Pages

Thursday, February 25, 2010

အတ္တကိုယ်ကျိုးစီးပွါးအတွက် ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ဦးသုဝေပါတီ အကွဲအပြဲဇာတ်လမ်းစပြီ

သံတော်ဆင့်မှ ထပ်မံသတင်းပေးပို့ချက်။ ဦးရဲထွန်းက သူ့ရဲ့ ဒီမိုကရက်တစ်ပါတီကနေ ဦးသုဝေကို ထုတ်ပစ်ဖို့ ဒေါ်သန်းသန်းနုနဲ့ တိုင်ပင်ပြီး အားလုံးစီစဉ်နေပါပြီ။ ဒါတွေကို ယခု ဦးသုဝေ ထိုင်းနိုင်ငံကို ရောက်နေစဉ်မှာ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ ပါတီရဲ့ အစည်းအဝေးမှတ်တမ်းများကို ထောက်လှမ်းရေးကို ရုပ်ပျက်လောက်အောင် အမြဲဆက်သ တင်ပြနေရပါတယ်။ ပါတီနဲ့ ပတ်သက်လို့ တစ်ရက်တစ်ရက် စားစရိတ် သောက်စရိတ်တွေ တင်ပြ သုံးစွဲပြီး တစ်ဘက်ကလည်း ထောက်လှမ်းရေးကို သတင်းပို့ ပိုက်ဆံယူ လုပ်နေသူများ ပြည့်နှက်နေတဲ့အတွက် ဦးရဲထွန်းက စိတ်ပျက်လာတယ်လို့ အကြောင်းပြပါတယ်။ ဒါကြောင့် ဥိးရဲထွန်းကို ပိုက်ဆံထုတ်ပေးနေသူ နောက်ကွယ်က ကျူံယွမ် ကျော်မြင့်တို့ကလည်း စိတ်ပျက်လာကြတယ်လို့ သံတော်ဆင့် ကို ပြောပါတယ်။ အခု အချိန်အထိ စုစုပေါင်း သုံးစွဲငွေ ကျပ်သိန်း ရှစ်ဆယ်ကျော်ပြီ ဖြစ်ပြီး ပါတီ ရုံးခန်း နောက်ထပ်တစ်ခန်းပြောင်းငှားရဖို့ ငွေလိုနေသေးကြောင်းသိရပါတယ်။ ဦးသုဝေအတွက် တယ်လီဖုန်း ၀ယ်ပေးရတာတင် ကျပ်သိန်းနှစ်ဆယ် ရှိနေပြီး အခြား ထောက်ပံ့ရမှုများလည်းရှိနေရတယ်လို့ ဆိုပါတယ်။ မတ်လမှာ ဦးရဲထွန်းက စင်ကာပူနိုင်ငံကို ဆေးစစ်ဖို့ အကြောင်းပြချက်နဲ့ လစ်ထွက်လာပြီး ကျူံယွမ်း ကျော်မြင့်တို့ အုပ်စုကို ရငွေ-သုံးငွေများကို စာရင်းရှင်းလင်းတင်ပြရမှာဖြစ်ပါတယ်။ ဦးသုဝေကလည်း ဒီအစီအစဉ်တွေကို ကြိုတင်သိမြင်လို့ ပါတီ အသစ်တစ်ခု ထောင်နိုင်ရေးအတွက် လိုအပ်သော ငွေကြေးထောက်ပံ့မှုများ ရှာဖွေရန် အတွက် ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ။ ဦးသုဝေ နဲ့ ရင်းနှီးသူ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း စစ်ထောက်လှမ်းရေးနဲ့ တိုင်ပင်ဖွဲ့စည်းထားတဲ့ ဦးအေးလွင်၊ ဦးသိန်းတင်အောင်၊ ဦးဖြိုးမင်းသိန်း တို့နဲ့ ပါတီ သီးသန့် ထောင်ဖို့ စီစဉ်ပြီးပါပြီ။ သူတို့အုပ်စုရဲ့ ရန်ကုန်မြို့က ၊ ကရ၀ိတ် ဟိုတယ်မှာ ပြုလုပ်တဲ့ ဟောပြောပွဲ အကြောင်းကို န-အ-ဖ သတင်းစာတွေက ဆောင်းပါးရေးပြီး ချီးမွမ်းထားပါတယ်။

ရွှေဝါရောင်သတင်းလွှာ www.saffrontoward.blogpost.com မှ ကူးယူဖော်ပြပါသည်။

အဆုံးထိဖတ်ရန်...

ကျမကိုကယ်ကြပါရှင့်

မြန်မာအမျိုးသမီးသမဂ္ဂနှင့် နိုင်ငံရေးလုပ်သူများရှင့်

ကျမဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့“မွှေး”ထမင်းဆိုင်မှာအလုပ်လုပ်နေတဲ့မိန်းကလေးတဦးပါ၇ှင့်
ကျမရှက်လွန်းလို့ ကျမနာမည်ကိုတော့မပြောပါ၇စေနဲ့၇ှင်။
ကျမအလုပ်လုပ်တဲ့ထမင်းဆိုင်ကို ဦးလေးကြီးတယောက်လာလာနေပါတယ်။
ကျမက ဦးလေးကြီးဘာစားမလဲလို့မေးတိုင်း ၇ှူတည်တည်ကြီးနဲ့ကြည့်ပါတယ်။
သူ့ကို အကိုကြီးမခေါ်မချင်းထိုင်နေရာကမထနိုင်ဘူး။ ပိုက်ဆံလည်းမပေးနိုင်ဘူးလို့ပြောပါတယ်၇ှင့်။
ကျမ က ဦးလေးကြီးကဘယ်သူလဲလို့မေးပါတယ်၊ “ငါ ဦးကျော်ငြိမ်းရဲ့သား ဘာမှတ်လဲ။
နင် ငါ့ကိုအကိုကြီးမခေါ်မချင်းပိုက်ဆံမပေးဘူး” လို့ပြောပါတယ်။
ကျမရဲ့ထမင်းဆိုင်ပိုင်ရှင်က သူမြန်မြန်ပြန်အောင်လို့ အကိုကြီးခေါ်ပေးလိုက်ပါလို့ကျမကိုတောင်းဆိုပါတယ်။
တနေ့လည်းမဟုတ်။ တလလည်းမဟုတ်။လာလာပြီး ကျမကို၇ှူတည်တည်ကြီးကြည့်ပါတယ်။
ဏှာဘူးထနေတဲ့ရုပ်ကြီးကိုတွေးသာကြည့်ပေးပါ၇ှင်။
သူ့ကိုယူရင်၊ ထမင်းဆိုင်မှာအလုပ်လုပ်ဖို့မလိုတော့ဘူးဆိုပြီး ကျမကိုသားပြောမယားပြောပြောပါတယ်၇ှင်။
“နွားအိုမြက်နုကြိုက်တယ်” ဆိုတဲ့စကားပုံကိုကြားဘူးပါတယ်။
ဒါပေမဲ့ ဗိုလ်ဗိုလ်ကျော်ငြိမ်းဆိုတဲ့ အသက်ကြီးကြီး၇ုပ်ဆိုးဆိုးကြီးကတော့

လောက်စလုံးမှန်ပြီး ချီးတွင်းထဲ ပြုတ်ကျခဲ့တဲ့ လင်းတကြီး လိုဖြစ်နေပါတယ်။ ကျမအ၇မ်းကိုသေချင်တာပါပဲ။
၇ုပ်ကြီးကခံစားလို့မ၇အောင်ဆိုးတဲ့အပြင်။လူအိုစော်လည်းအ၇မ်းနံပါတယ်။
ကျမကိုကယ်ကြပါ၇ှင့်။ မိန်းကလေးအခွင့်အရေးကိုချိုးဖောက်တဲ့။ သေခါနီးမှ၇ိက္ခာယူချင်တဲ့
လင်းတအိုကြီးကိုအေ၇းယူပေးကြပါ။ မြန်မာအမျိုးသမီးသမဂ ကို အားကိုးပါတယ်၇ှင်။
ကျမတို့လိုနိုင်ငံ၇ပ်ခြားမှာလာအလုပ်လုပ်ကြတဲ့သူတွေကိုကယ်ပါနော်။

မွှေးထမင်းဆိုင်မှမိန်းကလေး
ချင်းမိုင်
ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှိနေသူများအနေဖြင့် အမှန်တရားကိုဖော်ထုတ်ဖို့ မိမိကိုယ်တိုင်သွားရောက်ပြီး မေးမြန်းစုံစမ်းသင့်ပါသည်။

အဆုံးထိဖတ်ရန်...

Tuesday, February 23, 2010

မြန်မာကျောင်းသားတပ်မတော်မှ ဒါဏ်ရာရ၊ ကျဆုံး၊ သေဆုံး ရဲဘော်များစာရင်း

ဤစာရင်းဇယားများတွင် မပါဝင်ဘဲ ကျန်ရှိနေသောရဲဘော်များ၏ စာရင်းများကို www.absdf8888.org သို့ တာဝန်သိ ရဲဘော်များအနေဖြင့် ဆက်လက်ပြီးတော့ပေးပို့စေလိုပါသည်။ www.absdf8888.org မှတဆင့် ကူးယူဖော်ပြပါသည်။
Wounded
dia
Death

အဆုံးထိဖတ်ရန်...

Saturday, February 20, 2010

အလုပ်သမားတွေရဲ့ ထုတ်ပြန်ကြေညာချက်တော့ ထွက်လာပါပြီ

Strike+ +Burmese
Strike+ +English

အဆုံးထိဖတ်ရန်...

” ကျမတို့မှာခေါင်းဆောင်မရှိဘူး ..... ရှင်တို့မှာခေါင်းမရှိဘူး ”



” ကျမတို့မှာခေါင်းဆောင်မရှိဘူး ..... ရှင်တို့မှာခေါင်းမရှိဘူး ”
(ရွက်သစ်)

ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
‘ဘယ်ကောင်လဲ စပါတာကပ်’ လို့ မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ၊ ဒီမှာပဲ ဆိုပြီး
ရင်ကော့ဖြေခဲ့ကြတယ် ...
ငါ့ငယ်အိမ်မက်ထဲက သူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ် ...။

အခုအရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ ...
ဒါပေမယ့်
စပါတန်တွေလို ယောင်္ကျားတွေ မဟုတ်ဘူး
စပါတန်တွေလို လက်နက်တွေ ကိုင်တိုက်ခဲ့သူတွေ မဟုတ်ဘူး
သူတို့ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နုတ်ဖျားက သံမဏိသွားလို လက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ......
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .......”

ဟုတ်ပါရဲ့
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။

သြော် ... လှိုင်သာယာ ... လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့၊ မယာခဲ့နေရာ။

လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့ နေရာ ...
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ …။

ဒါပေမယ့် ကျမတို့ ရိုးသားခဲ့တယ်
ကျမတို့ သစ္စာမြဲခဲ့တယ်
ကျမတို့ သည်းခံခဲ့တယ် …။

ကျမတို့ နိုင်တဲ့ဝန်
ကျမတို့ စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ် …။

ကျမတို့အားလုံး
လှိုင်သာယာမှာ ပျော်အောင်နေခဲ့ပါတယ် …။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို …
ကြွားအောင်နေဖို့လည်းဝေး ... ဝေးလွန်းခဲ့ပါတယ်…။

အဖေ ရှာမလောက်တာကို အမေ ဝင်ကူထောက်ပြီး
မောင်နဲ့ နှမတတွေ
တခွန်တအား စီးဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ ...။

တနေ့ ၅၀၀-၁၀၀၀ ကနေ
တလ ၂၅၀၀၀-၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ ...။

ကျမတို့ရဲ့ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်၊ ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ် တကားကားစီလို့
ကျမတို့ဆီ ရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများ ခြားထားသလိုလို
ကျမတို့များ လက်နက်ဆွဲကိုင် တော်လှန်နိုင်သလိုလို
ကျမတို့များ ဒေါင်းအလံလွှင့် သူတို့ကို တော်လှန်တတ်သလိုလို
ကျမတို့များ သူတို့အကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို ...။

ကျမတို့ စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေ ပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့ အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင် ...။

ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘဝတွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင် ...။

အခုကြည့်
အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး ...။

ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် ...။

လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး ...
ကျမတို့ ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။

အဲဒီလိုအကျိုးဆက်ကြောင်ု
အဲဒီအသီးတွေ သီးခဲ့တယ်….။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့် ...
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။

ဟုတ်မှာပါလေ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့ အိပ်မက်ထဲမှာ
ကျမတို့ ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေ ဆူညံမြည်ဟည်းနေကြပါတယ်ရှင် ...။ ။

နှမတို့ရေ ...

တခါတလေ တိုက်ပွဲဆိုတာရဲ့အဓိပ္ပာယ်က အနိုင်ရတာမဟုတ်ဘူး။ အရှုံးမပေးကြောင်း သိသာစေတာလည်း တိုက်ပွဲတခုရဲ့ အနှစ်သာရ၊ ဂုဏ်သိက္ခာဖြစ်တယ်။ ငါတို့တွေ စိုက်ပျိုးခဲ့သမျှ လူ့သမိုင်းဖြစ်စဉ်မှာ၊ မြန်မာ့သမိုင်း ဖြစ်စဉ်မှာ အသီးအပွင့်တွေ ပြန်ဖြစ်လာမှာသေချာတယ်။ ကျွန်တော်တို့ အဘိုးအဘေး ရေနံမြေလုပ်သားတွေ၊ လယ်သမားတောင်သူတွေလည်း သူတို့ခေတ်မှာ မတရားသူတို့ရဲ့စနစ်ကို သည်းမခံနိုင်တဲ့အဆုံး အုံးအုံးကြွ တော်လှန်ခဲ့ဖူးတယ်။ သမိုင်းမှာ ထင်ရှားကျန်ခဲ့တယ်။

အခု ကျွန်တော်တို့ခေတ်နဲ့ ပတ်သက်သက်ဆိုင်သမျှ မတရားမှုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းဟာ ကျွန် တော်တို့လက်ထဲမှာပါ။ သေသေချာချာ ဆုပ်ကိုင်ခွင့်ရတဲ့တနေ့ မာန်နတ်မင်းနဲ့လည်း တွေ့သင့်ကတွေ့မယ်။ အာဏာရှင်နဲ့ ရှင်းသင့်ကလည်း ရှင်းရမယ်။ သစ္စာတရားသာမှန်ရင် ကျွန်တော်တို့ အလံမလဲဘူး။ သူတို့ကို အခု တပွဲမှာ အနိုင်မရလိုက်သေးရင်တောင် အရှုံးမပေးခဲ့ဘူး၊ ကျေနပ်နှစ်သိမ့်နေတာ မဟုတ်ဘူးဆိုတာ အနည်းဆုံး တန်ဖိုးအဖြစ်နဲ့ သိသာစေသွားတယ်ဆိုတာ ညည်းတို့ ယုံလိုက်ကြပါ။

နှမတို့တိုက်ပွဲဟာ အနိုင်ရခဲ့တယ်ဆိုတာထက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ နှမတို့ရဲ့ဆန္ဒပြပွဲဟာ အာဏာရှင် စနစ်အောက်က ဒုက္ခပင်လယ်ဝေနေကြတဲ့ ကျွန်တော်တို့ မိဘပြည်သူအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ကမ္ဘာကသိပါတယ်။ ဆင်းရဲဒုက္ခနဲ့၊ သေနတ်တကားကား၊ တုတ် ဒိုင်းတွေကြားကနေ နှမတို့ရဲ့ ဆန္ဒပြပွဲဟာ လှ လှပပ ဂုဏ်သရေရှိရှိ ဖူးပွင့်ခဲ့ပါပြီ။

ကမ္ဘာအရပ်ရပ်၊ မြို့ရွာအသီးသီးက ညီအကိုမောင်နှမများခင်ဗျား ...

ကျွန်တော်တို့တိုင်းပြည်ရဲ့ အနိမ့်ပါးဆုံးနဲ့ အရိုးသားဆုံး ဘဝရှင်များဖြစ်တဲ့ လှိုင်သာယာက အထည်ချုပ်သမ နှမ၊ အမ၊ မိခင်လောင်းများရဲ့ ဆန္ဒပြပွဲကို တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အနည်း ဆုံး ဆုတောင်းမေတ္တာပို့ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

အတွင်းတည် အိုင်းအနာမှန်သမျှ တချိန်ချိန်မှာ သွေးပုပ်ပြည်ယို စက်စက်ကျပြီး ပေါက်ထွက်လာကြမှာပါ။ သစ္စာတရားရဲ့ အိုးထိန်းစက်ဟာ စတင်လည်ပတ်လို့လာပါပြီ ရင်ဆိုင်ရဲ၊ ရင်ဆိုင်နိုင်ဖို့သာ လူကြီးမင်းတို့ အသင့် ပြင်ထားကြပါတော့လို့လည်း ...။

နိုင်ငံပြုသစ္စာဖြင့် ...
ရွက်သစ်
(လှိုင်သာယာဆန္ဒပြပွဲများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည်)
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ တဆင့်ကူးယူဖော်ပြပါသည်။

အဆုံးထိဖတ်ရန်...

Thursday, February 18, 2010

လျှပ်စစ်နည်းပညာသစ်တခုကို ရှမ်းတိုင်းရင်းသားတဦးမှ တီထွင်အောင်မြင်



အိုဇုန်းလွှာ ပျက်စီးခြင်း၊ ကမ္ဘာ့ ရေနံ နှင့် လောင်စာဆီ ရှားပါးမှု ပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင် အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်း နည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ပြောသည်။ "ဒီနည်း ပညာက ဘယ်သူမှ မတီထွင် နိုင်သေး ပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင် ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသား တွေရဲ့ လျှပ်စစ် လိုအပ် ချက်ကို ပြည့်သွားရုံ တင် မကဘဲ ပိုတောင် ပိုပါေ သးတယ်" ဟု ၎င်းက ပြောသည်။ လောင်စာမဲ့ လျှပ်စစ် နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ် အနည်းငယ်မှ လျှပ်စစ် များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာ နှင့် တွဲဖက် အသုံး ပြုကာ စွမ်းအား ပမာဏ ကြီးမားစွာ ထုတ်လုပ် နိုင်သော လျှပ်စစ် ထုတ်စက်ကို တီထွင် အသုံးပြုခြင်း ဖြစ်သည်။

အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။ ဘွိုင်လာကို ဆူစေပြီး တာဘိုင် နှင့် တွဲကာ ဂျင်နရေတာ တပ်လျှင် မီးစက် ဖြစ်သည်။ ထို ဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ် သွားသည်။ ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာ နိုင်သည်။ တစ်ချိန်က အသုံး ပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။

လောင်စာမဲ့ ဆိုသည့် အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာ ကိုမှ တင်စရာ မလိုတော့သည့် အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျ စရိတ် သက်သာပြီး လုပ်ငန်းပိုမို အဆင် ပြေမည် ဖြစ်သည်။ မီးရထား တွင်လည်း ကျောက်မီးသွေး စက်ခေါင်း ကဲ့သို့ ဘွိုင်လာ စက်ခေါင်း အဖြစ် ပြန်တပ်ဆင် အသုံးချ နိုင်သည်။

"လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ် စွမ်းအင် နည်းပညာလို့ ပေးထား ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။ ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ ဆရာဖြစ်သူ ဦးကျော်ဝင်း ထံမှ အမွေ ဆက်ခံ ခဲ့ခြင်းဖြစ်သည်။

ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ ခုနှစ်တွင် ကွယ်လွန် ခဲ့သည်။ "ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ ခုနှစ်ကပါ။ အဲဒီအချိန်တုန်းက ဆရာမှာ တပည့် မရှိ သေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာ တွေကို အကုန် မရခဲ့ သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော် လုပ်စားဖို့ စိတ်မ၀င် စားခဲ့ဘူး။ ဆရာ့ ပညာ ကိုလည်း ကျွန်တော် လိုက်မမီ ပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေ ဆက်ခံမယ့် လူမရှိ တာနဲ့ ကျွန်တော် အရဲစွန့်ပြီး လုပ်ခဲ့တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်" ဟု ဦးစိုင်းသန့်ဇင် က ပြောသည်။

"ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင် ပေးရတယ်။ နောက်ပိုင်း ဒီနည်း စနစ်ရဲ့ လုပ်နည်း လုပ်ဟန် တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲ တွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်း ကိုယ့်ဘာသာ ကိုယ်ဆင် လိုက်တာ လေးလုံး မြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်း တွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက် မမှန်ဘူး။ ဒါကို နည်းပညာ တစ်ခုနဲ့ထပ်ပြီး စမ်းသပ် တာရယ် ငွေမရှိတာ တွေကြောင့် ပိုကြာ သွားတာပါ" ဟု ရှင်းပြသည်။

"ဓန အင်အား ပြည့်စုံတဲ့လူကသာ မတည် ရင်းနှီးငွေ ထည့်မယ် ဆိုရင် ဒီ လောင်စာမဲ့ လျှပ်စစ် နည်းပညာ သစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံ ပေါ်ထွန်း လာဦးမှာပါ" ဟု ၎င်း က ပြောသေးသည်။

ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက် ၅၃ နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ် ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏ စက်ပိုင်း ဆိုင်ရာကို တာဝန်ယူ ပြုပြင် ခဲ့ရသည်။ ကိုယ်ပိုင် ဂျစ်ကားများမှ ဂျစ်ဘီလူး အထိ တီထွင် ထုတ်လုပ် နိုင်ခဲ့သည်။

ယခင်က ကျောက်တွင်း ၄၅ တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။ အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင် ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅) မျိုးရှိသည့် အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံး ပြုနေသော ရေဖိအားသုံး တာဘိုင် စက်များဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းသည် ရေရှည်တွင် ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင် တည်ဆောက် ချိန်တွင် တည် ဆောက်စရိတ် အလွန် ကြီးမားသည်။

လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ် ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များ ရှိနေရမည့် အပြင် ရေအား လျှပ်စစ် ထုတ်လုပ် နိုင်မည့် ရေမြေသဘာဝ ပထ၀ီ အနေထား ကန့်သတ် ချက်များ၊ ရေအား လျှပ်စစ် ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်း များစွာ ကွာဝေး မှုကြောင့် တည်ဆောက် ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမို သုံးစွဲ နိုင်သည်။

အချို့ မြို့များကို လျှပ်စစ် ပေးရာတွင် မိုင်ပေါင်း များစွာ ဝေးကွာ မှုကြောင့် တည်ဆောက် စရိတ် ကြီးမားကာ လိုသလောက် မရနိုင်ပေ။ လောင်စာမဲ့ လျှပ်စစ် ထုတ်လုပ် ခြင်းသည် သဘာဝ ဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထု ညစ်ညမ်း မှုနှင့် ဆူညံ မှုတို့ဘေးမှ ကင်းဝေးသည်။

ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့် အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ် ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်း ပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင် ၀ပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်း နှစ်ဆယ် ဆိုပါက မြို့လေး တစ်မြို့ကို မီးအလင်းပေး နိုင်သည်။

အဆိုပါစက်မှာ ရှိရင်း စွဲပင်ရင်းမှ ထွက်လာသော အားကို ၁၀ ဆပို ထုတ်လုပ် မည်ဖြစ်သည်။ ဥပမာ ၁၂ ကီလိုဝပ် ရှိ မီးစက် အင်ဂျင်မှ ရှိရင်းစွဲ လျှပ်စစ်ကို ယူပြီး ၁၀ ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။

ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ် ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း) ကြိုးများ တပ်ဆင်ထားသည်။ ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀ မှ ၄,၈၀၀ အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှ အားကို ဖန်တီး ယူထားခြင်း ဖြစ်သည်။

12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာ ပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများ ဆီသို့ ပေးပို့မည် ဖြစ်သည်။ ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း ၁၀၀ လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို Onလိုက်မည် ဖြစ်သည်။ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။

ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင် လည်မည် ဖြစ်ပြီး ဖိအားဖြင့် ဒလက်များ လည်စေကာ လျှပ်စစ် ထုတ်ယူ မည်ဖြစ်သည်။

"ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ"ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။

မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

"မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ" ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀၀ရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀၀လောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။ ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀ မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့် မဂ္ဂါဝပ် ထက် အမှန် တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။

လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့် စက်အလုံး၂၀တပ်ဆင်ထားပါက ၄၀မဂ္ဂါဝပ်ရရှိမည်။ သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။

ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

"ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ" ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။

မန်းသားလေး
၁၈ . ၂ . ၂၀၁၀ l MM

www.hanthawaddy.org မှကူးယူဖော်ပြပါသည်။

အဆုံးထိဖတ်ရန်...

Tuesday, February 16, 2010

တချိန်က ကျောင်းသားခေါင်းဆောင် အမည်ခံခဲ့သူများ၏ အရှုပ်တော်ပုံဇာတ်လမ်းများ

Open Letter to Naing Aung and Moe Thee Zun

Open+Letter+to+Moe+Thee+Zun

Open+Letter+to+Naing+Aung

ကိုဌေးနိုင်အကြောင်းပြောပြချင်ပါတယ်၉ ကိုဌေးနိုင်ကို ဿ၇၄၀ မှာမွေးဖွားခဲ့ပါတယ်၉ ဖခင်ဖြစ်သူက မြစှ်ကျွန်းဘဲကရက်ရ...

How+to+kill+HN

အဆုံးထိဖတ်ရန်...

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်

U Thant

အဆုံးထိဖတ်ရန်...

ရဲဘော်ကျော်သန်း၏ ဟီးရိုးမှ ဇီးရိုးသို့

Hero+to+Zero 1

အဆုံးထိဖတ်ရန်...

ဦးပေါ်ဦး၏ စကားအလင်္ကာ

upawoo_146

အဆုံးထိဖတ်ရန်...

သေနင်္ဂဗျူဟာ အတတ်ပညာ

Battle Tactics

အဆုံးထိဖတ်ရန်...

ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲအကြောင်း သိကောင်းစရာများ

A Handbook on Referedum Monitoring

အဆုံးထိဖတ်ရန်...

တာတေစနေသား (ဦးနု)

unutartaysanaythar

အဆုံးထိဖတ်ရန်...

ဗမာ့နိုင်ငံရေးသုခမိန်

Mg Htin Bamar Policy

အဆုံးထိဖတ်ရန်...

ဆရာတော် ဦးဥတ္တမ (လွတ်လပ်ရေးစိတ်ဓါတ် မျိုးစေ့ချခဲ့သူ)

uotm

အဆုံးထိဖတ်ရန်...

၁၉၃၀ တ၀ိုက်မြန်မာပြည် နိုင်ငံရေးသမိုင်း

008 - 1930 TawitebamarnaingGanyaeThaMine-TheinPayMyint

အဆုံးထိဖတ်ရန်...

၁၉၉၀ ရွေးကောက်ပွဲ မှတ်တမ်း

013 - Partesoneyawekautpyaw 1990

အဆုံးထိဖတ်ရန်...

ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်။

Darr Taung Smallest)

အဆုံးထိဖတ်ရန်...

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ

002 - MyanmarNaingGanPhaweSePoneAhChaeKhanEuPaDaySaineYarRadioInterviewmyar-KyawThaung

အဆုံးထိဖတ်ရန်...

ဖက်ဆစ်ကျွန်ဘ၀မှ လွတ်လပ်ရေးသို့

014 - PhatsitKyounBawamaBamaLoutLartYae-ThanTun

အဆုံးထိဖတ်ရန်...

အမေရိကန် လွတ်လပ်ရေး အရေးတော်ပုံ

The America's Struggle for Independence

အဆုံးထိဖတ်ရန်...

အိုင်ယာလန်သူပုန် ဗုန်းအဖွဲ့

IyarLanThuPoneBoneAphwue-MyaDawnNyo

အဆုံးထိဖတ်ရန်...

ပဲကူးရာဇ၀င် နန်းတွင်းဇာတ်တော်ကြီး

1300288(71)

အဆုံးထိဖတ်ရန်...

ဆွန်ဇု၏ စစ်ပညာကျမ်း

TaYokePyi Gandawinmyout SounZu Aie SanHlying

အဆုံးထိဖတ်ရန်...

ဗမာ့အရေး

009 - BamaAhYae-Nyintpaung

အဆုံးထိဖတ်ရန်...

Friday, February 5, 2010

ခေါင်းစဉ်တော့ မတပ်တော့ဘူး

(တေဇသူရ)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
အဲ.....အခုတော့ နောက်ဆုံးသတင်းအရ
နောက်တိုးအနေနဲ့ အီးယူအစိုးရတွေကလည်း
ယူရိုငွေ ၁၇ သန်းကျော် ထပ်တိုးလိုက်ပြီဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့ အကြိတ်အနယ်
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။

အဆုံးထိဖတ်ရန်...

Tuesday, February 2, 2010

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ဖွဲ့စည်းခြင်း


ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ကို ပြည်တွင်းနိုင်ငံရေး ဦးဆောင်အဖွဲ့များမှ ဖွဲ့စည်း

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (National Council of Union of Myanmar) ကို ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အင်အား အဖွဲ့ အစည်းပေါင်း (၁၂၀) ကျော်ဖြင့် ဖွဲ့စည်း ထားသည့် ဂျီအေဘီ အင်အားစုကြီး ၏ ပြည်တွင်း နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သည့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အကောင် အထည် ဖေါ်ရေး ကော်မီတီ မှ ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင် (အချို့) နှင့် ပူးပေါင်းပြီး နိုင်ငံရေး တိုက်ပွဲများကို အောင်ပွဲ ရသည်ထိ ဆက်လက် ဦးဆောင် သွားနိုင်ရန် ယနေ့ နံနက်ပိုင်းက တိုးချဲ့ ဖွဲ့စီး လိုက်ကြောင်း သတင်း ရရှိပါသည်။

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) မှ ပြည်ပ ပြောရေးဆိုခွင့် ရှိသူ ကိုရွှေစင်ထွန်းမှ ယခုလို တိုးချဲ့ ဖွဲ့စည်း ရခြင်းနှင့် ပတ်သက်ပြီး ယခုလို ပြောပြပါသည်။ ကျွန်တော်တို့ ပြည်ထောင်စု အမျိုးသားကောင်စီ မှာ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ တိုင်းဒေသ များမှ ဒီမိုကရေစီ အင်အားစုများ၊ ပြည်နယ် ဒေသ များမှ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများ၊ နှင့် (တိုင်းရင်းသား ငြိမ်းအဖွဲ့ ဒီမိုကရေစီအင်အားစုများ) တို့မှ ပူးပေါင်းပါဝင် ဦးဆောင် ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရေးတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ တညီ တညွတ်တည်း တန်းတူ ပါဝင် ဦးဆောင် ရေးသည် မဟာဗျူဟာ မြောက်သည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် တရပ်အဖြစ် ယုံကြည်သည့် အတွက် တိုင်းရင်းသား ခေါင်းဆောင်များ အား တိုင်းပြည်၏ အမျိုးသား ခေါင်းဆောင်များ အဖြစ် တဆင့် တက်ပြီး ဦးဆောင် မှုတွင် ပါဝင် နိုင်ရေး အတွက် ရည်ရွယ်ပါတယ်၊ ရှေ့ဆက် လုပ်ဆောင် ကြမည့် စေ့စပ် ဖြန်ဖြေ ဆွေးနွေး ခြင်းမှ အစ နိဂုံးချုပ် အဆုံးအဖြတ် ပေးမည့် တိုက်ပွဲအထိ အလုပ် တခုချင်းစီ နှင့် ခြေလှမ်း တလှမ်း ရှေ့သို့ လှမ်းတက်တိုင်း တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် အာမခံချက် အပြည့် ဖြစ်နိုင်ရေး အတွက်လည်း အလေးအနက် ရည်ရွယ်ပါတယ်။

အနာဂါတ်တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရရှိ နိုင်ရေးသည် ဖယ်ဒရာယ်ပြည်တောင်စု တခု တည်ဆောင်နိုင်မှ ရရှိမည် ဖြစ်သည်။ နိုင်ငံရေး တန်းတူညီမျှမှု ရှိရေး နှင့် လွတ်လပ်စွာ အတူ ယှဉ်သန် တိုးတက်မှု ရရှိရေး အတွက် ဖယ်ဒရာယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေး မူကို ကိုင်စွဲပြီး အတူ တကွ စုစည်း ညီညွတ် စွာဖြင့် ဒီမိုကရေစီ အောင်ပွဲ ရသည်ထိ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နအဖ စစ်အစိုးရမှ ဦးဆောင် ကျင်းပ ပေးမည်ဆိုသည့် ၂ဝဝ၈ (နာဂစ်) ခြေခံဥပဒေအား အခြေခံသည့် ရွေးကောက် ပွဲသည် တရားဝင် စစ်အုပ်ချုပ်ရေး အသွင်အဖြစ် (သို့) စစ်ဂိုဏ်းဂဏ အုပ်ချုပ်ရေး အသွင် အဖြစ်သို့ ပြောင်းလဲ ရေးသာ ဖြစ်ပါတယ် ထိုကနေ တဆင့် လွှတ်တော်တွင်း ပြုပြင် ပြောင်းလဲ ရေးသည် နောင် နှစ်ပေါင်း ၂ဝ ကျော် ကြာမည်ဆိုလျှင် တိုင်းရင်းသား ပြည်သူ အားလုံးတို့၏ ဘဝများသည် တိုင်းတပါးသားများ၏ လက်ဝေခံ ဘဝများ အဖြစ်သို့ ကျရောက် သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား ကျွန်တော်တို့မှ ပြတ်သားစွာ ဆန့်ကျင်ပြီး နအဖ စစ်အုပ်ချုပ်ရေး ယန္ဒရားသည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ အပြီးတွင် လုံးဝ ပျောက်ကွယ် သွားရန် ၊့ ပြည်သူ လူထုအား အမှန် တကယ် ကိုယ်စား ပြုမည့် အစိုးရ တရပ်ကို အဆုံး အဖြတ် ပေးမည့် တိုက်ပွဲများ အကြားတွင် ဖွဲ့စည်းပြီး အသွင် ကူးပြောင်းသည့် ကာလများအား ဆက်လက် ဦးဆောင် သွားရန် နှင့် တိုင်းပြည်အား ကမ္ဘာအဆင့်မှီ တိုင်းပြည် အဖြစ်သို့ ရောက်ရှိနိုင်ရန် နေ့ချင်း ညချင်း ပြန်လည် တည်ဆောက်ရန် ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအကောင်အထည် ဖေါ်ဆောင်ရေး ကော်မီတီ သည် ပြည်တွင်းရှိ နိုင်ငံရေး မြေအောက် အဖွဲ့ (၁၄) ဖွဲ့ နှင့် ပူးပေါင်း ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။


၁ . ၂ . ၂၀၁၀ l HTWD

အဆုံးထိဖတ်ရန်...