ့ ငြိမ်းချမ်းရေး (သို့) ငြိမ်းချမ်းရေးဆိုတာ ဒါဘဲ

ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးတဦး ရိုက်သတ်ခံရ
မြတ်ခိုင်ဦး / ၁၃ ဇူလိုင် ၂၀၁၀

မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးယူထားသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA–PC) မှ တပ်စုမှူးတဦးသည် အမည်မသိ လူသတ်သမားများ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခရဘူရီမြို့နှင့် နယ်စပ်ချင်းကပ်လျက်ရှိသော မြန်မာဘက်အခြမ်း ဘုရားသုံးဆူမြို့၊ ရပ်ကွက် (၂) ရှိ ဥဒေါင်းကန်ဘေးတွင် “ဆွိုင်း” အမည်ဖြင့် စားသောက်ဆိုင် ဖွင့်လှစ်ထားရှိသော ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်စုမှူးအဆင့်ရှိ စောသန်းအောင် အသက် (၃၇) နှစ်၏ အလောင်းကို ယနေ့နံနက်က ကန်၏အခြားဘက်အခြမ်းတွင် ဒေသခံများက တွေ့ရှိခြင်းဖြစ်သည်။

တွေ့ရှိရသော အလောင်းမှာ လက်ကိုနောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကို ဝါယာကြိုးဖြင့် စည်းနှောင်ထားကာ လည်ပင်းတွင်လည်း ကြိုးကွင်းစွပ်၍ ခြေထောက်ခြေချင်းဝတ်တွင် တွဲ၍ ထားကြောင်း၊ စိမ်ပြေနပြေ ရိုက်သတ်ခံရသည်ဟု ယူဆရပြီး တကိုယ်လုံးရှိ အရိုးအဆစ်များမှာ ပျော့ခွေနေကြောင်း မြန်မာအစိုးရဝန်ထမ်းတဦးက ပြောကြားသည်။

၎င်းက “သူ့မိန်းမပြောတာက ည (၉) နာရီလောက် ဖုန်းလာလို့ ထထွက်သွားတာ၊ မနက်မှ အသတ်ခံရမှန်းသိတယ်လို့ ပြောတယ်” ဟု ဆိုသည်။

ဘုရားသုံးဆူဒေသသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ဖြစ်ပွားလေ့ရှိသည်။ ထို့အပြင် အပစ်ရပ်အဖွဲ့များဖြစ်သော DKBA, KPF, NMSP KNU/KNLA-PC အဖွဲ့များလည်း တည်ရှိကြပြီး ပြီးခဲ့သည့် မေလ (၉) ရက်နေ့ညကလည်း ဗုံးဖောက်ခွဲရန်လာသူ (၂) ဦးသည် ၎င်းတို့လက်ထဲတွင်ပင် ချိန်ကိုက်ဗုံးပေါက်ကွဲ၍ ဒဏ်ရာဖြင့် အဖမ်းဆီးခံခဲ့ရသည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

လုပ်စား သူခိုးကြီးများအဖွဲ့

Maggots

အဆုံးထိဖတ်ရန်...

Saturday, July 10, 2010

စစ်အာဏာရှင်တွေက ကျောင်းသားတွေကို ဘယ်ကိုပို့ချင်နေတာလဲ၊ ကျောင်းကိုလား၊ ထောင်ကိုလား

တက္ကသိုလ် ကောလိပ်များတွင် အဆောင်များ မရှိသဖြင့် ယခုကဲ့သို့ ဆန္ဒပြမူ ပေါ်ပေါက်ရခြင်းဖြစ်
7/9/2010

ရခိုင်ပြည်နယ် စစ်တွေ နည်းပညာ ကောလိပ် အပါအ၀င် စစ်တွေ တက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အတွက် အဆောင်များကို အစိုးရမှ စနစ်တကျ စီစဉ်ပေးမူ မရှိသဖြင့် ယခုကဲ့သို့ ဆူပူ ဆန္ဒပြမူများ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုသူ စစ်တွေ ကောလိပ်ကျောင်းသား ဟောင်း တဦးက ပြောသည်။

“ကျွန်တော်တို့ စစ်တွေ ကောလိပ် ကျောင်းသား ဘ၀တုန်းက နယ်က ကျောင်သားတွေ အတွက် ဝေသာလီ ဆောင်၊ ကျောင်းသူတွေ အတွက် ပိုးဝါဆောင်၊ စောပြည့်ညိုဆောင်ဆိုပြီး အဆောင်တွေ ရှိတယ်။ ခုတော့ အစိုးရက တက္ကသိုလ် ကောလိပ်တွေကို မြို့ပြင်ကို ရွှေ့လိုက်တယ်။ ဒါ့အပြင် နယ်ကကျောင်းသားတွေ အတွက် အဆောင်တွေထားတဲ့ စနစ်ကို ဖျက်သိမ်းလိုက်တော့ ကျောင်းသားတွေက မြို့ထဲက အိမ်တွေမှာ ဌားရမ်းနေရတယ်။ တချို့ကလည်း နီးစပ်ရာမှာ နေရတယ်။ အိမ်လခ၊ ထမင်းလခ အပြင် ကျောင်းကား စရိတ်ပါ အဆမတန် ပေးလာရတော့ မတတ်နိုင်တော့ဘူး။ နောက်ဆုံးတော့ ပေါက်ကွဲပြီး ခုလို ဆန္ဒပြ တောင်းဆိုရတဲ့ အထိကို ရောက်လာရတာ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စ တခု ဖြစ်ပါတယ်။”

စစ်တွေ တက္ကသိုလ်မှာ ယခင်က မြို့ထဲတွင် တည်ရှိပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မြို့ပြင်ရှိ ဘုမေရွာ အနီးသို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ အလားတူ အသစ် တည်ဆောက်ပေးသော နည်းပညာ ကောလိပ်ကိုလည်း မြို့မှ ၁၄ မိုင်ခန့်ဝေးသော ရေချမ်းပြင် အရပ်တွင် တည်ဆောက်ခဲ့သည်။

“အစိုးရက ခုလို ကျောင်းတွေကို မြို့ပြင်ကို ရွှေ့ပြောင်းပစ်ပေမယ့် ကျောင်းသားတွေ အတွက် ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးတာ မရှိဘူး။ ပုဂ္ဂလိက ကားတွေကိုဘဲ ကျောင်းကား အဖြစ် အတင်း ကြိုပို့ လုပ်ခိုင်းတယ်။ ကား အရေ အတွက်ကလည်း အရမ်းနည်းတယ်။ ဆီဈေးတက်ရင် ပုဂ္ဂလိက ကားတွေက ကားခတွေ ပိုတောင်းတယ်။ ပီးတော့ အချိန်မှန် အရေအတွက်မှန် ပြေးဆွဲတာ မရှိဘူး။ ဒါကြောင့် ခုလို ပြဿနာမျိုး ခဏခဏ တက်နေရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းမယ်ဆိုရင် နယ်က ကျောင်းသားတွေအတွက် တက္ကသိုလ် ကောလိပ် ကျောင်းဝင်း အတွင်းမှာ ဖြစ်ဖြစ် အနီးအနားမှာဘဲ ဖြစ်ဖြစ် ကျောင်းသား အဆောင်တွေကို အယင်ကလို ထည်ဆောက် ပေးဖို့လိုတယ်။ နို့မဟုတ်ရင် ဒီပြဿနာက ဘယ်သူဘဲ လာဖြေရှင်း ဖြေရှင်း ဆက်တက်မှာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

နယ်ကလာသော ကျောင်းသား တဦးအနေဖြင့် စစ်တွေ တက္ကသိုလ် ကောလိပ်များတွင် ပညာ သင်ကြားရန်အတွက် တလကို အနည်းဆုံး ကျပ် တသိန်းနီးပါး ကုန်ကျသည်ဟု ကျောင်းသား တဦး ပြောသည်။

“ထမင်းလခက တလကို ကျပ် ၄၀၀၀၀ ပေးရပါတယ်။ ကားခက အနည်းဆုံး တလကို တစ်သောင်းနီးပါး သုံးရပါတယ်။ အိမ်အဆောင်ခ၊ ကျူရှင်ခ၊ ကျောင်းစရိတ်နဲ့ပါဆိုရင် တသိန်းနီးပါး ကုန်ကျပါတယ်။ အများစု နယ်က ကျောင်းသားတွေက သိပ်ပိုက်ဆံ ချမ်းသားလို့ ကျောင်းလာ တက်ကြတာ မဟုတ်ပါဘူး။ ပညာလိုချင်လို့ လာကြတာပါ။ အစိုးရက ခုလို ကိစ္စမျိုးတွေကို သူတို့က ထည့်တွက်တာ မဟုတ်ပါဘူး။ ခုလို ဆန္ဒပြရတာကလည်း မတတ်နိုင်တဲ့ အတွက် နောက်ဆုံး အရဲစွန့်ပီး ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အစိုးရ အနေဖြင့် တက္ကသိုလ် ကောလိပ်များတွင် ကျောင်းသား အဆောင်များ တည်ဆောက်ပေးလျှင် ကျောင်းသားများ စုဝေးခွင့် ရရှိပြီး ဆူပူမူများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ တက္ကသိုလ် ကောလိပ်များတွင် နယ်မှ ကျောင်းသားများ အတွက် အဆောင် စနစ်ကို ဖျက်သိမ်းထားကြောင်း သိရသည်။

နယ်မှ ကျောင်းသားများမှ မြို့ထဲတွင် လပေး စနစ်ဖြင့် ထမင်းစားသောက်ကာ အိမ်ဌားရမ်း နေထိုင်ရသဖြင့် လစဉ် လတိုင်း ငွေကြေး မလုံလောက်မူနှင့် ရင်ဆိုင်ကြရပြီး ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့နေရချိန်တွင် ကျောင်းကားများက ကျောင်းကားခကို တလမ်းကြောင်းအတွက် ကျပ်ငွေ ၁၅၀ မှ ၂၅၀ ထိ တိုးတောင်းရာမှ မကျေနပ်သဖြင့် ဇူလိုင်လ ၅ ရက်နေ့က ချီတက် ဆန္ဒပြမူ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Friday, July 9, 2010

ဆန္ဒဆိုတာ အပြင်မှာဘဲ ပြလို့ရတယ်၊ ထောင်ထဲမှာ ပြလို့မရဘူးလို့ အမိန့်ထုတ်ထားလို့ ဖြစ်မှာပေါ့

အကျဉ်းတံခါး ဘယ်အခါ ပွင့်ပါမယ်
စိန်အိုးစည် / ၀၉ ဇူလိုင် ၂၀၁၀


“ဘန်ကောက်ရဲတွေ ဆင်းဖမ်းနေတယ်” ဟူသည့် မိုးလုံးပြည့် မုသာဝါဒလိုလို၊ ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံတွေလိုလို သတင်းများ လွင့်ပျံ့နေသည့်အတွက်ကြောင့် သံစုံမြည် အော်ခက်စတြာ စက်ဘီးစုတ်လေးကို ထိတ်ထိတ်ပျာပျာ စီးနင်းလာရသော ရွှေဂျိုးတယောက် လေပုပ်ထုတ်ကုန်းအနီးသို့ အရောက်တွင် လက်ဖက်ရည်စားပွဲ၌ ထိုင်၍ ပြုံးပြုံးကြီး ကြည့်နေသော လေအိုးကို မြင်လိုက်ရပြီး ကျွဲမြီးတိုသလို ဖြစ်သွားရလေ၏။

ရွှေဂျိုး ။ ။ မနက်စောစောစီးစီး သွားအအေးပတ်မယ် ကိုလေအိုး၊ ဒီမှာဖြင့် ဘန်ကောက်ရဲတွေ ဆင်းဖမ်းနေတယ်ဆိုလို့ ကျီးကြည့်ကြောင်ကြည့် နင်းလာရတာ၊ ချွေးပါပြန်တယ်။ ဒါကို ခင်ဗျားက လှောင်သလို ပြောင်သလို ပြုံးစိစိ လုပ်နေတာလားဗျ။

လေအိုး ။ ။ တဖက်သတ် စွဲချက်နဲ့ အမဲမဖျက်ပါနဲ့ ကိုရွှေဂျိုးရယ်။ လေအိုးက မနက်စောစောစီးစီး ဝေနေယျသတ္တ၀ါအပေါင်းကို မေတ္တာပို့ရင်း ကြည်နူးလို့ ပြုံးနေတာပါဗျ။ နောက်ပြီး အင်္ဂလန်နဲ့ အာဂျင်တီးနားကို နှိပ်ကွပ်ပြီး တက်ကြွနေတဲ့ ကြက်ဖလေး ဂျာမဏီကို “ငယ်သေးတယ် ကလေးရယ် စာကြိုးစားဦးကွယ်” လို့ သင်ခန်းစာပေးလိုက်တဲ့ ကိုရွှေစပိန်ကြီး လုပ်ကျွေးသွားတာလည်း ပါတာပေါ့ဗျာ ဟဲ ဟဲ ဟဲ။ ဒါမှ ဘတ်ငွေစစ်စစ်ဗျ။ အိမ်က ချစ်ဇနီး ပူပူနွေးနွေး လုံးဝမသိတဲ့ ဘတ်ငွေစစ်စစ်။ ကဲ ကဲ ဒီနေ့ ကိုရွှေဂျိုး ဘာစားမလဲ၊ ဘာသောက်မလဲ၊ စားချင်ရာ စား၊ သောက်ချင်ရာ သောက် ဟဲ ဟဲ။

ရွှေဂျိုး ။ ။ တော်ပါပြီဗျာ၊ အိမ်သူသက်ထား ဇနီးမယားရဲ့ လက်ရာမွန်လောက် ဘယ်သင်းက ကောင်းနိုင်မှာလဲ။ ချွေးပြန်ပေမယ့် ဗိုက်ပြည့်လာပြီးသားပါဗျာ။ ပိုက်ထွေးရဲ့ ခပ်ညံ့ညံ့လက်ရာ တခွက်လောက် သောက်ရရင် တော်ပါပြီ။

လေအိုး ။ ။ ဟေ့ ပိုက်ထွေးရေ မင်းအစ်ကို ကိုရွှေဂျိုး အောက်ရေတိုးပြီး အသေမဆိုးအောင် လက်ဖက်ရည် ခပ်ညံ့ညံ့တခွက် အမြန်ဖျော်ခဲ့ဟေ့၊ ရေနွေး လျှော့ထည့်။

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တော့မယ်ဆိုဗျ။ ဟုတ်သလား အဲဒီသတင်း။

လေအိုး ။ ။ ပေါက်တတ်ကရဗျာ။ ကိုရွှေဂျိုးကို ဘယ်သူပြောလဲ။ သန်းရွှေလား လွှတ်ပေးမှာ။ လွှတ်လောက်အောင် ဘယ်သူက သန်းရွှေကို လည်ပင်းသွားညှစ်နေလို့လဲ ကိုရွှေဂျိုးရဲ့။ တကမ္ဘာလုံး လိပ်ခေါင်းထွက်အောင် အော်ဟစ်တောင်းဆိုနေရုံလောက်နဲ့ လွှတ်မတဲ့လား၊ ထုံးစံမရှိတာ ကိုရွှေဂျိုးရယ်၊ “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား … ခပ်မိုက်မိုက် ချစ်ကြစို့ … ရန်ကုန်မြို့ ပေတရာ လမ်းမပေါ်မှာ ချစ်တဲ့သူနဲ့ …” ။

ရွှေဂျိုး ။ ။ အိုဗျာ အရေးထဲ ၀က်ရူးထနေပြန်ပါပြီ။ မဟုတ်ဘူး၊ အိပ်ရာနိုးနိုးချင်း အိမ်သူသက်ထား ဇနီးမယားက ပြောလို့ဗျ။ ညက ရေဒီယိုမှာ လာသွားတယ်လို့ ဈေးထဲမှာ ပြောနေကြတယ်တဲ့။

လေအိုး ။ ။ အော် ဒါလား၊ တို့ ကိုရွှေဂျိုးတယောက်နဲ့တော့ ဒုက္ခပါပဲ။ တနေ့ တနေ့ အိမ်သူသက်ထား ဇနီးမယားရဲ့ အိမ်တွင်းအကြမ်းဖက် (အဲလေ …) အနုဖက်တာကိုပဲ ခံနေရတော့ ပြင်ပလောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ နားမစွင့်နိုင်ဘူးဖြစ်နေတာကိုး။ ကိုရွှေဂျိုး ကြားလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုတဲ့ သတင်းက မှန်တော့မှန်တယ်ဗျ။ ဒါပေမယ့် …။

ရွှေဂျိုး ။ ။ လွှတ်မယ်ဆို လွှတ်မယ်ပေါ့၊ ဘာ ဒါပေမယ့်လဲ ကိုလေအိုးရဲ့။

လေအိုး ။ ။ စကားကို ဆုံးအောင် နားထောင်ဦးလေ။ လွှတ်ပေးမယ့်လို့ ပြောတာက ကြပ်ပြေးက ကိုသန်းရွှေကြီး မဟုတ်ဘူးဗျ။ ဟာဗားနားက ဘူဒါးကြီး ကက်စထရို ပြောတာဗျ။ ကျူးဘားမှာ လွှတ်မှာလို့ ညက ရေဒီယိုတွေမှာ လွှင့်သွားတာဗျ။ ကိုရွှေဂျိုးတို့ကတော့လေ နားစွန်နားဖျားတွေ ကြားလာပြီး သတင်းတွေ လျှောက်ဖြန့်နေမှဖြင့် တော်ကြာ ဘီဘီစီတို့၊ ဗွီအိုအေတို့တော့ နအဖ အပုပ်ချသလို ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံတွေ ဖြစ်ကုန်ရော့မယ်။ တော်သေးတာပေါ့ လေအိုးနဲ့ အရင်တိုးပေလို့။

ရွှေဂျိုး ။ ။ အော်ဗျာ၊ ကျုပ်မှာ ဒီမနက် အဲဒီသတင်းလေး ကြားလို့ ပျော်မလို့ရှိသေး၊ ကိုလေအိုးနဲ့ တွေ့မှ ဗြုန်းခနဲ ၀မ်းသာ၊ ဗျာခနဲ ၀မ်းနည်းဖြစ်ရတော့တာပဲ။

လေအိုး ။ ။ ဖြစ်နိုင်မဖြစ်နိုင် ဦးနှောက်ကလေးနဲ့လည်း တွေးကြည့်ဦးမှပေါ့ ကိုရွှေဂျိုးရဲ့။ ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရတယ်ဆိုတာက အထဲက နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြတာကြောင့်ရယ်၊ ကြားဝင်စေ့စပ်ပေးသူတွေ ရှိလို့ရယ် လွှတ်ပေးရတာဗျ။ လေအိုးတို့ဆီမှာ အခုလောလောဆယ် အစာငတ်ခံ ဆန္ဒပြတာတို့၊ ကြားဝင်စေ့စပ်ပေးတာတို့ ဆိုတဲ့ သတင်းမျိုး ကိုရွှေဂျိုး ကြားမိလို့လား။ အဲလိုမကြားဘဲ သန်းရွှေကြီးက နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းထားတာ ကျနော်မျိုး အမှားကြီး မှားပါပြီခင်ဗျ၊ အမြင်မှန်ရပါပြီခင်ဗျဆိုပြီး လွှတ်မတဲ့လား ကိုရွှေဂျိုးရဲ့၊ စဉ်းစဉ်းစားစားလည်း လုပ်ပါ။

ရွှေဂျိုး ။ ။ ကျူးဘားမှာ အစာငတ်ခံဆန္ဒပြရုံလောက်နဲ့ လွှတ်ပေးတယ်ဆိုတော့ ကျုပ်တို့ဆီမှာလည်း အရှင်ဂမ္ဘီရတို့၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပဲ ကိုလေအိုးရဲ့။ သန်းရွှေက ဘယ်မှာလွှတ်ပေးလို့လဲ။

လေအိုး ။ ။ ဟုတ်တယ် အရှင်ဂမ္ဘီရတို့၊ ကိုထင်ကျော်တို့၊ မစုစုနွေးတို့ ဘယ်လောက်ကြာကြာ အစာငတ်ခံဆန္ဒပြခဲ့လဲဆိုတာ လေအိုး မမှတ်မိတော့ဘူး။ ဒါပေမယ့် အခု ကျူးဘားက နိုင်ငံရေးအကျဉ်းသားတွေသတင်း နားထောင်ရတာတော့ ပထမတယောက်ဆို အဲ … လေအိုး နာမည်တော့ မမှတ်မိတော့ဘူး၊ အစာငတ်ခံဆန္ဒပြပြီး (၈၅) ရက်ကြာမှာ သေဆုံးသွားတယ်တဲ့ အားပါးပါး အာဂပဲနော်။ ပထမတယောက်လည်း သေရော နောက်ထပ်တယောက်က ထပ်ပြီး အစာငတ်ခံဆန္ဒပြတယ်။ နောက်ဆုံးမှာ ကျူးဘားရိုမန်ကက်သလစ် Church က ဘုန်းတော်ကြီး အော်တေဂါက မနေနိုင်တော့လို့ ကြားဝင်စေ့စပ်ပေးမှ ကျူးဘားသမ္မတ ရောလ်ကက်စထရိုက နိုင်ငံရေးအကျဉ်းသား (၅၂) ယောက် လွှတ်ပေးမယ်လို့ ကြေညာလိုက်တာ။ အစာငတ်ခံဆန္ဒပြတဲ့ ဒုတိယတယောက်လည်း အဲဒီသတင်းကြားမှ (၁၃၅) ရက် အကြာမှာ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်တာတဲ့ ကိုရွှေဂျိုးရဲ့။

ရွှေဂျိုး ။ ။ အေးဗျာ၊ သူများသတင်းတွေကို ကြားရတာ အားရလိုက်တာ။ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေလည်း အဲဒီသတင်းကို ကြားရင် အတော် အားရှိမှာပဲနော် ကိုလေအိုး။

လေအိုး ။ ။ အားရှိရုံနဲ့ မပြီးဘူး ကိုရွှေဂျိုးရဲ့၊ ကိုယ်တိုင်ကိုယ်ကျ လွတ်ဖို့လိုတယ်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှလည်း လေအိုးတို့နိုင်ငံရဲ့ ပြဿနာက ရှေ့ဆက်ဖြေရှင်းလို့ရမှာ။ လွတ်ဖို့ကလည်း အထဲမှာ ကျူးဘားမောင်တွေလို တက်ညီလက်ညီ ဖိုက်ကြဖို့လိုသလို အပြင်က လူတွေကလည်း သန်းရွှေကို လည်ပင်းညှစ်ဖို့ အားထုတ်ရမယ်ဗျ။

ရွှေဂျိုး ။ ။ နေပြည်တော်မှာ လိုဏ်ခေါင်းတူးပြီး ပုန်းဖို့ကြံနေတဲ့သူကို ကိုလေအိုးက ဘယ်လိုများ လည်ပင်းသွားညှစ်ချင်တာတုန်းဗျ။ လွယ်ပါ့မလား။ ကိုလေအိုးမှာ ကိုယ်ပျောက်ဆေး ရှိလို့လား ဟား ဟား ဟား။

လေအိုး ။ ။ ကိုရွှေဂျိုးကလည်း လွယ်မှတော့ လေအိုးပဲ ခုချက်ချင်း ထသွားပြီး ညှစ်ထည့်လိုက်တော့မှာပေါ့။ လည်ပင်းညှစ်တယ်ဆိုတာနဲ့ပဲ သန်းရွှေလည်ပင်းကို တကယ်သွားညှစ်မယ်လို့ ကိုရွှေဂျိုးက ထင်နေတာလားဗျ။ အရပ်စကားပြောတာပါဗျာ။ ဟဲ ဟဲ အကဲဒမစ်တွေလို ယဉ်ယဉ်ကျေးကျေး သုံးနှုန်းရရင် စစ်အစိုးရအပေါ် ပရက်ရှာ ပေးရမယ်ပေါ့ဗျာ။ များများ ပရက်ရှာပေးနိုင်ရင် လေအိုးတို့ နိုင်ငံရေးအကျဉ်းသားတွေ မြန်မြန်လွတ်မှာပေါ့ ဟဲ ဟဲ။

ရွှေဂျိုး ။ ။ ဘယ်လိုဘယ်ပုံ ပရက်ရှာပေးရင် ကောင်းမလဲ ကိုလေအိုး။ အကြံဉာဏ်လေးများရှိရင် မစခဲ့ပါဦး။

လေအိုး ။ ။ ပရက်ရှာဆိုတာကတော့ဗျာ ခုနက ကျူးဘားဘုန်းတော်ကြီးလို သန်းရွှေကြီးကို နားချနိုင်မယ့် ပုဂ္ဂိုလ်မျိုး၊ ဒါမှမဟုတ် နားရင်းအုပ်နိုင်မယ့် ပုဂ္ဂိုလ်မျိုး လိုတာပေါ့။

ရွှေဂျိုး ။ ။ ဘန်ကီးမွန်းတောင် ပြန်ပြေးရတာ သန်းရွှေက ဘယ်သူ့စကားကို နားထောင်မှာတဲ့လဲဗျ။

လေအိုး ။ ။ ဘန်ကီးမွန်း ပြန်ပြေးရဆို ဘန်ကီမွန်းမှာ သူ့ကို လည်ပင်းညှစ်ဖို့ အားမရှိမှန်း ဘန်ကီမွန်းဗလကို ကြည့်ရုံနဲ့ သန်းရွှေက သိနေတာကိုးဗျ။ ဒါပေမယ့် နာဂစ်တုန်းက မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးကို စစ်သင်္ဘော (၃) စင်းလည်း ကပ်ရော တီဗွီထဲမှာ တွေ့ရတဲ့ သန်းရွှေမျက်နှာကို မှတ်မိလား ကိုရွှေဂျိုး။ သန်းရွှေ သွေးပျက်နေတဲ့ပုံ အဲဒီတခါပဲ မြင်ဖူးတယ်။ ပုပ်အဲ့ရှုံ့တွ နေတဲ့ ခရမ်းချဉ်းသီးမဲမဲကြီးကို ကြည့်ရသလိုပဲ ဟား ဟား ဟား။ ဒီလောက်ဆို သန်းရွှေ ဘာကြောက်သလဲ ကိုရွှေဂျိုး သဘောပေါက်ပေါ့။ အဲဒီလို သန်းရွှေ ကြောက်မယ့် အရာတွေကို ကိုင်ထားတဲ့ ခေါင်းဆောင်တွေကမှ သန်းရွှေကို ပရက်ရှာ ပေးနိုင်မှာပေါ့။ “မင်းနော် မင်းနော် လွှတ် လွှတ်၊ မလွှတ်ရင် ငါ ထုထည့်လိုက်ရမလား” ဆိုမှ ရမှာပေါ့ဗျ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လေအိုးရယ်)။

ရွှေဂျိုး ။ ။ အင်းပေါ့ဗျာ ကိုလေအိုး ပြောတာက အကဲဒမစ်တွေ ဟစ်ဟစ်နေတဲ့ ‘ကဲရော့အဲန်စတစ်ခ်ပေါ်လစီ’ ထဲက တုတ်ပြရေးမူပေါ့ဗျာ။ ဒါပေမယ့် အဲဒါကလည်း ဖြစ်မလာဘူးဆိုရင်ကောဗျာ။

လေအိုး ။ ။ အဲဒါမဖြစ်လာဘူးဆိုရင်တော့ ကျုပ်တို့အဘိုးသခင်ကိုယ်တော်မှိုင်း ပြောတဲ့နည်းပဲ ရှိတော့တာပေါ့ ကိုရွှေဂျိုးရာ။ နေပြည်တော်ကို တတိုင်းပြည်လုံး ထထကြွကြွနဲ့ ၀ိုင်းကြဖို့ပဲ ရှိတော့တာပေါ့ဗျ။ မဟုတ်ရင်တော့ “ခံပေတော့ မစဉ်းစားနဲ့ … ခံပေတော့ မစဉ်းစားနဲ့ … ခံပေတော့ ဒန့် တန့် တန့် …”။ ကဲ ပြန်တော့မယ် ကိုရွှေဂျိုးရေ။ တော်နေကြာ နောက်ကျလို့ဆိုပြီး နောက်နေ့တွေ အိမ်မှာ အချစ်အကျဉ်းစံ ဖြစ်နေဦးမယ်ဗျို့ သွားပြီ၊ သွားပြီ။

လေအိုးတယောက် ပြောပြောဆိုဆို အိမ်တွင်းအကျဉ်းစံ မဖြစ်ရေး အမြန်လစ်ပြေးသကဲ့သို့ ရွှေဂျိုးလည်း ဆီးအိမ်အတွင်း အကျဉ်းချထားမိသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည့် အောက်ရေကို အလျင်အမြန် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် ဆိုင်နောက်ဖေးသို့ လျှောက်ပြေးလေး ပြေးခဲ့လေသည်တကား။ ။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Thursday, July 8, 2010

မြေသြဇာကျော်ကျော် ဒီကိစ္စကို ဘယ်လိုရှင်းမလဲ

 “ ဒီမိုကရေစီအင်အားစုများ အသိတရားနဲ့ သတိထား ဆင်ခြင်နိုင်ဖို့ ”

ကျနော်ဟာ နအဖအလိုကျ သူတို့ခိုင်းစေသမျှကို တလျှောက်လုံး ဖြည့်ဆည်းပေးလာခဲ့တဲ့ လူတဦးပါ။
အခု ကျ နော် အမြင်မှန်ရလာတဲ့အတွက် ဒီမိုကရေစီ အင်အားစုတွေကို ကျနော် တတ်စွမ်းသရွေ့ အားပေးကူညီမယ်ဆို တဲ့ အသိစိတ်နဲ့ ဒီစာကို ရေးခဲ့တာဖြစ်ပါတယ်။

ကျနော့်တာဝန်က ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ သတင်းတွေကို လိုက်လံစုစည်း ပေးဖို့နဲ့
သူတို့ရဲ့လှုပ်ရှားမှုတွေကို မျက်ခြေ မပြတ်စောင့်ကြည့်ပြီး သတင်းပေးရမယ့် တာဝန်ဖြစ်ပါတယ်။ ဒီအ တွက် ကျနော် တလကို ထိုင်းဘတ် (၄,၀၀၀) ရပါတယ်။
ကျနော်ဟာ မြ၀တီကနေ မဲဆောက်ကို နေ့စဉ် အ သွားအလာလုပ်ရပြီး သူတို့လိုချင်တဲ့သူတွေ နေထိုင်တဲ့ နေရာတွေ၊ လှုပ်ရှားသွားလာမှုတွေကို သတင်းပေးရ သူလည်း ဖြစ်ပါတယ်။

တနေ့မှာတော့ ကျနော့်ကို အခုလို အမြင်မှန်ရစေတဲ့ အဖြစ်အပျက်တခု ဖြစ်ပေါ်ခဲ့ပါတယ်။
ကျနော်ဟာ ကျနော့် မိသားစု စားဝတ်နေရေးအတွက် သူများတွေ အပေါ်မှာ ဖြစ်ချင်ရာဖြစ် မကောင်းကြံစည်ခဲ့တာတွေ ရှိပါတယ်။
ကျနော်ဟာ ထိုင်းဘက်မှာ အလုပ်သွားလုပ်တဲ့သူတွေကို လက်ညှိုးထိုးပြီး သူတို့ဟာ အဖွဲအစည်း တွေနဲ့ ပတ် သက်တယ်၊
သူတို့ဟာ ဘာတွေလုပ်တယ် စသဖြင့် ဟုတ်တာကော မဟုတ်တာပါ အစီရင်ခံစာတင်တာတွေ လည်း လုပ်ခဲ့ဖူးပါတယ်။

တညမှာ ကျနော့်ညီလေးတယောက်ဟာ မဲဆောက်ဆေးရုံကြီးနဲ့ နီးတဲ့ အတိုက်အခံတွေနေတဲ့ နေရာအနီးမှာ အဖမ်းဆီးခံခဲ့ရပြီး ရိုက်နှက်စစ်ဆေး ခံခဲ့ရပါတယ်။
သူ့ကို ဖမ်းတဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာ မသိခဲ့ဘူး လို့ ဆိုပါတယ်။
ဒါပေမယ့် သူသိတာကတော့ သူဟာ စက်ဘီးလေးတစီးနဲ့ ညဘက်ပြန်အလာမှာ သူ့ကို ကျောင်းသားတဦးနဲ့ မှားပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို သိလိုက်တယ်လို့ဆိုပါတယ်။
မြ၀တီဘက် ကနေ လာတဲ့ မြန်မာထောက်လှမ်းရေးတွေက သူ့ကို မျက်နှာအုပ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး
ညဘက် ကြီး မြ၀တီက စရဖ စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပန်းမှုတွေလုပ်တာ ခံလိုက်ရပါတယ်။

ဒီအဖြစ်အပျက်တွေကို (၃) ရက်လောက်ကြာမှ ကျနော် သိခဲ့ရတာပါ။
အဲဒီအခါကျမှ ကျနော် သတင်းပေးခဲ့တဲ့ သူတွေလည်း အဲဒီလိုမျိုး ခံစားခဲ့ရမှာကို တွေးမိပြီး ကျနော် အတော်ကို စိတ်မကောင်းဖြစ်သွားရပါတယ်။
ကျ နော့်ကို ကံတရားက သူလုပ်တာ သူခံပေစေ ဆိုတဲ့အတွေးကို ပေးခဲ့တယ်လို့လည်း ထင်မြင်သွားမိပါတယ်။
သွေးသားထိမှ နာတတ်လားလို့ ကျနော့်ကို မြင်ချင်ရင်လည်းမြင်ကြပါတော့။
ကျနော် ၀န်ခံပါတယ်။
နောက်ပိုင်း မှာ ကျနော် အားလုံးကို အသိပေးမှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်မျိုးဖြစ်ပေါ်လာခဲ့ပါတယ်။

ကျနော့်ညီလေးဟာ ကျနော့်လိုလူမျိုးတွေကြောင့် ညှင်းပန်းနှိပ်စက်မှုတွေခံခဲ့ရပြီး အခုအခါမှာ ထိတ်လန့်နေ တာ၊
ကြောင်တောင်တောင်ဖြစ်နေတာကို မြင်ရတိုင်း ကျနော့်လုပ်ရပ်တွေအတွက် နောင်တတွေရနေမိပါ တယ်။
တကယ်တော့ အတိုက်အခံတွေနေတဲ့ နေရာကို သတင်းပေးသူတွေထဲမှာ
အတိုက်အခံလောကထဲက အသားထဲကလောက်တွေ ပါဝင်နေတယ်ဆိုတာကို အားလုံးသိစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့
ကျနော် အခုလို စာရေးပြီး ဖွင့်ချလိုက်ရတာလည်းဖြစ်ပါတယ်။

ကျနော်တို့လို အင်ဖော်မာတွေကို ကူညီပေးနေတဲ့အထဲမှာ မဲဆောက်က အဖွဲ့အစည်းတချို့ထဲက လူတွေ လည်း ပါဝင်နေပါတယ်။
သူတို့ဟာ ဒီမိုကရေစီကို အကြောင်းပြပြီး ငွေရှာသလို နအဖဘက်က ငွေရတာတွေ လည်း ရှိပါတယ်။
ကျနော်တို့ စုရပ်တွေရှိပါတယ်။ ကျနော် လျှို့ဝှက်နာမည်ပေးထားတဲ့ အဖွဲ့တွေ လည်း ရှိပါ တယ်။
နေပြည်တော်က လူကြီးတွေကို သတင်းပေးရတဲ့ အုပ်စု (၂) ခုထဲမှာ မင်းသားကြီးအုပ်စုနဲ့ အရိပ်အုပ်စု ဆိုပြီး (၂) ဖွဲ့ ရှိပါတယ်။

ညစဉ်ညတိုင်းနီးပါး အပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးနေတဲ့ စရဖကို ကျနော် ရွံမုန်းလာ သလို
မဲဆောက်အတိုက်အခံအင်အားစုတွေထဲက ဒီမိုကရေစီကိုအကြောင်းပြပြီး ကိုယ့်လူကိုကိုယ်ပြန်ဖမ်းခိုင်း တဲ့သူတွေကိုလည်း ကျနော် ဖော်ထုတ်ချင်ပါတယ်။

စရဖက မြှုပ်နှံထားတဲ့သူတွေ သတင်းပေးတွေဟာ လူမှုရေးအသင်း (၂) ခု
(တခုက မြန်မာပြည်က အဓိက မြစ် ကြီးနာမည်နဲ့ နောက်တခုက စေတနာ့ဝန်ထမ်း အဖွဲ့ပေါ့) မှာ နေရာယူထားကြပါတယ်။

စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ အဆက်သွယ်ရှိတဲ့ ရှေ့က မြေသြဇာဘွဲ့ခံ တနင်္လာနံအမြွှာပူးနာမည်နဲ့ ပုဂ္ဂိုလ်ဟာ
ကျနော်တို့နဲ့ အမြဲပဲ အဆက် အသွယ်ရှိနေပါတယ်။
သူ့လူတွေကို လွှတ်လိုက်တိုင်း သတင်းပေးတဲ့အတွက် သူပေးလိုက်တဲ့ စာရွက်တွေနဲ့ အတူ သူ့လူတွေကို ကျနော်တို့ ဘက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူ့လို သစ္စာဖောက်ရှိနေသရွေ့၊ သူ့ကို ယုံကြည်နေသရွေ့ လူတွေ အဖမ်းခံနေရဦးမှာကို ကျနော် မမြင်ရက် တော့ပါဘူး။
ကျနော်ဟာ စားဝတ်နေရေးကြောင့် သတင်းပေး လုပ်နေရပေမယ့် သူ့လို မယုတ်မာပါဘူး။
ကျ နော်ကိုယ်တိုင် ဖမ်းပေးခဲ့သူဆိုရင် သူပေးလိုက်တဲ့ စာရွက်တွေနဲ့ မိတဲ့အတွက်
အဲဒီမြေသြဇာဆို သူဟာ အ တော်ကို ယုတ်မာတဲ့သူဆိုတာကို သိလိုက်ရတာပါ။

နောက်တဦးကတော့ အဖိုးတန် ကျောက်နာမည်ကို ရင်းနှီးသူတွေက ရှေ့က ဆရာတပ်ပြီး ခေါ်နေကြတဲ့ ဆေး ဆရာ ဆိုသူပါ။
သူဟာလည်း မဲဆောက် ဆေးရုံကြီးတ၀ိုက်မှာနေပြီး အတိုက်အခံတွေရဲ့ အသွားအလာတွေကို သတင်းပေးရသူပါ။
သူ့ကိုကြည့်ရင် လူမှုရေးလုပ်တယ်လို့ ထင်မိပါလိမ့်မယ်။
သူမလာ နိုင်တဲ့အခါမှာ သူ့မိန်းမ ကို လွှတ်ပြီး သတင်းပေးတာတွေကို လုပ်နေသူပါ။
လူပုံစံက ၀၀၊ မျက်နှာလေးထောင့်မကျတကျ ပုံစံရှိပြီး
အတိုက်အခံတွေရဲ့ လှုပ်ရှားမူကို အသေအချာ သတင်းပေးနိုင်သူဖြစ်ပါတယ်။

သူတို့လို လူမျိုးတွေဆီကရတဲ့ သတင်းတွေနဲ့ မင်းသားကြီးတို့၊ အရိပ်တို့က လှုပ်ရှားနေတာပါ။
မင်းသားကြီးဆို တာက အတိုက်အခံအများစု နေထိုင်ရာ နေရာကို ပစ်မှတ်ထားလှုပ်ရှားရတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒီမိုကရေစီအင် အားစုတွေအားလုံး ကျနော့်ညီလို ဘ၀မျိုးတွေ မခံစားရစေဖို့နဲ့ သူတို့ ဘယ်သူတွေ ဆိုတာကို
အများပြည်သူ တွေ သိရှိနိုင်အောင် ဓာတ်ပုံနဲ့တကွ တင်ပြနိုင်ဖို့ ကျနော် ကြိုးစားပါဦးမယ်။
သူတို့ရဲ့ လှုပ်ရှားမှုသတင်းတွေကို လည်း ကျနော် သိသလောက် ဆက်ပေးနေပါဦးမယ်။

တိုင်းပြည်အတွက် လုပ်နေကြသူတွေ မြေသြဇာလိုလူရဲ့ ထောင်ချောက်ထဲ မသက်ဆင်းရပါစေနဲ့လို့ ဆု တောင်းရင်း ...။

အသားထဲကလောက် သတင်းပေးဖြစ်ခဲ့သူတဦး
မြ၀တီမြို့

ဒီမိုကရေစီ ရရှိထွန်းကားရေးအတွက် ရိုသားစွာ ဘ၀ပေး၊ အသက်ပေး လုပ်ကိုင်နေကြသော မြန်မာ နိုင်ငံရေးသမားများ
နိုင်ငံရေးသမား အမည်ခံ ကြောင်သူတော် များ ရန်မှ လွတ်ကင်ေးအာင် ဆင်ခြင်နိုင်ဖို့
ယခု ကျွန်တော်ပေးပို့ သော ဒီမိုကရေစီအင်အားစုများ အသိတရားနဲ့
သတိထား ဆင်ခြင်နိုင်ဖို့ (ပေးစာ)ကို ဖော်ပြဖြစ်အောင် ဖော်ပြပေးစေချင်ပါသည်။
ဒီစာကို http://drlunswe.blogspot.com/ မှာလည်း ဖတ်နိုင်ကြပါတယ်။
အမှန်တရားတစ်ခု အတွက် ကူညီပေးပါခင်ဗျာ။
လေးစားလျှက်ဖြင့်
ကိုကိုအောင်

အဆုံးထိဖတ်ရန်...

Tuesday, July 6, 2010

စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများ ပြည်နယ် ပယက ရုံးရှေ့တွင် ဆန္ဒပြ

စစ်တွေ နည်းပညာ ကောလိပ်မှ ကျောင်းသားများ ပြည်နယ် ပယက ရုံးရှေ့တွင် ဆန္ဒပြ
7/6/2010

-------------
မောင်အေး
-------------
စစ်တွေ နည်းပညာကောလိပ် ( GTC) မှ ကျောင်းသား ၃၀၀ ကျော်ခန့်သည် ယမန်နေ့က သူတို့ စာသင်ကြားရာ ကောလိပ်မှ ရခိုင်ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ဆန္ဒပြခဲ့ကြသည်ဟု အမည် မဖေါ်လိုသူ ကျောင်းသား ခေါင်းဆောင် တဦးက ပြောသည်။

“ အဓိကတော့ ကျောင်းကားတွေ ဆီအလုံအလောက် မရတဲ့ အတွက် အလာနည်းသွားတယ်။ လာတဲ့ ကားကလည်း ကားခ ၁၀၀ ကျပ် ကနေ ၂၀၀ ကျပ်ထိ တိုးတောင်းတယ်။ ခုလို တိုးတောင်းတဲ့ ကျပ် ၁၀၀ ကို ကျောင်းသားတွေက မပေးနိုင်ဘူး။ ဒါကို မကျေနပ်တဲ့ အတွက် ကျွန်တော်တို့ ကျောင်းသားတွေ GTC ကနေပြီး ပြည်နယ် ပယက ရုံးထိ ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်နယ် ပယက ရုံးရှေ့တွင် ငြိမ်းချမ်းစွာ ထိုင်ဆန္ဒပြရာတွင် ကျောင်းသားများသာမက ကျောင်းသူ အမျိုးသမီးများ ပါဝင်ပြီး ၀ိုင်းဝန်းကြည့်ရှု့သူများနှင့်ဆိုလျှင် လူပေါင်း ၁၀၀၀ ကျော်ခန့် ဖြစ်သွား ခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြမူကြောင့် GTC မှ ဆရာ ဆရာမများက ပြည်နယ် ပယကရုံးထိ လိုက်လာပြီး ကျောင်းသားများနှင့် ပြည်နယ် အစိုးရ အရာရှိများကြားတွင် ၀င်ရောက် ဖြေရှင်းပေးခဲ့ရသည်ဟု သိရသည်။

“ကျွန်တော်တို့ တောင်းဆိုတာ ကျောင်းကားတွေကို စနစ် တကျ စီစဉ်ပေးဖို့တောင်းဆိုတယ်။ ပီးရင် ကားခတွေကို ၁၀၀ ကျပ်ထက် ပိုမကောက်ရဘူးဆိုပီး တောင်းဆိုတယ်။ နောက် တချက် တောင်းဆို တာက ငွေအကြွေတွေ လဲလှယ် ထုတ်ပေးဖို့ တောင်းဆိုတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ငွေအကြွေ ပြန်မအမ်းနိုင်တဲ့ အတွက် ကျောင်းသားတွေနဲ့ ကားသမားတွေ အကြားမှာ မကြာခဏ ပြဿနာ တက်တာတွေ ရှိတယ်။ ဒီပြဿနာကလည်း ကျောင်းသားတွေ နေ့စဉ် ကြုံနေရတဲ့ အတွက် ငွေအကြွေ ပြဿာကို ဖြေရှင်းဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အာဏာပိုင်များဘက်မှ လတ်တလော အနေဖြင့် ကားခ ၁၀၀ ထက် ပိုမကောက်ရန် သဘောတူ သဖြင့် ဆန္ဒပြမူကို ညနေ ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယခင်က စက်သုံးဆီများကို အစိုးရမှ ထုတ်ပေးရာမှ ထူးကုမ္ပဏီသို့ လွဲပြောင်းပေးပြီးနောက်ပိုင်း ကျောင်းအကြိုအပို့ လုပ်ပေးနေသော ကားများကို စက်သုံးဆီ မရောင်းချရာမှ ကျောင်းကားများ အကြို အပို့ လုပ်ရန် ပျက်ကွက်ပြီး တချို့ကားများမှ ကားခများ ပိုတောင်းရာမှ ယခုကဲ့သို့ ကျောင်းသားများ ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု သတင်း ရရှိသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Friday, July 2, 2010

ဥပဒေ ဘောင်အတွင်းက ရင်ဆိုင်မယ်ဆိုရင်တော့ NLDက ရှုံးရမှာပါ

ခမောက်တံဆိပ် အငြင်းပွားမှု နှစ်ဖက်စလုံးက ရင်ဆိုင်သွားမည်ဟု ပြောဆို
ဝီရ / ၀၂ ဇူလိုင် ၂၀၁၀


ယခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ အမှတ်တံဆိပ် ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အမှတ်တံဆိပ်သင်္ကေတ ဖြစ်နေသည့်အတွက် ရွေးကောက်ပွဲကော်မရှင်သို့ လာမည့်ရက်ပိုင်းအတွင်း ကန့်ကွက်ရန်ရှိကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။

အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ခမောက်ပုံတံဆိပ်ရယ်၊ အသုံးပြုလာခဲ့တဲ့ မူရင်းစာရွက်စာတမ်းတွေနဲ့ နေပြည်တော် ကော်မရှင်ရုံးကို တင်နိုင်ဖို့ အခု စီစဉ်နေပါတယ်။ လာမယ့် တနင်္လာနေ့ကျရင် ကော်မရှင်ရုံးကို သွားတင်မှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်ဒီအက်ဖ်ပါတီက တံဆိပ်အဖြစ် အသုံးပြုမည့် ခမောက်ပုံသည် ပြည်သူလူထုအား ထင်ယောင်ထင်မှား ဖြစ်စေပြီး အန်အယ်လ်ဒီကို ပုံမှားရိုက်မှု ဖြစ်စေသည်ဟု ယမန်နေ့ အန်အယ်လ်ဒီအဖွဲ့ချုပ် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ (၂၈) အရ လိမ်လည်တုပခြင်း ပြုလုပ်မှုဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “အန်အယ်လ်ဒီကို ပြည်သူတွေက ခမောက်အမှတ်အသားနဲ့ တွဲပြီး သိထားကြတယ်။ ပါတီတရပ်ရဲ့ အလံ၊ တံဆိပ်တို့နဲ့ ဆင်တူယိုးမှား ဖြစ်နေရင်လည်း (၇) ရက်အတွင်း ကန့်ကွက်နိုင်တယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဖော်ပြထားပါတယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ (ခ) တွင် “မှတ်ပုံတင်ခွင့်အတွက် လျှောက်ထားဆဲနှင့် မှတ်ပုံတင်ပြီးသော အခြားပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်တို့နှင့် တူညီနေလျှင် သို့မဟုတ် ဆင်တူယိုးမှား ဖြစ်နေလျှင် ကန့်ကွက်နိုင်ကြောင်း” ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ၎င်းတို့ပါတီ၏ အလံနှင့်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်၌ ကြေညာခဲ့သည်။

အန်ဒီအက်ဖ်ပါတီ၏ အလံကို အနီရောင်အောက်ခံ လေးထောင့်၏ အပေါ်ဘက်အစွန်း၌ ကြယ်ဖြူ (၂) လုံးကို အသုံးပြုထားပြီး ပါတီတံဆိပ်ကို အနီရောင်အောက်ခံ၏ ဗဟို၌ ရွှေရောင်ခမောက်တလုံး ပါရှိပြီး ၎င်း၏ထိပ်တွင် နှစ်ထပ်ကြယ်ဖြူ (၁) လုံးပါကာ အောက်ခြေတွင် အမျိုးသားဒီမိုကရေစီအင်အားစု၊ National Democratic Force ဟူ၍ စာတမ်းပါရှိသည်။

ခမောက်ပုံသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ရွေးကောက်ပွဲဝင်ပြိုင်သည့် အမှတ်အသားသာဖြစ်ပြီး အန်အယ်လ်ဒီပါတီ၏ တံဆိပ်၊ အလံတို့နှင့် မသက်ဆိုင်ကြောင်း အန်ဒီအက်ဖ်ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ငြင်းဆိုသည်။

ဒေါက်တာ သန်းငြိမ်းက “ခမောက်က အန်အယ်လ်ဒီရဲ့ အလံနဲ့ တံဆိပ်တွေမှ မဟုတ်တာဘဲ။ အန်အယ်လ်ဒီရဲ့ အလံက ကြယ်နဲ့ ဒေါင်းပဲလေ။ တံဆိပ်လည်း အဲဒီပုံပဲ သုံးလာခဲ့တာ။ ခမောက်ကို အန်အယ်လ်ဒီက ရွေးကောက်ပွဲအတွက် သုံးတဲ့ သင်္ကေတတခုသာ ဖြစ်တယ်။ သူတို့ရဲ့ တံဆိပ်မဟုတ်ဘူး။ ပါတီဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထဲမှာ အလံ၊ တံဆိပ်နဲ့ ပတ်သက်၍ ကန့်ကွက်နိုင်တာက ဒို့တာဝန်အရေး (၃) ပါးကို ထိခိုက်စေတာရယ်၊ ဘာသာရေး ယှက်နွယ်တာရယ်၊ ပါတီတရပ်ရပ်ရဲ့ နာမည်၊ အလံ၊ တံဆိပ် တူတာ၊ ဆင်တူယိုးမှား ဖြစ်တာရယ် ဒီ (၃) ရပ်ထဲကပဲ ကန့်ကွက်လို့ရမှာပေါ့။ အခု အန်ဒီအက်ဖ်က ခမောက်ကို ပါတီရဲ့ တံဆိပ်အနေနဲ့ သုံးတာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အန်ဒီအက်ဖ်ပါတီ အနေဖြင့် မြန်မာပြည်သူ အများစုကို ကိုယ်စားပြုပြီး အများထက် ထင်သာမြင်သာစေသော မြန်မာ့ရိုးရာ ရွှေရောင်ခမောက်ကို အသုံးပြုရခြင်းဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ ယင်းအမှုကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း အန်ဒီအက်ဖ် ပါတီဥက္ကဋ္ဌက ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ၏ ဗဟိုအလုပ်မှုဆောင်ဟောင်းများ ဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာ ဝင်းနိုင်နှင့် အခြားအန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင်ဟောင်း (၇) ဦးတို့က အန်အယ်လ်ဒီ၏ ရပ်တည်ချက်နှင့် သဘောထားခြင်း မတိုက်ဆိုင်၍ ရွေးကောက်ပွဲဝင်ရန် ပြီးခဲ့သည့် မေ (၆) ရက်တွင် အန်ဒီအက်ဖ်ပါတီကို တည်ထောင်ခဲ့သည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...