Pages

Monday, May 31, 2010

သေရင်တော့ ဆွေစဉ်မျိုးဆက် အခုလိုအသေဆိုးနဲ့ သေကြရမှာဘဲ

ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး သေဆုံး
မင်းသက် တနင်္လာနေ့၊ မေလ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၅ မိနစ် .

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်အမြန်လမ်းတွင် ကားဘီးပေါက်ကာ တိမ်းမှောက်မှု ဖြစ်ပွားသည့်အတွက် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးဖြစ်သူ သေဆုံးမှု မေလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။

မောင်ဆက်နိုင်လင်း (ခ) ဖိုးတီလုံး အသက် ၁ နှစ်နှင့် ၄ လသည် အမှတ် ၁ မင်္ဂလာဒုံဆေးရုံကြီးတွင် စနေနေ့ည ၇ နာရီကျော်တွင် ကွယ်လွန်သွား၍ ယနေ့ နေ့လယ်တွင် ရေဝေးသုသာန်တွင် သဂြိုဟ်ခဲ့သည်။

မြို့တော်ဝန်၏ သားဖြစ်သူ ဗိုလ်ကြီးဇော်ဇော်အောင်နှင့် သူ၏ဇနီး ဒေါ်ခင်ဆွေရီတို့မှာလည်း ထိခိုက် ဒဏ်ရာပြင်းထန်၍ အမှတ် ၁ တပ်မတော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။

နံရိုးများကျိုးသွားကာ မျက်နှာ၊ ခြေ၊ လက်နှင့် မျက်လုံးတို့ ထိခိုက် ဒဏ်ရာများ ရရှိသွား၍ ပတ်တီးများ စည်းနှောင်ထားသော ဗိုလ်ကြီးဇော်ဇော်အောင်မှာ တွန်းလှည်းဖြင့် နာရေးသို့ လာရောက်ခဲ့သည်ကို တွေ့ရကြောင်း ရန်ကုန် စည်ပင်ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော်ဝန်နှင့် သူ၏ဇနီး ဒေါက်တာ ဒေါ်ခင်ဆန်းနွယ်တို့က ကား ၁ စီး၊ ဗိုလ်ကြီးဇော်ဇော်အောင် မိသားစုက ကား ၁ စီးဖြင့် ပြန်လာကြစဉ် တိမ်းမှောက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Saturday, May 29, 2010

ရှက်တတ်ရင် သေသင့်တာကြာပြီ

မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ
စိန်အိုးစည် / ၂၈ မေ ၂၀၁၀


ငရုတ်ဆုံထောင်းနေရင်း လေပုပ်ထုတ်ကုန်းသို့ မြန်မြန်ထွက်ခွင့်ရရန် ရွှေဂျိုး အကြံထုတ်လျက်ရှိသည်။ ပေါ်လာသည့် အကြံအတိုင်း အိမ်သူသက်ထား ဇနီးမယား ရေအိမ်မှ ထွက်အလာတွင် “အား လား လား” ဟု အသံကျယ်ကြီးပြုကာ ငရုတ်ကျည်ပွေ့ကို လက်ထဲမှ ရွှေဂျိုး လွှတ်ချလိုက်သည်။ ထိုအခါ အိမ်သူသက်ထား ဇနီးမယားဆီမှ ငှက်ဆိုးသံ (အဲ …) အကြင်နာပိုသည်များရယ်ကွယ် ဆိုသကဲ့သို့သော အသံကလေး ထွက်ပေါ်လာသည်။
“ဘာဖြစ်တာလဲ ကိုရွှေဂျိုး၊ လက်ကို ငရုတ်ကျည်ပွေ့နဲ့ ထုမိပြီမဟုတ်လား၊ လုပ်နေတဲ့ အလုပ်ထဲ စိတ်မှမပါတာ ထုမိမှာပေါ့၊ လက်က ငရုတ်ဆုံထောင်းနေပေမယ့် ခြေထောက်က လေပုပ်ထုတ်ကုန်း ရောက်နေတာကိုး၊ ဖယ် ဖယ် တော့်ကို ခိုင်းလိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ”

ရွှေဂျိုးလည်း မူယာမာယာမိုး ရွာသွန်းဖြိုးသည့်အနေဖြင့် လက်ကိုတခါခါလုပ်ကာ နံရံကိုမှီပြီး အိပ်စက်နေသည့် သံစုံမြည် အော်ခက်စတြာ စက်ဘီးလေးဆီ ရွရွကလေး လှမ်းခဲ့တော့သည်။ ထို့နောက် စက်ဘီးကို ဖွဖွကလေး မလိုက်သည်တွင် အိမ်သူသက်ထား၏ “ရော့ ဒီမှာ” ဟူသည့် အသံကို ကြားလိုက်ရသဖြင့် ရွေ့တော့မည့် ရွှေဂျိုး၏ ခြေလှမ်းများ တုံ့ဆိုင်းသွားလေသည်။ နောက်လှည့်အကြည့်တွင် ဆယ်ဘတ်စေ့တစေ့ လှမ်းပစ်ပေးသည်ကို တွေ့သဖြင့် အလျင်အမြန် ဖမ်းဆုပ်လိုက်ရသည်။ သို့သော် ဤမျှနှင့် မပြီးသေးဘဲ အိမ်သူသက်ထား ဇနီးမယား၏ မြည်တွန်တောက်တီးသံ ဆက်လက်ထွက်ပေါ်လာပြန်သည်။

“တော်က ပိုက်ဆံယူမသွားဘဲ သူများတိုက်တဲ့ လက်ဖက်ရည် သွားကပ်သောက်မလို့လား။ ရှင် မရှက်ပေမယ့် ကျုပ် ရှက်တယ်ရှင့်။ လက်ဖက်ရည်တခွက်နဲ့ တော်မို့လို့ သူများကို ကျေးဇူးတင်ခံချင်နေတယ် ဟွန်း”

“မဟုတ်ရပါဘူး မိန်းမရာ။ ကိုယ်အပြင်ထွက်ရင် မင်း မကြည့်ရက်ဘူးဆိုတာ ကြိုသိနေလို့ စက်ဘီးကို အရင်မ,နေတာပါ။ ဘယ့်နှယ့် သူများတိုက်တာ ကပ်သောက်ရမလဲကွာ။ မင်း ကြိုက်လို့ ယူထားတဲ့ ကိုယ့်ရဲ့ ဥပဓိရုပ်ကို ကြည့်စမ်းပါဦး မိန်းမရဲ့၊ ကပ်သောက်မယ့် ရုပ်လားဆိုတာ ဟဲ ဟဲ ကိုယ်သွားလိုက်ဦးမယ်နော် ပြန်လာမှ ဟဲ ဟဲ” ဟု မျက်နှာချိုသွေးကာ စက်ဘီးစုတ်ကလေးပေါ် ရွရွလေး ခွရင်း ဖွဖွကလေး နင်းထွက်ခဲ့တော့သည် (အမှန်ကား ရွှေဂျိုး၏ သုံးထည် တရာတန် အင်္ကျီအိတ်ကပ်ထဲတွင် အိမ်သူသက်ထား မသိအောင် ဘတ်ထားသည့် ၂၀ ဘတ်တန်လေးတရွက် ကပ်ညှိနေသည့်အတွက် ဇနီးမယား မရိပ်စားမိခင် အလျင်အမြန် ထွက်ခွာရန် စက်ဘီးကို မ,နေခြင်းဖြစ်သည်)။

လေပုပ်ထုတ်ကုန်းရှေ့အရောက်တွင် တယောက်တည်း အော်ဟစ်ကာ ခုနှစ်ရက်သားသမီးကို အသံဖြင့် နှိပ်စက်နေပြီဖြစ်သော လေအိုး၏ ပြုံးဖြီးဖြီး မျက်နှာကို တွေ့ရလေသည်။

“ဒီစကားလေးအတိုင်း ပြောချင်ပေ … အမတ်မင်းတို့ရေ အဓိပ္ပာယ်ရှိကြ”
“ရွေးကောက်ပွဲကြိုကာလမှာ … ကတိပေးခဲ့တာ ပြန်သတိရကြ”
“ဒီမိုကရေစီရသည့်တိုင် … မယိမ်းမယိုင် ကြိုးစားမယ်တဲ့”
“ပြည်သူလူထု လွတ်မြောက်အောင် … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့”
“ဟေ့ စိန်လား … ဟေ့ မြလား … ဟေး လာ မောင် တို့ ၀ါး လား လား လား လား လား လား လား”

အဆက်မပြတ် အော်ဟစ်ပြီးနောက် လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ရင်း ရယ်နေလေသည်။ ရွှေဂျိုးက အဖျော်ကောင်တာဘက် လှည့်ကြည့်ရင်း အဖျော်ဆရာလေး ပိုက်ထွေးကို လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဟေ့ ပိုက်ထွေး မင်းအစ်ကို ကိုလေအိုး မနက်စောစောစီးစီး ၀က်ရူးပြန်နေတာလားကွ၊ အမြှုပ်မထွက်ရုံ တမယ်ပဲကွာ၊ ဘယ်လိုဖြစ်တာတဲ့တုန်းကွ။ လက်ဖက်ရည်ဖျော်နေရင်းမှ ပိုက်ထွေးက ပြန်အော်ပြောသည်။

ပိုက်ထွေး ။ ။ အရင်သောက်နေတဲ့ဆေး ကုန်သွားလို့နေမှာပေါ့။ သောက်နေကျဆေး မသောက်ရလို့နဲ့တူပါတယ် အစ်ကိုရွှေဂျိုးရာ ဟား ဟား ဟား။

ပိုက်ထွေး၏ ရယ်သံအတိတ်တွင် လေအိုးဘက်လှည့်ကာ ရွှေဂျိုး မေးခွန်းထုတ်လိုက်တော့သည်။

ရွှေဂျိုး ။ ။ ဘယ်လိုဖြစ်လို့ မနက်စောစောစီးစီး ခုနှစ်ရက်သားသမီး နားမချမ်းသာအောင် နှိပ်စက်နေရတာလဲ ကိုလေအိုးရဲ့၊ လင်းစမ်းပါဦး။

လေအိုး ။ ။ ဟား ဟား ဟား ဟား (စကားမစမီ ပါးစပ်ကို လက်နှင့်အုပ်ပြီး လေအိုး ရယ်နေပြန်)၊ ခင်ဗျား မသိဘူးလား ကိုရွှေဂျိုး၊ ဒီနေ့ နှစ် (၂၀) ပြည့် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့လေဗျာ။ အဲဒါ ကျုပ်တို့မိတ်ဆွေကြီး ကိုမြတ်ထက်ရဲ့ “စိတ်ကူးမပြင် ထိပ်ဖူးဝင်လိမ့်” သံချပ်ကို သတိရပြီး အမှတ်တရ သံချပ်တိုင်နေတာဗျ။

ရွှေဂျိုး ။ ။ အော် ဒီလိုလား။ ဒါပေမယ့်ဗျာ ခင်ဗျား ဘယ်လောက်ပဲ ကုန်းအော်အော် အမတ်မင်းတွေက နားပင်းချင်ယောင်ဆောင်နေတာဗျ။ ထိပ်ဖူးပဲ ၀င်ဝင်၊ တတောင့်လုံးပဲ ၀င်ဝင် သူတို့က စိတ်ကူးပြင်မယ့်ပုံတော့ မပေါ်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ တချို့အမတ်တွေဆို တတိယနိုင်ငံမှာ စူချီတွေ ကုန်းရုန်းလိပ်နေရတယ်လေဗျာ၊ တချို့အမတ်တွေကျတော့လည်း ဒုက္ခသည်စခန်းထဲ ရောက်နေကြတာဗျ။ အဲ … တချို့အမတ်တွေကျတော့ စမောတွေ့ပြီး မနောခွေ့နေလို့ ခင်ဗျားအော်တာကို ကြားနိုင်မှာမဟုတ်ဘူးဗျ။ အားရှိစရာပေါ့ဗျာ ဟား ဟား ဟား။ သူတို့တွေ အတောင့်လိုက် (အဲ …) ထိပ်ဖူးအ၀င်ခံခဲ့လို့လည်း အခုလို ရွေးကောက်ပွဲ နှစ် (၂၀) ပြည့် နှစ်ပတ်လည်အခမ်းအနားတွေပဲ ကျင်းပနေရတာပေါ့။ မဟုတ်ရင်လား ကျုပ်တို့မြန်မာပြည် ဂန္ဒီခန်းမအစည်းအဝေးပြီးကတည်းက အောင်ပွဲခံတာ ကြာလှပေါ့။

လေအိုး ။ ။ အေးဗျာ … ဒီလိုမှန်းသိရင် ၉၀ ရွေးကောက်ပွဲတုန်းက လေအိုးတို့အိမ်က ဂုတ်ကျားကို ၀င်ပြိုင်ခိုင်းခဲ့ပါတယ်။ ဂုတ်ကျားကမှ နအဖကို ဟောင်ဖော်၊ ကိုက်ဆွဲဖော်ရဦးမယ်။ အခုတော့ “ကတိတွေ ပေးထားတာလည်း … လွန်နေပြီကော မောင့်အချစ်ရာ …. မိန်းမချောကို မညာပါဘူး … မောင့်မေတ္တာ ပိုပါတယ်” ဆိုတဲ့ အမတ်တွေ ဘယ်ရောက်နေကြလဲမသိ၊ ရွေးကောက်ပွဲမှာ မဲဆွယ်တုန်းကတော့ “ဒီမိုကရေစီရသည့်တိုင် … မယိမ်းမယိုင် ကြိုးစားမယ်တဲ့” “ပြည်သူလူထု လွတ်မြောက်အောင် … အားပြည့်စွမ်းဆောင် လုပ်သွားမယ်တဲ့” ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်နှင့်အုပ်ပြီး လေအိုး ရယ်လေပြန်)။

ရွှေဂျိုး ။ ။ ကိုလေအိုးကလည်းဗျာ အရေးထဲ ၀က်ဆိုးသံနဲ့ သီချင်းဆိုပြနေသေးတယ်။ အမတ်မင်းတွေကို စိတ်ညစ်ရတဲ့အထဲ စကားကို ကောင်းကောင်းပြောစမ်းပါဗျ။

ထိုစဉ် လက်ဖက်ရည်နှင့် ရေနွေးအိုး လာချသည့် အဖျော်ဆရာလေး ပိုက်ထွေး၏ မိုဘိုင်းလ်ဖုန်းမှ တေးသံသာတပုဒ် လွှင့်ထုတ်လို့နေပြန်သည်။

“မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ …”

ပိုက်ထွေး၏ သီချင်းသံကို နားစွင့်ရုံရှိသေး လေအိုး၏ ပါးစပ်သေနတ်က ကြားဖြတ်ဝင်လာသည်။

လေအိုး ။ ။ ဖုန်းပေါင်ထားတာ ပြန်ရွေးပြီးပြီပေါ့လေ ဟုတ်လား ပိုက်ထွေး။ ဒါပေမယ့်ကွာ … အသံနဲ့ နှိပ်စက်မယ်ဆိုရင်တော့ ဖြူဖြူကျော်သိန်းတို့၊ အယ်လ်ဆိုင်းဇီတို့နဲ့ နှိပ်စက်တာပဲ လေအိုးတို့က ခံချင်တာကွ။ အခုတော့ ပြင်ဦးလွင်က ဘယ်ဂေါ်ရခါးမကို တမ်းတနေပြန်တာလဲ ပိုက်ထွေးရာ မင့်သီချင်းကလည်း …

ပိုက်ထွေး ။ ။ အစ်ကိုလေအိုးတို့က အနုပညာနဲ့ မိုင်ပေါင်းကုဋေလောက်ဝေးနေတော့ ရှင်းပြလည်း ဘယ်နားလည်မှာလဲနော် ဟုတ်တယ်မဟုတ်လား အစ်ကိုရွှေဂျိုး။

လေအိုးကို သာသာနှင့်နာနာ နှက်ပြီးနောက် ပိုက်ထွေး အဖျော်ကောင်တာဆီ ပြုံးပြုံးလေး ပြန်လစ်သွားလေသည်။ ထို့နောက် ရွှေဂျိုးက စကားစ ပြန်ဆက်လိုက်သည်။

ရွှေဂျိုး ။ ။ ကဲပါ ကိုလေအိုးရာ၊ အားအားရှိ ပိုက်ထွေးကိုပဲ ပြဿနာရှာမနေစမ်းပါနဲ့။ စကားအကောင်း ဆက်ကြရအောင်ပါ။ ဒီလိုဗျာ အမတ်မင်းတွေက ခုနက ခင်ဗျားတိုင်တဲ့ သံချပ်ထဲကလို ကတိတွေပေးတုန်းက ပေးပြီး အခုကျမှ ဘာဖြစ်လို့ ရူးချင်ယောင်ဆောင်နေရတာလဲဗျ။ ပြည်သူကပေးတဲ့ မန်းဒိတ်နဲ့ အစိုးရဖွဲ့ရမှာ သူတို့တာဝန်မဟုတ်လားဗျ။

လေအိုး ။ ။ အော်ဗျာ အဲဒီတုန်းက သူတို့လည်း ဒေါ်စုအရှိန်အ၀ါနဲ့ အာဏာကို လွယ်လွယ်ရမယ်ထင်ပြီး လျှာအရိုးမရှိ ကတိတွေ လျှောက်ပေးခဲ့တာနေမှာပေါ့။ ကလိန်ကကျစ် နအဖနဲ့ တကယ့်နဖူးတွေ့ဒူးတွေ့လည်း ရင်ဆိုင်ရရော အရည်အချင်းတွေ ပေါ်တော့တာနေမယ်ဗျ။ အာဏာရှင်ဆိုတာကတော့ ဖိနှိပ်မှာ၊ ရက်စက်မှာ သဘာဝပဲလေဗျာ။ သူ့အလုပ်ပဲဗျ။ အဲဒီကြားထဲကပဲ အစိုးရဖွဲ့နိုင်အောင် ကြံဆောင်ရမှာ အမတ်မင်းတွေ တာဝန်ပေါ့ဗျ။ အခုတော့ သူတို့က ရှေ့ကနေ မားမားမတ်မတ် ဦးမဆောင်ရဲတော့ ပြည်သူတွေ ကျောကော့အောင် ခံကြရတာပေါ့ဗျာ။

ရွှေဂျိုး ။ ။ အေးဗျာ … ကျုပ်တို့က ကိုယ့်ပြည်သူတွေ မြန်မြန်လွတ်မြောက်စေချင်လို့သာ အစိုးရဖွဲ့ပြီး တိုက်ပွဲဝင်ဖို့ တိုက်တွန်းနေရတာ။ အစိုးရဖွဲ့လေမလားဆိုပြီး လည်ပင်းရှည်အောင် မျှော်နေရတာ။ တော်ကြာ အမတ်မင်းတွေက ကျုပ်တို့ တွန်းလေ လန့်လေဖြစ်ပြီး နယ်စပ်ကို ထွက်လာ၊ ပြီးရင် IOM ကားပေါ်တက်ပြီး တတိယနိုင်ငံကို ဒိုးကုန်ကြလို့ လက်ပြနှုတ်ဆက်ရတာပဲ အဖတ်တင်နေပါဦးမယ်ဗျာ။ အရင်အမတ်တွေတုန်းကလည်း အခါခါ လက်ပြခဲ့ရလို့ လက်တောင် တော်တော်ညောင်းနေပြီဗျ ဟား ဟား ဟား။

လေအိုး ။ ။ အင်း အဲသလိုသာဆို ကျုပ်တို့လည်း ခုနက ပိုက်ထွေးဖွင့်တဲ့ သီချင်းလို “မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ” ဆိုတဲ့ကိန်းဆိုက်ပြီပေါ့။ စိတ်ညစ်ပါတယ်ဗျာ။ သူတို့ကို မျှော်နေလည်း အပိုပဲဖြစ်တော့မယ်နဲ့တူပါရဲ့။ ကဲ … အိမ်ကနေ လေအိုးကို အမျှော်ဆိုက်နေမယ့် ချစ်ဇနီးပူပူနွေးနွေးဆီပဲ ပြေးတော့မယ်ဗျာ။ အကျိုးရှိမယ့်ဟာ လုပ်တာပဲ ကောင်းပါတယ် ဟဲ ဟဲ။

ပြောပြောဆိုဆို လေအိုးတယောက် “မျှော်ကာသာ ကျန်ရစ်ခဲ့ပေါ့ … ပြင်ဦးလွင်က မေ … အခါခါပင် လက်ကလေးပြကာ …” ဟု ဆိုညည်းရင် စက်ဘီးပေါ်တက်ကာ ပြုံးပြုံးကြီး လက်ပြထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးလည်း အမတ်မင်းတွေအကြောင်း တွေးရင်း ကျနေသည့် ဆယ့်တကျပ် (အဲ …) စိတ်ဓာတ်ကို ပြန်ဆွဲတင်ပြီးသကာလ တင်းနေသည့် ဆီးအိမ်ကို ပြန်ပိန်အောင် စွမ်းဆောင်ရန်အလို့ငှာ ဆိုင်နောက်ဖေးသို့ ငိုင်လျှောက်ကလေး လျှောက်ခဲ့လေသည်တကား။ ။
Copy from http://www.khitpyaing.org/

အဆုံးထိဖတ်ရန်...

Thursday, May 27, 2010

တချိန်တုန်းက ကျောင်းသားခေါင်းဆောင်အမည်ခံ ကိုထွန်းအောင်ကျော်ရှင်းပေးပါ

----- Forwarded Message ----
From: Zayar Kyaw
To: 8888peoplepower@yahoogroups.com
Sent: Thu, May 27, 2010 8:17:28 AM
Subject: [8888peoplepower] ဦးထွန်းအောင်ကျော်( အီသာကာ) အကြောင်းပြန်ပါ။

from zayarkyaw101 to tun aung kyaw

ဦးထွန်းအောင်ကျော် ( အီသာကာ)
လူလိမ် မင်းနိုင်ဘက်က ရှေ့နေလိုက်ပေးနေတဲ့အတွက် ဦးထွန်းအောင်ကျော်ရဲ့သမိုင်းကို
ပိုသိချင်စိတ်ပေါက်သွားပါတယ်။ ဦးထွန်းအောင်ကျော်အကြောင်းကို ပြည့်စုံအောင်
လိုက်လံစုံစမ်းကြည့်မှာပါ။ရွှေဇီးကွက် ဆီက လက်ခံရရှိတယ်ဆိုတဲ့စာကို ဦးထွန်းအောင်ကျော်မြင်ပြီးပြီလို့
ဆိုထားပါတယ်။ ပရိဿတ်သိအောင် ၊ ဒေါ်ရွှေဇီးကွက်လည်းသိအောင်အတွက် အင်တာနက်မှာတင်ပေးပါလား။ အနူးအညွတ်တောင်းဆိုပါတယ်။
ပြီးရင် ကျနော်တို့ဘက်က လက်ခံရရှိတဲ့ ကိုကျော်သူ့စာကိုလည်းတင်ပေးပါမယ်။
အတုတွေ၊ အစစ်တွေကို ကိုကျော်သူနဲ့မရွှေဇီးကွက်တို့က ဆုံးဖြတ်ပေးပါလိမ့်မယ်။
ခင်ဗျားတို့ညီလာခံမှာ လူ(၁၀၀) လောက်လာတယ်လို့အင်တာဗျူးတခုမှာပြောထားပါတယ်။
ပုံထဲမှာ ကျနော်တို့ရေကြည့်တာ လူ(၄၀) တောင်အနိုင်နိုင်ပါလားဗျ။ ရှစ်လေးလုံး
ခေါင်းဆောင်တွေလည်းတယောက်မှမပါဘူး။ဘယ်လိုဖြစ်ကြတာလဲ။ ဖြေစမ်းပါအုံးလေ။
အံ့သြမိပါတယ်။ ပေါ်တင်လိမ်တာမကောင်းဘူးနော်။ဘတ်ဖလိုးမြို့မှာမြန်မာနိုင်ငံသား သုံးထောင်ကျော် ထောင်ကျော်ရှိနေထိုင်ပါတယ်။ ဒီထက်စည်းရုံးရေးကောင်းအောင်ကြိုးစားပါ။
ဘတ်ဖလိုးမြို့နေမြန်မာနိုင်ငံသားများ

အဆုံးထိဖတ်ရန်...

Saturday, May 22, 2010

စစ်ကျွန်ဘ၀အောက် တိုးဝင်နေသူများ

ရခိုင် နိုင်ငံရေး ပါတီ တခုမှ စည်းရုံးရေး ကော်မတီဝင် ကရင်တိုင်းရင်းသူ မရွှေယမင်းနှင့် တွေ့ဆုံ မေးမြန်းခန်း
5/22/2010


များမကြာမှီက ရွှေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေး ပါတီ တခု အဖြစ် မှတ်ပုံတင်ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မျိုးသားအင်အားစု (ရမအ)မှ စည်းရုံးရေး အမှု့ဆောင် ကော်မတီဝင် ကရင်တိုင်းရင်းသူ မရွှေယမင်းနဲ့ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။ ဘာကြောင့် ရခိုင် နိုင်ငံရေးပါတီ တခုမှာ ပါဝင် ဆောင်ရွက်ရပါသလဲလို့ နိရဉ္စရာမှ တွေ့ဆုံမေးမြန်းရာ သူမက ခုလို စတင် ဖြေကြားပါတယ်။

ဖြေ။ ။ ကျမကတော့ ကရင် တိုင်းရင်းသူ တယောက် ဖြစ်ပါတယ်။ ခုလို ရခိုင်ပြည်နယ်နှင့် ပတ်သက်တဲ့ အဖွဲ့တခုမှာ ပါဝင်လုပ်ဆောင် လာရ တာကတော့ အစပိုင်းတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျမ ဘာမှ လုပ်ဆောင်ခဲ့တာ မရှိခဲ့ပေမယ့် အဖွဲ့ရဲ့ စာမူကြမ်းကို လေ့လာ ဖတ်ရှု့ ကြည့်တဲ့ အခါ ပါတီရဲ့ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံကို ကြိုက်တာရယ်။ ကိုယ်ဖြစ်ချင်တဲ့ စိတ်ဓာတ်နဲ့ တထပ်တည်း ကျတာရယ်။ ဒီအဖွဲ့မှာ လူမျိုးမရွေး ဘာသာမရွေး ပါဝင်ခွင့်ရှိတာရယ်။ အားလုံး ကျမ လိုလားချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့အတွက် ဒီပါတီထဲကို ဝင်ပြီး နိုင်ငံရေး လုပ်ဆောင်ဖို့ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။


မေး။ ။ ရမအ ပါတီကို ဘယ်လိုပုံစံမျိုးဖွဲ့စည်းထားတာကိုကော ပြောပြလို့ ရပါသလား။

ဖြေ။ ။ ကျမတို့ပါတီမှာ ဥက္ကဌ အပါအဝင် ကော်မတီ ၁၀ ဦးနဲ့ ဖွဲ့စည်း ထားပါတယ်။ ပါတီရဲ့ အလံကိုလည်း သတ်မှတ်ထားပြီး အဖွဲ့ဝင်တိုင်း ကိုလည်း အသင်းဝင်ကဒ်ပြားတွေကို ကိုင်ဆောင် ခွင့်ထုတ်ပေးထားတာ ရှိပါတယ်။ ပါတီတစ်ခုရပ်တည်ဖို့အတွက် ရန်ပုံငွေကိုတော့ ကျမတို့အနေနဲ့ မရှာတတ်တော့ အခုလောလောဆယ်မှာ အကုန်လုံး စုထည့်ပြီး ရပ်တည် နေသလို အဖွဲ့ဝင်တွေကို တလ တထောင်နှုန်း ကောက်ခံသွားပြီး ရပ်တည်နေပါတယ်။ ရှေ့ဆက်ပြီးတော့ ဘယ်လို လုပ်ကိုင် သွားမယ် ဆိုတာကိုတော့ အဖွဲ့ထဲမှာ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံရေး ပါတီမှာ ပါဝင်လာပြီ ဆိုတော့ မြန်မာ့ အမျိုးသမီးတွေ တိုးတက်ရေး အတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက် ရှိပါသလဲ။

ဖြေ။ ။ ကျမ အနေနဲ့ အဓိက ဖြစ်ချင်တဲ့ ဆန္ဒတွေထဲက အဖြစ်ချင်ဆုံး အရာတခုလို့ ပြောရ မယ် ဆိုရင် ကျမတို့ အမျိုးသမီးတွေဟာ စားဝတ် နေရေး ကျပ်တည်းမှုကြောင့် မြန်မာနိုင်ငံ အတွင်း မှာ အရမ်း ဒုက္ခရောက် နေကြပါတယ်။ မကောင်းတဲ့ အလုပ်ကို လုပ်စားနေကြတာကို လူတိုင်း မြင်တွေ့ ကြရမှာဖြစ်ပါတယ်။ သိလည်းသိနေ ကြပါတယ်။ ဒါဟာ အလုပ် မရှိလို့ စားဝတ်နေရေး ကျပ်တည်း တာကြောင့် ဖြစ်တယ်လို့ ကျမ ယူဆ ပါတယ်။ ဒါကြောင့် ကျမအနေနဲ့ လုပ်ပိုင်ခွင့် ရှိတဲ့ တနေ့သာ ပိုင်ဆိုင်ခွင့် ရခဲ့ရင် ခုလို အလုပ်လက်မဲ့ ဖြစ်နေတဲ့ အမျိုးသမီးတွေကို အလုပ်လက်ရှိ ဖြစ်နိုင်အောင် ကြိုးစား ဆောင်ရွက်ပေးပြီး ဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

မေး။ ။ ပါတီ အပေါ်မှာ ဘယ်လောက် အတိုင်းအတာထိ ယုံကြည်မှု ပေးနိုင် ပါသလဲ။

ဖြေ။ ။ ပါတီအပေါ်ယုံကြည်မှုကို ရှစ်ဆယ် ရာခိုင်နှုံးထိ ထားပါတယ်။ ဘာလို့တစ်ရာ ရာခိုင်နှုန်း အပြည့် မထားလည်းဆိုတော့ ပါတီရဲ့ လုပ်ဆောင်ချက်ကို ကိုယ်ကယုံကြည်နေပေမယ့် ကံတရားက ရှိသေး တယ်လေ။ ပါတီအနေနဲ့ (ရခိုင်ပြည်နယ်)လို့ ပါရှိပေမယ့် ကျမကတော့ မိမိမွေးရပ်ဖြစ်တဲ့ ဧရာဝတီ ဘက်ကို စည်းရုံးဖို့တာဝန်ယူထားပါတယ်။ မြန်မာနိုင်ငံတခုလုံး အတိုင်းအတာအရ ဖွဲ့စည်းထား တာလည်း ဖြစ်ပါတယ်။ ရခိုင် လူမျိုးတခုတည်းအတွက် ကိုယ်စားပြုတာမဟုတ်ပဲ တပြည်လုံး ကိုယ်စား ပြုဖွဲ့စည်းထားတာ ဖြစ်တာကြောင့် လမ်းစဉ်နဲ့မူဝါဒကိုလည်း ယုံကြည်မှု အပြည့်ပေးပါတယ်။

မေး။ ။ ရွေးကောက်ပွဲအတွက်ကော ဘာတွေပြင်ဆင်မှုတွေရှိနေပါပြီလဲ။

ဖြေ။ ။ ရွေးကောက်ပွဲအတွက်တော့ ပါတီက မှတ်ပုံ တင်ထားတာပဲ ရှိသေးတော့ ဘာမှ လုပ်လို့တော့ မရသေး ဘူးပေါ့။ နယ်ဖက်တွေက ပါတီဝင်တွေကတော့ စည်းရုံးရေး ဆင်းဖို့ ဖိတ်ခေါ်တာ တွေရှိ ပါတယ်။ ကျမတို့မှာ ရံပုံငွေက အခက်အခဲရှိနေတာကြောင့် ဘယ်လိုမှ လုပ်လို့ မရသေးပါဘူး။ အခုဆိုရင် ပါတီဝင်ပေါင်း နှစ်သိန်းကျော်ခန့် ရှိနေပါပြီ။ ရွေးကောက်ပွဲကလည်း ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာလည်း တိတိကျကျ မသိရသေးတော့ လုပ်ကိုင်ရတာက အချိန်သတ်မှတ်ချက် ထားလို့မရ ဖြစ်နေပါတယ်။ ကြံ့ခိုင်ရေးအဖွဲ့တွေ ကတော့ စည်းရုံးရေး လုပ်နေကြတာရှိနေကြပါပြီ။

မေး။ ။ ရွေးကောက်ပွဲကာလပြီးသွားတဲ့ အချိန်မှာ ပါတီနေရာရရှိ မရရှိမှု အပေါ်မှာ ဆက်လက်ပြီး ဘယ်လို လူပ်ရှား ဆောင်ရွက် သွားကြမလဲဆိုတာကို ပြောပြလို့ ရမလား။

ဖြေ။ ။ ရွေးကောက်ပွဲဝင်တယ်ဆိုကတည်းက အနိုင်အရှုံးဆိုတာရှိမှာပါပဲ နိုင်ခဲ့ရင်တော့ ကျမတို့ ရေးဆွဲတဲ့ မူအတိုင်း ဆက်လက် လုပ်ဆောင် သွားမှာဖြစ်ပြီး တကယ်လို့ မရခဲ့ရင်လည်း ပါတီကတော့ ဆက်လက်ပြီး ရခိုင်ပြည်နယ်ကိုယ်စား ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကိုယ်စား ပြုဆိုပေမယ့် တပြည်လုံးကို ကိုယ်စားပြုလုပ်ဆောင်မှာ ဖြစ်ပါတယ်။

( မိညိုမှ မေးမြန်းသည်။)
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

The Spirit of 1988 Revolution of Burma

Aung Way - The Spirit of 1988 Revolution of Burma

အဆုံးထိဖတ်ရန်...

Thursday, May 20, 2010

ဒေါ်စု အိမ်အမှု နှစ်ဖက်ရှေ့နေများကို တရားရုံး ဆင့်ခေါ်

ဆလိုင်း ဟံသာစန်း ကြာသပတေးနေ့၊ မေလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၉ မိနစ် .

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ရန်ကုန်တိုင်း တရားရုံးချုပ်သို့ အယူခံ တင်သွင်းရာမှ တရားရုံးက နှစ်ဖက်ရှေ့နေများ လျှောက်လဲရန် ယခုလ ၂၈ ရက်နေ့သို့ ဆင့်ခေါ်လိုက်ပြီ ဖြစ်သည်။

ဦးအောင်ဆန်းဦးက နေအိမ်ပြင်ဆင်နေမှုကို ဝရမ်းထုတ်၍ တားဆီးပေးရန် လျှောက်ထားမှုကို တိုင်းတရားရုံးက ပြီးခဲ့သည့်လ ၆ ရက်နေ့က ပယ်ချခဲ့သဖြင့် တရားရုံးချုပ်သို့ ယခုလ ၁၃ ရက်နေ့တွင် အယူခံတင်သွင်းရာမှ ယခုလို ဆင့်ခေါ်စာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

တရားရုံးချုပ်က လက်ခံခဲ့သည့် ဦးအောင်ဆန်းဦး၏ အယူခံတင်သွင်းလွှာတွင် တားဝရမ်းထုတ်နိုင်သည့် ဥပဒေအထောက်အထားများ ပါဝင်ခြင်း မရှိသည်ကို အဓိကလျှောက်လဲသွားရန် ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

“တိုင်းတရားရုံးမှာ လျှောက်လဲခဲ့ကြတုန်းကလည်း ဒီအချက်ကို အဓိကထား လျှောက်လဲခဲ့ပါတယ်။ အခုလည်း အဲဒီအချက်ကိုပဲ ထောက်ပြပြီး ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဆင့်ခေါ်စာ ပေးပို့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်အား အသိပေးရန်နှင့် တားဝရမ်းအမှုအတွက် ဆွေးနွေးရန် ရှေ့နေများက ယခုလ ၂၂ ရက်နေ့တွင် သူမနှင့် တွေ့ဆုံခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တောင်းခံထားသည်။

ရန်ကုန်မြို့ရှိ တရားရုံးချုပ်တွင် ဦးအောင်ဆန်းဦး တင်သွင်းသည့် အယူခံရှုံးနိမ့်ခဲ့ပါက အယူခံ ထပ်မံတင်သွင်းရန် မရှိတော့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ရှုံးနိမ့်ခဲ့ပါက နေအိမ်ပြင်ဆင်ခြင်းကို ရပ်ဆိုင်းပေးရမည်ဖြစ်သည်။

ဥပဒေအမိန့် ၃၉ ၊ နည်းဥပဒေ (၁) အရ အငြင်းပွားနေသည့် ပစ္စည်းအား ပျက်စီးရန်၊ ဆုံးရှုံးရန်နှင့် တမင်ပြုန်းတီးစေခြင်း မဟုတ်ပါက တားဝရမ်းထုတ်ခွင့် မရှိကြောင်း သိရသည်။

တားဝရမ်းထုတ်ရန်အတွက် နှစ်ဖက်ရှေ့နေများ လျှောက်လဲရန်အတွက် ယခုလို ရက်သတ်မှတ်လိုက်သော်လည်း လက်ရှိ နေအိမ်ပြင်ဆင်နေမှုကို ရပ်တန့်ရန် တရားရုံးချုပ်က အမိန့်တစုံတရာ ထုတ်ပြန်တားဆီးခြင်း မရှိကြောင်းနှင့် ဆက်လက်ပြင်ဆင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နောက်တဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
ယခုလက်ရှိတွင် နေအိမ်အနောက်ခြမ်း အင်းလျားကန်ဘက်တွင် ဝါးကပ်များကာရံခြင်း၊ အိမ်အမိုး အုတ်ကြွပ်အဟောင်းများအား သန့်စင်ကာ ပြန်လည်တပ်ဆင်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄/ ၅၆ နေအိမ်သည် ၂ဝဝ၈ ခုနှစ် မေလဆန်းအတွင်းက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အိမ်ခေါင်မိုး အုတ်ကြွတ်ပြားများ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ရန်ကုန်စည်ပင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှ ယခုနှစ် ဧပြီလအတွင်း အပြီးသတ် ပြုပြင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အိမ်ပြင်မှု ခေတ္တရပ်နားခဲ့ရသော်လည်း ယခုနှစ် ဧပြီလဆန်းပိုင်းက ဦးအောင်ဆန်းဦး၏ တားဝရမ်းလျှောက်ထားမှု ပယ်ချခံရသဖြင့် လကုန်ပိုင်းတွင် ပြန်လည်ပြင်ဆင်ခွင့် ရရှိခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း ဒေါ်ခင်ကြည်တို့မှ အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် အောင်ဆန်းစုကြည်အမည်ရှိ သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ သားလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

၁၉၆ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည်ကို မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ ယင်းနေအိမ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။ အင်းလျားကန်မှ နေအိမ်အတွင်း ရေကူးဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်တောကို လက်ခံထားမှုဖြင့် သူမသည် နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လ ကျခံနေရသည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

ငြိမ်းအေးရာသို့ လွတ်မြောက်ရာလမ်း

Pave of Peace

အဆုံးထိဖတ်ရန်...

Wednesday, May 19, 2010

တပ်မတော်သားများ ပူးပေါင်းလာနေ

နအဖ စစ်သား ၆ ဦး လက်နက်ခဲယမ်းမီးကျောက် အများအပြားနှင့်အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ထံ လက်နက်ချ
5/18/2010


နအဖ စစ်တပ် ခလရ ၂၃၂ တပ်ရင်းမှ တပ်ကြပ် တဦး အပါဝင် ရဲဘော် ၆ ဦးသည် စခန်းမှူး ဖြစ်သူ ဗိုလ်ကြီး တဦးအား သတ်ဖြတ်ပီး လက်နက် ခဲယမ်း မီးကျောက် အများအပြားနှင့် အတူ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် - ALA နှင့် မေလ ၁၆ ရက်နေ့က လာရောက် ပူးပေါင်းခဲ့သည်ဟု ရခိုင်ပြည်လွှတ်မြောက်ရေး ပါတီ သတင်းနှင် ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပူးပေါင်းလာသူ နအဖ စစ်သားများမှာ ကိုယ်ပိုင်အမှတ် တ/ ၇၅၁၈၄ တပ်ကြပ် သန်းအေး၊ ကိုယ်ပိုင်အမှတ် တ/ ၁၁၆၅၇၄ ဒုတပ်ကြပ် မိုးအောင်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၈၅ ဒုတပ်ကြပ် ဇော်ဇော်ဟန်၊ ကိုယ်ပိုင်အမှတ် တ/ ၁၂၁၇၄၃ ဒုတပ်ကြပ် မောင်မောင်နိုင်၊ ကိုယ်ပိုင်အမှတ် တ/ ၄၀၁၃၃၆ တပ်သား ဇော်မင်းဦးနှင့် ကိုယ်ပိုင်အမှတ် တ/ ၄၂၃၁၄၈ တပ်သား စန်းဝင်းတို့ ဖြစ်ကြသည်။

သူတို့ ယူဆောင်လာသော လက်နက်များမှာ အမ်းအေ (၁၁) အမျိုးအစား လက်နက် ၅ လက်၊ အမ်းအေ (၁၂) ၁ လက်နက်၊ အမ်းအေ (၃) လက်နက် ၂ လက်၊ အမ်းအေ ၇၉ မော်တာ ၁ လက်နှင့် မော်တာ အသီး ၁၉လုံး၊ ဘီ ၁၀၀ ကွန်မဒို စိန်ပြောင်း ၁လက်နှင့် အသီး ၁၂ လုံး၊ ၉ မမ ပစ္စတို တလက်နှင့် ဘောက် ၂ချပ် ကျည်ဆံ ၁၄ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ နှင်းမိုင်း (အမ်း ၁၆) ၆လုံး၊ အီကွေမင်း ၁၀ စုံ၊ ကျော့ပိုးအိတ် ၆ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ကျည်အမျိုးအစား ၁၃၀၈ တောင့်တို့ ဖြစ်သည်။

အဆိုပါ စစ်သားများမှာ စစ်တွေမြို့ ပါဒလိတ် အခြေစိုက် ခလရ ၂၃၂ မှ ဖြစ်ပြီး စစ်ကြောင်း (၁) အရံတပ်စု အဖြစ် ပလက်ဝမြို့နယ် မြိတ်ဝ စခန်းတွင် တာဝန် ကျနေစဉ် စခန်းမှူး ဗိုလ်ကြီး ထက်အောင်ထွန်း၏ နိုင်ထက်စီးနှင်း လုပ်မူများကို မခံနိုင်သဖြင့် သူ့အား သတ်ဖြတ်ပီး ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော် ကုလားတန် မြစ် အခြေစိုက် စခန်းသို့ အဆိုပါ လက်နက်များနှင့် ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။

ခမရ ၂၃၂ သည် အိန္ဒိယ- ရခိုင်နယ်စပ် ပလက်ဝမြို့နယ် ငွေလက်ဝ စခန်းတွင် တပ်စွဲထားပြီး အဆိုပါ တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး ကျော်မိုးဟိန်း ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

နအဖ စစ်တပ်အတွင်း အထက်အောက် မညီညွှတ်ခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်း၊ အလုပ်ဒဏ်ပိခြင်း အပြင် တပ်မတော်မှာ တပ်မတော် တရပ်အသွင်မျိုး မဟုတ်ဘဲ ကြေးစားတပ်မတော်ကဲ့သို့ ဖြစ်လာသဖြင့် တိုင်းပြည်ချစ်သူ စစ်သားများမှာ မကြာခဏ ထွက်ပြေး တိမ်းရှောင်မူများ ရှိနေကြောင်း သတင်း ရရှိသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Saturday, May 15, 2010

အိုဘားမား၏ မြန်မာစစ်အစိုးရအပေါ် စီးပွါးရေးဒဏ်ခတ်မှုအား ထောက်ခံကြိုဆို

BCUK2

အဆုံးထိဖတ်ရန်...

သမ္မတအိုဘားမား စစ်အစိုးရအပေါ်ဒဏ်ခတ်မှု သက်တမ်းတိုး

By ဒေါ်ခင်စိုးဝင်း သောကြာ, 14 မေ 2010

မြန်မာစစ်အစိုးရအပေါ် စီးပွားရေးဒဏ်ခတ်ထားတာကို နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား (Barack Obama) လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း မေလ ၁၄ရက်နေ့စွဲနဲ့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရရဲ့လုပ်ရပ်တွေ၊ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ ထူးထူးကဲကဲ ဆက်လက်အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ၁၉၉၇ ခုနှစ် မေလ ၂၀ရက်နေ့ က အမေရိကန်ပြည်ထောင်စု အမျိုးသားအရေးပေါ်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကို ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က သမ္မတရဲ့ အုပ်ချုပ်မှုအာဏာအရ အမိန့်ပြန်တမ်းအမှတ် ၁၃၃၁၀၊ ၂၀၀၇ ခုနှစ် အောက်တိုဘာ လ ၁၈ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၄၈၊ ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အမိန့်ပြန်တမ်းအမှတ် ၁၃၄၆၄ တို့နဲ့ အသီးသီးထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၀ ပြည့်နှစ် မေလ ၂၀ ရက်နေ့ကစပြီး ဆက်လက်အကျိုးသက် ရောက်မှုရှိအောင် နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ သမ္မတအိုဘားမား ကိုယ်တိုင် ၂၀၁၀ပြည့်နှစ် မေလ ၁၃ ရက်နေ့ နေ့စွဲနဲ့ လက်မှတ်ထိုးလိုက်တဲ့အကြောင်း အိမ်ဖြူတော်က သောကြာနေ့ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီရေး အတိုက်အခံတွေကို အကြီးအကျယ်ဖိနှိပ်၊ နှိပ်ကွပ်နေတာကြောင့် ၁၉၉၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြုပ်နှံမှု အသစ်တွေမလုပ်ဖို့ တားမြစ် ပိတ်ပင်တဲ့ ဥပဒေကို ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့ပြီး ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့ က သမ္မတအမိန့်ပြန်တမ်းနဲ့ ပြဌာန်းခဲ့ ပါတယ်။ အမေရိကန်သမ္မတရဲ့ နိုင်ငံတကာ စီးပွားရေးရာ အရေးပေါ် လုပ်ပိုင်ခွင့် အာဏာအရ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အန္တရာယ်ပြု ခြိမ်းခြောက်နေတာကြောင့် ဒီအမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
Copy from www.voanews.com

အဆုံးထိဖတ်ရန်...

Friday, May 14, 2010

(၉)နှစ်အရွယ် မြန်မာမိန်ခလေး အသတ်ခံရ

(၉) နှစ်သမီး မြန်မာကလေးငယ်အလောင်း တွေ့ရှိ
မြတ်ခိုင်ဦး / ၁၄ မေလ ၂၀၁၀


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ထလမုဒေသရှိ လမ်ကင်းကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ချောင်းကမ်းစပ်တွင် (၉) နှစ်အရွယ် မြန်မာကလေးမလေးတဦး၏ အလောင်းကို ယနေ့တွေ့ရှိကြောင်း သိရသည်။

ထိုကလေးငယ်သည် ထိုင်းနိုင်ငံတွင် ပန်းရန်အလုပ် လာရောက်လုပ်ကိုင်နေသော တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ခွဲ၊ အပေါ်ရေဖြူ၊ ဒုံတောင်ကျေးရွာမှ ဦးတင်စိန်၊ ဒေါ်မီးမီးတို့၏ အထွေးဆုံးသမီး မသန်းလှိုင်ထွေးဖြစ်ပြီး မေလ (၁၂) ရက်နေ့ ညနေ (၅) နာရီခန့်တွင် မိဘများ အလုပ်အကိုင်မှ ပြန်လာစဉ်ကတည်းက ပျောက်ဆုံးနေခဲ့ပြီး ယနေ့နံနက်တွင်မှ အလောင်းကို ချောင်းကမ်းစပ်တွင် တွေ့ရှိရခြင်းဖြစ်သည်။

မျက်မြင်သက်သေများ၏ အဆိုအရ နားရွက်တဖက်ပြတ်နေပြီး နားရွက်တွင် ဓားဖြင့်အလှီးခံထားရသည့် ဒဏ်ရာများပါရှိကာ ကလေးငယ်၏ ဦးခေါင်းသည် ဦးနှောက်များထွက်ကာ နောက်မှ အရိုက်ခံထားရသည့် အသွင်ရှိသည်ဟု ဦးလေးတော်သူ ကိုမျိုးအောင်က ပြောသည်။

“သူ့ အဖေကော အမေကောက အခုဆို စကားတောင် မပြောနိုင်တော့ပါဘူးဗျာ၊ ကျနော်က ဦးတင်စိန်ရဲ့ညီပါ။ အလောင်းတော့ ကျနော်တို့ရိုးရာအရ ဆက်လက်သင်္ဂြိုဟ်ဖို့ ပြန်လိုချင်ပါတယ်” ဟု ဆိုသည်။

ထိုကလေးငယ် ပညာသင်ကြားနေသော ထုံခမင်းရှိ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ကျောင်းမှ ကလေး၏ဆရာမတဦးဖြစ်သော ဒေါ်သီတာက “ကလေးက အခု (၁၇) ရက်နေ့ ကျောင်းစဖွင့်ရင် ဒုတိယတန်းတက်ရမှာလေ။ ဖုန်းဆက်လာတော့ ကျမစိတ်မကောင်းဖြစ်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါဘူးရှင်” ဟု ဆိုသည်။

FED ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်မှ ဤဖြစ်ရပ်နှင့်ပတ်သက်၍ တရားဥပဒေအရ တိတိကျကျ ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ယခုမှစတင်၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောသည်။

ယခုအခါ ကလေးငယ်၏အလောင်းကို လိုအပ်သော ဆေးစစ်ချက်ထပ်မံခံယူရန်အတွက် စူရပ်ဌာနီဆေးရုံသို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်နေပြီဖြစ်သည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

စစ်အစိုးရ အသုံးပြုနေသော ကျမ္မာရေးစရိတ်

14.05.2010

အဆုံးထိဖတ်ရန်...

Thursday, May 13, 2010

နင် ဘယ်သူလဲ၊ ငါ ဘယ်သူလဲ

ဒေါင်းယောင်ဆောင်သော ကျီးများဟု NDF ကို ဦးဝင်းတင် ပြောဆို
ဆလိုင်း ဟံသာစန်း ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၅ မိနစ် .

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီမှခွဲထွက်သွားသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဟောင်းများ အဖြစ် ပြောဆိုသုံးနှုန်းနေခြင်းကြောင့် ပြည်သူများအတွင်း ရှုတ်ထွေးမှု ဖြစ်သွားနိုင်ကြောင်း ”ဒေါင်းယောင် ဆောင်သော ကျီးမျာအဖြစ်” NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြစ်တင်ရှုတ်ချလိုက်သည်။

ရွေးကောက်ပွဲဝင်လိုသည့် NLD အကြီးတန်းခေါင်းဆောင်ဟောင်း ၁၁ ဦးက အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ တည်ထောင်ပြီး မီဒီယာများမှတဆင့် ပြောဆိုစည်းရုံးရာတွင် NLD အမည်ကို အသုံးချနေသည်ဟု စွပ်စွဲလိုက်ခြင်းလည်း ဖြစ်သည်။

NDF ပြောရေးဆိုခွင့် ရှိသူများအဖြစ် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့က တာဝန်ယူထားပြီး ၎င်းတို့က မီဒီယာများတွင် NLD ၏ မပြီးဆုံးသေးသည့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခြင်း ဖြစ်သည်ဟု ညွှန်းဆိုပြောကြားမှုများ ပြုလုပ်ခဲ့သည်။

“သူတို့ပြောတဲ့အထဲမှာ NLD ရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းတွေ၊ ပြည်သူကို ပေးထားတဲ့ ကတိတွေကို ဆက်လက်ဆောင်ရွက်သွားမယ် ဆိုတာမျိုး ပြောနေတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ ကိုယ်ပွားပါတီ မဟုတ်ပါဘူး။ အဲဒီတော့ NLD နာမည်ကို သူတို့ ယူသုံးစရာ မလိုပါဘူး” ဟု NLD ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ ပါတီရဲ့ အလံဟာ ဒေါင်းအလံဖြစ်တယ်။ ဒီလူတွေဟာ ကျနော်တို့ကိုယ်ပွား သဏ္ဍာန်လုပ်ရင်တော့ ဒေါင်းယောင်ဆောင်သော ကျီးပဲ ဖြစ်လိမ့်မယ်။ ဘယ်သူက ကျီး၊ ဘယ်သူက ဒေါင်းဆိုတာ ပြည်သူက သိပါတယ်” ဟု ပြောသည်။

NLD ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းကလည်း NDF သည် NLD ၏ ကိုယ်ပွားပါတီသဖွယ် ပြောဆိုနေခြင်းသည် ပါတီဝင်များနှင့် ပြည်သူလူထုကို ထင်ယောင်ထင်မှား ဖြစ်စေသည်ဟု ပြောသည်။

“ပါတီက ရွေးကောက်ပွဲကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ထားတာကို ပါတီဝင်တိုင်း လိုက်နာဖို့ တာဝန်ရှိပါတယ်။ အဲဒီတာဝန်တွေကို ချိုးဖောက်ပြီးတော့ ပါတီထောင်သွားတဲ့အပေါ်မှာ ဘာမှမပြောလိုပေမယ့် သူတို့ဘာသာ သီးသန့်လုပ်စေချင်တယ်။ NLD ရဲ့ ကိုယ်ပွားပါတီလိုလို ပြောဆိုသုံးနှုန်းနေတာကို လုံးဝ လက်မခံနိုင်ပါဘူး” ဟု သူက ပြောသည်။

NDF ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဆွေက မိမိတို့ပါတီသည် NLD ၏ ကိုယ်ပွားပါတီမဟုတ်ဘဲ NLD နှင့် မတူညီသော မူဝါဒများဖြင့် တည်ထောင်ထားသည်ဟု ပြောသည်။

NDF က လူထုထောက်ခံမှုဖြင့် ဥပဒေများ ပြန်လည်တည်ဆောက် ပြုပြင်သွားမည့် လူထုအခြေပြု လွတ်လပ်ခွင့်ဝါဒ (Social Liberalism) စနစ်ကို ဖော်ဆောင်ရန် ရည်ရွယ်ထားကြောင်းနှင့် စီးပွားရေးစနစ်တွင် ဈေးကွက်ကို အစိုးရက ဥပဒေများဖြင့် ဝင်ရောက်ထိန်းမတ် ပေးနိုင်သည့် ဈေးကွက်အခြေပြု ရောပြွမ်းစီးပွားရေးစနစ် ဖော်ဆောင်ရန် ရည်ရွယ်ထားသည်ဟု သူက ပြောသည်။

“NLD ဟာ ၉ဝ ခုနှစ်တုန်းက ပြည်သူလူထုကို ပေးထားခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကို ပြီးဆုံးအောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့် အဲဒီမပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်သယ်ဖို့ ဘယ်သူတွေက ခိုင်းခိုင်း၊ မခိုင်းခိုင်း ဒီနိုင်ငံရေးတာဝန်ကို ဆက်သယ်မယ်လို့ ပြောဆိုတာပါ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

NDF ကော်မတီဝင် ၁၇ ဦးရှိရာ NLD ပါတီ ဗဟိုအလုပ်မှုဆောင် CEC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဒေါက်တာဝင်းနိုင်၊ ဗဟိုဦးစီး CC အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးစိုးဝင်း၊ ဒေါက်တာသန်းဝင်း၊ ဦးသာဆိုင်၊ ဦးတင်အောင်အောင်၊ ဦးတိုးဘို၊ ဦးစိန်လှဦး၊ ဦးစောနန်သီ၊ တို့ပါဝင်ပြီး ကျန်သူများမှာလည်း NLD ပါတီဝင်ဟောင်းများဖြစ်ကြသည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Wednesday, May 12, 2010

ခြံစောင့်က ခြံစောင့်ပါဘဲ

ဒီကေဘီအေ တပ်ဖွဲ့ဝင်အားလုံး နယ်ခြားစောင့်တပ် အသွင်ပြောင်း
ရဲရင့် / ၁၂ မေလ ၂၀၁၀


နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ဒီကေဘီအေအဖွဲ့အတွင်းမှ လက်မခံဘဲ ငြင်းဆန်နေသည့် တပ်မဟာ (၅) သည် ယမန်နေ့က နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်ပြီဖြစ်သည်။

ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် တင်းမာမှုများသည် ပြီးဆုံးသွားပြီ ဖြစ်သည်ဟု ဒီကေဘီအေ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်နေသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ တပ်မဟာမှူး စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သောအဖွဲ့သည် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံလိုက်သည့်အတွက် ဒီကေဘီအေဗဟိုနှင့် လက်အောက်ခံတပ်မဟာ (၅) တို့အကြား ဖြစ်ပေါ်နေသည့် တင်းမာမှု ပြီးဆုံးသွားပြီဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် လက်အောက်ခံတပ်ရင်းမှူးများသည် မြ၀တီမြို့တွင် အရှေ့တောင်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းနှင့် အဖွဲ့ဝင်များထံတွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယမန်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ယခင်လက ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးညှိနှိုင်းရေးအတွက် မြိုင်ကြီးငူဌာနချုပ်သို့ ပြန်လာရန် ဗဟိုမှဆင့်ခေါ်မှုကို စောလားပွယ်နှင့်အဖွဲ့က သွားရောက်ရန် ငြင်းဆန်ခဲ့သည့်နောက်ပိုင်း တင်းမာမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှလွဲ၍ ဗဟိုနှင့်လက်အောက်ခံတပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များက ယခင်လအတွင်းက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု ဒီကေဘီအေ (၉၉၉) တပ်မဟာမှ တပ်မှူးတဦးက ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်တွင် တပ်မဟာ(၅) ဗျူဟာ (၁) ခုနှင့် လက်အောက်ခံတပ်ရင်း (၅) ရင်းရှိပြီး စစ်သည်အင်အား (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ဒီကေဘီအေသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရာတွင် ၎င်းတို့၏တပ်ဖွဲ့ဝင် အင်အား (၅,၀၀၀) ကျော်ကို (၁,၀၀၀) အထိ လျှော့ချရမည်ဟုလည်း သဘောတူညီချက်တွင် ပါရှိသည်ဟု ယင်းတပ်မှူးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် ၁၉၉၄ ခုနှစ်တွင် ကေအန်ယူမှခွဲထွက်ခဲ့ပြီး နအဖနှင့် ပူးပေါင်းခဲ့သည့်အဖွဲ့ဖြစ်သည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

Tuesday, May 11, 2010

စတင်ပြီ လူထုလှုပ်ရှားမှု

ရွှေဝါရောင်မျိုးဆက်အဖွဲ့မှ လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်း စတင်
5/11/2010

ရွှေဝါရောင်မျိုးဆက် ဒီမိုကရေစီ လိုလားသူများ အဖွဲ့မှ လူထု အခြေပြု နိုင်ငံရေး လူပ်ရှားမူ ပထမ ခြေလှမ်းကို ရန်ကုန်မြို့တွင် စတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့နှင့် နီးစပ်သူ တဦးက “ အခု စတင်လိုက်တဲ့ ပထမ ခြေလှမ်းမှာ ရည်ရွယ်ချက် ၆ ချက်ပါရှိပြီးတော့ အဲဒီ ရည်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်အောင် လူထုတွေနဲ့ ဆက်စပ် ဆောင်ရွက်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်” ဟု ပြောသည်။

ပထမ ခြေလှမ်း အဖြစ် လူထုထံမှ အဆိုပါ ရည်မှန်းချက်များ အောင်မြင်နိုင်အောင် လက်မှတ်များ ကောက်ခံ စုဆောင်းသွားမည် ဖြစ်သည်ဟု သူက ပြောသည်။

“ခုပြုလုပ်မယ့် လူထု အခြေပြု လူပ်ရှားမူ ပထမ ခြေလှမ်းကို ဒီလ ၇ ရက်နေ့က စတင်ပြီး ဇူလိုင်လ ၇ ရက်နေ့ထိ သုံးလတိုင်တိုင် လုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန် အပါအ၀င် နယ် (၇) နယ်မှာ အဖွဲ့ဝင်တွေက လူပ်ရှား စည်းရုံးမူတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စတင် လူပ်ရှားတဲ့နေ့က လက်မှတ်ပေါင်း ၃၀၀ ကျော် စုဆောင်း ရရှိပါတယ်။” ဟု ပြောသည်။

လက်မှတ်တွေ စုဆောင်းပြီး လူထု အခြေပြု လူပ်ရှားမူ လုပ်ရခြင်း ရည်ရွယ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် မတရား ဖမ်းဆီး ချုပ်နှောင် ခံထားရသော ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ရန်၊ ၂၀၁၀- ရွှေးကောက်ပွဲ ဥပဒေကို ပြန်လည် ပြင်ဆင်ရန်၊ ၁၉၉၀ - ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန်၊ ၁၉၉၀- ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ထွက်လာသော ပြည်သူ့ လွှတ်တော်အား လုပ်ပိုင်ခွင့် အပ်နှင်းရန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တရားဝင် ရပ်တည်ရန်တို့ အတွက် ဖြစ်သည်ဟု သိရသည်။

ရွှေဝါရောင် မျိုးဆက်သစ် ဒီမိုကရေစီ လိုလားသူများ အဖွဲ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ၊ Youth- 109 မှ လူငယ်များ၊ ၂၀၀၇ မျိုးဆက်ကျောင်းသား (ရန်ကုန်)နှင့် တခြား ဒီမိုကရေစီ အရေး ဆောင်ရွက်နေကြသော ပြည်သူများ ပါဝင်သည်ဟု သိရသည်။

စုဆောင်း ရရှိသော လက်မှတ်များကို မည်သည့် အဖွဲ့အစည်းကိုမှ တင်ပြသွားမည် မဟုတ်ဘဲ ဦးဝင်းတင် အပါအ၀င် အဖွဲ့ခေါင်းဆောင်များထံတွင် သိမ်းဆည်း ထားမည် ဖြစ်ပြီး အလျဉ်းသင့်သလို မီဒီယာများမှ တဆင့် လက်မှတ်များ မည်မျှ ရရှိသည်ကို ကျေညာပြီး နအဖ စစ်အစိုးရကို မပြတ်သိရှိအောင် ပြုလုပ်သွားမည် ဟု သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Friday, May 7, 2010

အမျိုးယုတ်ဗမာစစ်တပ်က တိုင်းရင်းပျိုများကို မုဒိမ်းကျင့်နေသည်

ပလက်ဝမြို့နယ်တွင် ရခိုင်အမျိုးသမီး တဦးကို စစ်တပ်က မုဒိမ်းကျင့်
5/7/2010

ပလက်ဝ မြို့နယ်မှ အသက် ၁၈ အရွယ် ရခိုင်အမျိုးသမီး တဦးကို စစ်တွေမြို့နယ် ပါဒလိပ် ကျေးရွာ အခြေစိုက် ခမရ ၂၃၂ မှ ဗိုလ် တဦးက မုဒိမ်းကျင့်ခဲ့ကြောင့် ဗမာပြည် လွှတ်မြောက်ရေး ရိန်းဂျားအဖွဲ့၏ သတင်း တပုဒ်အရ သိရသည်။

မုဒိမ်းကျင့်ခံရသော အမျိုးသမီး၏ အမည်အား သူမ၏ လုံခြုံရေးအတွက် ဖေါ်ပြ မထားသော်လည်း သူမအား မုဒိမ်းကျင့်သူမှာ ခမရ ၂၃၂ မှ ဒုဗိုလ် ဘိုအောင် ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့က ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာ တစ်ရွာတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းက ဆိုသည်။

ဖြစ်စဉ် အသေးစိတ်ကို ဖေါ်ပြရာတွင် အဆိုပါ ရခိုင်အမျိုးသမီးငယ်သည် တခြား အဖေါ်နှစ်ဦးနှင့် အတူ ဟင်းသီး ဟင်းရွက် ရှာဖွေရန် သွားစဉ် ဘိုအောင်နှင့် စစ်သား နှစ်ဦးတို့ နောက်မှ လိုက်လာသည်ကို သိရှိပြီးနောက် ရှောင်ရှားရန် ကြိုးစားစဉ် ဘိုအောင်နှင့် စစ်သားများမှ သူတို့ကို ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့သော်လည်း အမျိုးသမီးများက စစ်သားများကို ကြောက်သဖြင့် မရပ်တန့်ဘဲ ဆက်လက် လျှောက်သွားရာ စစ်သား တဦးမှ နောက်မှ အပြေးလိုက်လာပြီး သေနတ်နှင့် ချိန်ရွယ်ကာ ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး နှစ်ဦးမှာ လွှတ်မြောက်သွားသော်လည်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးမှာ မလွတ်မြောက်နိုင်ဘဲ အသာရမက် ငမ်းငမ်းတက်နေသော နအဖ စစ်သားများ၏ လက်တွင်းသို့ ကျရောက် သွားခဲ့ရကြောင်း ဖေါ်ပြသည်။

ယခုကဲ့သို့ နအဖ စစ်သားများ၏ ဗလက်ကာယ ပြုကျင့်မူကို အဆိုပါ ထွက်ပြေး လွှတ်မြောက် သွားသော အမျိုးသမီး နှစ်ဦးမှ ကျေးရွာ ဥက္ကဌသို့ တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ ဥက္ကဌမှာလည်း အဆိုပါ မုဒိမ်းမူအား စစ်တပ် အထက် အရာရှိများသို့ မတိုင်ကြားဝံ့သဖြင့် ရွာဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အား အကြောင်းကြားခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ဆရာတော်က အဆိုပါ တပ်ဖွဲ့မှ ဗိုလ်မှူး အောင်ဆွေအားတိုင်ကြားခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဆွေမှ အဆိုပါ ပြဿနာအား ဖြေရှင်းပြီး သက်ဆိုင်သူ ဘိုအောင်ကို အရေးယူပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဖေါ်ပြသည်။

ဒုဗိုလ် ဘိုအောင်မှာ မကြာခဏ ကျေးရွာသားများထံမှ ဆက်ကြေးငွေ တောင်းခံလေ့ရှိပြီး မပေးနိုင်သူ ကျေးရွာသားများကို အမြဲတန်း နှိပ်စက် ညှဉ်းပမ်းမူများ ပြုလုပ်သူ ဖြစ်သည်ဟု သိရသည်။

ဒုဗိုလ် ဘိုအောင်သည် ဧပြီလ ၇ နေ့ကလည်း သူတောင်းသော ကြက်ကို မပေးနိုင်သူ ကျေးရွာသား တဦးကို သတိမေ့သွားအောင်ထိ အပြင်း အထန်ရိုက်ပုတ်ပြီး သေနတ်နှင့် ပစ်ခတ်ကြောင်း၊ သေနတ် မပေါက်သဖြင့် နောက်ထပ် ပစ္စတိုနှင့် ပစ်ခတ်ရန် ပြုလုပ်စဉ် ရွာသား တဦးကြက်ဖြင့် ရောက်လာသဖြင့် ဘိုအောင်မှ ကြက်ကို ယူပြီး ထိုနေရာမှ ထွက်ခွာ သွားကြောင်း အဆိုပါ သတင်းတွင် ဖေါ်ပြသည်။

၎င်းပြင် ခမရ ၂၃၂ သည် အဆိုပါ ဒေသတွင် ယခုအခါ နှင်းမိုင်းများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ထောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရခိုင်ကျေးရွာများ အများအပြား တည်ရှိရာ ရခိုင် အမျိုးသမီးများ အနေဖြင့် ရှေ့တန်းထိုင် နအဖ စစ်သားများ၏ အနှောင့်အယှက် လုပ်မူကို မကြာခဏ ခံနေကြပြီး လွန်ခဲ့သောနှစ် အနည်းငယ်ကလည်း ရခိုင်အမျိုးသမီး တဦးမှာ နအဖ စစ်သားများ၏ အုပ်စုလိုက် မုဒိမ်းကျင့်မူကို ခံရပြီး သေဆုံးသွားခဲ့သည်။

န၀တ စစ်အစိုးရ အာဏာ သိမ်းပြီးနောက်ပိုင်း ၁၉၉၀ ပတ်ဝန်းကျင်တွင် အဆိုပါ ပလက်ဝမြို့နယ် အတွင်းရှိ ရခိုင်ကျေးရွာများတွင် ဗမာ စစ်သားများက မီးပုံပွဲများ ပြုလုပ်၍ အရက်များ သောက်ကာ လင်ရှိ - လင်မရှိ အမျိုးသမီးများကို အတင်း ခေါ်ယူပြီး ညစဉ် ညတိုင်း မီးပုံပွဲ လုပ်ကာ စစ်သားများနှင့် ကခိုင်း သဖြင့် အနည်းဆုံး ရခိုင်ကျေးရွာ (၅) ရွာမှာ ပြိုပျက်သွားပြီး အိန္ဒိယ ဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ထိုကျေးရွာများမှာ ပုန်းညင်းဝ၊ စတင်ဝ၊ ပကာဝ၊ ငွေလက်ဝ စသည့် ရခိုင်ကျေးရွာ ၄ ရွာနှင့် တခြား ကျေးရွာ တရွာမှာ လောင်းကတူး မြုံကျေးရွာ ဖြစ်သည်။

ထိုစဉ်က ပုန်းညင်းဝရွာတွင် နေထိုင်ခဲ့သူ ကိုရဲလင်းအောင်က စစ်သားများ နိုင်ထက် စီးနှင်း ပြုလုပ်မူကို ယခုကဲ့သို့ ပြန်ပြောသည်။

“အဲဒီတုန်းက ကျွန်တော် အသက်ဟာ ၁၄ နှစ်ရှိပါတယ်။ ကျွန်တော်တို့ မိသားစုက အဲဒီတုန်းက အိန္ဒိယနဲ့ မြန်မာ နယ်စပ် ပုန်းညင်းဝ နေပါတယ်။ ကျွန်တော် အထက်က အသက် ၁၇ အရွယ် အစ်မ တဦးရှိပါတယ်။ ရွာသားတွေဟာ စစ်သားတွေ လာတော့မယ်ဆိုရင် ထင်းတွေ စုပုံ ထားရပါတယ်။ တအိမ်ထောင်က အရက် ၂ ပုလင်းနဲ့ ကြက်တကောင်စီ စုထားရပါတယ်။ အဲဒါတွေအားလုံးဟာ စစ်သားတွေ လာတဲ့အခါ သူတို့ ပျော်ပါးဖို့ စီစဉ်ပေးထားရတာ ဖြစ်ပါတယ်။ သူတို့လာတော့မယ် ဆိုရင် အသက် ၄၀ အောက် လင်ရှိ မိန်းမရော လင်မရှိတဲ့ အပျိုအရွယ် မိန်းမရော ရွာမှာ နေပေးရပါတယ်။ မနေရင် သူတို့က ပြောက်ကျားတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ စွပ်စွဲပြီး လူကြီးတွေကို ဖမ်းဆီး ရိုက်နှက် ပါတယ်။ စစ်သားတွေ ရွာကို ရောက်လာတဲ့ ညကျရင် ရွာသားတွေက ထင်းတွေနဲ့ မီးဖိုပေးရပြီး စစ်သားတွေက အရက်တွေ သောက်ပြီး ရွာက မိန်းမတွေနဲ့ မိုးအလင်း တွဲက ကြပါတယ်။ ကတဲ့ အခါမှာလည်း မဖွယ်မရာတွေ လုပ်ပါတယ်။ ရွာသားတွေ အကုန်လုံး လာပြီး မီးပုံပွဲမှာ လက်ခုတ် တီးပေးရပါတယ်။ စစ်သားတွေ ပြောတာကတော့ ဒေသ လူထု စည်းရုံးရေး အတွက် လုပ်တယ်လို့ ပြောပါတယ်။ တချို့ယောင်္ကျားတွေဟာ ကိုယ့်မိန်းမ စစ်သားတွေနဲ့ ကနေတာကို မမြင်ချင်ပေမယ့် လက်ခုတ်တီးပြီး အားပေးရပါတယ်။ မဟုတ်ရင် အသတ်ခံရနိုင်ပါတယ်။ ကျွန်တော် အစ်မလည်း စစ်သားတွေနဲ့ ကရပါတယ်။ တနေ့တော့ စစ်သားတွေ လာမယ် ဆိုတာကို သိတော့ ကျွန်တော် အစ်မက စစ်သားတွေနဲ့ မကချင်တာကြောင့် ကျွန်တော်ကို ခေါ်ပြီး တခြား အနီးအနားက ရွာ တရွာကို ထွက်ပြေးခဲ့ကြပါတယ်။ အဲသလို ထွက်ပြေးသွားတာကို သိတဲ့အတွက် စစ်သားတွေဟာ ကျွန်တော့် အဖေကို လက်ပြန်ကြိုး တုတ်ပီး အပြင်းအထန် ရိုက်နှက်ပါတယ်။ ဒဏ်ငွေလည်း တထောင် တပ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ မိသားစုတွေ အပါအ၀င် ရွာသားတွေ အကုန်လုံးဟာ အိန္ဒိယ ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲတွင် တည်ရှိသော်လည်း အဆိုပါ မြို့နယ်တွင် ရခိုင်ကျေးရွာ အများ အပြားတည်ရှိသည်။ အထူးသဖြင့် အိန္ဒိယ နယ်စပ် တလျှောက်တွင် တည်ရှိသော ရခိုင်ကျေးရွာများတွင် ယခုကဲ့သို့ နဖအ ဗမာ စစ်သားများ၏ နိုင်ထက်စီးနှင်း လုပ်မူကို အမျိုးသမီးများ အနေဖြင့် ခံနေကြရသည်ဟု သိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

NLDမှာ မကောင်းတဲ့လူ၊ သစ္စာဖောက်တွေရှိတာ ဒါအကုန်ဘဲလား

NNNNNNNNNNNNNNN[1]

အဆုံးထိဖတ်ရန်...

Constitution of Overseas National Students' Organization of Burma.

Constitution of Overseas National Students' Organization of Burma

အဆုံးထိဖတ်ရန်...

Thursday, May 6, 2010

ရန်ကုန်ဗုံး စွမ်းအားမြှင့်ကို စွပ်စွဲ၊ တဦးဖမ်းမိ

မဇ္ဈိမသတင်းဌာန ကြာသပတေးနေ့၊ မေလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၅ မိနစ် .

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်ရေကစားမဏ္ဍပ်ရှေ့ ဗုံးများဖောက်ခွဲသည်ဆိုသော သံသယဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးကို စစ်အစိုးရက ဖမ်းဆီးထားပြီး စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) လက်ချက်ဖြစ်သည်ဟု စွပ်စွဲလိုက်သည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နေ ကိုဖြိုးဝေအောင် (ခ) မိုဟာမက်ယှာဗန် အသက် ၃၁ နှစ်ကို ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တပတ်အကြာတွင် ဖမ်းမိခြင်းဖြစ်သည်ဟု နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၌ ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောဆိုသွားသည်။

ဧပြီလ ၁၅ ရက်နေ့က X20 သင်္ကြန်ရေကစားမဏ္ဍပ်ရှေ့တွင် လက်ပစ်ဗုံး၃ လုံးကို VBSW အဖွဲ့ဝင် ၃ဦးက ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ကိုဖြိုးဝေအောင်မှာ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ် စောင့်ကြည့်ပေးခဲ့သည်ဟု ရဲချုပ်ခင်ရီ က ပြောသည်။

ရဲ၏ထုတ်ပြန်ချက်တွင် သားသမီး ၂ ဦး ဖခင် ကိုဖြိုးဝေအောင်မှာ AGTI (EP)ဘွဲ့ရဖြစ်ပြီး ၂ဝဝ၉ ခုနှစ် နှောင်းပိုင်းတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ VBSW အဖွဲ့ထံ ၂ ကြိမ်သွားရောက်ပြီး ဖောက်ခွဲရေးသင်တန်း တက်ခဲ့သည်ဟု ပါရှိသည်။

၂ဝဝ၆ ခုနှစ်တွင် တောင်ဥက္ကလာပမြို့နယ် ဆာကူရာ ဆောက်လုပ်ရေးတွင် ကိုဖြိုးဝေအောင် အင်ဂျင်နီယာအဖြစ် ဝင်ရောက်လုပ်ကိုင်စဉ် စွမ်းအားမြှင့်အဖွဲ့မှ ကိုသူရဇော် (ခ) ကိုသီဟဇော်နှင့် ရင်းနှီးပြီး ကန်ထရိုက်လုပ်ငန်းများ ပူးတွဲလုပ်ကိုင်ခဲ့သည်ဟု ဆိုသည်သည်။

မပေါက်ကွဲသေးသော ဟန်းဖုန်းနှင့် ခွဲရသည့် ဗုံးတလုံးကို တွေရှိကြောင်းလည်း ရဲက ပြောသည်။

သို့သော် စွမ်းအားမြှင့်သာမကဘဲ အခြားသော ပြည်ပအခြေစိုက် လက်နက်ကိုင် အတိုက်အခံ အဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ပြောပြန်သည်။

” စွမ်းအားမြှင့်ရဲ့လူတွေက ခွဲသွားတာ၊ စွမ်းအားမြှင့်ဆရာက ABSDF ABSDF ရဲ့အုပ်ထိန်းသူက DAB၊ DAB ရဲ့ Godfather NCUB၊ NCUB ရဲ့ဥက္ကဌက KNU လို့ပြောတယ်” ဟု သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးက မဇ္ဈိမသို့ ပြောသည်။

သုံးလုံးဆက်တိုက်ပေါက်ကွဲမှုကြောင့် စစ်ဒေသမှူးအပါအဝင် လူ ၁ဝ ဦးသေဆုံးပြီး လူ ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း ကချင်ပြည်နယ်ရှိ အငြင်းပွားဖွယ်ရာ တရုတ်နိုင်ငံနှင့် ဖက်စပ် လုပ်ကိုင်နေသော ဆည်စီမံကိန်း၊ မူဆယ် ၁ဝ၅ မိုင်တို့တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်တွင်တော့ ရဲက သံသယရှိသူတဦး စစ်ဆေးနေစဉ် ဗုံးခွဲသတ်သေသွားသဖြင့် ရဲ ၄ ဦးပါ ဒဏ်ရာရသွားသည်။

ဗုံးပေါက်ကွဲသော မြင်ကွင်းများကို ဓာတ်ပုံရိုက်ခဲ့သူ ဓာတ်ပုံသတင်းထောက် ဦးဇေယျနှင့် သူ၏သားဖြစ်သူ ကိုစည်သူဇေယျတို့ကို ဗုံးကွဲမှုနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် စစ်ဆေးနေကြောင်းနှင့် မပတ်သက်လျှင် လွှတ်ပေးမည်ဖြစ်ကြောင်း ရဲချုပ်ခင်ရီက ပြောသွားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြစ်ဆုံ ဆည်စီမံကိန်း ဗုံးပေါက်ကွဲမှုတွင် တွေ့ရသော ဗုံးများမှာ စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းရေး အဆိုပြုချက်ကို လက်မခံသော အပစ်ရပ် ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ပိုင် ဗုံးများနှင့် တူသည်ဟု ပြောကြားသွားသည်။
Copy from www.mizzimaburmese.com

အဆုံးထိဖတ်ရန်...

Wednesday, May 5, 2010

ထပ်ပေါက်ပြန်ပြီ “ ဗုံး ”

မြစ်ကြီးနားတွင် လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲ လူထိခိုက်မှု မရှိ
Wednesday, 05 May 2010 17:34 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်းသီတာရပ်ကွက်ရှိ ခရီးသည်တင် အဝေးပြေးကားကြီးဝန်း ဂိတ်အရှေ့ဘက်တွင် မေလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က လမ်းဘေးထောင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
အဆိုပါ ခရီးသည်တင် ကားကြီးဝန်းအရှေ့ဘက် လမ်းဘေးထောင်ထားသော ဗုံး ၂ လုံးကို ကားတစ်စီးက တက်နင်းမိ၍ ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း သူက ဆိုသည်။

“မြစ်ကြီးနားခရီးသည်တင် ကားကြီးဝန်းဂိတ်ဝရှေ့မှာပေါ့ နေ့လည် ၁၁ နာရီလောက်က ဗုံး ၂လုံးကွဲတယ် နင်းမိုင်းပေါ့ ကား တွေနင်းတယ် ကားလည်းအထိအခိုက်မရှိဘူး လူတွေလည်းအထိအခိုက်မရှိဘူး အထိအခိုက်မရှိဘူးဆိုတော့ သိပ်ပြင်းပုံ တော့ မရဘူး ” ဟု သူက ဆိုသည်။

ယခုဗုံးကွဲပြီး နောက်ပိုင်း မြစ်ကြီးနားတွင် လုံခြုံရေးတင်းကြပ်ထားပြီး လတ်တလော ဗုံးလက်သည် တရားခံဖမ်းဆီးရမိမှု မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်လ ၁၇ ရက်နေ့က မြစ်ဆုံဒေသ ရေကာတာစီမံကိန်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့ရာ ယခုပေါက်ကွဲမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှန်းတွင် ဧပြီလမှစ၍ ဗုံးပေါက်ကွဲမှု အနည်းဆုံး ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃ ဦးခန့်သေဆုံး၍ ၂၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးများ ဖေါက်ခွဲသည့် လက်သည်တရားခံများ ဖေါ်ထုတ်ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ နအဖစစ်အစိုးရ က ယနေ့ အထိ ထုတ်ပြန်ကြေငြာခြင်းမရှိပဲ မြစ်ဆုံဗုံးကွဲမှုတွင် အနီးနားရှိ ဒေသခံအရပ်သားများကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် ပြည်ပအခြေဆိုက် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအား ဗုံးဖေါက်ခွဲသည့် တရားခံအဖြစ် အထောက် အထားမပြပဲ ပြောဆိုစွပ်စွဲလေ့ရှိသည်။
Copy from www.mongloi.org

အဆုံးထိဖတ်ရန်...

Tuesday, May 4, 2010

မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ

မင်္ဂလာဆောင် အသွင်းကြေးကို မပေးဆပ်နိုင်၍ ဘင်္ဂလီ အမျိုးသမီး ၂၂ ဦး ဧပြီ တလတည်းတွင် သတ်ဖြတ်ခံရ
5/4/2010
(ထွန်းထွန်း) ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အိမ်ထောင်ပြုစဉ် အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်း ကြေးငွေများကို လင်ယောင်္ကျား ဖြစ်သူများထံ အကျေအလည် မပေးဆပ်နိုင်သဖြင့် ဧပြီလ တလအတွင်း အမျိုးသမီး ၂၂ ဦးကို ယောင်္ကျားဖြစ်သူများက သတ်ဖြတ်ပစ်ခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်သော Bangladesh Society for the Enforcement of Human Right က ယမန်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် အဆိုပါ အမျိုးသမီး ၂၂ ဦးမှာ လင်ယောင်္ကျားများကို အသွင်ကြေးငွေ အကျေအလည် မပေးနိုင်သဖြင့် ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ဖေါ်ပြသည်။ ကျန် အမျိုးသမီး ၆ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရရှိသွားကြောင်း အစီရင်ခံစာက ဆိုသည်။

ဧပြီ တလတည်း အတွင်း တခြားအိမ်တွင်း အကြမ်းဖက်မူများ အပါအ၀င် အသွင်းကြေး မပေးနိုင်၍ ဘင်္ဂလာဒေခ်ျ့တွင် အသတ်ခံရသူ စုစုပေါင်း အမျိုးသမီး ၂၅ ဦးထိ ရှိခဲ့ပြီး ၁၉ ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖေါ်ပြသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ ရိုးရာ ဓလေ့ ထုံးစံအရ အိမ်ထောင်ပြုရာတွင် အမျိုးသားများကို အမျိုးသမီးများက တင်တောင်းရပြီး ထိုသို့ တင်တောင်းစဉ် မင်္ဂလာ ခန်းဝင် ပစ္စည်းများ အပါအ၀င် တအိုးတအိမ်ထောင်ဖြင့် လုပ်ကိုင် စားသောက်ရန်အတွက် သိန်းနှင့် ချီသော ငွေကြးများကိုလည်း အမျိုးသမီး မိဘများဘက်က အမျိုးသားဘက်သို့ ပေးဆောင်ရသည်။

အိမ်ထောင်ပြုပြီး အမျိုးသမီးများဘက်က ပေးဆောင်ရမည့် အသွင်းကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သဖြင့် လင်ယောင်္ကျားများက အမျိုးသမီးများကို မကြာခဏ သတ်ဖြတ်မူများ ရှိသည်။

နိရဉ္စရာမှ ဘင်္ဂလီ အမျိုးသမီး တဦးအား အိမ်ထောင်ပြုပုံ စနစ်အား မေးကြည့်ရာ သူမက ယခုကဲ့သို့ ပြောသည်။

“အမျိုးသမီး တယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင် ကိုယ်လက်ထပ်မယ့် ယောက်ျားကို ဆင်းရဲချမ်းသာ၊ ပညာတတ် မတတ်အပေါ်မှာ မူတည်ပြီး ငွေကြေး အမြောက်အမြားနဲ့ တင်တောင်း ရပါတယ်။ ချမ်းသာပီး ပညာတတ်ဆိုရင် အဲဒီ ယောက်ျားကို အနည်းဆုံး တာကာငွေ သိန်းဆယ်နဲ့ ချီပီး ပေးရပါတယ်။ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းမှာ ကျတော့ အနည်းဆုံး တာကာ ၃ သောင်းကနေ ၇ သောင်း အထက်ပေးကြရပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးတွေ အဘက်ဘက်က အနှိမ်ခံနေရသလို ဖြစ်နေပါတယ်” ဟု ပြောသည်။

သို့သော်လည်း ယခုခေတ် လူငယ်များ အနေဖြင့် အိမ်ထောင်ပြုလျှင် အမျိုးသမီးများဘက်က ငွေကြေး အမြောက်အများဖြင့် ယောင်္ကျားဘက်ကို တင်တောင်းရသည့် စနစ်ကို ဆန့်ကျင် လာကြသော်လည်း ရှေ့ရိုးစွဲ ၀ါဒီများနှင့် ငွေကြေးတပ်မက်သူများက ယခုထက်တိုင် အသုံး ပြုနေကြသည်ဟု သူမက ပြောသည်။

တချို့ဆင်းရဲသော မိဘများ အနေဖြင့် သမီးမိန်းခလေး မွေးလာလျှင် အိမ်ထောင်ပြုသောအခါ ဒေ၀ါရီခေါ် ယောင်္ကျားဖြစ်သူအား အသွင်ငွေ အမြောက်အများ ပေးဆောင်ရမည်ကို သိသဖြင့် သတ်ဖြတ်ပစ်မူများပင် ရှိကြောင်း သိရသည်။

အဆိုပါ စနစ်ကို ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် လူ့အခွင့်အရေး အဖွဲ့များမှ ပြင်းပြင်းထန်ထန် ဆန့်ကျင် တိုက်ဖျက်နေသော်လည်း ဘင်္ဂလီ လူအဖွဲ့အစည်းကြားတွင် ထိုစနစ်မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေသဖြင့် ယခုအချိန်ထိ တိုက်ဖျက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆုံးထိဖတ်ရန်...

Monday, May 3, 2010

လက်နက်ကိုင်ထားရင်တော့ တိုက်ရမှာဘဲ

ကေအန်အယ်လ်အေကို နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်
ရဲရင့်/ ၃ မေ ၂ဝ၁ဝ


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီအချိန်အတွင်း နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင်တပ်မှူးတဦးက ပြောသည်။

တပ်ရင်း (၂၀၁) မှ တပ်ရင်းအရာခံဗိုလ် ဗိုလ်ကြီးစောထိခုက “မနေ့တနေ့က ကျနော်တို့တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅) တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျားလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်းကို ထပ်တိုက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်၊ မကြာခင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ဖို့ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ခမရ (၄၀၅) အပါအ၀င် နအဖတပ်များ၏ထိုးစစ်ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် မိမိတို့တပ်များကိုလည်း တပ်လှန့်ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁) နှင့် နအဖတပ် ခမရ (၄၀၅) တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ အရာရှိတဦးက “နအဖက တပ်တွေတိုးချထားတယ်။ ဒီခွင်မှာက ကေအန်အယ်လ်အေတပ်တွေ အပြင် နအဖရဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကို လက်မခံတဲ့ ဒီကေဘီအေက တပ်တချို့ရှိတယ်။ အဲဒီတပ်တွေကလည်း နအဖကို ရင်ဆိုင်ဖို့ စစ်ရေးပြင်တာတွေရှိတယ်။ ဒီခွင်မှာက အချိန်မရွေး စစ်ဖြစ်မယ့် အနေအထားရှိတယ်” ဟု ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံးဒုက္ခသည် (၁) သောင်းခန့် ထိုင်းဘက်သို့ ရောက်လာနိုင်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူသားချင်းစာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။

အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေးဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချလှုပ်ရှားကြသည်။
Copy from www.khitpyaing.org

အဆုံးထိဖတ်ရန်...

တိုင်းမှူးကတော်၏ ” ဥ ” ပြဿနာ

တိုင်းမှူးကတော်မှာယူသော သဇင်ဥ ရရှိရေး ဒေသခံရွာသားများ အတင်း အဓမ္မ စေခိုင်း ခံနေရ
5/3/2010


(ထွန်းထွန်း) အနောက်ပိုင်း တိုင်းမှူးကတော် မှာယူသော ရှားပါး သဇင်ဥများကို ဒေသခံ စစ်တပ်များမှ ကျေးရွာသားများကို အတင်း အဓမ္မ ရှာဖွေပြီး စစ်တပ်သို့ ပို့ဆောင်ခိုင်းနေသည်ဟု ကျေးရွာသားများက ပြောသည်။

“အနောက်ပိုင်းတိုင်း တိုင်းမှူးကတော် ဒေါ်မြမြစံက ရှားပါး သဇင်ဥ ပိသာ ၂၀ ကို ပို့ပေးရမယ်ဆိုပြီး ပလက်ဝမြို့နယ် အခြေစိုက် တပ်ရင်း တပ်ဖွဲ့တွေကို အမိန့်ပေးထားတဲ့အတွက် စစ်တပ်တွေက ကျေးရွာသားတွေကို ရွာအလိုက် သဇင်ဥတွေ ပေးသွင်းရမယ်ဆိုပီး အမိန့်ပေးထားပါတယ်။ အခုအခါ ကျေးရွာတွေအလိုက် ရှားပါး သဇင်ဥ တွေကို တောအနှံ့တောင်အနှံ့ လိုက်ရှာနေကြရပါတယ်။”

အဆိုပါ ခိုင်းစေမှုကို ပလက်ဝ အခြေစိုက် စစ်ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များမှ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“အခု သဇင်ဥ ရှာပုံတော် ဖွင့်နေရတဲ့ ကျေးရွာသားတွေကတော့ ပလက်ဝမြို့နယ်က တရွိုင်အိုင်၊ မီးလက်ဝ၊ သဲမ၀၊ စက်ပစ်ပြင်၊ မီးချောင်း၊ အုပ်သလင်းဝ၊ ဒလက်မေနှင့် အခြားကျေးရွာတွေက ဖြစ်ပါ တယ်။ စေခိုင်းနေတဲ့ တပ်ရင်းတွေက ခမရ ၂၈၉ တပ်ရင်း၊ များမကြာခင်ကမှ ရှေ့တန်း လှုပ်ရှား စစ်ကြောင်း အဖြစ် ရောက်ရှိလာတဲ့ ခမ ရ ၂၃၄ နဲ့ ကျောက်ဖြူ အခြေစိုက် ၃၄ တပ်ရင်းတို့ ဖြစ်ကြပါတယ်။”

တပ်ရင်း တရင်းကို ၇ ပိသာစီ ပေးရသွင်းမည်ဟု တိုင်းမှူးကတော်မှ မှာယူထားသဖြင့် တပ်ရင်းမှူးများ အနေဖြင့် သဇင်ဥ ရရှိရေးကို အထူး ဦးစားပေး လုပ်ငန်း အဖြစ် ဆောင်ရွက်နေကြသည်ဟု သိရသည်။

၎င်းပြင် အဆိုပါ ဒေသမှ ရောက်ရှိလာသူ ကိုညီညီနိုင်ကလည်း သဇင်ဥ ရှာဖွေရန် ကျေးရွာသားများကို အတင်း အဓမ္မ စေခိုင်းနေခြင်းကို အတည်ပြု ပြောကြားပြီး မပေးသွင်းနိုင်သည့် ကျေးရွာများ အနေဖြင့် ဒဏ်ငွေ ပေးဆောင်ရမည်ဟု ပြောသည်။

“ဒီနှစ် ဇန္န၀ါရီလ ပထမအပတ် ကတည်းက စစ်တပ်တွေကို သဇင်ဥ ပိသာ ၂၀ စီ ပို့ပေးရမယ်ဆိုပီး အနောက်ပိုင်းတိုင်းက ခိုင်းထားတယ်လို့ သိရပါတယ်။ သဇင်ဥက မြင်တဲ့ နေရာမှာ ပေါက်ရောက်တာ မဟုတ်တော့ စစ်သားတွေက ရှာဖွေလို့ မရနိုင်ဘူး။ သူတို့ ရှာဖွေလို့ မရတော့ ကျေးရွာ တိုင်းက ဥက္ကဌတွေကို ခေါ်ပီး တရွာကိုသဇင်ဥ အနည်းဆုံး ၅ ပိသာ ရှာပေးရမယ်။ ရှာမပေးနိုင်တဲ့ ရွာကို ကျပ်ငွေ ၅၀၀၀၀ ဒဏ်တပ်မယ်ဆိုပီး စစ်တပ်က ပြောထားတယ်လို့ သိရပါတယ်။”

ဒေသခံစစ်တပ်၏ အမိန့်ကိုမဖီဆန်နိုင်သောကြောင့် ကျေးရွာသားများမှာ သဇင်ဥရရှိရေးအတွက် တတောင်တက် တတောင်ဆင်း တတောဝင် တတောထွက်ဖြင့် နေ့ရောညပါ သဇင်ဥများကို ရှာဖွေနေကြရသည်ဟု သိရသည်။

အဆိုပါ သဇင်ဥများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးရန် အတွက် တိုင်းမှူးကတော်မှ မှာယူခြင်း ဖြစ်ကြောင်း သိရှိရသည်။
Copy from www.narinjara.com

အဆုံးထိဖတ်ရန်...

Sunday, May 2, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖွဲ့စည်းပုံ

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဖွဲ့စည်းပုံ



ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ တံဆိပ်/ အလံ/ ဆောင်ပုဒ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ တံဆိပ်သည် အောက်ပါအတိုင်းဖြစ်သည်-

- အစိမ်းခံစတုခံ (အလျား ၂လက်မ၊ အနံ ၃လက်မ) တွင် အနီခံဒိုင်းပါရှိပြီး ဒိုင်း၏ ဘေးပတ်လည်၌ ရွှေဝါရောင် သပြေရွက်များ ပါရှိသည်။

- ဒိုင်းအတွင်း၌ ခြင်္သေ့ထိုင်နေပုံကို မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရေးထိုးထားပါသည်။

- ဒိုင်းပုံ၏ ထိပ်တည့်တည့်တွင် အဖြူရောင် ကြယ်တစ်လုံးပါရှိသည်။

- ဒိုင်းပုံ၏အောက်ဘက် အစိမ်းရောင်ထဲတွင် အသင်း၏ ဆောင်ပုဒ်ဖြစ်သော (စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး) ကို အဖြူရောင်ဖြင့် ရေးသားထားပါသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ အလံ



ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ အလံသည် အောက်ပါအတိုင်းဖြစ်သည်-

- အလံ၏ အရွယ်အစားမှာ အလျား ၁၀ပေ အနံ ၆ပေရှိသော အစိမ်းရောင်တွင် လက်ဝဲဘက် အပေါ်ထောင့်၌ အနီရောင် အခန်းရှိသည်။ ထိုအခန်း၏ အရွယ်မှာ အလျား ၄ပေ၊ အနံ ၃ပေဖြစ်သည်။

- ထိုအနီရောင်အခန်း၏ အလယ်တည့်တည့်တွင် အမြင့် ၁ပေ၊ ၈လက်မရှိသော ငါးထောင့်ကြယ်ဖြူတစ်လုံးရှိသည်။
အစိမ်းရောင်၏ သဘောမှာ အေးချမ်းသာယာခြင်းဖြစ်သည်။

- အနီရောင်၏ သဘောမှာ ရဲစွမ်းသတ္တိ ရှိခြင်းဖြစ်သည်။

- ကြယ်ဖြူတစ်လုံး၏ သဘောမှာ တစ်လုံးတစ်စည်းတည်းရှိသော ပြည်ထောင်စုနိုင်ငံတော်ဖြစ်ခြင်း၊ ကြယ်တို့၏ ဂုဏ်ထူးဝိသေသဖြစ်သော ကိုယ်ပိုင်အလင်းရှိခြင်း၊ မိမိခရီးလမ်းကို ဖြောင့်တန်းစွာ သွားလေ့ရှိခြင်းတို့ ဖြစ်ပါသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ဆောင်ပုဒ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ၏ ဆောင်ပုဒ်သည် အောက်ပါအတိုင်းဖြစ်သည်-

စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး

[ ဟံသာဝတီ သတင်းဌာန အနေဖြင့် ဤ သတင်း ကို ထောက်ခံခြင်း ၊ မထောက်ခံခြင်း ကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခ္ခဏာ ဖြစ်စေ၊ အနုတ် လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင် တစ်ခု ဆောင်နေပါက စာဖတ် ပရိတ် သတ်များ သတိ ပြုမိ စေလို ၍ ဖော်ပြ ပေးခြင်းသာ ဖြစ်ပါသည်။ ]
၁ . ၅ . ၂၀၁၀
Copy from http://www.hanthawaddy.org/

အဆုံးထိဖတ်ရန်...

Saturday, May 1, 2010

ခွဲပြီးရင်း ခွဲနေတဲ့ဗုံးတွေ

ပဲခူးတိုင်း ကျောက်တံခါးမှာ ဗုံးပေါက်ကွဲ
01 May 2010

ပဲခူးတိုင်း ကျောက်တံခါးမြို့ပေါ်က စက်မှုလယ်ယာဝင်းထဲမှာ သောကြာနေ့ညတုန်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ အခုချိန်ထိ လူအသေအပျောက် မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ နေရာအနှံ့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာတွေထဲက ဒါဟာ နောက်ဆုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကျောက်တံခါး မြို့နယ် စက်မှုလယ်ယာဝင်းအတွင်း သောကြာနေ့ည ၁၀ နာရီလောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အကြောင်း မြို့ခံတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"မနေ့က ၃၀ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ ကျောက်တံခါးမြို့ရဲ့ မြောက်ဘက် အမှတ် (၇၀) စက်မှုလယ်ယာပေါ့။ စက်မှုလယ်ယာ ဆိုတာ လယ်ထွန်စက်စခန်းပါ။ အဲဒီစက်မှုလယ်ယာဝင်းထဲမှာ ရှိတဲ့ လယ်ထွန်စက်ကြီးအောက်မှာ ထောင်ထားတဲ့ ဗုံးကွဲတာ။ ၁၀ နာရီခွဲမှာ ကွဲတယ်။ ကွဲတော့ အချိန်က လူသွားလူလာလည်း မရှိတော့ဘူးလေ။ နောက်ပြီးတော့ ဒီဝင်းထဲမှာ စက်တွေပဲထားတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ဒီစက်ကြီးနဲ့ အပေါ်က အမိုးနဲ့တော့ ပျက်စီးသွားတာပေါ့။ အဲဒါပြီးတော့မှ နောက် အချိန်အတော်လေး ကြာပြီးသွားတော့ ခုနကဖြစ်သွားတဲ့နေရာနဲ့ ကိုက် ၇၀ ၀န်းကျင်လောက်မှာ မြေပြင်ပေါ်မှာပဲ နောက်တလုံး ထပ်ကွဲတယ်။ အဲဒါလည်း လူ အထိအခိုက်တော့ မရှိဘူးပေါ့ဗျာ။ ပေါက်ကွဲမှုဖြစ်သွားတဲ့ အနေအထားကိုပဲ သိရသေးတယ်လေ။ ကျန်တာကတော့ဗျာ ခေါ်ယူစစ်ဆေး မေးမြန်းမှုတို့ကတော့ အခုချိန်အထိတော့ မကြားသေးဘူးခင်ဗျ။"

အခုချိန်ထိတော့ ဒီပေါက်ကွဲမှုကြောင့် အသေအပျောက် ရှိတယ်လို့ မကြားရသေးဘူးလို့ ဆိုပါတယ်။ ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှုတွေ အနှံ့အပြား ဖြစ်ပေါ်နေတာမို့ လူထုအကြား ထင်ယောင်ထင်မှား ပြောဆိုမှုတွေ ကလည်း အမျိုးမျိုး ထွက်ပေါ်နေတယ်လို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြပါတယ်။

"ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ စဉ်စားကြည့်တာက ဒီအချိန်မှာ ကျနော်တို့က သတင်းဌာနတွေကလည်း ကြားနေရတယ်ဗျ။ အဲဒီလို ဗုံးကွဲတာတွေ ကြားနေရတယ်။ အချိန်ကလည်း တိုက်ဆိုင်နေတယ်လေ။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ဖို့ကြိုးစားနေတဲ့အချိန်၊ နောက်တခုက သောင်းကျန်းသူတွေနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့လည်း နယ်ခြားစောင့်တပ်ဖွဲ့ ညှိနှိုင်းမှုမရတဲ့အချိန် တင်းမာနေတဲ့အချိန်ပေါ့နော်။ ဒီလို အချိန်မျိုးတွေမှာ အခုလို ဒီနယ်ဘက်ပေါ့နော်။ ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါးနယ်ဘက်မှာ ဗုံးကွဲတယ်ဆိုတော့ ဒီနယ်ဘက်က လူတွေကတော့ စိုးရိမ်တာပေါ့။ နောက်တခုက ဒီလို ဗုံးကွဲတယ်ဆိုရင် နီးစပ်ရာလူတွေကို ခေါ်ပြီးတော့ စစ်ဆေးတာတို့ ကလည်း ရှိတော့ မဆိုင်သူတွေအနေနဲ့လည်း စိတ်ညစ်ရတာပေါ့ဗျာ။"

အထူးသဖြင့်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ စစ်အစိုးရက ထုတ်ပြန်ပြီးနောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အကြတ်နေ့တုန်းက ရန်ကုန် ကန်တော်ကြီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာတော့ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ စစ်အစိုးရက တရားဝင် ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဒီပေါက်ကွဲမှုဟာ လူ အသေအပျောက် အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့က ရဲစခန်းအတွင်းမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Copy from www.voanews.com

အဆုံးထိဖတ်ရန်...